← Chapters

လောထျန်း၏ ပုံရိပ်ယောင်

Vol. 15 Ch. 200

လောထျန်း၏ ပုံရိပ်ယောင်

Vol. 15 Ch. 200

" ဟာ .. ကံတရားမျှော်စင်ကြီး ပြိုကျတော့မယ်။ ကောင်လေး ၊ မင်း ဘယ် လိုတွေ လုပ်လိုက်တာလဲ "

အလင်းလုံးစိတ်ဝိဥာဥ် ထံမှ အလန့်တကြား အော်သံကျယ်ကြီး ထွက်လာ၏။

လောထျန်းက ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားပြီး သူ့လက်သီးချက် တိုက်ခိုက်နေသည့် နေရာ၌ ပြန်ပေါ်လာကာ လက်ကိုဝေ့ယမ်း၍ အားများ ပြေလျော့သွားအောင် လုပ်လိုက်သည်။

ဝီ ...

မကြာမီအချိန်တွင်မူ ကံတရားမျှော်စင်ကြီး ပြန်လည်တည်ငြိမ် အေးချမ်းသွားတော့သည်။

ထိုအခြင်းအရာများ အားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည့် အလင်းလုံးစိတ်ဝိဥာဥ်မှာ အလွန်အံ့သြတုန်လှုပ်လွန်း၍ ပြိုကွဲသွားတော့မတတ်ပင် ဖြစ်နေ၏။

ထိုစဥ် တဖက်မှ လောထျန်းက လက်ဝါးနှစ်ဖက်ကို စုကာ ပြောလိုက်သည်။

" ဟို ... ခင်ဗျားရဲ့ မျှော်စင်ကို ပြိုကျသွားမလို ဖြစ်အောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျုပ်တို့အစောက သဘောတူထားတာတော့ အကျုံးဝင်သေးတယ် မဟုတ်လား "

အလင်းလုံးစိတ်ဝိဥာဥ်မှာ အချိန် အတန်ကြာသွားပြီးမှသာ ပုံမှန်အသိစိတ် ပြန်ဝင်လာပြီး ဒေါသတကြီး ပြော၏။

" အကျုံးဝင်တယ် "

ဝီ ..

ထို့နောက်တွင်မူ လာထျန်းရှေ့၌ သံချပ်ဝတ်တစ်စုံ ထွက်ပေါ်လာသည်။

" ဟင် .. သံချပ်ဝတ်ပါလား ၊ ဒီဟာက လက်တွေ့ရော အသုံးဝင်လို့လား "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

အလင်းလုံးစိတ်ဝိဥာဥ်က ဒေါသတကြီး ပြန်ပြောသည်။

" မင်း ဘာသိလို့လဲကွ။ ဒီဟာက အဆင့် ၈ သံချပ်ဝတ် ရတနာတစ်ခုပဲ။ ဒါနဲ့ဆို တုကျဲ့အဆင့်နဲ့ အောက်က သူတွေရဲ့ တိုက်ခိုက်မှုတွေအားလုံးကို လျစ်လျူရှုထားလို့ရတယ် "

ထိုအချိန်မှသာ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလာသည်။

" အဲ့လိုလား ၊ နည်းနည်းတော့ အသုံးဝင်သားပဲ "

နည်းနည်း အသုံးဝင် ....

