← Chapters

တာအိုနှလုံးသားလှေခါး

Vol. 152 Ch. 2273

တာအိုနှလုံးသားလှေခါး

Vol. 152 Ch. 2273

ဆူဇီမိုသည် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

သူ၏ မျက်လုံးထဲတွင် သရော်တော်တော်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက အေးစက်စွာမေးလိုက်၏။

“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်... ကျုပ်က အတွင်းဂိုဏ်းကို အခုမှရောက်လာတာပဲ... ကျုပ်တို့အရင်က တစ်ခါမှလဲ မဆုံဖူးဘူး.... ကျုပ်က အောက်ဘုံကနေလာတယ်ဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ”

ဆူဇီမိုသည် ထွက်ခွာဖို့ စိတ်ကူးမရှိသော်လည်း သူသည် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်နှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရလောက်အောင် မမိုက်မဲသေးပေ။

သူသည် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်ပြီး ပကတိအင်မော်တယ်တစ်ယောက်က သူ့ကိုလက်ချောင်းတစ်ချောင်းဖြင့်ပင် သတ်ဖြတ်နိုင်၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ စည်းမျဥ်းစည်းကမ်းများရှိလေသည်။

ပကတိအင်မော်တယ်တပည့်ဂိုဏ်းသားများပင်လျှင် ကျင့်ကြံရေးကုန်းမြေမှာ သာမန်ကာလျှံကာ စကားများမှုတစ်ခု သို့မဟုတ် ပဋိပက္ခငယ်တစ်ခုနှင့် သူတို့၏ ဂိုဏ်သားရောင်းရင်းများကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဆူဇီမိုက မဆင်မခြင်တိုက်ခိုက်လိုက်ပြီး ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်ကို ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက်မည်ဆိုလျှင် သူက တကယ့်ကို သေချင်နေတာဖြစ်ပေလိမ့်မည်။

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်သည် စောစောက သူ့စကားမှာ ဟာကွက်တစ်ခုပါသွားသည်ဆိုတာကို သိရှိလိုက်သော်လည်း သူက အရေးလုပ်မနေပေ။

ထိုသူသည် အတွင်းဂိုဏ်းသို့ ယခုမှဝင်ရောက်လာသည့် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်၏။ သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးလူဆိုလျှင်တောင် ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်က သူ့ကို အလေးအနက်ထားမည် မဟုတ်ပေ။

“မင်း မကျေနပ်ဘူးလားလို့ ငါမေးနေတာ ဖြေလေ”

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဆူဇီမို၏ မေးခွန်းကို လုံးဝပြန်မဖြေပေ။ သူက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ ဆူဇီမိုကိုသာကြည့်ပြီး စကားကိုတစ်လုံးချင်းမေးလိုက်၏။

ထိုစကားတစ်လုံးချင်းစီက လေဟာနယ်ကို တုန်ခါသွားစေပြီး ဆူနီမီထံသို့ ဆူနာမီလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်တိုးဝင်လာ၏။ ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဆူဇီမို၏ ခွန်းတုံ့ပြန်ခြင်းမှာ အမှန်တကယ်ပင် ဒေါသထွက်နေသည်ကို လူတိုင်းကပြောနိုင်ကြ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်သောင်းချီ၏ ဖိအားကိုသာမက ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အမျက်ဒေါသကိုပါ တွေ့ကြုံခံစားနေရ၏။

“ဆူဇီမိုသွားကြရအောင်”

အကြီးအကဲကျုံးက ဖြူဖျော့နေသောမျက်နှာဖြင့် ခပ်တိုးတိုးပြောလိုက်၏။

သူက အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက်ဖြစ်သော်လည်း သူသည် အမွေခံတပည့်များ၏ ရှေ့မှာ ဦးညွှတ်ရပြီး သူတို့ကို ရင်ဆိုင်ရဲခြင်း မရှိပေ။

“ဟုတ်တယ်... ကျုပ် မကျေနပ်ဘူး”

ဆူဇီမို၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေပြီး သူက ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်နှင့် အကြည့်ချင်းဆုံကာ မှင်သေသေဖြင့်ပြောလိုက်၏

“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်... ဘာလဲ.. ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ပြီး ဖိနှိမ်မလို့လား”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ နှစ်ကိုယ်ကြားတိုက်ခိုက်မှုများကို ခွင့်ပြုမပေးထားပေ။

