ထွက်သွားကြစမ်း
Vol. 152 Ch. 2272
ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး လှမ်းကြည့်လိုက်၏။
မလှမ်းမကမ်းအလယ်မှာရှိသော တရားဟောစင်မြင့်ပေါ်မှာ ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်တွင် ဒေါသထွက်နေသောအမူအရာနှင့် တောက်လောင်ပြင်းပြသောအကြည့်ရှိပြီး ခံ့ညားသောအမူအရာဖြင့် သူတို့လေးယောက်ကို လှမ်းကြည့်နေ၏။
တစ်ချိန်တည်းမှာပင် ကျင့်ကြံရေးကုန်းမြေမှာ မရေမတွက်နိုင်သောအကြည့်များက သူတို့ထံသို့ ရောက်ရှိလာခဲ့၏။
ထိုအကြည့်များမှာ အမျက်ဒေါသ၊ အံ့အားသင့်ခြင်း၊ အထင်အမြင်သေးမှုနှင့် စိတ်လှုပ်ရှားမှု… တို့က ရောထွေးနေ၏။
ချက်ချင်းပင် ဆူဇီမိုတို့က စဥ်းစားကြည့်၍မရနိုင်သော ဖိအားတစ်ရပ်ကို ခံစားလိုက်ရ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းမှ ကောင်းကင်အင်မော်တယ်သောင်းချီ၏ စိတ်အာရုံက သူတို့လေးယောက်ပေါ်သို့ တစ်ချိန်တည်းမှာ ရောက်ရှိလာပြီး ဖိအားက စဥ်းစားကြည့်၍မရနိုင်အောင်ပင်။
အကြီးအကဲကျုံးပင်လျှင် သက်တောင့်သက်သာမရှိမှုကို ခံစားလာရပြီး ရှက်ရွံ့မှုဖြင့် သူ၏ မျက်နှာက နီမြန်းလာ၏။
မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် ယခုတင်အတွင်းဂိုဏ်းသို့ ဝင်ရောက်လာခါစဖြစ်ပြီး သူတို့က အဆင့်-၁ ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။ သူတို့က ပို၍ပင်မွန်းကျပ်ဖွယ်ရာခံစားနေရ၏။
ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။
သူသည် ယခုထက်အန္တရာယ်ပိုများသော အခြေအနေများနှင့် ကြုံတွေ့ခဲ့ဖူးလေသည်။ ထိုဖိအားက သူ့အပေါ် များစွာမသက်ရောက်ပေ။
“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်”
အကြီးအကဲကျုံးက တောင်းပန်လိုသောအမူအရာဖြင့် အလောတကြီးဦးညွှတ်လိုက်၏။
“သူတို့သုံးယောက်က ဆူဇီမို... မင်းသမီးသက်တံနီနဲ့ လျှိုဖျင်တို့ပဲ.... သူတို့တွေက ဒီတစ်ခေါက်နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ တက္ကသိုလ်အတွက် ကြီးမားစွာအကျိုးဆောင်နိုင်ခဲ့ကြတယ်... သူတို့သုံးယောက်က အတွင်းဂိုဏ်းကို အခုမှရောက်လာတာဆိုတော့.... စဥ်းမျဥ်းစည်းကမ်းတွေအကြောင်း များများစားစားမသိသေးဘူး....စီနီယာအစ်ကို ကျောက်စိမ်းဖားပြုတ် သူတို့က ခင်ဗျားကို ဆန့်ကျင်မိခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးပါ”
အကြီးအကဲကျုံးက ဆူဇီမိုနှင့် အခြားနှစ်ယောက်၏ နောက်ခံများကို ပြန်ပြောပြရင်း ကောင်းကောင်းမွန်မွန်တောင်းပန်လိုက်၏။
သူက အလွန်တရာ ထောက်ထား၍ယဥ်ကျေးပြနေ၏။
“အို..”
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အမူအရာက အေးစက်နေမြဲဖြစ်ပြီး သူကပြန်မေးလိုက်၏။
“ဆိုတော့... နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ တက္ကသိုလ်အတွက် ကြီးမားစွာအကျိုးဆောင်နိုင်တဲ့သူတွေကို ဒီလိုမျိုး ကျင့်ဝတ်ထုံးတမ်းတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို ပမာမခန့်ပြုခွင့်ပေးထားတာလား”
“ဘယ်...ဘယ်လို...”
