အခန်း (၂၅၅)
Vol. 18 Ch. 255
ခရမ်းရောင်နက်နဲလောကကြီး၊ မိုယွမ်အင်ပါရီယာနန်းတော်
တော်ဝင်အင်ပါယာမိုယွမ် ပိုင်ဆိုင်သည့် နန်းတော်ကြီး တစ်ခုပင်ဖြစ်၏။ မိုင်သောင်းနှင့်ချီ ရှည်လျားလွန်းလှသည့် အဆောက်အဦများကို တည်ဆောက်ထားခဲ့ပြီး ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်နေ၏။ များပြားလွန်းလှသည့် အင်မော်တယ်အလင်းတန်းများသည် ထိုနေရာထဲတွင် လိမ်ယှက်ကာ ဖြစ်တည်လျက် ရှိနေပြီး အဆင့်အတန်းမြင့်မားသော တာအို သင်္ကေတများသည် လေထုထဲတွင် ပေါ်ပေါက်နေခဲ့၏။ ထိုအရာသည် ကောင်းကင်ယံတစ်ခုလုံးတွင် ကြောက်ခမန်းလိလိ အရှိန်အဝါမျိုးကို ဖြစ်ပေါ်စေခဲ့၏။
မိုယွမ်အင်ပါရီယာနန်းတော် ဆိုသည့် စာလုံးကြီးကို ရေးထိုးထားခဲ့ပြီး ဤနန်းတော်ကြီးသည် လက်ရှိ လောကကြီးထဲတွင် ကြီးကျယ် ခမ်းနားလွန်းလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည်ဟု ပြောဆိုရပေမည်။ ရေတွက်လို့ မရအောင် များပြားလှသည့် ဌာနေနှင့် ဂိုဏ်းဂဏအသီးသီးတို့သည် မိုယွမ်၏ အမိန့်ပေးမှုအောက်တွင် ဦးညွတ်ကာ ခစားရမှာဖြစ်၏။ မိုယွမ် အင်ပါယာနန်းတော်၏ နောက်လိုက်များ ဖြစ်ရန်အတွက် ၎င်းတို့သည် လိုလိုချင်ချင်ဖြင့် အဆင်သင့်ဖြစ်လို့နေကြသည်။
လက်ရှိအခြေအနေ မိုယွမ်အင်ပါရီယာနန်းတော်၏ အရှေ့ဘက်တွင်တော့ ကောင်းကင်ယံအထက်သို့ ထိုးထွက်လျက် ရှိနေသည့် ယစ်ပုလ္လင်ကြီးတစ်ခုရှိနေ၏။ ထိုအရာဆီမှ ရှေးဆန်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ထိုယစ်ပုလ္လင်ကြီးသည် နှစ်ပေါင်းများစွာကျော် တည်ရှိခဲ့သည့် အရာတစ်ခုဖြစ်ပြီး ထိုယစ်ပုလ္လင်ကြီးပေါ်တွင် နေနှင့်လ၊ ကြယ်မြစ်များ၊ ငှက်များ၊ သားရဲများ၊ ပိုးမွှားသတ္တဝါများ၊ ငါးများနှင့် အရာအားလုံး၏ ပုံရိပ်များကို ရေးထိုးထား၏။
ရေးဆွဲထားသည့် ပုံရိပ်တစ်ခုချင်းစီတိုင်းသည် အလွန်တရာ လက်ရာမြောက်လွန်းလှပြီး မြင်လိုက်သည်နှင့် တပြိုင်နက် လူသားအားလုံးတို့သည် အံ့အားသင့်မှုကို ခံစားရမှာ သေချာ၏။ ဤကြီးမားလွန်းလှသော ယစ်ပုလ္လင်ကြီး သည် အကန့်အသတ်မဲ့လွန်းလှပြီး တစ်ချက်ကြည့်လိုက်သည်နှင့် မျက်စိနှင့်အဆုံး မမြင်နိုင်အောင် ရှည်လျား ကြီးမားလွန်းလှသည်။
အဝေးတစ်နေရာရှိ လေထုထဲတွင်တော့ အလွန် အားကောင်းလွန်းလှသည့် အမဲရောင်နေကြီးတစ်ခုက ထွန်းလင်း တောက်ပနေ၏။ ထိုအရာကြီးကို မည်သူကမှ တည့်တည့် မကြည့်ရဲကြချေ။ ထိုအလင်းများကြားထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်က မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းသည် အင်ပါယာ တစ်ယောက်၏ စိတ်ဆန္ဒကို ထုတ်ဖော်ကာ အရပ်လေးမျက်နှာကို ဖိနှိပ်ထားခဲ့၏။
“ဖွင့်စမ်း” အေးစက်သည့် အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။
