← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

သူ၏ အနောက်ဘက်တွင်တော့ သက်ရှိသတ္တဝါပေါင်း သုံးသိန်းကျော်တို့သည် အလျင်အမြန်ဖြင့် လိုက်ပါလာခဲ့ကြ၏။ တည်နေရာတစ်ခုလုံး လူများ ပြည့်ကျပ်လျက် ရှိနေ၏။

တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာပေါ်တွင် စိတ်ဝင်စား စပ်စုလိုမှုများ ပြည့်နှက်လျက် ရှိနေကြပြီး သူတို့နှင့် မရင်းနှီးသည့် လောကကြီး၏ မြက်ပင်များ၊ သစ်ပင်များ တစ်ခုချင်းစီတိုင်းကိုပင် သတိအပြည့်နှင့် ကြည့်ရှုလျက် ရှိနေကြ၏။ မတူညီသည့် လောကကြီးဆီသို့ ပထမဦးဆုံး ရောက်ရှိလာသည်ဖြစ်သောကြောင့် မြင်မြင်သမျှသော အရာအားလုံးသည် အသစ်အဆန်းများ ဖြစ်လို့နေလေသည်။

"ဒါက ကောင်းကင်မူလ လောကကြီးလား" ယွမ်ရဲ့က တီးတိုးရေရွတ်လိုက်၏။

ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို သေသေချာချာ အာရုံခံကြည့်ပြီးသည့်နောက် လေထုထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင် များ၏ စုဖွဲ့မှုသည် ခရမ်းရောင်နက်နဲလောကကြီးနှင့် အလွန်အမင်း ကွာခြားချက် မရှိကြောင်း သတိပြုမိလိုက်၏။ အနည်းငယ်ပင် အားနည်းလို့ နေသေး၏။ သူ၏ နှလုံးသားထဲတွင် စိတ်ပျက်မှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်မူလ လောကကြီးတွင် ဖုံးကွယ်ထားသည့် ရတနာများ ပြည့်နှက်လျက် ရှိနေမည်ဟု သူက ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ ကြည့်ရသည်မှာ သူတို့နှင့် ဘာမှ မခြားနားလှသလိုပင်။

"အားလုံးပဲ"

ယွမ်ရဲ့သည် လည်ချောင်းကို ဟမ့်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ "ငါတို့ တော်ဝင်အင်ပါယာရဲ့ အမိန့်အရ ဒီနေရာကို ရောက်လာတာ။ နယ်မြေကို ဖြတ်သန်းပြီး‌ ရောက်ရှိလာတယ် ဆိုတဲ့အချိန်မှာ တကယ့်ကို ကြီးမားတဲ့ တာဝန်ကြီး ရှိနေသေးတယ်။ ဒီလောကကြီးမှာ ရှိနေတဲ့ အသေးစိတ် အချက်အလက်တွေ အားလုံးကို ငါတို့ စုံစမ်းရမယ်။ ဒီလောကကြီးရဲ့ အသေးစိတ် အကြောင်းအရာတွေကို သိရှိနိုင်ရင် ကောင်းဆုံးပဲ။ ဒီမှာရှိတဲ့ ကလန်ခေါင်းဆောင်တွေ၊ ဂိုဏ်းဂဏအသီးသီးတို့ရဲ့ စွမ်းဆောင်ရည်တွေကို သေသေချာချာ စုံစမ်းဖို့ လိုအပ်တယ်"

သာမန်ကျင့်ကြံသူများသည် အနည်းငယ်သာ ရှိသည်ဆိုသော်လည်း ဂိုဏ်းဂဏ အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ယောက်၏ အသိပညာသည် များပြားလွန်းလှ၏။ သူတော်စင်သည် တကယ့်ကို နက်နဲလှသည့် လူတစ်ယောက်ပင်။ သူတော်စင်ဘုရင်အဆင့် တစ်ယောက်ယောက်ကို ဖမ်းဆီးနိုင်မည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ၎င်းတို့ သိရှိထားသည့် သတင်းအချက်အလက်များသည် တစ်ကိုယ်တော် ကျင့်ကြံသူများ စုစည်းနိုင်သည့် သတင်းအချက်အလက်ထက် ပိုမိုကာ များပြားလှမှာ သေချာ၏။

"အခု အရှေ့မြောက်ဘက် တည်နေရာမှာ အရမ်းများတဲ့ ကျင့်ကြံသူတွေကို အာရုံခံမိတယ်။ အနီးအနားမှာ ဓားကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်း ရှိတဲ့ပုံပဲ။ ငါတို့"

ယွမ်ရဲ့သည် လေထုထဲတွင် မတ်တပ်ရပ်လျက် ရှိနေပြီး ဆက်တိုက်ဆိုသလိုပဲ ပြောဆိုခဲ့၏။ စကားပြောလို့ ပြီးပြီးချင်းမှာပဲ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုလိုက်မိသည်။

တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာသည့် လူများသည် သူ၏ နောက်၌ ငြိမ်ငြိမ်သက်သက် ရပ်လျက်ရှိသည်။ အားလုံးသော သူတို့သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုကို မျက်မြင်တွေ့နေရသည့် အမူအရာမျိုး နှင့် မျက်လုံးအပြူးသား ဖြစ်လျက် ရှိနေသည်။ အားလုံးတို့၏ အသက်ရှူနှုန်းများ သည်လည်း မြန်ဆန်နေကြ၏။

ယွမ်ရဲ့သည် သဘောမတွေ့သလို ဖြစ်သွား၏။ ထို့ကြောင့် ထပ်မံကာ အော်ဟစ်လိုက်သည် "ခရမ်းရောင်နက်နဲ လောကက သက်ရှိတွေအားလုံး ..... ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်ရမယ် ဆိုရင်တောင်မှ တည်တည်ငြိမ်ငြိမ် ရှိနေသင့်တယ်။ မင်းတို့ရဲ့ အမူအရာတွေကို ကြည့်ရတာ သတ္တိကြောင်နေပြီး ကျက်သရေတုန်းနေတယ်"

ပြောနေတုန်းမှာပဲ သူသည် ဤကဲ့သို့သော အမူအရာများ ဖြစ်စေခဲ့သော အကြောင်းအရာသည် ဘာဖြစ်သနည်း ဆိုသည်ကို သိရှိရန်အတွက် ခေါင်းလှည့်ကြည့်ရှုလိုက်၏။ အံ့အားသင့်စရာနှင့်ပင် သူ၏အနောက်ဘက်တွင် စီနီယာ တစ်ယောက် တည်ရှိလို့‌နေခဲ့၏။

အဖြူရောင်ဆံပင်၊ မုတ်ဆိတ်ကျင်စွယ်များနှင့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး တကယ့်ကို ခမ်းနား ကြီးကျယ် လွန်းလှသည့် အော်ရာများကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ ၎င်းသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို သစ်သားဆံထိုးတစ်ချောင်းဖြင့် ထုံးကာစည်းထား၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုနေသည်။

"ဒါက" ယွမ်ရဲ့၏ နှလုံးခုန်သံများသည် မြန်ဆန်သွားခဲ့၏။

ဤအဘိုးကြီး မည်သည့်အချိန်က ရောက်ရှိနေခဲ့ သနည်း။ အသံကလေးတောင် မထွက်ဘဲ မည်ကဲ့သို့ ချဉ်းကပ်လာသနည်း။ အဘိုးကြီးသည် စောဏတုန်းကသာ တိုက်ခိုက်မည်ဆိုပါက ဤနေရာတွင် ရှိနေသည့် သူအပါအဝင် သက်ရှိသတ္တဝါပေါင်း သုံးသိန်းကျော်ခန့် အားလုံးတို့သည် သေဆုံးသွားမှာ သေချာသည်။

"ကွာစီအင်ပါယာ"

ယွမ်ရဲ့သည် သွားကြားထဲမှ ထိုစကားလုံးကို မနည်းဖျစ်ညှစ်ကာ ပြောဆိုလိုက်၏။ အဘိုးကြီးသည် မည်သည့်အော်ရာများကိုမှ ထုတ်ဖော်မပြသခဲ့သည် ဆိုသော်လည်း လက်ရှိ သူ၏ အနားသို့ ချဉ်းကပ်လာသူကို တွက်ချက်ရမည်ဆိုလျှင် ကွာစီအင်ပါယာအဆင့်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်မှာ သေချာ၏။

တော်ဝင်အင်ပါယာ အဆင့်အတွက်တော့ မဖြစ်နိုင်ချေ။ ထိုကဲ့သို့သောသူများသည် သူတို့ကို ပုရွတ်ဆိတ်ကဲ့သို့ သဘောထားသည့် လူများသာဖြစ်၏။ တော်ဝင်အင်ပါယာမိုယွမ်နှင့် အဆင့်တူသည့် လူများသည် သူတို့ကို စကားပြောဆို ဆက်ဆံနေလိမ့်မည် မဟုတ်ချေ။ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်မှာပင်။

"တခြားလောကက သတ္တဝါတွေလား"

မုန့်ရှင်းကျီသည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သူသည် တော်ဝင်ဓားဂိုဏ်း၏ အနီးအနားသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ သူသည် တခြားသူများ သတိမပြုမိခင်မှာဘဲ တော်ဝင်ဓားဂိုဏ်းကို ချက်ချင်းတိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားခဲ့၏။ သို့ပေမဲ့ သူ ဘာမှမလုပ်ရသေးခင်မှာပဲ သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းသည် သူ့အား စိတ်ဝင်တစား ဖြစ်စေခဲ့၏။

သက်ရှိ သတ္တဝါပေါင်း သိန်းချီတို့သည် တည်နေရာ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့ကြ၏။ ထိုသူများ အားလုံးသည် သွေးနတ်ဆိုးလောကကြီး၏ သွေးနတ်ဆိုးကလန်သားများ နေထိုင်ရာ တည်နေရာဆီသို့ သူတို့ သွားရောက် တိုက်ခိုက်ခဲ့ရသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်မိစေခဲ့သည်။

