← Chapters

အခန်း (၂၄၆)

Vol. 17 Ch. 246

အခန်း (၂၄၆)

Vol. 17 Ch. 246

ဘီလူးကဲ့သို့သော သတ္တဝါသည် အရှေ့မှာ ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ရေခဲ ချောက်ကမ်းပါး ထဲသို့ ကျဆင်းသွားသလို ခံစားနေမိ၏။ ဤ ကောင်းကင်မူလ လောကကြီးသည် သူခန့်မှန်း ထားခဲ့သလိုပင် နေ့စဉ်နေ့တိုင်း တည်နေရာလမ်းကြောင်း၏ ဂိတ်တံခါးကို စောင့်ကြပ်လျက် ရှိနေသည့် တော်ဝင်အင်ပါယာတစ်ယောက်က တည်ရှိနေခဲ့၏။

သူ၏ အစောပိုင်း တွက်ချက်မှုသည် အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု ဖြစ်မည်ဟုသာ ထင်သည်။ သို့ပေမဲ့ တကယ်တမ်း တည်နေရာလမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်မှာတော့ မည်သည့်အစီအရင်ကိုမှ မတွေ့ရဘဲ တော်ဝင်အင်ပါယာ တစ်ယောက်ကိုသာ တွေ့ဆုံခဲ့သည်။

အင်ပါရီယာ အော်ရာများ စောဏက ပျောက်ကွယ်သွားခြင်း ဆိုသည်မှာ အင်ပါယာ တစ်ယောက်နှင့် တစ်ယောက်အကြား လူကူးပြောင်းမှု ပြုလုပ်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ တာဝန်လဲလှယ်ခြင်း သဘောပင်။

ဤတည်နေရာတစ်ခုလုံးတွင် တော်ဝင်အင်ပါယာနှစ်ယောက်၏ အော်ရာများ ထွက်ပေါ်လာခြင်းကို သုံးသပ် ရမည်ဆိုလျှင် ဤကဲ့သို့ပင် ဖြစ်နိုင်၏။ ဤကောင်းကင်မူလ လောကကြီးသည် အလွန်ပင် အားကောင်းလွန်း လှချေသည်။ နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားမည်ဆိုပါက သူတို့ လောကကြီးသည် ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါတော့မည်လား။

"တခြားလောကရဲ့ သက်ရှိလား"

လင်းရှောင်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ မျက်လုံးများသည် ထူးမခြားနားသကဲ့သို့ပင် နန်းတော်ကြီး တစ်ခုဆီသို့ ကြည့်ရှုလျက် ရှိနေ၏။ ထိုနန်းတော်ကြီးသည် တခြားသော လောကနှင့် ချိတ်ဆက်လျက် ရှိနေသည့် ဂိတ်တံခါးကြီးတွင် ပေါ်လာခြင်း ဖြစ်သည်။

"ဒီလောကကြီးကို သူလျှိုလုပ်ဖို့ တော်ဝင်သူတော်စင် တစ်ယောက်ကို စေလွှတ်လိုက်တာလား။ မင်း ခုခံနိုင်ရဲ့လား"

လင်းရှောင်သည် တခြားသော လောကမှ လူများကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးချေ။ ပထမဦးဆုံး စီနီယာကလည်း သတိပေးထားခဲ့၏။ ထို့အပြင် အင်ပါယာကျန်းဖန် ကျဆုံးသည့်အကြောင်း ကိုလည်း သူက မျက်မြင်သိရှိခဲ့ပြီးဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူသည် တိုက်ရိုက်ဆိုသလိုပဲ သတ်ဖြတ်ခြင်းကို ပြုလုပ်ချင်နေမိ၏။

"ဒါဆိုရင် နောက်ဘဝကို သွားလိုက်တော့"

