← Chapters

မျှော်စင်စောင့် ဘီလူးကြီး

Vol. 15 Ch. 204

မျှော်စင်စောင့် ဘီလူးကြီး

Vol. 15 Ch. 204

ကံတရားမျှော်စင်၏ အပြင်ဘက်တွင် အဘိုးအိုလေးယောက်က ရှေ့ဆင့်နောက်ဆင့် ပျံသန်းရောက်ရှိလာကြသည်။

" ဟားဟား .. အကြီးအကဲ ဝူ ရဲ့ နည်းလမ်းက တကယ်ကို အစွမ်းထက်တာပဲ။ ကျောက်တုံးရုပ်ထုတွေကို ရှောင်နိုင်တော့ ကျုပ်တို့အတွက် အများကြီး အချိန်ကုန် လူပင်ပန်း သက်သာသွားတယ် "

" ဒီတစ်ခါ ကံတရားမျှော်စင်ကို လာတဲ့အချိန်က ကျုပ်တို့ရဲ့ အစွမ်းအထက်ဆုံး အချိန်ဖြစ်နေတာဆိုတော့ ၊ တစ်ခုခုတော့ သေချာပေါက်ကို ပြန်ရလိမ့်မယ် "

အကြီးအကဲဝူက မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်သည်။

" အားလုံး .. သတိလက်လွတ်တော့ မဖြစ်ကြစေနဲ့နော်။ ကျုပ်တို့တွေက ဘေးကင်းကင်းနဲ့ ကံတရားမျှော်စင်ကို ရောက်လာနိုင်တယ် ဆိုပေမယ့် ဒီနေရာက အလွယ်တကူ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး "

ကျန် အဘိုးအို သုံးယောက်ထဲမှ တစ်ယောက်က ရယ်၍ ပြန်ပြော၏။

" လေးထပ်မြောက်ကတော့ တကယ် ခက်တယ်ဗျ။ ဒါပေမယ့် ကျန်တဲ့ သုံးထပ်ကိုတော့ အရင်နှစ်တွေကတည်းက ဘယ်လိုကျာ်ဖြတ်ရမလဲ ဆိုတာ သိနေပါပြီဗျာ။  ဥပမာပြောရရင် ပထမထပ်ကိုဆို ကျုပ်က ပန်းခြံထဲ လမ်းလျှောက်သလိုတောင် လွယ်လွယ်လေး ကျော်ဖြတ်နိုင်နေပြီ "

သူ့ဘေးမှ အဘိုးအိုက အပြုံးဖြင့် ဝင်ပြော၏။

" အကို လျိုယွိက ယုံကြည်မှုတွေ အပြည့်ရှိနေပါ့လား။ ဒါဆို .. ကျေးဇုးပြုပြီးတော့ မျှော်စင်ထဲကို အရင်ဆုံး ဝင်သွားပေးပါလားဗျ "

လျိုယွိကလည်း အပြုံးဖြင့်ပင် ပြန်ပြော၏။

" ကျုပ်ကလဲ အဲ့ဒါကို ပြောတော့မလို့ပဲ ။ ကဲ .. ကံတရားမျှော်စင်အပေါ်ကို ကျုပ် ဘယ်လိုတက်သွားမလဲဆိုတာ အားလုံး ကြည့်ထားကြဗျာ "

သုက ထိုသို့ပြောပြီးနောက် ကံတရားမျှော်စင် ပထမထပ်ထဲသို့ ပထမဆုံး ခြေချလိုက်တော့သည်။

ထိုစဥ် .. ကံတရားမျှော်စင်အတွင်း၌ ...