အကြီးအကဲကျုံးက ဆွံ့အသွားလေသည်။
သူဆိုလိုသည့်အဓိပ္ပါယ်မှာ ထိုသို့လုံးဝမဟုတ်ပေ။
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်သည် ဤကိစ္စကို ဘာကြောင့်မပြီးနိုင်မစီးနိုင် ဖြစ်နေသလဲ သူမသိပေ။
“ငါက...တာအိုကိုသင်ကြားပေးဖို့ ဒီနေရာကိုရောက်လာတယ်... ငါက နားထောင်ဖို့ရောက်လာတဲ့ ဂျူနီယာရောင်းရင်းတွေအားလုံးကို ကြိုဆိုတယ်... ဒါပေမဲ့ မင်းတို့တွေက အောက်ဘက်မှာ တတွတ်တွတ်နဲ့အဆက်မပြတ်ပြောဆိုပြီး ဆူညံအောင်လုပ်နေတယ်.... မင်းတို့တွေက အရမ်းကိုဗရုတ်ကျလွန်းတယ်... မင်းတို့ကိုယ်မင်းတို့ ဘယ်လိုထိန်းချုပ်ရမလဲ မသိဘူး”
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ လေသံက ပို၍အေးစက်လာခဲ့၏။
“မင်းတို့တွေက နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ အကျိုးဆောင်ထားတာနဲ့ပဲ... မောက်မာချင်တိုင်းမောက်မာလို့ရမယ်ထင်လို့လား... ဒါက အတွင်းဂိုဏ်းပဲ မင်းတို့ရဲ့အပြင်ဂိုဏ်းမဟုတ်ဘူး”
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်က လှောင်ရယ်လိုက်၏။
“လက်စသတ်သောသူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူပဲ... သူက ဒီလောက်ထိမောက်မာပြီး စိတ်ကြီးဝင်နေတာ မထူးဆန်းတော့ဘူးပဲ”
လူအုပ်ကြားထဲမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ထိုအသံကို ရင်းနှီးမှုနေသည်ဟုထင်ရ၏။ သို့သော်လည်း လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေပြီး သူသည် ထိုအသံပိုင်ရှင်ကို ချက်ချင်း မမှတ်မိနိုင်ခဲ့ပေ။
“သူက... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသူဆိုတော့ရောဘာဖြစ်လဲ... အတွင်းဂိုဏ်းကို ဝင်ရောက်လာပြီးရင်တောင် သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... အတွင်းဂိုဏ်းမှာ သူကလူတိုင်းရဲ့ ဂျူနီယာပဲ”
“အမှန်ပဲ.... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူဆိုရင်တောင်မှ သူကငါတို့ကိုတွေ့တဲ့အခါ နာနာခံခံဦးညွှတ်ပြီး ငါတို့ကို စီနီယာအစ်ကိုတွေလို့ ခေါ်ရမယ်”
လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာ၏။
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်၏ အဆင့်အတန်းအရ အတွင်းဂိုဏ်းတပည့်များစွာက သူ့ဘက်ကနေရပ်တည်ဖို့ ရွေးချယ်လာကြပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်အချို့သည် ဤကိစ္စကအနည်းငယ် လွန်ကဲရာကျသည်ဟု ခံစားမိလျှင်တောင် သူတို့က အသံတိတ်နေကြ၏။
ဖန့်ချင်းယွင်နှင့် အခြားသူများ၏ ဦးဆောင်မှုအောက်မှာ ကျင့်ကြံသူများစွာက ဆူဇီမိုကို စတင်၍ စွပ်စွဲပုတ်ခတ်ပြောဆိုလာကြ၏။
“တောင်း..တောင်းပန်ပါတယ်”
လျှိုဖျင်၏ မျက်နှာက နီမြန်းနေပြီး သူ၏ နားထဲကနေ သွေးများကစီးကျနေဆဲဖြစ်၏။ မလုံမလဲ အမူအရာတစ်ခုနှင့်အတူ သူကထပ်တလဲလဲဦးညွှတ်ပြီး တောင်းပန်နေကာ ချွေးများဖြင့်စိုရွှဲနေ၏။
