← Chapters

အခန်း (၂၄၄)

Vol. 17 Ch. 244

အခန်း (၂၄၄)

Vol. 17 Ch. 244

“ဪ ဒီလိုကိုး” လုချန်းဂီက နားလည်သွားမိ၏။ ကြည်ရသည်မှာ ဤအင်ပါရီယာ လက်နက်သည် နှစ်ပေါင်း များစွာကြာအောင် အင်ပါရီယာတစ်ယောက်၏ သွေးများ၏ တိုက်စားခြင်းကို ခံနေရ၏။ ထို့ကြောင့် ဤအင်ပါရီယာ လက်နက်သည် စွမ်းအင်များ ဆုံးရှုံးခဲ့ခြင်းသာလျှင်ဖြစ်၏။ အပေါ်တွင် ရှိနေသည့် အင်ပါရီယာ၏ သွေးများကို ဖယ်ရှားနိုင်သည် ဆိုပါက မူလစွမ်းအားအပြည့်ကို ပြန်လည်ရရှိနိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

“ကြည့်ရတာ”

လုချန်းဂီ၏ မျက်လုံးများထဲတွင် အဓိပ္ပာယ်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် နှမျောစွာဖြင့် တွေးတောလိုက်မိသည်။ “ပြန်ရောက်ရင် အရင်းအမြစ်တချို့ ထပ်ရှာပြီး ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ဆီ သွားလည်ရအုံးမှာပဲ”

ဤအင်ပါယာ သွေးများကို သူ မသုတ်ပစ်နိုင်သည်မှာ သေချာလှ၏။ ဤအရာသည် တော်ဝင်အင်ပါယာ တစ်ယောက်သာလျှင် ပြုလုပ်နိုင်သည့်အရာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိလောကကြီး ထဲတွင် သူသိသည့် တော်ဝင်အင်ပါယာ ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သာလျှင် ရှိ၏။

............

လင်းရှောင်နှင့် လုချန်းဂီတို့ တစ်ယောက်နှင့်တစ်ယောက် အခွင့်အရေးများကို ကိုယ်စီ ရနေသည့် အချိန်မှာပဲ ခရမ်းရောင်နက်နဲလောကကြီး၏ ရှေးကောင်းကင်မြို့ထဲမှာတော့ အတောင်ပံ နှစ်ထပ်၊ ဘီလူးတစ်ကောင်ကဲ့သို့ ပုံပန်းသွင်ပြင်နှင့် သတ္တဝါသည် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်း၏ အနောက်ဘက်ရှိ နဂါးရထားလုံးထဲတွင်တော့ သတ္တဝါတစ်ကောင်သည် ခံစားချက် ကင်းမဲ့စွာဖြင့် ထိုင်လျက်ရှိသည်။

နှစ်ယောက်လုံးသည် အင်ပါယာမိုယွမ်တစ်ယောက် အောင်မြင်စွာဖြင့် တည်နေရာလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်မည့် သတင်းအား စောင့်မျှော်နေခြင်းသာလျှင်ဖြစ်၏။ ဤကဲ့သို့ အလကားနေ အလကား စောင့်မျှော်နေရသည့် အတောအတွင်း သူတို့သည် ရှေ့တွင် ရှိနေသည့် တည်နေရာ လမ်းကြောင်းကြီးကို လေ့လာနေခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးတောခဲ့၏။

“ကောင်းကင်မူလ လောကကြီးက ဘယ်လောက်တောင် အားကောင်းလို့ တော်ဝင်အင်ပါယာ တစ်ယောက်ကို နှစ်ပေါင်းသန်းချီ ဒီနေရာမှာ စောင့်ခိုင်းထားရတာလဲ”

နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါက ပြောဆိုလိုက်၏။ ထိုအသံတွင် ဇဝေဇဝါ ဖြစ်မှုများ ပါဝင်လျက် ရှိနေ၏။ အလွန့်အလွန် အချိန်ကြာမြင့်လှပြီ ဖြစ်ကြောင်းကို သူသေချာသိ၏။ သို့ပေမဲ့ တခြားသော တစ်ဖက်ခြမ်းတွင် ရှိနေသည့် အင်ပါယာတစ်ယောက်၏ အော်ရာများသည် ပျောက်ကွယ်မသွားခဲ့ချေ။ အစကနေ ယခုအထိ တူညီသည့် အင်ပါယာတစ်ယောက်၏ အော်ရာမျိုး ထွက်ပေါ်လျက် ရှိနေသေး၏။ အင်ပါယာသည် ဤမျှကြာသည်အထိ နေထိုင်ဖို့ မည်မျှ ကျန်းမာရေး ကောင်းနေမည်နည်း။

“ဖြစ်နိုင်တာ ဒါ အင်ပါယာတစ်ယောက် မဟုတ်ဘူး။ တော်ဝင်အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ဖြစ်နိုင်တယ်”

ဘီလူးကဲ့သို့ သတ္တဝါက ပြောဆိုလိုက်၏။ “ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အန္တရာယ်များတာပဲလေ”

သူ စကားကို ဆုံးအောင် မပြောရသေးချေ။ သူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ အလျင်အမြန်နှင့် တည်နေရာ လမ်းကြောင်းဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ဖြစ်ပေါ်လာသည်။

“တစ်ခုခုတော့ မှားနေပြီ” ဘီလူးကဲ့သို့ သတ္တဝါသည် အေးစက်စက် ရေရွတ်လိုက်၏။ သူ၏ မျက်လုံးထဲ၌ နတ်ဘုရား အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး သူသည် တည်နေရာလမ်းကြောင်း၏ တခြားတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူမြင်ခဲ့ရသည်မှာ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ တည်နေရာ လမ်းကြောင်း၏ တခြားတစ်ဖက်တွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများသည် ချက်ချင်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။

“ဘာတွေ ဖြစ်နေတာလဲ” နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါက မေးမြန်းလိုက်၏။

“တည်နေရာလမ်းကြောင်းရဲ့ တခြားတစ်ဖက်မှာရှိတဲ့ အင်ပါရီယာ အော်ရာတွေက ပျောက်သွားပြီ” ဘီလူးကဲ့သို့ သတ္တဝါသည် အလျှင်အမြန် ပြောလိုက်သည်။

အင်ပါရီယာ အော်ရာများ ပျောက်ကွယ်သွားခြင်းသည် ကောင်းမွန်သည့် အရာမဟုတ်ချေ။ ကြည့်ရသည်မှာ ကောင်းကင်မူလ လောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် ခရမ်းရောင်နက်နဲလောကကြီး၏ တည်ရှိမှုကို သတိရသွားခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် နယ်မြေကို ကူးသန်းကာ ရောက်ရှိလာရန် ဆုံးဖြတ်တော့မည်လား။ တခြားသော တစ်ဖက်ခြမ်းမှလူများ ဘာတွေ တွေးနေသည်ကို မည်သူကမှ မသိနိုင်ချေ။

“ကျုပ်တို့ တခြားအင်ပါယာတွေကို သွားပြီး သတင်းပေးသင့်လား” နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါသည် လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ တခြားသောသူများ လောကကို ဖြတ်သန်းကာ ရောက်ရှိလာခြင်းသည် အဓိကကိစ္စရပ်ကြီးဖြစ်ပြီး သူတို့ တားဆီး၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ တခြားသော ဘက်ခြမ်းသည် ကြိုတင်ကာ ပြင်ဆင်လာသည်ဆိုပါက ကျိန်းသေပေါက် အင်ပြည့်အားပြည့် ထည့်သုံးပြီး ရောက်ရှိလာမည်မှာ သေချာသလောက်ပင်။

