← Chapters

တာအိုနှလုံးသားကိုမီးဆေးခြင်း

Vol. 152 Ch. 2275

တာအိုနှလုံးသားကိုမီးဆေးခြင်း

Vol. 152 Ch. 2275

မင်းသမီးသက်တံနီသည် ထိုသည်ကိုတွေ့မြင်သောအခါ သူမက စိုးရိမ်ပူပန်စွာမေးလိုက်၏။

“အကြီးအကဲကျုံး... တာအိုနှလုံးသားလှေခါးကို တက်လှမ်းနေတဲ့အချိန်မှာ သူတို့နှစ်ယောက်က ဇီမို့ကို တိုက်ခိုက်ကြမှာလား”

“ဟင့်အင်း... ကျင့်ကြံသူတွေကို တာအိုနှလုံးသားလှေခါးပေါ်မှာ တိုက်ခိုက်ခွင့်မပေးထားဘူး”

အကြီးအကဲကျုံးက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

ခဏမျှရပ်တန့်ပြီး သူကတစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

“ဘာဖြစ်လို့လဲ”

မင်းသမီးသက်တံနီသည် အကြီးအကဲကျုံး၏ ထူးဆန်းသော အမူအရာကို တွေ့မြင်သွားပြီး အလောတကြီးပြောလိုက်၏။

အကြီးအကဲကျုံးက ပြောလိုက်၏။

“တာအိုနှလုံးသားလှေခါးမှာ တိုက်ခိုက်တာကို ခွင့်ပြုမထားဘူး... ဒါပေမဲ့ စကားပြောတာကိုတော့ ပိတ်ပင်မထားဘူး... ထန်ပန်နဲ့ စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်က တာအိုနှလုံးသားစမ်းသပ်ချက်ကို​ဖြတ်ကျော်နေတဲ့အချိန်မှာ ဆူဇီမိုကို စကားလုံးနဲ့ရန်စတိုက်ခိုက်မယ်ဆိုရင် ခန့်မှန်းလို့မရတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်”

စကားလုံးများနှင့်တိုက်ခိုက်ခြင်းသည် တစ်ခါတစ်ရံမှာ ပို၍ပင်ကြောက်စရာကောင်းပြီး အန္တရာယ်များနေတတ်၏။

ကျင့်ကြံသူများသည် ထိပ်သီးပညာရှင်များနှင့် ဆန့်ကျင်တိုက်ခိုက်ရသော တိုက်ခိုက်ရသောတိုက်ပွဲများမှာ အလွန်တရာသတိထားရပြီး အချိန်အများစုမှာ သူတို့သည် ဟာကွက်ကိုရှာဖွေဖို့အတွက် တစ်ဖက်နှင့်တစ်ဖက် စကားလုံးများဖြင့် အကဲစမ်းတတ်ကြ၏။

တာအိုနှလုံးသားစမ်းသပ်ချက်မှာ ဆူဇီမိုသည် ထန်ပန် သို့မဟုတ် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်၏ စကားလုံးများဖြင့် သက်ရောက်ခြင်းခံရပြီး သူ၏စိတ်ထဲမှာ ဟာကွက်တစ်ခုထွက်ပေါ်လာမည်ဆိုလျှင် သူသည် သူ၏တာအိုနှလုံးသားကို ဆုံးရှုံးကာ လဲပြိုကျသွားဖို့ များလေသည်။

ဆူဇီမိုသည် တာအိုနှလုံးသားလှေခါးကို အရင်ကတက်လှမ်းခဲ့ဖူးပြီး အတွေ့အကြုံတချို့ရှိထားမည်ဆိုလျှင် သူသည် အဲ့ဒါကို ကိုင်တွယ်နိုင်ကောင်း ကိုင်တွယ်နိုင်ပေလိမ့်မည်။