ရေတွက်လို့ မရအောင် များပြားသည့် လူများ၏ နားထဲသို့ ထိုအသံဝင်ရောက်လာပြီးနောက် အားလုံးတို့သည် သွေးများပင် ဆူဝေသွားခဲ့၏။ ၎င်းတို့သည် အမှတ်မထင်ဖြင့် ခေါင်းကို မော့ကြည့်လိုက်မိကြသည်။
ဘုန်း ဘုန်း ဘုန်း
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်တွင် တည်နေရာလမ်းကြောင်းတစ်ခုက တဖြည်းဖြည်း ပေါ်ပေါက်လာ၏။ ထိုတည်နေရာလမ်းကြောင်းသည့် ဘာမှန်းမသိသည့် တည်နေရာဆီသို့ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး နက်နဲပြီး ဆန်းကြယ်လွန်းလှချေ၏။
“မိုယွမ်အင်ပါယာက ကောင်းကင်မူလလောကကြီးကို သွားမယ့် တည်နေရာ လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီပဲ” တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။
ယစ်ပုလ္လင်၏ အောက်ခြေတွင်တော့ စွမ်းအားမြင့်ကျင့်ကြံသူများသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံပင်။ မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် ကြည့်ရှုလျက် ရှိနေကြပြီး ထိုစွမ်းအားမြင့် ကျင့်ကြံသူများ၏ အနောက်ဘက်တွင် အဆုံးမဲ့စစ်သည်များက ရပ်လျက်ရှိ၏။ တစ်ယောက်ချင်းစီတိုင်းသည် လက်နက်များကို ကိုင်ဆွဲထားပြီး လင်းလက် တောက်ပနေသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားလေ၏။ နေရောင်အောက်တွင် ချပ်ဝတ်များ၏ အလင်းရောင်သည် ရောင်ပြန်ပင် ဟပ်လျက် ရှိနေလေ၏။
တော်ဝင်အင်ပါယာမိုယွမ်၏ စကားကို ကြားပြီးသည့်နောက် အားလုံးသော သူတို့သည် မနေနိုင်ဘဲ စိတ်လှုပ်ရှား မိခဲ့ကြ၏။ တစ်ဖက်ဆီသို့သွားသည့် လမ်းကြောင်းသည် ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် ပွင့်လှစ်ခဲ့လေသည်လား။
“ယွမ်ရဲ့ ဘယ်မှာလဲ”
လူများအားလုံး အတွေးနက်လျက် ရှိနေတုန်းမှာပဲ ယစ်ပုလ္လင်ကြီးပေါ်မှ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
“ဒီမှာပါ”
နှစ်ပေခန့် မြင့်မားသည့် သတ္တဝါတစ်ကောင်သည် တော်ဝင်အင်ပါယာ၏ အရှေ့ဆီသို့ လှမ်းလျှောက် လိုက်၏။ သူသည် လေဟာနယ်ထဲတွင် ဦးညွတ်ကာဖြင့် သတင်းပေးပို့လိုက်သည်။
“ဒီလမ်းကြောင်းက တည်ငြိမ်တယ်။ လက်ရွေးစင်စစ်သည် သုံးသိန်းကိုခေါ်ပြီး ကောင်းကင်မူလလောကကြီး ထဲကို ဝင်လိုက်။ ပြီးတော့ ကောင်းကင်မူလလောကကြီးရဲ့ တည်ရှိမှုကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး ဒီအင်ပါယာကို သတင်းပြန်ပို့။ အနှောက်အယှက်တွေ ရှိတယ်ဆိုရင် တစ်ခါတည်း ရှင်းပစ်လိုက်” တော်ဝင် အင်ပါယာမိုယွမ်သည် အေးအေးသက်သာဖြင့် ပြောလိုက်၏။
တည်နေရာလမ်းကြောင်းသည် ယခုမှ ဖွင့်လှစ်ထားခြင်းဖြစ်၏။ တခြားသောဘက်ခြမ်းတွင် ရှိနေသည့် တစ်စုံတစ်ယောက် အနေနှင့် ထိုအရာကို မြင်တွေ့ရဖို့ ဆိုသည်မှာ မလွယ်လှချေ။
