အခန်း (၇၂၇-၇၂၉)
Vol. 49 Ch. 727-729
ရေနဂါးဂိုဏ်းသား သုံးယောက်နှင့် သုံးယောက် တစ်ယောက်ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် လုံးဝ မကြောက်ရွံ့ခဲ့ပေ။
သူက မြေပြင်ကို ခြေတစ်ချက်ဆောင့်နင်းကာ ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကို ဖော်ထုတ်လိုက်သည်။
"တောင်တန်းနဲ့မြစ်များလှုပ်ခါစေ.."
"ဝုန်း.."
ကျန်းချန်က ရွှေရောင်တောက်ပသော အလင်းများ ဝန်းရံနေသည့် လက်သီးချက်ဖြင့် ထိုးလိုက်သည်နှင့် ကျန်းချန်ကိုတိုက်ခိုက်နေသည့် ရေနဂါးဂိုဏ်းမှ တပည့်သုံးယောက်၏ ပြင်းထန်သော စွမ်းအင်သုံးခုစလုံးသည် တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့သည်။
"မကောင်းတော့ဘူး"
ဆံပင်ငွေရောင်နှင့်လူ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအင်ကို အလျင်အမြန် စုစည်းလိုက်ပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။
"ဝုန်း.."
ရွှေရောင်အလင်းများ တောက်ပနေသည့် ကြောက်မက်ဖွယ်လက်သီးချက်က သူ၏ အကာအကွယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဆံပင်ငွေရောင်နှင့်လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မျက်နှာ.ရုတ်တရက် ဖြူဖျော့ကာ ခြေလှမ်းအတော်များများ နောက်ဆုတ်လိုက်ရသည်။
ထိုသို့ ဆံပင်ငွေရောင်နှင့်လူငယ်က အရှက်တကွဲ နောက်ဆုတ်လိုက်ရသောအချိန်တွင် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်သည် ပါးစပ်ကနေ သွေးများကို အန်ထုတ်ကာ ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်ထွက်သွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနှစ်ယောက်၏ ခန္ဓာကိုယ်သည် ရေကန်အစပ်တွင် ရှိနေသည့် မြေကမ္ဘာနဂါးခြင်္သေ့၏ ခြေရင်းသို့ ကျရောက်သွားခဲ့သည်။
ထိုခဏတွင် မြေကမ္ဘာနဂါးခြင်္သေ့၏ မျက်လုံးများသည် ကြေးခေါင်းလောင်းကဲ့သို့ တောက်ပလာခဲ့သည်။
သူက ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်ကို အသက်ရှူရန်အခွင့်အရေးပင် မပေးခဲ့ပေ။
မြေကမ္ဘာနဂါးခြင်္သေ့က သူ၏ ကြီးမားသော ခြေထောက်များကို မြှောက်လိုက်ပြီး ချွန်ထက်သောခြေသည်းများဖြင့် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်၏ ရင်ဘတ်ကို ရက်စက်စွာ ဖွင့်ချလိုက်သည်။
သူတို့ပါးစပ်မှ ကောင်းစွာ မအော်နိုင်ခင်မှာပင် မြေကမ္ဘာနဂါးခြင်္သေ့၏ ခြေသည်းများသည် သူတို့၏နှလုံးသားများကို ထိုးဖောက်သွားခဲ့၏။
သူ့အဖော်များဖြစ်သည့် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်၏ ကြေကွဲဖွယ်သေဆုံးမှုသည် ဆံပင်ငွေရောင်နှင့် လူငယ်ကို ချက်ချင်းပင် ထိတ်လန့်စေခဲ့သည်။
"ကျန်း..ကျန်းချန် ငါ့ကို လွှတ်ပေးပါ ဒီဂူထဲက ရတနာအားလုံး မင်းကို ပေးပါ့မယ်"
ဆံပင်ငွေရောင်နှင့်လူငယ်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သူ၏ ရှေ့မှလူငယ်သည် စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်သာ ရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားကမူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်း၏။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့် အစောပိုင်းတွင်ရှိသည့် သူ၏ ကျင့်ကြံခြင်းအဆင့်ဖြစ်ပင် ကျန်းချန်၏ လက်သီးပေါ်မှ ကြောက်မက်ဖွယ်အင်အားကို ခုခံနိုင်ရန် မဖြစ်နိုင်ခဲ့ပေ။
ကျန်းချန်နှင့်သာ ဆက်လက် တိုက်ခိုက်နေလျှင် ဤနေရာတွင်အမှန်တကယ် သေဆုံးရလိမ့်မည်ကို သူစိုးရိမ်နေမိသည်။
"ဟားဟား.. ငါစိတ်မကောင်းပါဘူး.. ငါက ဒီဂူထဲက ရတနာတွေကိုပဲ လိုချင်တာမဟုတ်ဘူး မင်းရဲ့အသက်ကိုလည်း လိုချင်တယ်.."