အဲ့ဒါက မည်သူပင်ဖြစ်စေ သူတို့သည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ တိုက်ခိုက်ရပေလိမ့်မည်။

အမွေခံတပည့်တစ်ယောက်အနေဖြင့် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဆူဇီမိုကို ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ တိုက်ခိုက်မည်ဆိုလျှင် သူသာလျှင် အရှက်ရရပေလိမ့်မည်။

အဲ့ဒါသည် အရွယ်ရောက်ပြီးသားလူတစ်ယောက်က သုံးနှစ်အရွယ်ကလေးတစ်ယောက်ကို စတင်စိန်ခေါ်နေခြင်းနှင့် တူလေသည်။

အဲ့ဒါကို အများရှေ့မှာ အူမြူးအားရစွာ ထုတ်ဖော်ကြေညာနိုင်သော်လည်း သူသည် အခြားလူများထံမှ လှောင်ပြောင်သရော်မှုများကို ရရှိပေလိမ့်မည်။

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဤကဲ့သို့ မျက်နှာအပျက်ခံမှာ မဟုတ်ဘူးဆိုတာကို ဆူဇီမိုက သေချာပြောနိုင်၏။

တကယ်ပင် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ရုတ်တရက် ရယ်မော၍ သူ၏ ကြောက်စရာကောင်းစောစွမ်းပကားကို ရုတ်သိမ်းလိုက်၏။

“ငါ့ရဲ့ကျင့်ကြံမှုနယ်ပယ်က မင်းထက်အများကြီးသာတယ်... ငါက မင်းကိုတိုက်ခိုက်မယ်ဆိုရင် မင်းကပိုပြီးတော့ မကျေမနပ်ဖြစ်လာမယ်... တခြားသူတွေကလည်း ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဆိုပြီး ပြောကြလိမ့်မယ်”

“စောစောက ငါပြောခဲ့တဲ့အရာက တာအိုနှလုံးသားနဲ့ပတ်သက်နေတယ်... လူတစ်ယောက်ရဲ့ တာအိုနှလုံးသားခွန်အားက သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ ဘာမှမဆိုင်ဘူး.. မင်းက မကျေနပ်ဘူးဆိုမှတော့.... တာအိုနှလုံးသားလှေခါးကိုသွားဖို့ ငါ့နောက်ကလိုက်ခဲ့လေ”

“တာအိုနှလုံးသားလှေခါးလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် အတွင်းဂိုဏ်းသို့ ဝင်ရောက်လာခါစဖြစ်ပြီး တာအိုနှလုံးသားလှေခါးကို တစ်ခါမှမကြားဖူးခဲ့ပေ။

ဆူဇီမို၏ တွေဝေရှုပ်ထွေးသော အမူအရာကို တွေ့မြင်သောအခါ အကြီးအကဲကျုံးက ရှင်းပြလိုက်၏။

“တာအိုနှလုံးသားလှေခါးက တက္ကသိုလ်မှာ အရမ်းကိုထူးခြားတဲ့ကျင့်ကြံရေးကုန်းမြေတစ်ခုပဲ... လူတစ်ယောက်ရဲ့ တာအိုနှလုံးသားကို ရှင်းလင်းဖို့အတွက် အဲ့ဒါကိုအသုံးပြုနိုင်တယ်”

“တာအိုနှလုံးသားလှေခါးမှာ စုစုပေါင်း လှေခါးထစ် ကိုးထစ်ရှိတယ်... လှေခါးထစ်တစ်ခုချင်းစီကို အသန်မာဆုံး တာအိုနှလုံးသားနဲ့ တက္ကသိုလ်ရဲ့သမိုင်းတစ်လျှောက် အသန်မာဆုံးလူက ချန်ထားခဲ့တာ... သန်မာတဲ့တာအိုနှလုံးသားက မဟာတာအိုနဲ့ အပြန်အလှန်တုံ့ပြန်ပြီ လောကကို တုန်ခါစေလိမ့်မယ်... သူတို့ကို အန္တိမစိတ်စွမ်းအားတွေနဲ့ ဖွဲ့တည်ထားတာ”

ဆူဇီမိုက မေးလိုက်၏။

“လှေခါးထစ်ကိုးထစ်လုံးက ရုပ်ဒြပ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်လား”

“အမှန်ပဲ..”

