← Chapters

ဒါလား အံ့မခန်း အစီအစဥ်

Vol. 16 Ch. 216

ဒါလား အံ့မခန်း အစီအစဥ်

Vol. 16 Ch. 216

ယွိလောင်မှာ အထင်သေးသည့် မျက်နှာထားဖြင့်သာ ရှိနေသည်။

နျိုထျဲ့ချူက နတ်ဘုရား သားရဲတစ်ကောင် ဖြစ်နေလျှင်ပင် ကွေ့ရှအဆင့်သာ ရှိသေးသော ထိုသားရဲက သူကဲ့သို့ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့၌ ဘာလုပ်နိုင်ပါမည်နည်း။

ကွေ့ရှအဆင့် နှင့် တုကျဲ့အဆင့် ကျင့်ကြံခြင်း ၂ ခုကြားတွင် ကြီးမားသော ကွာဟချက်ကြီး ရှိနေသည် မဟုတ်ပါလား ။

သို့သော် .. ထိုစဥ်မှာပင် ..

နျိုထျဲ့ချူ၏ တင်းပုတ်က သူ့ကို ရိုက်မိသွားပြီး အဘိုးကြီး ယွိလောင် နောက်သို့ လွင့်ထွက်သွား၏။

သွေးများလည်း ပန်းထွက်လာသည်။

" သခင်ကြီး ယွိ "

တဖက်မှ ဝမ့်ရှီချွမ် အံ့သြတုန်လှုပ်သွားရသည်။

အစောပိုင်းတွင် မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေခဲ့သည့် သခင်ကြီး ဟွိက အခြားသူတစ်ယောက်ကြောင့် နောက်သို့ လွင့်သွားရသည်လား ..

ဝှစ် ..

ထိုစဥ် တဖက်မှ ဟွိလောင်က လေထဲ၌ပင် မိမိကိုယ်ကို ခက်ခက်ခဲခဲ ပြန်ထိန်းလိုက်နိုင်၏။ သို့သော် သူ့မျက်နှာတစ်ပြင်လုံးကမူ သွေးများ ရွှဲနေလေပြီ ။

သူက နျိုထျဲ့ချူအား အံ့သြတကြီး ကြည့်ကာ ပြောလိုက်သည်။

" မင်း ... မင်းက တုကျဲ့အဆင့်မှာပဲ ၊ ဒါဆို .. ရထားတဲ့ သတင်းက မှားနေတာပေါ့ "

အစောပိုင်းက နျိုထျဲ့ချူ ရိုက်လိုက်သည့်အချိန်တွင် နောက်ဆုံးစက္ကန့်ပိုင်းလောက်၌ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိထားမိသွားခဲ့ပြီး ချက်ချင်း အားကုန်သုံး၍ နောက်ဆုတ်ရှောင်တိမ်းခဲ့၏။ ထို့ကြောင့်သာ သူ အသက်ဆုံးသည်အထိ ဒဏ်ရာမရခဲ့ခြင်း ဖြစ်ပါသည်။

သို့မဟုတ်ဘဲ ရပ်မြဲအတိုင်းသာ ရပ်နေခဲ့ပါက ယခုဆိုလျှင် သူ သေနေလောက်လေပြီ ။

" ဘယ်လို .. တုကျဲ့အဆင့်မှာ .. "

ထိုစကားကို ကြားသောအခါ ဝမ့်ရှီချွမ်၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွားသည်။

သူ လောထျန်းဘက် လှည့်ကြည့်ကာ ပြော၏။

" ဒီလိုလား .. တုကျဲ့အဆင့်ရှိတဲ့ နတ်ဘုရားသားရဲက မင်းရဲ့ ဝှက်ဖဲ ပေါ့လေ "

လောထျန်း : " ငါ ... "

သို့သော် .. သူ စကားစလိုက်စဥ်မှာပင် ဝမ့်ရှီချွမ်က ဆက်ပြောသည်။

" ဟား ဟား .. တုကျဲ့အဆင့် ရှိတဲ့ နတ်ဘုရားသားရဲတစ်ကောင်က တကယ်လဲ အစွမ်းထက်ပါတယ်။ သူတို့ကို ခုခံနိုင်ကြတဲ့ တုကျဲ့အဆင့် လူသားတွေတောင် နည်းနည်းလေးပဲ ရှိတာ ။ ဒါပေမယ့် တုကျဲ့အဆင့် နတ်ဘုရားသားရဲ တစ်ကောင်တည်းနဲ့တော့ တုကျဲ့အဆင့်က အစွမ်းထက် ကျင့်ကြံသူ လူ သုံးယောက်ကို မနိုင်ပါဘူးကွာ ။ ပြီးတော့ မင်းမှာ နောက်ထပ် တုကျဲ့အဆင့် နတ်ဘုရားသားရဲတွေ ရှိဖို့ကလဲ မဖြစ်နိုင်ဘူးလေ "

ဝမ့်ရှီချွမ် ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်ကြုတ်မှုများဖြင့် ပြည့်နေတော့သည်။

သို့သော် .. ထိုအချိန်တွင် ..

