← Chapters

အခန်း (၂၅၃)

Vol. 17 Ch. 253

အခန်း (၂၅၃)

Vol. 17 Ch. 253

ယန်ရှို “...”

အစောကြီးကတည်းက ကျောက်စိမ်းပြားကို ယူဆောင်သွားခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် မေးမြန်းနေရ သနည်း။ ပါလား၊ မပါလားဆိုသည်ကို လှမ်းကြည့်လိုက်ရုံနှင့် သိရှိနေသည် မဟုတ်ပါလား။

ခဏလောက် တွေးတောပြီးသည့်နောက် ယန်ရှိုသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဘိုးဘေးကြီး.. ဘိုးဘေးကြီးက ဆယ်ယောက်ကျော်လောက်မှာ ဖြစ်မယ်”

“ဆယ်ယောက်ကျော် ဟုတ်လား”

မုန့်ရှင်းကျီ၏ အသံသည် အခေါင်းထဲမှ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အသံသည် အားနည်းနေသည့် လေသံမျိုး ဖြစ်နေပြီး ၎င်း၏ ဒဏ်ရာများ အလုံးစုံ ပြန်လည် မကောင်းမွန်သေးကြောင်း သိသာလှ၏။ ၎င်းသည် အိုမင်းလွန်းပြီ ဖြစ်၏။ ၎င်း၏သက်တမ်းသည် မကုန်ဆုံးသေးသော်လည်း လင်းရှောင်နှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက်မှာတော့ ကုန်ဆုံးလုနီးပါး အခြေအနေဆီသို့ပင် ရောက်ရှိသွားခဲ့သည။

“အင်း... ဒီစာရင်းက တကယ့်ကို အားကောင်းတဲ့လူတွေ ပါတာဆိုတော့ ဆယ်ယောက်ကျော်လောက် ဆိုရင်တောင်မှ အကျိုးအကြောင်း ဆီလျော်ပါတယ်”

မုန့်ရှင်းကျီ၏ ခပ်ဖျော့ဖျော့အသံက ထွက်ပေါ်လာ၏။ လက်ရှိ လောကတွင် ကွာစီအင်ပါယာများနှင့် အင်ပါယာများ၏ အရေအတွက်သည် တကယ့်ကို ဆန်းကြယ်လှသည့် အရေအတွက်အဖြစ် တည်ရှိနေပြီး မည်သူမှ တိတိကျကျ မသိရှိကြချေ။

ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ ထိုအရာကို သိရှိနိုင်၏။ သူ၏ အဆင့်နှင့် ပတ်သက်၍ သဘောကျလှခြင်း မရှိသည်ဆိုသော်လည်း မုန့်ရှင်းကျီသည် အမှန်တရားကို မကြာခင် လက်ခံနိုင်ခဲ့၏။ သူသည် နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာဖြင့် ကျောက်စိမ်းပြားထဲသို့ ကြည့်ရှုလိုက်၏။ သူ၏ ရှေ့တွင် မည်သူများ တည်ရှိနေခြင်းနှင့် အနာဂတ်တွင် မည်သို့ စီစဉ်ရမည်ကို သူက စိတ်ပါဝင်စားနေသည်။

သို့ပေမဲ့ နတ်ဘုရားအသိအမြင်များကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းလိုက်ချင်းချင်းမှာပဲ ......

ဘုန်း

ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာသည်။ ထိုအရာသည် မီးတောင်ကြီးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ လှိုင်းများ ပျံ့နှံ့သွားခဲ့၏။ ရှေးအခေါင်းကြီးဆီမှ နတ်ဆိုးစွမ်းအင်များသည် အကန့်အသတ်မဲ့ ထွက်ပေါ်လာခဲ့၏။ ၎င်းသည် နတ်ဆိုးချောက်နက်ထဲမှ ထွက်ပေါ်လာခဲ့သည့် နတ်ဆိုးအရှင်တစ်ပါး ကဲ့သို့ပင်။ နတ်ဆိုးစွမ်းအင်များသည် လူရှစ်ယောက်လုံးကို လွှမ်းခြုံလျက် ရှိနေခဲ့ပြီး ၎င်းတို့အားလုံးအား ခေါင်းပင် မဖော်ရဲ လောက်အောင် ဖိနှိပ်လျက် ရှိနေ၏။

