← Chapters

ပျက်စီးသွားသော တာအို

Vol. 152 Ch. 2277

ပျက်စီးသွားသော တာအို

Vol. 152 Ch. 2277

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ အသိစိတ်ထဲမှာ စိတ်ဝိညာဉ်စံအိမ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ အမြုတေစိတ်ဝိညာဉ်ကပင်လျှင် သွေးများဖြင့် စွန်းထင်းသွား၏။

“အဲဒါတော့ ဆိုးပြီ”

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က ထိတ်လန့်သွားပြီး တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သိရှိသွား၏။ သူက သူ့ကိုယ်သူ အလောတကြီး ဣန္ဒြေဆည်ပြီး အသက်အောင့်ကာ သူ၏ ရင်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပျက်ပြယ်စေချင်လေသည်။

သို့သော်လည်း တတိယမြောက် ကျောက်လှေကားထစ်ပေါ်ရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး ဟာကွက်တစ်ခုကို တွေ့မြင်သွားသည့် ခဏမှာပင် အထဲသို့ တိုးဝင်လာခဲ့၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ အစွမ်းအစအရ သူသည် အစကတည်းက တတိယမြောက် ကျောက်လှေကားထစ်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မခုခံနိုင်ခဲ့ပေ။

ယခုအချိန်မှာ သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်သွားပြီး တစ်ခဏချင်းမှာပင် သူ၏ အသိစိတ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် သိမ်းပိုက်ခံလိုက်ရ၏။ သူ၏ မျက်လုံးက နီရဲလာပြီး သူ၏ မျက်နှာက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းလာခဲ့၏။

“သတ်.. သတ်.. သတ်”

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က သူ၏ လက်နှစ်ဖက်ကို ထပ်တလဲလဲ လွှဲယမ်းပြီး အဘက်ဘက်သို့ သံကုန်ဟစ်၍ အော်ဟစ်ကာ လုံးဝကို ရူးသွပ်သွား၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ တာအိုနှလုံးသားက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် တိုက်စားခံရပြီး သူက ချီသွေဖယ်ခြင်းသို့ ဝင်ရောက်သွားပြီဆိုတာကို လူတိုင်းက ပြောနိုင်ကြ၏။

“အဲဒါတော့ ဆိုးပြီ”

ဖန့်ချင်းယွင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

အတွင်းဂိုဏ်းတပည့်သောင်းချီကလည်း ထိတ်လန့်တကြား ဖြစ်နေကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံသူများသည် တာအိုနှလုံးသားလှေကားကို တက်လှမ်းသောအခါ.. သူတို့သည် အခြေအနေမကောင်းတော့ဘဲ သူတို့က ကျောက်လှေကားထစ်၏ စိတ်ဆန္ဒကို မခုခံနိုင်တော့ဘူးဆိုတာ သိလိုက်သည့် ခဏမှာပင် သူတို့က အောက်သို့ ခပ်မြန်မြန်ဆင်း၍ မထိမခိုက် ရုန်းထွက်နိုင်ကြ၏။

သို့သော်လည်း ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ အခြေအနေက ဤတစ်ခေါက်မှာ ကွဲပြားခြားနားသွား၏။

ဆူဇီမိုသည် သူ့ကို ကျော်တက်ပြီး စတုတ္ထမြောက် ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းသွားသောကြောင့် သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်၍ ဟာကွက်တစ်ခု ထွက်ပေါ်လာ၏။

ထိုစဉ်မှာပင် သူက ဒေါသူပုန်ထ၍ သူ၏ သတ်ဖြတ်လိုစိတ်က မြင့်တက်လာခဲ့၏။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒ အငွေ့အသက်သည် ကျောက်လှေကားထစ်ပေါ်ရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အပြန်အလှန် တုံ့ပြန်ပြီး ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ အသိစိတ်တစ်ခုလုံးကို ချက်ချင်းပင် သိမ်းပိုက်သွားခဲ့၏။ သူ့အနေဖြင့် ရုန်းထွက်ဖို့က နောက်ကျသွားခဲ့လေပြီ။

