← Chapters

အခန်း (၂၅၉)

Vol. 18 Ch. 259

အခန်း (၂၅၉)

Vol. 18 Ch. 259

အခြားသောလောကဆီမှ ကွာစီအင်ပါယာတယောက် နှင့် တော်ဝင်ဓားဂိုဏ်းတို့ တိုက်ခိုက်နေသည် ဆိုသော သတင်းသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ပင် လောကကြီး၏ အဆုံးသတ်တည်နေရာ ဆီသို့ ရောက်ရှိ ပျံ့နှံ့သွားခဲ့လေ၏။

အင်ပါယာဆက်ခံသူစာရင်းသည် အားလုံးသောသူတို့၏ စိတ်နှလုံးကို လှုပ်ရှားစေခဲ့ပြီး မကြာခင်မှာပဲ နောက်ထပ် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတင်းအချက်အလက် ပေါ်ပေါက်လာခဲသည်။ တခြားသော လောကဆီမှ ကျူးကျော်မှုတခု ပေါ်ပေါက်လာခဲ့ခြင်းပင်။

သွေးနတ်ဆိုးလောကကြီးနှင့် ကိစ္စဖြစ်ခဲ့သည်မှာ မည်မျှကြာမြင့်သေးသနည်း။ တခြားသောလောကများသည် သူတို့၏ လောကကြီးကို မျက်စိအာရုံစိုက်နေသည်လား။ ဤတကြိမ်မှာ‌တော့ သွေးနတ်ဆိုး လောက၏ သွေးနတ်ဆိုးကလန်လို မဟုတ်ချေ။ တစ်ဖက်လူများ၏ ရှေ့၌ ဦးဆောင်လာသူသည် ပါရမီရှင် အင်ပါယာတယောက်ဖြစ်လို့ နေခဲ့၏။

အင်ပါယာဖြစ်သည်ဆိုသော်လည်း လူကိုယ်တိုင်တော့ မရောက်ရှိသေးချေ။ အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားခဲ့သည့် ကွာစီအင်ပါယာတယောက် က အရင်ရောက်ရှိလာခဲ့ပြီး တော်ဝင်ဓားဂိုဏ်းကို တိုက်ခိုက်လျက်ရှိနေ၏။ ကံကောင်းစွာဖြင့် ဤကဲ့သို့သောအခြေအနေမျိုးတွင် ကောင်းကင်ဆန်းကြယ်ဂိုဏ်းမှ တော်ဝင်သူတော်စင်နှစ်ယောက်တို့သည် အင်ပါရီယာလက်နက်များကို ကိုင်စွဲကာရောက်ရှိလာခဲ့ပြီး တော်ဝင်ဓားဂိုဏ်းကို ကူညီပေးနေသည်။

နောက်ပိုင်းတွင် ခရမ်းရောင်နတ်နယ်မြေဆီမှ လာရောက်ကာကူညီပေးပြန်၏။ ၎င်းတို့ အနေနှင့် အင်ပါရီယန် လက်နက်ကို ကိုင်စွဲမထားဘူးဆိုလျှင်တောင်မှ ကွာစီအင်ပါယာလက်နက်များကို ယူဆောင်လာခဲ့၏။ ကြီးမားလှသည့် တော်ဝင်ဓားဂိုဏ်း၏ တောင့်တင်းခိုင်မာလှသည့် အားအင်အဆင့်နှင့် ပေါင်းစပ်ပြီးသည့်နောက် တော်ဝင်အင်ပါရီယာ လက်နက်တခု၊ ကွာစီအင်ပါယာလက်နက်နှစ်ခုကို ကိုင်စွဲထားခဲ့သည့် တော်ဝင် သူတော်စင် သုံးယောက်တို့ ရှိလာခဲ့သည်။ တော်ဝင်ဓားဂိုဏ်း၏ တောင်ကာကွယ်ခြင်း အစီအရင်ကလည်း တည်ရှိသေးသည်မို့ ရန်သူကို ကောင်းကောင်းမွန်မွန် ခုခံထား နိုင်၏။

သို့ပေမဲ့ အခြေအနေသည် ကြာရှည်ခံလှမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် တခြားသော လောကမှ ရောက်ရှိလာခဲ့သည့် ကွာစီအင်ပါယာသည် တယောက်တည်း မဟုတ်ပေ။ အဆုံးမဲ့သော တပ်ကူများ ၎င်း၏ နောက်မှ လိုက်ပါလာခဲ့သောကြောင့်ပင်။