ယန်ရှိုနှင့် တခြားသောသူများ အားလုံးတို့သည် ဇဝေဇဝါ ဖြစ်မိနေကြ၏။ ဘိုးဘေးကြီးသည် ရုတ်တရက် အဘယ်ကြောင့် ဤမျှ ဒေါသထွက်သွားသည်ကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။ အဆင့်နှင့်ပတ်သက်၍ သဘောမကျ ဖြစ်နေသည်လား။ မဖြစ်နိုင်ချေ။ နန်းဆောင်သခင် ထုတ်ပြန်ခဲ့သည့် သတင်းသည် သံသယရှိစရာပင် မလိုချေ။ တိကျပေလိမ့်မည်။ ဘိုးဘေးကြီး ဒေါသထွက်သွားသည် ဆိုလျှင်တောင်မှ အစစ်အမှန်တရားကို လက်ခံရပေ လိမ့်မည်။ အဘယ်ကြောင့် ဂျူနီယာများအပေါ် ဒေါသပုံချရသနည်း။

“မင်း ဘာပြောခဲ့တယ်။ ဆယ်ယောက်ကျော်အဆင့် ဟုတ်လား”

မုန့်ရှင်းကျီ၏ ခြောက်ကပ်ကပ် အသံသည် အခေါင်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ နောက်တစ်စက္ကန့်အတွင်း အရာအားလုံးကို ဝါးမျိုပစ်ရန် စီစဉ်ထားသည့်ပုံပင်။ “ယန်ရှို... ဘာကြောင့် ငါ့ကို မပြောတာလဲ။ စာရင်းထဲမှာ ငါ့ရဲ့အဆင့်က ဘာလဲ”

“ဟမ်”

ယန်ရှို၏ မျက်နှာပေါ်သို့ မျက်ရည်များ တောက်တောက် တောက်တောက် ကျဆင်းလာ၏။ “ဆယ့်... ဆယ့်တစ်ပါ”

“ဟား ဟား ဟား ဟား”

မုန့်ရှင်းကျီသည် အဆုံးစွန်အထိ ဒေါသထွက်လျက်ရှိ၏။ သူသည် အားရပါးရ ရယ်မော လိုက်ပြီးသည့်နောက် သူ၏ လည်ချောင်းထဲမှ ခြောက်ကပ်ကပ် အသံကြီး ထွက်ပေါ်လာခဲ့၏။ ထိုအသံကြီး သည် အားလုံးသောသူများ ကြက်သီးထစရာ အသံမျိုးပင် ဖြစ်၏။ ၎င်းသည် အခေါင်းထဲမှ ထထိုင်လိုက်ပြီးသည့်နောက် အကြည့်သည် ယန်ရှိုဆီသို့ ရောက်ရှိသွားခဲ့သည်။

တစ်ဖက်လူသည် ဂိုဏ်းချုပ် တစ်ယောက် မဟုတ်သည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်သတ်ဖြတ်ပြီးနေသည်မှာ ကြာပြီဖြစ်၏။ ဆယ်ယောက်သာရှိသော စာရင်းထဲတွင် သူ့အား ဆယ့်တစ်ယောက်မြောက် နေရာ၌ ရှိသည်ဟု ပြောဆိုခဲ့သည်။ သောက်အဓိပ္ပာယ် ကင်းမဲ့လှချေ၏။

သူ မုန့်ရှင်းကျီသည် ပေါတောတော လူတစ်ယောက် မဟုတ်ပေ။

“ဘိုးဘေးကြီး... စိတ်ကို အေးအေးထားပါအုံး။ ယန်ရှိုက အကြီးအကဲကို မလေးမစား ပြုမူခဲ့တယ် ဆိုရင်တောင်မှ သူ့ကို နောက်မှ အပြစ်ပေးလို့ နောက်မကျပါဘူး။ လက်ရှိ အရေးအကြီးဆုံး ကိစ္စက လင်းရှောင် တစ်ယောက် အင်ပါယာဖြစ်သွားတဲ့ ကိစ္စပဲ”

တော်ဝင်သူတော်စင် တစ်ယောက်က မြန်မြန်ဆန်ဆန်ပဲ ဝင်ပြောလိုက်သည်။ သူတို့၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ယန်ရှိုအား သူတို့အနေဖြင့် ဂရုစိုက်ရမည်မှာ သဘာဝင်ဖြစ်သည်။

“ဟင်း”

မုန့်ရှင်းကျီသည် ကျောက်စိမ်းပြားကို အသာလှမ်းကြည့်ပြီးသည့်နောက် ယန်ရှိုကို စူးစူးဝါးဝါး လှမ်းကြည့်လိုက်ပြန်၏။ ပြီးနောက် ဘာတစ်ခုမှ မပြောတော့ချေ။ “ဘာအကြံပြုချင်လဲ။ လွတ်လွတ်လပ်လပ် ပြောစမ်း”

