ဓားကျင့်စဉ်
Vol. 152 Ch. 2269
ဆူဇီမိုသည် လျှို့ဝှက်စံအိမ် ဘေးမှာ ရှိသော အဘိုးအိုထံ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး အထဲကို ဝင်ရောက်လိုက်၏။
ရှေးဟောင်းစာအုပ်များ၏ ရနံ့က ပျံ့လွင့်လာခဲ့၏။
ဆူဇီမိုသည် လျှို့ဝှက်စံအိမ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏ နောက်ဘက်မှာ ရှိသော တံခါးက သူ့ဘာသာသူ ပိတ်သွားလေသည်။
လျှို့ဝှက်စံအိမ်မှာ ရှိသော အလင်းရောင်က မှေးမှိန်နေ၏။ သို့သော်လည်း ဆူဇီမို၏ အမြင်အာရုံက အလွန်တရာ သန်မာပြီး မည်သည့် အဟန့်အတားမှ မရှိဘဲ နေရာတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်၏။
လျှို့ဝှက်စံအိမ်ထဲမှာ သေသပ်စွာ ချခင်းထားသည့် စာအုပ်စင်များ ရှိပြီး သူတို့ကို ကျင့်ကြံရေး နည်းစနစ်များ၊ လျှို့ဝှက်အတတ်များ၊ အင်မော်တယ်ပညာရပ်များ၊ ဆေးလုံးများ၊ အစီအရင် ဝင်္ကပါများ၊ လက်နက်သွန်းလုပ်ခြင်းနည်းစနစ်များ စသည်ဖြင့် အကြမ်းဖျင်း ခွဲခြားထား၏။
စာအုပ်စင်တစ်ခုချင်းစီမှာ အမျိုးမျိုးသော ကျင့်ကြံရေး နည်းစနစ်များကို စီထပ်ထား၏။ သူတို့ထဲမှ အချို့သည် ရှေးဟောင်းစာလိပ်များ၊ အချို့က ဝါးစာလိပ်များ၊ အချို့က တောကောင်သားရေတစ်ချပ်သာလျှင်နှင့် သူတို့ထဲမှ အချို့က ကျောက်စိမ်းစာလိပ်များဖြစ်၏။
ဆူဇီမိုသည် ကျင့်ကြံရေး နည်းစနစ်အပိုင်းသို့ အရင်ဆုံး ရောက်ရှိလာပြီး ရှေးဟောင်းစာလိပ်တစ်လိပ်ကို သာမန်ကာလျှံကာ ကောက်ယူကာ တစ်ချက်ကြည့်လိုက်၏။
ကံကြမ္မာအမှောင်စိတ်ဝိညာဉ်နည်းစနစ်..
ထိုကျင့်ကြံရေး နည်းစနစ်၏ အကြောင်းအရာများက ရှုပ်ထွေးခြင်း မရှိပေ။ ဆူဇီမိုက အတိုချုံးဖတ်ရှုပြီး အများစုကို နားလည်သဘောပေါက်သွား၏။
သူက ထိုကျင့်ကြံရေး နည်းစနစ်ကို တိတ်တဆိတ် မှတ်သားပြီး မိစ္ဆာမဟာနယ်မြေမှာ ရှိသော သိုင်းတာအိုပင်မခန္ဓာကို ပြောပြလိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် ဤကျင့်ကြံရေး နည်းစနစ်များကို ကျင့်ကြံစရာ မလိုပေ။
အတိအကျဆိုရလျှင် ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်ထဲမှာ ရှိသော ကျင့်ကြံရေး နည်းစနစ်များသည် ကျင့်ကြံဖို့အတွက် သူ၏ အချိန်နှင့် စွမ်းအင်ကို ပေးဖို့ မထိုက်တန်ပေ။
ဤနေရာမှာ ရှိသော မည်သည့် ကျင့်ကြံရေး နည်းစနစ်မဆို တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို မယှဉ်နိုင်ပေ။
သူသည် အခြားသော စာအုပ်စင်များပေါ်မှာ သူ့အတွက် အသုံးဝင်နိုင်သည့် လျှို့ဝှက်အတတ်တချို့ကို ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေလိမ့်မည်။