လျိုယွိ ဝင်လာသည်ကို တွေ့သွားသော ပထမထပ်မှ အလင်းလုံး စိတ်ဝိဥာဥ်က စည်းမျဥ်းများကို စက်ရုပ်တစ်ရုပ်သဖွယ် ရှင်းပြလိုက်၏။ ထို့နောက် သူက ချက်ချင်း နောက်လှည့်ကာ ပညာရှိကြီး၏ ဘေးသို့ ပြန်သွားလိုက်သည်။

" အကိုကြီး ကိုယ်တိုင်ပဲ ကြည့်ပါတော့ဗျာ ..ဒီ ပုံရိပ်ယောင်က ... "

အလင်းလုံးက သက်ပြင်း  ချလိုက်သည်။

ထိုစဥ် တဖက်မှ လျိုယွိမှာ သူ့ရှေ့မှ လောထျန်း၏ ပုံရိပ်ယောင်ကို ကြည့်ကာ အံ့သြမှင်သက်နေ၏။

" ဟင် .. ဒီ ပုံရိပ်ယောင်က ဘာဖြစ်လို့ ပြောင်းသွားရတာလဲ "

လျိုယွိက ပြောလိုက်သည်။

အလင်းလုံးက ပြန်အော်ပြော၏။

" စိတ်မပူပါနဲ့ ၊  ဒီ ပုံရိပ်ယောင်က အင်မတန် အစွမ်းနိမ့်တယ် "

လျိုယွိမှာ ထိုအချိန်မှသာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချ၍ ပြောလိုက်သည်။

" အော် ..လက်စသတ်တော့ အစွမ်းနိမ့်တာကိုး ။ ဒါဆိုရင်တော့ လွယ်ပါတယ် ။ ကြင်နာတဲ့ စိတ်ထားအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ထလင် "

သူက ထိုသို့ပြောပြီးနောက် ကျယ်လောင်စွာ အော်ရယ်ကာ လောထျန်း၏ ပုံရိပ်ယောင်အား ဖြတ်ရိုက်လိုက်သည်။

ထို့နောက်တွင်မူ  ..

ဘုန်း ...

လျိုယွိတစ်ယာက် မျှော်စင်အပြင်ဘက်သို့  လွင့်စင်ထွက်သွားတော့၏။

" ဟင် .. "

အလင်းလုံး အလွန်အံ့သြ မှင်သက်သွားသည်။

ဘာတွေ ဖြစ်သွားပါသနည်း။

သူ မြင်ခဲ့ရသည့် မြင်ကွင်းက အမှန်ရော ဟုတ်ပါရဲ့လား  ...

ပညာရှိမှာလည်း နှုတ်ခမ်းလှုပ်သွားပြီး ပြောလိုက်သည်။

" မင်းက ဒါကို အစွမ်းနိမ့်တယ်လို့ ခေါ်တာလား "

အလင်းလုံးသည် အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်ဘဲ တိတ်နေပြီးမှသာပြောလာ၏။

" မျှော်စင်ထဲကို ဝင်လာတဲ့သူက အရမ်း အစွမ်းနိမ့်နေလို့များလား .. ။ ဒါမှမဟုတ် .. တိုက်ဆိုင်သွားတာလဲ ဖြစ်နိုင်တာပဲ "

ပညာရှိကမူ မည်သို့မှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ နေနေသည်။

ထိုစဥ် ကံတရားမျှော်စင် အပြင်ဘက်၌ ...

" အကိုလျိုယွိ ၊ ဘယ်လိုလဲဗျ .. အဆင်ပြေရဲ့လား '

ကျန် အဘိုးအို သုံးယောက်က ​အလန့်တကြား မေးလိုက်ကြသည်။

" မျှော်စင်ဝိဥာဥ်က ငါ့ကို လိမ်ခဲ့တာ "

လျိုယွိမှာ ထိုစကားကို ပြောပြီးသည်နှင့် သတိမေ့မျောသွားတော့၏။

" ဘာတွေ ဖြစ်နေတာလဲ "

ကျန်သုံးယောက်မှာ နားမလည်နိုင် ဖြစ်သွားကြသည်။

အကြီးအကဲဝူက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ကျုပ် သွားကြည့်လိုက်မယ် "

ကျန်နှစ်ယောက်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက်တွင်မူ အကြီးအကဲ ဝူ တစ်ယောက် ကံတရားမျှော်စင်ထဲသို့ ဝင်သွားလိုက်၏။