သို့သော်ယခု ဆူဇီမိုသည် ပထမဆုံးအကြိမ်အဖြစ် တာအိုနှလုံးသားလှေခါးကို တက်လှမ်းခြင်းဖြစ်ပြီး တစ်ယောက်ယောက်က သူ့ကိုစကားလုံးများဖြင့်တိုက်ခိုက်ကာ ဟန့်တားနှောက်ယှက်မည်ဆိုလျှင် နောက်ပိုင်းအကျိုးဆက်များက ကြိုတင်ခန့်မှန်းလို့ရတော့မည် မဟုတ်ပေ။

ထိုသို့အတွေးဖြင့် အကြီးအကဲကျုံးက ဆူဇီမိုကိုသတိပေးဖို့ အသံတစ်ခုကိုပို့လွှတ်မည်ပြုစဥ်မှာပင်.. အခြားနှစ်ယောက်က ရုတ်တရက်လှုပ်ရှားလိုက်ကြ၏။ တစ်ချိန်တည်းနီးပါးမှာပင် သူတို့သည် တာအိုနှလုံးသားလှေခါး၏ ပထမဆုံးလှေခါးထစ်ကို တက်လှမ်းလိုက်ကြ၏။

ယဇ်ပူဇော်စင်မြင့်ကနေ လျှို့ဝှက်ဆန်းကြယ်သောအလင်းများက ထွက်ပေါ်လာပြီး ၎င်း၏ ပတ်လည်မှာ ချိပ်ပိတ်ထားသော အကာအရံတစ်ခုကိုဖြစ်ပေါ်စေကာ အပြင်လောကမှ အသံများအားလုံးကို ပိုင်းခြားလိုက်၏။

“ငါနောက်ကျသွားပြန်ပြီ”

အကြီးအကဲကျုံးက သက်ပြင်းချပြီး စိတ်ထဲကနေသာ ဆုတောင်းနေလိုက်ရ၏။

“ဆူဇီမိုက အဲ့ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ဖို့ ငါမျှော်လင့်မိတယ်... ကောင်းကင်ဘုံက သူ့ကိုကောင်းချီပေးပါစေ”

တာအိုနှလုံးသားလှေခါး၏ ပထမဆုံးကျောက်လှေခါးထစ်...။

ဆူဇီမိုသည် ကျောက်လှေခါးထစ်ပေါ်သို့ ခြေချလိုက်သောအခါ ကျင့်ကြံရေးလမ်းကြောင်းပေါ်မှာ စွမ်းအားကြိးမားသော စိတ်ဆန္ဒတစ်ခုက ရှေ့သို့ရဲဝင့်စွာ တက်လှမ်းနေသည်ကို သူက ရုတ်တရက်ခံစားမိလိုက်၏။

“အင်မော်တယ်တွေက ကျွန်ုပ်၏ ဦးခေါင်းကို ပွတ်သပ်ပေးပြီး ထာဝရအသက်ရှည်ခြင်းကို ကျွန်ုပ်ထံ အပ်နှင်းပေးပါ”

“မော်တယ်လောကက အချင်းချင်းလိမ်ညာလှည့်စားတာတွေ.. သွေးထွက်သံယိုဖြစ်တာတွေ... တိုက်ခိုက်တာတွေနဲ့ ပြည့်နှက်နေတယ်... ကျွန်ုပ်က အသက်ရှည်ခြင်းတာအိုကိုပဲ ရှာဖွေချင်တယ်”

ဆူဇီမိုသည် အလျင်လူများ၏ ခြေလှမ်းများနောက်သို့ လိုက်ပါပြီး သူ၏ တာအိုနှလုံးသားကို မီးဆေးဖို့အတွက် အချိန်မြစ်ထဲမှာ မျောပါသွားပုံရလေသည်။