အကြီးအကဲကျုံးက ပြောလိုက်၏။

“သူတို့မှာ ရုပ်မရှိဘူးဆိုပေမယ့်... လှေခါးထစ်တစ်ခုချင်းစီကတော့... အမှန်တကယ်တည်ရှိတယ်”

“တာအိုနှလုံးသားလှေခါးပေါ်ကို တက်လှမ်းတဲ့လူတိုင်းက ကျောက်လှေခါးထစ်ရဲ့ပိုင်ရှင် ချန်ထားခဲ့တဲ့ အန္တိမစိတ်စွမ်းအာရဲ့ဖိအားကို တွေ့ကြုံခံစားရလိမ့်မယ်... သူတို့ရဲ့တာအိုနှလုံးသားက အဲ့ဒါကို တောင့်မခံနိုင်ဘူးဆိုလျှင် သူတို့က အပေါ်ကနေကျဆင်းလာလိမ့်မယ်”

“လူတစ်ယောက်က တာအိုနှလုံးသား ပထမလှေခါးထစ်ကို ခံနိုင်ရည်ရှိမှပဲ ဒုတိယကျောက်လှေခါးထစ်ပေါ်ကို တက်လှမ်းနိုင်မယ်... နှစ်စဥ်နှစ်တိုင်း ကျင့်ကြံသူတွေက သူတို့ရဲ့တာအိုနှလုံးသားကို ဆေးကြောသန့်စင်ပြီး မီးဆေးဖို့အတွက် အဲ့ဒီနေရာကိုသွားပြီး တက်လှမ်းဖို့ကြိုးပမ်းကြလိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

တစ်နည်းအားဖြင့်ဆိုလျှင် လူတစ်ယောက်၏ တာအိုနှလုံးသားက ပိုမိုသန်မာလေလေ သူတို့က တာအိုနှလုံးသားလှေခါးမှာ အမြင့်ကို ပို၍တက်လှမ်းနိုင်လေလေဖြစ်၏။

လူတစ်ယောက်၏ တာအိုနှလုံးသားခွန်အားသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်နှင့် မသက်ဆိုင်ပေ။ သူတို့၏ တာအိုနှလုံးသားက ပြတ်သားမှုရှိ၊ မရှိနှင့် သူတို့သည် သွေးဆောင်ဖြားယောင်းမှုဘယ်လောက်များများအပေါ် ခံနိုင်ရည်ရှိမလဲပေါ်မူတည်၏။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်း.. စိတ်ခံစားချက် ၇မျိုးနှင့် စိတ်အာရုံ ၆ပါး...။ သူတို့တစ်ခုချင်းစီသည် လူတစ်ယောက်၏ တာအိုနှလုံးသားအတွက် သွေးဆောင်ဖြားယောင်းနေသည့်ပုံစံတစ်ခုစီဖြစ်၏။

လူတစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်မြင့်မားသည်ဖြစ်စေ... သူတို့အနေဖြင့် ထိုအရာများကနေ ရုန်းထွက်နိုင်ဖို့ ခက်ခဲလေသည်။

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ နဝမမြောက် လှေခါးထစ်ထိရောက်အောင် တက်နိုင်တဲ့လူ ဘယ်လောက်များများရှိလဲ”

“လူဘယ်လောက်များများလဲဟုတ်လား”

အကြီးအကဲကျုံးက တုန်လှုပ်သွား၏။

“ဟားဟားဟားဟား”

“အောက်ဘုံကတက်လှမ်းလာတဲ့သူတွေက ဘာမှမသိဘူးဆိုတာတကယ်ပဲ... သူတို့က ရေတွင်းထဲက ဖားသူငယ်တွေပဲ”

“မိုက်မဲတဲ့သူတွေက တကယ်ပဲအကြောက်အလန့်မဲ့တယ်”

ကောင်းကင်အင်မော်တယ်များစွာက ဆူဇီမို၏ မေးခွန်းကိုကြားသောအခါ အော်ဟစ်ရယ်မောလိုက်ကြ၏။

လူအုပ်ကြီးထဲမှာ ယန်ပင်းယင်က ရယ်မောလိုက်၏။

“စီနီယာအစ်ကိုချင်းယွင် ဆူဇီမိုကတော့ ရှုံးတော့မယ်”

