← Chapters

သံသယဝင်ခြင်း

Vol. 151 Ch. 2263

သံသယဝင်ခြင်း

Vol. 151 Ch. 2263

ယန်ယန်းနန်းတော်၏ အနက်ပိုင်း လျှို့ဝှက်ကုန်းမြေ၏ အပြင်ဘက်မှာ...။

“နေကာသစ်ပင်ဝင်္ကပါလား”

မင်းသမီးသက်တံနီသည် လိုဏ်ဂူကနေထွက်ပေါ်လာသည့် စွမ်းအင်အတက်အကျကို အာရုံခံမိသောအခါ တုန်လှုပ်သွားပြီး အံအားတသင့်ရေရွတ်လိုက်၏။

“ဘာတွေဖြစ်နေတာလဲ”

လျှိုဖျင်နှင့် အခြားသူများကလည်း ကြောင်တိကြောင်တောင်အမူအရာများနှင့်အတူ ရောက်ရှိလာကြ၏။

“မင်းတို့တွေ အဲ့ဒါ ဘာလုပ်နေကြတာလဲ”

ထိုစဥ်မှာပင် ရှဲ့ထျန်ဟုန်၏ အမူအရာက အေးစက်လာပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာကာ မလှမ်းမကမ်းမှာရှိသော အစောင့်တပ်သားနှစ်ယောက်ကို အော်ငေါက်လိုက်၏။

အစောင့်တပ်သားနှစ်ယောက်၏ မျက်လုံးထဲရှိ အနက်ရောင်အလင်းက ပျက်ပြယ်သွားပြီး သူတို့က ရုတ်တရက်တုန်လှုပ်ချောက်ချားကာ နိုးထလာ၏။

နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှ စွမ်းအင်အတက်အကျကို အာရုံခံမိသွားပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်ကာ ဖြစ်ပျက်နေသည့်အရာကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားကြ၏။

သို့သော်လည်း နေကာသစ်ပင်ဝင်္ကပါက အသက်ဝင်သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်က သူတို့၏ အစွမ်းအစအရ အဲ့ဒါကို ပိတ်ချနိုင်တော့မည် မဟုတ်ပေ။

“ကျုပ်... ကျုပ်...”

အစောင့်တပ်သားတစ်ယောက်က တစ်စုံတစ်ရာကို ရှင်းပြချင်နေသည့်အလား ရှဲ့ထျန်ဟုန်ကို ကြည့်လိုက်၏။

ရှဲ့ထျန်ဟုန်က အေးစက်စွာဖြတ်ပြောလိုက်၏။

“မင်းတို့နှစ်ယောက်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေတာပဲ... မင်းတို့တွေက နေကာသစ်ပင်ဝင်္ကပါကို အသက်သွင်းပြီး ဘယ်လိုတောင် ဒီလိုမျိုးကြီးမားတဲ့ပြစ်မှုကို ကျူးလွန်ရဲတာလဲ”

သူ့စကားမဆုံးသေးခင်မှာပင် ရှဲ့ထျန်ဟုန်က သူ၏ လက်ကိုဆန့်ထုတ်ပြီး သူ၏ သေးသွယ်သောလက်ချောင်းများနှင့်အတူ အစောင့်တပ်သားနှစ်ယောက်၏ နဖူးများကို ခတ်ထုတ်လိုက်၏။

အစောင့်တပ်သားနှစ်ယောက်၏ နဖူးများပေါ်တွင် ခပ်​ဖျော့ဖျော့အခြစ်ရာတစ်ခုစီပေါ်ထွက်လာပြီး သွေးများကစီးကျကာ ပို၍ကြီးမားလာခဲ့၏။

နောက်ဆုံးမှာတော့ အစောင့်တပ်သားနှစ်ယောက်၏ နဖူးများက သေသပ်စွာကွဲထွက်သွား၏။

သူတို့၏ ဦးခေါင်းနှစ်လုံးက ရှဲ့ထျန်ဟုန်၏ သာမန်ကာလျှံကာ လှုပ်ရှားမှုဖြင့် ကွဲထွက်သွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ထွက်ပြေးဖို့အခွင့်မရေးမရဘဲ နေရာမှာပင် သေဆုံးသွား၏။

