ကြီးမားသောအကျိုးအမြတ်များ
Vol. 152 Ch. 2266
ရှဲ့လင်သည် ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကိုထုတ်ဖော်လိုက်ပြီး သူ၏ ဦးခေါင်းနောက်ဘက်မှာ ခပ်ဖျော့ဖျော့ရောင်လျှံစက်ဝန်းတစ်ခု ပေါ်ထွက်လာ၏။ အစစ်အမှန် အမြုတေက သူ၏ လက်ထဲမှာ စုစည်းလာပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားကာ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေထဲသို့ ဝင်ရောက်သွားစေ၏။ လိုဏ်ဂူထဲမှာ စွမ်းအင်အတက်အကျက သိပ်မကြာခင်တည်ငြိမ်သွား၏။
“အားလုံးပဲ ကျုပ်နောက်ကလိုက်ခဲ့ကြ”
တောင်းပန်လိုသော အမူအရာတစ်ခုနှင့်အတူ ရှဲ့လင်ကသက်ပြင်းချပြီး နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေထဲသို့ ဦးဆောင်သွားလေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကလည်း ခပ်မြန်မြန်လိုက်ပါသွားကြ၏။
ရှဲ့ထျန်ဟုန်၊ ဖုန်းယင်နှင့် အခြားသောကျင့်ကြံသူများကလည်း စူးစမ်းလိုစိတ်ဖြင့် ဝင်ရောက်သွားကြ၏။
နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေထဲသို့ ဝင်ရောက်လာသောအခါ အားလုံးက မှင်တက်၍ ကြက်သေသေနေကြ၏။
ဧရာမရှေးဟောင်းနေကာသစ်ပင်ပေါ်မှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ဧရာမသစ်ရွက်တစ်ရွက်ပေါ်မှာ ထိုင်နေ၏။ သူ့မှာကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များရှိပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီက စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲမှာ တလိပ်လိပ်ထိုးတက်နေ၏။
“သူက သေမသွားဘူးလား”
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“လခွမ်းတဲ့မှ... ဘာတွေဖြစ်ကုန်တာလဲ”
ရှဲထျန်ဟုန်က ခဏမျှ မှင်တက်သွား၏။ မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထင်ဟပ်လာပြီးနောက် တုန်လှုပ်မှု၊ သံသယဝင်မှုနှင့် အေးစက်မှုအဖြစ် ပြောင်းလဲသွား၏။ တဖြည်းဖြည်း သူ၏ အမူအရာက ညိုမည်းလာခဲ့၏။
ဖုန်းယင်၏ အမူအရာကလည်း ပျက်ယွင်းနေလေသည်။
“ဟားဟားဟားဟား...”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ကျေနပ်သဘောကျနေသောအမူအရာများဖြင့် ဟားတိုက်ရယ်မောလိုက်ကြ၏။
ရှဲ့လင်ကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဆူဇီမိုက ဘေးကင်းလုံခြုံမှုရှိနေလျှင် အကောင်းဆုံးဖြစ်၏။ မဟုတ်ပါက ဘယ်လောက်များသည့် ပြဿနာများပေါ်ထွက်လာမည်ကို မသိနိုင်ပေ။
“နေကာသစ်ပင်ဝင်္ကပါကတောင် ဆူဇီမိုကို မသတ်ဖြတ်နိုင်ဘူးပဲ... သူကတော်တော်ကံကောင်းတာပဲ”
“နေကာသစ်ပင်ဝင်္ကပါအသက်ဝင်လာရင် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်တောင်မှ ပြာကျသွားလိမ့်မယ်လို့ ရှဲ့ထျန်ဟုန်က ပြောခဲ့တယ်မဟုတ်ဘူးလား... ဘာလို့များ....”