" အမေ .. ဘာဖြစ်သွားတာလဲ "

အလင်းတန်း လိုက်ကာမှ နောက်ထပ် အသံတစ်သံ ထပ်ထွက်လာ၏။

ဝုန်း ..

အသံနှင့် မရှေးမနှောင်းမှာပင် နျိုထျဲ့ချူထက် အရပ်အနည်းငယ်ရှည်သည့် လူတစ်ယောက်က ဘယ်ကမှန်းမသိ ပေါ်လာသည်။

ထိုလူထံမှလည်း ရက်စက်ကြမ်းကြုတ်သည့် အရောင်အဝါတစ်ခု လွင့်ပျံနေ၏။

သူ့ကို မြင်သည်နှင့် အဘိုးကြီး ယွိလောင် အံ့သြတုန်လှုပ်သွားပြန်သည်။

" မင်း .. မင်းကလဲ တုကျဲ့အဆင့် ရှိနေတာပါလား "

နျိုဝူဖုန်းက ယွိလောင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်၍ ပြော၏။

" ကျုပ်က မနေ့ကမှ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ကျော်ဖြတ်နိုင်ခဲ့တာ ။ ခု ဘာတွေ ဖြစ်နေကြတာလဲ "

" မင်းက နတ်ဘုရားသားရဲ တစ်ကောင်လား "

ယွိလောင်က ထပ်မေးလိုက်သည်။

နျိုဝူဖုန်းက ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်လေ ၊ ဘာ ပြဿနာရှိလို့လဲ "

ယွိလောင်တစ်ယောက် အလွန်အံ့သြမှင်သက်ကာ စကားဆက်မဆိုနိုင် ဖြစ်သွားရသည်။

ဘာတွေ ဖြစ်နေပါသနည်း ။

သူတို့ ရထားခဲ့သည့် သတင်းတွင် ထိုလူက ထုံရွှယ်အဆင့်သာ ရှိသည်ဟု ပြောထားသည် မဟုတ်ပါလား ။

သို့သော် .. ယခု ထိုလူက အဘယ့်ကြောင့် တုကျဲ့အဆင့် ဖြစ်နေရပါသနည်း .. ။

သူတို့ ရထားသည့် သတင်းက လွဲနေသည်လား ..

ထိုတခဏတွင် သူ့မျက်လုံးထဲ၌ အမုန်း နှင့် ဒေါသတို့ဖြင့် ပြည့်သွား၏။

ဝမ့်ရှီချွှမ်မှာလည်း အံ့အားသင့်နေသည့်တိုင် ချက်ချင်း စိတ်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။

" သခင်ကြီးယွိ ၊ မစိုးရိမ်ပါနဲ့ဗျာ။ တုကျဲ့အဆင့် နတ်ဘုရားသားရဲက ၂ ကောင်ဖြစ်နေရင်တောင် ကျုပ်တို့ဘက်က လူအင်အား ပိုသာတယ်လေ "

သို့သော် .. သူ ထိုသို့ ပြော​ပြီးပြီးချင်းမှာပင် ..

ဝုန်း ..

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။

" ငါတို့ ပျောင်ပိုင်မြို့ထဲကို ခိုးဝင်ဖို့ ကြိုးစားရဲတာ ဘယ်ကောင်လဲ "

၎င်းနှင့်အတူ ကျယ်လောင်သည့် အော်သံတစ်သံလည်း ထွက်လာသည်။

ထို့နောက်တွင်မူ ကောင်းကင်ကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားနိုင်ဟန်ရှိသည့် ဧရာမ ပုံရိပ်တစ်ခု ရောက်လာ၏။

" ဒါ .. တုကျဲ့အဆင့်ရှိတဲ့ နတ်ဘုရားသားရဲ နောက်တစ်ကောင်လား .. "