“အင်း”

လက်ရှိ ရှိနေသည့် လူများသည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြ၏။ အချိန် အနည်းငယ် ကြာပြီးသည့်နောက် သူတော်စင်ဘုရင် တစ်ယောက်သည် အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လာဖြင့် လှမ်းပြောလိုက်သည်။ “လင်းရှောင်က အင်ပါယာတစ်ယောက် ဖြစ်သွားပြီဆိုတော့ သူ့ကို တားဆီးနိုင်မယ့် လူတွေက တော်ဝင်အင်ပါယာတွေပဲ ဖြစ်ရမယ်။ အရေးကြီးဆုံးကိစ္စက ဘိုးဘေးကြီး အင်ပါယာ ဖြစ်လာဖို့ပဲ”

“ပေါက်ကရတွေ” ထိုသူတော်စင်ဘုရင် ပြောပြောပြီးချင်းမှာပဲ ဘေးဘက်တွင် ရှိနေသည့် တခြားတစ်ယောက်သည် ဝင်ရောက်ကာ ငေါက်လိုက်၏။ “မဖြစ်နိုင်လို့ စာရင်းထဲ မပါတာပေါ့ ... အဲ....”

ထိုသူသည် ချက်ချင်းပဲ အသံတိုးသွားသည်။ ဘိုးဘေးကြီးအား အားနာသလို ကြည့်လိုက်မိသည်။

“ဒါပေမဲ့ အခု အဓိက သော့ချက်က ဘိုးဘေးကြီးကို အင်ပါယာဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ” လက်ရှိ လူများအားလုံးသည် နှလုံးသားများ ခဲဆွဲထားသလို လေးလံနေခဲ့၏။ ၎င်းတို့သည် ကိုယ့်အကြောင်းကိုသာ သိကြ၏။ ဘိုးဘေးကြီး အင်ပါယာဖြစ်နိုင်သည်ဆိုလျှင် အစောကြီးကတည်းက ဖြစ်နေမှာပင်။ ယခု အခွင့်အရေး မရှိချေ။ အင်ပါယာတစ်ယောက် ဖြစ်လာရန် အရည်အချင်းလည်း မရှိသလို စာရင်းတွင်လည်း ပါဝင်ခြင်း မရှိချေ။

ဘိုးဘေးကြီးသည် ကွာစီအင်ပါယာအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့၏။ မထင်မှတ်ထားသည့် ကိစ္စရပ်များသာ ဖြစ်မလာပါက သူ၏ ဘဝသက်တမ်းသည် ဤနေရာ၌သာ ပြီးဆုံးသွားမှာ သေချာ၏။

“ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက နှစ်ပေါင်းများစွာ အမွေအနှစ်တွေကို ဆက်ခံခဲ့တယ်။ ကျုပ်တို့က ရှိသမျှ အရင်းအမြစ်တွေ အားလုံးကို ထုတ်ဖော်ပြီး အသုံးပြုမယ်ဆိုရင် စီနီယာ နန်းဆောင်သခင်ဆီကနေ အင်ပါယာ တစ်ယောက် ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ဝယ်ယူကောင်း ဝယ်ယူနိုင်လိမ့်မယ်” တခြားသော သူတော်စင် တစ်ယောက်က အကြံပြုလိုက်၏။

“မဖြစ်နိုင်မှာ စိုးရတယ်”

တခြားသော သူတော်စင် တစ်ယောက်သည် ဦးခေါင်းကို ခါယမ်းလိုက်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီက များပြားလှသည့် သတင်းအချက်အလက်များကို ဝယ်ယူခြင်းအားဖြင့် သူတို့၏ ငရဲ ကိုးကောင်နတ်ဆိုးဂိုဏ်း အားအင်အဆင့် တိုးတက်လာသည်မှာ သံသယ ရှိစရာ မဟုတ်ခဲ့ချေ။ သူတို့၏ အခြေခံသည် ပိုမိုကာ အားကောင်းလာခဲ့၏။