ထို့ကြောင့် မိုယွမ် အနေနှင့် စိတ်သက်သာရာရသလို ခံစားနေမိ၏။ တည်နေရာလမ်းကြောင်းသည်သာ မတည်ငြိမ်သည်ဆိုပါက သူ့အတွက် ခက်ခဲပေလိမ့်မည်။ ယခု တည်နေရာလမ်းကြောင်းသည် တည်ငြိမ်သည့် အခြေအနေတွင် တည်ရှိနေသည် ဖြစ်သောကြောင့် ကောင်းကင်မူလ လောကကြီး၏ အစစ်အမှန် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန် အတွက် လွယ်ကူပေလိမ့်မည်။ တားမြစ်တည်နေရာ မည်မျှ ရှိသနည်း နှင့် အင်ပါယာ မည်မျှရှိသနည်း ဆိုသည်ကို သိရှိရန် လိုအပ်နေ၏။
သူ့အနေနှင့် ကိုယ်တိုင်သွားရန် စဉ်းစားလိမ့်မည် မဟုတ်ချေ။ သူသည် အဆင့်တူများကြားထဲတွင် ပြိုင်ဘက်ကင်း သည်ဆိုလျှင်တောင်မှ လူဘယ်လောက်များများကို ကိုင်တွယ်နိုင်မည်နည်း။ ကောင်းကင်မူလ လောကကြီး၏ သမိုင်းမှတ်တမ်းများအရဆိုလျှင် သူတို့၏ ခရမ်းရောင်နက်နဲလောကကြီးထက် မည်သို့မှ အားမနည်းလှချေ။
တည်နေရာလမ်းကြောင်းဆီမှ လှမ်းဝင်ပြီး များပြားလှသည့် အင်ပါယာများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရမည် ဆိုလျှင် သူ့အနေနှင့် အားကောင်းလှသည် ဆိုလျှင်တောင်မှ ကောင်းကင်မူလ လောကကြီး၏ အနိုင်ကျင့်မှုကို ရေရှည် ခုခံနိုင်ဖို့ဆိုသည်မှာ မလွယ်လှချေ။ ထို့ကြောင့် သတိအပြည့်ထားရန် လိုအပ်သည်။
သူ့အနေနှင့် ခရမ်းရောင် နက်နဲလောကကြီး၏ လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်ပါယာကဲ့သို့ အမှားမျိုးကို ထပ်မံ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဒဏ်ရာရရှိရုံလောက်နှင့် ပြန်လာနိုင်သည်ဆိုလျှင် အဆင်ပြေသေးသည် ဆိုလျှင်တောင်မှ သူ၏ လက်ရွေးစင် စစ်သည်များအားလုံး သေဆုံးသွားသည်ဆိုလျှင် အကျိုး ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။
“ကျုပ် လိုက်နာပါ့မယ်”
ယွမ်ရဲ့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူအနေနှင့် သူ၏ ခင်မင်ရသော တာအိုရောင်းရင်းအတွက် လက်စားချေချင်စိတ်ဖြင့် ဤအခွင့်အရေးကို စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်၏။ သို့ပေမဲ့ ယနေ့ ကဲ့သို့သော နေ့မျိုးကို မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
အင်ပါယာတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် သူ့တွင် သတ္တိ မရှိချေ။ သို့ပေမဲ့ ကောင်းကင်မူလ လောကကြီး၏ တခြားသော အင်အားစုများနှင့် တိုက်ခိုက်ရန်အတွက် သူ့၌ ပြဿနာ မရှိချေ။ လတ်တလော အနေနှင့် ပထမဦးဆုံး သွားရောက်ကာ စုံစမ်းစစ်ဆေးခြင်းသည် ကောင်းမွန်လှသည့်အရာဖြစ်သည်။
