← Chapters

လောလောလတ်လတ် ထွက်လာသော အဆင့်များ

Vol. 47 Ch. 705

လောလောလတ်လတ် ထွက်လာသော အဆင့်များ

Vol. 47 Ch. 705

နောက်တစ်နေ့၌။

ညဘက် အခြေအနေများ ငြိမ်သက်သွားပြီးနောက် ရုပ်သံ ဇာတ်လမ်းတွဲ သုံးတွဲ၏ သတင်းများ ပို၍ အရှိန်မြင့် လာသည်။

မရေတွက်နိုင်သော သတင်းခေါင်းစဉ်များက စမ်းချောင်းသဖွယ် စီးဆင်းလာသည်။

“နှလုံးသားမဲ့ ဓားသမား၏ အသစ် ဖန်တီးထားတဲ့ ရှေးခေတ်ဝတ်စုံက ရှေးခေတ်ဝတ်စုံတွေကို ပိုပြီး မြင့်တက်လာစေတယ်”

“အကောင်းဆုံးအချိန်အတွက် အလွန်အမင်း အမွှမ်းတင်ထားသော ဝေဖန်ချက်များ”

“ကျန်းထောင်နဲ့ ဟွမ်ရှင်းရဲ့ သရုပ်ဆောင်ချက်တွေ တိုးတက်လာတယ်”

“ဒီဇာတ်လမ်းချက်တွေရဲ့ အဆင့် သက်မှတ်ချက်အတွက် ခန့်မှန်းချက်ကြီးများ၊ ဘယ်သူက အနိုင်ရမလဲ”

အနုပညာ မီဒီယာများ၏ လူများကလည်း အဆင့် သက်မှတ်ချက်အတွက် စောင့်နေကြသည်။

အနုပညာရှင် စတူဒီယိုများကလည်း အဆင့်သက်မှတ်ချက်ကို စောင့်ဆိုင်းနေ၏။

ရုပ်သံဇာတ်လမ်းတွဲအတွက် အဆင့် သက်မှတ်ချက်များက အားလုံးကို ကိုယ်စားမပြုချေ။ အများပြောစကားနှင့် လွှမ်းမိုးမှုကလည်း ထပ်တူ အရေးပါသည်။ သို့သော် လူအများအတွက် အဆင့် သက်မှတ်ချက်များက အရှင်းလင်းဆုံး ဖြစ်ပြီး ဇာတ်လမ်းတစ်ခု ပြောင်းလဲမှုအတွက် အသိသာဆုံး အချက်ပြချက် ဖြစ်ပြီး ဇာတ်လမ်းတွဲ၏ ကျော်ကြားမှုကို ထင်ဟပ်စေသော အရာပင်။

…

တရုတ် ဗဟိုရုပ်သံ၌ ဒါရိုက်တာလျှိုသည် ဘယ်၊ညာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူသည် အတွေးများနေပုံ ရပြီး မျက်မှောင်ကြုတ်နေသည်။

“အခြေအနေ ဘယ်လို ရှိလဲ၊ အဆင့် သက်မှတ်ချက်တွေက ထွက်လာပြီလား”

“မထွက်သေးဘူး”

“ဘာလို့ အဲ့လောက် ကြာနေတာလဲ”

ဒါရိုက်တာလျှို့ အလွန်အမင်း စိုးရိမ်နေသည်။

“အဲ့အဘိုးကြီးချင်က ငါ့ကို အချိန်ကောင်းမှာ လုပ်သွားတာပဲ၊ ငါတို့ ဆိုးဆိုးရွားရွား မရှုံးဖို့ မျှော်လင့်တာပဲ၊ ဒါ ငါတို့ရဲ့ တရုတ် ဗဟိုရုပ်သံဌာနလေ”

“ဟို … ဒါရိုက်တာလျှို၊ မနေ့က ကျွန်တော် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်လိုက်သေးတယ်၊ အဲ့ဒါက တော်တော်လေး ကောင်းတယ်၊ သိပ်စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“တကယ်လား”

“ဟုတ်ပါတယ်၊ အင်တာနက်ပေါ်က တုံ့ပြန်မှုတွေလဲ ကောင်းတယ်၊ အဆင့် သက်မှတ်ချက်ကလည်း ဆိုးလောက်မှာ မဟုတ်ပါဘူး”

