← Chapters

ကွာဟချက်

Vol. 15 Ch. 205

ကွာဟချက်

Vol. 15 Ch. 205

" တပ်ချုပ်ကြီး .. အထဲကလူက .. အံ့မခန်း အစွမ်းထက်တယ် "

ထျန်းယွမ်အစောင့် မှာ ထိုစကားကို ​ခက်ခက်ခဲခဲ အားယူ ပြောပြီးသည်နှင့် သတိမေ့လဲကျသွားတော့သည်။

" ဒါ .. "

ထိုအချိန်တွင် ချင်လင်းတစ်ယောက် အလွန်စိတ်ရှုပ်သွားရ၏။

ဘာတွေ ဖြစ်နေပါသနည်း .. ။

သူက အခြားသူများအား လှောင်ပြောင် ကြွားဝါ နေသည့် အချိန်မှာပင် ..

ထျန်းယွမ် အစောင့်တပ်သားနှစ်ယောက်က မျက်စိတစ်မှိတ်ခန့် အချိန်တိုအတွင်း မေ့လဲကျသွားခဲ့ရသည်လား ..

ထိုတခဏတွင် သူ့မျက်နှာကြီး အလွန်နီရဲလာတော့သည်။

" ချန်းချန် ဘယ်မှာလဲ "

ချင်လင်းက လေသံမာမာဖြင့် အော်မေးလိုက်သည်။

သူ့နောက်မှ ချန်းချန်က ရှေ့ထွက်လာ၏။

" ရှိပါတယ် တပ်ချုပ်ကြီး "

သူ ပြောသည်။

" ချန်းချန် ၊ အထဲဝင်ပြီး ဘာတွေ ဖြစ်နေလဲ သွားကြည့်စမ်း ။ သတိတော့ထားနော် "

ချင်လင်းက ပြန်ပြော၏။

" ဟုတ်ကဲ့ပါ တပ်ချုပ်ကြီး "

ချန်းချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက်

ကံတရားမျှော်စင်ထဲသို့ ဝင်သွားလိုက်သည်။

ဝှစ် ... ဝုန်း ....

ထိုအချိန်တွင် အားလုံးနောက်မှ လေထုကို ဖြိုခွင်းလာသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

" ဟား ဟား .. တပ်ချုပ်ကြီး ချင် က တကယ်ကို အစွမ်းထက်တာပဲ။ ကံတရားမျှော်စင်ကို ကျုပ်တို့ထက်တောင် ​စောပြီးရောက်နေတာဗျာ "

အသံတစ်သံက ပြောလိုက်သည်။

ချင်လင်းက အသံလာရာဘက် ခေါင်းလှည့်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။

" သခင်ကြီး ဖုန့်က မြှောက်ပင့်လွန်းနေပါပြီဗျာ။ သခင်ကြီးသာ တပည့်တွေကို ဂရုမစိုက်ရရင် ကျုပ်ထက်တောင် ပိုမြန်ဦးမှာပါ "

အစောက စကားပြောလိုက်သူမှာ ဝူယွိမသေမျိုးနန်းတော်၏ ဂိုဏ်းချူပ်ကြီး ဖုန့်လီထျန်း ပင် ။

" မနောက်ပါနဲ့ တပ်ချုပ်ကြီး ချင် ရာ ၊ တပ်ချုပ်ကြီး ချင်နဲ့ ကျုပ်တို့ကြားက အစွမ်းကွာဟချက်က အကြီးကြီး ရှိနေသေးတယ်ဗျ "

ဖုန့်လီထျန်းနောက်တွင် အခြားလူတစ်ယောက် ပေါ်လာပြီး ပြောလိုက်သည်။

" မိုးကြိုး ဂိုဏ်းရဲ့ ဂိုဏ်းခိုပ်ကြီး လျိုဝမ်ကျင့် ပါလား "

ချင်လင်းက ထိုလူအား အနည်းငယ် မျက်လုံးမှေး၍ ကြည့်ကာ ပြန်ပြော၏။

" ကျုပ်ကို မမြှောက်ကြပါနဲ့ဗျာ ။ အစွမ်းချင်း ယှဥ်မယ်ဆို ကျုပ်တို့ သုံးယောက်က သူမသာ ကိုယ်မသာတွေပါပဲ "