အထဲ၌ လောထျန်း၏ ပုံရိပ်ယောင်နှင့် တွေ့သောအချိန်တွင်မူ သူ နားမလည်နိုင် ဖြစ်သွားရသည်။

အလင်းလုံးက ထုံးစံအတိုင်း စည်းမျဥ်းများ ရွတ်ပြ၏။ နောက်ဆုံးတွင်မူ သူ မနေနိုင်သဖြင့် ပြောလိုက်သည်။

" သတိထားနော် ၊ ဒီ ပုံရိပ်ယောင်က အစွမ်းနိမ့်ပေမယ့် သတိလက်လွတ်ဖြစ်လို့ မရဘူး "

အကြီးအကဲဝူက ခေါင်းညိတ်ကာ ပြန်ပြော၏။

" ကျုပ် သိတယ် "

အစောပိုင်းက လျိုယွိ၏ အခြေအနေက သူတို့အတွက် သင်ခန်းစာ ယူစရာတစ်ခု ဖြစ်ရာ သူ အနည်းငယ်မျှပင် သတိမလွတ်ရဲပါချေ။

ဝုန်း ...

ထို့နောက် ချက်ချင်းပင် သူ့ကိုယ်မှ အရောင်အဝါများအားလုံးကို ထုတ်လွှတ်လိုက်ပြီး အသင့်အနေအထားဖြင့် စောင့်နေလိုက်သည်။

၎င်းကို မြင်သောအခါ အလင်းလုံးက ရယ်မောရင်း ပညာရှိဘက်လှည့်၍ ပြော၏။

" အကိုကြိး တွေ့လား .. စောနက လူက သတိမထားလို့ ဖြစ်သွားရတာဗျ ။ ဒါပေမယ့် အခုတစ်ယာက်က  အဲ့လို ဖြစ်မှာ မဟုတ်ဘူး "

ပညာရှိကမူ မည်သို့မှ ပြန်မပြောပါချေ။

" သေစမ်းကွာ "

အကြီးအကဲဝူက အသံကျယ်ဖြင့် ညာသံပေးအော်ဟစ်ကာ  ရှေ့သို့ တဟုန်ထိုး တိုးသွားလိုက်သည်။

တစ်စက္ကန့် အကြာတွင်မူ ...

ဘုန်း ...

သူသည်လည်း ကံတရားမျှော်စင် အပြင်ဘက်သို့ လွင့်ထွက်သွားပြန်၏။

" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. "

အလင်းလုံးမှာ အံ့သြလွန်း၍ အလင်းတန်းအချို့ပင် လင်းသွားသည်။

ထိုအချိန် ဘေးတွင် ကြည့်နေသည့် ပညာရှိက မေးလာ၏။

" ဒါကရော တိုက်ဆိုင်တာပဲလား "

အလင်းလုံးမှာ မည်သို့မှ မဆိုနိုင်တော့ဘဲ တိတ်သွားတော့သည်။

၎င်းက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သင့်သည် မဟုတ်ပါလား ..

ပညာရှိက ထပ်မေးလာ၏။

" ဒါနဲ့ မင်းက ဒီပုံရိပ်ယောင် က အစွမ်းနိမ့်တယ်ဆိုတာကို ဘာတွေကြည့်ပြီး ဆုံးဖြတ်လိုက်တာ လဲ "

အလင်းလုံးက ပြန်ပြောလိုက်သည်။

ဘာလို့လဲဆိုတော့ ကျုပ် ဒီ ပုံရိပ်ယောင်ကို လုပ်နေတဲ့အချိန် အမှားပါသွားလို့ဗျ ။ ဒီ ပုံရိပ်ယောင်ရဲ့ အစွမ်းက ပိုင်ရှင်ရဲ့ မူလအစွမ်းရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူးဗျာ "

ပညာရှိ  အလွန်အံ့အားသင့်ကာ မျက်မှောင်ကြီး ကြုံ့သွားသည်။ ထို့နောက် သူ့လက်တဖက်ကို အသာအယာ ဝေ့ယမ်းလိူက်ရာ လောထျန်၏ ပုံရိပ်ယောင် ခေါင်းပေါ်၌ အလင်းတန်းတစ်ခု ပေါ်လာ၏။