ကျန်းချန်၏ အထက်စီးဆန်သော စကားသံက ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ရွှေရောင်လက်သီးဖြင့် ဆံပင်ငွေရောင်နှင့် လူငယ်ကို ထိုးနှက်လိုက်၏။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ချက်ချင်းပင် လေထုကို ထိုးဖောက်ကာ ဆံပင်ငွေရောင်နှင့် လူငယ် ဆီသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
ကျန်းချန်ထံမှ ကြောက်မက်ဖွယ် ကောင်းသော လက်သီးစွမ်းအားကို ခံစားမိလျှင် ဆံပင်ငွေရောင်နှင့် လူငယ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဥ်ပင် ပျောက်ကွယ်သွားသလို
ခံစားလိုကျရ၏။
သူက စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် နှောင်းပိုင်း အထိ တိုးမြှင့်နိုင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အလျင်အမြန် အသုံးပြုကာ ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ လက်သီးအင်အားသည် ဆံပင်ငွေရောင်နှင့်လူငယ် စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
ဆံပင်ငွေရောင်နှင့် လူငယ်က သူ၏နည်းစနစ်ကို သုံးခဲ့သော်လည်း ကျန်းချန်၏ ကြောက်မက်ဖွယ် လက်သီးအင်အားကြောင့် အရှက်တကွဲ လွင့်ထွက်သွားခဲ့သည်။
၎င်းက မျက်နှာဖြူဖျော့စွာဖြင့် ခြေဆယ်လှမ်းကျော် နောက်ဆုတ်ပြီးမှသာ သူ၏ပုံရိပ်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော်လည်း ဆံပင်ငွေရောင်နှင့်လူငယ်သည် ခန္ဓာကိုယ်ထဲရှိဖရိုဖရဲဖြစ်နေသော အသက်စွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့၍ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"ကျန်း.. ကျန်းချန်.. မင်း.. မင်းငါ့ကို ..ငါ့ကို သတ်လို့မဖြစ်ဘူး..ငါ့အစ်ကိုက ရေနဂါးဂိုဏ်းရဲ့ ဘုရင်အဆင့်ပါရမီရှင်သုံးယောက်ထဲက တစ်ယောက်ပဲ.. သူက သိုင်းသခင် နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူ ဖြစ်နေပြီ..ငါသူ့ကို မင်းအကြောင်း အခုသတင်းပို့ထားတယ်..မင်းငါ့ကို သတ်ရင် သူမင်းကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး"
သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော ကျန်းချန်ကိုကြည့်ရင်း ဆံပင်ငွေရောင်နှင့်လူငယ်က အလန့်တကြား အော်ဟစ်လိုက်သည်။
"ဘုရင်အဆင့် ပါရမီရှင် ဆိုတော့ရော ဘာဖြစ်လဲ.. သိုင်းသခင်နယ်ပယ်တစ်ပိုင်းအဆင့် ဆိုတော့ရော ဘာဖြစ်လဲ.. ငါ့ကိုစော်ကားရဲရင်တော့ အားလုံးကို ငါသတ်ပစ်မယ်"
ကျန်းချန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်ပြီဆံပင်ငွေရောင်နှင့်လူငယ်၏ ခေါင်းကို ရုန့်ရင်းသော လက်သီးချက်ဖြင့် ဆောင့်ထိုးလိုက်သည်။
အခန်း(၇၂၇)ပြီး၏။
အခန်း(၇၂၈)
"မလုပ်ပါနဲ့.."
