နားငြီးတယ်
Vol. 152 Ch. 2271
သူက ရှေ့မှာရှိသော ကျင့်ကြံရေးကုန်းမြေသို့ ချဥ်းကပ်လာစဥ်မှာပင် အကြီးအကဲကျုံးက ရုတ်တရက်ရပ်တန့်ပြီး လေထဲကနေဖြည်းဖြည်းချင်းဆင်းသက်ကာ ဆူဇီမိုနှင့် အခြားနှစ်ယောက်ကိုလည်း ဆင်းသက်ဖို့ အချက်ပြလိုက်၏။
မင်းတို့တွေက သင်ယူဖို့အတွက် ကျင့်ကြံရေးကုန်းမြေကိုရောက်လာတဲ့အခါ လေထဲမှာရပ်နေလို့မရဘူး... လူတိုင်းက တာအိုကိုသင်ကြားပေးတဲ့ ပကတိအင်မော်တယ်တွေကို လေးစားမှုထားတဲ့အနေနဲ့ မြေပြင်ပေါ်ကို ဆင်းသက်ပေးရမယ်”
အကြီးအကဲကျုံးက ရှင်းပြလိုက်၏။
သူတို့လေးယောက်က များစွာလှုပ်ရှားခြင်းမရှိပေ။ သို့သော်လည်း ကျင့်ကြံရေးကုန်းမြေရှေ့မှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။
သူသည် ဆူဇီမိုနှင့် အခြားသူများကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက အေးစက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူသည် ရှေ့မှာရှိသောလူအုပ်ကြီးထဲမှ ရန်လိုစိတ်တစ်ခုကို အာရုံခံမိလိုက်သော်လည်း အဲ့ဒါက ချက်ချင်းပင်ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ကုန်းမြေပေါ်သို့ ဆင်းသက်လိုက်ပြီဖြစ်၏။ သူ့ရှေ့မှာ လူပင်လယ်တစ်ခုရှိနေပြီး ရန်လိုစိတ်၏ ထွက်ပေါ်လာရာဇာစ်မြစ်ကို သူက မတွေ့မြင်နိုင်ပေ။
ကျင့်ကြံရေးကုန်းမြေရှေ့မှာ....။
“ချင်းယွင်... ဘာများဖြစ်လို့လဲ”
အတွင်းဂိုဏ်း၏ နံပါတ်တစ်နတ်မိမယ် ယန်ပင်းယင်က သူမဘေးမှအမျိုးသား၏ ထူးဆန်းသောအမူအရာကို အာရုံခံမိသွားပြီး စူးစမ်းလိုစိတ်ဖြင့်မေးမြန်လိုက်၏။
ယန်ပင်းယင်၏ ဘေးမှာရှိသောအမျိုးသားက အတွင်းဂိုဏ်း၏ နံပါတ်တစ် ဖန့်ချင်းယွင်ဖြစ်လေသည်။
“ငါသိတဲ့လူတစ်ယောက်ကို ငါတွေ့လိုက်ရတယ်”
ဖန့်ချင်းယွင်က တည်ငြိမ်သောအမူအရာဖြင့် မထီတရီပြောလိုက်၏။
“ဘယ်သူလဲ”
ဘေးကနေ ထန်ပန်က မေးလိုက်၏။
“ဆူဇီမို”
ဖန့်ချင်းယွင်ကပြန်ဖြေလိုက်၏။
“သူလား”
ထန်ပန်၏ အမူအရာကအေးစက်လာပြီး သူ၏ မျက်လုံးထဲမှာ မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်က ဖျတ်ခနဲပေါ်ထွက်လာ၏။
နှစ်တစ်သောင်းတွေ့ဆုံပွဲမတိုင်ခင်က ဓားအင်မော်တယ်ယွဲ့ဟွားကို စိတ်ကျေနပ်စေဖို့အတွက် သူတို့သုံးယောက်သည် ဆူဇီမိုကိုအကြောင်းပြကာ ယန်လောရှုကို သင်ခန်းစာတစ်ခုပေးဖို့ ပြင်ခဲ့ကြ၏။
ဒါ့အပြင် ဆူဇီမိုနှင့် ယန်လောရှုနှစ်ယောက်စလုံးသည် အောက်ဘုံလောကကနေလာပြီး ယန်လောရှုက သူ့ကိုကောင်းကောင်းဂရုစိုက်ပေးနေ၏။
ဖန့်ချင်းယွင်နှင့် အခြားနှစ်ယောက်သည်လည်း ဆုံးရှုံးမှုတစ်ရပ်ကို ထိခိုက်ခံစားခဲ့ရ၏။ သူတို့သည် ယန်လောရှုကို သင်ခန်းစာတချို့မပေးနိုင်ရုံသာမက သူတို့ဘက်မှ ဖန်းယွီ၏ အသက်ကိုပင်ဆုံးရှုံးခဲ့ရ၏။