ကျင့်ကြံသူများစွာက ထူးဆန်းသောအကြည့်များနှင့်အတူ ရှဲ့ထျန်ဟုန်ကိုကြည့်လိုက်ကြ၏။
ရှဲ့ချင်းချန်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
မင်းသမီးသက်တံနီကလည်း ပြုံးပြလိုက်၏။
“ဂျူနီယာမောင်လေးဆူ... နင့်ကိုအခုလိုမြင်ရတာ ကောင်းလိုက်တာ”
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်ပြီး လူတိုင်း၏ မျက်နှာများကိုဖြတ်ကြည့်ကာ ရှဲ့ထျန်ဟုန်နှင့် ဖုန်းယင်ပေါ်တွင် အနည်းငယ်ကြန့်ကြာသွား၏။
လက်ရှိလူတိုင်းမှာ မတူညီသောအမူအရာများရှိကြ၏။ တချို့က ကျေနပ်သဘောကျနေပြီး တချို့က တုန်လှုပ်နေကာ တချို့က ဒွိဟဖြစ်နေ၏။ သို့သော်လည်း လူနှစ်ယောက်ကသာလျှင် အလွန်တရာမကျေမနပ်ဖြစ်နေသည့်ပုံပေါ်နေ၏။
ဆူဇီမိုက ရှေးဟောင်းနေကာသစ်ပင်ပေါ်ကနေ ဖျတ်ခနဲဆင်းသက်ပြီး ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
“မင်း...”
ထိုစဥ်မှာပင် ရှဲ့လင်၏ စိတ်ဝိညာဥ်အသိစိတ်က ဆူဇီမိုကို စစ်ဆေးကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က မယုံကြည်နိုင်မှုနှင့်အတူ တင်းကျပ်သွားလေသည်။
“မင်းက... ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းသွားပြီလား”
ရှဲ့လင်၏ စကားက လူအုပ်ကြားထဲမှာ အတော်လေးလှုပ်ခတ်သွားစေ၏။
ကျင့်ကြံသူများစွာက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်ပြီး ဆူဇီမိုကိုစစ်ဆေးကြည့်လိုက်ကြ၏။
တကယ်ပင်....
“အဲ့ဒါက မဖြစ်နိုင်ဘူး... ဆူဇီမိုက နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေကို မဝင်ရောက်ခင်က သူက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဆိုတာ အသိသာကြီးပဲ... ရက်တစ်ရာလောက်ကျင့်ကြံရုံနဲ့ သူက ကျင့်ကြံမှုနယ်ပယ်နှစ်ခုကို ဆက်တိုက်ချိုးဖျက်သွားတာလား... အဲ့ဒီမှာ ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ကွာဟချက်တောင် ရှိနေသေးတယ်”
ဖုန်းယင်က မျက်မှောင်ကြုတ်၍ မနေနိုင်ဘဲဝင်ပြောလိုက်၏။
သူသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့သော ကျင့်ကြံမှုအမြန်နှုန်းကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
မည်သို့သော ပါရမီအရည်အချင်းမျိုးက လူတစ်ယောက်ကို ဤအဆင့်ထိ ရောက်ရှိစေနိုင်မှာလဲ။
“ရက်တစ်ရာမှာ ကျင့်ကြံမှုနယ်ပယ်နှစ်ခု... တကယ့်ကို မကြုံစဖူးထူးခြားအံ့မခန်းပဲ”
“ဆူဇီမိုက အစကတည်းက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို ဖုံးကွယ်ထားခဲ့တာများလား”
“မဖြစ်နိုင်ဘူး... နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမိုက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အဖြစ် အဆင့်တက်သွားတာကို ငါတို့မြင်တွေ့ခဲ့ရတယ်”
လူအုပ်ကြီးက ဆွေးနွေးပြောဆိုရင်း ဆူညံပွက်လောက်ရိုက်လာခဲ့၏။
လူတိုင်း၏ ရင်ထဲမှာ ဤအချင်းအရာသည် နေကာသစ်ပင်ဝင်္ကပါထဲမှာ ဆူဇီမိုဘေးကင်းလုံခြုံစွာရှိနေသည့်အချက်ထက်ပင် ပို၍တုန်လှုပ်စရာကောင်းနေ၏။
အဲ့ဒါသည် ယေဘုယျအသိပညာနှင့် နားလည်နိုင်စွမ်းကို ကျော်လွန်နေ၏။
လက်ရှိကျင့်ကြံသူများသာလျှင် မဟုတ်ဘဲ ရှဲ့လင်ပင်လျှင် အတန်ကြာစဥ်းစားတွေးတောပြီးမှ အမှန်တရားကို တဖြည်းဖြည်းလက်ခံလာနိုင်၏။
“ဇီမို....ဘာဖြစ်သွားခဲ့တာလဲ... မင်းကဘာလို့...”
