← Chapters

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း(၇၁၂)

ကျန်းချန်က စန်းဝူဟန်ရဲ့ စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့သည်။

စန်းလန် အဖွဲ့အစည်းသည် ကျုံးကျိုးကုန်းမြေ၏ တောင်ဘက်အစွန်အဖျားတွင် တည်ရှိသည်။

ယန်ဒီမြို့နှင့် မိုင်ပေါင်း သန်းရာချီဝေးကွာ၏။

စန်းလန်အဖွဲ့အစည်းကနေ ယန်ဒီမြို့ကို ပြန်ရန်အတွက် ကျန်းချန်သည် အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်ခန့် တည်နေရာ ရွှေ့ပြောင်းရန် လိုအပ်၍ သဘာဝကျစွာပင် အာကာသစွမ်းအင် ကျောက်တုံး အများအပြား လိုအပ်သည်။

စန်းလန်အဖွဲ့တွင် ပိုင်ဆိုင်ထားသည့် အာကာသစွမ်းအင် ကျောက်တုံးများသည် အလွန်ရှားပါး၏။

စန်းလန်အဖွဲ့တွင် အာကာသစွမ်းအင် ကျောက်တုံးတစ်တုံးလဲလှယ်လိုလျှင် စန်းလန်ဒင်္ဂါး နှစ်သိန်း လိုအပ်သည်။

စျေးနှုန်း အနေဖြင့်မူ ၎င်း၏ တန်ဖိုးသည် သတ္တမအဆင့် ဖြစ်သည့် ဘုရင်အဆင့် ဆေးလုံး နှင့်ပင် ယှဥ်နိုင်လောက်၏။

စန်းလန် အဖွဲ့အစည်းမှ တပည့် အများစုသည် တစ်သက်လုံး အပင်ပန်းခံခဲ့လျှင်ပင် စန်းလန် အဖွဲ့အစည်းမှ အာကာသစွမ်းအင် ကျောက်တုံးကို လဲလှယ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းကနေ အာကာသစွမ်းအင် ကျောက်တုံး အများအပြားကို လဲလှယ်ရန် မရည်ရွယ်ခဲ့ပေ။

သူက အာကာသစွမ်းအင် ကျောက်တုံး နှစ်တုံးကို အရင်စုဆောင်းပြီး ရွှယ်ကျင်းမြို့ကို သွားရန် ရည်ရွယ်ခဲ့သည်။

ရွှယ်ကျင်းမြို့တော်သည် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် ရွှယ်ပမ်းနန်းတော် လွှမ်းမိုးသော နယ်မြေ ဖြစ်သည်။

ရွှယ်ကျင်းမြို့တွင် အာကာသစွမ်းအင် ကျောက်တုံးများကို ရှာဖွေခြင်းသည် စန်းလန် အဖွဲ့အစည်းတွင်ထက် ပိုမိုလွယ်ကူမည် ဖြစ်၏။

"မိတ်ဆွေလေး ကျန်းချန်.. မင်းအာကာသ စွမ်းအင် ကျောက်တုံးအများအပြားကို လိုအပ်တယ်ဆိုရင် စန်းလန် အဖွဲ့အစည်းမှာ အခွင့်အရေးတစ်ခု ရှိတယ် "

စန်းဝူဟန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"လေပင်လယ် လျှို့ဝှက်နယ်မြေကို မင်းသိတယ် မဟုတ်လား.. အဲဒါက တစ်လမပြည့်ခင်မှာ ဖွင့်လှစ်တော့မယ် "

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလို မျက်လုံးထဲတွင် အရောင်များ တောက်ပလာခဲ့သည်။

ကျန်းချန်သည် လေပင်လယ် လျှို့ဝှက်နယ်မြေနှင့် မစိမ်းပေ။

စန်းလန်အဖွဲ့အစည်းတွင် လေပင်လယ် လျှို့ဝှက်နယ်မြေနှင့်ပတ်သက်ပြီး မှတ်တမ်းတစ်ခု ရှိသည်။