မင်းသမီးသက်တံနီကလည်း ရှက်ရွံ့နေပြီး သူမ၏ ခေါင်းကိုငုံ့ထားကာ ပုန်းကွယ်စရာတွင်းပေါက်တစ်ခုကို ရှာဖွေချင်နေ၏။
အကြီးအကဲကျုံးကတော့ အနည်းငယ်အဆင်ပြေနေသေး၏။ ဘာပဲပြောပြော သူသည် အတွင်းဂိုဏ်းမှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး အတွင်းဂိုဏ်းတပည့်များစွာက သူနှင့်ရင်းနှီးလေသည်။ ထိုသို့ဖြင့် သူ့အပေါ် တိုက်ခိုက်မှုများစွာရှိမလာခဲ့ပေ။ သို့သော်လည်း ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်၏။
သူတို့သည် လူတိုင်းနီးပါး၏ ပြစ်တင်ဝေဖန်ရှုတ်ချခြင်းကိုခံနေရ၏။ ဆူဇီမိုက မချင့်မရဲဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူက တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားရ၏။ သူတို့လေးယောက်က အောက်ဘက်မှာ စကားပြောဆိုနေစဥ် သူတို့၏ အသံများက ကျယ်လောင်မှုမရှိပေ။ အဲ့ဒါကို ဆူညံသံတစ်ခုဟု မဆိုနိုင်ဘဲ အဲ့ဒါသည် အဆက်မပြတ်စကားပြောဆိုနေသည့်အတိုင်းအတာထိလည်း မရောက်ခဲ့ပေ။
ကျင့်ကြံရေးကုန်းမြေက အလွန်တရာကျယ်ဝန်းပြီး လူအရေအတွက်သောင်းနှင့်ချီပြီး ဝင်ဆံ့လေသည်။ သူတို့က ကျင့်ကြံရေးကုန်းမြေ၏ နောက်ဘက်မှာရှိပြီး သေချာဂရုတစိုက်နားမထောင်သရွေ့ သူတို့လေးယောက်ကို မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ကျင့်ကြံရေးကုန်းမြေတွင် စကားပြောဆိုနေသည်မှာ သူတို့လေးယောက်သာလျှင် မဟုတ်ပေ။ များစွာသောကျင့်ကြံသူများသည် တီးတိုးဆွေးနွေးပြီး သူတို့၏ အသိအမြင်များကို ဖလှယ်နေကြ၏။
သူတို့က စကားပြောဆိုနေခြင်းကြောင့် စီနီယာအစ်ကို ကျောက်စိမ်းဖားပြုတ်က ဒေါသထွက်ရသည်ဆိုလျှင် သူ၏ တုံ့ပြန်မှုက အနည်းငယ်လွန်ကဲရာကျမနေဘူးလား။
သို့သော်လည်း ဆူဇီမိုသည် အတွင်းဂိုဏ်းသို့ဝင်ရောက်ခါစဖြစ်ပြီး အဲ့ဒါနှင့်ပတ်သက်၍ မည်သည့်အရာကိုမှ မသိရသေးပေ။
သူသည် ကျင့်ကြံရေးကုန်းမြေ၏ စည်းမျဥ်းစည်းကမ်းများကိုလည်း မသိပေ။ သူသည် သူ၏ ဗီဇအသိစိတ်ကြောင့်နှင့် သူသည် တက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက် ပကတိအင်မော်တယ်တစ်ယောက်နှင့် သူက ရှေ့သို့ထွက်ကာ ဆန့်ကျင်ပြောဆိုစရာ အကြောင်းမရှိပေ။
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကျင့်ကြံရေးကုန်းမြေက တက္ကသိုလ်ရဲ့ စီနီယာတွေနဲ့ တာအိုကိုသင်ကြားပေးနေတဲ့သူတွေကို လေးစားမှုမရှိတဲ့ မင်းတို့လိုလူတွေကို မကြိုဆိုဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူက အေးစက်စွာအော်ငေါက်လိုက်၏။
“ထွက်သွားကြစမ်း”
ထိုစကားကိုကြားသောအခါ ဆူဇီမိုရုတ်တရက် မချင့်မရဲခံစားလာရ၏။ သူ၏ အမူအရာက အေးစက်လာပြီး သူ၏ အော်ရာက သိသိသာသာပြောင်းလဲလာ၏။
ဆူဇီမို၏ ပြောင်းလဲမှုကို အာရုံခံမိသွားပြီး အကြီးအကဲကျုံးက တုန်လှုပ်သွားကာ သူ့ကိုအလောတကြီးဖမ်းဆွဲလိုက်၏။ ဖျတ်ခနဲဆို သူက ဆူဇီမို၏ ရှေ့ကနေ ပိတ်ရပ်လိုက်၏။
“ဇီမို... မဆင်မခြင်မလုပ်နဲ့”