ယဇ်ပူဇော်စင်မြင့်၏ အပြင်ဘက်မှာ အတွင်းဂိုဏ်းတပည့်များစွာ ရှိသော်လည်း ထိုအခိုက်အတန့်မှာ သူတို့သည် သူ့ကို ကယ်တင်ဖို့အတွက် ရှေ့သို့ မတက်လှမ်းနိုင်ကြပေ။

ယဇ်ပူဇော်စင်မြင့်၏ အပြင်ဘက်မှာ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများကနေ ဖြစ်ပေါ်လာသည့် အကာအရံအလွှာသည် အသံကိုသာမက အခြားအရာရာတိုင်းကိုပါ ပိုင်းခြားပေးထား၏။ ကောင်းကင်အင်မော်တယ်ပညာရှင်များ၏ စွမ်းအားက အဲဒါကို လုံးဝ မထိုးဖောက်နိုင်ပေ။

“စီနီယာအစ်ကို ချင်းယွင်.. ကျွန်မတို့ ဘာလုပ်သင့်လဲ”

ယန်ဖေးယင်က အနည်းငယ် စိုးရိမ်ပူပန်နေ၏။

“တစ်ယောက်ယောက် လာပါလိမ့်မယ်”

ဖန့်ချင်းယွင်၏ အမူအရာက တည်ငြိမ်နေပြီး သူက အလောတကြီး မရှိပေ။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်သည် အမွေခံတပည့်တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်မှာ ပညာရှင်များစွာ ရှိလေသည်။ တစ်ယောက်ယောက်က ဤရုတ်ရုတ်သဲသဲ အခြေအနေကို အာရုံခံမိမည်ဆိုလျှင် သူတို့က သေချာပေါက် ဒီအတိုင်းစောင့်ကြည့်နေလိမ့်မည် မဟုတ်ပေ။

ပကတိအင်မော်တယ်တစ်ယောက်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. သို့မဟုတ် ဘယ်လောက်ပင် အားနည်းသည်ဖြစ်စေ.. သူတို့သည် မည်သည့်အဖွဲ့အစည်းမှာမဆို လျစ်လျူရှု၍ မရနိုင်သည့် အင်အားစုတစ်ခုဖြစ်၏။

ထိုစဉ်မှာပင် ပုံရိပ်တစ်ခုက ကျင့်ကြံသူများစွာကို ဖြတ်ကျော်ပြီး ယဇ်ပူဇော်စင်မြင့် အပြင်ဘက်မှာ ရှိသော အကာအရံလွှာကို ချက်ချင်းထိုးဖောက်လိုက်၏။ တာအိုနှလုံးသားလှေကားရှေ့သို့ ရောက်ရှိလာပြီးနောက် သူက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်ကို တတိယမြောက် ကျောက်လှေကားထစ်ကနေ အောက်သို့ ချပေးလိုက်၏။

“လူအိုကြီးရွှမ်လား”

အကြီးအကဲကျုံးက အံ့အားတသင့် ရေရွတ်လိုက်၏။

ဝင်ရောက်လာသောလူသည် ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်၏ အပြင်ဘက်မှာ ဆူဇီမို တွေ့မြင်ခဲ့ရသော အဘိုးကြီးပင်ဖြစ်၏။

ဤအဘိုးကြီးသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်ပြီး ဂိုဏ်း၏ အမျိုးမျိုးသော လျှို့ဝှက်စံအိမ်များကို စောင့်ကြပ်နေ၏။ သူသည် ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်နှင့် ကောင်းကင်အဆင့် လျှို့ဝှက်စံအိမ်ကြားမှာ မကြာခဏ လှည့်လည်သွားလာနေတတ်၏။