အဘိုးကြီးယွိမှာ မေ့လဲကျလုမတတ်ပင် ဖြစ်သွားရသည်။

တုကျဲ့အဆင့်ရှိသည့် နတ်ဘုရားသားရဲ သုံးကောင်ကို သူတို့ မည်သို့ အနိုင်ယူရပါတော့မည်နည်း ..။

ဝမ့်ရှီချွမ်မှာလည်း အလွန်မျက်နှာပျက်နေ၏။ ထို့နောက် သူက လောထျန်းဘက်သို့ ဖျတ်ခနဲလှည့်ကြည့်ကာ ပြောလိုက်သည်။

" မင်းက တော်တော် ရွံစရာကောင်းတဲ့ ကောင်ပဲ ။ မင်းက ဒီသားရဲတွေရဲ့အစွမ်းကို တမင် ဖုံးခိုင်းထားပြီးတော့တောင် ငါတို့ကို ဒုက္ခပေးဖို့ ကြံစည်ထားတယ်ပေါ့လေ "

သူ့စကားကြောင့် လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" မင်း အရှက် နည်းနည်းလေးတောင် မရှိဘူးလား ။ မင်းတို့က ငါ့ကိုလဲ တိုက်ခိုက်ချင်သေးတယ် ၊ ငါနဲ့ ထိပ်တိုက် တိုက်ခိုက်ဖို့ကျတော့လဲ မလုပ်ရဲကြဘူး ။ အဲ့အစား ငါ့မိသားစုကို သတ်ဖို့တောင် လုပ်ခဲ့ကြတာ။ အခု မင်းတို့ မျှော်လင့်ထားသလို ဖြစ်မလာတော့မှ ငါ့ကို ရွံစရာကောင်းတဲ့သူလို့ လာပြောနေတယ်ပေါ့ "

ဝမ့်ရှီချွမ်တစ်ယောက် ခွန်းတုန့်မပြန်နိုင်ဘဲ ဖြစ်သွား၏။

မည်သည့် ရှုထောင့်မှ ကြည့်သည်ဖြစ်ပါစေ သူ့ဘက်က အလွန်ပင် မဟုတ်ပါလား ...

အစပိုင်းတွင် သူသည် လောထျန်း၏ မိသားစုကို အသုံးချကာ လောထျန်းအား သူ့ကိုယ်သူ သတ်သေခိုင်းမည်ဟု စဥ်းစားထားခဲ့သည်။

သို့သော် ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့်သာ ကြုံရလိမ့်မည်ဟု သူ မည်သို့ တွေးထားမိပါမည်နည်း။

" သခင်ကြီး ယွိ ၊ နောက်ဆုတ်ကြတော့ ။ နောက်မှ ရေရှည်အစီစဥ်တစ်ခု ပြန်ဆွဲတော့မယ် ။ သူတို့ဘက်မှာက တုကျဲအဆင့် ၃ ယောက်ပဲ ရှိတာဆိုတော့ သခင်ကြီးတို့ကို ဖမ်းထားနိုင်မှာ မဟုတ်ဘူး ။ မြန်မြန်သာ နောက်ဆုတ်ကြပါ "

ဝမ့်ရှီချွင်မှု မည်သို့မှ မတတ်နိုင်တော့ဘဲ နောက်ဆုတ်ရန်သာ ပြောလိုက်ရတော့သည်။

သို့သော် .. သူ့စကားဆုံးသည့် အချိန်မှာပင် ..

ဝုန်း ... ဝုန်း ... ဝုန်း ...

ပျောင်ပိုင်မြို့ထဲမှ ကြောက်မက်ဖွယ် အရောင်အဝါ သုံးခု ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအရောင်အဝါများမှ ဖိအားမှာ အစောပိုင်းက နျိုထျဲ့ချူနှင့် ကျန်နှစ်ယောက်ထက်ပင် ပို အားပြင်းနေသေးသည်။

" မင်းတို့က ပျောင်ပိုင်မြို့ကို လာပြီး ပြဿနာ ရှာရဲနေတယ်ပေါ့လေ ။ ဘာလဲ ကိုယ့်ကိုကိုယ် အသက်ရှည်လွန်းလှပြီလို့ ထင်နေတာလား "

ကျန်းယွီက သူ့လက်ထဲမှ ဓားကိုမြှောက်၍ မျက်နှာသုန်မှုန်စွာ ပြောလိုက်သည်။

တဖက်မှ အဘိုးကြီးယွိက မည်သို့မှ မတုန့်ပြန်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာကာ သူ့ကိုယ်အား လှည့်ပတ်လာ၏။