လေပင်လယ် လျှို့ဝှက်နယ်မြေသည် မြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင်ရှိသော လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်သည်။

ထိုလျှို့ဝှက်နယ်မြေသည် စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်း၏ ကြားတွင် တည်ရှိပြီး အင်အားစုနှစ်စုက ပူးတွဲ၍ ထိန်းချုပ်ထားကာ ဆယ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်၏။

စန်းလန် အဖွဲ့အစည်း၏ တပည့်များအတွက် လေပင်လယ်လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရသည်မှာ အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

ထို့အပြင် လေပင်လယ် လျှို့ဝှက်နယ်မြေတွင် အပေါများဆုံး အရာသည် အာကာသစွမ်းအင် ကျောက်တုံး ဖြစ်၏။

ဆိုရလျှင် စန်းလန်အဖွဲ့အစည်း ပိုင်ဆိုင်သည့် ကျောက်တုံး ကိုးဆယ် ရာခိုင်နှုန်းကျော်သည် လေပင်လယ် လျှို့ဝှက်နယ်မြေကနေ ရယူခဲ့ခြင်းပင်။

သူသာ လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရခဲ့လျှင် အာကာသစွမ်းအင် ကျောက်တုံးနှင့် ပက်သက်၍ စိတ်ပူစရာမလိုတော့ပေ။

"မိတ်ဆွေလေး ကျန်းချန်.. မင်း လျှို့ဝှက်နယ်မြေထဲကို ဝင်ချင်လို့ဆိုရင် ငါမင်းအတွက် နေရာတစ်နေရာ ပေးနိုင်ပါတယ်.. လျှို့ဝှက်နယ်မြေထဲမှာ မင်းရရှိတဲ့အရာရဲ့ တစ်ဝက်ကို မင်းယူနိုင်တယ်.. အကယ်၍ မင်းလျှို့ဝှက်နယ်မြေထဲ မဝင်ချင်ဘူးဆိုရင်လဲ အာကာသစွမ်းအင် ကျောက်တုံး နှစ်တုံးကို ငါ အခမဲ့ လက်ဆောင်ပေးလိုက်ပါ့မယ် "

စန်းဝူဟန်က ပြုံး၍ ပြောလိုက်သည်။

ဤကလေးသည် ကျုံးကျိုးကုန်းမြေ၏ အဓိကမြို့တော် ငါးမြို့ထဲက တစ်မြို့ ဖြစ်သည့် ယန်ဒီမြို့တော်က လာခြင်းဖြစ်၍ စန်းဝူဟန်သည် ကျန်းချန်ကို အကူအညီအပေးရန် စိတ်အားထက်သန်နေခဲ့သည်။

စန်းလန် အဖွဲ့အစည်းသည် ယန်ဒီမြို့နှင့် မိုင်ပေါင်းသန်းချီကွာဝေးသော်လည်း ယန်ဒီမြို့မှ ပါရမီရှင် တစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားခြင်းသည် စန်းလန်အဖွဲ့အစည်းအတွက် အကျိုးယုတ်စေမည် မဟုတ်ပေ။

"ခေါင်းဆောင် ကျွန်တော် လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို သွားချင်ပါတယ် "

ကျန်းချန်က စဥ်းစားမနေဘဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။

ကျန်းချန်က အာကာသစွမ်းအင် ကျောက်တုံးအတွက် လေပင်လယ် လျှို့ဝှက်နယ်မြေထဲသို့ မသွားစရာ ဘာအကြောင်းပြ ချက်မှ မရှိပေ။

ဆိုရလျှင် လေပင်လယ် လျှို့ဝှက်နယ်မြေသည် သူ့အတွက် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်၍ ကျန်းချန်သည် အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ချေ။