ထို့နောက်တွင်မူ ပညာရှိကြီး မျက်မှောင်ပိုကြုံ့သွားတော့သည်။

" ဒါလား  ၁ %  ၊ မင်းလုပ်ထားတဲ့ဟာက အပုံတစ်ရာပုံ တစ်ပုံ မပြောနဲ့ ၊အပုံတစ်ထောင်ပုံလို့ တစ်ပုံစာတောင် မရှိဘူးကွ ။ အဲ့ထက်တောင် ပိုနည်းနေတယ် "

အလင်းလုံးစိတ်ဝိဥာဥ်က ပြန်ပြော၏။

" ဟုတ်တယ်ဗျ ၊ ဒါ့ကြောင့်မို့လဲ ကျုပ်က အရမ်း အစွမ်းနိမ့်တယ်လို့ ပြောခဲ့ ခဲ့တာ "

ပညာရှင်ကြီးက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

" ဖြစ်နိုင်ချေ တစ်ခုကိုရော မင်း မစဥ်းစားမိဘူးလား။ဒီ ပုံရိပ်ယောင်က မူလအစွမ်းရဲ့ အပုံတစ်ထောင်ပုံမှာ တစ်ပုံ မရှိရင်တောင် သူ့မှာ အစွမ်းထက်တဲ့ တိုက်ခိုက်စွမ်းရည် ရှိနေနိုင်တာပဲလေ "

အလင်းလုံးက ချက်ချင်း ခေါင်းယမ်းကာ ပြန်ပြော၏။

" မဖြစ်နိုင်ဘူးဗျ ၊ လုံးဝကို မဖြစ်နိုင်ဘူး ။ မူလအစွမ်းရဲ့ အပုံတစ်ထောင်ပုံမှာ တစ်ပုံထက် နည်းနေတာတောင် သာမာန် တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကို  ဖိချေနိုင်တဲ့ အစွမ်းမျိုး ရှိနေရင် . ဒီလူက လူရော ဟုတ်ပါဦးမလားဗျာ "

ပညာရှိက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ပြောလိုက်သည်။

" ကဲ .. ဒါဆို ဆက်ကြည့်လိုက်ကြတာပေါ့ "

ထိုစဥ် .. ကံတရားမျှော်စင် အပြင်၌ .. ကျန်နေသေးသည့် အဘိုးအိုနှစ်ယောက်က ဒဏ်ရာဆိုးဆိုးရွားရွား ရထားသည့် အကြီးအကဲဝူအား ဆွဲထူပေးလိုက်ကြသည်။

" အကြီးအကဲဝူ ..အဆင်ပြေရဲ့လားဗျ "

တစ်ယာက်က စိုးရိမ်တကြီး မေး၏။

အကြီးအကဲဝူက သွေးအန်ကာ ပြောသည်။

" အစွမ်းထက်လွန်းတယ် .. အစွမ်းထက်လွန်းတယ် "

" မျှော်စင့်အစောင့်ကို ပြောနေတာလား .. ၊ မျှော်စင်အစောင့် အစွမ်းထက်တာ မှန်ပေမယ့် အကြီးအကဲအနေနဲ့ဆို သူ့သိုင်းကွက်ကို ရှောင်ဖို့ အဲ့လောက်မခက်ပါဘူးဗျာ "

တစ်ယောက်က ​ပြန်ပြော၏။

" မဟုတ်ဘူးကွ .. အရင် မျှော်စင်အစောင့်ကို အသစ်တစ်ယောက်နဲ့ အစားထိုးသွားပြီ။ အခုတစ်ယာက်က အင်မတန် အစွမ်းထက်လွန်းတယ်။ မင်းတို့ကို မသွားဖို့ပဲ ငါ အကြံပေးချင်တယ် "

အကြီးအကဲဝူမှာ ပြောနေရင်းပင် ချေင်းများ တဟွတ်ဟွတ် ဆိုးနေသည်။

ကျန်နှစ်ယေက်မှာမူ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဝေခွဲမရနိုင်ဟန် ရှိနေကြ၏။

သို့သော် .. ထိုအချိန်မှာပင် ...