" မင်းတို့ သုံးယောက်က သေချင်နေကြတာလား "

ဖုချင်းလျန် ကလည်း လူသတ်အရိပ်ဖြင့် ပြည့်နေသည့် အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

သူ့ရှေ့မှ အသစ်ပေါ်လာသည့် လူသုံးယောက်ကို ကြည့်ကာ ယွိလောင်၏ ရင်ထဲ လေးလံသွားသည်။

ထိုသုံးယောက်၏ အရောင်အဝါကို ကြည့်ခြင်းဖြင့်ပင် သူတို့က တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိနိုင်သည် မဟုတ်ပါလား ။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း သေချာ မသိပါဘဲ ထိုသုံးယောက်၏ အရောင်အဝါက သာမာန် တုကျဲ့အဆင့် ကျင့်ကြံသူများထက် များစွာ ပိုကြောက်စရာကောင်းသည်ဟု သူ ခံစားနေရ၏။

လက်ရှိ တုကျဲ့အဆင့် ၉ ရှိထားသည့် ထိပ်တန်း ကျင့်ကြံသူတစ်ယောက်ဖြစ်သော ထျန်းယွမ်အင်ပါယာ၏ တပ်ချုပ်ကြီး ချင်လင်းသည်ပင် ထိုလူများထက် များစွာ ပိုအစွမ်းနိမ့်ပေသည်။

သူတို့သုံးယောက်မှာ ဘီလူးကဲ့သို့ အစွမ်းထက်ကြသည့် ကျင့်ကြံသူများ ဖြစ်ကြကြောင်း ယုံမှားဖွယ် မရှိပါချေ။

" ဝမ့်ရှီချွင် ၊ မင်းက ငါ့ကို လှည့်ကွက်သုံးပြီး လှည့်ဖျားဖို့ ကြိုးစားနေတာလား ။ မင်းပေးတဲ့ အချက်လက်တွေက ဘာမှလဲ သုံးစားမရဘူး "

ယွိလောင်က အလင်းတန်းလိုက်ကာ တဖက်မှ ဝမ့်ရှီချွမ်အား ဒေါသတကြီး အော်လိုက်သည်။

ထို့နောက်တွင်မူ ယဲ့ထုံလင်း နှင့် ကျန်လူများအားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

မကြာမီမှာပင် အလင်းတန်းလိုက်ကာလည်း ပျက်စီးသွားတော့သည်။

တဖက်မှ လူများ၏ အခြေအနေကိုမူ တွေးကြည့်စရာပင် မလိုတော့ပေ ...

" မင်းရဲ့ တတိယအဆင့် အစီအစဥ်က ဒါလား .. "

လောထျန်းက သိချင်နေဟန်ဖြင့် မေးလိုက်သည်။

" မင်း .. "

ဝမ့်ရှီချွမ်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်နေတော့၏။

ထိုအချိန်မှာပင် လောထျန်းနောက်မှ တီးတိုးစကားသံများလည်း ထွက်လာကြသည်။

ထိုအစီအစဥ်ကို ဝမ့်ရှီချွမ်နှင့် သူ့ဆရာတို့ နှစ်ယောက်သား အချိန်ကြာကြာယူကာ ဂရုတစိုက် စီစဥ်ထားခဲ့ကြပြီး လွဲချော်စရာအကြောင်း မရှိနိုင်ဟုသာ တွေးထားခဲ့ကြ၏။ သို့သော် .. ယခုကဲ့သို့ ဆိုးဆိုးရွားရွား ကျရှုံးသွားခဲ့ရသည်လား ...

လောထျန်းသည် အစပိုင်းကတည်းက ယခုအချိန်ထိ မည်သည့် တိုက်ခိုက်မှုကိုမှ မလုပ်ခဲ့သေးသော်လည်း သူတို့၏ အစီအစဥ် သုံးခုလုံး ပျက်စီးသွားခဲ့ရလေပြီ ။

ထိုစဥ် .. လူအုပ်ကလည်းစကားများ ခပ်ကျယ်ကျယ် ပြောလာကြသည်။

" ယုံချင်စရာတောင် မကောင်းဘူး ။ ငါက ဒီလူရဲ့ အံ့မခန်း အစီအစဥ်တွေကို တော်တော်အစွမ်းထက်တယ်လို့ ထင်နေခဲ့တာ ။ ဒါပေမယ့် ရလဒ်က ဒီလိုတဲ့လားကွာ "

