← Chapters

အခန်း (၂၅၇)

Vol. 18 Ch. 257

အခန်း (၂၅၇)

Vol. 18 Ch. 257

"အင်ပါရီယာ လက်နက်လား"

ယွမ်ရဲ့၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွား၏။ သူ၏ နှလုံးသား တစ်ခုလုံးတွင် ကြီးမားလှသည့် လှိုင်းလုံးအဟုန်များ ဖြစ်တည်လာခဲ့၏။ ကောင်းကင်မူလ လောကကြီးသည် ဤမျှ လွယ်လင့်တကူ ဖြစ်နေသည်လား။ ကွာစီအင်ပါယာ တစ်ယောက်သည် အင်ပါရီယာ လက်နက်ကို ကိုင်စွဲကာဖြင့် ခရီးလှည့်လည် သွားလာတတ်နေသည်လား။

အင်ပါရီယာလက်နက် ထွက်ပေါ်လာသည်နှင့် သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့သည် တစ်ချက်ကလေးမှ အော်ဟစ်သံ မထွက်ခဲ့ဘဲ သွေးမြူအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားကြသည်။ ချက်ချင်းဆိုသလိုပဲ မိုင်ရာနှင့်ချီ အကွာအဝေးတွင် သွေးစီးကြောင်းများဖြင့် ပြည့်နှက်ကုန်ကြ၏။

ကံကောင်းစွာဖြင့် အသက်ရှင်ခဲ့သည့်လူများသည် အင်ပါရီယာ၏ စိတ်ဆန္ဒများ ပခုံးပေါ်တွင် ထမ်းထားရ သောကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ငြီးသံများ ထွက်ပေါ်လျက်ရှိသည်။ ၎င်းတို့သည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက်ရှိနေပြီး မျက်နှာများသည် စာရွက်ကဲ့သို့ပင် ဖြူဖျော့လျက် ရှိနေသည်။ စောဏတုန်းက သူတို့၏ အားတက်သရော ပြုမူဆောင်ရွက်မည့် ရည်ရွယ်ချက်များ အားလုံးတို့သည် အင်ပါရီယာလက်နက်၏ တစ်စစီ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ထိုသူများ ရုန်းကန်လျက် ရှိနေစဉ် အတောအတွင်းမှာပဲ တည်နေရာလမ်းကြောင်း၏ တခြားတစ်ဖက်တွင် ရှိနေသည့် အင်ပါယာမိုယွမ်၏ မျက်နှာသည် လေးနက်လျက် ရှိနေ၏။ သေဆုံးခြင်းအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းစွာဖြင့် သူ့ဆီကို ရောက်ရှိဘာ၏။ ထိုအရာကြီးသည် မုန်တိုင်းတစ်ခု အလားပင်။

"ငါ့ရဲ့ အစီအစဉ်က ပေါ်သွားပြီလား။ ကောင်းကင်မူလ လောကကြီးရဲ့ တုံ့ပြန်မှုက အရမ်းကို မြန်တာပဲ" အင်ပါယာမိုယွမ်က တွေးတောလိုက်မိ၏။

မကြာခင်ကပဲ သူသည် တခြားသော တည်နေရာ လမ်းကြောင်းတွင် ကောင်းကင်မူလ လောကကြီး၏ အင်ပါယာအသစ်နှင့် ထိပ်တိုက်တွေ့ခဲ့ရ၏။ သူသည် ဤမျှ ကံဆိုးလှလေသည်လား။

တည်နေရာအက်ကွဲကြောင်း မပေါ်မလာခင်က မည်သည့်နေရာတွင် ပေါ်လာမည်ဖြစ်ကြောင်း သူပင် သေချာ မသိရှိချေ။ ကောင်းကင်မူလ လောကကြီးသည် ထိုအရာကို ကြိုတင်သိရှိကာဖြင့် အင်ပါရီယာလက်နက်ကို ကြိုတင်ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာ တစ်ယောက်ကို စေလွှတ်ခဲ့လေသည်လား။ သူနှင့် သူ၏လူ များကို တားဆီးရန် ကြိုးစားနေလေသည်လား။

"ကောင်းကင်မူလ လောကကြီးက တကယ်ကို ရဲတင်းတာပဲ" အင်ပါယာမိုယွမ်သည် တည်နေရာ အက်ကွဲကြောင်း၏ အရှေ့ဆီသို့ လှမ်းလျှောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဘုရား အလင်းတန်းများ ထွန်းတောက်လျက် ရှိနေ၏။ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး အေးစက်သည့် အကြည့်များသည် အားလုံးသောသူများကို အေးခဲစေခဲ့၏။ ၎င်းသည် အားလုံးက လေးစားရလောက်သည့် တော်ဝင်အင်ပါယာ တစ်ယောက်၏ ဟိတ်ဟန်ကို ထုတ်ဖော်လျက် ရှိနေလေ၏။

