← Chapters

သိုင်းတာအို၏ နှလုံးသား

Vol. 152 Ch. 2276

သိုင်းတာအို၏ နှလုံးသား

Vol. 152 Ch. 2276

ဒုတိယမြောက် ကျောက်လှေကားထစ်ပေါ်မှာ နောက်ထပ်အင်မော်တယ်ဘုရင်တစ်ပါး၏ တာအိုနှလုံးသားစိတ်ဆန္ဒက စုဖွဲ့လာခဲ့၏။

အစကတော့ ထန်ပန်၏ တာအိုနှလုံးသားသည်လည်း ဒုတိယမြောက်ကျောက်လှေကားထစ်မှာသာ ရှိနေခဲ့၏။

ယခုသူသည် ဒုတိယမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းလာခဲ့ပြီး သူ၏ စိတ်ကို ကောင်းကောင်းမတည်ငြိမ်စေဘဲ ဆူဇီမိုကို လှောင်ပြောင်လိုခဲ့၏။ ထို့နောက် ဆူဇီမို၏ အပြုအမူကြောင့် သူ၏ တာအိုနှလုံးသားမှာ ဟာကွက်တစ်ခုပေါ်ထွက်လာပြီး ကျောက်သားလှေကားထစ်၏ စွမ်းအားကြီးမားသောစိတ်ဆန္ဒကြောင့် အဲ့ဒါက ချက်ချင်းပင် လဲပြိုကျသွား၏။

အဲ့ဒါသည် ပူပင်ကြောင့်ကြမဲ့ လှေကားထစ်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ တာအိုနှလုံးသားပေါ် သက်ရောက်မှုက မပြင်းထန်ပေ။

ထိုသို့ဆိုလျှင်တောင် ထန်ပန်၏ တာအိုနှလုံးသားမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။ သူသည် ပြန်လည်ကောင်းမွန်လာဖို့အတွက် ဤနေရာကနေပြန်သွားပြီးလျှင် အချိန်တစ်ခုကြာသည့်အထိ တံခါးပိတ်ကျင့်ကြံရပေတော့မည်။

“ထန်ပန်က ဒီတစ်ခေါက်တော့ အကြီးကြီးမျက်နှာပျက်ရပြီ... သူက အရင်စပြီးရန်စခဲ့ပေမယ်လို့ ရှုံးနိမ့်မှုနဲ့ အဆုံးသတ်သွားရတယ်”

“သူက တော်တော်နမော်နမဲ့နိုင်တာပဲ”

“ဆူဇီမိုမှာ လှည့်ကွက်တချို့ရှိနေတာပဲ... သူက တာအိုနှလုံးသားလှေကားကို ပထမဆုံးအကြိမ်တက်လှမ်းတာနဲ့တင် သူက ဒုတိယမြောက်ကျောက်လှေကားထစ်ကို အောင်အောင်မြင်မြင်တက်လှမ်းနိုင်ခဲ့ပြီ”

ဘေးပတ်ဝန်းကျင်မှာရှိသော အတွင်းဂိုဏ်းတပည့်များက ဆွေးနွေးပြောဆိုလိုက်ကြ၏။

မင်းသမီးသက်တံနီနှင့် လျှိုဖျင်သည် ဆူဇီမိုအဆင်ပြေသည်ကိုတွေ့မြင်သောအခါ သူတို့၏ အမူအရာများကလည်း ပျော့ပျောင်းသွား၏။

ဖန့်ချင်းယွင်က သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။

သူ၏ နောက်ဘက်မှာရှိသောအတွင်းဂိုဏ်း တပည့်နှစ်ယောက်က နားလည်သဘောပေါက်သွားပြီး ထန်ပန်ကို အောက်သို့ချပေးဖို့ ရှေ့သို့ခပ်မြန်မြန်တက်သွား၏။