" အမှန်ပဲ ၊ အစပိုင်းတော့ ငါလဲ နည်းနည်း စိတ်ပူနေခဲ့သေးတယ်။ အခုတော့ ကြည့်ရတာ ဒီကောင်လေးက ဘာမှသုံးစားမရတဲ့ အရူးနဲ့ တူပါတယ်ကွာ "

" ဟေ့ ..လေသံကို တိုးလိုက်ဦး ။ စော်ကားတဲ့ စကားတွေကို ခုလို အကျယ်ကြီး ပြောမနေနဲ့ ။ သူက ရယ်စရာကောင်းတဲ့ လူ ဖြစ်နေရင်တောင် အဲ့လို ကျယ်ကျယ် မပြောရဘူးလေ "

ထိုစကားများကို ကြားသွားသော ဝမ့်ရှီချွမ်မှာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ပင် ဖြစ်သွား၏။

အချိန်အတန်ကြာသွားပြီးမှသာ သူ ပြန်တည်ငြိမ်သွားပြီး ပြောလိုက်သည်။

" သိပ်ကောင်းတယ် လောထျန်း ။ ငါက လေးခုမြောက် အစီအစဥ်ကို ထုတ်သုံးခွင့် မရလောက်ဘူးတောင် ထင်နေတာ "

လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် ပြန်ပြော၏။

" ဟင် .. အဆင့်လေးကိုတောင် ရောက်သွားပြီလား ။ ဒါပေမယ့် .. ဒုတိယ အစီအစဥ်က ဘာလဲဆိုတာ မင်း ငါ့ကို အခုထိ မပြောရသေးဘူးလေ "

" မင်း ပါးစပ် ပိတ်ထား "

ဝမ့်ရှီချွမ်မှာ ဒေါသကို မထိန်းနိုင်တော့ပါချေ။

" ကောင်လေး ၊ ဒီတစ်ခေါက် ဒုက္ခဆိုတာ ဘယ်လိုမှန်း မင်း ခံစားရအောင် လုပ်ပေးမယ် "

သူက အံကြိတ်ကာ သွားကြားထဲမှ ထွက်လာသည့် လေသံဖြင့် ပြောလိုက်သည်။

လောထျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ပြော၏။

" ဒီ စကားလုံးကို ဘာဖြစ်လို့ ရင်းနှီးနေသလို ခံစားနေရတာပါလိမ့် ။ မင်း အစောကလဲ အဲ့လို ပြောလိုက်သေးတယ်မလား "

" မင်း .. "

ဝမ့်ရှီချွမ်မှာ လောထျန်းဆီသို့ ပြေးသွားကာ သူသေ ကိုယ်သေ တိုက်ခိုက်လိုစိတ်ကို မနည်းပင် ထိန်းချုပ်ထားလိုက်ရသည်။

အချိန် အတန်ကြာသွားပြီးမှသာ သူ စကားဆက်၏။

" ဒီတစ်ကြိမ်က အရင်တစ်ခေါက်နဲ့ မတူဘူးကွ ။ အမှန်တိုင်းပြောရရင် ငါ ဆရာ့ကို ဒီအစွမ်းကိုတောင် ထုတ် မသုံးစေချင်ခဲ့ဘူး "

" ဘာဖြစ်လို့လဲဆိုတော့ ဒီ အစွမ်းက ကြောက်စရာကောင်းလွန်းလို့ပဲ ။ ကြောက်စရာကောင်းလွန်းလို့ ငါတောင် ကြောက်ရတဲ့အထိပဲကွ ။ ဒီအစွမ်းကို သေချာသာ ဂရုမစိုက်ရင် မင်းရော မင်းနောက်က လူတွေရော သေရုံတင်မကဘူး ၊ ထျန်းယွမ်အင်ပါယာတစ်ခုလုံးတောင် သေသွားနိုင်တယ်။ မဟုတ်သေးဘူး ၊ ဖုန့်လင်း ဒေသတစ်ခုလုံးပါ ဒုက္ခရောက်ကုန်ကြမှာ "

" ဒါပေမယ့် ဒီ အစီအစဥ်ကို ထုတ်သုံးဖြစ်အောင် မင်းက အတင်း တွန်းအားပေးလိုက်တာပဲ "

ဝမ့်ရှီချွမ်က ထိုသို့ပြောကာ အဆောင်နှစ်ခု ထပ်ထုတ်လိုက်သည်။

All Chapters