အစောင့်တပ်သားနှစ်ယောက်သည်လည်း အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ပြီး ရှဲ့ထျန်ဟုန်က ဤကဲ့သို့ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ သူတို့ကို ရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

“ငါ မင်းတို့နှစ်ယောက်ကို မသတ်ဘူးဆိုရင် ယန်ယန်းအင်မော်တယ်နိုင်ငံက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဘယ်လိုရှင်းပြရမလဲ”

ရှဲ့ထျန်ဟုန်က သူတို့၏ အလောင်းများကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။

ဤပြောင်းလဲမှုက အလွန်တရာရုတ်တရက်ဆန်စွာ ဖြစ်ပွားခဲ့ပြီး မင်းသမီးသက်တံနီနှင့် အခြားသူများက အံ့အားသင့်မှင်တက်နေကြ၏။

သို့သော်လည်း မင်းသမီးသက်တံနီက လျင်မြန်စွာတုံ့ပြန်လာခဲ့၏။

သူမက ရှဲ့ထျန်ဟုန်ကို လေးနက်စွာကြည့်ပြီးနောက် ပြောဆိုရင်း နန်းတော်ရှိရာဘက်သို့ လှည့်ထွက်သွား၏။

“ငါတခြားသူတွေကို သွားရှာလိုက်မယ်... လျှိုဖျင်... အကြီးအကဲကျုံးနဲ့ တခြားသူတွေကို ဒီကိုလာဖို့ မြန်မြန်သွားပြီး သတင်းပေးလိုက်”

နေကာသစ်ပင်ဝင်္ကပါ ရုတ်တရက်အသက်ဝင်လာခြင်းကို တကယ်ပင် အစောင့်တပ်သားနှစ်ယောက်က ပြုလုပ်လိုက်ခြင်းဖြစ်၏။

သို့သော်လည်း မင်းသမီးသက်တံနီက အရူးမဟုတ်ပေ။ အဲ့ဒီမှာ အခြားသောတစ်စုံတစ်ရာ သေချာပေါက်ပါဝင်ပတ်သက်နေသည်ကို သူမကပြောနိုင်၏။

ရှဲ့ထျန်ဟုန်၏ ပေါ်ထွက်လာမှုက အရမ်းကို တိုက်ဆိုင်လွန်းနေ၏။

သူပေါ်ထွက်လာသည့်ခဏမှာပင် အစောင့်တပ်သားနှစ်ယောက်က ဝင်္ကပါကိုအသက်သွင်းခဲ့ကြ၏။

ထို့နောက် ရှဲ့ထျန်ဟုန်သည် သူတို့နှစ်ယောက်ကို နေရာမှာပင် သတ်ဖြတ်ပစ်လိုက်၏။

အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဖြေရှင်းချက်ပေးခြင်းဆိုတာထက် သူတို့နှစ်ယောက်ကို နှုတ်ပိတ်သတ်ဖြတ်လိုက်ခြင်းနှင့်ပိုတူနေ၏။

ရှဲ့ထျန်ဟုန်မှာ မှင်သေသေအမူအရာတစ်ခုရှိနေပြီး သူက ပြုံးလိုက်၏။ သူက မင်းသမီးသက်တံနီနှင့် အခြားသူများထွက်ခွာသွားခြင်းကို တားဆီးခြင်းမရှိပေ။

အခုချိန်မှာ တစ်ယောက်ယောက်ကရောက်ရှိလာပြီး နေကာသစ်ပင်ဝင်္ကပါကို ပိတ်ချနိုင်မည်ဆိုလျှင်တောင် ဆူဇီမိုက ပြာဖြစ်သွားတာကြာနေလောက်လေပြီ။

တကယ်တော့... ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေနယ်မြေထဲမှာ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် နည်းလမ်းများစွာ သူ့မှာရှိလေသည်။

သို့သော်လည်း ဆူဇီမိုသည် ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလူဖြစ်လေသည်။ သူက ပေါ်ပေါ်တင်တင်သတ်ဖြတ်လိုက်မည်ဆိုလျှင် တစ်ဘက်မှာတော့... အဲ့ဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ရန်လိုစိတ်ကို ဆွဲဆောင်မိမည်ဖြစ်၏။

အခြားတစ်ဘက်မှာတော့... သူသည် လူတိုင်း၏ စွပ်စွဲပုတ်ခတ်ပြောဆိုခြင်းကို ခံရပေလိမ့်မည်။