အသက်ရှည်ခြင်းတာအိုသည် ကျင့်ကြံသူအများစုလေ့လာလိုက်စားနေသည့်အရာလည်းဖြစ်၏။

ကျင့်ကြံရေးလမ်းကြောင်းသည် ခက်ခဲကြမ်းတမ်းပြီး လူတစ်ယောက်သည် သူ၏ တာအိုနှလုံးသားကို ဆုပ်ကိုင်ကာ ပြင်ပအနှောက်အယှက်များ သို့မဟုတ် အတွင်းစိတ်နတ်ဆိုးများ၏ ဟန့်တားနှောက်ယှက်ခြင်းမခံရမှသာ အခြားတစ်ဘက်ကို ရောက်ရှိနိုင်ပေလိမ့်မည်။

သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားသည်နှင့် သူယုံကြည်လက်ခံထားသောအရာကလည်း လဲပြိုကျသွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် အတွင်းစိတ်နတ်ဆိုးများက မွေးဖွားပေါ်ထွက်လာပြီး သူ၏ စိတ်နေစရိုက်က သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။

သူ၏ ကျင့်ကြံမှုကလည်း အချိန်တိုအတွင်းမှာ ပျက်ပြယ်သွားနိုင်၏။

ဆူဇီမိုသည် တာအိုနှလုံးသားလှေခါး၏ ပထမဆုံးလှေခါးထစ်မှာမတ်တတ်ရပ်ပြီး သူ့တာအိုနှလုံးသားကို မီးဆေးဖို့အတွက် အသက်ရှည်လိုခြင်း၏ စိတ်ဆန္ဒကိုတောင့်ခံကာ သူ၏ တာအိုနှလုံးသားကို ပိုမိုသန့်စင်ပြီး ပိုမိုခိုင်မာလာစေ၏။

တာအိုနှလုံးသားလှေခါးပေါ်ရှိစွမ်းအားက ခန္ဓာကိုယ် သို့မဟုတ် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ တာအိုနှလုံးသားကိုသာဖြစ်၏။

လူတစ်ယောက်၏ တာအိုနှလုံးသားက လုံလောက်အောင် သန်မာမှုရှိမှသာလျှင် သူတို့သည် အသက်ရှည်လိုခြင်းစိတ်ဆန္ဒဖြင့် ဟန့်တားနှောက်ယှက်ခြင်းကိုမခံရမည်ဖြစ်၏။

ဥပမာအားဖြင့် ကျင့်ကြံသူတစ်ယောက်သည် ဓားတာအိုကို လေ့လာလိုက်စားနေတာ ဖြစ်ကောင်းဖြစ်နိုင်၏။

ဓားတာအိုသည် လူတစ်ယောက်ကို ရှေ့သို့ရဲဝင့်စွာ တက်လှမ်းစေဖို့ တွန်းအားပေးနိုင်လေသည်။ သူက ကွေးညွှတ်ဖို့ထက် မာကြောစွာနှင့်သာ အချိုးခံလိုလေသည်။

သို့သော်လည်း အသက်ရှည်လိုခြင်းစိတ်ဆန္ဒ၏ သက်ရောက်မှုအောက်မှာ သူ၏ တာအိုနှလုံးသားက လုံလောက်အောင်သန်မာမှုမရှိဘူးဆိုလျှင် သူ၏ စိတ်ထဲမှာ တွေဝေရှုပ်ထွေးမှုဖြစ်ပေါ်၍ သူတို့ကိုယ်သူတို့ သံသယများပင် ဝင်လာနိုင်၏။

သူတို့က ဘာလို့ကွေးညွှတ်ဖို့ထက် မာကြောစွာဖြင့် အချိုးခံလိုတာလဲ....။ သူတို့က ဘာလို့ တစ်ဘက်လူနှင့် သေကြေပျက်စီးထိခိုက်ရမည့်အဆင့်ထိ ကျူးလွန်ချင်ရတာလဲ။

ရှင်သန်ခြင်းဖြင့်သာ မျှော်လင့်ချက်နှင့် အသက်ရှည်ခြင်းကို ရရှိနိုင်ပေလိမ့်မည်။

ထိုကဲ့သို့သော သံသယတစ်ခုက ဖြစ်ပေါ်လာသည်နှင့် သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားပေလိမ့်မည်။