“ချင်းယွင်... ဆူဇီမိုကလည်း လူတစ်ယောက်ရဲ့ဘဝသက်တမ်းကို လျှော့ချနိုင်တဲ့ နတ်ဘုရားစွမ်းအားတစ်ခုကို တတ်ထားတယ်လို့ အခြားသူတွေဆီကနေ ငါကြားထားတယ်....အရင်တုန်းက အဲ့ဒီတိုက်ပွဲကို ရှင်ဘယ်လိုထင်လဲ”
ယန်ပင်းယင်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး တုံ့ဆိုင်းနေ၏။
ဖန့်ချင်းယွင်က ပြောလိုက်၏။
“ဖန်းကလန်က ကျင့်ကြံသူတွေကလည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ဆီကို သတင်းစကားတစ်ခုပေးပို့ခဲ့ကြတယ်... သူတို့မှာလည်း တူညီတဲ့အကဲဖြတ်မှုရှိနေတယ်”
“အရင်တုန်းက အဲ့ဒီကောင်လေးက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖန်းယွီကို သတ်ဖြတ်နိုင်မှာလား”
ထန်ပန်က မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ဖန့်ချင်းယွင်က ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ်... ဒီကိစ္စက ဆူဇီမိုကြောင့်စတင်လာခဲ့တာပဲ... သူက ယန်လောရှုနဲ့လည်း ဆက်ဆံရေးကောင်းရှိနေတယ်... ငါတို့သူ့ကို သင်ခန်းစာတစ်ခုပေးရမယ်”
“စီနီယာအစ်ကိုဖန့်... ကျုပ်တိုဘာလုပ်သင့်တယ်လို့ထင်လဲ”
ထန်ပန်၏ မျက်လုံးထဲကနေတစ်ဆင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ဖျတ်ခနဲလက်သွားပြီး သူက ခေါင်းဖြတ်လက်ဟန်အမူအရာတစ်ခုကို တိတ်တဆိတ်ပြုလုပ်ကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ကျုပ်တို့အခွင့်အရေးတစ်ခုကို ရှာသင့်….”
“ဂျူနီယာမောင် ထန်... မဆင်မခြင်မလုပ်နဲ့ “
ယန်ပင်းယင်က မျက်မှောင်ကြုတ်လိုက်၏။
“ဆူဇီမိုက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ သူ့ကိုယ်သူနာမည်တစ်ခုတည်ဆောက်ပြီး တက္ကသိုလ်ကို ဂုဏ်ဆောင်ပေးခဲ့တယ်လို့ ငါကြားထားတယ်”
“အမှန်ပဲ... သူ့ကိုသင်ခန်းစာတစ်ခုပေးရုံပါပဲ”
ဖန့်ချင်းယွင်က ညင်သာစွာပြုံးလိုက်၏။
“အတွင်းဂိုဏ်းမှာ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ဘယ်သူတွေလည်းဆိုတာ သူ့ကိုနားလည်သွားစေချင်ရုံပဲ... သူကလိမ္မာပါးနပ်ပြီးတော့ ငါတို့ဘက်မှာပါလာမယ်ဆိုရင် ငါတို့ သူကို အခွင့်အရေးတစ်ခုပေးနိုင်တယ်... သူက ဘာပဲပြောပြော ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲ သူ့ကိုပါရမီရှင်တစ်ဦးလို့ဆိုနိုင်တယ်... သူ့ကိုဒီတိုင်း ဒုက္ခိတဖြစ်အောင်လုပ်လိုက်ရမှာ နှမြောစရာပဲ”
“ရှင့်မှာနည်းလမ်းတစ်ခုခုရှိလို့လား ချင်းယွင်”