“သူက ရှုံးရုံတင် ဘယ်ကမလဲ “

ဖန့်ချင်းယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“သူ့ရဲ့တာအိုနှလုံးသားက လဲပြိုကျပြီး အနာဂတ်မှာ သူက မကျင့်ကြံနိုင်တော့ဘူးဆိုရင် ကောင်းကင်ဘုံမှာရှိတဲ့ ဂျူနီယာညီဖန်းယွီရဲ့ စိတ်ဝိညာဥ်ကို ငါတို့နှစ်သိမ့်ပေးနိုင်မယ်”

“ကျုပ်တို့က အဲ့ဒါကို ဘယ်လိုရအောင်လုပ်မလဲ”

ထန်ပန်က မေးလိုက်၏။

ဖန့်ချင်းယွင်က မထီတရီပြုံးလိုက်၏။

“အဲ့ဒါက စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်ရဲ့ အစွမ်းအစပေါ် မူတည်တယ်”

အကြီးအကဲကျုံးက သူ၏ အင်္ကျီလက်စကို မ,ပြီး သူ၏ ချွေးများကို သုတ်လိုက်၏။

“တာအိုနှလုံးသားလှေခါးရဲ့တစ်ထပ်ချင်းစီက သာမန်ကျောက်လှေခါးထစ်တွေ မဟုတ်ဘူး... အဲ့ဒါက တကယ်ကို မလွယ်ဘူး.... ငါသိရသလောက်ဆိုရင် ဂိုဏ်းချုပ်ကလွဲရင်... တက္ကသိုလ်မှာ ဘယ်သူကမှ နဝမမြောက်လှေခါးထစ်ပေါ်ကို မတက်လှမ်းနိုင်ခဲ့ကြဘူး”

“မင်းက... နဝမမြောက်လှေခါးကို မပြောနဲ့ ဒုတိယမြောက်လှေခါးထစ်ပေါ်ကို တက်နိုင်မယ်ဆိုရင်တောင် မဆိုးဘူး”

“အမွေခံတပည့်တွေအပါအဝင်... တက္ကသိုလ်ရဲ့ တပည့်ဂိုဏ်းသားအများစုက တတိယမြောက်လှေခါးကို ကျော်ဖို့တောင်မလွယ်ဘူး”

ထိုနေရာအရောက်တွင်.. ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ ဘာ့​ကြောင့်ရယ်မောခဲ့သည်ကို ဆူဇီမိုက နားလည်သဘောပေါက်လာ၏။

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ အကြံပြုချက်က အတော်လေးမျှတမှုရှိလေသည်။ သို့သော်လည်း သူက ထိုအကြံကိုပြုရဲသည်ဆိုမှတော့... သူက အဲ့ဒါနှင့်ပတ်သက်၍ သူ့ကိုယ်သူ ယုံကြည်မှုကောင်ကောင်းရှိနေပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုသည် တာအိုနှလုံးသားလှေခါးကို တစ်ခါမှမတက်လှမ်းဖူးဘဲ သူ့မှာ အတွေ့အကြုံမရှိပေ။

သူသည် ဤနေရာမှာ ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်ကို ယှဥ်နိုင်မည်မဟုတ်ပေ။

“ဆူဇီမို... မင်းလုပ်ရဲလား”

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခု ပေါ်ထွက်လာ၏။

“မင်းမရဲဘူးဆိုရင်လည်း ငါ့ကိုရိုရိုသေသေတောင်းပန်ပြီး ဒီနေရာကနေထွက်သွားလိုက်... ငါမင်းကို နောက်တစ်ခါပြန်မတွေ့ချင်ဘူး”

“အပိုတွေပြောမနေနဲ့... ရှေ့ကနေသာသွားလိုက်”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

အကြီးအကဲကျုံးက သူ့ကိုတားဆီးမည်ပြုစဥ်မှာပင် အဲ့ဒါက နောက်ကျသွားခဲ့ပြီဖြစ်၏။ သူက ကြိတ်၍သက်ပြင်းချပြီး ခဏမျှစဥ်းစားတွေးတောကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဆူဇီမို... အဲ့ဒါလည်းကောင်းပါတယ်လေ... မင်းက အဲ့ဒါကိုသဘောတူလိုက်လို့ မင်းအတွက် ထိခိုက်စရာတော့မရှိပါဘူး... ဒါပေမဲ့ တာအိုနှလုံးသားလှေခါးပေါ်မှာ မင်ကိုယ်မင်း ဖိအားမပေးနဲ့... မင်းတောင့်မခံနိုင်တော့ဘူးဆိုရင် ချက်ချင်းနောက်ပြန်ဆုတ်လာခဲ့... အဲ့ဒါဆိုရင် မင်းက ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး”

