အခန်း (၂၄၈)
Vol. 17 Ch. 248
ဤတည်နေရာ လမ်းကြောင်းကြီးကို ဖျက်ဆီးရန်အတွက်တော့ သူ၌ စိတ်ကူးမရှိချေ။ ဤတည်နေရာတွင် တည်နေရာလမ်းကြောင်းရှိပါက ဤအတိုင်း ထားရပေလိမ့်မည်။ မဟုတ်ပါက ခရမ်းရောင် နက်နဲလောကဆီသို့ ဝင်ရောက်ရန် လမ်းကြောင်းကို ကိုယ်တိုင် ရှာဖွေရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် အချိန်ကုန်ဆုံးနိုင်သည် မဟုတ်ပါလား။ အဆင့်သင့် တည်နေရာ လမ်းကြောင်းတစ်ခု တည်ရှိနေခြင်းလောက် အဆင်ပြေ ချောမွေ့သည့် အရာ ရှိလိမ့်မည်ပင် မထင်ချေ။
တိုင်ချူးရှေးအင်ပါယာသည် သွေးနတ်ဆိုးလောကမှ အင်ပါယာနှင့် နောက်လိုက်များကို သတ်ဖြတ်ပြီးသည့်နောက် ဤတည်နေရာလမ်းကြောင်းကို မဖျက်ဆီးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာတိုင်းသည် တခြားသော လောကဆီသို့ သွားရောက်ကာ စွန့်စားခန်း ဖွင့်ချင်ကြသည်။ တခြားလောကထဲ၌ ၎င်းတို့၏ ကျင့်ကြံခြင်းကို ပိုမိုကာ အားကောင်းစေနိုင်သည့် အခွင့်အရေးများ ရှိနေလျှင် မည်သို့လုပ်မည်နည်း။ ထို့ကြောင့်သာလျှင် တည်နေရာလမ်းကြောင်းများကို ထားရှိခြင်းဖြစ်၏။ တခြားသောသူများ ဝင်ရောက်လာသည်ကို တားဆီးရန် အတွက်တော့ အင်ပါယာများသည် ကိုယ်နည်းကိုယ်ဟန်ဖြင့် ပိတ်ပင်ထားခဲ့ကြ၏။
ထို့ကြောင့် တည်နေရာ လမ်းကြောင်းကို ဖျက်ဆီးခြင်း ဆိုသည်မှာ အရူးသာလျှင် ပြုလုပ်မည့် အရာဖြစ်၏။ လင်းရှောင်အနေဖြင့် အသာလှည့်ကြည့်ပြီးသည့်နောက် မိုင်တစ်သောင်းအကွာတွင် ရှိနေသည့် လုချမ်းဂီ ဆီသို့ ရောက်ရှိသွားသည်။
သူ၏ အကြည့်များသည် လုချမ်းဂီ၏ နှလုံးသား တစ်ခုလုံးကို တင်းကြပ်သွား၏။ "ဂျူနီယာ လုချမ်းဂီ အင်ပါယာ လင်းရှောင်ကို ဂါဝရပြုပါတယ်"
"ခင်ဗျား မြန်မြန်ပြန်ပြီးတော့ တခြားလောကက သက်ရှိတွေ ကျူးကျော်လာမဲ့အကြောင်းကို သတင်းပေးလိုက်။" လင်းရှောင်သည် တည်ငြိမ်စွာပင် ပြောဆိုလိုက်သည်။
တခြားသော လောကမှ သက်ရှိများဟု ပြောဆိုသည့်နေရာတွင် မကြာခင်ရောက်ရှိမည် ဟူသည့် အကြောင်းကိုပါ ထည့်သွင်းပြောဆိုလိုက်၏။ သူ့အနေဖြင့် အများကြီး ပြောဆိုရန် မလိုအပ်ခဲ့ချေ။ တခြားသော နေရာများတွင်လည်း တည်နေရာလမ်းကြောင်းများ ဖွင့်လှစ်ထားလိမ့်မည်ဟု သူက သိရှိပြီး ဖြစ်၏။ အလစ်ငိုက် တိုက်ခိုက်ခံရခြင်းထက် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ကို လုချမ်းဂီ နားလည်ပေလိမ့်မည်။
"ကျုပ်နားလည်ပါပြီ" လုချမ်းဂီက ပြောဆိုလိုက်၏။
"ဒါဆိုရင် သွားတော့"
လင်းရှောင်သည် လက်ကို ယမ်းခါလိုက်၏။ လင်းရှောင်သည် လုချမ်းဂီ ဤတည်နေရာသို့ ရောက်ရှိခြင်းအတွက် အံ့အားမသင့်ခဲ့ချေ။ ထို့ပြင် သူသည် လုချမ်းဂီထက် နောက်ကျကာ ကောင်းကင်လျို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီသို့ လာရောက် လည်ပတ်ခဲ့ကြောင်း သူ သိရှိပြီးဖြစ်၏။ လုချမ်းဂီသည် ဤတည်နေရာသို့ ရောက်ရှိနေပြီး လက်ထဲ၌ အင်ပါယာလက်နက်တစ်ခုကို ကိုင်ဆောင်ထားကြောင်း မြင်ရသည့်အချိန်မှာတော့ အကြောင်းအရာ အားလုံးကို သူက ရှင်းလင်းစွာ သိရှိသွားခဲ့သည်။