သူက တိတ်တဆိတ်သတ်ဖြတ်လိုက်မည်ဆိုလျှင်လည်း သူ့အနေနှင့် သူ၏ နည်းလမ်းများကို ထုတ်ဖော်ပြသဖို့ ခက်ခဲသွားပြီး သူသည် နတ်မိမယ်မုန့်ယောင်ထံမှ မျက်နှာသာပေးမှုကို ရရှိနိုင်တော့မည်မဟုတ်ပေ။

ယခု...သူသည် လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး အစောင့်တပ်သားနှစ်ယောက်၏ အကူအညီနှင့်အတူ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမိုကို သတ်ဖြတ်လိုက်၏။

အခြားတစ်ယောက်ယောက်က အဲ့ဒါကို သိမြင်နိုင်မည်ဆိုလျှင်တောင် သူတို့မှာ မည်သည့်သက်သေမှမရှိဘဲ သူ့ကို မည်သည့်အရာမှ ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။

သို့သော်လည်း သေသေချာချာ အာရုံစိုက်ကြည့်ရှုသောမည်သူမဆို အဲ့ဒါ၏ လက်သည်တရားခံက သူဆိုတာကို ပြောနိုင်ပေလိမ့်မည်။

အဲ့ဒါသည် ရှဲ့ထျန်ဟုန်လိုချငိသည့်အရာ အတိအကျပင်ဖြစ်၏။

ထိုအချိန်မှာ ဆူဇီမို၏ သေဆုံးမှုနှင့်ပတ်သက်သည့် ဖြေရှင်းချက်များစွာရှိလာနိုင်ပြီး သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံကို သက်ရောက်စေခြင်းမရှိဘဲ ကောလာဟလများကို နေရာတိုင်းမှာဖြန့်ကြက်ဖို့ လူတချို့ကို စေခိုင်းနိုင်လေသည်။

အပြင်ဘက်ခြမ်းမှာ... ။

အစက မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေသော ဖုန်းယင်က သူ၏ နောက်ဘက်မှာရှိသောကျင့်ကြံသူကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ရုတ်တရက်အသံတစ်ခုပို့လွှတ်လိုက်၏။

“ဆူဇီမိုက နေကာသစ်ပင်ဝင်္ကပါကို နှိုးဆွမိပြီး နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ သေသွားပြီ... အဲ့ဒီသတင်းကိုဖြန့်ပြီး အဖွဲ့အစည်းပေါင်းစုံ ဒီကိုလာကြည့်အောင် လုပ်လိုက်”

“ကောင်းပါပြီ”

အင်ပါယာလေဘုရားကျောင်းကျင့်ကြံသူက ပြန်ဖြေကာလှည့်ထွက်သွား၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးတဲ့လား”

သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ ဖုန်းယင်က သူ့ဘာသာသူညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

“ဆူဇီမို.. မင်းက သမိုင်းထဲမှာ ဘဝသက်တမ်းအတိုဆုံးနဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဖြစ်လာခဲ့ပြီ... မင်းက သမိုင်းထဲမှာ အရယ်ရဆုံးဟာသတစ်ခုဖြစ်လာလိမ့်မယ်”

.........

“နေကာသစ်ပင်ဝင်္ကပါလား”

ရှဲ့ချင်းချန်သည် မင်းသမီးသက်တံနီ၏ စကားများကို ကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ခုကို အလောတကြီးထုတ်ယူကာ အဲ့ဒါကိုချိုးချေလိုက်၏။

“နေကာသစ်ပင်ဝင်္ကပါကို ပယ်ဖျက်ဖို့အတွက် ပကတိအင်မော်တယ်တစ်ယောက်ကို လိုလိမ့်မယ်လို့ ငါထင်တယ်”

ရှဲ့ချင်းချန်က ထိုသို့ပြောပြီး မင်းသမီးသက်တံနီနှင့်အတူ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေရှိရာသို့ ပြေးလွှားသွား၏။