အကြီးအကဲကျုံးက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။
“အစကတော့... ကျုပ်ကတကယ်ပဲ ရက်တစ်ရာတည်းနဲ့ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ မဖြစ်နိုင်ခဲ့ဘူး”
“ဒါပေမဲ့... သိပ်မကြာသေးခင်က ဒီလျှို့ဝှက်ကုန်းမြေမှာရှိတဲ့ ဝင်္ကပါက ရုတ်တရက်အသက်ဝင်လာပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျုပ်ကို အဲ့လိုလုပ်နိုင်အောင် အကူအညီပေးခဲ့တယ်”
“ဒီလိုပုံစံနဲ့ ကျုပ်ကိုကူညီပေးခဲ့တဲ့ သစ္စာရှိတာအိုရောင်းရင်က ဘယ်သူပါလိမ့်”
ဆူဇီမိုက ရှဲ့ထျန်ဟုန်ကိုကြည့်ပြီး ပြုံးစစဖြင့် မေးလိုက်၏။
ဖုန်းယင်သည် အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံမှာ သူသည် ဤကဲ့သို့သောစွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။
ဘရိုကိတ်ဝတ်ရုံနှင့် တွေ့မြင်နေကျမဟုတ်သောအမျိုးသားကတော့ သူ့မှာ မြင့်မြတ်သော အဆင့်အတန်းတစ်ခုရှိသည့်ပုံပေါ်လေသည်။ သူက အဲ့ဒါကို ကောင်းကောင်းဖုံးကွယ်ထားသော်လည်း ဤလူ့ထံမှ ရန်လိုစိတ်အငွေ့အသက် တစ်ခုကို ဆူဇီမိုက သူ၏ အာရုံခံသတိစိတ်နှင့်အတူ အာရုံခံမိနိုင်၏။
“ဘာလို့လဲမသိဘူး... ဒီနေရာကိုစောင့်ကြပ်နေတဲ့ အစောင့်တပ်သားနှစ်ယောက်က ရုတ်တရက် ဝင်္ကပါကို အသက်သွင်းခဲ့ကြတယ်... သူတို့ကိုထျန်ဟုန်က သတ်ဖြတ်ခဲ့ပြီးပြီ”
ပကတိအင်မော်တယ်ရှဲ့လင်က ဘေးကနေရှင်းပြလိုက်၏။
ဆူဇီမိုက ဘေးကင်းလုံခြုံနေပြီဆိုမှတော့... သူသည် ဤကိစ္စကို ထပ်မံ၍ မကျယ်ပြန့်စေတော့ဘဲ အရာရာတိုင်းကို သေသွားသောလူနှစ်ယောက်အပေါ် ပုံချလိုက်၏။
“အို...”