" အစွမ်းထက်တယ် ..ဟုတ်လား ။ အရှုံးသမားတွေရဲ့ မျက်လုံးထဲမှာတော့ အစွမ်းမထက်တဲ့သူ ဘယ်သူရှိသေးလို့လဲကွာ '

လူတစ်ယောက်က အေးစက်စက် ပြောလာသည်။

" ဘယ်သူလဲ "

ထိုစကားကို ကြားသည်နှင့် အကြီးအကဲဝူ၏ အပေါင်းအပါများအားလုံး ချက်ချင်း ဒေါသထွက်သွား၏။

သို့သော် အသံလာရာဘက် လှည့်ကြည့်လိုက်ပြီး နောက်တွင်မူ ပြောရန် ပြင်ထားသည့် စကားလုံးများကို ပြန်မျိုချကာ ဒေါသကိုလည်း မျိုသိပ်ထားလိုက်ရတော့သည်။

" ထျန်းယွမ်အင်ပါယာရဲ့ တပ်မှူးချုပ် ၊ ချင်လင်း ပဲ "

တစ်ယာက်က တအံ့တသြ ရေရွတ်လိုက်သည်။

ချင်လင်းမှာ ထျန်းယွမ်အင်ပါယာ၏ တပ်စုသုံးခုကို ဦးဆောင်ရသော တပ်မှုးချုပ် တစ်ယောက်ဖြစ်ပြီး  ဧကရာဇ်ကြီး လုချန်ကျိုး၏ လူယုံတော်တစ်ယောက်လည်း ဖြစ်ပါသည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာလည်း တုကျဲ့အဆင့်ကိုးသို့ ရောက်နေလေပြီ။

ဧကရာဇ်ကြီး လုချန်ကျိုးကို ခဏဖယ်ထားပါက သူသည် ထျန်းယွမ်အင်ပါယာ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ငါးယောက်ထဲမှ တစ်ယောက်အပါအဝင် ဖြစ်၏။

ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ ယခု သူ့နောက်တွင် လူပေါင်း ၃၀ ထက်မနည်း ပါလာကြခြင်းပင် ....

ထိုလူများ အားလုံးမှာလည်း တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်နေကြသေးသည်။

" ထျန်းယွမ် အစောင့်တပ်တွေလား "

အစောက ကျင့်ကြံသူမှာ ပို၍ပင် ကြောက်ရွံ့နေဟန် ပေါက်သွားသည်။

ထျန်းယွမ်အစောင့်တပ်ဖွဲ့မှာ လွန်ခဲ့သော နှစ်များစွာအကြာက ဧကရာဇ်ကြီး လူချန်ကျိုးကိုယ်တိုင် ဖွဲ့ထားခဲ့သည့် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသော လက်ရွေးစင် တပ်ဖွဲ့တစ်ခု ဖြစ်ပါသည်။

ထျန်းယွမ်အင်ပါယာတွင် အင်အားကြီးသော ဂိုဏ်းပေါင်းစုံနှင့် အစွမ်းထက်သူများ မရေမတွက်နိုင်စွာ ရှိသည့်တိုင်

ဧကရာဇ်ကြီး၏ တော်ဝငတပ်ဖွဲ့ အင်အားကမူ ကြောက်စရာအကောင်းဆုံးနှင့် အတည်ငြိမ်ဆုံး ပင် ..။

ဧကရာဇ်ကြီး လုချန်ကျိုးကိုယ်တိုင်မှာလည်း အစွမ်းထက်ရုံမက သူ ရွေးချယ်ဖွဲ့စည်းထားသည့် အဖွဲ့များကလည်း တုကျဲ့အဆင့် ကျင့်ကြံသူများဖြင့်သာ ဖွဲ့စည်းထားသည့်အတွက် ဤမျှ  ​အင်အားကြီးနေရခြင်းလည်း ဖြစ်၏။

" ဘာလဲ .. မင်းက ငါပြောတာ မယုံလို့လား "