ထိုစကားလုံးများကြောင့် အလင်းလုံးစိတ်ဝိဥာဥ်မှာ ဒေါသဖြင့် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားရသည်။

" ကျုပ် အခု ဒုတိယထပ်ကို သွားလို့ရပြီလား "

လောထျန်းက မေး၏။

" ခဏ နေဦး ၊ ငါ့ကတိကို တည်ရဦးမယ်လေ။ မင်းရဲ့ ပုံရိပ်ယောင်ကို မျှော်စင်စောင့်အသစ် ဖြစ်အောင် လုပ်ပေးရဦးမယ် "

အလင်းလုံး စိတ်ဝိဥာဥ်က ပြောလိုက်သည်။

လောထျန်း အံ့အားသင့်သွားပြီး ပြော၏။

" အိုး .. ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ "

အလင်းလုံး စိတ်ဝိဥာဥ်က ဒေါသမပြယ်သေးဟန်ဖြင့် ပြန်ပြောသည်။

" ဘာမှ လုပ်စရာမလိုဘူး ၊ ဒီတိုင်းပဲ ဆက်ရပ်နေ "

ထိုသို့ပြောပြီးသည်နှင့် ပထမထပ်စိတ်ဝိဥာဥ်၏ အလင်းလုံးမှ များစွာသော အလင်းတန်းများ ထွက်လာပြီး မျှော်စင်ပထမထပ်ရှိ ရေမတွက်နိုင်သော အစီအမံများ လင်းလက်သွားကာ လောထျန်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံထားလိုက်ကြသည်။

" ဒါ .. ဘာကြီးလဲဗျ "

လောထျန်းက အံ့သြတကြီး မေး၏။

" ဒါက ကံတရားမျှော်စင်ရဲ့အရင် ပိုင်ရှင်ကိုယ်တိုင် ထားခဲ့တဲ့ အစီအမံ တစ်ခုပဲ။ ဒီ အစီအမံက စိတ်စွမ်းအင်တွေကို စုစည်းပြီး တိုက်ပွဲဝင် ပုံရိပ်ယောင်တစ်ခု ဖန်တီးပေးနိုင်တယ်။ ဒီဟာက မင်းရဲ့ သိုင်းပညာရပ်တွေနဲ့ ကျင့်စဥ်အစွမ်းတွေ အတိအကျကို ပုံတူမပွားနိုင်ပေမယ့် အနီးစပ်ဆုံး ဖြစ်အောင်တော့ လုပ်ပေးနိုင်တယ် "

အလင်းလုံးစိတ်ဝိဥာဥ်က ပြောလိုက်သည်။

သို့သော် ထိုသို့ပြောနေရင်း သူ အနည်းငယ်လည်း စိုးရိမ်သွားရသည်။

" ဒီကောင်လေးရဲ့ အစွမ်းက ကြောက်စရာ ကောင်းလွန်းတယ်။ တကယ်လို့ ပုံရိပ်ယောင်ကိုသာ သူ့အစွမ်းနဲ့ အတူတူနီးပါးလောက် လုပ်လိုက်ရင် သူ့နောက်မှ မျှော်စင်ကို လာတဲ့သူတွေ ဒုက္ခရောက်ကုန်ကြလိမ့်မယ် "

" အဲ့ကျရင် ပုံရိပ်ယောင်ကို ဖြတ်ကျော်နိုင်တဲ့သူရော ရှိပါဦးမလား .. ။ အဲ့လိုသာ ဖြစ်သွားရင်တော့ အရှုပ်အထွေးတွေ ဖြစ်လာမှာ သေချာတယ် "

" ဒီတော့ ပုံရိပ်ယောင်ရဲ့ အစွမ်းကို အားနည်းသွားအောင် လုပ်ထားမှ ဖြစ်မယ် .. "

ထိုသို့ တွေးနေပြီးနောက် အလင်းလုံးက ဖျတ်ခနဲ အရောင်လက်သွားပြီး အပြည့်အဝ မပေါ်လာသေးသည့် ပုံရိပ်ယောင်ပေါ်သို့ အစီအမံတစ်ခု ကျလာသည်။

" ခင်ဗျား ဘာလုပ်နေတာလဲ "

လောထျန်းက သိချင်စိတ်ဖြင့် မေးလာ၏။

" ဘာမှ မဟုတ်ပါဘူးကွာ ၊ ဒီတိုင်း လိုရမယ်ရ လုပ်ထားတာပါ "