ဆူဇီမိုက သရော်တော်တော်အမူအရာတစ်ခုဖြင့် ရယ်မောလိုက်၏။ သူက ရှဲ့ထျန်ဟုန်ကိုကြည့်ပြီး အေးအေးဆေးဆေးပြောလိုက်၏။
“ဒီလိုဆိုရင် အရှင်မင်းသား.. ခင်ဗျားရဲ့ အကူအညီအတွက် ကျုပ်က ကျေးဇူးတင်ပါရစေ”
ဆူဇီမို၏ လေသံမှ လှောင်ပြောင်ထေ့ငေါ့မှုကို လူတိုင်းကကြားနိုင်ကြ၏။
ဤကိစ္စကို လုံးဝဖုံးကွယ်မထားနိုင်တော့ဘူးဆိုတာကို ရှဲ့ထျန်ဟုန်ကလည်း သိရှိလိုက်လေသည်။
သူ၏ အကြည့်ကအေးစက်လာပြီး သူ၏ ရင်ထဲမှာရှိသော သတ်ဖြတ်လိုစိတ်ကို လုံးဝမဖုံးကွယ်ထားတော့ဘဲ သူ၏ လေသံက မကောင်းဆိုးဝါးဆန်နေ၏။
“ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး အခါအခွင့်ကြုံတဲ့အခါ အနာဂတ်မှာ ငါတို့ပြန်တွေ့ကြဦးမှာပါ”
ဆူဇီမိုကလည်း ပြုံးပြလိုက်၏။
“ကျုပ်တို့ပြန်တွေ့ရင်... ကျုပ်ခင်ဗျားကို လက်ဆောင်အကြီးကြီးတစ်ခုပေးမယ်”
နှစ်ဘက်စလုံးက ပြုံးပြနေကြသော်လည်း စကားလုံးတစ်လုံးချင်းစီမှာ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုစီပါဝင်နေ၏။
ကျင့်ကြံသူများစွာက သူတို့၏ စကားများကို နားထောင်ရင်း ရင်တထိတ်ထိတ်ခံစားနေရ၏။
ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းလာခါစဖြစ်သော်လည်း သူက ရှဲ့ထျန်ဟုန်ကို ခြိမ်းခြောက်ရဲလေသည်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ထိပ်ဆုံးလူ၏ ရဲဝင့်မှုကပင် အခြားသူများထက် များစွာသာလွန်နေ၏။
“ဒါပေါ့”
ရှဲ့ထျန်ဟုန်မှာ မြင့်မားသောအဆင့်အတန်းတစ်ခုရှိပြီး သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် ဆူဇီမို၏ ခြိမ်းခြောက်မှုကို အလေးအနက်ထားခြင်းမရှိဘဲ အကြောက်အလန့်ကင်းမဲ့စွာဖြင့် လှောင်ရယ်လိုက်၏။
“ငါစောင့်နေမယ်”
ထိုသို့ပြောရင်း ရှဲ့ထျန်ဟုန်က ဆက်လက်၍ နေလိုစိတ်မရှိတော့ဘဲ လှည့်ထွက်သွား၏။
နေကာသစ်ပင်ဝင်္ကပါက ဆူဇီမိုကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင် သူက ဤနေရာမှာဆက်နေခြင်းဖြင့် အရှက်ရရုံသာရှိပေလိမ့်မည်။
ပကတိအင်မော်တယ်ရှဲ့လင်နှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများစွာရှိနေသည့်အတွက် သူသည် ဆူဇီမိုကို သတ်ဖြတ်ဖို့က မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ဤကျရှုံးမှုသည် အနာဂတ်မှာ ဆူဇီမိုကို သတ်ဖြတ်နိုင်မည့် အခွင့်အလမ်းတစ်ခုကို မဖြစ်မနေရှာဖွေရန် ရှဲ့ထျန်ဟုန်ကို ပို၍ပင်ဆုံးဖြတ်ချက်ပြတ်သားလာစေ၏။
“ငါတို့လည်းသွားကြတာပေါ့”
လူတိုင်းက လူစုခွဲထွက်ခွာသွားကြ၏။
တစ်ခဏချင်းမှာပင် ရှဲ့လင်တစ်ယောက်တည်းကသာ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ကျန်ရစ်ခဲ့၏။ သူက ရှေးဟောင်းနေကာသစ်ပင်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ရှေးဟောင်းနေကာသစ်ပင်ထဲမှာ အသက်ဓာတ်အဆီအနှစ်က သိသိသာသာ လျော့ကျသွားပြီး သစ်ရွက်အနည်းငယ်က အဝါရောင်ပင်အနည်းငယ်သန်းလာသည်ကို သူကရှင်းလင်းစွာ အာရုံခံမိလိုက်၏။
“ဘုရား ဘုရား.. ငါအချိန်မီရောက်လာခဲ့တာ ကံကောင်းတယ်.. မဟုတ်ရင် ဒီရှေးဟောင်းနေကာသစ်ပင်က ချမ်းသာရာရမှာ မဟုတ်လောက်ဘူး”