လက်ရှိအခြေအနေမှာတော့ တော်ဝင်ဓားဂိုဏ်းတခုလုံးသည် ဝိုင်းရံခြင်းကို ခံထားရ၏။ ၎င်းတို့ကို လာရောက်ကူညီမည့် တခြားသော အင်အားစုများသာ မရှိသည်ဆိုပါက တော်ဝင်ဓားဂိုဏ်း၏ ကံကြမ္မာတခုလုံးသည် ပြောင်းလဲသွားပေတော့မည်။

အားလုံးသောသူတို့သည် တခြားသောလောကနှင့် တိုက်ခိုက်လျက်ရှိနေသည့် တော်ဝင်ဓားဂိုဏ်းကို လှမ်းကာကြည့်ရှုလျက် ရှိနေကြသည်။ ထိုစဉ်မှာပဲ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တည်နေရာ၌လည်း ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏တည်နေရာတွင် ကောင်းကင်ကြီးတခုလုံး ကွဲအက်လျက် ရှိနေပြီး ကြီးမားလှသည့်လက်ဝါးရိုက်ကြီးသည် ရုတ်တရက် ပေါ်ပေါက်လာကာဖြင့် ဂိုဏ်း၏ မြေတည်နေရာတစ်ခုလုံးကို အမြစ်မှ နှုတ်ယူလျက်ရှိသည်။

ပြီးနောက် နှုတ်ယူထားသော မြေတည်နေရာ ကုန်းမြေကြီးတစ်ခုလုံးသည် တော်ဝင်သဲကန္ဓာရမြို့သို့ လွင့်မျောလာလေသည်။ အဆုံးသတ်မှာတော့ ထိုကုန်းမြေကြီးသည် ပိုင်တုရန်တောင်ကြား၏ တည်နေရာ ဆီသို့ ဆင်းသက် လိုက်၏။

ဤနေရာသည် ရမ်ချင်းတုနှင့် ယန်ရှိုတို့ အတိတ်တုန်းက အခွင့်အရေးအတွက် ယှဉ်ပြိုင်လုယက်ခဲ့သည့် တည်နေရာလည်း ဖြစ်၏။ ပိုင်တုရန်တောင်ကြားသည် ကြမ်းတမ်းလွန်းလှသည့် တည်နေရာ တခုဖြစ်ပြီး မည်သူမှပိုင်ဆိုင်သည့် တည်နေရာ မဟုတ်ဟု သုံးသပ်ရ၏။

တော်ဝင်ရင်နိုင်ငံ (သို့မဟုတ်) တော်ဝင်ဓားဂိုဏ်းတို့သည် ၎င်းတို့၏လွှမ်းခြုံမှု အောက်တွင်ရှိနေသည့် နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ကြသည်ဆိုသော်လည်း တကယ်တမ်းမှာတော့ မဟုတ်ချေ။ နှစ်ခုလုံးသည် ထိုနေရာကို ရရှိရန်အတွက် မာန်စောင်လျက် ရှိနေသည့် တည်နေရာမျိုးပင်။

နှစ်ဖက်လုံးသည် ထိုကဲ့သို့ ရန်စောင်လျက် ရှိနေတုန်းမှာပဲ တတိယအင်အားစုတခု ရောက်ရှိလာမည်ကို သူတို့က ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် လက်ရှိ ငရဲကိုးကောင်းနတ်ဆိုးဂိုဏ်း ဤနေရာသို့ လာရောက်ခြေချရန် စီစဉ်လျက်ရှိနေ၏။

သူတို့ဘာလုပ်ရမည်နည်း။ ငရဲကိုးကောင်းနတ်ဆိုးဂိုဏ်းသည် ပိုင်တုရန်တောင်ကြားဆီသို့ ရောက်ရှိလာသည့် အချိန်မှာတော့ အလင်းဘက်တော်သား ဘိုးဘေးများတို့သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကြီး၏ ရွေ့ပြောင်းလာရာ တည်နေရာဆီသို့ ပထမဦးဆုံး လှမ်းသွားခဲ့ကြသည်။

အင်ပါရီယာ လက်နက်ကိုကိုင်စွဲထားသော မုန့်ရှင်းကျီသည် နှစ်ဖက်လုံးအား လေးလေးစားစား ၊ရည်ရည်မွန်မွန်၊ ခြိမ်းခြောက်ပြောဆိုပြီးသည့်နောက်မှာတော့ ဘိုးဘေးများသည် နှမြောတသစွာဖြင့် အသိအမှတ်ပြုလိုက်ရ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဤနေရာတွင် ခဏတာ အချိန်ရရန် ခွင့်ပြုပေးခဲ့ရ၏။

အခြားသောလောကမှ လူများ ဆင်းသက်လာသည့်အချိန်တွင် သူတို့အနေနှင့် သူတို့၏မူလတည်နေရာစီသို့ သွားရောက်ကာ စောင့်ကြပ်ခြင်းကို ပြုလုပ်ရပေလိမ့်မည်။ လောကတစ်ခုတည်းတွင် နေထိုင်သော သူအချင်းချင်း အချင်းများနေ၍မဖြစ်ချေ။

......