ယန်ပင်းယင်က အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“ဆူဇီမိုရဲ့ လက်ရှိသရုပ်သကန်က အရင်တုန်းကနဲ့မတူတော့ဘူး... အရင်တုန်းက သူကအပြင်ဂိုဏ်း တပည့်တစ်ယောက်ပဲ... အခုသူက အတွင်းဂိုဏ်းကို ဝင်ရောက်လာပြီ... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ကျွန်မတို့ထက် အများကြီးနိမ့်ကျသေးတယ်ဆိုပေမယ့် သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဖြစ်နေတုန်းပဲ”
“ဒီကိစ္စမှာ ငါတို့ဝင်ပါစရာမလိုဘူး”
ဖန့်ချင်းယွင်က မှင်သေသေဖြင့်ပြုံးပြီး ကူရှင်အဝိုင်းပေါ်မှ မြင့်မား၍ စွမ်းပကားကြီးမားသောပုံရိပ်ကို ကြည့်လိုက်၏။
“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်လား”
ယန်ပင်းယင်၏ မျက်လုံးက ဝင်းလက်သွား၏။
“ဟုတ်တာပေါ့... စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်က အမွေခံတပည့်တစ်ယောက်ပဲ... သူ့ရဲ့အဆင့်အတန်းနဲ့ဆို ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဖြစ်တယ်ဆိုရင်တောင် သူက စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်ရဲ့ ရှေ့မှာ ဘာမှမဟုတ်ဘူး”
“ဒါပေမဲ့... ဆူဇီမိုကို သင်ခန်းစာပေးဖို့အတွက် စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ် ဝင်ပါလာအောင် ကျုပ်တို့က ဘယ်လိုလုပ်ရမှာလဲ”
ထန်ပန်က မေးလိုက်၏။
ဖန့်ချင်းယွင်က ပြောလိုက်၏
“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်က အမွေခံကုန်းမြေမှာဆိုရင် စီနီယာအစ်ကိုယွဲ့ဟွားရဲ့ လက်အောက်မှာပဲ... စီနီယာအစ်ကို ယွဲ့ဟွားက ယန်လောရှုကို အမြင်မကြည်ဘူးဆိုတာ တက္ကသိုလ်တစ်ခုလုံးကသိတယ်”
“ငါတို့လုပ်စရာရှိတာက ဆူဇီမိုနဲ့ ယန်လောရှုကြားက ပတ်သက်ဆက်နွယ်မှုနဲ့ အပြင်ဂိုဏ်းမှာဖြစ်ခဲ့တဲ့အကြောင်းကို စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်ကို သတင်းပေးလိုက်ရုံပဲ... သူက ဆူဇီမိုကိုသင်ခန်းစာတစ်ခုပေးဖို့... ဝင်ပါလာလိမ့်မယ်”
........
“လူတစ်ယောက်ရဲ့စိတ်ဝိညာဥ်ကို ပြုစုပျိုးထောင်ဖို့အတွက် ရှုထောင့်ငါးခုရှိတယ်... စွမ်းအင်ကဦးဆောင်နေတဲ့အချိန်မှာ နှလုံးက စွမ်းအင်ရဲ့မှီခိုအားထားရာပဲ... လူတစ်ယောက်က ကိုယ်ကျင့်တရားရှိနေမှ စိတ်ဝိညာဥ်ရဲ့ဂုဏ်ကို ထိန်းသိမ်းနိုင်လိမ့်မယ်... စိတ်ဝိညာဥ်ကိုအားဖြည့်ပေးတဲ့နည်းလမ်းက တာအိုရဲ့ပေါင်းစည်းမှုကနေလာတာပဲ... ဒွာရတစ်ပေါက်ချင်းစီက ချီအတွက် ဂိတ်တံခါးပေါက်တစ်ခုဖြစ်ပြီး အားလုံးကို နှလုံးကနေ ထိန်းပေးထားတယ်”
“အသက်ဓာတ်ကို ကောင်းကင်ဘုံကနေပြီးတော့ ပေးအပ်တယ်...အမြုတေသုံးခုရဲ့ပေါင်းစည်းမှုက လူတစ်ယောက်ကို သဘာဝတရားဆီပြန်ပို့ပေးလိမ့်မယ်.... မှားယွင်းတဲ့အမြင်တွေကိုဖယ်ရှားပြီးမှ အစစ်အမှန်အမြုတေကို ဖန်တီးနိုင်မယ်... ပကတိအင်မော်တယ်ပညာရှင်တွေက ကောင်းကင်ဘုံနဲ့တစ်သားတည်းကျလာပြီးတော့....”