ကောင်းကင်မူလလောကကြီး၏ ကြောက်မက်ဖွယ်ရာကောင်းသည့် အရာများ အကြောင်းကို ပြန်လည်ကာ တွေးတောပြီးသည့်နောက် သူတို့သည် စိုးရွံ့လျက် ရှိနေလေ၏။ ထိုလောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လောကကြီးတစ်ခုဖြစ်ပြီး မျိုးနွယ်စုများအားလုံး တစ်ခုနှင့်တစ်ခု အတူယှဉ်တွဲ နေထိုင်ကြသည် ဆိုသော်လည်း ပြင်းထန်သည့် တိုက်ခိုက်မှုများကြား၌ အသက်ရှင် နေထိုင်ကြသည့် လူများဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ရင်း နေထိုင်လာကြသည် ဖြစ်သောကြောင့် ထူးချွန်လှသည့် လူများသာလျှင် အသက်ရှင် ကျန်ရှိနိုင်မည်မှာ သံသယရှိစရာ မလိုပေ။

“အင်း... ကျုပ် အစောကြီးကတည်းက သတင်းပို့ပြီးသွားပြီ”

ဘီလူးကဲ့သို့သော သတ္တဝါသည် သူကိုင်ဆောင်ထား သည့် ကျောက်စိမ်းကဲ့သို့ လင်းလက်နေသောအရာကို အသာထောင်ကာ ပြလိုက်၏။

ထိုကျောက်စိမ်းပြားပေါ်တွင် အင်ပါရီယာ ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆန်းကြယ်လှသည့် ဟန်ပန်မျိုးနှင့် လူသား တစ်ယောက်က တည်ရှိနေ၏။ ထိုကျောက်စိမ်းပြားပေါ်မှ ထွက်ပေါ်နေသည့် အော်ရာများသည် ကျောက်စိမ်းပြား ကိုပင် အစိတ်စိတ် ဖြစ်လုမတတ်ပင်။

“ဒါပေမဲ့ အင်ပါယာ ရောက်မလာခင်မှာ ကျုပ်တို့အနေနဲ့ ကောင်းကင်မူလ လောကကြီးထဲမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သွားကြည့်ဖို့ စီစဉ်သင့်တယ်” ဘီလူးကဲ့သို့သော သတ္တဝါသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် လေးလေးနက်နက် ပြောဆိုလိုက်၏။

ကိုယ့်ကိုယ်ကိုယ် သိရှိခြင်းနှင့် ရန်သူကို သိရှိခြင်းသည် အောင်ပွဲတစ်ရာကို ရယူနိုင်ခြင်း၏ အဓိက သော့ချက်ပင်။ ဤနေရာတွင် ထိုင်ကာ တစ်ဖက်လူများ ရောက်ရှိလာမည်ကို စောင့်စားနေပါက ကျိန်းသေပေါက် ရင်ဆိုင်ရန် နောက်ကျသွားပေလိမ့်မည်။

“ကျုပ် သွားမယ်” နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ပြောဆိုလိုက်၏။

“မဟုတ်ဘူး”

ဘီလူးကဲ့သို့သော သတ္တဝါသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက် တည်နေရာ လမ်းကြောင်းကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်မှုများ ပြည့်နှက်နေသည်။ “ခင်ဗျား ဒီနေရာမှာ နေပြီးတော့ ကျုပ်ကို ကူညီ”

နယ်မြေ ဖြတ်သန်းခြင်း ဆိုသည်မှာ ကိစ္စသေးသေးလေး မဟုတ်ချေ။ တည်နေရာလမ်းကြောင်းကို ဝင်ရောက်ချင်းချင်း ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိနှိပ်မှုကို ခံရသောကြောင့် သေဆုံးသွားခြင်း မျိုးလည်း ဖြစ်နိုင်၏။

ရှေးကောင်းကင်မြို့သည် အလွန် နက်နဲလှသည့် နောက်ခံကို ပိုင်ဆိုင်သည် ဖြစ်သော်လည်း အင်ပါယာ တစ်ယောက်ကို ဤနေရာတွင် တာဝန်ယူကာ စောင့်ကြပ်စေဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် အလှမ်းဝေးကွာလွန်းလှ၏။ ကောင်းကင်မူလ လောကကြီးဆိုလျှင် တည်နေရာ လမ်းကြောင်း၏ တခြားတစ်ဖက်တွင် အင်ပါယာ တစ်ယောက်ကို စောင့်ကြပ်ခိုင်းထား၏။ မည်မျှ ပျင်းရိပြီး ပေါများနေသနည်း။