သူသည် တာအိုနှလုံးသားလှေကားကနေ ထွက်ခွာလာခဲ့ပြီးတာ​တောင် ထန်ပန်သည် သူ၏ ငူငိုင်နေရာကနေ နိုးထလာပုံမရပေ။ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေပြီး သူက မည့်သူကိုမှ မမှိတ်မိသည့်အလား သူ၏ အကြည့်က ဟာလာဟင်းလင်းဖြစ်နေ၏။

ဒုတိယမြောက်ကျောက်လှေကားထစ်၏ တာအိုနှလုံးသားစိတ်ဆန္ဒက သူ့အပေါ် ကြီးမားစွာသက်ရောက်စေခဲ့၏။

သူသည် သူ၏ တာအိုနှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကျရှုံးခဲ့ပြီးနောက် သူသည် တာအိုနှလုံးသားလှေကားကနေ ထွက်ခွာလာခဲ့ပြီးတာတောင် သူသည် အဲ့ဒီကနေ ယခုအချိန်ထိ ရုန်းမထွက်နိုင်သေးပေ။

ဖန့်ချင်းယွင်က သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး သူ၏ လက်ဖျားတွင် စိတ်ဝိညာဥ်အလင်းစက်တစ်ခုကိုစုဖွဲ့ကာ ထန်ပန်၏ နှာရောင်ကို ညင်သာစွာတို့ထိလိုက်၏။

ထန်ပန်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး သူကသတိလစ်သွား၏။

ဖန့်ချင်းယွင်က မှင်သေသေဖြင့် ပြောလိုက်၏။

“သူ့ကို အိပ်ခိုင်းထားလိုက်တယ်... သူပြန်နိုးလာတဲ့အခါ သူ့ရဲ့အသိစိတ်ကို ပြန်ရလိမ့်မယ်”

တာအိုနှလုံသားလှေကားပေါ်တွင်...။

ဆူဇီမိုနှင့် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က နောက်တစ်ဖန် ဘေးချင်ယှဥ်ရပ်လိုက်ကြ၏။

“မဆိုးဘူးပဲ”

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ရယ်မော၍ အေးဆေးတည်ငြိမ်စွာပြောလိုက်၏။

“မင်းက... ပထမကျောက်လှေကားထစ်နှလုံးသားစမ်းသပ်ချက်ကို ဒီလောက်ထိမြန်မြန်ဆန်ဆန် ဖြတ်ကျော်လာနိုင်တယ်ဆိုတော့...”

ဒုတိယကျောက်လှေကားထစ်ပေါ်တွင် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်မှာ စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုရှိနေ၏။ တာအိုနှလုံးသားစမ်းသပ်ချက်ကို ခံယူနေစဥ် သူက စကားပြောဖို့ပင် သူ၏ အာရုံကို ခွဲဝေပေးနိုင်၏။

ဆူဇီမိုက အသံတိတ်နေ၏။

“တကယ်တော့... ပူပင်ကြောင့်ကြမဲ့လှေကားထစ်က ဘာမှမဟုတ်ဘူး... တတိယမြောက်လှေကားထစ်ကိုမှ အစစ်အမှန်တာအိုနှလုံးသား စမ်းသပ်ချက်လို့ဆိုနိုင်မယ်”

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ဆက်လက်၍ ပြောဆိုလိုက်၏။

ဆူဇီမိုက အသံတိတ်နေ၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်သည် ဤကဲ့သို့စကားပြောဆိုနေသည်မှာ ဆူဇီမိုထံမှ ပြန်ဖြေစကားတစ်ခုကို လိုချင်သောကြောင့်ဖြစ်၏။

သူက မည်သည့်စကားကို ပြန်ဖြေသည်ဖြစ်စေ သူသည် သေချာပေါက် စိတ်အာရုံပျက်ယွင်းသွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက အဲ့ဒီမှာ ကျဆင်းသွားခြင်းမရှိသည့်အတွက် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ထပ်မံ၍ မကြိုးပမ်းတော့ပေ။ သူက အသံတိတ်၍ ဒုတိယမြောက်ကျောက်လှေကားထစ်ပေါ်မှ တာအိုနှလုံးသားစမ်းသပ်ချက်အပေါ် ပြန်၍အာရုံစိုက်လိုက်၏။