ငွေရောင်ဆံပင်နှင့် လူငယ်က အလွန်အမင်း ကြောက်ရွံ့ကာ ပါးစပ်ကနေ အော်ဟစ်လိုက်သည်။
သူက သူ၏ခန္ဓာကိုယ်ထဲမှ လက်ကျန်အင်အားကိုအလျင်အမြန် လှုံ့ဆော်လိုက်ပြီး ကျန်းချန်၏ လက်သီးချက်ကို ခုခံလိုက်သည်။
သို့သော်လည်း ကျန်းချန်သည် သူ၏ လက်သီးချက်တွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် အင်အားနှင့် ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်တို့ကို ပေါင်းစပ်ထားခဲ့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်အင်အားကို သိုင်းသခင်နယ်ပယ် အဆင့်အောက်ရှိ ကျင့်ကြံသူအများစုသည် မခုခံနိုင်ကြပေ။
ထို့ကြောင့် အပြင်းအထန် ထိုးနှက်ခံထားရသည့် ဆံပင်ငွေရောင်နှင့် လူငယ်သည် ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ခုခံနိုင်ပါအံ့နည်း။
ကျန်းချန်၏ လက်သီးက ဆံပင်ငွေရောင်နှင့်လူငယ်၏ စွမ်းအင်အကာအကွယ်ကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ဆံပင်ငွေရောင်နှင့် လူငယ်သည်သွေးအလိမ်းလိမ်းဖြင့် ဆယ်ပေကျော်အထိ လွင့်စင်သွားခဲ့ပြီးခန္ဓာကိုယ်ရှိ ဒွါရပေါက်များကနေ သွေးများထွက်ကာ သေဆုံးသွားခဲ့သည်။
ဆံပင်ငွေရောင်နှင့် လူငယ်ကို ခပ်လွယ်လွယ်နှင့် ဖြေရှင်းလိုက်ပြီးနောက် ကျန်းချန်၏ အကြည့်သည် ရေကန်ဘေးရှိ မြေကမ္ဘာနဂါးခြင်္သေ့ ဆီသို့ ရောက်ရှိသွားခဲ့၏။
ကျန်းချန်၏ အကြည့်နှင့်ရင်ဆိုင်ရလျှင် မြေကမ္ဘာနဂါးခြင်္သေ့၏ မျက်လုံးထဲတွင် သတိရှိသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။
"မင်းလူစကားကို နားလည်နိုင်တယ် ဆိုတာငါသိတယ်.. မင်းကို အကောင်ပေါက်ဥ ယူသွားခွင့်ပေးမယ်.. ဒီက တခြားရတနာတွေကတော့ ငါယူမယ်.. ဘယ်လိုသဘောရလဲ"
ကျန်းချန်က မြေကမ္ဘာနဂါးခြင်္သေ့ စောင့်ရှောက်ထားသည့်အကောင်ပေါက်ဥကို လက်ညှိုးထိုးပြကာ ပေါ့ပေ့ါပါးပါး ပြောလိုက်သည်။
မြေကမ္ဘာ နဂါးခြင်္သေ့သည် မြေကမ္ဘာနဂါး၏ သွေးစွမ်းအင်အနည်းငယ် စီးဆင်းနေသည့် ပဉ္စမအဆင့် အထွတ်အထိပ်သားရဲ ဖြစ်၍ တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ပင် အင်အားကြီးမားသည်။
စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်ပင် မြေကမ္ဘာနဂါးခြင်္သေ့ကို အနိုင်ရရန် ခက်ခဲ၏။
သူရှေ့မှ မြေကမ္ဘာ နဂါးခြင်္သေ့သည် အားနည်းသောအခြေအနေကနေ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးသော်လည်း အမှန်တကယ် ရူးသွပ်စွာ တိုက်ခိုက်ခဲ့လျှင် ကျန်းချန်သည် ၎င်းကိုသတ်ဖြတ်ရန် အချိန်အတော်ကြာ ယူရလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဆံပင်ငွေရောင်နှင့် လူငယ်သည် သူ၏ အစ်ကိုဖြစ်သည့် ရေနဂါးဂိုဏ်းမှ ဘုရင်အဆင့် ပါရမီရှင်ကို အကြောင်းကြားပြီးပြီ ဖြစ်၏။