အလင်းလုံး စိတ်ဝိဥာဥ်က ပြန်ဖြေလိုက်သည်။

ထိုသို့ ပြောပြီး မကြာခင်မှာပင် ပုံရိပ်ယောင်က ရုပ်လုံးပေါ်လာတော့၏။

လောထျန်းနှင့် အလင်းလုံး စိတ်ဝိဥာဥ် တို့ရှေ့၌ လောထျန်းရုပ်နှင့် တထေရာတည်း တူသည့် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။

" ဝိုး .. တော်တော်ဆင်တူတာပဲ "

ပုံရိပ်ယောင်ကို ကြည့်နေသော လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ခုချိန်က စပြီးတော့ မင်းရဲ့ ပုံရိပ်က ကံတရားမျှော်စင် ပထမထပ်ရဲ့ အစောင့်အကြပ် ဖြစ်သွားပြီ။ နောက်ပိုင်း တစ်ယောက်ယောက်က ဒီကိုလာပြီးတော့ မင်းရဲ့ ပုံရိပ်ယောင်ကို အနိုင်မယူမချင်း  ဒီ ကံတရားမျှော်စင် ရှိနေသေးသရွေ့ မင်းရဲ့ ပုံရိပ်ယောင်ကလဲ ဆက်ရှိနေလိမ့်မယ်။ဒါ ဂုဏ်ယူစရာ ကိစ္စကြီးတစ်ခုပဲ။ ကံကြမ္မာကောင်းတစ်ခုလို့တောင် ပြောလို့ရတယ် "

" ဒီဟာရဲ့ အကျိုးရှိပုံတွေကို အခုချိန် ငါပြောရင်  မင်း နားလည်ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ကျရင်တော့ နားလည်လာပါလိမ့်မယ် "

" ကဲ .. အားလုံးလဲ ပြီးသွားပြီဆိုတော့ မင်း ဒုတိယထပ်ကို သွားချင်ရင် သွားလို့ရပြီ "

စကားဆုံးသည်နှင့် ပထမထပ် စိတ်ဝိဥာဥ်၏ အလင်းလုံးမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး လောထျန်းရှေ့တွင် ဒုတိယထပ်သို့ သွားသည့် တံခါးပေါက်တစ်ခု ပေါ်လာ၏။

" ကျေးဇူးတင်ပါတယ် ၊ သွားတော့မယ်နော် "

လောထျန်းက ခေါင်းညိတ်နှုတ်ဆက်ကာ ဒုတိယထပ် ဝင်ပေါက်ထဲသို့ ခြေချလိုက်သည်။

လောထျန်း ပျောက်သွားပြီးနောက် ချက်ချင်းပင်  အလင်းလုံးစိတ်ဝိဥာဥ်ထံမှ ညည်းညူသံ ထွက်ပေါ်လာ၏။

" အင် .. ငါ အစွမ်းလျှော့တာ နည်းနည်းများသွားပြီ။ ဒီ ပုံရိပ်ယောင်က သူ့ရဲ့ မူလအစွမ်းရဲ့အပုံ ၁၀၀ ပုံမှာ ၁ ပုံ လောက်ပဲ ရှိတာပဲ "

" အဲ့ထက်တောင် နည်းသေးတယ် ။ မျှော်စင်ကို စောင့်တဲ့ မျှော်စင်စောင့်က အရမ်း အစွမ်းနိမ့်သွားရင် ဒီနှစ်  မျှော်စင်ထဲ ဝင်နိုင်မယ့်သူတွေ အများကြီး ဖြစ်သွားတောမှာပဲ "

" အဲ့ကျရင် အပေါ်ထပ်ကကောင်တွေ ငါ့ကို ထိုင်ရယ်နေကြတော့မှာ "