“လူကောင်းလား လူဆိုးလား... သူတော်ကောင်းလား မိစ္ဆာဒိဋ္ဌိလား... ငါဘာကိုမှ ဂရုမစိုက်ဘူး”

“ငါက... ပူပန်ကြောင့်ကြမှုကင်းမဲ့နေသရွေ့ ကောင်းကင်နဲ့မြေကြီးကပဲဖြစ်ဖြစ် စည်းမျဥ်းစည်းကမ်းတွေပဲဖြစ်ဖြစ်... စိတ်ခံစားချက် ၇မျိုးနဲ့ စိတ်အာရုံ၆ပါးကပဲ ဖြစ်ဖြစ် ဘယ်အရာကမှ ငါ့ကို မချုပ်နှောင်နိုင်ဘူး”

ဤတာအိုနှလုံးသား၏ လွှမ်းမိုးမှုအောက်မှာ ဆူဇီမိုသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ သူစတင်ခြေချပြီး ပူပင်ကြောင့်ကြကင်းမဲ့မှုကိုသာရှာဖွေခဲ့သည့် ထျန်ဟွမ်ကုန်းမြေတိုက်မှအချိန်များသို့ ပြန်လည်ရောက်ရှိသွားပုံရ၏။

ပူပင်ကြောင့်ကြမဲ့တာအိုနှလုံးသားတစ်ခုကို ထိန်းသိမ်းထားခြင်းဖြင့် သူသည် မည်သည့်အချုပ်အနှောင်မှမရှိဘဲ လွတ်လပ်စွာရှင်သန်နိုင်၏။

သူ့မှာ မည်သည့်ဝန်ထုပ်ဝန်ပိုးမှမရှိဘဲ သူစိတ်ရှိတိုင်းပြုလုပ်နိုင်မည်ဖြစ်၏။

ဆူဇီမိုသည် ဤအခြေအနေမှာ တဖြည်းဖြည်းနစ်မျောသွားပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ပေ။

သို့သော်လည်း သူသည် ယန်တိုင်းပြည်၏ မရေမတွက်နိုင်သော မြို့သူမြို့သားများ ဖျက်ဆီးချေမှုန်းခံရခြင်းနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဆူဟုန်က သူ၏ မျက်စိရှေ့မှာ သေဆုံးခဲ့ပုံကို တွေ့မြင်ရသောအခါ သန်မာသောစိတ်ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်စုံတစ်ရာသည် မြူခိုးများကြားထဲကနေဖောက်ထွက်ပြီး သူ့ခန္ဓာကိုယ်၏ ပူပင်ကြောင့်ကြမဲ့ခြင်း အချုပ်အနှောင်များအားလုံးကနေ လွတ်မြောက်လာသည့်အလားပင်။

“ငါ... တာအိုတစ်ခုကို တည်ထောင်ချင်တယ်”

ဒုတိယမြောက်ကျောက်လှေကားထစ်ပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုက ရုတ်တရက်စကားပြောလိုက်၏။ သူ၏ အသံက တိုးညှင်းလွန်းပြီး မည်သူကမှ မကြားရနိုင်လုနီးပါးပင်။ သို့သော်လည်း ထိုစကားလုံးများက သူ၏ စိတ်ထဲမှာ မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။

အဲ့ဒါသည် အရင်တုန်းက သူကိုယ်တိုင်ပြောဆိုခဲ့သော စကားလုံးများဖြစ်၏။ ထိုအချိန်မှစ၍ သူသည် မရေရာမသေချာသော အနာဂတ်နှင့်အတူ အလွန်တရာခက်ခဲသော တာအိုတစ်ခုအပေါ် လျှောက်လှမ်းလာခဲ့၏။