တက္ကသိုလ်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ် သို့မဟုတ် အဆင့်အတန်းကို မည်သူကမှ မသိရှိကြပေ။

တက္ကသိုလ်မှာ မည်သူကမှ ဤလူအိုကြီးရွှမ်ကို ရန်စရဲပုံ မရသည်ကိုသာ လူတိုင်းက သိရှိထား၏။

လူအိုကြီးရွှမ်သည် ယဇ်ပူဇော်စင်၏ အကာအရံလွှာကို ယခုအခါ အလွယ်တကူ ဖြတ်ကျော်သွားနိုင်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က အနည်းဆုံး ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ကျော်လွန်နေသည်ဟု အဓိပ္ပာယ်ရ၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်သည် တတိယမြောက် ကျောက်လှေကားထစ်ကနေ လူအိုကြီးရွှမ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော်လည်း သူသည် ယခုအချိန်ထိ အသိစိတ်ပြန်မရသေးပေ။ ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာနှင့် နီရဲနေသော မျက်လုံးများနှင့်အတူ သူ၏ မျက်နှာနှင့် လည်ပင်းများက သွေးများဖြင့် ပြည့်နှက်၍ သူက အဆက်မပြတ် လှုပ်ရှားရုန်းကန်အော်ဟစ်နေ၏။

သို့သော်လည်း လူအိုကြီးရွှမ်၏ ဝတ်ရုံမှာ အဆုံးမဲ့စွမ်းအားတစ်ခု ပါဝင်ပုံရပြီး ထိုစွမ်းအားက ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ ခန္ဓာကိုယ်ကို လုံးဝ မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ပေးနိုင်၏။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ သူ၏ မျက်လုံးထဲနှင့် မျက်နှာပေါ်ရှိ သွေးကြောများက တဖြည်းဖြည်း ဖျော့တော့သွားပြီး သူက အသိစိတ်ပြန်လည်ရရှိလာပုံရလေသည်။

လူအိုကြီးရွှမ်က သူ၏ ဝတ်ရုံစကို ဖယ်ရှားပေးလိုက်၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်သည် တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်၏။

“ဖွီ..”

သို့သော်လည်း သူ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် သွေးများက ထွက်ကျလာပြီး သူက မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွား၏။

လူအိုကြီးရွှမ်က ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်ကို တစ်ချက်ကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။

သူက လျင်မြန်စွာ ဝင်ရောက်လာခဲ့သော်လည်း သူက နောက်ကျသွားဆဲဖြစ်၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ တာအိုနှလုံးသားသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ထိုးဖောက်ခံလိုက်ရပြီး လုံးဝကို လဲပြိုကျသွား၏။ သူ၏ နှစ်ပေါင်းသိန်းချီ ကျင့်ကြံမှုက တစ်ခဏချင်း ပျက်စီးသွားခဲ့လေပြီ။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ အသိစိတ်ထဲမှာ သူ၏ တာအိုသစ်သီးက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

သူက နိုးထလာနိုင်သည်ဆိုလျှင်တောင် သူ့မှာ တိုက်ခိုက်ရေးခွန်အားများစွာ ကျန်ရှိတော့မည် မဟုတ်ပေ။ သူ ထိန်းသိမ်းထားနိုင်မည့် တစ်ခုတည်းသောအရာမှာ ပကတိအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံခဲ့သည့် သူ၏ အတွေ့အကြုံများသာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။

“စီနီယာအစ်ကို ကျောက်စိမ်းဖားပြုပ်.. ဘယ်လိုအခြေအနေ ရှိလဲ”

ယန်ပင်းယင်က မေးမြန်းလိုက်၏။

ဖန့်ချင်းယွင်၏ အကြည့်က နက်ရှိုင်းလာပြီး သူက အေးစက်စွာ​ ပြောလိုက်၏။

“သူက အခုကစပြီး ဒုက္ခိတစ်ယောက် ဖြစ်သွားလောက်ပြီ.. သူက သူ့ရဲ့ လက်ကျန်ဘဝမှာ အစေခံတန်းလျားမှာပဲ နေနိုင်တော့မယ် ထင်တယ်”