ရှဲ့လင်က တိတ်တဆိတ်ဆွံ့အသွားလေသည်။
ဆူဇီမိုသည် သူ့ဂိုဏ်းမှ ကျင့်ကြံသူများစွာနှင့်အတူ နန်းတော်ထဲမှာ အနားယူရာနေရာသို့ လိုက်ပါသွား၏။ ရှဲ့ချင်းချန်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံကနေထွက်ခွာကာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်သွားဖို့ပြင်လိုက်၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့လေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်ရောက်လျှင် သူသည် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံပြီး သူရရှိထားသည့်အရာများကို တတ်နိုင်သမျှမြန်မြန်စုပ်ယူဖို့ ပြင်ဆင်ထားလေသည်။
သူသည် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် ကျင့်ကြံရေးအရင်းအမြစ်များစွာကို ရရှိခဲ့၏။ ယခင်နဂါးအသူတရာချောက်နက်ကြယ်မှာ သူရရှိထားခဲ့သည့် နဂါးဂမ္ဘီရဆေးလုံးနှင့်အတူ သူ့အနေဖြင့် တံခါးပိတ်ကျင့်ကြံဖို့အတွက် လုံလောက်နေလေပြီ။
ငရဲဖိနှိမ်မီးဖိုကို လုံးလုံးလျားလျားပြင်ဆင်နိုင်ခဲ့ပြီး တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကလည်း ပြီးပြည့်စုံစွာထွက်ပေါ်လာခဲ့၏။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အဆုံးတွင် မနှိုင်းယှဥ်သာအောင်လေးနက်သိမ်မွေ့သော နောက်ထပ်ဓမ္မချိပ်စည်းနှစ်ခု ရှိနေ၏။ သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် ထိုချိပ်စည်းနှစ်ခုကို လုံးဝနားမလည်နိုင်သေးပေ။
သို့သော်လည်း ကျားဖြူအထွတ်အမြတ်ဝိညာဥ်က နိုးထလာခဲ့ပြီး သူသည် စတုတ္ထမြောက်မီးဖိုနံရံမှာရှိသော လျှို့ဝှက်အတတ်ကို ကျင့်ကြံနိုင်ပြီဖြစ်၏။
အဲ့ဒီမှာ အဆင့်-၁၁ ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော တတိယမြောက်ရတနာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကလည်း ရှိနေလေသည်။
ထိုမြင်းမြီးကျာပွတ်သည် အလွန်တရာစွမ်းအားကြီးမားပြီး မာကြောနိုင် ပျော့ပျောင်းနိုင်၏။ မိုးကောင်းကင်ကိုးလွှာ သက်ရှိမြေဆီလွှာနှင့် သုံးပါးရတနာကျောက်စိမ်းနှင့်ယှဥ်လျှင် အဲ့ဒါကို တိုက်ခိုက်ရေးဓမ္မရတနာအဖြစ် အသုံးပြုဖို့ ပို၍သင့်လျော်လေသည်။
နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ မီးတောက်များက လောင်ကျွမ်းနေပြီး နတ်ဖီးနစ်များက ပေါ်ထွက်လာခဲ့၏။ ဆူဇီမိုသည် အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ကိုပင် မွမ်းမံပြင်ဆင်နိုင်ခဲ့၏။
ကြီးမားသည့် စွမ်းအင်ပမာဏတစ်ခုကို စုပ်ယူပြီးနောက် အမြီးခုနှစ်ချောင်းဖီးနစ်ငှက်မွေးယပ်တောင်ပေါ်ရှိ အက်ကွဲကြောင်းများက အကုန်အစင်ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်၏။
ထိုဓမ္မရတနာသည် သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခု၏ အဆင့်ထိ ပြန်လည်မရောက်ရှိသေးသော်လည်း အဲ့ဒါသည် ထိပ်တန်းကောင်းကင်အဆင့် ဓမ္မရတနာတစ်ခု ဖြစ်နေခဲ့လေပြီ။