← Chapters

အဆင့်ချိုးဖျက်တက်လှမ်းကြခြင်း

Vol. 151 Ch. 2261

အဆင့်ချိုးဖျက်တက်လှမ်းကြခြင်း

Vol. 151 Ch. 2261

ယခု... နှစ်တစ်သောင်းတွေ့ဆုံပွဲက ပြီးဆုံးသွားပြီဖြစ်ပြီး ရှဲ့လင်သည် ဤနေရာကိုစောင့်ကြည့်နေစရာ မလိုအပ်တော့ပေ။ ထို့ကြောင့် သူက ထွက်ခွာသွားခဲ့၏။

ဆူဇီမိုနှင့် အခြားသူများသည် လိုဏ်ဂူရှေ့မှာရှိသော ရေပြင်အကာအရံအလွှာကိုဖြတ်ကျော်ပြီး နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေသို့ ဝင်ရောက်လာခဲ့ကြ၏။

တစ်ချိန်တည်းမှာပင်...။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်မှာ သာမန်ရထားလုံးတစ်စင်းက ဖြည်းဖြည်းချင်းမောင်းနှင်လာ၏။

“အရှင်မင်းသား... ခင်ဗျားက အခုနန်းတော်ကို ပြန်ရောက်လာပြီဆိုတော့... တခြားမင်းသားတွေကို သတင်းမပေးတော့ဘူးလား”

ရထားလုံးကို မောင်းနှင်နေသူက အသက်ကြီးပုံရပြီး သူ၏ မုတ်ဆိတ်များက မီးခိုးဖြူရောင်ဖြစ်နေ၏။

မောင်းနှင်သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်ခြင်းမဟုတ်သော်လည်း သူ၏ အသံက မျဥ်းကြောင်းတစ်ခုအဖြစ် စုဆုံသွားပုံရပြီး အပြင်ဘက်ကိုဖြန့်ကြက်ခြင်းမရှိဘဲ ရထားလုံးထဲသို့ ဝင်ရောက်သွား၏။

ဘေးပတ်ဝန်းကျင်မှာရှိသောလူများက မည်သည့်အသံကိုမှ ကြားရလိမ့်မည် မဟုတ်ပေ။

ရထားလုံးထဲမှာ ကြော့ရှင်းသောသွင်ပြင်ဟန်ပန်နှင့် ခံ့ညားသောအော်ရာတစ်ခုရှိသည့် လူငယ်တစ်ယောက်ကထိုင်နေ၏။ သို့သော်လည်း သူက လုံးဝလှုပ်ရှားခြင်းမရှိဘဲ အချိန်အတော်ကြာအောင် ဩဇာအာဏာကိုရရှိထားသည့် လူတစ်ယောက်၏ စွမ်းပကားကို ထုတ်ဖော်ထား၏။ သို့သော်လည်း လူငယ်၏ နှုတ်ခမ်းက အလွန်တရာပါးပြီး သူ၏ လင်းယုန်နှင့်တူသော နှာခေါင်းနှင့်အတူ သူ၏ သွင်ပြင်က မကောင်းဆိုးဝါးဆန်၍ အေးစက်နေသည့်ပုံပေါ်၏။

“မလိုတော့ဘူး”

လူငယ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“နန်းတော်ကိုပြန်လာတာက အသေးအဖွဲ့ကိစ္စတစ်ခုပဲ... အခြားသူတွေကို သတိပေးစရာမလိုဘူး”

နောက်ထပ်မည်သည့်စကားမှမဆိုတော့ဘဲ မောင်းနှင်သူက သာမန်ပုံစံရထားလုံးကို မောင်းနှင်ကာ လူအုပ်ကြားထဲသို့ တဖြည်းဖြည်းရောနှောပျောက်ကွယ်သွား၏။

......