အင်ပါယာခန်းမ၏ ကောင်းချီးကို လက်ခံပြီးနောက်တွင် ကျန်းချန်၏ လက်ရှိအင်အားသည် အတော်လေး တိုးတက်လာပြီး သိုင်းသခင်နယ်ပယ် အဆင့်အောက်ရှိ လူအနည်းငယ်ကသာ သူ့ကို ခြိမ်းခြောက်နိုင်တော့မည် ဖြစ်၏။

သို့သော်လည်း ဤကဲ့သို့ အင်အားမျိုးသည် ကျုံးကျိုးကုန်းမြေတွင်မူ မြစ်ကို ဖြတ်ကူးသည့် လှေငယ်လေး ကဲ့သို့ ဖြစ်နေမည်မှာ သေချာသလောက်ပင်။

ဤမြောက်ပိုင်းကမ်းရိုးတန်း ဒေသကနေ ယန်ဒီမြို့ကို ဘေးကင်းစွာ သွားရောက်နိုင်ရန် အတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်သည့် အင်အားမျိုး ရှိနေရမည် မဟုတ်ပါလော။

အခန်း(၇၁၂)ပြီး၏။

အခန်း(၇၁၃)

"မိတ်ဆွေလေးကျန်းချန်.. လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ မင်းကို ရွေးချယ်ထားတာ ဆိုတော့ သွားပြီး ပြင်ဆင်ထားလိုက်ပါ.. လျှို့ဝှက်နယ်မြေ ဖွင့်တဲ့အခါကြရင် ငါမင်းကို အကြောင်းကြားလိုက်မယ်"

ကျန်းချန်က လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ သဘောတူလိုက်သည်ကို မြင်လျှင် စန်းဝူဟန်သည် ပြုံး၍ ပြောလိုက်သည်။

"ကောင်းပါပြီ ခေါင်းဆောင်.. သွားခွင့်ပြုပါဦး အကြီးအကဲတို့"

ကျန်းချန်က ဂါရဝပြု၍ နှုတ်ဆက်လိုက်ပြိး လေထုထဲကနေ အလျင်အမြန် ဆင်းသက်လာခဲ့သည်။

လေပင်လယ် လျှို့ဝှက်နယ်မြေသည် အာကာသစွမ်းအင်ကျောက်တုံး အလွန်ပေါများပြီး ကြီးမားသော အခွင့်အလမ်းများ ရှိသော်လည်း အန္တရာယ် အလွန်များပြား၏။

ထို့အပြင် လေပင်လယ် လျှို့ဝှက်နယ်မြေကို စန်းလန်အဖွဲ့အစည်းနှင့် ကြယ်နှစ်ပွင့်အင်အားစုဖြစ်သည့် ရေနဂါးဂိုဏ်းတို့ ပူးတွဲ ဖွင့်လှစ်ခြင်း ဖြစ်သည်။

ဆိုရလျှင် လေပင်လယ်လျှို့ဝှက်နယ်မြေ၏ အန္တရာယ်ကိုသာမက ရေနဂါးဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင်များ၏ အန္တရာယ်ကိုပါ ရင်ဆိုင်ရမည် ဖြစ်၏။

စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့ကြားရှိ ဆက်ဆံရေးသည် သူမနဲ့ ငါနဲ့ကြားက ဆက်ဆံရေးလို ဘယ်တုန်းကမှ ချစ်ခင်ရင်းနှီးမှု မရှိခဲ့ဘဲ အမြဲလိုလို ပဋိပက္ခသာ ဖြစ်ပွားခဲ့သည်။

ဤလေပင်လယ် လျှို့ဝှက်နယ်မြေသို့ သွားရမည့် ခရီးက မည်မျှ ရက်စက်လိုက်မလဲ ဆိုသည်ကို ကျန်းချန် ခန့်မှန်းကြည့်နိုင်ခဲ့သည်။

ထို့ကြောင့် တစ်လမပြည့်ခင် သူ၏ အင်အားကို တိုးတက်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

"ခေါင်းဆောင်.. ဒီကောင်လေးက ယန်ဒီမြို့ကနေလာတာလို့ တကယ်ပဲ ယုံကြည်နေတာလား"