မည်သူကမှ သူ့ကိုကူညီပေးနိုင်ခြင်း သို့မဟုတ် ဤတာအိုပေါ် သူနှင့်အတွေ့အကြုံကို မျှဝေနိုင်ခြင်း မရှိပေ။

သူသည် တစ်ယောက်တည်းရှေ့သို့သာ တက်လှမ်းရမည်ဖြစ်၏။

ဆူဇီမို နိုးထလာစဉ် ပူပင်ကြောင့်ကြမဲ့တာအိုက သူ၏ တာအိုနှလုံးသားပေါ် ဆက်လက်၍ မသက်ရောက်စေနိုင်တော့ပေ။

အဲ့ဒါသည် သိုင်းတာအို၏ နှလုံးသားဖြစ်၏။

အဲ့ဒါသည် မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ရှေ့သို့ရဲဝင့်စွာတက်လှမ်းမည်ဖြစ်၏။

ထိုစဉ်မှာပင် ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်က တတိယမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းပြီး ဆူဇီမိုကို ပြုံးစစဖြင့် လှည့်ကြည့်လိုက်၏။

“ငါမင်းကိုရှေ့ကနေစောင့်နေမယ်”

သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက တတိယမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်ပြီဖြစ်၏။

ဘေးပတ်ဝန်းကျင်လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံတချို့ထွက်ပေါ်လာ၏။

လက်ရှိအတွင်းဂိုဏ်းတပည့်များ၏ ထက်ဝက်ကျော်သည် တတိယမြောက်ကျောက်လှေကားထစ်သို့ မရောက်ရှိနိုင်ခဲ့ကြပေ။

သို့သော်ယခု... အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က သူတို့အများစုကို ကျော်တက်သွားခဲ့ပြီဖြစ်၏။

“အဲ့ဒါတော့...ဆိုးပြီ”

သို့သော်လည်း အကြီးအကဲကျုံး၏ အမူအရာက သုန်မှုန်နေပြီး သူက စိုးရိမ်ပူပန်စွာပြောလိုက်၏။

“တတိယမြောက်ကျောက်လှေကားထစ်က သတ်ဖြတ်ခြင်းလှေကားထစ်ပဲ... အဲ့ဒါက အန္တရာယ်အများဆုံးပဲ... လူတစ်ယောက်ရဲ့တာအိုနှလုံးသားက ရှုံးနိမ့်သွားတာနဲ့ သူတို့က ချီသွေဖယ်ခြင်းကိုဝင်ရောက်ပြီး သူတို့ရဲ့ကျင့်ကြံမှုက ပျက်စီးသွားဖို့များတယ်”

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်သည် သူ့နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါ၍ တတိယမြောက်ကျောက်လှေကားပေါ်သို့ တက်လှမ်းလာသည့် ဆူဇီမိုကိုတွေ့မြင်သောအခါ သူ၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး သူ၏ အမူအရာက တဖြည်းဖြည်းညိုမည်းလာခဲ့၏။

ဤတစ်ခေါက်မှာ သူသည် ဆူဇီမိုကိုရန်စဖို့အတွက် မည်သည့်စကားကိုမှ ထပ်မံ၍ မပြောဆိုတော့ပေ။

တတိယမြောက်ကျောက်လှေကားထစ်ပေါ်တွင် သတ်ဖြတ်ခြင်းတာအိုနှလုံးသား၏ ရိုက်ခတ်မှုကို ခုခံဖို့အတွက် သူပင်လျှင် စိတ်အာရုံစိုက်၍ သူ၏ ချီကို ထိန်းချုပ်နေရသောကြောင့်ဖြစ်၏။

သူသည် တတိယမြောက်ကျောက်လှေကားထစ်ပေါ်ကို တက်လှမ်းနိုင်ခဲ့သော်လည်း သူသည် အဲ့ဒါကိုဘယ်တုန်းကမှ မဖြတ်ကျော်ခဲ့ဘူးပေ။

“သတ်... သတ်... သတ်...”