ရောင်စဉ်အလင်းနတ်နယ်မြေဆီမှ သတင်းအချက်အလက်များကို ဝယ်ယူပြီး သူတို့သည် အင်ပါရီယာလက်နက် တစ်ခုကိုပင် ရရှိခဲ့သေး၏။ မျက်နှာပြင်တွင် ကြီးမားလှသည့် အကျိုးများကို ရရှိခဲ့သည်မှာ သံသယရှိစရာ မလိုချေ။ သို့ပေမဲ့ အင်ပါရီယာလက်နက်ကို ထုတ်ယူကာဖြင့် တခြားသော သတင်းအချက်အလက်နှင့် လဲလှယ်ရမယ်ဆိုလျှင် ထိုအရာကို လက်ခံနိုင်ပါ့မည်လား။

လျှို့ဝှက်နယ်မြေထဲတွင် သူတို့သည် များပြားလှသည့် တန်ကြေးကို ပေးဆပ်ခဲ့၏။ ရရှိခဲ့မှုကလည်း နည်းပါးခဲ့သေး သည်။ သူတို့ရရှိခဲ့သည် ကွာစီအင်ပါယာအဆင့် ဆေးပင်ကိုလည်း မုန့်ရှင်းကျီအတွက် သုံးခဲ့ပြီးပြီဖြစ်၏။ ပြောရမည်ဆိုလျှင် သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် တော်တော်များများ ရှာဖွေခဲ့သည် ဆိုသော်လည်း ဘာမှ ထူးထူးခြားခြား ရရှိခဲ့သည် မဟုတ်ချေ။ ပြန်လည်ကာ အသုံးပြုရင်း ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

လက်ရှိ သူတို့အနေနှင့် အင်ပါယာအဆင့် အခွင့်အရေးကို ဝယ်ယူရန်အတွက် မတတ်နိုင်ချေ။ ကွာစီအင်ပါယာ အဆင့် လက်နက်၊ ကွာစီအင်ပါယာအဆင့် နည်းစနစ်တစ်ခုကို ကမ်းပေးသည်ဆိုလျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေနှင့် ဘာကျန်တော့မည်နည်း။

လက်ကျန် ကွာစီအင်ပါယာလက်နက်နှင့် ကွာစီအင်ပါယာ ကျမ်းစာတို့သည် ဂိုဏ်းကို တည်ထောင်ခဲ့သည့် ဘိုးဘေးကြီး ချန်ထားခဲ့သည့်အရာများဖြစ်၏။ ထိုအရာများကို လဲလှယ် အသုံးပြုလိုက်မည်ဆိုပါက ဂိုဏ်းကို သစ္စာဖောက်ခြင်းနှင့် တူညီပေလိမ့်မည်။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကြသည့် လူများဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့အနေနှင့် ဂိုဏ်းကို အမှီအခိုပြုရမည်ဆိုသော စိတ်နှလုံးအခံတော့ တည်ရှိနေသေး၏။ ဂိုဏ်း၏ အခြေခံသည် ၎င်းတို့ ထိတွေ့၍ရသည့် အရာမျိုး မဟုတ်ချေ။

မုန့်ရှင်းကျီသည် မိမိစိတ်သဘောနှင့် ပြုလုပ်ခဲ့ခြင်းသာ မဟုတ်ပါက ပထမ ကွာစီအင်ပါယာလက်နက်နှင့် ကွာစီအင်ပါယာအဆင့် ကျင့်ကြံခြင်းနည်းစနစ်တို့ကို လက်လွှဲပေးရန်ပင် သူတို့ ဝင်ရောက်ကာ ငြင်းဆိုမှာ သေချာ၏။ သွေးနတ်ဆိုးကလန်ကို ဖျက်ဆီးခဲ့စဉ်က တော်တော်များများ ရရှိခဲ့သည် ဆိုလျှင်တောင်မှ ထိုအရင်းအမြစ်များသည် အင်ပါယာအဆင့် အခွင့်အရေးကို ဝယ်ယူရန် လုံလောက်သည့် အရင်းအမြစ်မျိုး မဟုတ်ချေ။

နောက်ဆုံး ရွေးချယ်စရာ တစ်ခုသည် သူတို့၏ အရင်းအမြစ် အားလုံးကို ထုတ်ယူရန်ပင်ဖြစ်၏။ သို့ပေမဲ့ ထိုအရင်းအမြစ်များ အားလုံးသည် အင်ပါယာ အခွင့်အရေးကို ဝယ်ယူရန်အတွက် လုံလောက်သည့် အရာမျိုး မဟုတ်နေပြန်ချေ။ ဘေးကြပ်နံကြပ် ဆိုက်စရာ အခြေအနေမျိုးသို့ ရောက်ရှိနေလေသည်။

All Chapters