သူ့အနေနှင့် ထိုသူများ အားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်သည် ဆိုပါက အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အရေးကို ဝယ်ယူနိုင်ရန်အတွက် အရင်းအမြစ်များ လုံလုံလောက်လောက် စုဆောင်းမိမှာ သေချာ၏။

"ဒါ အကျိုးအမြတ်တော့ ရှိမှာပဲ။ တော်ဝင်ဓားဂိုဏ်းကို အထိတ်တလန့် ဖြစ်သွားစေမယ် ဆိုရင်တောင်မှ ငါ ဂရုမစိုက်ဘူး။ ကွာစီအင်ပါယာမရှိတဲ့ တော်ဝင်ဓားဂိုဏ်းကို ငါကောင်းကောင်း ကိုင်တွယ်နိုင်တယ်လေ" မုန့်ရှင်းကျီသည် တော်ဝင်ဓားဂိုဏ်း သတိပြုမိသွားမည့် အကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိချေ။

"ဒါပေမဲ့ ငါ့အနေနဲ့ တည်နေရာလမ်းကြောင်း အနောက်မှာ ရှိနေတဲ့ အင်ပါယာနဲ့ ပတ်သက်ပြီးတော့ သတိ အပြည့်နဲ့ ဆောင်ရွက်ဖို့ လိုတယ်"

မုန့်ရှင်းကျီ၏ အကြည့်များသည် သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အနောက်ဘက်တွင် ရှိနေသည့် တည်နေရာ အက်ကွဲကြောင်းကို အာရုံစိုက် လိုက်၏။

တည်နေရာလမ်းကြောင်းကို ဖွင့်နိုင်သည် ဆိုခြင်းမှာ အနည်းဆုံး အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့လိုအပ်၏။ ထိုတည်နေရာအက်ကွဲကြောင်း၏ အနောက်ဘက်တွင် ရှိနေသည့် အင်ပါယာသည် သွေးနတ်ဆိုးလောကကြီးတွင် ရှိနေသည့် အင်ပါယာနှင့် တူညီနေသည်လား၊ မတူညီဘူးလားကို သူကောင်းကောင်း မသိပေ။

"ကောင်းကင်မူလ လောကကြီးရဲ့ ကွာစီအင်ပါယာ… ခင်ဗျား အခု နောက်ဆုတ်လိုက်။ ကျုပ် ဒီနေ့မှာ ဒီအရာတွေ အားလုံးကို ဘာမှမဖြစ်သလို နေပေးလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားသာ လှုပ်ရှားမယ်ဆိုရင်တော့ တော်ဝင်အင်ပါယာ ရောက်လာတာနဲ့ ခင်ဗျား ကြီးမားတဲ့ ဒုက္ခကို ခံစားရစေမယ်" ယွမ်ရဲ့သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အော်ကြီးဟစ်ကျယ်ဖြင့် ပြောဆိုလိုက်၏။

တည်နေရာအက်ကွဲကြောင်း၏ တည်နေရာသည် အနာဂတ်တွင် ခံတပ်တစ်ခု ဖြစ်လာမှာ သေချာ၏။ ထို့ကြောင့် ဤနေရာတွင် မာမာထန်ထန်ဖြင့် ပြောဆိုဆက်ဆံရပေလိမ့်မည်။ သူတို့အနေနှင့် ဖုံးကွယ်ကာ နေထိုင်ချင်သည် ဆိုသော်လည်း အားအင်အဆင့်က မလုံလောက်သောကြောင့် သိရှိသွားခဲ့ပေပြီ။ ထို့အပြင် တော်ဝင်အင်ပါယာကလည်း မရောက်ရှိသေးပေ။ ထို့ကြောင့် အနည်းဆုံးအနေနှင့် တစ်ဖက်လူကို အချိန် နှောင့်နှေးစေရန် ပြောဆို ခြိမ်းခြောက်ထားမှ ဖြစ်ပေလိမ့်မည်။

"မင်း အခု ငါ့ကို ခြိမ်းခြောက်နေတာလား"

မုန့်ရှင်းကျီ၏ ဝတ်စုံသည် လေထဲတွင် လှုပ်ခါလျက် ရှိနေ၏။ သူ၏ အနောက်ဘက်တွင် ကြီးမားလွန်းလှသည့် အမဲရောင်ကြေးအိုးကြီးက ပေါ်ပေါက်လာခဲ့၏။ ထိုကြေးအိုးကြီး ပေါ်တွင် နဂါးပေါင်း ကိုးဆယ့်ကိုးကောင်က ရစ်ခွေလျက် ရှိနေသည်။

ထိုကြေးအိုးကြီး ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်အလင်းများသည် စုစည်းလာခဲ့ကြ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါရီယာ စွမ်းအင်များသည် ကောင်းကင်နှင့် မြေကြီးတွင် စုစည်းလာခဲ့၏။

"ဒီခြိမ်းခြောက်မှုကို ငါက ခံနေမယ်လို့ ထင်တာလား"

မုန့်ရှင်းကျီသည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး လက်တစ်ဖက်ဖြင့် ကြေးအိုးကို ဖမ်းကိုင်ထား၏။ ၎င်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်နေပြီး ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကိုပင် အေးခဲသွားစေသည်။

All Chapters