ကျန်းချန်၏ နောက်ကျောကို လှမ်းကြည့်ရင်း အကြီးအကဲ ပိုင်လီဖုန်းသည် ခပ်တိုးတိုး မေးလိုက်သည်။

"ဟားဟား အကြီးအကဲဖုန်း. ဒီလိုအရေးမပါတဲ့ ကောင်လေးတစ်ယောက်က ငါတို့သုံးယောက်ရဲ့ မျက်လုံးအောက်မှာ လိမ်ညာနိုင်မယ်လို့ မင်းထင်လား.. ဒီကလေးရဲ့ ပါရမီက ကြယ်သုံးပွင့် အင်းအားစုတွေမှာတောင် အရမ်းရှားတယ်.. သူက ယန်ဒီမြို့က တပည့်တစ်ယောက် ဖြစ်လာတာ မဆန်းပါဘူး"

စန်းဝူဟန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက ကျန်းချန်၏ နောက်ကျောကို လေးနက်သော အမူအရာဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

"သူက ဒီတစ်ကြိမ် လေပင်လယ် လျှို့ဝှက်နယ်မြေမှာ စန်းလန်အဖွဲ့အစည်း အတွက် မမျှော်လင့်ထားတဲ့ ရလဒ်တွေ ယူဆောင်လာနိုင်တယ်"

အင်ပါယာခန်းမရဲ့ အကဲဖြတ်မှုက ပြီးဆုံးသွားချေပြီ။

နောက်ဆက်တွဲအနေဖြင့် လေပင်လယ် လျှို့ဝှက်နယ်မြေကို သွားရောက်ရန် အတွက် ကျန်းချန်သည် ဝိညာဥ်စုစည်းခြင်း ခန်းမ၏ တတိယထပ်ကို သွားရောက်ပြီး စိတ်အားထက်သန်စွာ လေ့ကျင့်နေခဲ့သည်။

ထိုသို့ ကျန်းချန်က ဝိညာဥ်စုစည်းခြင်း ခန်းမတွင် တိတ်ဆိတ်စွာ လေ့ကျင့်နေသော အချိန်၌ သူ၏နာမည်ကို မည်သူမျှ မေ့လျော့မသွားခဲ့ပေ။

မရေမတွက်နိုင်သော စန်းလန်အဖွဲ့အစည်းမှ တပည့်များ၏ ဆွေးနွေးပွဲများတွင် ကျန်းချန်၏ နာမည်သည် မပါမဖြစ်ပင် ဖြစ်၏။

ကျန်းချန်။။

စန်းလန်အဖွဲ့အစည်း လက်အောက်ရှိ ကျွန်းသုံးကျွန်းမှ ပထမဆုံး ကြယ်တာယာဘုရင်၊

၎င်းက စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်သည်နှင့် ပြိုင်ဘက်ကင်း တိုက်ပွဲဝင်စွမ်းရည်ကို အသုံးပြုပြီး အင်အားကြီးမားသော ဝမ်ယွမ်အဖွဲ့ကို သိမ်းပိုက်နိုင်ခဲ့သည်။

သူ၏ အဂ္ဂိရတ်ပါရမီကလည်း သိုင်းပါရမီ ကဲ့သို့ပင် နတ်ဆိုး ဆန်လွန်းပြီး စန်းလန်အဖွဲ့အစည်း၏ လူငယ် မျိုးဆက်ထဲမှ နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ဖြစ်သည့် ရှန့်ကွမ်းလဲ့ကိုပင် အနိုင်ယူပြခဲ့သည်။

သူက စန်းလန်အဖွဲ့အစည်းကို သိပ်မကြာခင်ကမှ ဝင်ရောက်လာသည့် လူသစ်တစ်ယောက်သာ ဖြစ်သော်လည်း ဘုရင်အဆင့် တပည့် ဖြစ်သည့် စန်းယာကိုပင် မျက်လုံးထဲ မထည့်ခဲ့ပေ။