“ဟာ”

ကျင့်ကြံသူများစွာက တုန်လှုပ်နေသော အမူအရာများဖြင့် အံ့အားသင့်မှင်တက်သွားလေသည်။

လူတိုင်း၏ ရင်ထဲမှာ အမွေခံတပည့်တစ်ယောက်က လက်လှမ်းမမီသော တည်ရှိမှုတစ်ခုဖြစ်၏။

ယခု ထိုသူသည် သူ၏ မြင့်မားသော စင်ပေါ်ကနေ ကျဆင်းလာပြီး ဤကဲ့သို့သော ဆိုးဆိုးဝါးဝါးပုံစံဖြင့် အဆုံးသတ်သွားရလေပြီ။

ကျင့်ကြံသူများစွာသည် စတုတ္ထမြောက် ကျောက်လှေကားထစ်ပေါ်ရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။

အတွင်းဂိုဏ်းတပည့်များစွာ၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်မှုနှင့် အထင်အမြင်သေးမှုတို့က ​ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်၏ ကျင့်ကြံမှုသည် တာအိုနှလုံးသားလှေကားကြောင့် ပျက်စီးသွားခဲ့သော်လည်း အဲဒါက ဆူဇီမိုနှင့် ကောင်းကောင်းပတ်သက်ဆက်စပ်နေ၏။

“ဒီလူက အတွင်းဂိုဏ်းကို ဝင်ရောက်လာတဲ့အချိန်မှာပဲ အမွေခံတပည့်တစ်ယောက်ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်နိုင်တယ်.. ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းလိုက်သလဲ”

“ဘာပဲပြောပြော သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးလူပဲလေ”

“အဲဒီကောင်လေးက စတုတ္ထမြောက် ကျောက်လှေကားထစ်ကို ဖြတ်ကျော်နိုင်အောင် ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ တာအိုနှလုံးသားကို စုဖွဲ့ထားတာလဲ”

တတိယမြောက် ကျောက်လှေကားထစ်ပေါ်ရှိ သတ်ဖြတ်လိုစိတ်သည် တက္ကသိုလ်၏ အမွေခံတပည့်အများစုပင်လျှင် မဖြတ်ကျော်နိုင်သည့် တစ်စုံတစ်ရာဖြစ်၏။

သို့သော် ယခု အတွင်းဂိုဏ်းသို့ ဝင်ရောက်ခါစဖြစ်ပြီး တာအိုနှလုံးသားလှေကားကို တစ်ခါမှ မတက်လှမ်းဖူးသည့် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်က သတ်ဖြတ်ခြင်းခြေလှမ်းကနေ တက်လှမ်းသွားခဲ့လေပြီ။

“ဇီမို နိုင်ပြီ”

မင်းသမီးသက်တံနီက နောက်ဆုံးမှာ အပြုံးတစ်ခုကို ထုတ်ဖော်ပြီး အော်ဟစ်အားပေးလိုက်၏။

အကြီးအကဲကျုံးက သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီးနောက် စိတ်သက်သာစွာ သက်ပြင်းချကာ သူ၏ခေါင်းကို ခါလိုက်၏။

“ဆူဇီမိုက တာအိုနှလုံးသားလှေကားကို ပထမဆုံးအကြိမ် တက်လှမ်းတာ​တောင် သူက တတိယမြောက် ကျောက်လှေကားထစ်ကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတော့.. လူငယ်မျိုးဆက်တွေက ငါတို့ကို သေချာပေါက် ကျော်တက်တော့မှာပဲ”

“စီနီယာအစ်ကိုဆူက သေချာပေါက် အနိုင်ရမယ်ဆိုတာ ငါသိသားပဲ”