သိပ်မကြာခင် သူတို့နှစ်ယောက်က ရောက်ရှိလာခဲ့၏။

ထိုအချိန်တိုအတွင်းမှာ ကျင့်ကြံသူများစွာက နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေ၏ အပြင်ဘက်မှာ စုစည်းရောက်ရှိလာကြပြီဖြစ်၏။ အဲ့ဒီမှာ ကျိရွှမ်အင်မော်တယ်နိုင်ငံ၊ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနှင့် အမျိုးမျိုးသော ဂိုဏ်းများနှင့်အဖွဲ့အစည်းများမှ ကျင့်ကြံသူများရောက်ရှိနေကြ၏။

နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလူ သေဆုံးမှုက ကြီးမားသောကိစ္စတစ်ခုဖြစ်၏။

ယခုထိရောက်ရှိမလာသေးသော ကျင့်ကြံသူများကလည်း ဤနေရာကို အပြေးအလွှားလာနေကြ၏။

“​ဆူဇီမိုက သေသွားပြီလို့ ငါကြားတယ်”

“နေကာသစ်ပင်ဝင်္ကပါ ရုတ်တရက်အသက်ဝင်လာရင် အဆင့်-၉ ကောင်းကင်အင်မော်တယ်တွေတောင်မှ အထဲမှာ ရှင်သန်နိုင်မှာမဟုတ်ဘူး”

“သူက... ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းလာခါစပဲရှိသေးတယ်... သူကအခုလိုကပ်ဘေးနဲ့ ကြုံတွေ့ရတယ်ဆိုတော့”

ကျင့်ကြံသူများစွာက မတူညီသောအမူအရာများနှင့်အတူ ဆွေးနွေးပြောဆိုနေကြ၏။

ရှဲ့ချင်းချန်နှင့် မင်းသမီးသက်တံနီရောက်ရှိလာသောအခါ သူတို့သည် လူအုပ်ကြီးကိုတွန်းဖယ်ပြီး ရှေ့ဆုံးသို့ရောက်ရှိလာကြ၏။

ရှဲ့ချန်းချန်က ဆိုးဆိုးဝါးဝါးသေဆုံးနေသော အစောင့်တပ်သားနှစ်ယောက်ကိုကြည့်ပြီး ရှဲ့ထျန်ဟုန်ကို လှည့်ကြည့်လိုက်၏။

“ဘာဖြစ်သွားတာလဲ”

“ဘာလို့လည်းမသိဘူး... သူတို့နှစ်ယောက်က ရုတ်တရက်ကြီးရူးသွပ်သွားပြီးတော့ နေကာသစ်ပင်ဝင်္ကပါကို အသက်သွင်းခဲ့ကြတယ်... ငါက သူတို့ကို အချိန်မီမတားဆီးလိုက်နိုင်ဘူး”

ရှဲ့ထျန်ဟုန်က ရှဲ့ချင်းချန်ကို လှည့်ပင်မကြည့်ပေ။ သူသည် အရေးမပါသောတစ်စုံတစ်ရာကို ပြောဆိုနေသည့်အလား သူ၏ လေသံက ခပ်ပေါ့ပေါ့ပင်ရှိနေ၏။

“ရုတ်တရက်ရူးသွပ်သွားတာလား”

ရှဲ့ချင်းချန်က ရှဲ့ထျန်ဟုန်၏ မျက်နှာကို စိုက်ကြည့်နေဆဲဖြစ်၏။ သူက အသံကိုနှိမ့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါသိရသလောက်ဆိုရင် မင်းရဲ့ ညှို့ငင်ခြင်းနည်းစနစ်က အထွတ်အထိပ်ကိုရောက်နေပြီပြောတယ်”

ရှဲ့ထျန်ဟုန်က ရှဲ့ချင်းချန်ကိုလှည့်မကြည့်ဘဲ မေးရုံသာမေးလိုက်၏။

“မင်းက ဘာပြောချင်နေတာလဲ”

“ထျန်ဟုန်... မင်းက ဘယ်သူ့ကိုမှ သတင်းမပေးဘဲအခုလိုမျိုး ခိုးကြောင်ခိုးဝှက်ပုံစံနဲ့ နန်းတော်ကိုရုတ်တရက် ဘာလို့ ပြန်ရောက်လာခဲ့တာလဲ”

ရှဲ့ချင်းချန်က ထပ်မံ၍မေးလိုက်၏။

“ဘာလို့လဲဟုတ်လား”