လင်းရှောင်သည် တည်ငြိမ်စွာ ပြောလိုက်၏။ ပြီးနောက် သူ၏ လက်များကို ဆန့်တန်းလိုက်သည်။

ချလွမ် ဟူသည် အသံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး အချိန်တစ်ခုလုံး ပြောင်းပြန်လည်သွားသကဲ့သို့ပင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် ပြောင်းပြန်လည်ကုန်၏။

"မကောင်းတော့ဘူး"

ဘီလူးကဲ့သို့သော သတ္တဝါသည် ဆံပင်မွှေးများပင် ထောင်ထသွားခဲ့တော့၏။ ဤကဲ့သို့သော တိုက်ခိုက်ချက်နှင့် ရင်ဆိုင်ရသည့် အချိန်၌ သူ့၌ ခုခံရန်အားအင်ဟူ၍ လုံးဝမရှိချေ။ ထွက်ပြေးရန်သာ ကြိုးစားမိ၏။ သို့ပေမဲ့ သူ၏ အမြန်နှုန်းသည် အင်ပါယာ တစ်ယောက်၏ တိုက်ခိုက်ချက်နှင့် နှိုင်းယှဉ် ရမည်ဆိုလျှင် အလွန်အမင်း နှေးကွေးလို့ နေခဲ့သည်။

ဘုန်း

တည်နေရာလမ်းကြောင်းတစ်ခု လှုပ်ခါသွားခဲ့ပြီးသည့်နောက် ဘီလူးကဲ့သို့သော သတ္တဝါသည် တိုက်ရိုက် ဆိုသလိုပဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားခဲ့လေ၏။ အကျိုးဆက်အားဖြင့် ရောင်စဉ် အလင်းတန်းများသည် ဆက်တိုက်ဆိုသလိုပဲ ထွက်ပေါ်လျက် ရှိနေပြီး လောကကြီးနှစ်ခုကြားတွင် ရှိနေသည့် တည်နေရာလမ်းကြောင်းကို ထိုးဖောက်ကာဖြင့် ခရမ်းရောင်နက်နဲလောကဆီသို့ ဝင်ရောက်သွားခဲ့၏။

"အင်ပါရီယာ အော်ရာပါလား။ ဘာတွေဖြစ်နေတာလဲ"

"ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ထူးဆန်းတဲ့ အင်ပါရီယာ အော်ရာတွေ ပေါ်လာရတာလဲ"

ရှေးကောင်းကင်မြို့၏ အလယ်တွင်တော့ ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် ကောင်းကင်ယံဆီသို့ လှမ်းကာ ကြည့်လိုက်၏။ သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပဲ နတ်ဘုရားရောင်စဉ် အလင်းတန်းများသည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုအရာတွင် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသည့် အင်ပါရီယာ စိတ်ဆန္ဒများ ပါဝင်လျက် ရှိနေ၏။ ကောင်းကင်အင်ပါယာမြို့၏ တစ်ဝက်လောက်သည် ထက်ပိုင်း ဖြစ်တည်ခဲ့ပြီး တချို့သောအရာများသည် ပျက်စီးကုန်လေ၏။

ရောင်စဉ်အလင်းတန်းများ ပေါ်ပေါက်လာသည့် တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် သေဆုံးကုန်ကြ၏။ ၎င်းတို့၏ အောက်ခြေတွင် ရှိနေသည့် ကုန်းမြေကြီး တစ်ခုလုံးသည်လည်း ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံထားရသည်။

အသက်ရှင် ကျန်ရစ်ခဲ့သည့် လူများသည် ကြောက်လန့်မှုများဖြင့် တွေဝေစွာ မတ်တပ်ရပ်နေမိကြ၏။

"တာအိုရောင်းရင်း"

ခဏလောက် ကြာပြီးသည့်နောက် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် နဂါးရထားလုံးကြီး သည် ပေါက်ကွဲထွက်သွားပြီး သေးငယ်လှသည့် ပုံရိပ်တစ်ခုသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်နေ၏။ ၎င်းသည် ဝမ်းနည်းမှုများစွာဖြင့် အော်ဟစ်လိုက်သည်။