မလိုလားအပ်သော အခြေအနေကို ရှောင်ရှားရန်အတွက် ကျန်းချန်သည် ဤမြေကမ္ဘာနဂါးခြင်္သေ့နှင့် အချိန်မဖြုန်းချင်ခဲ့ပေ။
မြေကမ္ဘာနဂါးခြင်္သေ့သည် ကျန်းချန်၏စကားကိုကြားလျှင် မှင်တက်သွားခဲ့သည်။
မကြာခင်မှာပင် သူက ခေါင်းညိမ့်လိုက်ပြီး နံဘေးရှိ အကောင်ပေါက်ဥကိုယူကာ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
မြေကမ္ဘာနဂါးခြင်္သေ့ ထွက်ခွာသွားဖို့ ရွေးချယ်လိုက်သည်ကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူက အလွန်လျင်မြန်စွာဖြင့် ရေနဂါးဂိုဏ်းမှ တပည့်သုံးယောက်၏ သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်များအပြင် ဂူထဲမှ ရတနာများနှင့် ကွေးရန်လင်ကော် သစ်သီးခြောက်လုံး စလုံးကို သိမ်းဆည်းလိုက်သည်။
ထို့နောက် ကျန်းချန်သည် ဂူထဲတွင် ဆက်မနေတော့ဘဲ ချက်ချင်းဆိုသလို ဂူထဲကနေ အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန် ဂူထဲက ထွက်သွားပြီး မကြာမီမှာပင် ပုံရိပ်တစ်ခုသည် ဂူဝတွင် ပေါ်ထွက်လာခဲ့သည်။
၎င်းက အပြာရောင်ဝတ်စုံဝတ် ချောမောသည့် လူငယ်လေး တစ်ယောက် ဖြစ်သည်။
လူငယ်လေးက ရှေးဟောင်း ချင်းဖုန်းဓားကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။
သူ၏ တစ်ကိုယ်လုံးကနေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ရေနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်၏ ခန္ဓာကိုယ်ကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်လိုက်ပြီး သိပ်မကြာခင်မှာပင် ထောင့်တစ်နေရာတွင် ရှိသည့်ဆံပင်ငွေရောင်နှင့် လူငယ်လေး၏ အလောင်းကို တွေ့လိုက်ရသည်။
"ကျောယွီ"
အပြာရောင်ဝတ်စုံနှင့် လူငယ်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ဆံပင်ငွေရောင်နှင့်လူ၏ နံဘေးတွင် ပေါ်လာခဲ့သည်။
ဆံပင်ငွေရောင်နှင့် လူငယ်၏ ဒွါရ ခုနစ်ပေါက်ကနေ သွေးများထွက်ကာ သေဆုံးနေသည့် အသွင်အပြင်ကို မြင်လျှင် အလွန် ပြင်းထန်သော အရှိန်အဝါသည် ချက်ချင်းဆိုသလို ဂူတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
ထိုအရှိန်အဝါက လေထုကိုပင် ဖြတ်တောက်နိုင်သော မမြင်နိုင်သည့် ဓားတစ်လက်ကဲ့သို့ပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျယ်လောင်သော အော်ဟစ်သံ တစ်သံသည် ဂူထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။
"ကျန်းချန်.. မင်းငါ့ညီကိုမှ သတ်ရဲတယ်.. မင်းရဲ့ခေါင်းကိုယူပြီး ကောင်းကင်ဘုံက ငါ့ညီ ကျောယွီရဲ့ ဝိညာဥ်ကို ပူဇော်မယ်လို့ ငါကျောယွင်ဖန် ဒီနေရာမှာ ကျိန်ဆိုတယ်"