ရှဲ့ထျန်ဟုန်က မျက်လုံးအနည်းငယ်ပင့်လိုက်၏။

“ရှဲ့ချင်းချန်.... နန်းတော်ကိုငါပြန်လာတာကို မင်းကို ငါက အစီရင်ခံတင်ပြနေရမှာလား”

ရှဲ့ချင်းချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဒေါသထွက်ခြင်းမရှိဘဲ ဆက်လက်၍မေးမြန်းလိုက်၏။

“မင်းက နန်းတော်ကိုပြန်လာပြီး ရုတ်တရက် ဒီနေရာမှာပေါ်လာတယ်... အဲ့ဒီနောက် နေကာသစ်ပင်ဝင်္ကပါက အသက်ဝင်လာခဲ့တယ်... အဲ့ဒါက တိုက်ဆိုင်လွန်းမနေဘူးလား”

“မင်း ငါ့ကို သံသယဝင်နေတာလား”

နောက်ဆုံးမှာ ရှဲ့ထျန်ဟုန်က ရှဲ့ချင်းချန်၏ ချောမောလှပသောမျက်နှာကို အေးစက်စွာဖြင့် လှည့်ကြည့်လာခဲ့၏။

“ငါမပြောရဲပါဘူး”

ထိုသို့ဆိူလျှင်တောင် ရှဲ့ချင်းချန်က သူ၏ အကြည့်ကို ရှောင်လွှဲခြင်းမရှိဘဲ မလျှော့တမ်းပြောဆိုလိုက်၏။

“ငါက မင်းကိုယ်မင်း ဖြေရှင်းချက်ပေးဖို့ပဲ တောင်းဆိုနေတာပါ အစ်ကိုထျန်ဟုန်”

“ဟမ့်...”

ရှဲ့ထျန်ဟုန်၏ အမူအရာက ညိုမည်းသွားပြီး သူကအော်ငေါက်လိုက်၏။

“ရှဲ့ချင်းချန်.... မင်းလေသံကိုဆင်ခြင်... မင်းရဲ့နောက်ခံနဲ့ မင်းဘယ်သူနဲ့စကားပြောနေတယ်ဆိုတာကို ပြန်ပြီးစဥ်းစား”

“မင်းလိုမျိုး အလုပ်မရှိအကိုင်မရှိမင်းသားတစ်ပါးက ငါ့ကိုဘယ်လိုတောင် မေးခွန်းထုတ်ရဲတာလဲ”

ယန်ယန်းအင်မော်တယ်ဘုရင်မှာ... မျိုးဆက်များစွာရှိလေသည်။ သူတို့က မင်းသားများနှင့် မင်းသမီးများဖြစ်သော်လည်း သူတို့၏ အဆင့်အတန်းများက မိုးနှင့်​မြေလို ကွာခြားကြလေသည်။

ဥပမာအားဖြင့် ရှဲ့ထျန်ဟုန်သည် စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ကို တာဝန်ယူဦးဆောင်နေလေသည်။ သူက ပိုင်နက်နယ်မြေ ကီလိုမီတာငါးထောင်ကို အုပ်စိုးပြီး သူ့မှာမြင့်မားသောအဆင့်အတန်းတစ်ခုရှိ၏။

သို့သော်လည်း ရှဲ့ချင်းချန်က အမည်ခံမင်းသားတစ်ပါးသာဖြစ်လေသည်။

ရှဲ့ထျန်ဟုန်ပြောသော မင်းရဲ့နောက်ခံဟူသောစကားက ရှဲ့ချင်းချန်၏ နှလုံးသားအနက်ပိုင်းထဲရှိ ဒဏ်ရာကို နှိုးဆွမိသွား၏။

ရှဲ့ချင်းချန်က သူ၏ လက်သီးနှစ်ဖက်ကိုအလိုလိုဆုပ်ပြီး သူ့ခေါင်းကို ငုံ့ထားလိုက်၏။ သူ၏တည်ငြိမ်နေပုံရသော အမူအရာအောက်တွင် သိပ်သည်းပြင်းထန်သော အမျက်ဒေါသနှင့် မုန်းတီးမှုတို့ရှိနေ၏။

သူမက တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား မင်းသမီးသက်တံနီက ရှဲ့ချင်းချန်၏ လက်သီးကို ညင်သာစွာဖမ်းဆုပ်ပြီး သူ့ကိုနှစ်သိမ့်ပေးလိုက်၏။

All Chapters