“ဆူဇီမို... မင်းရဲ့နည်းလမ်းက အရမ်းကို ထက်ရှလွန်းတယ်”

အကြီးအကဲကျုံးက ညည်းတွားရေရွတ်လိုက်၏။

“မင်းက အထက်ဘုံမှာရှင်သန်ချင်တယ်ဆိုရင်... မင်းသည်းခံရမယ့်အချိန်တွေရှိတယ်... စောစောကလိုမျိုးပဲ ငါတို့က ဆူပူအော်ငေါက်ခံရပြီး အရှက်ရတာမျိုးရှိနိုင်တယ်... အဲ့ဒါကဘာမှမဟုတ်ဘူး ငါတို့အတွက် ဘာမှဆုံးရှုံးရမှာမဟုတ်ဘူး... ငါတို့က ဒီတိုင်းထွက်ခွာလာခဲ့ရုံပဲ ဒီလိုမျိုးမဆင်မခြင် စိတ်လိုက်မာန်ပါလုပ်စရာမလိုဘူး”

“အကြီးအကဲ... ခင်ဗျားပြောတာမှန်ပါတယ်”

ဆူဇီမိုက ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ပြုံးရုံသာပြုံးပြလိုက်၏။

“ကျုပ်တို့တွေက မတူညီတဲ့တာအိုတွေကို လေ့လာလိုက်စားနေကြရုံပါပဲ”

အဲ့ဒီမှာ ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင်ရှိပြီး သူတို့အားလုံးသည် တာအိုအမျိုးမျိုးကို လေ့လာလိုက်စားနေကြ၏။ လူတချို့၏ တာအိုက သူတို့ကိုယ်သူတို့ ချုပ်တည်းခြင်းနှင့် သတိထားနေဖို့ဖြစ်ကောင်းဖြစ်နိုင်၏။ သူတို့ကို ထွက်ခွာခိုင်းမည်ဆိုလျှင် သူတို့က ထွက်ခွာသွားပေလိမ့်မည်။ သူတို့ကို ဒူးထောက်ဖို့ပြောမည်ဆိုလျှင် သူတို့က ဒူးထောက်ပေလိမ့်မည်။

ဤလူများ လေ့လာလိုက်စားနေသော တာအိုနှင့်ပတ်သက်၍ မည်သည့်အရာကမှ မှားယွင်းခြင်း သို့မဝုတ် သာလွန်ခြင်းမရှိပေ။

သို့သော်လည်း ထိုအရာများက ဆူဇီမို၏ တာအိုမဟုတ်ပေ။ အဲ့ဒါက... အထီးကျန်သိုင်းသခင်၏ ရှင်သန်နေထိုင်ရာပုံစံ မဟုတ်ပေ။

ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာသည့်အချိန်မှာပင် သူက ကောင်းကင်ဘုံနှင့် ဆန့်ကျင်တိုက်ခိုက်လိုခဲ့၏။ သူသည် သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အတိအကျ လက်စားချေကာ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်လို၏။

အပယ်ခံဘဝနှင့် ရှင်သန်နေထိုင်ရခြင်းထက် ကြီးကျယ်ခမ်းနားသောဘဝမှာ နေထိုင်ရခြင်းက ပိုမိုကောင်းမွန်လေသည်။

သူက အပယ်ခံဘဝနှင့် ရှင်သန်နေရမည်ဆိုလျှင် အသက်ရှည်ခြင်းက ဘာများအဓိပ္ပါယ်ရှိဦးမလဲ။

သူ၏ တာအိုနှလုံးသားနှင့် မဆုတ်မနစ်ကြိုးပမ်းမှုကြောင့်မဟုတ်လျှင် သူသည် ဤနေရာထိ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော တာအိုနှလုံးသားမရှိဘဲ သူသည် စိန်ခေါ်မှုကိုလက်ခံကာ ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်နှင့် တာအိုနှလုံးသားလှေခါးသို့ တက်လှမ်းရဲလိမ့်မည် မဟုတ်ပေ။

All Chapters