တော်ဝင်သဲကန္တာရမြို့၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်

ဂိုဏ်းအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ပြီးသည့်နောက် မုန့်ရှင်းကျီသည် အလောတကြီးဖြင့် ရောက်ရှိ လာခဲ့၏။ သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဆီသို့ ရောက်ရောက်ချင်းမှာပဲ သူနှင့်အဆင့်တူ တစုံတယောက်ကို ရင်ဆိုင်တွေ့ခဲ့ရ၏။ ၎င်းသည် နဂါးဝတ်စုံဝင်ဆင်ထားခဲ့ပြီး ကြည့်ကောင်းလွန်းလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။

၎င်း၏အကြည့်သည် ရေခဲကဲ့သို့ပင် အေးစက်လျက်ရှိနေပြီး နတ်ရွှေရောင် မျက်လုံးများသည် ဆန်းကြယ် လွန်းလှချေ၏။ ၎င်းအကြည့်တချက်တည်းနှင့်ပင် မျက်လုံးချင်းဆုံသည့် လူများအားလုံးကို ကြက်သီးများ ထစေခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေတုန်းမှာပဲ ၎င်းသည် ကြီးကျယ်လှသည့် ဟိတ်ဟန်များကို ထုတ်ဖော်လျက်ရှိနေ၏။ မုန့်ရှင်းကျီကို မြင်ရသည့်အချက်မှာတော့ ၎င်းသည် မည်သို့မျှမနေနိုင်ဘဲ မျက်စိများပင် ကျဉ်းမြောင်းသွားခဲ့သည်။

“အောင်းရွှမ်” မုန့်ရှင်းကျီသည် လေးလေးနက်နက်အမူအယာဖြင့် ပြောဆိုလိုက်၏။

“မုန့်ရှင်းကျီ... မတွေ့ရတာကြာပြီနော်၊ လင်းရှောင်နဲ့ တိုက်ပွဲမှာ ခင်ဗျားသေမလိုဖြစ်သွားပြီလို့ ကျုပ် ထင်ထားတာ၊ အခုလို ပြဿနာ ရှာနိုင်အုံးမယ်လို့ မထင်မိဘူး” အောင်းရွှမ်သည် ထူးမခြားနားသလို ပြောလိုက်၏။

မုန့်ရှင်းကျီ တယောက် အခြားသောလောကဆီမှ ကွာစီအင်ပါယာတယောက်နှင့် တိုက်ခိုက်ခဲ့သည် ဆိုသည့်သတင်းသည် လျှို့ဝှက်ချက်တခု မဟုတ်ပေ။ မိုင်သန်းနှင့်ချီသောအကွာအဝေးတခုလုံးကို ပျံ့နှံ့နေပြီ ဖြစ်၏။ တော်ဝင်ဓားဂိုဏ်း၏ လူများမှ လွဲလျှင် ထိုကိစ္စကို မသိသူဟူ၍ ကောင်းကင် မူလလောကထဲတွင် မရှိပေ။

လက်ရှိတော်ဝင်ဓားဂိုဏ်းသည် တခြားသော လောကကြီး၏ တိုက်ခိုက်မှုကိုခံနေရ၏။ ထို့ကြောင့် သတင်းများ လက်ခံရရှိရန် အခက်အခဲ ရှိနေ၏။ တချို့သော အင်အားစုများသည် ရောက်ရှိလာကာ အကူအညီ ပေးနေသောကြောင့်သာ ယခုထိ သက်ဆိုးရှည်နေခြင်း ဖြစ်သည်။ ထိုထဲတွင် အင်ပါရီယာလင်းကလန်နှင့် တိုင်ချူးနတ်နယ်မြေတို့ပင် ပါဝင်လျက် ရှိ၏။

ထို့ပြင် တိုက်ပွဲတည်နေရာသည် လူသားမျိုးနွယ်တို့၏ တည်နေရာထဲတွင် တည်ရှိနေသည်ဖြစ်၏။ ထို့ကြောင့် ကမ်းပါးပြိုလျှင် အားလုံးသေမည်ဆိုသည့် နိယာမအတိုင်း အားလုံးသော သူတို့သည် ဝိုင်းဝန်းကာ ကူညီနေခဲ့ကြခြင်းပင်။ တော်ဝင်ဓားဂိုဏ်း ပျက်စီးသွားသည်ဆိုပါက နောက်ထပ်ရောက်လာမည့် ပစ်မှတ်သည် မည်သူ ဖြစ်သနည်းဆိုတာ မသေချာလှပေ။