အကြီးအကဲကျုံးက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ယန်ယန်းနန်းတော်မှာ သူသည် ဆူဇီမို၏ နည်းလမ်းများနှင့် စိတ်နေစရိုက်ကို တွေ့မြင်ခဲ့ရ၏။
ဆူဇီမိုသည် သတ်ဖြတ်ရာမှာ ပြတ်သားပြီး အမျက်ဒေါသနှင့် နေရာတိုင်းကို သွေးလွှမ်းစေနိုင်၏။
သို့သော် ယခုအခါ သူသည် တက္ကသိုလ်၏ အမွေခံတပည့် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်နှင့် ရင်ဆိုင်နေရ၏။ အဲ့ဒါက သူဆန့်ကျင့်လို့ရသည့် တစ်စုံတစ်ယောက် မဟုတ်ပေ။
“ထားလိုက်ပါတော့”
အကြီးအကဲကျုံးက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဘာပဲပြောပြော ငါတို့က အရင်စပြီးမှားခဲ့တာပဲ... သွားကြရအောင်”
ကျင့်ကြံရေးကုန်းမြေမှာ စကားပြောဆိုခြင်းက ကြီးမားသောကိစ္စတစ်ရပ်မဟုတ်သော်လည်း သူတို့သည် သဘောတရားအရအရေးနိမ့်နေလေသည်။ ဆူဇီမိုက အမွေခံတပည့်တစ်ယောက်နှင့် တိုက်ရိုက်ပဋိပက္ခတစ်ခုရှိလာမည်ဆိုလျှင် သူ့အနေဖြင့် အနာဂတ်တွင် အတွင်းဂိုဏ်းမှာ ရှင်သန်နေထိုင်ဖို့က လွယ်ကူတော့မည် မဟုတ်ပေ။
တကယ်တော့... သူတို့က ယခုအချိန်မှာ ထွက်ခွာသွားမည်ဆိုလျှင်တောင် ဆူဇီမိုနှင့်အခြားနှစ်ယောက်သည် ယခုအချိန်မှစ၍ အတွင်းဂိုဏ်းမှာ ကောင်းမွန်သောအချိန်များ ရှိလာတော့မည်မဟုတ်သည်ကို အကြီးအကဲကျုံးက ကောင်းကောင်းသိထား၏။
သူတို့သုံးယောက်သည် အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်ပြီး သောင်းနှင့်ချီသော အတွင်းဂိုဏ်းတပည့်များ၏ ရှေ့မှာ အမွေခံတပည့်တစ်ယောက်၏ ဆူပူအော်ငေါက်ခြင်းကိုခံခဲ့ရ၏။ အဲ့ဒါက လုံးဝကို မထီမဲ့မြင်ပြုခံရခြင်းဖြစ်၏။
အနာဂတ်တွင် တာအိုကိုသင်ကြားပေးမည့် မည်သူရောက်ရှိလာသည်ဖြစ်စေ... သူတို့သုံးယောက်က ကျင့်ကြံရေးကုန်းမြေမှာရှိနေသရွေ့ သူတို့သည် ထူးဆန်းသောအကြည့်များနှင့် လှောင်ပြောင်သရော်မှုများကို ရရှိနေပေလိမ့်မည်။
“အာ....”
အကြီးအကဲကျုံးက ကြိတ်၍သက်ပြင်းချလိုက်၏။
စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်က ဘာ့ကြောင့်ရုတ်တရက်ဒေါသထွက်ပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို ပစ်မှတ်ထားလာရသလဲ သူကစဥ်းစားမရပေ။ သူက သူတို့ကို တမင်သက်သက်အခက်တွေ့အောင်လုပ်နေသည့်အတိုင်းပင်။
ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်သည် ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို လုံးဝမသိရှိထားသောကြောင့် အဲ့ဒါက အဓိပ္ပါယ်သိပ်မရှိပေ။
“သွားကြရအောင်... ဒါတွေအားလုံးက ငါ့အမှားပဲ”
လျှိုဖျင်ကလည်း ဆူဇီမို၏ အင်္ကျီစကို လှမ်းဆွဲလိုက်၏။ သူက သူ့ကိုယ်သူအပြစ်တင်နေပြီး စိတ်ထိခိုက်၍ ရှက်ရွံ့နေသည့်ပုံပေါ်လေသည်။
“ကျင့်ကြံရေးကုန်းမြေကနေ ထွက်သွားကြစမ်း”
“ငါတို့ရဲ့သင်ယူမှုကို အနှောက်အယှက်ပေးဖို့မလုပ်နဲ့... မင်းတို့တွေကို ကျင့်ကြံရေးကုန်းမြေကနေ မကြိုဆိုဘူး”
အော်ဟစ်သံများက နောက်တစ်ဖန်ထွက်ပေါ်လာ၏။.