"ကောင်းပါပြီ" လုချမ်းဂီ က ပြန်လည်ပြောဆိုလိုက်၏။ ပြီးနောက် လက်ထဲတွင် ရှိနေသည့် အင်ပါယာ လက်နက်ကို ကြည့်ရှုကာဖြင့် သက်ပြင်းချလိုက်မိ၏။ ကံကောင်းစွာဖြင့် စီနီယာလင်းရှောင်သည် လမ်းမှန်ကျင့်ကြံသူ ဖြစ်လို့နေခဲ့၏။ ၎င်းသည် အင်ပါယာလက်နက်ကို လုယူရန် မကြိုးစားခဲ့ချေ။ တခြားသော နတ်ဆိုးများနှင့် မွန်းစတားအင်ပါယာ တစ်ယောက်ယောက်သာ ဖြစ်ပါက သူ့အနေဖြင့် မျက်ရည်နှင့် မျက်ခွက် ဖြစ်ပေလိမ့်မည်။
လုချမ်းဂီ ပြန်လာနေတုန်းမှာပဲ လီယွင်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲ၌ ထိုင်လျက် ရှိနေ၏။ သူသည် စနစ်ကို ကြည့်ရှုပြီးနောက် အံ့အားတသင့် ဖြစ်လို့နေခဲ့၏။
"လင်းရှောင်က အင်ပါယာတစ်ယောက် ဖြစ်သွားပြီလား"
လီယွင်သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည် "တော်တော်မြန်တာပဲ။ တခြားလောကက အင်ပါယာတစ်ယောက်နဲ့တောင် တိုက်ခိုက်ပြီးပြီလား။"
လီယွင်သည် မတ်တပ်ထရပ်ကာ စဉ်းစားနေမိ၏။ သူသည် လင်းရှောင်ကို ထိန်းချုပ်ထားနိုင်ရန် အတွက် လင်းရှောင်၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို ကြည့်ရှုနိုင်မည့် နည်းလမ်းပေါင်းများစွာကို အသုံးပြုထားသည်။ လင်းရှောင် အင်ပါယာအဖြစ်သို့ တက်လှမ်းသွားခြင်းသည် အနာဂတ် အင်ပါယာစာရင်းကို ဖန်တီးရန်အတွက် အကြံအစည်တစ်ခုကို ရရှိစေခဲ့သည်။
ကံကောင်းစွာဖြင့် လင်းရှောင် အင်ပါယာဖြစ်ပြီးနောက် ကျိန်းသေပေါက် သူ၏ ဂုဏ်သတင်းသည် တိုးတက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှငိ ဘယ်ကွာစီအင်ပါယာမှ ငြိမ်နေကြတော့မည် မဟုတ်ချေ။ သူဆီသို့ လာရောက်ကာဖြင့် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဝယ်ယူကြတော့မည် မဟုတ်ပါလား။ မုန်းချင်းကျီကို ဥပမာ ယူရပေလိမ့်မည်။ ၎င်းသည် လင်းရှောင်နှင့် ကြီးမားလှသည့် အမုန်းတရားကို ပိုင်ဆိုင်သောကြောင့် လင်းရှောင် အင်ပါယာဖြစ်သည်ဟု ကြားသည်နှင့် ငြိမ်နေလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပါက် အမောတကောဖြင့် သူ့ဆီသို့ လာရောက်ကာ အခွင့်အရေးများကို ဝယ်ယူပေလိမ့်မည်။
ဤအတောအတွင်း သူသည် ကောင်းကင်လျို့ဝှက် နန်းဆောင်၌ ထိုင်ကာဖြင့် အမြတ်အစွန်းများကို စုဆောင်း နိုင်တော့မည် မဟုတ်ပါလား။
"အင်း ငါ့အနေနဲ့ တခြားလောကက ကျူးကျော်မှု အကြောင်းကို သတင်းတွေဖြန့်ရမယ်။ ပြီးတော့ တခြားကွာစီအင်ပါယာတွေရဲ့ စိတ်ဆန္ဒတွေ တိုးတက်လာအောင်လည်း လုပ်ရအုံးမှာပဲ။ ငါ့ရဲ့ ငွေအိတ်ကြီးကတော့ ကြီးထွားဖို့ အလားအလာ ရှိနေပြီ" လီယွင်သည် ခေါင်းကိုညိတ်ကာ ပြောဆိုလိုက်၏။
"စနစ် ….. အနာဂတ်မှာ အင်ပါယာဖြစ်လာနိုင်ဖို့ အလားလာရှိတဲ့ လူတွေစာရင်းကို စစ်ဆေးပေးအုံး"
သူပြော၍ မပြီးသေးခင်မှာပဲ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။ ၎င်းသည် ယုံကြည်ချက်ရှိစွာဖြင့် ဝင်ရောက်လာခြင်းပင်။
"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ရှဲ့ခွန်း စီနီယာနန်းဆောင်သခင်ကို ဂါဝရပြုပါတယ်"