စွမ်းအင်သိပ်သည်ခြင်း တတိယ အဆင့်ဖြင့်ပင် သူသည် အင်ပါယာခန်းမ၏ လူသစ်စာရင်းတွင် နံပါတ်တစ် စံချိန်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့၏။

စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ထိပ်တန်း အကြီးနှစ်ယောက်က တပည့်အဖြစ် ခေါ်ယူရန် အပြိုင်အဆိုင် လုယက်ခဲ့သော်လည်း အားလုံးကို ရိုးရိုးရှင်းရှင်းပင် ငြင်းဆိုခဲ့သည်။

ဤကဲ့သို့ အင်အားကြီးမားသော တပည့်မျိုးသည် စန်းလန်အဖွဲ့အစည်းတွင် ယခင်က မရှိခဲ့သလို နောက်ထပ်လဲ ရှိလာနိုင်တော့မည် မဟုတ်ပေ။

တစ်ခဏအတွင်း စန်းလန် အဖွဲ့အစည်းတွင် ကျန်းချန်၏ ကျော်ကြားမှုသည် ဘုရင်အဆင့် ပါရမီရှင် တပည့် နှစ်ယောက်ကို လုံးဝ လွှမ်းမိုးသွားခဲ့သည်။

စန်းလန်အဖွဲ့အစည်းမှ မရေမတွက်နိုင်သော တပည့်များသည် ကျန်းချန်ကို အံ့အားသင့်နေသောအချိန်တွင် ဘုရင်အဆင့် ပါရမီရှင် တပည့်များ အတွက် သီးသန့် ပြင်ဆင်ထားသော ဥယျာဥ်တစ်ခုတွင် စန်းယာသည် မှောင်မိုက်သော အမူအရာဖြင့် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သည်။

သူ၏ နံဘေးတွင်လည်း ယွင်မုန့်ကျွန်း၏ အကြီးအကဲ ဖြစ်သည့် ရှန်းရွယ်ကျီက ရှိနေခဲ့သည်။

"စန်းယာ မင်းဘာကို စဥ်းစားနေတာလဲ.. ဟိုကောင်လေး ကျန်းချန်က အခု နာမည်ကျော်ကြားနေပြီ.. အခုဆိုရင် သူရဲ့အရှိန်အဝါက မင်းရဲ့အောက်မှာ မရှိတော့ဘူး.. မင်းသူ့ကို အမြန်ဆုံး မဖယ်ရှားနိုင်ရင် စန်းလန်အဖွဲ့အစည်းမှာ မင်းနေရာကို သူက အစားဝင်သွားနိုင်တယ်"

ရှန်းရွှယ်ကျီက မနှစ်မြို့သော အမူအရာဖြင့် ပြောလိုက်သည်။

"သူ့ကို အခုဂိုဏ်းရဲ့ ထိပ်တန်း အကြီးအကဲ သုံးယောက်လုံးက အရမ်းသဘောကျနေတယ်.. ကျွန်တော်က ဘာတတ်နိုင်မှာလဲ"

စန်းယာက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွှတ်လိုက်သည်။

မကြာခင်မှာပဲ သူ၏ မျက်လုံးက တလက်လက် တောက်ပလာခဲ့ပြီး သူ၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"သူ့ကို ကျွန်တော်ကိုယ်တိုင် လုပ်စရာတောင် မလိုဘူး.. အငှားဓားနဲ့ လူသတ်တာက ပိုကောင်းတယ်လို့ မထင်ဘူးလား"

အခန်း(၇၁၃)ပြီး၏။

အခန်း(၇၁၄)

"အငှားဓားနဲ့ လူသတ်မလို့လား "

ရှန်းရွှယ်ကျီက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျန်းချန်ကို သာမန်လူတွေ ကိုင်တွယ်နိုင်မှာမဟုတ်ဘူး "

အင်ပါယာခန်းမတွင် အစွမ်းပြခဲ့သည့် ကျန်းချန်၏ စွမ်းဆောင်ရည်အရ ဆိုလျှင် ကြယ်တာရာဘုရင်များတွင် နံပါတ်တစ် ဖြစ်သည့် ရှကျင်းကွမ်းပင် ဖိနှိပ်နိုင်မည် မဟုတ်ပေ။