ကြည့်ရသည်မှာ ပထမဆုံး အထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် တည်နေရာ အက်ကွဲကြောင်း၏ အနောက်တွင် ရန်သူသည် ပုန်းအောင်းပြီး တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ဘီလူး ကဲ့သို့သော သတ္တဝါသည် ကံအကြောင်းမလှစွာဖြင့် တစ်ခါတည်း သေဆုံးသွားခဲ့ခြင်းပင်။

မိုးကုတ်စက်ဝိုင်း၏ အဆုံးထက်တွင်တော့ ဘုန်း ဟူသော ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး အမဲရောင်လှိုင်းများ ထွက်ပေါ်လာခဲ့၏။ အမဲရောင်အော်ရာများ အားလုံးသည် လောက တစ်ခုလုံးကို ပြည့်နှက်နေခဲ့၏။ အမဲရောင်စဉ်များ၏ အထက်၌ ဆန်းကြယ်သည့် လူတစ်ယောက် ပေါ်လာခဲ့၏။ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်းတွင် မိုင်ပေါင်းထောင်ချီ ရွေ့လျား ရောက်ရှိလာသကဲ့သို့ပင်။ ၎င်း၏ ချီများ၊ သွေးများသည် နေနှင့်လ လိုပင် ရှိရှိသမျှ အရာအကုန်လုံးကို လွှမ်းခြုံနေလေ၏။

"အင်ပါယာမိုယွမ်ပဲ"

ကြည့်ရှုနေကြသည့် လူများ အားလုံးတို့၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများ ခံစားလာမိကြ၏။ ၎င်းတို့၏ နောက်ခံ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိသည့် အချိန်မှာတော့ ၎င်းတို့သည် ပျော်ရွှင်သွားမိကြ၏။ စဦးတုန်းက ဖြစ်တည်ခဲ့သည့် စိုးရွံ့ထိတ်လန့်နေသည့် ခံစားချက်များ အားလုံးသည် ပျောက်ကွယ်သွားကြသည်။

"ကျုပ်တို့အားလုံး အင်ပါယာမိုယွမ်ကို ဂါရဝပြုပါတယ်"

"အင်ပါယာမိုယွမ်ကို ဂါရဝပြုပါတယ်"

"အင်ပါယာမိုယွမ်ကို ဂါရဝပြုပါတယ်"

ထိုအသံများသည် ဒီရေလှိုင်းကဲ့သို့ပင် တစ်ခုပြီးတစ်ခု၊ တစ်လိမ့်ပြီးတစ်လိမ့် ထွက်ပေါ်လာခဲ့လေ၏။ အင်ပါယာမိုယွမ် ကြွရောက်လာသည်နှင့်တပြိုင်နက် ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်များပင်လျှင် မှိတ်တုတ်၊ မှိတ်တုတ်နှင့် အလေးအမြတ်ပြုလျက် ရှိနေလေ၏။

အင်ပါယာမိုယွမ်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သူ၏ လက်တစ်ဖက်ကို အသာ မြှောက်လိုက်၏။ ချက်ချင်းဆိုသလိုပဲ အသံများအားလုံး ငြိမ်သက်သွားလေ၏။ သူသည် အရှေ့တွင် ရှိနေသည့် တည်နေရာလမ်းကြောင်းဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများသည် စူးရှလျက်ရှိ၏။ သူသည် လင်းရှောင်ကို လှမ်းမျှော်ကာ ကြည့်ရှုနေခြင်းဖြစ်သည်။

ရွှမ်

သူ၏ အနောက်ဘက်တွင် ရှိနေသည့် အမဲရောင် ဓားကြီးသည် လောကကြီး တစ်ခုလုံး တုန်ခါစေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထုတ်ဖော်နေ၏။ ၎င်း၏ အေးစက်စက် အကြည့်များသည် လင်းရှောင်ဆီသို့ ရောက်ရှိနေပြီး ရှင်းလင်းသည့် စိန်ခေါ်မှုကို ထုတ်ဖော် ပြသနေ၏။