"မင်းကို ဒီနေရာဆီ လွှတ်လိုက်တာ ကောင်းကင်မူလ လောကကြီးရဲ့ အင်ပါယာအသစ်လား"

"ဟမ်"

မုန့်ရှင်းကျီသည် ခေါင်းကိုမော့ကာဖြင့် တည်နေရာအက်ကွဲကြောင်းဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွားခဲ့သည်။ "တော်ဝင်အင်ပါယာ"

ကြည့်ရသည်မှာ အင်ပါယာ၏ ထိပ်ဆုံးအဆင့်တွင် ရှိနေပုံပေါ်၏။ အားအင်ယုတ်လျော့ကာ သေဆုံးတော့မည့် သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာနှင့် နှိုင်းယှဉ်၍ မရပေ။ ထို့ကြောင့် သူသည် တခြားသော လောကမှ အင်ပါယာ၏ စကားများကို သေသေချာချာ စဉ်းစားလိုက်မိ၏။

"သူ လင်းရှောင်နဲ့ တွေ့ခဲ့တာလား"

လက်ရှိ‌ လောကကြီးတွင် သူသိသည့် အင်ပါယာအသစ်ဆိုသည်မှာ လင်းရှောင်သာလျှင် ရှိ၏။ လင်းရှောင်သည် တခြားသော လောကမှ အင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် အရည်အချင်း ပြည့်စုံနေလေသည်လား။

"သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ခင်ဗျား ဒီကိုလာတာနဲ့ ရှာတွေ့သွားပြီ မဟုတ်လား" မုန့်ရှင်းကျီက အသာ ပြောလိုက်၏။ သူ၏စကား မပြောသေးခင်မှာဘဲ အော်ဟစ်သံက ထွက်ပေါ်လာခဲ့၏။

ဝေါင်း

နဂါးအော်သံကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားခဲ့၏။ အသူရာနဂါး ကိုးဆယ့် ကိုးကောင်တို့သည် မိုင်တစ်ထောင် အကွာအဝေးကို လှည့်လည်ကာဖြင့် တည်နေရာကြီးတစ်ခုလုံးတွင် အော်ရာများ ထုတ်ဖော်ကာ စတီးကဲ့သို့ ခံတပ်ကြီးကို အသက်သွင်းလေ၏။ ၎င်းတို့၏ အကြေးခွံများသည် တောက်ပသည့် အရောင်အဆင်းများကို ထုတ်ဖော်လျက် ရှိနေသည်။

အင်ပါရီယာလက်နက် အသက်ဝင်သွားသည်နှင့်တပြိုင်နက် ပြိုင်စံရှားလောက်သည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းသည် ဆူနာမီလှိုင်းကဲ့သို့ စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေပြီး တည်နေရာတစ်ခုလုံးကို လွှမ်းခြုံကာဖြင့် ကာကွယ်ထားခဲ့၏။

"မဟုတ်ဘူး"

ကျန်သောသူများ အားလုံးက အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ကြောက်လန့်မှု အမူအရာများ ပေါ်ပေါက်လာခဲ့၏။ ဤကွာစီအင်ပါယာ အနေနှင့် တစ်ချက်ကလေးမှ သတိမပေးဘဲ တိုက်ခိုက်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ထို့အပြင် ၎င်းတို့၏ တော်ဝင်အင်ပါယာရှေ့တွင်ဖြစ်သည်။

တော်ဝင်အင်ပါယာသည် ဤနေရာသို့ ဖြတ်သန်းရောက်ရှိလာပြီး သူ့ကို သတ်ဖြတ်ပစ်မည်ကို မစိုးရိမ်ဘူးလား။ တော်ဝင်အင်ပါယာ ရောက်ရှိလာသည်ဆိုသည်နှင့် အင်ပါရီယာလက်နက် ရှိသည် ဆိုလျှင်တောင်မှ ၎င်းအား ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

"မိုက်ရိုင်းလိုက်တာ"