" အခုမှတော့ ဘာမှလဲ လုပ်လို့မရတော့ဘူး ၊ နောက်ကျသွားပြီ။ အစွမ်းထက်တဲ့ သူတစ်ယောက် ရောက်လာပြီး ဒီ ပုံရိပ်ယောင်ကို အနိုင်ယူလိုက်ဖို့ပဲ မျှော်လင့်ရတော့မှာပေါ့ ။ အဲ့ကျရင် ငါကိုယ်တိုင် မျှော်စင်အစောင့် ပြန်လုပ်လို့ရပြီ "

အလင်းလုံး စိတ်ဝိဥာဥ် မှာ ကူကယ်ရာမဲ့ ဖြစ်နေတော့သည်။

ထိုအချိန်တွင် .. တဖက်မှ လောထျန်းကမူ မျှော်စင် ဒုတိယထပ်သို့ ရောက်နေလေပြီ။

" ဟင် .. ဒုတိယထပ်မှာလဲ ဘယ်သူမှ မရှိကြပါလား။ ကြည့်ရတာ အပေါ်ထပ်တွေကို တက်သွားကြပြီထင်တယ် "

လောထျန်းသည် ဘေးဘီသို့ ဝေ့ဝဲရှာလိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ရသဖြင့် သက်ပြင်းချလိုက်၏။

သူ ဗောဓိပင်အာက်၌ အချိန်အတော်ကြာ ဖြုန်းမိသွားခဲ့ဟန်ပင် ....

ထိုအချိန်မှာပင် ..

ချွှင် ..

လောထျန်းနားထဲ၌ ဓားသံတစ်သံကို ကြားလိုက်ရသည်။

သူ အသံလာရာဘက် ချက်ချင်း လှည့်ကြည့်လိုက်ရာ အသက် ၇ ၊ ၈ နှစ် အရွယ်ခန့်မျှသာ ရှိဦးမည့် မိန်းကလေးငယ်လေး တစ်ယောက်က ကျောက်တိုင်တစ်တိုင်ကို မှီလျက် သူ့အား အေးစက်စက် ကြည့်နေသည်ကို မြင်လိုက်ရ၏။

" ကျွန်မက ဒီ ကံတရားမျှော်စင်ရဲ့ ဒုတိယထပ်က  စိတ်ဝိဥာာဥ်ပဲ ။ ဒီအထပ်ကို ဓားမျှော်စင်အဆင့်လို့လဲ သိကြတယ်။ ဒီဒုတိယထပ်ရဲ့ စည်းမျဥ်းတွေကတော့ ရိုးရှင်းပါတယ်။ ဟိုနားလေးမှာ ဓား ၉၉ လက်ကို အစွမ်းအထက်ဆုံး ၁ ကနေ အနိမ့်ဆုံး ၉၉ အထိ သေချာစီထားတယ်"

" ဒီဓားတွေ အားလုံးမှာတော့ အစွမ်းထက် ကျင့်ကြံသူတွေ ထားခဲ့ကြတဲ့ ဓားစိတ်ဆန္ဒတွေ ကိုယ်စီ ရှိကြတယ်။ အဲ့ထဲက ဘယ်ဓားကိုမဆို ယူပြီး အဲ့ဓားရဲ့ ဓားစိတ်ဆန္ဒကို အနိုင်ယူတာ ၊ ဒါမှမဟုတ် ဓားစိတ်ဆန္ဒရဲ့ အသိအမှတ်ပြုတာကို ခံရတာ မျိုး လုပ်နိုင်ရင် နောက်တစ်ဆင့်ကို တက်လို့ရတယ် "

" ဒါပေမယ့် ရှင့်ကို တစ်ခုတော့ သတိပေးထားမယ်။ ဒီဓားတွေအားလုံးရဲ့ အရင်ပိုင်ရှင်တွေက ကမ္ဘာကျော် ဓားသမားတွေပဲ။ အစွမ်းအနိမ့်ဆုံး ဓားရဲ့ပိုင်ရှင်ကတောင် အပြင်မှာ အင်မတန် ကြောက်စရာကောင်းတယ်။ ဒီတော့ ရှင့်ရဲ့ လုံခြုံရေးအတွက် နံပါတ် ၉၉ ကိုပဲ ယူဖို့ အကြံပေးချင်တယ် "