ဆူဇီမိုနှင့် အခြားသူများက လျှို့ဝှက်ကုန်းမြေသို့ဝင်ရောက်လာသည့်ခဏမှာပင် အပူလှိုင်းတစ်ခုက သူတို့ထံသို့ တလိပ်လိပ်တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ အဲ့ဒါက မခံမရပ်နိုင်အောင်ဖြစ်ပြီး မွန်းကျပ်ဖွယ်ရာ ကောင်းနေ၏။

အဲ့ဒါသည် မိုးကောင်းကင်ကိုးလွှာမှ အဆင့်-၁ ၏ ဒေါသူပုန်မီးတောက်လောကနှင့် အနည်းငယ် ဆင်တူလေသည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်ရှိ အပူလှိုင်းများမှ သူတို့စဥ်းစားနိုင်စွမ်းထက်ကျော်လွန်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ အလွန်တရာပေါကြွယ်ဝသည့် ပမာဏတစ်ခုပါဝင်နေသည်ကို လူတိုင်းက အလျင်အမြန်အာရုံခံမိလိုက်ကြ၏။

လျှို့ဝှက်ကုန်းမြေ၏ အလယ်မှာ လူများစွာဝိုင်းပတ်ထားနိုင်သော အလွန်ကြီးမားသည့် ပင်စည်တစ်ခုနှင့် ဧရာမသစ်ပင်ကြီးတစ်ပင်ရှိနေ၏။

သစ်ရွက်တစ်ရွက်ချင်းစီက အိမ်တစ်လုံးကို မတင်ထားဖို့လုံလောက်လေသည်။

“ဒါက... ရှေးဟောင်းနေကာသစ်ပင်လား”

လျှိုဖျင်က သူ၏ မျက်လုံးထဲရှိ နက်ရှိုင်းသော တုန်လှုပ်မှုနှင့်အတူ သူ၏ ခေါင်းကိုမော့ကာကြည့်လိုက်၏။

ရှေးဟောင်းနေကာသစ်ပင်၏ သစ်ရွက်များက မြစိမ်းရောင််ဖြစ်သော်လည်း သူတို့ကအာရုံစိုက်၍ ကြည့်ရှုမည်ဆိုလျှင် သစ်ရွက်တစ်ရွက်ချင်းစီသည် ပါးလွှာသောမီးတောက်များဖြင့် လောင်ကျွမ်းနေသည်ကို တွေ့မြင်နိုင်လေသည်။

ကျင့်ကြံသူများက သူတို့ကျင့်ကြံဖို့အတွက် နေရာများကို ရှာဖွေနေကြပြီဖြစ်၏။

အချိန်က အဖိုးတန်လေသည်။ ဆူဇီမိုပင်လျှင် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ကျင့်ကြံဖို့အတွက် ရက်တစ်ရာသာလျှင် အချိန်ရလေသည်။

“နေကာသစ်ပင်နဲ့ပိုပြီးတော့ နီးကပ်လေလေ ကောင်းကင်နဲ့မြေကြီးအမြုတေချီက ပိုပြီးတော့ကြွယ်ဝလေလေပဲ”

မင်းသမီးသက်တံနီက ကောင်းကင်နှင့် မြေကြီးတ​က္ကသိုလ်မှ သူမ၏ ဂိုဏ်းသားရောင်းရင်းများစွာထံသို့ အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်လှမ်းပြီး ရှေးဟောင်းနေကာသစ်ပင်ထံသို့ ချဥ်းကပ်ဖို့ကြိုးစားလိုက်ကြ၏။

ရှေးဟောင်းနေကာသစ်ပင်နှင့် နီးကပ်လာလေလေ ပိုမိုကြွယ်ဝသော ကောင်းကင်နှင့် မြေကြီးအမြုတေချီများကို သူတို့က အမှန်တကယ်ပင် အာရုံခံမိလာနိုင်၏။

သို့သော်လည်း ကောင်းကင်နှင့်မြေကြီးအမြုတေချီ တစ်စချင်းစီမှာပါဝင်သည့် လောင်မြိုက်စွမ်းအင်ကလည်း ပို၍ကြောက်စရာကောင်းလာပြီး ကျင့်ကြံသူများစွာက အဲ့ဒါကိုလုံးဝ ခံနိုင်ရည်မရှိပေ။

သိပ်မကြာခင် လူတိုင်းသည် သူတို့အတွက် သင့်လျော်သည့် နေရာတစ်ခုစီကို ရှာတွေ့လိုက်ကြ၏။

နေကာသစ်ပင်နှင့် အဝေးဆုံးနေရာမှာ ပေတစ်ထောင်ကျော်ဖြစ်၏။

ဥပမာအားဖြင့် မင်းသမီးသက်တံနီက အခြားသူများထက် နေကာသစ်ပင်နှင့် များစွာပိုမိုနီးကပ်ပြီး သူမသည် နေကာသစ်ပင်ထံမှ ပေနှစ်ရာဝန်းကျင်မှာရှိနေ၏။