လျိုဝမ်ကျင့် နှင့်တကွ အခြားသူများအားလုံး ရယ်မောလိုက်ကြသည်။

ထိုအချိန်မှာပင် အကြီးအကဲ ဝူ ပြန်သတိရလာ၏။

ထို့နောက် အသစ်ရောက်လာသူများကို ကြည့်ကာ သူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

" ဝူယွိမသေမျိုးနန်းတော်နဲ့ မိုးကြိုးဂိုဏ်းက လူတွေ ရောက်နေကြပြီလား .. ။ သူတို့က ပထမတန်းအဆင့် အဖွဲ့တွေ ဖြစ်နေတော့  ဘာလှည့်ကွက် မှော်နည်းလမ်းကိုမှ သုံးစရာ မလိုဘဲနဲ့ တောင် တော်တော်မြန်ကြတာပဲ "

အကြီးအကဲဝူက ထိုသို့တွေးကာ သက်ပြင်းခိုးချလိုက်သည်။

ထိုစဥ် လျိုဝမ်ကျင့်က ဖုန့်လီထျန်းဘက် လှည့်ကြည့်ကာ ပြော၏။

" ဖုန့်လီထျန်း ၊ ကျုပ် ကြားတာတော့ တစ်ယောက်ယောက်က ခင်ဗျားတို့ ဝူယွိမသေမျိုးနန်းတော်ကို စစ်ကြေငြာလိုက်တယ်ဆို။ ဒါ အမှန်ပဲလား "

သူ့မေးခွန်းကို ကြားသောအခါ ဖုန့်လီထျန်း အနည်းငယ် မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောသည်။

" အမှန်ပဲ ၊ လောထျန်းလို့ ခေါ်တဲ့ လူငယ်က အရှက်မရှိဘဲနဲ့ ကျုပ်တို့ ဝူယွိမသေမျိုးနန်းတော်ကို ဖျက်ဆီးပစ်မယ်လ်ု့ ပြောခဲ့တာဗျာ "

လျိုဝမ်ကျင့်က ပြုံးသွားက ပြော၏။

" ဒါဆို .. ခင်ဗျားက မကြောက်ဘူးလား "

ဖုန့်လီထျန်းက သူ့ကို မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြောသည်။

" အဲ့လို အရူးတွေ အနည်းစုကတော့ နှစ်တိုင်း ရှိတတ်ကြတာပဲဗျာ ။ ဒီလို ဘာမဟုတ်တဲ့ သူတွေကိုမှ သွားဂရုစိုက်နေရင် ကျုပ်က ဝူယွိမသေမျိုး နန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီး ဘယ်ဟုတ်ပါတော့မလဲ "

လျိုဝမ်ကျင့်က အပြုံးဖြင့် ထောက်ခံလိုက်သည်။

" ဒါ အမှန်ပဲဗျ "

ထို့နောက် သူက ချင်လင်းဘက် လှည့်ကြည့်ကာ ​မေး၏။

" တပ်ချုပ်ကြီး ချင် ၊ အခု မျှော်စင်ထဲ ဝင်နေတဲ့သူက ဘယ်သူလဲဗျ "

ချင်းလင်က ပြန်ဖြေသည်။

" ချန်းချန် "

ထိုနာမည်ကြောင့် လျိုဝမ်ကျင့် အံ့အားသင့်သွားပြီး ပြော၏။

" ချန်းချန်က တပ်ချုပ်ကြီးရဲ့ ညာလက်ရုံးမဟုတ်လားဗျ ။ သူ့ကို အစောကြီးတောင် ပေးသွားနေပြီပေါ့ ။ ကြည့်ရတာ တပ်ချုပ်ကြီးက အလေးအနက်  လုပ်နေတာနဲ့တူတယ် "

ချင်လင်း က မည်သို့မှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

ချန်းချန်၏ လုပ်နိုင်စွမ်းကို သူ ယုံကြည်မှု အပြည့် ရှိပါသည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဘုန်း ..