စိတ်ဝိဥာဥ်ကလေးမလေးက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းအား လှည့်ပင် မကြည့်တော့ဘဲ ဓားအိမ်များကိုသာ ခေါင်းငုံ့၍ ဓားအိမ်များကိုသာ သန့်ရှင်းရေး စလုပ်နေလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်းက ခေါင်းအသာညိတ်ကာ ပြောလိုက်၏။

" ကောင်းပါပြီ ၊ ကျေးဇူးတင်ပါတယ် "

ထို့နောက် သူ နံပါတ် ၉၉ ဓားဆီသို့ လျှောက်သွားလိုက်သည်။

ထိုစဥ် မိန်းကလေးက လောထျန်းဘက် တစ်ချက် လှည့်ကြည့်လာပြီး ခေါင်းအသာညိတ်၏။

" ဒီလူက သူ့ရဲ့ လက်ရှိအစွမ်းကိုတော့ သူ့ကိုယ်သူ သိသားပဲ "

ထိုစဥ် တဖက်မှ လောထျန်းက လက်ဆန့်၍ နံပါတ် ၉၉ ဓားကို ကိုင်လိုက်သည်။

သူ ၎င်းကို ကိုင်လိုက်သည်နှင့် အထဲတွင် ကျန်နေသည့် ဓားစိတ်ဆန္ဒကို ခံစားမိသွား၏။

ထို့အပြင် ၎င်းဓားစိတ်ဆန္ဒက သူ့အပေါ် အလွန် ရန်လိုနေဟန်လည်း ရှိပြီး သူ ဓားကို ကိုင်ကိုင်ချင်းမှာပင် သူ့အား တိုက်ခိုက်လာသည်။

သို့သော် ...

ထို ဓားစိတ်ဆန္ဒမှာ လောထျန်းအနီး ရောက်သည်နှင့် ရုတ်ချည်း ပြိုကွဲသွားတော့၏။

လောထျန်း အသိပြန်ဝင်လာသည့် အချိန်တွင်မူ နောက်ကျသွားခဲ့လေပြီ။

သူ့လက်ထဲမှ ဓားရှည်မှာ ဓားစိတ်ဆန္ဒ၏ အကြွင်းအကျန်ပင် ရှိမနေတော့ဘဲ ဗလာကြီး ဖြစ်နေတော့၏။

" ဓားစိတ်ဆန္ဒက သေသွားတာလား "

လောထျန်းတစ်ယောက် အလွန် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ  "

ဓားအိမ်များကို သုတ်နေသည့် စိတ်ဝိဥာဥ်က သူ့ဘက်သို့ လှည့်မကြည့်ဘဲ မေးလာ၏။

" ဘာမှမဟုတ်ပါဘုး ..အားလုံး အဆင်ပြေပါတယ် "

လောထျန်း ပြန်ဖြေလိုက်သည်။

သို့သော် .. တစ်ချိန်တည်းမှာပင် သူ့နဖူးမှ ချွေးတစ်စက် ကျလာ၏။

" သွားပါပြီကွာ .. ဒီဓားတော့ ပျက်စီးသွားပြီထင်တယ်။ ဒီကိစ္စကို တခြားသူတွေသာ သိသွားလို့ကတော့ ရှက်စရာကြီး "

" ငါက ဒီကံတရားမျှော်စင်ကို စိန်ခေါ်ဖို့အတွက် လာခဲ့တာကို သူတို့က ငါ့ကို ဆုတွေ ပေးနေခဲ့ကြတာ။ အခုဟာက ငါ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံတဲ့သူတွေကို ပြန်ဖျက်ဆီးသလို ဖြစ်တော့မှာပဲ "