စန်းယာ ကိုယ်တိုင် မလှုပ်ရှားသရွေ့ စန်းလန် အဖွဲ့အစည်း၏ တပည့်ထဲတွင် မည်သူက ကျန်းချန်ကို အနိုင်ရနိုင်ပါမည်နည်း။

"ဒီကောင်က အခုအတော် နာမည်ကြီးနေတယ်.. စန်းလန်အဖွဲ့အစည်းမှာတော့ ကျွန်တော့် အနေနဲ့ သူ့ကို ဘာမှလုပ်လို့ရမှာ မဟုတ်လောက်ဘူး.. ဒါကြောင့် စန်းလန်အဖွဲ့အစည်းမှာ သူ့ကို ဖြေရှင်းဖို့ မစဥ်းစားထားဘူး "

စန်းယာ၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။

"တစ်လမပြည့်ခင်မှာ လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်မယ်.. ကျွန်တော် ခန့်မှန်းတာမမှားရင် ဒီကောင်ကလည်း လေပင်လယ် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်မယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး "

ထိုစကားကိုကြားလျှင် ရှန်းရွှယ်ကျီ၏ မျက်ဝန်းများသည် အနည်းငယ် တောက်ပလာခဲ့သည်။

သူမက စန်းယာကို မေးခွန်းထုတ်လိုက်၏။

"မင်းဆိုလိုချင်တာက လေပင်လယ် လျှို့ဝှက်နယ်မြေထဲမှာ ရေနဂါးဂိုဏ်းရဲ့ တပည့်တွေ လက်ချက်နဲ့ ကျန်းချန်ကို ဖြေရှင်းဖို့လား"

လေပင်လယ် လျှို့ဝှက်နယ်မြေသည် ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်၍ နတ်ဝိညာဥ်အဆင့် ကျင့်ကြံသူပင် အတွင်းပိုင်း အခြေအနေကို စူးစမ်းရန် မဖြစ်နိုင်ပေ။

ထို့အပြင် လေပင်လယ် လျှို့ဝှက်နယ်မြေသည် အလွန်ပင် အန္တရာယ်များ၏။

လေပင်လယ် လျှို့ဝှက်နယ်မြေ ဖွင့်တိုင်းတွင် စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းမှ မြှုပ်နှံခံရသည့် ပါရမီရှင် မည်မျှ များပြားမှန်းပင် မသိနိုင်တော့ပေ။

စေ့စေ့စပ်စပ် ဖုံးကွယ်နိုင်သ၍ လေပင်လယ် လျှို့ဝှက်နယ်မြေထဲတွင် ကျန်းချန် သေခဲ့လျှင်ပင် မည်သူမျှ သံသယဝင်မည် မဟုတ်ချေ။

ထို့ကြောင့် လေပင်လယ် လျှို့ဝှက်နယ်မြေတွင် ကျန်းချန်ကို သတ်ပစ်မည့် အစီအစဥ်သည် အလွန် ကောင်းမွန်သည့် အစီအစဥ် ဖြစ်မည်မှာ သေချာသလောက် ဖြစ်သည်။

"ဟားဟား.. အကြိီးအကဲ စိတ်မပူပါနဲ့.. ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့် ပါရမီရှင် တပည့်သုံးယောက်က လျှော့တွက်လို့မရဘူး.. လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဒီကောင်ဝင်တာနဲ့ သဂြိုလ်စရာနေရာမရှိဘဲ သေစေရမယ်လို့ ကျွန်တော် ကတိပေးတယ် "

စန်းယာ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤစန်းလန်အဖွဲ့အစည်းရှိ သူ၏ နေရာကို မည်သူ့ကိုမျှ ခြိမ်းခြောက်ခွင့်ပေးမည် မဟုတ်ပေ။