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်နှင့် ထန်ပန်သည် တာအိုနှလုံးသားလှေခါးကို အကြိမ်ပေါင်းများစွာ တက်လှမ်းခဲ့ဖူးပြီး ပထမဆုံးကျောက်လှေခါးထစ်ပေါ်ရှိ အသက်ရှည်လိုခြင်းစိတ်ဆန္ဒနှင့် အလွန်တရာရင်းနှီးကျွမ်းဝင်မှုရှိ၏။

သူတို့နှစ်ယောက်အတွက် အဲ့ဒါကို ကိုင်တွယ်ဖို့က အတော်လေးလွယ်ကူလေသည်။

“ဆူဇီမို... မင်းက ဘယ်တာအိုကို ရှာဖွေနေတာလဲ”

ထန်ပန်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခုဖျတ်ခနဲလက်သွားပြီး သူက ရုတ်တရက်မေးလိုက်၏။

ဆူဇီမိုသည် ထန်ပန်၏ အသံကိုကြားရသော်လည်း သူက သူ၏ တာအိုနှလုံးသားကို မီးဆေးခြင်းမှာ နစ်မျောနေပြီး တခြားမည်သည့်အရာကိုမှ အရေးမလုပ်နိုင်ပေ။

ထန်ပန်သည် ဆူဇီမိုပြန်ဖြေမလာသည်ကို တွေ့ရသောအခါ သူက ဆက်ပြောလိုက်၏။

“မင်းရဲ့ တာအိုက ဘာပဲဖြစ်ဖြစ် မင်းက အရင်ဆုံး အခြေအ​နေကို ဘယ်လိုအကဲဖြတ်ရမလဲ လေ့လာသင်ယူသင့်တယ်... အဲ့ဒါမှမင်းက အသက်ဆက်ပြီးရှင်နိုင်မှာ”

ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့်ရှိနေပြီး ပြန်မဖြေပေ။

ဤအချိန်အတော်အတွင်းမှာ ထန်ပန်သည် စကားလုံးများဖြင့် ဆူဇီမိုကိုရန်စဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ထိုသူက ဆွံ့အနားမကြားတစ်ယောက်ကဲ့သို့ ပြုမူနေ၏။ နောက်ပိုင်းမှာ သူသည် စိတ်အာရုံပျက်ယွင်းစွာဖြင့် အဆက်မပြတ်စကားပြောဆိုခဲ့သောကြောင့် ထန်ပန်၏ တာအိုနှလုံးသားက အသက်ရှည်လိုခြင်းစိတ်ဆန္ဒ့ဖြင့် ပြိုကွဲလုနီးပါးဖြစ်သွား၏။ သူက ထိတ်လန့်သွားပြီး သူ၏ တာအိုနှလုံးသားကို အတတ်နိုင်ဆုံးထိန်းညှိကာ သူ၏ စိတ်ဝိညာဥ်စံအိမ်ကို စောင့်ကြပ်လိုက်၏။

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က စကားပြောဆိုခြင်း မရှိပေ။

ဆူဇီမို၏ တာအိုနှလုံးသားသည် ပထမကျောက်လှေခါးထစ်မှာ ဖျက်ဆီးခံရမည်ဆိုလျှင်တောင် သူက ထိခိုက်မှုများစွာ ခံစားရလိမ့်မည်မဟုတ်ပေ။

ဆူဇီမိုသည် ဆက်လက်၍တက်လှမ်းပြီး တတိယမြောက်ကျောက်လှေခါးထစ်ကို ရောက်လာမည်ဆိုလျှင် အဲ့ဒါသည် သူ့အနေဖြင့် တိုက်ခိုက်ထိုးနှက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်လာပေလိမ့်မည်။

“စီနီယာအစ်ကိုချင်းယွင်... ဆူဇီမိုက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ထင်လဲ”

ယန်ပင်းယင်က မေးလိုက်၏။

ဘေးမှာရှိသော ကောင်းကင်အင်မော်တယ်တစ်ယောက်က သူ၏ နှုတ်ခမ်းကိုစူပြီး အထင်သေးစွာဖြင့် ပြောလိုက်၏။