လက်ရှိ အခြေအနေမှာတော့ ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သတ္တဝါများအားလုံး၏ နှလုံးသားထဲတွင်တော့ ကောင်းကင်မူလ လောကကြီးသည် ပိုမို၍ပင် အားကောင်းလာခဲ့၏။ သူတို့အနေနှင့် ခုခံရင်း တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ရန်သာ ရည်ရွယ်ထားခဲ့၏။ သို့ပေမဲ့ ဤနေရာတွင် ထိုင်ကာဖြင့် ငြိမ်ငြိမ်သက်သက် သေဆုံးမည်ကို စောင့်မျှော်မည့်အစား ကောင်းကင်မူလ လောကကြီးဆီသို့သွားကာ တိုက်ခိုက်လိုက်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ဘီလူးကဲ့သို့သော သတ္တဝါက တွေးတောလိုက်မိသည်။

သူတို့အနေနှင့် အင်ပါယာ အနည်းငယ်ကို မသတ်ဖြတ်နိုင်ဘူး ဆိုလျှင်တောင်မှ လူငယ်မျိုးဆက် တချို့ကို သတ်ဖြတ်ပစ်နိုင်ပါက ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ပေလိမ့်မည်။ တစ်ဖက်လူများ အားအင် ယုတ်လျော့သွားသည် ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးမှလူများ အသက်ရှူ ချောင်ပေလိမ့်မည်။

“ကျုပ် ပြန်မလာဘူးဆိုရင် တည်နေရာလမ်းကြောင်းရဲ့ အခြားတစ်ဘက်မှာမှာ ကွာစီအင်ပါယာအဆင့် ဒါမှမဟုတ် အဲထက်မြင့်တဲ့ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” ဘီလူးကဲ့သို့သော သတ္တဝါသည် စိတ်ဆုံးဖြတ်ချက် ချကာဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တည်ကြည်လေးနက်လျက် ရှိနေ၏။

“နောက်မှရောက်လာတဲ့ အင်ပါယာတွေကို ဒီစကားပြောလိုက်”

“စိတ်မပူနဲ့”

နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါသည် အခြေအနေကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့် လေးလေးကန်ကန်ဖြင့် ခေါင်းကို အသာညိတ်ပြလိုက်သည်။ “အရာအားလုံး ခင်ဗျားကို လွဲအပ်ထားလိုက်မယ် တာအိုရောင်းရင်း”

ဘီလူးကဲ့သို့သော သတ္တဝါသည် ဦးကိုညွတ်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးသည့်နောက် သူသည် အနောက်ကို တစ်ချက်လှည့်မကြည့်ဘဲ တည်နေရာ လမ်းကြောင်းထဲသို့ လှမ်းဝင်သွားခဲ့တော့၏။

“ဂရုစိုက်ပါ” နဂါးရထားလုံးထဲတွင် ရှိနေသည့် သတ္တဝါသည် ထိုစကားစုကို ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်သည်။

တော်ဝင်သူတော်စင် နောက်ဆုံးအဆင့်တွင် ရှိနေသည့် သူ၏ ရောင်းရင်းသည် ဘယ်ကိုသွားသွား ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် တည်ရှိပြီးသားဖြစ်၏။ အားလုံးသောသူများ က ဂုဏ်ယူရလောက်သည့် ဧည့်သည်အဖြစ် ဆက်ဆံရမည့်လူဖြစ်သည်။

သို့ပေမဲ့ လောကနှစ်ခုကြား တိုက်ပွဲသို့ သွားရောက်မည်ဆိုလျှင်တော့ လုံလောက်သည့် ကျင့်ကြံခြင်းအဆင့်မျိုး မဟုတ်ချေ။ တစ်ဖက်လောကတွင် ကွာစီအင်ပါယာ သို့မဟုတ် တော်ဝင်အင်ပါယာ အများအပြား တည်ရှိနေနိုင်သည် မဟုတ်ပါလား။

All Chapters