အသံကျယ်တစ်သံနှင့်အတူ ချန်းချန်တစ်ယောက် ကံတရားမျှော်စင် အပြင်ဘက်သို့ လွင့်ထွက်လာတော့၏။

" ဟင် ..ချန်းချန် ၊ ဘယ်လိုဖြစ်ပြီး ... "

ချင်လင်းက ချန်းချန်အား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။

ထိုအချိန်တွင် ချန်းချန်၏ ရင်ဘတ်ပေါ်၌ လက်သီးရာကြီး တစ်ခု ရှင်းရှင်းလင်းလင်း ထင်နေပြီး ဒဏ်ရာပြင်းထန်စွာ ရထားမှန်း သိသာနေ၏။

" တပ်ချုပ်ကြီး ... အစွမ်းထက်လွန်းတယ်ဗျ ... "

ချန်းချန်က အံကြိတ်ရင်း ကြိုးစားပြောလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ "

ဖုန့်လီထျန်းမှာလည်း အလွန်အံ့သြတုန်လှုပ်သွား၏။

ချန်းချန်မှာ အလွန်အစွမ်းထက်သူ တစ်ယောက် ဖြစ်ကြောင်းကို သူ သေချာ သိထားပြီး ဖြစ်ပါသည်။

သူသည် တပ်မှူးချုပ် ချင်လင်း၏ ဘေးတွင် ထျန်းယွမ်အစောင့်တပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထန်းဆောင်နေခဲ့သည်မှာ လည်း ကြာခဲ့လေပြီ ။

အကယ်၍ သူ့ကိုသာ  ထျန်းဟွမ်အင်ပါယာမှ အခြားအဖွဲ့များတွင် ထည့်လိုက်ပါက  ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်ပင် ထိုက်တန်သူလည်း ဖြစ်၏။

ထိုသို့သော လူတစ်ယောက်က အဘယ့်ကြောင့် အလွယ်တကူ ဒဏ်ရာရသွားခဲ့ရသနည်း။

" ပထမထပ်က မျှော်စင်အစောင့်က ပြောင်းသွားပြီ။ အခုတစ်ယောက်က မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်တယ် "

ချန်းချန်က မရှိရှိသည့် အားကို စုစည်း၍ ပြောလိုက်သည်။

" မင်း သိုင်းကွက် ဘယ်နှကွက်ကို ခံနိုင်ခဲ့လဲ "

ချင်လင်းက မေးသည်။

" နှစ်ကွက်ပါ "

ချန်းချန်မှာ ထိုသို့ ပြန်ဖြေပြီးသည်နှင့် စကားထပ်ပြောရန် အားပင် မကျန်တော့ပါချေ။

၎င်း ကို မြင်သောအခါ ချင်လင်း နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာများလည်း ချက်ချင်း တည်သွားကြသည်။

" ဒီ ကံတရားမျှော်စင်ရဲ့ ပထမထပ်က မျှော်စင်အစောင့်ကို အစားမထိုးတာ နှစ်တွေ ဒီလောက်တောင် ကြာနေခဲ့ပြီ။ အခုမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး လူပြောင်းလိုက်ရတာလဲ။ ပြီးတော့ လူအသစ်ကလဲ အဲ့လောက်တောင် အစွမ်းထက်တယ် ..?  "

ချင်လင်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

ဖုန့်လီထျန်းက ဝင်ပြော၏။

" ကျုပ် ကြားတာတော့ ကံတရားမျှော်စင်မှာ ရတနာတစ်ခု ဖွက်ထားတယ်တဲ့။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီ ရတနာကို ဘယ်သူမှ မမြင်ဖူးခဲ့ကြဘူး။ အခုက ရုတ်တရက်ကြီး ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်လာတာဆိုတော့ ကြည့်ရတာ ဒီ ရတနာက ပေါ်လာတော့မှာလား မသိဘူး "

စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ ချင်လင်းနှင့် လျိုဝမ်ကျင်း တို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။