“ဒါက... သူ့ရဲ့ပထမဆုံးအကြိမ်ဆိုတော့... သူက တာအိုနှလုံးသားလှေခါးပေါ်မှာ ၁၅ မိနစ်လောက် တောင့်ခံနိုင်ရင်ဘဲ မဆိုးဘူးခေါ်ရမယ်”

ဖန့်ချင်းယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ဒီလူ့ရဲ့တာအိုနှလုံးသားက ခိုင်မာတယ်... သူ့အနေနဲ့ ပထမဆုံးကျောက်လှေခါးထစ်ကို ဖြတ်ကျော်ဖို့က ပြဿနာရှိမှာမဟုတ်ဘူး... သူက ဒုတိယမြောက်ကျောက်လှေခါးထစ်မှာ ရပ်တန့်သွားမလား... ဒါမှမဟုတ် တတိယမြောက်ကျောက်လှေခါးထစ်မှာ ဖြစ်မလားပဲ ငါတို့စောင့်ကြည့်ရလိမ့်မယ်”

ထိုစဥ်မှာပင် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က လှုပ်ရှားမှုပြုလုပ်လိုက်ပြီး ရုတ်တရက် ဒုတိယမြောက်ကျော်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

“အရမ်းမြန်တာပဲ”

“အမွေခံတပည့်တစ်ယောက်ဆိုတဲ့အတိုင်းပဲ... သူက ဒီလောက်အချိန်တိုအတွင်းမှာ အသက်ရှည်ခြင်း လှေခါးထစ်ရဲ့ စမ်းသပ်ချက်ကို ဖြတ်ကျော်သွားခဲ့ပြီ။”

လူအုပ်ကြီးက အံ့အားတသင့် ပြောဆိုလိုက်ကြ၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်က ဒုတိယမြောက် ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်သည့် ခဏမှာပင် သူက ပြုံးစစဖြင့် ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

“ငါမင်းကို ရှေ့ကနေ စောင့်နေမယ်”

အဲ့ဒါက ရိုးရှင်းသည့်စကားလုံးများသာဖြစ်သော်လည်း အဲ့ဒီမှာ ရန်စမှုတစ်စွန်းတစ်စပါဝင်နေပြီး သူက ဆူဇီမိုကို ပြင်းထန်သည့် ဖိအားတစ်ရပ်ပင် ပေးနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုက လှုပ်ရှားယွမ်းယိုင်သွားခြင်းမရှိဘဲ သူ၏ အမူအရာက တည်​ငြိမ်နေ၏။ သူသည် အသက်ရှည်ခြင်းလှေခါးထစ်၏ တာအိုနှလုံးသားစမ်းသပ်ချက်ကို တွေ့ကြုံခံစားနေဆဲဖြစ်၏။

ကျောက်လှေခါးထစ်များပေါ်မှာ တာအိုနှလုံးသားစမ်းသပ်ချက်က သူ့အတွက်အသစ်အဆန်းဖြစ်နေ၏။

သူသည် ဤမျှအထိအချိန်ယူနေခြင်းမှာ သူ၏ တာအိုနှလုံးသားက လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပေ။ သူသည် တာအိုနှလုံးသားစမ်းသပ်ချက်နှင့် အရမ်းကိုစိမ်းသက်နေပြီး သူကအသားကျခြင်းဖြစ်စဥ်တစ်ခုကို လိုအပ်သောကြောင့်ဖြစ်၏။

တစ်ခဏချင်းမှာပင် ၁၅ မိနစ်က ကုန်ဆုံးသွား၏။

ထန်ပန်၏ မျက်လုံးက ဝင်းလက်တောက်ပလာပြီး ရုတ်တရက် သူက ရှေ့သို့ ​ခြေတစ်လှမ်းယူကာ ဒုတိယမြောက်ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

“ဟားဟားဟားဟား..”