“ထင်ရတာပဲ၊ ငါတော့ အများကြီး မမျှော်လင့်ထားဘူး၊ အဲ့ဒီ ငပျော့ကောင်တွေထက် ပိုကောင်းဖို့ မပြောနဲ့ အဆင့် သက်မှတ်ချက် ၁% ရရင်တောင် ရှက်ဖို့ကောင်းမှာ မဟုတ်ပါဘူး”

…

ကျန်းထောင်၏ အသံသွင်း စတူဒီယို၌။

“သူတို့ မရေတွက်ရသေးဘူးလား”

“မကြာခင်လို့ ထင်ရတာပဲ”

“ဟွမ်ရှင်းရဲ့ ဇာတ်လမ်းတွဲက တုံ့ပြန်မှု တစ်ခုခု ရပြီလား”

“ဝေဖန်ချက်တွေက တော်တော်လေး ကောင်းတဲ့ပုံပဲ”

“သေချာ စောင့်ကြည့်ထား၊ သူတို့ကို ငါတို့ကို ကျော်သွားခွင့် မပေးနဲ့”

“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကရော၊ ငါတို့ …”

“သူတို့ကို စိတ်ပူစရာ မလိုဘူး၊ ဘာမှကြောက်နေစရာ မလိုဘူး”

“ဒါပေမဲ့ လိုင်းပေါ်မှာ ဝေဖန်ချက်ကောင်းတွေ အများကြီး တွေ့ခဲ့တယ်”

“အဲ့ဒီ ဝေဖန်ချက်တွေက ဘာအသုံးဝင်လို့လဲ၊ စစ်ကားတွေက အမြဲတမ်း ချီးကျူးခံရတယ်၊ ဒါပေမဲ့ ချီးကျူးခံရတာနဲ့ အဆင့် သက်မှတ်ချက်နဲ့က မတူဘူးလေ”

“ဟုတ်သားပဲ”

…

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌။

“သူတို့ ဒါကိုတောင် တွက်လို့မပြီးသေးဘူးဆိုတော့ ဘယ်လိုတောင် အသုံးမကျတာလဲ”

“သူတို့က နေ့ဘက်အတွင်းပဲ လုပ်တာလေ၊ မကြာခင် ထွက်လာတော့မယ်လို့ ငါ ယုံကြည်ပါတယ်”

“ဒါက ငါ့ကို စိုးရိမ်ရအောင် လုပ်နေတာပဲ၊ ငါတို့ နှလုံးသားမဲ့ ဓားသမားကို ဖိထားမှရမှာ”

“စိတ်မပူပါနဲ့၊ ငါတို့ ကြည့်ရှုသူက တော်တော်လေး မြင့်တယ်၊ ရေပန်းစားမှုကလည်း ကောင်းတယ်”

…

Weibo ပေါ်မှ မှတ်ချက်များမှာ။

[အဆင့် သက်မှတ်ချက်တွေ မကြာခင်‌ ထွက်တော့မယ်၊ ခန့်မှန်းမိတာ ရှိလား]

[နှလုံးသားမဲ့ ဓားသမားက သေချာပေါက် နံပါတ်တစ် ဖြစ်မှာ၊ အဲ့ဒါက တော်တော်လေးကောင်းတဲ့ ဇာတ်လမ်းတွဲပဲ]

[အကောင်းဆုံးအချိန်က ပိုကောင်းတယ်၊ မင်း အဲ့ကား နှစ်ကားကို ယှဉ်ကြည့်ဖို့ အကြံပေးချင်တယ်]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ဘယ်သူမှ မကြည့်ဘူးလား၊ အဲ့ဒါကလဲ မဆိုးဘူးလို့ ငါ ထင်တယ်]

[ကျစ် … စစ်ကားက ဘာတွေများ ကောင်းနေလို့လဲ၊ ငါ သူတို့ ဇာတ်ကွက်တွေအားလုံးကို ကြည့်ရတာ စိတ်ကုန်နေပြီ]