ခြိမ်းခြောက်မည့်သူ ရှိလာလျှင် သူကိုယ်တိုင် အဆုံးသတ်ပစ်မည် ဖြစ်၏။

ရှန်းရွှယ်ကျီက စန်းယာနှင့် ပူးပေါင်းကြံစည်နေသော အချိန်တွင် ကျန်းချန်သည် ဝိညာဥ်စုစည်းခြင်း ခန်းမ၏ ဒုတိယထပ်တွင် စိတ်နှစ်၍ လေ့ကျင့်နေခဲ့သည်။

နှစ်ရက်ကြာပြီးနောက်တွင် ကျန်းချန်သည် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ်ကို အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။

စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်သည် သံသယဖြစ်စရာ မရှိလောက်အောင်ပင် နှေးကွေးသွားခဲ့၏။

ဆိုရလျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့်အမျှ ကျန်းချန်၏ အတွေ့အကြုံရမှတ်သည် အဆင့်တစ်ခုစီ တက်တိုင်းတွင် အဆပေါင်းများစွာ တိုးလာမည်ဖြစ်၏။

စနစ်၏ အဆတစ်ရာ တိုးမြှင့်မှုနှင့် ဝိညာဥ်စုစည်းခြင်း ခန်းမ၏ အကူအညီ ရှိနေလျှင် သူ၏ ကျင့်ကြံခြင်းသည် အရှိန်အဟုန် များစွာ နှေးကွေးသွားခဲ့သည်။

သို့သော် ထိုသို့ ဖြစ်နေလျှင်ပင် ကျန်းချန်၏ တိုးတက်နှုန်းသည် စန်းလန် အဖွဲ့အစည်း၏ တပည့်များထက် အဆပေါင်းများစွာ ပိုမြန်နေပါသေးသည်။

ဤကဲ့သို့ အဆက်မပြတ် လေ့ကျင့်ပြီး လဝက်မျှ ကြာပြီးသောအချိန်တွင် အဆုံးသတ်၌ ကျန်းချန်၏ စိတ်ထဲတွင် ရင်းနှီးသော သတိပေးချက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒင် သင်က စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြိီ "

သူ၏ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်သိပ်သည်းခြင် ပဥ္စမအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်က တိမ်တိုက်ဝါးမျို နည်းစနစ်ကို အသုံးပြုမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်ကို စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ထိ မြှင့်တက်နိုင်မည် ဖြစ်သည်။

ထို့အပြင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားသည်လည်း စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားပြီး စွမ်းအင်သိပ်သည်းခြင်း န၀မအဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။

ထို့အပြင် ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေသည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးနှင့် ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့် ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းတို့သည် အဆင့်ကျော် တိုက်ပွဲများ တိုက်ရန် အတွက် လုံလောက်သော အင်အား ဖြစ်သည်။

လက်ရှိအချိန်တွင် စန်းယာလို ဘုရင်အဆင့် ပါရမီရှင် တပည့်ကို ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အနိုင်ရရန် ယုံကြည်မှု အပြည့်ရှိ၏။

စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် လေပင်လယ် လျှို့ဝှက်နယ်မြေ မဖွင့်ခင် ဆဌမအဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်မှန်း သိလိုက်ပြီး သူ၏ လဝက်ကြာ လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။

ဝိညာဥ်စုစည်းခြင်း ခန်းမကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် လျှိုလင်ကျူးတို့ဆီ သွားရန် ပြင်ဆင်နေသောအချိန်မှာပင် ရင်းနှီးသော အသံတစ်သံသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

"မိတ်ဆွေလေးကျန်းချန်.. စန်းလန်ခန်းမကို လာခဲ့ပါ "

ဤအသံက စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟန်၏ အသံ ဖြစ်သည်။

သူ၏ စိတ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကို ကြားလျှင် ကျန်းချန်၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့၏။

"ကြည့်ရတာ လေပင်လယ် လျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ် ထင်တယ်"

အခန်း(၇၁၄)ပြီး၏။

All Chapters