အစကတည်းက သူမသည် နေကာသစ်ပင်၏ အော်ရာနှင့် ပိုမိုနီးစပ်သော မီးဒြပ်စင်ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံထားခဲ့၏။ ထိုသို့ဖြင့် သူမ၏ ခံနိုင်ရည်က အခြားသူများထက် ပိုမိုကောင်းမွန်လေသည်။

မင်းသမီးသက်တံနီအပြင် ဖုန်းယင်နှင့် လျှိုဖျင်သည် နေကာသစ်ပင်နှင့် အနီးဆုံးဖြစ်ပြီး သိပ်ပြီးမကွာဝေးကြပေ။

ဖုန်းယင်က ဤအဆင့်ထိရောက်ရှိလာသည်ကို နားလည်လက်ခံဖို့ မခက်ခဲပေ။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ လျှိုဖျင်ကလည်း ဖုန်းယင်နှင့်ယှဥ်နိုင်နေ၏။

လျှိုဖျင်သည် ဧရာမမိုးမခပင်၏ ခန္ဓာကို အမွေဆက်ခံရရှိထားပြီး သိပ်သည်းများပြားသော အသက်ဓာတ်အားပမာဏတစ်ခုကို ပိုင်ဆိုင်ထား၏။ သူသည် နေကာသစ်ပင်ကဲ့သို့ အပင်မျိုးနွယ်သက်ရှိဖြစ်နေသည့်အချက်နှင့်အတူ သူက ဤနေရာမှာ ကျင့်ကြံနိုင်လေသည်။

ထိုအချိန်မှာပင် ပုံရိပ်တစ်ခုက ဖုန်းယင်နှင့် လျှိုဖျင်ကို ဖြတ်ကျော်ပြီး နေကာသစ်ပင်ထံသို့ ချဥ်းကပ်သွား၏။

ဆူဇီမို...

ဖုန်းယင်က သုန်မှုန်နေ​သောအကြည့် ထိုပုံရိပ်ကိုကြည့်လိုက်၏။

သို့သော်မကြာခင် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူကရယ်မော၍ ဆူဇီမိုကိုလျစ်လျူရှုကာ သူ၏ကျင့်ကြံမှုကိုသာ အာရုံစိုက်လိုက်၏။

ဆူဇီမိုသည် ရှေးဟောင်းနေကာသစ်ပင်၏ အောက်သို့ ရောက်ရှိလာပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ကာအာရုံခံလိုက်၏။

ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက အကြွယ်ဝဆုံး၊ အတောက်လောင်ဆုံးနှင့် အပြင်းထန်ဆုံးဖြစ်လေသည်။

အဲ့ဒါကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲယူသွင်းမည်ဆိုလျှင် အဖျက်စွမ်းအားက တုန်လှုပ်စရာကောင်းနေပေလိမ့်မည်။ သို့သော်လည်း အဲ့ဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ဘာမှမဟုတ်ပေ။

ဆူဇီမိုက အပေါ်သို့ခုန်တက်ပြီး ဧရာမနေကာသစ်ရွက်တစ်ရွက်ပေါ်သို့ ညင်သာစွာဆင်းသက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က မီးတောက်များဖြင့်လွှမ်းခြုံနေပြီး သူက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စတင်စုပ်ယူသန့်စင်ကာ အဆင့်-၉ ကမ္ဘာ​​မြေအင်မော်တယ်တစ်​ယောက်အဖြစ် ချိုးဖျက်တက်လှမ်းဖို့ ပြင်ဆင်လိုက်၏။

တစ်ရက်တာ ကုန်ဆုံးသွား၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အောက်ဆုံးမှာရပ်တည်သော ကျင့်ကြံသူက အဆင့်ချိုးဖျက််တက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တံဆိပ်ပြားကတောက်ပလာပြီး သူသည် နှမြောတမ်းတစွာဖြင့် နေကာသစ်ပင်် လျှို့ဝှက်ကုန်းမြေကနေ ထွက်ခွာသွားရ၏။

နှစ်ရက်တာ ကုန်ဆုံးသွား၏။

ဆယ်ရက်တာ ကုန်ဆုံးသွား၏။

ဘုန်း....