အင်ပါယာမိုယွမ်က ဒေါသထွက်သွားပြီး ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် လှိုင်းများ ဖြစ်တည်လာခဲ့၏။ သူသည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် တည်နေရာ လမ်းကြောင်းကို လက်လှမ်းကာဖြင့် တခြားသော လောကကြီးဆီသို့ လက်ဝါးနှင့် လှမ်းကာ ရိုက်နှက်လိုက်၏။ ကောင်းကင်ယံ ထက်တွင် လေနှင့်လှိုင်းများ ဖြစ်တည်လာခဲ့ပြီး အဆုံးမဲ့ ကြီးမားလွန်းလှသည့် လက်ကြီး တစ်ဖက်သည် မိုးခြိမ်းသံများ တဝုန်းဝုန်းနှင့်အတူ ကျဆင်းလာခဲ့သည်။

"အမ်… လောကကို ဖြတ်သန်းပြီး ရိုက်တာလား။ ကျုပ်လက်ထဲမှာ အင်ပါရီယာလက်နက် ရှိနေတာကိုတောင် ခင်ဗျားက ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား" မုန့်ရှင်းကျီသည် အင်ပါရီယာလက်နက်ကို ဆင့်ခေါ်ကာဖြင့် လေဟာနယ်ထဲသို့ ပင့်တင် ကာကွယ်လိုက်၏။

ဘုန်း

တောင်များ ကွဲကြေပြီး ပင်လယ်များပင်လျှင် လှိုင်းများ ဖြစ်တည်လာခဲ့၏။ လေဟာနယ် တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေလေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ဖြစ်တည်လျက် ရှိနေပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့၏။

သက်ရှိသတ္တဝါများ အားလုံးတို့သည် ပုရွက်ဆိတ်များကဲ့သို့ပင်။ မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ဘဲ ချက်ချင်း သေဆုံးခဲ့၏။ လောကကြီးကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည့် သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့ အားလုံးသည် ချက်ချင်း သေဆုံးကုန်ကြလေ၏။ မုန့်ရှင်းကျီ၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ကြချေ။ အင်ပါယာမိုယွမ်၏ တိုက်ခိုက်ချက် ထပ်တိုး ထည့်ပေါင်းလိုက်သည့် အချိန်မှာတော့ ပိုမိုကာ ဆိုးရွားသွားခဲ့သည်။

အင်ပါယာမိုယွမ်၏ လက်ဝါးရိုက်ချက်သည် တကယ့်ကို ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက် တစ်ခုဖြစ်၏။ ထိုအရာ ကျဆင်းလာသည်နှင့် တပြိုင်နက် မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းသည် မုန့်ရှင်းကျီကို ဖိနှိပ်ထားနိုင်ရန် ရည်ရွယ်သည် ဆိုလျှင်တောင်မှ ၎င်း၏ သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့ကို စတေးခဲ့ခြင်းပင်။ ကွာစီအင်ပါယာ တစ်ယောက်အတွက်နှင့် သက်ရှိသတ္တဝါ သုံးသိန်းကျော်တို့သည် စတေးခဲ့ရ၏။

သို့ပေမဲ့ ၎င်းသည် အတွက်အချက်မှားခဲ့သည်။

မုန့်ရှင်းကျီတစ်ယောက် ခေါင်းထက်တွင် အင်ပါရီယာလက်နက်ကို မြှောက်တင်ကာဖြင့် အင်ပါယာမိုယွမ်၏ တိုက်ခိုက်ချက်ကို ခုခံကာကွယ်လိုက်၏။ ဤကဲ့သို့ မြန်ဆန်လှသည့် လှုပ်ရှားမှုအောက်တွင် တခြားသော သတ္တဝါများအားလုံး သေဆုံးသွားသည် ဆိုလျှင်တောင်မှ မုန့်ရှင်းကျီသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ထိုသူတို့ အားလုံး၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းခဲ့ပြီးပြီဖြစ်၏။

သိုလှောင်လက်စွပ်များသည် မာကျောလွန်းလှပြီး အလွယ်တကူ ပျက်စီးနိုင်သည့်အရာမျိုး မဟုတ်ချေ။ အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်ကို ခံရသည့် အချိန်တွင် ကျင့်ကြံသူများသည် လက်စွပ်များကို ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သူတော်စင်ဘုရင်များ သည်ပင်လျှင် သေဆုံးနေသော အချိန်မျိုး၌ ပိုဆိုးသည်။

"တိုင်ပို… ဒီအင်ပါယာလက်နက်ကို ကိုင်ပြီးတော့ သူနဲ့ တိုက်ခိုက်လိုက်" အင်ပါယာမိုယွမ်က လက်ကို ဝှေ့ယမ်းလိုက်၏။ ကြီးမားလှသည့် တင်းပုတ်ကြီးသည် လေထုထဲတွင် ဖြစ်တည်လာပြီး တည်နေရာလမ်းကြောင်း၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။