ဟမ်
လီယွင်သည် စနစ်ကို ခဏရပ်ကာဖြင့် ရှဲ့ခွန်းကို တစ်ချက်ကြည့်လိုက်၏။ "ခင်ဗျားက လင်းရှောင်အတွက် လာတာလား"
"ဟုတိပါတယ်"
၎င်းသည် နှောင့်နှေးမနေဘဲ တိုက်ရိုက်ဆိုသလို ခေါင်းညိတ်လိုက်၏။ ၎င်းသည် လင်းရှောင်မှာ ကောင်းကင်လျှို့ဝှက် နန်းတောင်ဆီသို့ လာရောက်ပြီးနောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တောင်ကာကွယ်ခြင်း အစီအရင်ချိုးဖျက်ခြင်း နည်းလမ်းကို ဝယ်ယူလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ ထို့ကြောင့်ပင်လျှင် ဂိုဏ်းထဲ၌ သေသေချာချာ ဆွေးနွေးခဲ့ရသည်။
သို့ပေမဲ့ လင်းရှောင်သည် နန်းဆောင်မှ ထွက်ခွာပြီးသည့်နောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းဆီသို့ မဦးတည်ဘဲ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် ရှဲ့ခုန်းသည် တကယ်ပင် ဇဝေဇဝါ ဖြစ်ခဲ့၏။ လင်းရှောင်သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တောင်ထိပ်ဆီသို့ အချိန်မရွေး ဆင်းသက်လာနိုင်သည်ဟု သူက တွေးတောထားခဲ့၏။ လင်းရှောင်၏ လှုပ်ရှားမှုကို မခန့်မှန်းနိုင်သောကြောင့် သူ၏ စိတ်လှုပ်ရှားမှုသည်လည်း မပျောက်ကွယ်ခဲ့ချေ။ အချိန်အတော်အကြာ စိုးရိမ်မှုများနှင့် နေထိုင်ခဲ့ပြီးသည့် နောက်မှာတော့ ဂိုဏ်းချုပ်ယန်ရှို၏ လှုံ့ဆော်မှုဖြင့် ရှဲ့ခွန်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့လေ၏။ စိတ်အေးချမ်းမှုကို ရရှိရန်အတွက် ငွေကြေးများကို အသုံးပြုခြင်းပင်။
" စီနီယာ နန်းဆောင်သခင်ကို လင်းရှောင်ဘယ်မှာရှိလဲ မေးချင်ပါတယ်"
ပြောပြီးသည့်နောက် ရှဲ့ခွန်းသည် သူတော်စင်အဆင့် ဆေးပင်နှစ်ခုကို ထုတ်ယူကာဖြင့် လီယွင်ဆီသို့ ကမ်းပေးလိုက်၏။
အင်းး
လီယွင်သည် ဆေးပင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ မူလအားဖြင့် အင်ပါယာ ဖြစ်သွားသော လင်းရှောင်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တကယ်ပင် လျှို့ဝှက်ထားသင့်သည်။ သူတော်စင်အဆင့် ဆေးပင် နှစ်ခုမပြောနှင့် သူတော်စင်ဆေးပင် အခုနှစ်ဆယ် ပေးလျင်တောင်မှ ထိုသတင်းအချက်အလက်ကို ဝယ်ယူ၍ မရနိုင်ချေ။
သို့ပေမဲ့ သူသည် လင်းရှောင်တစ်ယောက် အင်ပါယာအဖြစ်ကို တက်လှမ်းနိုင်သည့် သတင်းအား ထုတ်ဖော်ရန် ကြံစည်ခဲ့ပြီးသား ဖြစ်၏။ ထို့ပြင် လင်းရှောင်တစ်ယောက် အင်ပါယာဖြစ်ခဲ့သည့် အချိန်တွင် လုချမ်းဂီ ကလည်း ဘေးနားတွင် တည်ရှိနေခဲ့၏။ ထို့ကြောင့် သတင်း၏ တန်ဖိုးသည် လျော့ကျသွားခဲ့၏။
သူ ထုတ်မပြောလျှင်တောင်မှ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် လင်းရှောင်ပြန်ရောက်လာသည့် အချိန်တွင် ထို သတင်းကို သိရှိမှာ ဖြစ်၏။ လင်းရှောင်၏ အဆင့်တက်မှုသည် ထိန်းသိမ်းထား၍ မရသည့် အရာဖြစ်သောကြောင့် သူတော်စင်အဆင့် ဆေးပင်နှစ်ခုသည် အလကားရသည့် အရာဖြစ်ကြောင်း သူက နားလည်လိုက်သည်။
"ရှုပ်ထွေး ကြယ်ပင်လယ် "
လီယွင်သည် ဆေးပင်ကို သိမ်းစည်းပြီးသည့်နောက် တည့်တည့်ပင် ပြောဆိုလိုက်၏။