[အဟုတ်ပဲ၊ အရူး ဖြစ်ခံမနေပါနဲ့၊ အဲ့လို ဇာတ်လမ်းမျိုးက ဘယ်လိုလုပ် အံ့ဩစရာကောင်းတဲ့ ဝတ်စုံတွေနဲ့ ချောမောတဲ့ အိုင်ဒေါလ်တွေ ပါတဲ့ ဇာတ်လမ်းတွေကို ယှဉ်နိုင်မှာလဲ၊ သူတို့ မသေရင်တောင် ကံကောင်းနေပြီ]

[ငါလဲ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ကြည့်တယ်၊ အဲ့ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလို့ ပြောရမှာပဲ၊ သူတို့အတွက် ဒါကို ရိုက်ဖို့ တစ်လခွဲပဲ အချိန်ယူရတယ်ဆိုတာက မယုံနိုင်စရာပဲ၊ သရုပ်ဆောင်ဝိုင်က ကျော်ကြားမှုနဲ့ ထိုက်တန်တယ်၊ ဒါပေမဲ့ ဒီလို ရုပ်သံဇာတ်လမ်းမျိုးအတွက် ပရိသတ်က အရမ်း နည်းလွန်းတယ်၊ အဲ့ဒါက ဒီဇာတ်လမ်းတွဲ နှစ်ခုနဲ့ ယှဉ်နိုင်လောက်မှာ မဟုတ်ဘူး၊ အထူးသဖြင့် ငပျော့ကောင်တွေ သရုပ်ဆောင်တဲ့ ဇာတ်လမ်းနှစ်ခုပေါ့၊ ဒါက ခက်ခဲတယ်]

[ဟားဟားဟား … ဒါက တကယ်ကို ခက်တယ်]

[သေချာပေါက် ပြောလို့တော့ မရဘူး၊ အဲ့ဒီ ငပျော့ကောင်တွေကို နင်းချေဖို့ ငါ မျှော်လင့်နေပြီ၊ သူတို့တွေ အဆိုတော်ဝိုင်ဆီမှာ နင်းချေခံခဲ့ရပြီးပြီ၊ အဲ့ဒီတော့ သရုပ်ဆောင်ဝိုင်က အမီလိုက်ရမှာပဲ]

…

အချိန်က တဖြည်းဖြည်းနှင့် ကုန်လွန်လာ၏။

လူတိုင်း ယနေ့မနက် စောစော နိုးလာကြပြီး မနေ့ညက အိပ်ရာဝင် နောက်ကျသော်လည်း နည်းနည်းလေးမှ အိပ်ငိုက်သလို မခံစားရချေ။ ထိုအစား သူတို့သည် စိုးရိမ်တုန်လှုပ်ကာ စိတ်လှုပ်ရှားနေကြသည်။

“အား … ငါ အရမ်း စိတ်လှုပ်ရှားလွန်းလို့ တုန်နေသလိုတောင် ခံစားရတယ်”

“ရလဒ်တွေက ဒီ့ထက်ပိုပြီး မြန်မြန် ထွက်မလာနိုင်တော့ဘူးလား၊ စောင့်ရတာ ကြာလိုက်တာ”

“ဒီတခေါက် ငါတို့ပြိုင်ဘက်တွေက အရမ်း သန်မာတယ်၊ လူတွေကလဲ နှလုံးသားမဲ့ ဓားသမားနဲ့ အကောင်းဆုံး အချိန်နဲ့ ပတ်သက်ပြီး အကောင်းမြင်လွန်းတယ်”

သူတို့နှင့် မတူဘဲ ရဲ့လင်းချန်သည် မလှမ်းမကမ်း၌ ရှောင်ပိုင်နှင့် ရှောင်ဟူတို့ကို လေ့ကျင့်ပေးနေသည်။

“ရှောင်ပိုင်၊ မင်း တော်တော်ညံ့တာပဲ၊ မင်းက ကြောင်မျိုးနွယ်ပဲကို၊ အပင်ပေါ်တောင် မတက်တတ်ဘူး”

“ရှောင်ဟူ၊ မင်း ဘာကို ကြောက်နေတာလဲ၊ ရေထဲကို မြန်မြန် ခုန်ချလေ၊ မင်း ဘာငါးမှ ဖမ်းမမိရင် မင်းကို ဒီနေ့ ဘာမှမကျွေးဘူးနော်”