နေကာသစ်ပင်၏ သစ်ရွက်တစ်ရွက်ထံမှ တုန်ခါသံတစ်ခုထွက်ပေါ်လာပြီး မနှိုင်းယှဥ်သာအောင်စွမ်းအားကြီးမားသော အော်ရာတစ်ခုက ပစ်လွင့်ထွက်ပေါ်ကာ ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွား၏။

ဆူဇီမိုသည် တင်ပျဥ်ခွေထိုင်နေဆဲ ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၉ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ဖြတ်ကျော်ရောက်ရှိသွားခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် သူ့အမြုတေစိတ်ဝိညာဥ်ကလည်း အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားခဲ့လေပြီ။

ဆယ်ရက်တာမျှနှင့် ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်၏။

အရာရာတိုင်းက မည်သည့်အဟန့်အတားမှမရှိဘဲ သဘာဝအတိုင်းဖြစ်ပွားနေ၏။

ဝုန်း...

ထိုစဥ်မှာပင် ရှေးဟောင်းနေကာသစ်ပင်နှင့် မလှမ်းမကမ်းကနေ တုန်ခါသံတစ်သံက ထွက်ပေါ်လာ၏။

“အား....”

လူတစ်ယောက်က မတ်တတ်ထရပ်ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်များက ရူးသွပ်စွာ ကခုန်နေပြီး သူက အလွန်တရာစွမ်းအားကြီးမား၍ ပြင်းထန်ကြမ်းတမ်းသော အော်ရာတစ်ခုနှင့်ပြည့်နှက်နေကာ ကမ္ဘာ​မြေအမြုတေနယ်ပယ်ကို ကျော်တက်သွားခဲ့ပြီဖြစ်၏။

ဖုန်းယင်သည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်အမြူတေနယ်ပယ်သို့ဝင်ရောက်ကာ ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်လာခဲ့လေပြီ။

ပကတိပြန်ဝင်စားအင်မော်တယ်တစ်ယောက်အနေဖြင့် ဖုန်းယင်က တကယ်ပင် တစ်မူထူးခြားစွာသန်မာလေသည်။

သူသည် ရုတ်တရက်ပေါ်ထွက်လာသော ဆူဇီမိုနှင့် ကြုံတွေ့ရခြင်းမရှိလျှင် သူသည် ဤကဲ့သို့သော ဆိုးဆိုးဝါးဝါးရှုံးနိမ့်မှုနှင့် အဆုံးသတ်ခဲ့ရလိမ့်မည် မဟုတ်ပေ။

ပြန်ဝင်စားပြီး ကျင့်ကြံမှုဖြစ်စဥ်တစ်ခုလုံးကို ပြန်လည်စတင်ရခြင်းက ခက်ခဲသည်ဟုထင်ရသော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က တိုးမြှင့်လာသည်နှင့်အမျှ သူ၏ မှတ်ဉာဏ်များကို ပိုမို၍ ပြန်လည်ရရှိလာပေလိမ့်မည်။

သူ၏ ယခင်ဘဝ မှတ်ဉာဏ်များနှင့်အတူ သူ့ကျင့်ကြံမှု၏ အဟန့်အတားများစွာကို အလွယ်တကူဖြေရှင်းနိုင်လေသည်။

ထိုအချိုးအစားတွင် ဖုန်းယင်မှာ ကြီးမားသော အားသာချက်တစ်ရပ်ရှိလေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ပြိုင်စံရှားတစ်ရာကြားမှာ ဆူဇီမိုသည် အရင်ဆုံးအဆင့်ချိုးဖျက်တက်လှမ်းခဲ့သော်လည်း ဖုန်းယင်က ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ပထမဆုံး အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့၏။

ထိုအဟန့်အတားကို ဖြတ်ကျော်ပြီးနောက် ဖုန်းယင်၏ အမြုတေစိတ်ဝိညာဥ်၊ သွေးချီ၊ အမြုတေချီနှင့် အရာရာတိုင်းက ဆင့်ကဲပြောင်းလဲလာခဲ့၏။

သူ၏ ဒဏ်ရာများကလည်း တစ်ခဏချင်းမှာပင် သက်သာပျောက်ကင်းသွား၏။

ကောင်းကင်အင်မော်တယ်များ၏ ပြန်လည်ကုသနိုင်စွမ်းက ကမ္ဘာမြေအင်မော်တယ်များထက် ပိုမိုသန်မာလေသည်။