ချင်လင်းက လက်သီးဆုပ်ကာ ပြောလာ၏။

" အထဲမှာ ပုံမှန်မဟုတ်တဲ့  တစ်ခုခုတော့ ဖြစ်နေတာ သေချာတယ်။ ကျုပ်ကိုယ်တိုင်ပဲ သွားကြည့်လိုက်မယ် "

သူက ထိုသို့ပြောပြီးသည်နှင့် အထဲဝင်ရန် ခြေလှမ်းပြင်လိုက်သည်။

" ခဏနေပါဦး တပ်ချုပ်ကြီးချင် ၊ တပ်ချုပ်ကြီးက အဆင့်မြင့် အရာရှိတစ်ယောက်လေဗျာ ၊ ဒီတော့ ကျုပ်ပဲ သွားပါရစေ "

ဖုန့်လီထျန်းက အပြုံးဖြင့် ပြောလာသည်။

အမှန်တွင်မူ ချင်လင်းသာ အရင်ဝင်သွားခဲ့ပါက ရတနာအား ချင်လင်းတစ်ယောက် ရသွားမည်ကို စိုးရိမ်၍သာ သူ ထိုသို့ ပြောလိုက်ခြင်းပင်။

လျိုဝမ်ကျင့် ကလည်း ပြော၏။

" ခင်ဗျားတို့နှစ်ယောက်က ရန်ဖြစ်လိုက်ကြဦး ၊ ကျုပ် အရင် ဝင်လိုက်မယ် "

စကားဆုံးသည်နှင့် လျိုဝမ်ကျင့်က ကံတရားမျှော်စင်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။

" ရပ်လိုက်စမ်း "

ကျန်နှစ်ယောက်လုံး အထိတ်တလန့် ဖြစ်သွားကာ ကံတရားမျှော်စင် အပေါက်ဝသို့ တစ်ပြိုင်နက်တည်း ပြေးသွားကြ၏။

သို့သော် သူတို့ ခြေတစ်လှမ်းခန့် နောက်ကျသွားခဲ့သဖြင့် လျိုဝမ်ကျင်းကသာ မျှော်စင်ထဲသို့ အရင်ရောက်သွားတော့သည်။

" ဒီကောင်တော့လား .. "

ချင်လင်း နှင့် ဖုန့်လီထျန်း တို့ နှစ်ယောက်လုံး အံကြိတ်လိုက်ကြ၏။

ကံတရားမျှော်စင်၏ ပထမထပ်သို့ တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဝင်နိုင်ပေရာ ..

လျိုဝမ်ကျင့်က ရှုံးနိမ့်ပြီး ပြန်ထွက်လာသည်ဖြစ်စေ ၊ ဒုတိယအထပ်သို့ တက်သွားခဲ့သည်ဖြစ်စေ .. ထိုအထဲမှ ရလဒ်တစ်မျိုးမျိုး ရသွားမှသာ သူတို့ ဆက်ဝင်၍ ရမည်ဖြစ်သည်။

ထိုအချိန် .. မျှော်စင်ပထမထပ်ထဲမှ အလင်းလုံးနှင့် ပညာရှိ စိတ်ဝိဥာဥ်တို့မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပြောနေကြ၏။

" အကိုကြီး ၊ ရှေ့က ကောင်တွေက အစွမ်းနိမ့်လို့သာ ဒီ ပုံရိပ်ယောင်က အစွမ်းထက်သလို ထင်နေရတာဗျ။ မယုံရင် အစွမ်းဖက်တဲ့ လူတစ်ယောက်လာတာကိုသာ စောင့်ကြည့်လိုက်ဗျာ။ အဲ့ကျရင် ရှင်းရှင်းလင်းလင်း မြင်သွားရလိမ့်မယ် "

အလင်းလုံးက သူ့စကားသူ လုံးဝ ယုံကြည်ထားဟန်ဖြင့် ပြောလိုက်သည။

ထိုစဥ်မှာပင် လျိုဝမ်ကျင့်က မျှော်စင်ပထမထပ်သို့ ဝင်လာ၏။

" မျှော်စင် စိတ်ဝိဥာဥ်သခင်ကြီး ၊ ကျုပ် ထပ်ရောက်လာပြီဗျာ "