“သတ်ဖြတ်ခြင်းတာအိုက လူတွေရဲ့နှလုံးသားထဲမှာ တည်ရှိတယ်”

“ဘယ်လိုအချုပ်အနှောင်... ဘယ်လိုအဟန့်အတား.. ဘယ်လိုအနှောင့်အယှက်တွေနဲ့ ဘယ်လိုကံကြမ္မာမှာပဲဖြစ်ဖြစ် သူတို့မှာ သတ်ဖြတ်ခြင်းဆိုတဲ့စကားလုံးတစ်လုံးပဲရှိတယ်”

“အရာရာတိုင်းကိုဖျက်ဆီးပစ်... သက်ရှိတွေအားလုံးကို သတ်ဖြတ်ပစ်ပြီး သွေးသံရဲရဲ မဟာတာအိုတစ်ခုကို ဖောက်လုပ်မှပဲ... ရှေ့မှာရှိတဲ့ အဟန့်အတားအနှောက်အယှက်တွေအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်မယ် “

သူက တတိယမြောက်ကျောက်လှေကားထစ်ပေါ်သို့ ခြေချလိုက်သည့်ခဏမှာပင် ဆူဇီမိုသည် အစိုင်အခဲဖွဲ့လုနီးပါးနှင့် ဆင်းသက်လာခဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားမိလိုက်၏။

သတ်ဖြတ်ခြင်းတာအိုမှာ လူတစ်ယောက်က မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ... မှန်သည်ဖြစ်စေ... မှားသည်ဖြစ်စေ အဲ့ဒီမှာ သတ်ဖြတ်ခြင်းဟူသောစကားလုံးတစ်လုံးသာလျှင်ရှိလေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ကိုလွှမ်းခြုံထားပြီး သူ၏ နှလုံးသားကို တိုက်ခိုက်လာခဲ့၏။

လူတစ်ယောက်၏ တာအိုနှလုံးသားက သန်မာမှု၊ ပြတ်သားမှုနှင့် သန့်စင်မှုမရှိလျှင် သူတို့သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ လုံးလုံးလျားလျားနစ်မြုပ်သွားပြီး သူတို့၏ ဆင်ခြင်တုံတရားကိုဆုံးရှုံးကာ ချီသွေဖယ်ခြင်းသို့ ဝင်ရောက်သွားဖို့ အခွင့်များလေသည်။

ဆူဇီမိုသည် သူ၏ တာအိုနှလုံးသားကို ခုခံပြီး တတိယမြောက်ကျောက်လှေကားထစ်ပေါ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အဆက်မပြတ် တောင့်ခံနေ၏။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ယခင်အသက်ရှည်ခြင်းနှင့် ပူပန်ကြောင့်ကြမဲ့ခြင်းစိတ်ဆန္ဒများထက် များစွာပို၍ကြောက်စရာကောင်းပြီး ပို၍အန္တရာယ်များလေသည်။ ၎င်း၏ သက်ရောက်မှုကလည်း ပို၍သန်မာအားကောင်းလေသည်။

သို့သော်လည်း ဤသတ်​ဖြတ်ခြင်းစိတ်ဆန္ဒက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အဲ့ဒါသည် သိုင်းတာအို၏ နှလုံးသားကို မကိုင်လှုပ်နိုင်ပေ။

အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေကြ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ တာအိုနှလုံးသားကသာ တာအိုနှလုံးသားလှေကားပေါ်မှာ စမ်းသပ်မှုကိုခံယူနေခြင်း မဟုတ်ပေ။ အဲ့ဒီမှာ သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားလည်း ပါဝင်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကိုယ်ကာယအားဖြင့် တာအိုနှလုံးသားလှေကားပေါ်သို့ တက်လှမ်းလာပြီး မိစ္ဆာမဟာနယ်မြေမှာရှိသော သိုင်းတာအိုပင်မခန္ဓာကလည်း သူ၏ တာအိုနှလုံးသားကို မီးဆေး၍ ဆေးကြောသန့်စင်မှုကို ခံယူနေ၏။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အဲ့ဒါသည် သိုင်းတာအိုနှလုံးသား၏ ရဲဝင့်မှုကို အနိုင်မယူနိုင်ပေ။