မင်းသမီးသက်တံနီက သူမ၏ နှုတ်ခမ်းကို အနည်းငယ်တင်းတင်းစေ့ပြီး သူမ၏ ခေါင်းကို တိတ်တဆိတ်ငုံ့ထား၏။
သူမသည် ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ဤကဲ့သို့သော အရှက်ခွဲခံရမှုမျိုးနှင့် တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးပေ။ သို့သော်လည်း ဤနေရာက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဖြစ်၏။ သူမသည် ယန်ယန်းအင်မော်တယ်နိုင်ငံမှ မင်းသမီးတစ်ပါးဖြစ်သော်လည်း ဤနေရာမှာ သူမသည် သာမန်အတွင်းဂိုဏ်းတပည့်တစ်ယောက်သာဖြစ်၏။
သူမသည် ထိခိုက်နစ်နာမှုများအားလုံးကို ကြိတ်မှိတ်ခံစားရပေမည်။
ဆူဇီမိုက အသံတိတ်၍ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ သူ့စိတ်ကိုယ်သူ လျှော့ချလိုက်၏။
အစက ဆုပ်ထားသော သူ၏ လက်သီးနှစ်ဖက်ကလည်း ပြေလျော့သွား၏။
“သူက ဘာပဲပြောပြောအောက်ဘုံကလာတဲ့ ရေတွင်းထဲက ဖားသူငယ်ပဲ... သူက ဘာကျင့်ဝတ်ထုံးတမ်းကိုမှ သိမှာမဟုတ်ဘူး”
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က လှောင်ရယ်လိုက်၏။
“ဘာလို့လဲ... နိမ့်ကျသက်ရှိ မင်းက... ဘာလို့စူးစူးဝါးဝါးအော်မထုတ်သေးတာလဲ... မင်းက မကျေနပ်ဘူးမလား”
အကြီးအကဲကျုံးနှင့် အခြားသူများ၏ ဖျောင်းဖျမှုအောက်မှာ ဆူဇီမိုသည် အစကထွက်ခွာတော့မည်ဖြစ်၏။ သို့သော်လည်း သူက ထိုစကားကိုကြားသောအခါ ရုတ်တရက်... သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အမွေခံတပည့်တစ်ယောက်အနေဖြင့် ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်သည် သူ့ကို သိစရာအကြောင်းမရှိပေ။
ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ တုံ့ပြန်မှုအရ ထိုသူသည် သူ၏ သရုပ်သကန်နှင့် နောက်ခံကို သိရှိထားသည်မှာ သိသာလေသည်။
တစ်ချိန်တည်းမှာပင် လူအုပ်ကြားထဲမှ ပထမဆုံး လှောင်ပြောင်သရော်ခဲ့သည့်သူများထဲမှ တစ်ယောက်က ထန်ပန်ဖြစ်သည်ဆိုတာကို ဆူဇီမိုက နောက်ဆုံး မှတ်မိလာ၏။
ဤကိစ္စ၏ အကြောင်းအရင်းက တဖြည်းဖြည်းသိသာရှင်းလင်းလာခဲ့၏။
သူတို့သည် အရင်ဆုံးအမှားလုပ်မိသူများဖြစ်ပြီး ကျင့်ကြံရေးကုန်းမြေကနေ မောင်းထုတ်ခံရသည်ဆိုလျှင် အဲ့ဒါကို နားလည်လက်ခံ၍ရလေသည်။ သို့သော်လည်း သူ့ကို တမင်ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားခဲ့သည်ဆိုလျှင် ဆူဇီမိုက အဲ့ဒါကို သေချာပေါက် သည်းခံလိမ့်မည် မဟုတ်ပေ။