ချင်လင်းက တဖက်မှ ကျင့်ကြံသူကို ကြည့်ကာ အေးစက်စက် ထပ်ပြောလိုက်သည်။

" မဟုတ်ပါဘူးဗျာ .. မလုပ်ဝံ့ပါဘူး .. "

ပြားပြားဝပ်သွားသည့် ထိုလူကို ကြည့်ကာ ချင်လင်းတစ်ယောက် စိတ်ကျေနပ်သွားပြီး လှောင်ပြုံး ပြုံးလိုက်၏။ ထို့နောက်တွင်မူ သူ ထိုလူအား လျစ်လျူ ရှုထားလိုက်တော့သည်။

" ငါ မျှော်စင်ထဲ ဝင်ရမှာ ပျင်းနေတယ်ကွာ ။ မင်းတို့ထဲက ဘယ်သူက ငါ့ကိုယ်စား အထဲဝင်ချင်လဲ  ။ အထဲမှာ ဘာဆုတွေ ရနိုင်လဲ သွားကြည့်ကြကွာ ။ တကယ်လို့ ဆုရခဲ့ရင်လဲ အားလုံး မင်းတို့အပိုင်ပဲ "

ချင်လင်းက အပြုံးဖြင့် ပြောလိုက်သည်။

" တပ်ချုပ်ကြီး ၊ ကျုပ် သွားပါ့မယ်  "

သူ့နောက်လိုက်များထဲမှ သက်လတ်ပိုင်းအရွယ်  လူတစ်ယောက်က ချက်ချင်း အော်ပြောလာ၏။

" ကျန်းချူ ပါလား . ၊ သွားလေ ။ ထျန်းယွမ်အစောင့်တပ်ကိုတော့ အရှက်မကွဲစေနဲ့နော်  "

ချင်လင်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ တပ်ချုပ်ကြီး "

ကျန်းချူက ထိုသို့ ပြောပြီးသည်နှင့် ကံတရားမျှော်စင်ထဲသို့ ချက်ချင်း ဝင်သွား၏။

ချင်လင်းက အကြီးအကဲဝူ၏ မိတ်ဆွေများအား လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

" ဟေ့.. သုံးစားမရတဲ့ကောင်တွေ၊ ငါ့လူက မျှော်စင်ပေါ် ဘယ်လိုတက်သွားလဲဆိုတာ သေချာဂရုစိုက်ပြီး ကြည့်ထား .... "

သို့သော် ...

ဘုန်း ..

သူ စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် သူ့လူက မျှော်စင်အပြင်ဘက်သို့ လွင့်စင်လာတော့၏။

" ဟင် .. "

ချင်လင်းတစ်ယောက် အလွန် အံ့သြမှင်သက်သွားရသည်။

" ဘာတွေ ဖြစ်နေတာလဲ ပြောစမ်း "

သူက လေသံမာမာဖြင့် အမိန့်ပေး၏။

" တပ်ချုပ်ကြီး .. အထဲကလူက .. အစွမ်းထက်လွန်းတယ်ဗျ "

ကျန်းချူက တုန်ယင်နေသည့် အသံဖြင့် ပြန်ပြောလိုက်သည်။

သူ ဒဏ်ရာပြင်းထန်စွာ ရထားသဖြင့် သူ့ခန္ဓာကိုယ် တစ်ဝက်လောက်တွင်လည်း သွေးများ ရွှဲနေကြ၏။

" ဘယ်ဘောက်တောင် သိက္ခာကျစရာ ကောင်းလိုက်သလဲကွာ ။ အခု ဘယ်သူ ထပ်သွားမလဲ "

ချင်လင်းက ဒေါသတကြီး အော်လိုက်သည်။

" တပ်ချုပ်ကြီး .. ကျုပ် သွားပါမယ် "

အခြားတစ်ယောက်က ချက်ချင်း ဝင်ပြောပြန်၏။

သို့သော် ...

သုံးစက္ကန့်မျှ အကြာတွင်မူ

ဘုန်း ...

သူသည်လည်း နောက်သို့ လွင့်စင်ထွက်လာရတော့သည်။

All Chapters