လျိုဝမ်ကျင့်က ရယ်ရင်း ပြောလိုက်သည်။

သူ့ကို မြင်သောအခါ အလင်းလုံးက ရုတ်တရက် အရောင်လက်သွား၏။

" ကျုပ် မှတ်မိသလောက်ဆိုရင် ဒီကောင်က အရင်တစ်ခါတုန်းက လေးထပ်အထိကို တောက်လျှောက် တက်သွားနိုင်ခဲ့တာဗျ။ လေးထပ်ရောက်မှ  စိတ်ဝိဥာဥ်အမကြီးရဲ့ လက်ချက်နဲ့ သေလုမျောပါး နီးနီးအထိ အရိုက်ခံခဲ့ရတာ။ ဒါပေမယ့် သူက ထွက်ပြေးသွားနိုင်ခဲ့တယ်။ သူ့အစွမ်းက တုကျဲ့အဆင့် ကျင့်ကြံသူတွေထဲမှာ အကောင်းဆုံး လို့တောင် ပြောလို့ရတယ်ဗျ။ ဒီတော့ သူသာ တိုက်ခိုက်လိုက်ရင် ပုံရိပ်ယောင်က ဘယ်လောက် အစွမ်းနိမ့်တယ်ဆိုတာကို မြင်ရမှာပဲ "

အလင်းလုံးက သူယုံကြည်ထားသည်ကို ဇွဲမလျှော့သေးဘဲ ဆက်ပြောသည်။

ပညာရှိက ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။

" ကောင်းပြီလေ၊ ဒါဆိုလဲ ကြည့်ကြတာပေါ့ "

ထို့နောက် အလင်းလုံးက ချက်ချင်း နေရာရွှေ့သွားကာ လျိုဝမ်ကျင့်အနားသို့ ရောက်သွားပြီး ပြောလိုက်သည်။

" ကောင်းပြီ ။ စိန်ခေါ်မှုကို စတာနဲ့ မင်းရဲ့ အစွမ်းကုန် သုံးပြီး တိုက်ခိုက်ပါ ။ အစွမ်းကို လုံးဝ ထိန်ချန်မထားနဲ့ "

လျိုဝမ်ကျင့်က အပြုံးဖြင့် ပြန်ပြော၏။

" စိတ်မပူပါနဲ့ သခင်ကြီး ၊ ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ "

သူက ထိုသို့ပြောကာ လက်ဝါးနှစ်ဖက်ကို ဖြန့်လိုက်သည်။

ဂျုန်း ...

သူ့လက်ဝါးထဲ၌ လျှပ်စီး အလင်းတန်းနှစ်ခု ချက်ချင်း စုစည်းလာ၏။

" ဟီးဟီး .. ဒီလူရဲ့ လျှပ်စီးက အင်မတန် အစွမ်းထက်တယ်ဗျ ။ အရင် မျှော်စင်အစောင့်ကဆို သူနဲ့ သိုင်းကွက်နှစ်ဆယ်ကျော်လောက် တိုက်ခိုက်ပြီးမှသာ သူ့ကို ဖိနှိပ်နိုင်သွားတာ။ အခု သူ တိုက်ခိုက်တဲ့ပုံကိုသာ ကြည့်လိုက်ဗျာ "

အလင်းလုံးက ပညာရှိဘေးသို့ ပြန်ရောက်သွားကာ အပြုံးဖြင့် ဆိုသည်။။

ထိုအချိန်မှာပင် လိုင်ဝမ်ကျင့်က လှုပ်ရှားလိုက်၏။

" မိုးကြိုးလက်သီး .. "

ဘုန်း ...

ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့်ပင် ဆင်တူသော ထိုလက်သီးချက် အစွမ်းက လောထျန်း၏ ပုံရိပ်ယောင်ဆီသို့ ချက်ချင်း တိုးဝင်သွားသည် ။

သို့သော် လောထျန်း၏ ပုံရိပ်ယောင်မှာ တိမ်းရှောင်ခြင်း မပြုဘဲ  ရှေ့သို့သာ လက်သီးဖြင့် ပြန်ထိုးလိုက်၏။

လျိုဝမ်ကျင့်၏ လက်သီးနှင့် ယှဥ်လိုက်လျှင်မူ လောထျန်း၏ လက်သီးချက်သည်  သာမာန်လက်သီးချက်တစ်ခုသာ ဖြစ်ပြီး မည်သို့သော အထူးစွမ်းအင်မျိုးမှ ပါမနေချေ။

" အကိုကြီး တွေ့လား ၊ အခုဆို အနိုင်ရသူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီးကို မြင်နေရပြီ "

အလင်းလုံးက အပြုံးဖြင့် ပြောလိုက်သည်။

သို့သော် ....

လျိုဝမ်ကျင့်၏ လက်ထဲမှ မိုးကြိုးစွမ်းအင်များက ချက်ချင်းပင် ပြိုကွဲသွား၏။

ထို့နောက်တွင်မူ လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့သွားပြီး လျိုဝမ်ကျင့်တစ်ယောက် နောက်သို့ လွင့်စင်သွားကာ မျှော်စင်၏ နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားတော့သည်။

ပညာရှိက ထိုမြင်ကွင်းက်ု ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

" အင်း . အနိုင်ရတဲ့သူကတော့ ရှင်းပါတယ် "

အလင်းလုံး မည်သို့မှပင် ပြန်မပြောနိုင်တော့ချေ။

ထိုစဥ်မှာပင် .. တဖက်မှ လောထျန်း၏ ပုံရိပ်ယောင်က လှစ်ခနဲ လှုပ်ရှားသွားကာ လျိုဝမ်ကျင့်နောက်သို့ ပြေးလိုက်သွား၏။

" မင်း .. "

ထိုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရထားသည့် လျိုဝမ်ကျင့်မှာ တဖက်လူအား အနိုင်ယူနိုင်မည် မဟုတ်သည်ကို သိထားပြီးဖြစ်သည့်အတွက် နောက်လှည့်၍သာ ထွက်ပြေးလိုက်သည်။

သူ့ခန္ဓာကိုယ်ကလည်း လျှပ်စီးတစ်ခုအဖြစ် ပြောင်းသွားသဖြင့် သူ့အမြန်နှုန်းမှာ အံ့မခန်း ဖြစ်သွား၏။

သို့သော် .. ဘုန်း ...

သူ ပေအနည်းငယ်မျှသာ ထွက်ပြေးရသေးစဥ်မှာပင် နောက်ထပ် လက်သီးချက်တစ်ခုကြောင့် လဲကျသွားရပြန်သည်။

အု ..

သူ့ပါးစပ်ထဲမှ သွေးအချို့ ချက်ချင်း ထွက်ကျလာ၏။

သို့သော် သူ ခဏတာမျှပင် အချိန်မဆွဲရဲဘဲ မိုးကြိုးလျှပ်စီးအဖြစ် ချက်ချင်း ပြန်ပြောင်းကာ  ထွက်ပြေးလိုက်ပြန်တော့သည်။

သို့သော် ... နောက်ထပ် ပေအနည်းငယ် ပြေးအပြီးမှာပင် လောထျန်း၏ ပုံရိပ်ယောင်က သူ့အား လက်သီးဖြင့် သုံး ၊ လေး ချက် ထိုးလိုက်ပြန်၏။

ထိုအတိုင်း နောက်ထပ် ၇ ၊၈ ကြိမ်ခန့် ထပ်ဖြစ်ပြီးသွားသည့် အချိန်တွင်မူ လျိုဝမ်ကျင့်တစ်ယောက် သေလုမျောပါးပင် ဖြစ်နေလေပြီ ။

" စိတ်ဝိဥာဥ် သခင်ကြီး ၊ ကယ်ပါဦးဗျာ .. ဒီမှာပဲ ရပ်လိုက်ပါတော့ "

သူ အော်ပြောလိုက်သည်။

All Chapters