လျှိုဖျင်ကလည်း ရယ်မောပြောဆိုလိုက်၏။

“ကောင်လေး.. နင် သူ့ကို အခု စီနီယာအစ်ကိုဆူလို့ ဘာလို့ ခေါ်လိုက်တာလဲ”

ဆူဇီမိုက ဘေးကင်းပြီး ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်နှင့် ထန်ပန်ကိုပင် ကျော်တက်သွားသည်ကို တွေ့မြင်သောအခါ မင်းသမီးသက်တံနီက စိတ်လက်ပေါ့ပါးသွားပြီး ဟာသလုပ်ကာ မေးမြန်းလိုက်၏။

လျှိုဖျင်က လုံးဝတည်တံ့စွာဖြင့် ပြောလိုက်၏။

“ကျုပ်တို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက အတူတူပဲဆိုပေမဲ့ ကျုပ်က တိုက်ခိုက်ရည်ခွန်အားမှာ စီနီယာအစ်ကိုဆူထက် သေချာပေါက် နိမ့်ကျတယ်.. ကျုပ်က သူ့ကို စီနီယာအစ်ကိုလို့ ခေါ်တာ သဘာဝကျပါတယ်”

“နောက်ပြီး ကျုပ်အသက်ကို စီနီယာအစ်ကိုဆူက ပေးထားတာပဲ.. ကျုပ်က သူ့ကို ကျုပ်ရဲ့ ကျေးဇူးရှင်လို့ ပြောမယ်ဆိုရင်တောင် ချဲ့ကားရာကျမှာ မဟုတ်ဘူး”

လျှိုဖျင်က သူ၏ နှုတ်ခမ်းကို အနည်းငယ်ဆူလိုက်၏။

“ဒါပေမဲ့ ကျုပ်တို့က ဘာပဲပြောပြော တစ်ဂိုဏ်းတည်းသားတွေပဲ.. သူ့ကို ကျေးဇူးရှင်လို့ ခေါ်ရမှာတော့ နည်းနည်းကသိကအောက်ဖြစ်နေတယ်”

“ဆူဇီမိုက ထန်ပန်နဲ့ ပကတိအင်မော်တယ် ကျောက်စိမ်းဖားပြုပ်ကို အနိုင်ယူခဲ့ပြီးပြီ… သူက ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ”

“သူက စတုတ္ထမြောက် ကျောက်လှေကားထစ်ကို ဖြတ်ကျော်ဖို့ တွေးနေတာလား”

“ဘယ်လောက်တောင် ရည်မှန်းချက်ကြီးမားလိုက်သလဲ”

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံတချို့ ထွက်ပေါ်လာပြီး မင်းသမီးသက်တံနီက မေးမြန်းလိုက်လေသသည်။

“အကြီးအကဲကျုံး.. စတုတ္ထမြောက် ကျောက်လှေကားထစ်မှာ ဘာစိတ်ဆန္ဒ ရှိနေမှာလဲ”

“စတုတ္ထမြောက် ကျောက်လှေကားထစ်က သဘာဝလှေကားထစ် ဖြစ်တယ်လို့ ငါကြားဖူးတယ်”

အကြီးအကဲကျုံးက ပြောလိုက်၏။

“အတိအကျပြောဖို့ကတော့ ငါလည်း အဲဒါကို တစ်ခါမှ မတွေ့ကြုံဖူးဘူး”

“ဒါပေမဲ့ တာအိုနှလုံးသားလှေကားကို တက်ရတဲ့ ခက်ခဲမှု အတိုင်းအတာက ပိုတိုးလာလိမ့်မယ်.. အဲဒီမှာ ဓားတာအိုလှေကားထစ်တစ်ခုတောင် ရှိတယ်လို့ ငါကြားထားတယ်.. အဲဒါက သတ်ဖြတ်ခြင်းလှေကားထက်တောင်မှ အများကြီး ပိုပြီး အန္တရာယ်များနေနိုင်တယ်”

All Chapters