“ရှောင်ချင်၊ ရှောင်ဟွေ၊ မင်းတို့အဖွဲ့ကို နှစ်ဖွဲ့ခွဲပြီး ငါ့အမိန့်ကို နားထောင်”

ရဲ့လင်းချန်က အပျော် ပစ်ကစားရသော လေဝဲပန်းကန်ပြားများစွာကို ကိုင်၍ တစ်ခုကို လျင်မြန်စွာ ပစ်လိုက်သည်။

“မြန်မြန် သွားကောက်ကြ၊ သွား သွား”

လေဝဲပန်းကန်ပြားများက မကြာခင် လေထဲ ဝဲတက်သွားပြီး ဝံပုလွေများက ပျော်ရွှင်စွာ ပြေးသွားပြီး မနားတမ်း ခုန်၍ ဖမ်းနေကြကာ လူတိုင်း ဆွံ့အသွားကြလေသည်။

ရှောင်ဖေးဖေး ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်နေလေသည်။

“လင်းချန်၊ ရှင် လုံးဝ ဂရုမစိုက်ဘူးလား၊ အင်တာနက်ပေါ်မှာ ဆူညံနေပြီးတော့ ကျွန်မတို့ ဇာတ်လမ်းတွဲကို မြုပ်တော့မှာလို့ လူတွေ အများကြီးက ပြောနေကြတယ်”

“အင်တာနက်ပေါ်က ဝေဖန်ချက်တွေကို ဆားတဆုပ်လို့ သဘောထားလိုက်၊ အဆင့် သက်မှတ်ချက်တွေ ထွက်လာခဲ့အခါကျရင် သူတို့ လန့်ဖြန့်သွားပြီးတော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားသွားရလိမ့်မယ်”

ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။

“မာန်တက်နေတာပဲ”

ဟောင်ယွင်နှင့် တုန်းမြောင်မြောင်တို့၏ နှုတ်ခမ်းများ မဲ့သွားလေသည်။

…

“အား … ထွက်လာပြီ၊ ရလဒ်တွေ ထွက်လာပြီ”

ပရိုဂရမ် အဖွဲ့သားများဘက်မှနေ၍ လီထိုက်က ရုတ်တရက် ထအော်လာပြီး သူ့အသံက တုန်နေသည်။

ရှောင်ဖေးဖေးက ခပ်သွက်သွက် ပြေးသွားလေသည်။

“ဘယ်လိုနေလဲ၊ ရလဒ်တွေက ဘယ်လိုရှိလဲ”

လူတိုင်းက ရလဒ်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

လီထိုက်က ပင့်သက်ရှိုက်၍ ပြောလာသည်။

“လခွမ်း … သခင်လေးရဲ့က တော်တော် အံ့ဩဖို့ကောင်းတာပဲဟ”

“လခွမ်း … တကယ်ကြီးလား”

“အချက်အလက်တွေက မမှားနိုင်ဘူး မဟုတ်လား၊ ဒါက မယုံနိုင်စရာပဲ”

ရှောင်ဖေးဖေးနှင့် ကျန်မိန်းကလေးများသည် ထပ်မစောင့်နိုင်တော့ပေ။ သူမက အပြေးလေးလာ၍ မေးလိုက်သည်။

“အဆင့်သက်မှတ်ချက်က ဘယ်လောက်လဲ”

လီထိုက်က ကွန်ပျူတာ ဖန်သားပြင်ကို လှည့်၍ သူမဘက် ပြလိုက်သည်။

“မင်းဘာသာမင်း ကြည့်ကြည့်လိုက်”

ရှောင်ဖေးဖေးက စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး ဟောင်ယွင်နှင့် တုန်းမြောင်မြောင်ကလည်း ကြည့်လာသည်။

တစ်ချက် ကြည့်လိုက်ပြီးနောက် သူမတို့ သုံးယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူမတို့အတွေးထဲ ပေါက်ကွဲမှု ဖြစ်သွားသကဲ့သို့ ဖြစ်ကာ မှင်တက်နေကြလေသည်။

ရှောင်ဖေးဖေးက အချိန် အတော်ကြာအောင် ငေးကြည့်နေ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟောင်ယွင်က တအံ့တဩ ရေရွတ်လာသည်။

“ဝိုး”