ဒုတိယမြောက် ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်သည့်ခဏမှာပင် ထန်ပန်က ဆူဇီမိုကိုလှည့်ကြည့်ပြီး ရယ်မောလိုက်၏။

“မင်းကအရမ်းကိုနှေးနေတာပဲ... မင်းတောင့်မခံနိုင်တော့ဘူးဆိုရင်လည်း...”

ထန်ပန်၏ စကားမဆုံးသေးခင်မှာပင် ဆူဇီမိုကလည်း လှုပ်ရှားမှုပြုလုပ်ပြီး နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိဘဲ ဒုတိယမြောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

ထန်ပန်၏ အသံက ယတိပြတ်ရပ်တန့်သွား၏။

သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ နှစ်ပေါင်းများစွာကျင့်ကြံနေခဲ့၏။ သူသည် တာအိုနှလုံးသားလှေခါးကို အကြိမ်ပေါင်းရာနှင့်ချီ တက်လှမ်းခဲ့ဖူးလေသည်။

သို့သော်လည်း ဆူဇီမိုသည် ယခုမှအတွင်းဂိုဏ်းသို့ ဝင်ရောက်လာခါစဖြစ်ပြီး အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ ဒါ့အပြင် သူသည် အောက်ဘုံလောကမှလာသော တစ်စုံတစ်ယောက်ဖြစ်လေသည်။

‘ဒါတောင် ဒီလူက သူ့ကို ယှဥ်နိုင်နေတာလား။’

ထိုသို့အတွေးဖြင့် အမျက်ဒေါသ၊ မနာလိုခြင်း၊ သံသယနှင့် မကျေမချမ်းမှုတို့ကို ထန်ပန်၏ ရင်ထဲမှာ အထိန်းအကွပ်မဲ့စွာဖြင့် တလိပ်လိပ်ထိုးတက်လာ၏။

'ဒီနိမ့်ကျသက်ရှိက ငါနဲ့ယှဥ်ဖို့ ဘာအဆင့်အတန်းရှိလို့လဲ'

'ငါတို့နှစ်ယောက်က ဒုတိယမြောက်ကျောက်လှေခါးထစ်ပေါ်ကို တစ်ချိန်ထဲနီးပါးမှာ တက်လှမ်းခဲ့ကြတယ်... တခြားသူတွေက ငါ့ကို ဘယ်လိုထင်မလဲ... အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့ နိမ့်ကျသက်ရှိတစ်ယောက်ထက် ငါက နိမ့်ကျနေတာလား'

အတွေးပေါင်းစုံက ထန်ပန်၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

သူ၏ ခေါင်းက ပေါက်ကွဲထွက်တော့မည်ကဲ့သို့ဖြစ်လာပြီး သူ၏ မျက်လုံးများက နီရဲလာ၏။ သူ၏ အမူအရာက ညိုမဲလာပြီး သူ၏ အမြုတေချီက ရှုပ်ထွေးနောက်ကျိလာခဲ့၏။

“အခြေအနေမကောင်းတော့ဘူး”

ဖန့်ချင်းယွင်က မျက်မှောင်ကြုတ်လိုက်၏။

“ထန်ပန်က သူ့ရဲ့တာအိုနှလုံးသားကို ဆုံးရှုံးတော့မယ်”

သူ့စကားမဆုံးသေးခင်မှာပင် ထန်ပန်က အံ့အားတသင့်ရေရွတ်ပြီး တာအိုနှလုံးသားလှေခါးပေါ်ကနေ တောင့်တင်းစွာလဲကျလာ၏။ သူက အလွန်တရာဆိုးဆိုးဝါးဝါးပုံစံဖြင့် ယဇ်ပူဇော်စင်မြင့်ပေါ်သို့ ​ကျဆင်းလာခဲ့၏။

ထန်ပန်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက သည်းထန်စွာမောဟိုက်နေ၏။ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က ပြန့်ကားကာ သူသည် အလွန်တရာတုန်လှုပ်နေသည့်အလားပင်။

All Chapters