ဥပမာအားဖြင့် ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာမှာ ယဲ့ဖေး ထုတ်ဖော်ခဲ့သည့် ဘဝသက်တမ်းစွန့်လွှတ်စတေးခြင်း ပညာရပ်ကို ကျင့်ကြံဖို့ ပြင်ထား၏။
သိပ်မကြာခင် ကံကြမ္မာအမှောင်စိတ်ဝိညာဉ်နည်းစနစ်၏ အကြောင်းအရာများသည် သိုင်းတာအိုပင်မခန္ဓာထံသို့ ရောက်ရှိသွား၏။
ဆူဇီမိုက ဆက်လက်၍ စောင့်ကြည့်နေ၏။
အဖြူရောင်ငှက်မွေး စိတ်ဝိညာဉ်ကျမ်း…
ကြေးမုံဓမ္မပညာရပ်…
ကောင်းကင်ရှာဖွေခြင်းကျင့်စဉ်…
မိစ္ဆာဖိနှိမ်ခြင်းကျင့်စဉ်…
ဂမ္ဘီရအိပ်မက်ဆန်းကြယ်ရှေးဟောင်းကျမ်း…
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကျင့်ကြံရေးနည်းစနစ်များကို တစ်ခုပြီးတစ်ခု မှတ်သားပြီး အကုန်လုံးကို သိုင်းတာအိုပင်မခန္ဓာထံ ပြန်ပြောပြနေ၏။
မသိလိုက် မသိဘာသာနှင့်ပင် တစ်ရက်တာ ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ကျင့်ကြံရေးနည်းစနစ် ၁၀၀ကျော်ကို လေ့လာဖတ်ရှုခဲ့ပြီးပြီဖြစ်၏။ အဲဒါသည် လျှို့ဝှက်စံအိမ်၏ တစ်စိတ်တစ်ဒေသပင် မဟုတ်သေးပေ။
ဆူဇီမိုသည် သူ၏ နှာရောင်ကို ညင်သာစွာ ပွတ်သပ်ပြီး သူ၏ စိတ်ကို တည်ငြိမ်စေလိုက်၏။
လုံလောက်သည့် အချိန်ရှိပါက သူသည် လျှို့ဝှက်စံအိမ်ထဲမှာ ရှိသော ကျင့်ကြံရေးနည်းစနစ်များ အားလုံးကို သိုင်းတာအိုပင်မခန္ဓာထံ ဖြည်းဖြည်းချင်း လွှဲပြောင်းပေးနိုင်၏။ ဤကိစ္စကို အလောတကြီး လုပ်လို့ မရပေ။
သူသည် ရှေးဟောင်း အဖြူရောင် စာရွက်တစ်ရွက်ကို သာမန်ကာလျှံကာ ကောက်ယူကြည့်လိုက်၏။
ဓားကျင့်စဉ်…
အဖြူရောင်စာရွက်၏ ထိပ်ဆုံးမှာ စာလုံးနှစ်လုံးကို ရေးထိုးထား၏။ သို့သော်လည်း စာရွက်၏ ထောင့်စွန်းက ပျက်စီးနေပြီး ဆုတ်ဖြဲခံထားရသည်မှာ သိသာလေသည်။ အဲဒါက ပြီးပြည့်စုံမှု မရှိဘဲ လက်တစ်ဝါးအရွယ်မျှသာ ရှိ၏။
ဓားကျင့်စဉ်ဟူသော စာလုံးများ၏ ရှေ့မှာ တခြားတစ်စုံတစ်ရာ ရှိနေသေးသည့်ပုံရလေသည်။
သို့သော်လည်း အဖြူရောင်စာရွက်က မမှတ်မိနိုင်လောက်အောင် ဆုတ်ဖြဲခံထားရပြီး ၎င်းပေါ်မှာ သုတ္တန်တစ်ဝက်သာလျှင် ရှိလေသည်။ ဆူဇီမိုက အဲဒါကို လုံးဝ နားမလည်နိုင်ပေ။
ဆူဇီမိုသည် အဲဒါနှင့် ပတ်သက်၍ များစွာစဉ်းစားခြင်း မရှိဘဲ မပြီးပြည့်စုံသော ဓားကျင့်စဉ်ကို အလွတ်မှတ်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ သင်ကြားပေးချင်လေသည်။
သို့သော်လည်း ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပွားလာခဲ့၏။
ဆူဇီမိုက အဲဒါကို တစ်ကြိမ်အလွတ်မှတ်ပြီးနောက် သူသည် ဓားကျင့်စဉ်၏ စာလုံးများကို သိုင်းတာအိုပင်မခန္ဓာထံ သင်ကြားပေးမည်ပြုစဉ်မှာပင် သူသည် ယခုတင် မှတ်သားထားသည့် ဓားသုတ္တန်၏ စာလုံးတစ်လုံးကိုမှ မမှတ်မိတော့ကြောင်း ရုတ်တရက် သတိထားမိလိုက်၏။