“ငါ... တာအိုတစ်ခုကို တည်ထောင်ချင်တယ်”

“ငါက... လောကမှာ သက်ရှိတိုင်းကို ချည်နှောင်ထားတဲ့ အချုပ်အနှောင်ကံကြမ္မာကနေ ရုန်းထွက်ချင်တယ်”

“ငါက... သက်ရှိတွေအားလုံးရဲ့ကံကြမ္မာကို ပြောင်းလဲပေးမယ်”

“ငါက... ဒီလောကမှာရှိတဲ့ သက်ရှိတွေအားလုံးကို ကျင့်ကြံစေပြီး အင်မော်တယ်တွေဖြစ်လာစေမယ်”

သတ်ဖြတ်ခြင်းတာအိုက အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သော်လည်း အဲ့ဒါသည် ဆူဇီမို၏ သိုင်းတာအိုနှလုံးသားကို မဖျက်ဆီးနိုင်ပေ။

ဘန်း...

ဆူဇီမိုသည် သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်ပလာ၏။ သူက ဒီရေလှိုင်းကိုဆန်၍ စတုတ္ထမြောက်ကျောက်လှေကားထစ်ပေါ်သို့ ရုတ်တရက်တက်လှမ်းလိုက်၏။

ကျင့်ကြံသူများက တုန်လှုပ်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။

တတိယမြောက် ကျောက်လှေကားထစ်ပေါ်မှာရှိသော ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်သည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေရဆဲဖြစ်ပြီး သူက ရုန်းကန်နေရလေသည်။

ဆူဇီမို၏ အပြုအမူသည် သူ၏ တာအိုနှလုံးသားကို ယိမ်းယိုင်သွားစေ၏။ သူသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ကျူးကျော်ဝင်ရောက်ခြင်းခံရပြီး ရှုံးနိမ့်လုနီးပါးဖြစ်သွားရ၏။

“အဲ့ဒါတော့ဆိုးပြီ”

ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ်က ထိတ်လန့်သွားပြီး ကဗျာကယာအာရုံစိုက်လိုက်၏။ သူသည် သူ၏ တာအိုနှလုံးသားကို ထိန်းညှိကာ အ​​ခြေအနေကို ဆက်လက်၍ထိန်းသိမ်းထားချင်၏။

ထိုစဥ်မှာပင် ဆူဇီမိုက ဘေးသို့တစ်ချက် ကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“စီနီယာအစ်ကိုကျောက်စိမ်းဖားပြုတ်... ကျုပ်ခင်ဗျားကို ရှေ့ကနေစောင့်နေမယ်”

ထိုစကားလုံးသည် အစကတော့... ဆူဇီမို၏ စိတ်ကို ဆွပေးဖို့အတွက် ပကတိအင်မော်တယ်ကျောက်စိမ်းဖားပြုတ် ပြောခဲ့သောစကားဖြစ်လေသည်။ ယခုအဲ့ဒါသည် သူ၏ တာအိုနှလုံးသားက်ို ခြေမွှဖျက်ဆီးဖို့အတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင်ဖြစ်လာခဲ့၏။

“မင်း...”

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုတ်က ဒေါသထွက်သွားပြီး သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာ၏။

သတ်ဖြတ်လိုစိတ်က ဖြစ်ပေါ်လာသည့်ခဏမှာပင် အဲ့ဒါကို တားဆီး၍ မရနိုင်တော့ဘဲ ကြမ်းကြုတ်တောကောင်ကဲ့သို့ ရုန်းကန်ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

All Chapters