" ဟုတ်ပြီ .. အကြံရပြီ ၊ ဒီဓားထဲမှာ ဓားစိတ်ဆန္ဒတစ်ခု ချန်ထားခဲ့ရင် ရပြီလေ "

" ဒါပေမယ့် အရမ်းကြီး အစွမ်းထက်လို့ မဖြစ်ဘူးဆိုတော့ ငါ့အစွမ်းကို ဖိနှိပ်ပြီး လုပ်ရမယ် "

လောထျန်းက ထိုသို့ တွေးလိုက်ပြီး မိန်းကလေးဘက် နောက်ကျောလှည့်ကာ ဓားနှောင့်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။

ဝီ ..

ချက်ချင်းပင် သူ့ကိုယ်ထဲ၌ ဓားစိတ်ဆန္ဒတစ်ခု စီးဆင်းလာ၏။

ချွှင် ...

ထို့နောက်တွင်မူ ဓားထဲတွင် ကျန်နေခဲ့သည့် ဓားစိတ်ဆန္ဒဆီမှ အသံထွက်လာတော့သည်။

" ဟင် .. "

ထိုအသံကို ကြားသွားသည့် မိန်းကလေးက ချက်ချင်း ခေါင်းမော့ကာ လောထျန်းအား လှည့်ကြည့်လာ၏။ ထို့နောက် သူမ အံ့တသြကြီး မေးလိုက်သည်။

" ရှင် အောင်မြင်သွားပြီလား "

လောထျန်းက ခေါင်းညိတ်ကာ ပြန်​ပြော၏။

" ဒီလောက်ဆို အဆင်ပြေတယ် မဟုတ်လား "

" ရှင်က ဓားသိုင်းပညာရပ်မှာ ပါရမီတချို့ ပါလိမ့်မယ်လို့ ကျွန်မ ထင်တောင် မထင်ထားဘူး။ဒီအတိုင်းဆို ဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံရင် နောက်ကျ ဓားသမားကောင်း တစ်ယာက် ဖြစ်လာမှာပါ။ အခု တခြားဓားတွေကို ဆက်ပြီး စိန်ခေါ်ချင်သေးလား ၊ တတိယထပ်ကိုပဲ တိုက်ရိုက် သွားမလား "

မိန်းကလေးငယ်လေးက မေးလိုက်သည်။

" ကျုပ်လား .. တတိယထပ်ကိုပဲ သွားလိုက်မယ် "

လောထျန်းက အပြစ်မကင်းသလို ခံစားနေရဟန်ဖြင့် ပြန်ပြော၏။

သူ အခြားဓားများအား ဖျက်ဆီးမိမည်ကို ကြောက်နေသဖြင့် ဆက်ပြီး စိန်မခေါ်ရဲပါချေ။

" ကောင်းပြီလေ ၊ ဒါဆို သွားလို့ရပြီ "

မိန်းကလေးက ပြောပြောဆိုဆို လက်ညိုးညွှန်လိုက်ရာ တတိယထပ်သို့ သွားသည့် ဝင်ပေါက်တစ်ခု ပေါ်လာသည်။

" ကျေးဇူးတင်ပါတယ် "

လောထျန်းက ၉၉ ခုမြှောက် ဓားကို နေရာတွင် ပြန်ထားလိုက်၏။

ဓားမှာ အဆင့် ၉၉ နေရာကို မကျေနပ်ဟန်ဖြင့် အသံတချို့ ထွက်လာသည်။ သို့သော် ၎င်းက လောထျန်း၏ ဆန္ဒကို မဆန့်ကျင်လိုဟန်ဖြင့် မကြာခင်မှာပင် ပြန်ငြိမ်ကျသွား၏။

ထိုစဥ် လောထျန်းက တတိယထပ်သို့ ဆက်သွားလိုက်သည်။

All Chapters