ဖုန်းယင်က လှောင်ရယ်လိုက်ပြီး ရှေးဟောင်းနေကာသစ်ပင်ထံသို့ လျှောက်လှမ်းသွား၏။

သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့စဥ်က သူသည် ထိုနေရာမှာသာကျင့်ကြံခဲ့ရ၏။

ယခု... သူက ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏ ခံနိုင်ရည်က ပိုမိုသန်မာလာကာ သူသည် နေကာသစ်ပင်နှင့် တိုက်ရိုက်ထိတွေ့ကာ ကျင့်ကြံနိုင်ပြီဖြစ်၏။

“ဖုန်းယင်... နင်ဘာလုပ်မလို့လဲ”

မင်းသမီးသက်တံနီက ထိုသည်ကိုတွေ့မြင်သောအခါ စိုးရိမ်ပူပန်လာခဲ့၏။

ဖုန်းယင်သည် အဆင့်ချိုးဖျက်တက်လှမ်းပြီးနောက် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမိုကိုတိုက်ခိုက်လိမ့်မည်ကို သူမကစိုးရိမ်နေ၏။

ဖုန်းယင်က မည်သည့်စကားမှမဆိုဘဲ ရယ်မောလိုက်၏။

သူ့မှာ ဤကဲ့သို့သောစိတ်ကူးတကယ်ပင် မရှိပေ။

ပထမတစ်ချက် သူသည် ယခုအခါ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာလျှင်တောင် သူသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာသည့် ဆူဇီမိုကို သတ်ဖြတ်ဖို့ ပကတိယုံကြည်မှုမရှိပေ။

ယခုအချိန်မှာ ဆူဇီမိုက သူ၏ အထွတ်အထိပ်အ​ခြေအနေမှာရှိနေ၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဆူဇီမိုပြသခဲ့သည့်နည်းလမ်းများက ဖုန်းယင်ကို အတော်လေး စိုးရိမ်ထိတ်လန့်စေခဲ့၏။

သူသည် အနိုင်ရဖို့ ယုံကြည်မှုမရှိသရွေ့ သူသည် ဆူဇီမိုကို တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် သူ့အနေဖြင့် ဤတစ်ခေါက် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ တစ်ခုခုကိုပြုလုပ်စရာမလိုအပ်တော့ပေ။ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် တစ်စုံတစ်ယောက်က သူ့အစား ကူညီပေးတော့မည်ဖြစ်၏။

ဖုန်းယင်က မည်သည့်လှုပ်ရှားမှုမှမရှိဘဲ နေကာသစ်ပင်ပေါ်မှ အခြားသောသစ်ရွက်တစ်ရွက်ပေါ်မှာ ထိုင်လိုက်သည်ကို တွေ့မြင်သောအခါမှသာ မင်းသမီးသက်တံနီက စိတ်သက်သာရာရသွား၏။ အခြားတစ်ဘက်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ မျက်လုံးကိုပင် ဖွင့်ကြည့်မလာခဲ့ပေ။

ဖုန်းယင်က သူ့ကိုတကယ်ပဲတိုက်ခိုက်ရဲမည်ဆိုလျှင် သူသည် ဒုတိယမြောက် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ကို ထပ်မံသတ်ဖြတ်ဖို့ ဝန်လေးနေလိမ့်မည်မဟုတ်ပေ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာပြီး ရက် ၄၀အကြာမှာ လျှိုဖျင်က အဆင့်ချိုးဖျက်တက်လှမ်းကာ ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်လာခဲ့၏။

၄၈ရက်မြောက်နေ့မှာ ယွဲ့ဖုန်က အဆင့်ချိုးဖျက်တက်လှမ်းခဲ့၏။

၆၆ရက်မြောက်နေ့မှာ မင်းသမီးသက်တံနီက အဆင့်ချိုးဖျက်တက်လှမ်းခဲ့၏။

ဆူဇီမိုသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီးနောက် သူ၏ ကျင့်ကြံမှုက လျင်မြန်စွာတိုးတက်လာနေဆဲဖြစ်၏။

သို့သော်လည်း ဤအဆင့်မှာ နှစ်ပေါင််းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီ အားဖြည့်စုဆောင်းမှုမရှိဘဲ အဆင့်ချိုးဖျက်တက်လှမ်းဖို့က မလွယ်ကူတော့ပေ။

မည်သို့ပင်ဆိုစေ ရက်တစ်ရာက တိုတောင်းလွန်းနေဆဲဖြစ်၏။

All Chapters