သူ၏ စိတ်က လုံးဝကို ဗလာကျင်းနေ၏။
“ဟမ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူ၏ အကြည့်က ဓားကျင့်စဉ်အပေါ် ရောက်ရှိသွားပြီး စောစောက သူ မှတ်သားထားသည့် ဓားသုတ္တန်၏ စာပိုဒ်တချို့က သူ့စိတ်ထဲမှာ ပြန်လည်ပေါ်ထွက်လာ၏။
သူသည် အဲဒါကို သိုင်းတာအိုပင်မခန္ဓာထံ ပြောပြမည်ပြုစဉ်မှာပင် သူတို့က နောက်တစ်ဖန် ပျောက်ကွယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုမှ မရရှိနိုင်ပေ။
“ထူးဆန်းတယ်”
ဆူဇီမိုက စဉ်းစားရခက်သွား၏။
ဤတစ်ခေါက်မှာ သူသည် ဓားကျင့်စဉ်ကို ရှင်းရှင်းလင်းလင်း အမှတ်ရနေတာ သေချာစေရန် ထပ်တလဲလဲ အလွတ်ကျက်မှတ်လိုက်၏။ သူက သိုင်းတာအိုပင်မခန္ဓာကို သင်ကြားပေးခြင်း မပြုပေ။ ထိုအစား သူ့မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး သူ၏ မှတ်ဉာဏ်ကို ပိုမိုခိုင်မာလာစေဖို့ ထပ်တလဲလဲ ရွတ်ဆိုလိုက်၏။
သို့သော်လည်း သိပ်မကြာခင် သူမှတ်သားထားသည့် သုတ္တန်စာကြောင်းများက သူ့စိတ်ထဲမှာ နောက်တစ်ဖန် ပျောက်ကွယ်သွား၏။
“ဒါက…”
ဆူဇီမိုသည် သူ့လက်ထဲရှိ လက်တစ်ဖဝါးအရွယ် အဖြူရောင်စာရွက်ကို ကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။ သူက သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး အဲဒါကို ဆုတ်ဖြဲကြည့်လိုက်၏။
ရှေးဟောင်းအဖြူရောင်စာရွက်က အကောင်းအတိုင်းပင် ရှိနေ၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုက သူ၏ ခွန်အားကို စိုက်ထုတ်လိုက်၏။ သူသည် သူ၏ သွေးချီကို အသုံးမပြုထားသည်က လွဲလျှင် သူသည် အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားများ အားလုံးနီးပါးကို ထုတ်ဖော်ထား၏။
သာမန်ကောင်းကင်အဆင့် ဓမ္မရတနာများပင်လျှင် ဤကဲ့သို့ သိပ်သည်းပြင်းထန်သည့် စွမ်းအားကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ရှေးဟောင်းအဖြူရောင်စာရွက်က ပျက်စီးထိခိုက်မည့် မည်သည့်လက္ခဏာကိုမှ မပြသပေ။
အဲဒါက ရတနာတစ်ခုဖြစ်၏။
ဤကဲ့သို့သော ရတနာတစ်ခုပေါ်မှာ မှတ်တမ်းတင်ထားသည့် သုတ္တန်တစ်ခု၏ မူလဇာစ်မြစ်က ဘာဖြစ်မလဲ။
သူက ထိုသုတ္တန်ကို ဘာကြောင့် အလွတ်မမှတ်နိုင်ရတာလဲ။
ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာ၏။
သူသည် သူ့လက်ထဲရှိ ရှေးဟောင်းအဖြူရောင်စာရွက်ကို အရင်ဆုံးချပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အကြောင်းအရာများကို သိုင်းတာအိုပင်မခန္ဓာထံ သင်ကြားပေးဖို့ ရွေးချယ်လိုက်၏။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုဖြစ်ပြီး အဲဒါက သိုင်းတာအိုပင်မခန္ဓာအတွက် အထောက်အကူများစွာဖြစ်နိုင်၏။