…

နှလုံးသားမဲ့ ဓားသမား၏ ရိုက်ကူးရေး ဝန်ထမ်းများ။

“ရလဒ်တွေ ထွက်လာပြီ”

“ကြည့်”

“နှလုံးသားမဲ့ ဓားသမား … အပိုင်းနှစ်ပိုင်းရဲ့ အဆင့် သက်မှတ်ချက်က 1.46”

“မဆိုးပါဘူး၊ ငါတို့ မှန်းထားတာထက် နည်းနည်းလေး နည်းတယ်”

“ဟူး … အဆင့် သက်မှတ်ချက်က 1.8 ရောက်လိမ့်မယ်လို့ ငါ ထင်ထားတာ”

“နည်းနည်းတော့ အံ့ဩစရာပဲ”

“ဒါ အကောင်းဆုံးအချိန်နဲ့ အဆင့် သက်မှတ်ချက်ကို ငါတို့ မျှယူရလို့များလား”

“ငါ မသိဘူး၊ ဒါပေမဲ့ ငါတို့မှာ ချီးကျူးစကားတွေ ရှိတာ မဟုတ်ဘူးလား”

“အဆင့် သက်မှတ်ချက်ကို မျှယူရတာက ပုံမှန်ပါပဲ၊ ငါတို့က ပြိုင်တူ လွှင့်ခဲ့ကြတာဆိုတော့ ငါတို့ရဲ့ အဆင့် သက်မှတ်ချက် တချို့ကို လုယူသွားတာက ပုံမှန်ပဲ၊ ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး၊ ဒါနဲ့ စကားမစပ်၊ အကောင်းဆုံးအချိန်ရဲ့ အဆင့် သက်မှတ်ချက်က ဘယ်လောက်လဲ”

“ကြည့်ကြည့်လိုက်ဦးမယ်၊ အာ … 1.44 တဲ့၊ ဟားဟားဟား … သူတို့က ငါတို့ထက်တောင် နည်းနေတယ်”

“ငါတို့က အကောင်းဆုံး အချိန်ထက် ပိုသာနေသရွေ့ နံပါတ်တစ်ကို ရမှာပဲ”

“နေဦး၊ လခွမ်း … ဘာလဲဟ”

“သောက်ကျိုးနည်း ဒါက ဘာကြီးလဲ”

“ငါတို့ အဆင့်သက်မှတ်ချက်က နံပါတ်တစ် မဟုတ်ဘူးလား”

…

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌။

“အဆင့် သက်မှတ်ချက်တွေ ကြေညာပြီးသွားပြီ”

“ငါတို့က 1.44 ပဲ ရတယ်လား”

“ချီးပဲ၊ နှလုံးသားမဲ့ ဓားသမားက ငါတို့ထက် သာနေပြီ”

“အဆင်ပြေပါတယ်၊ သူတို့က ငါတို့ထက် 0.02 ပဲ ပိုသာတာပါ၊ သူတို့ကို ကျော်နိုင်ဖို့ မခက်ပါဘူး”

“ဟုတ်တယ်၊ ငါတို့ ဇာတ်လမ်းရဲ့ နောက်ကွယ်က ဇာတ်ကြောင်းက ပိုစိတ်ဝင်စားဖို့ ကောင်းပြီးတော့ အခွင့်အရေးတွေ အများကြီး ကျန်သေးတယ်”

“ဟူး … ငါတို့က အဲ့လောက် ကိန်းဂဏန်း နည်းနည်းလေးနဲ့ သူတို့နောက်မှာ ကျန်ခဲ့ရတယ်လို့၊ နှမြောစရာပဲ”

“လခွမ်း၊ ငါ့မျက်လုံးတွေ ကန်းတော့မယ်ထင်တယ်”

“လောင်ဟဲ၊ ဘာဖြစ်တာလဲ”

“နှလုံးသားမဲ့ ဓားသမားက အဆင့် သက်မှတ်ချက်မှာ နံပါတ်တစ် မဟုတ်ဘူး”

“မင်း အခု ဘာပြောလိုက်တာလဲ”

“မဖြစ်နိုင်ဘူးလေ”

“မြတ်စွာဘုရား၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးရဲ့ အဆင့် သက်မှတ်ချက်ကို ကြည့်ဦး”

…

စာစဉ် ၄၇ ပြီးပါပြီ။

All Chapters