"ကောင်းကင်မူလလောကထဲကို ငါလာတဲ့အထိ စောင့်နေလိုက်။ မင်းကို သတ်မယ်"

အသံသည် တည်နေရာလမ်းကြောင်းမှတဆင့် တစ်ဖက်လူဆီသို့ ရောက်ရှိသွားခဲ့လေ၏။ ဤအရာသည် ကျိန်းသေပေါက် ခြိမ်းခြောက်မှု တစ်ခုသာလျှင် ဖြစ်သည်။

"မင်းကို ငါစောင့်နေမယ်"

လင်းရှောင်သည် ပြန်လည်ကာ တုံ့ပြန်လိုက်၏။ ၎င်းတို့ နှစ်ယောက်ကြားတွင် လောကကြီးနှစ်ခု ကွာခြားလျက် ရှိသည်ဆိုလျှင်တောင်မှ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရန် ရဲရဲရင့်ရင့် စိန်ခေါ်လျက် ရှိနေ၏။

"မကြာခင်ပေါ့"

အင်ပါယာမိုယွမ်၏ အမူအရာသည် မပြောင်းလဲလှချေ။ သူသည် လင်းရှောင်ကို စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများကလည်း အရှိန်တငြီးငြီးနှင့်ပင်။

သတ်ဖြတ်လိုခြင်း အစီအရင်ထဲတွင် ရှိနေသည့် လုချန်းဂီသည်လည်း ဇဝေဇဝါ အမူအရာဖြင့် ဖြစ်နေ၏။ ဘာတွေ ဖြစ်နေသနည်း။ လင်းရှောင်သည် မည်သူ့ကို စကားပြောဆိုနေသနည်း။ ကြည့်ရှုရသည်မှာ တူညီသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်ပုံပေါ်၏။ လက်ရှိလောကထဲမှ ဖြစ်ပုံလည်း မပေါ်ပေ။

သွေးနတ်ဆိုးလောကကဲ့သို့ပင် တခြားသော အင်ပါယာတစ်ယောက်သည် ဤတည်နေရာသို့ နယ်မြေ ဖြတ်သန်းကာ ရောက်ရှိနေသည်လား။ ဤအရာသည် ဆိုးရွားလှသည့် အခြေအနေပင်ဖြစ်လေ၏။ ကံကောင်းစွာဖြင့် သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာနှင့် ဤဘာမှန်းမသိသည့် အင်ပါယာတို့သည် တပြိုင်နက်တည်း ရောက်ရှိလာသည်ဆိုပါက စီနီယာ နန်းဆောင်သခင်နှင့် လင်းရှောင်တို့သည် အတူ ပူးပေါင်းပြီး တိုက်ခိုက်နိုင်၏။ သူတို့ လောကကြီး အနေဖြင့် ကြီးကြီးမားမား အန္တရာယ် မရှိနိုင်ပေ။

အားလုံးသည် တခြားသော လောကထဲတွင် တခြားသော အင်ပါယာများ တည်ရှိနေသည်ကို သိရှိကြပြီး ဖြစ်သည်ဆိုသော်လည်း သူတို့ တကယ်တမ်း တည်ရှိနေသလား ဆိုသည်မှာတော့ အကောင်အထည် မြင်ရ၍ မသေချာချေ။ လုချန်းဂီ သည် လက်ထဲတွင် ရှိနေသည့် အင်ပါရီယာ လက်နက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး တွေးတောလျက် ရှိနေလေ၏။

လက်ရှိအခြေအနေတွင်တော့ ဤထိခိုက်ထားသည့် အင်ပါရီယာလက်နက်သည် တော်ဝင်ဓားဂိုဏ်းအတွက် အလုံးစုံသော လုံခြုံမှုကို ပြန်လည်ရရှိစေမည့် အရာဖြစ်လေသည်။

All Chapters