သုတ္တန်၏ ပထမတစ်ဝက်အများစုကို သိုင်းတာအိုပင်မခန္ဓာထံသို့ ချောချောမွေ့မွေ့ ပို့လွှတ်လိုက်နိုင်၏။ သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သုတ္တန်၏ ကျန်ရှိနေသော တစ်ဝက်ကို ဆက်လက်၍ မပို့လွှတ်နိုင်တော့ပေ။
ကြုံတွေ့နေရသော အခြေအနေသည် စောစောက သူကြုံတွေ့ခဲ့ရပုံနှင့် အလွန်တရာ ဆင်တူနေ၏။
နောက်ပိုင်းမှာ ရှိသော သုတ္တန်သည် ငရဲဖိနှိမ်မီးဖို၏ စတုတ္ထမြောက် မီးဖိုနံရံပေါ်မှ သုတ္တန်ဖြစ်၏။
စတုတ္ထမြောက် မီးဖိုနံရံကို မကြာသေးခင်ကမှ ပြန်လည်ပြင်ဆင်ထားခဲ့၏။ ဆူဇီမိုသည် ၎င်းပေါ်မှာရှိသော သုတ္တန်များကို မှတ်သားထားခဲ့ပြီဖြစ်သော်လည်း သူက အဲဒါကို ယခုအချိန်ထိ ကျင့်ကြံခြင်းနှင့် နားလည်ဆင်ခြင်ခြင်း မပြုရသေးပေ။
တစ်နည်းအားဖြင့်ဆိုလျှင် သူသည် တဗူးဂမ္ဘီရကျင့်စဉ်၏ သုတ္တန်ကို လုံးလုံးလျားလျား မဆင်ခြင်ရသေးဘူးဆိုလျှင် သူသည် အဲဒါကို ကောင်းကောင်းအလွတ်ကျက်ထားသည်ဆိုလျှင်တောင် အခြားလူတစ်ယောက်ကို သင်ကြားပေးနိုင်မည် မဟုတ်ပေ။
ဒါ့အပြင် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ သုတ္တန်အများစုကို သိုင်းတာအိုပင်မခန္ဓာထံ သင်ကြားပေးခဲ့သော်လည်း အဲဒီမှာ အရေးကြီးသော အချက်အလက်များစွာက ပျောက်ဆုံးနေဆဲဖြစ်၏။
ထိုအရာများသည် ငရဲဖိနှိမ်မီးဖိုပေါ်မှာ ခတ်နှိပ်ထားသည့် ရှေးဟောင်းမှော်စာလုံးများနှင့် စိတ်ဆန္ဒများဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာထံ အဲဒါကို သင်ကြားပေးနိုင်သော်လည်း သူသည် ငရဲဖိနှိမ်မီးဖိုပေါ်ရှိ ရှေးဟောင်းစာလုံးများနှင့် စိတ်ဆန္ဒများကို မလွှဲပြောင်းပေးနိုင်ပေ။ အဲဒါသည် အနန္တမဟာဧကရာဇ် ချန်ထားရစ်ခဲ့သော တစ်စုံတစ်ရာဖြစ်၏။
ထိုအရာများသည် တဗူးဂမ္ဘီရကျင့်စဉ်၏ အဖိုးတန်ဆုံး အမွေအနှစ်များဖြစ်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် နောက်ဆုံး တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။
ကျင့်ကြံရေးနည်းစနစ်က ပိုမိုသန်မာလေလေ၊ အဲဒါကို ကျင့်ကြံဖို့နှင့် မျှဝေဖို့က ပို၍ ခက်ခဲလေလေ ဖြစ်၏။
အထူးသဖြင့် တဗူးဂမ္ဘီရကျင့်စဉ်များအတွက် ဖြစ်၏။
သူက အဲဒါကို အောင်မြင်စွာ ကျင့်ကြံနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တဗူးဂမ္ဘီရကျင့်စဉ်၏ မူလမိတ္တူကို ကိုယ်တိုင်ကြည့်ရှုနိုင်မှသာ ဖြစ်လေသည်။