အခန်း(၇၂၈)ပြီး၏။
အခန်း(၇၂၉)
ဂူထဲကနေ ထွက်လာပြီးနောက် ကျန်းချန်သည် လေပင်လယ်လျှို့ဝှက်နယ်မြေထဲတွင် ဆက်လက် မစူးစမ်းတော့ဘဲ ကျင့်ကြံရန်အတွက် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေခဲ့သည်။
လေပင်လယ် လျှို့ဝှက်နယ်မြေသည် တစ်ခါဖွင့်လျှင် ဆယ်ရက် ကြာမြင့်၏။
ယခုလျှို့ဝှက်နယ်မြေ ဖွင့်သည်မှာ တစ်ရက်ပင် မပြည့်သေးပေ။
ထို့ကြောင့် သူက အာကာသစွမ်းအင် ကျောက်တုံးကို ရှာဖွေရန်အတွက် အလျင်စလို မလုပ်ခဲ့ပေ။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲကို ဝင်လာသည့် ပထမနေ့မှာပင် ကျန်းချန်သည် ရေနဂါးဂိုဏ်းမှ တပည့်လေးယောက်ကို ဆက်တိုက်ဆိုသလို သတ်ပစ်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဥ်ရတနာ ဖြစ်သော ကွေးရန်လင်ကော် သသစ်သီးကိုလည်း ရှာဖွေတွေ့ရှိခဲ့သောကြောင့် အလွန်ပင် အကျိုးအမြတ် များခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် အချိန်အနည်းငယ်ယူပြီး သူ့လက်ထဲရှိ အရင်းအမြစ်များကို အသုံးပြု၍ သူ၏ အင်အားကိုတိုးတက်အောင်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူက အားမနည်းသော်လည်းဤလေပင်လယ် လျှို့ဝှက်နယ်မြေသည် အလွန်ပင် အန္တရာယ်များပြီး အင်အားပိုရှိသ၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတွင် ပိုမို အားကောင်းလာနိုင်မည် ဖြစ်သည်။
ထို့အပြင် ရေနဂါးဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်များသည် သာမန်ပါရမီရှင်များ မဟုတ်ကြပေ။
အထူးသဖြင့် ဆံပင်ငွေရောင်နှင့် လူငယ် ပြောခဲ့သည့် ဘုရင်အဆင့်ပါရမီရှင် ဖြစ်သည့် သိုင်းသခင်နယ်ပယ် တစ်ပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်။
ထို့အပြင် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင် စန်းယာကလည်း သူနှင့် ဆက်ဆံရေးကောင်းသည် မဟုတ်ပေ။
ထို့ကြောင့် သူအနေဖြင့် နောက်ထပ် ကြုံတွေ့ရမည့် အန္တရာယ်များကို ရင်ဆိုင်ရန်အတွက် ပိုမို၍ အင်အားကြီးအောင် လုပ်ဆောင်ရပေမည်။
ကျန်းချန်က ရေနဂါးဂိုဏ်း၏ တပည့်လေးယောက် ဆီမှသိမ်းဆည်းလာသော ဆေးလုံးအားလုံးကို ပါးစပ်ထဲသို့ ပစ် ထည့်လိုက်သည်။
"ဒင်.. သင်က စတုတ္ထအဆင့်၊အဆင့်မြင့် ဆေးလုံးတစ်လုံးကိုစားသုံးလိုက်ပြီး အတွေ့အကြုံရမှတ် ၄၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်..သင်ကပဉ္စမအဆင့်အခြေခံဆေးလုံးတစ်လုံးကိုစားသုံးလိုက်ပြီးအတွေ့အကြုံရမှတ် ၈၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"........."