ဆူဇီမိုနှင့် အခြားသူများသည် လူအုပ်ကြီး၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေကြသော်လည်း သူတို့သည် ရှေ့မှာရှိသော ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အသံကို ရှင်းလင်းစွာကြားနေရဆဲဖြစ်၏။
သူ၏ အသံက ညင်သာ၍ သူ၏ အသံနေအသံထားက တိကျမှုရှိလေသည်။
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်ပြောသော စကားလုံးတစ်လုံးချင်းစီက လေးနက်သိမ်မွေ့မှုရှိပြီး မှတ်သားလောက်လေသည်။
ဆူဇီမိုသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး စောစောက ရန်လိုစိတ်နှင့်ပတ်သက်၍ စဥ်းစားတွေးတောနေဆဲဖြစ်ကာ သူက အာရုံပျံ့လွင့်နေ၏။
“အကြီးအကဲကျုံး... ဒီမှာရှိတဲ့တက္ကသိုလ်တပည့်ဂိုဏ်းသားတွေက ကျင့်ကြံမှုနယ်ပယ်တွေ မြင့်မားကြတဲ့ပုံပဲ”
ဆူဇီမိုက အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်၏။ ကျင့်ကြံရေးကုန်းမြေမှာရှိသော ကောင်းကင်အင်မော်တယ်အများစုသည် အဆင့်-၅ အထက်မှာ ဖြစ်လေသည်။
ဆူဇီမို၊ မင်းသမီးသက်တံနီနှင့် လျှိုဖျင်ကဲ့သို့ အဆင့်-၁ ကောင်းကင်အင်မော်တယ်များက မရှိသလောက်နီးပါးပင်။
“ဒါပေါ့...”
အကြီးအကဲကျုံးက ပြုံးပြလိုက်၏။
“ပကတိအင်မော်တယ်တွေက သူတို့ရဲ့တာအိုကို သင်ကြားပေးတဲ့အခါ သူတို့က ကောင်းကင်အင်မော်တယ်နဲ့ ပကတိအင်မော်တယ်ကြားက ဓမ္မတာအိုတွေကို သင်ကြားပေးလေ့ရှိတယ်... အဲ့ဒါက အဆင့်မြင့်ကောင်းကင်အင်မော်တယ်တွေအတွက် ဘယ်လိုအဆင့်ချိုးဖျက်တက်လှမ်းရမလဲဆိုတာရယ်... အဆင့်ချိုးဖျက်တက်လှမ်းနေစဥ်အတွင်း သူတို့က ဘယ်အရာကို နားလည်ဆင်ခြင်ရမလဲဆိုတာကိုသိဖို့ အများကြီးအထောက်အကူဖြစ်စေတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ထိုစဥ်မှာပင်... ဘာ့ကြောင့်ရယ်မသိ.. ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အသံက ခဏမျှရပ်တန့်သွား၏။
တရားဟောစင်ပေါ်မှာ ခဏမျှရပ်တန့်သွားပြီးနောက် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က တာအိုကို ခါတိုင်းလိုပင် ဆက်လက်၍ သင်ကြားပေးနေ၏။
ထိုတဒင်္ဂရပ်တန့်မှုက တုံ့ပြန်မှုများစွာကို မဖြစ်စေခဲ့ပေ။ သို့သော်လည်း... ထိုရပ်တန့်မှုအပြီး၌ ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အကြည့်က သူတို့ရှိရာဘက်သို့ ရောက်ရှိလာသည်ကို ဆူဇီမိုက သတိထားမိလိုက်၏။
မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် အတွင်းဂိုဏ်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး အမွေခံတပည့်တစ်ယောက် တာအိုသင်ကြားပေးနေသည်နှင့် ကြုံကြိုက်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားနေကြ၏။