ဒါ့အပြင် ပထမလူက အဲဒါကို အောင်မြင်စွာ ကျင့်ကြံထားသည်ဆိုလျှင်တောင် မူလမိတ္တူကို အခြားသူထံ ပို့မပေးနိုင်ဘဲ တဗူးဂမ္ဘီရကျင့်စဉ်ကို သင်ကြားပေးနိုင်မည် မဟုတ်ပေ။
ဆူဇီမို ရရှိထားသော ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ပညာရပ်များမှာလည်း ဤကဲ့သို့သော သွင်ပြင်လက္ခဏာများ ရှိလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ရှေးဟောင်းခေတ်မှ တစ်စုံတစ်ယောက်သည် ထိုဓားပညာရပ်နှစ်ခုကို ရရှိခဲ့ပြီး အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။ သို့သော်လည်း သူတို့ကို လက်ဆင့်ကမ်း မမျှဝေနိုင်ခဲ့ပေ။
ဓားဧကရာဇ်ပင်လျှင် ထိုဓားပညာရပ်နှစ်ခုထဲ တစ်ခုကနေတစ်ဆင့် အခြားသော ဓားကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးပြီးမှသာ သူ၏ အမွေအနှစ်ကို ချန်ထားခဲ့နိုင်လေသည်။
ထိုသို့ဆိုပါက သူ့ရှေ့မှာ ရှိသော မပြီးပြည့်စုံသည့် အဖြူရောင်စာရွက်ပေါ်မှ ဓားကျင့်စဉ်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု သို့မဟုတ် အလွန်တရာ အဆင့်အတန်း မြင့်မားသော ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုကနေ လာခြင်းဖြစ်ဖို့များလေသည်။
ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူ၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။ သူက သူ့လက်ထဲမှာ ရှိသော အဖြူရောင်စာရွက်ကို ကြည့်ပြီး မိစ္ဆာမဟာနယ်မြေမှာ ရှိသော သိုင်းတာအိုပင်မခန္ဓာနှင့်အတူ တစ်ချိန်တည်းမှာပင် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို လှည့်ပတ်လိုက်၏။
အစစ်အမှန်ခန္ဓာနှစ်ခုက ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခုကို ရရှိသွား၏။ သူတို့၏ စိတ်များက ချိတ်ဆက်သွားပြီး သူတို့၏ ချိတ်ဆက်မှုက အရင်ကထက် ပို၍ ရှင်းလင်းကာ ပြတ်သားလာခဲ့၏။
ရုတ်တရက်ဆိုသလို…
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်မှာ ဆူဇီမို၏ ရှင်းလင်းသော မျက်လုံးများက အသွင်ပြောင်းလဲသွားပြီး ထူးဆန်းသော ခရမ်းရောင် မီးတောက်နှစ်ခုက ပေါ်ထွက်လာ၏။
စိတ်ဝိညာဉ်ပနံသင့် ပညာရပ်…
တစ်ယောက် မြင်ရသည့်အရာကို အခြားတစ်ယောက်က မြင်ရခြင်း…
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် စိတ်ဝိညာဉ်ပနံသင့် ပညာရပ်ကနေတစ်ဆင့် အဆုံးမဲ့ လေဟာနယ်ကို ဖြတ်ကျော်ကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျက်လုံးများကနေတစ်ဆင့် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်မှာ ရှိသော အရာရာတိုင်းကို တွေ့မြင်လာရ၏။