"အမိန့်အတိုင်းပါပဲ"

ဆန်းကြယ်လှသည့် လူတစ်ယောက်သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ ၎င်းသည် ကြီးမားလွန်းလှသည့် ကျောက်စိမ်းနတ်ဘုရားဆင်ကြီးပေါ်တွင် ထိုင်လျက် ရှိနေလေ၏။ တည်နေရာ လမ်းကြောင်း၏ အထဲဆီသို့ ရောက်သည့်အချိန်မှာတော့ နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ ကြီးမားလှသည့် တင်းပုတ်ကြီးကို ကိုင်ဆွဲကာဖြင့် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လို့နေသည်။

"ကွာစီအင်ပါယာ တစ်ယောက်လား"

မုန့်ရှင်းကျီ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ ထိုသူသည် သူ့ထက် ငယ်ရွယ်သည်မှာ ရှင်းလင်းလွန်းလှ၏။ ပိုမို၍ပင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံပုံပင်။ အင်ပါယာလက်နက်ကို ကိုင်ဆွဲထားချိန်မှာတော့ တကယ့်ကို ကြမ်းတမ်းလွန်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။

မုန့်ရှင်းကျီ ဝင်ရောက်လာသူကို လှမ်းကာကြည့်ရှုပြီးသည့်နောက် စိတ်ထဲတွင် အကျိုးသင့်၊ အကြောင်းသင့် လှမ်းကာ ချိန်ဆလျက်ရှိနေ၏။ ခန္ဓာကိုယ်ကို လှည့်ကာ ထွက်ခွာလိုက်သည်။

သူ့အနေဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရပေမည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ စုံစမ်းရင်းဖြင့် တစ်ဖက်လောကအကြောင်းကို နားလည်နိုင်၏။ အခြေအနေ အားလုံးကို နားလည်ပြီးမှ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချခြင်းသည် အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

မထွက်သွားခင်မှာပဲ မုန့်ရှင်းကျီသည် တည်နေရာအက်ကွဲကြောင်းကို တစ်ချက် လှမ်းကြည့်ကာဖြင့် တွက်ချက်လိုက်လေ၏။

"ဒီအင်ပါယာက မကြာခင် ရောက်လာနိုင်တယ်။ ဘာပဲပြောပြော သူ့ရဲ့ နောက်လိုက်တွေကို ငါ ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ဖြတ်ပစ်ရမယ်။ သူမလာရဲဘူးဆိုရင် သူ့ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်။ လာမယ်ဆိုရင် လင်းရှောင်နဲ့ ထိပ်တိုက်တွေ့လိမ့်မယ်"

စဉ်းစားကြည့်ရမည်ဆိုလျှင် တခြားသော လောကမှ အင်ပါယာသည် လင်းရှောင်နှင့် အရင်ဆုံး တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ရပေလိမ့်မည်။ ရောက်ရှိလာသည်နှင့်တပြိုင်နက် လင်းရှောင်နှင့် တိုက်ခိုက်ရန် ကြိုးစားမှာ သေချာ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ဝင်ရောက် ရှုပ်ထွေးနေစရာ အကြောင်းမရှိပေ။

အင်ပါယာတစ်ယောက်ကို ရန်စခဲ့ခြင်းကြောင်း သေဆုံးနိုင်ကြောင်း အားလုံးသော သူတို့က သိရှိပြီး ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော ရှုပ်ထွေးသော အခြေအနေမျိုးတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အသက်ရှင် ရပ်တည် နိုင်ရပေမည်။ သူ့အနေနှင့် တော်ဝင်သဲကန္တာရမြို့ဆီသို့ ဂိုဏ်းသားအားလုံးကို ခေါ်ဆောင်သွားသည် ဆိုပါက အနည်းဆုံး မြို့ထဲ၌ ပုန်းအောင်းနိုင်စွမ်း ရှိနေ၏။

မြို့ထဲသို့ မဝင်နိုင်ဘူး ဆိုလျှင်တောင်မှ တော်ဝင်သဲကန္တာရမြို့၏ အနီးအနားတွင် ရှိနေခြင်းအားဖြင့် တခြားသောသူများသည် လာရောက်ကာ တုံ့ပြန်လှုပ်ရှားရဲမှာ မဟုတ်ချေ။ အသက်ရှင်သန်ချင်စိတ်ရှိသည့် လူများသည် အဆင်ခြင် ကင်းမဲ့စွာဖြင့် ပြုလုပ်လိမ့်မည် မဟုတ်ချေ။

All Chapters