စကားပြောပြောပြီးချင်းမှာပဲ ယွမ်ရဲ့သည် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။ သူ၏နောက်တွင်တော့ များပြားလှသည့် သတ္တဝါများက လိုက်ပါလာခဲ့ကြသည်။ အားလုံးသော သူတို့သည် ခန္ဓာကိုယ်ဆီမှ ရောင်စဉ်အလင်းများ ထွန်းတောက်လျက် ရှိနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် စွမ်းအားမြင့် သွေးစွမ်းအင်များသည် နေလုံးကြီးတစ်ခုကဲ့သို့ပင် ထိန်ထိန်ငြီးလျက် ရှိနေ၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ္တဝါများ စုဝေးလာခဲ့ပြီးသည့်နောက် ၎င်းတို့ အားလုံးသည် မည်သည့်နေရာကိုသွားသွား အားလုံးက ထိတ်လန့်ရလောက်သည့် အင်အားစုအဖြစ် ရှိကြ၏။ ယခု တော်ဝင်သူတော်စင်တစ်ယောက်၏ ဦးဆောင်မှုအောက်တွင်တော့ ၎င်းတို့အားလုံးသည် ကောင်းကင်မူလ လောကကြီးထဲသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးရုံတင်မက ပြဿနာတစ်ခုခု ရှိလာသည်ဆိုပါက အားလုံးသော သူတို့ကို သုတ်သင်ရှင်းလင်းပစ်ရန်လည်း နှောင့်နှေးလိမ့်မည် မဟုတ်ချေ။
မကြာခင်မှာပဲ သူတို့သည် တည်နေရာလမ်းကြောင်းအတိုင်း လှမ်းဝင်လိုက်ကြ၏။ တော်ဝင်အင်ပါယာ မိုယွမ်သည် ဖိအားဒဏ်ကို ခံနိုင်ရန်အတွက် သူတို့အား ကူညီပေးလျက်ရှိသည်။ ထို့ကြောင့် သူတို့သည် နယ်မြေထဲသို့ လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်ရောက်ရှိခဲ့၏။ တည်နေရာလမ်းကြောင်းထဲတွင် အချိန်နှင့် တည်နေရာ စွမ်းအင်များ လှုပ်ရှားလျက် ရှိနေသည်ကို ကောင်းကောင်း ခံစားမိကြသည်။
တော်ဝင်အင်ပါယာတစ်ယောက်သည် ဖိအားများကို ခုခံနိုင်ရန်အတွက် ကူညီပေးနေသည် ဆိုလျှင်တောင်မှ လက်ကျန် ကျန်ရှိနေသည့် အားအင်များသည် သူတို့နှလုံးသားနှင့် ခန္ဓာကိုယ်များကို ဖိနှိပ်လွန်းသောကြောင့် နာကျင်မှုကို ခံစားရ၏။
လောကတစ်ခုဆီမှ နိယာမများသည် တခြားသောလောကမှ လူများ ဝင်ရောက်လာခြင်းကို တားဆီးထား၏။ ထို့ကြောင့် မတူညီသော နိယာမများ၏ ဖိနှိပ်ခြင်းကို ခံရသည်ဆိုခြင်းမှာ သဘာဝပင်ဖြစ်၏။ လောကနှစ်ခုကြား တည်ရှိလျက် ရှိနေသည့် အဆင့်ကွာခြားချက် ကြီးမားပြီး အားကောင်းလှသည့် လောကကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အားနည်းလှသည့် လောကကြီးထဲသို့ ဝင်ရောက်သည်ဆိုပါက ပိုမိုကြီးမားလှသည့် ဖိအားဒဏ်ကို ခံရသည်။
သို့ပေမဲ့ အားနည်းသော လောကဆီမှ လူများသည် အားကောင်းလောကဆီသို့ ဝင်ရောက်သည် ဆိုလျှင်တော့ ကြီးကျယ်လွန်းလှသော ဖိအားဒဏ်ကို ခံရလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အားကောင်းလှသော လောကကြီး ဖြစ်သည်မို့ သမုဒ္ဒရာထဲသို့ ရေတစ်စက် ဝင်ရောက်ခြင်းသည် မည်သူ့ကိုမှ အန္တရာယ် မဖြစ်စေနိုင်သောကြောင့်ပင်။
"ဟင်း"
ယွမ်ရဲ့သည် နောက်လိုက် သတ္တဝါများ အားလုံးကို ဦးဆောင်ပြီးသည့်နောက် ကောင်းကင်မူလ လောကဆီသို့ ဦးတည်လျက် ရှိနေ၏။