"ဒင်..သင်က စွမ်းအင်သိပ်သည်းခြင်း ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ"
ရေနဂါးဂိုဏ်းမှ တပည့်လေးယောက်ထံမှ ဆေးလုံးအားလုံးနီးပါးကို မျိုချလိုက်ပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်၌ စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့်ကို ချိုးဖျက်သွားခဲ့သည်။
ဆဋ္ဌမအဆင့်ကို ချိုးဖျက်ပြီးသွားသော်လည်း ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းကို မရပ်တန့်သေးပေ။
သူက ဆေးလုံးအနည်းငယ်ကို ထပ်မံ မျိုချလိုက်ပြီး ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို ထုတ်ယူကာ စားသုံးလိုက်သည်။
ဤကွေးယန်လင်ကော် သစ်သီး၏ အဓိက လုပ်ဆောင်ချက်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့်အထွတ်အထိပ်မှ ကျင့်ကြံသူကို သိုင်းသခင်နယ်ပယ် အဆင့်သို့ ချိုးဖျက်ရာတွင် အထောက်အပံ့ပေးခြင်း ဖြစ်သည်။
ထို့အပြင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်ရာတွင်လည်း အသုံးပြုနိုင်၏။
ဆိုရလျှင် ဤကွေးယန်လင်ကော်သစ်သီးသည် စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူအတွက် သိုင်းသခင်နယ်ပယ်အဆင့်သို့ ချိုးဖျက်ရာတွင် အဖိုးတန်ရတနာ ဖြစ်သည်။
အကယ်၍ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့်အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်သာ ဤအချိန်တွင် ဤနေရာသို့ ရောက်လာခဲ့လျှင် တစ်ခါတည်း စိတ်ဓာတ်ကျပြီးသွေးပင် အန်ထွက်လောက်၏။
ဤကမ္ဘာတွင် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်သည့်ဆေးလုံးများနှင့် အမြူတေ အများအပြား ရှိသော်လည်းစွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့်ကနေ သိုင်းသခင် နယ်ပယ်အဆင့်ကို ချိုးဖျက်ရာ၌ အကူအညီပေးနိုင်သည့် ရတနာများသည် လက်ချိုးရေတွက်၍ပင် ရ၏။
ထို့ကြောင့် ကွေးယန်လင်ကော် သစ်သီးကို အသုံးပြုပြီးကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ဆောင်ချင်းသည်အလွန်အမင်း ဖြုန်းတီးမှုကြီး တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က ဂရုမစိုက်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်ထဲတွင် အဆတစ်ရာစနစ် ရှိ၍ ကွေးယန်လင်ကော် သစ်သီး၏ အကျိုးသက်ရောက်မှုသည် သူ့အတွက် မလိုအပ်ပေ။
သိုင်းသခင်နယ်ပယ် အဆင့်သို့ ချိုးဖျက်ရန်အတွက် လိုအပ်သည့် အဓိကအရာမှာ အတွေ့အကြုံရမှတ်များသာ ဖြစ်၏။
"ဒင်..သင်က ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို စားသုံးပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"
ကြောက်မက်ဖွယ် အတွေ့အကြုံရမှတ်သည် ချက်ချင်းဆိုသလို ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်းကနေ အလယ်အလတ် အထိ တိုက်ရိုက် ခုန်တက်သွားစေခဲ့သည်။
ကျန်းချန်က မဆိုင်းမတွပင် နောက်ထပ် ကွေးယန်လင်ကော်သစ်သီးနှစ်လုံးကို စားသုံးလိုက်၏။
"ဒင်.. သင်က ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို စားသုံးလိုက်ပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်.. သင်က ကွေးယန်လင်ကော် သစ်သီးတစ်လုံးကို စားသုံးလိုက်ပြီး အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကို အောင်မြင်စွာ ချိုးဖျက်သွားပါပြီ"
ကွေးယန်လင်ကော် သစ်သီးသုံးလုံး၏ ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံရမှတ်သည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို နောက်တစ်ဆင့်သို့ပင် ရောက်ရှိသွားစေခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကို တစ်ကြိမ်တည်းဖြင့် ချိုးဖျက်နိုင်စေခဲ့သည်။
"နောက်ဆုံးတော့ စွမ်းအင်သိပ်သည်းခြင်းသတ္တမအဆင့်ကိုရောက်ရှိသွားခဲ့ပြီ"
သူ၏ခန္ဓာကိုယ်ထဲမှ တိုးတက်လာသော အသက်စွမ်းအင်များကိုခံစားရင်း ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ကို ရောက်ရှိပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကျုံးကျိုးကုန်းမြေတိုက်မှ ကြယ်နှစ်ပွင့် အင်အားစုရှိ ပါရမီရှင်တပည့်များကို လိုက်မီသွားပြီဟု ဆိုနိုင်သည်။
ယခုအခါတွင် သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သိုင်းသခင်နယ်ပယ် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခန်း(၇၂၉)ပြီး၏။