“အမွေခံတပည့်တွေက တာအိုကိုသင်ကြားပေးတယ်ဆိုတာ ရှားရှားပါးပါးအခွင့်အရေးပဲ... အတွင်းဂိုဏ်းတပည့်တွေက အရေအတွက် သိန်းနဲ့ချီရှိကြတယ်မလား ဘာလို့သူတို့ထဲက တစ်ဝက်လောက်ကပဲ ဒီမှာရှိနေတာလဲ”
မင်းသမီးသက်တံနီက ညင်သာစွာမေးလိုက်၏။
အကြီးအကဲကျုံးက ရှင်းပြလိုက်၏။
“အတွင်းဂိုဏ်းတပည့်တချို့က ဂိုဏ်းကပေးထားတဲ့တာဝန်တွေကို ဆောင်ရွက်ဖို့အတွက် အပြင်မှာခရီးသွားနေကြတာရှိတယ်... တချို့တွေကလည်း တံခါးပိတ်ကျင့်ကြံပြီးတော့ အလျင်စလိုထွက်လာလို့မရတာရှိမယ်”
“တကယ်တော့... အမွေခံတပည့်တိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အသိအမြင်တွေရှိကြတယ်... သူတို့သင်ကြားပေးတဲ့တာအိုတွေကလည်း အမျိုးမျိုးကွဲပြားတယ်... ငါတို့အတွက်ကတော့ ပိုပြီးတော့နားထောင်လေလေ အကျိုးရှိလေပဲ”
“ဟုတ်တာပေါ့.... အဲ့ဒါအမှန်ပဲ”
လျှိုဖျင်က အလောတကြီးခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“စောစောက စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်ပြောတဲ့ စကားလုံးတွေက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... ကျုပ်က အဲ့ဒါတွေကို ထပ်တလဲလဲစဥ်းစားတွေးတောနေရင်းနဲ့ အသိအမြင်အသစ်တချို့ကို ရလာခဲ့တယ်”
“တော်တော်နားငြီးတာပဲ”
ထိုစဥ်မှာပင် ကျင့်ကြံရေးကုန်းမြေကနေ အော်သံတစ်သံက မိုးချိန်းသံကဲ့သို့ ထွက်ပေါ်လာ၏။
အစကတော့... ထိုမိုးကြိုးသံသည် ကျင့်ကြံရေးကုန်းမြေ၏ အထက်မှာတရုန်းရုန်း ထကြွနေ၏။ သို့သော်လည်း အဲ့ဒါက ဆူဇီမိုနှင့် အခြားသုံးယောက်၏ နားများထဲသို့ ချက်ချင်းပင်ဆင်းသက်ကာ ပေါက်ကွဲထွက်ပေါ်လာ၏။
အကြီးအကဲကျုံး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
သူက အဆင့်-၉ ကောင်းကင်အင်မော်တစ်ယောက်ဖြစ်ပြီး ထိုအသံ၏ သက်ရောက်မှုကို ခံနိုင်ရည်ရှိနေဆဲဖြစ်၏။
သို့သော်လည်း မင်းသမီးသက်တံနီနှင့် လျှိုဖျင်က အဆင့်-၁ ကောင်းကင်အင်မော်တယ်မျှသာဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များက အနည်းငယ်ယိမ်းထိုးသွားပြီး သူတို့၏ နားများထဲမှ တဝီဝီမြည်နေ၏။ တကယ်ဆို... သူတို့၏ နားထဲကနေ သွေးများကပင် စီးကျလာခဲ့၏။
ထိုအသံတစ်သံက သူတို့နှစ်ယောက်ကို ဒဏ်ရာရရှိသွားစေခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် သူ၏ အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ အဲ့ဒါကို ခုခံနိုင်ခဲ့သော်လည်း သူက သက်တောင့်သက်သာမရှိမှုဖြင့် မျက်မှောင်ကြုတ်လိုက်၏။