မွန်းစတားကလန်နှင့် အခြားသောအဖွဲ့အစည်းများအနေနှင့် ဘေးတဖက်စီမှ အသာရပ်ကာကြည့်နေရုံသာ ရွေးချယ်လိုက်ကြ၏။ လူသားမျိုးနွယ်များ ကြာကြာမတောင့်ခံနိုင်သည့် အချိန်တွင် ၎င်းတို့သည် ကယ်တင်ရှင်များကဲ့သို့ ဝင်ရောက်ကာ တိုက်ခိုက်ပေလိမ့်မည်။ အထူးသဖြင့် အစစ်အမှန်နဂါးကလန်ပင် ဖြစ်၏။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့ကြပြီး သတင်းအပိုင်းအစတချို့ကို ဇိမ်ကျကျဖြင့် ဝယ်ယူရန်ပင် တွေးတောထားပြီး တွေးတောထားသည့်အတိုင်းလည်း ပြုမူဆောင်ရွက်လျက်ရှိ၏။

“ဟား ဟား ဟား”

မုန့်ရှင်းကျီသည် နှာခေါင်းရှုံ့ကာဖြင့်ပြောလိုက်၏။ “တူညီတဲ့ မျိုးဆက်ထဲက လူတွေပဲလေ၊ ခင်ဗျားတောင် မသေသေးတာ ကျုပ်က ဘာကိစ္စသေရမှာလဲ”

“ကျုပ်က ခင်ဗျားနဲ့မတူဘူး”

အောင်းရွှမ်သည် အသာ ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်က နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့ရတယ် ဆိုပေမဲ့ အင်ပါရီယာဆက်ခံသူစာရင်းမှာ နံပါတ် လေးယောက်မြောက် ချိတ်တယ်လေ၊ ခင်ဗျားကရော တာအိုရောင်းရင်းမုန့်”

မုန့်ရှင်းကျီ “.......”

လက်ရှိအခြေအနေမှာတော့ သူ၏နှလုံးသားတခုလုံးသည် ကြီးမားလှသည့် တင်းပုတ်ကြီးနှင့် ထုနှက်ခံလိုက် ရသလိုပင် ရင်နာသွားခဲ့သည်။

“ဒီလောကကြီးထဲမှာ ထူးချွန်လှတဲ့လူတွေ၊ ကွာစီအင်ပါယာတွေ အများကြီးရှိတယ်။ ကွာစီအင်ပါယာထဲမှာ ကျုပ်က လေးယောက်မြောက်ချိတ်တယ်။ ဒါက ဂုဏ်ယူရလောက်တဲ့ နန်းဆောင်သခင်က ကျုပ်ကိုချီးမြှောက် ထားတာပဲ” အောင်းရွှမ်သည် တကယ့်ကို ဟိတ်ကြီးဟန်ကြီး ထုတ်ကာဖြင့် ပြောဆိုလျက်ရှိလေ၏။

“စိတ်မညစ်နဲ့အုံး၊ တာအိုရောင်းရင်းမုန့်က နှစ်ပေါင်းများစွာနေလာခဲ့တယ်။ နန်းဆောင်သခင်ကသာ လူပေါင်း ကိုးဆယ်လောက်ကို စာရင်းထဲမှာ ထည့်သွင်းရေးခဲ့မယ်ဆိုရင်တော့ တာအိုရောင်းရင်း ကျိန်းသေပေါက် စာရင်းထဲမှာ ပါမှာပါပဲ” အောင်းရွှမ်က ထပ်ပြောလိုက်သည်။

မုန့်ရှင်းကျီ “.........”

ဤအရာသည် ကျိန်းသေပေါက် စော်ကားခြင်းသာလျှင်ဖြစ်၏။ သူတို့၏ အစောပိုင်းနှစ်များတွင် နှစ်ယောက်လုံးသည် ပါရမီရှင်များ ဖြစ်ခဲ့၏။ တယောက်နှင့်တယောက် အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး ရှင်းလင်းလှသည့် အနိုင်ရရှိသူဟု ပေါ်ပေါက်မလာခဲ့ချေ။

နောက်ဆုံးမှာတော့ မုန့်ရှင်းကျီသည် အစီအရင်ကို အသုံးပြုပြီးသည့်နောက် အောင်းရွှမ်ကို တကြိမ်အနိုင်ရရှိဖူး၏။ သို့ပေမဲ့ အင်ပါရီယာဆက်ခံသူစာရင်းက ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် တဖက်လူအား အခြေအနေ မြင့်မြင့်မားမားဆီသို့ ရောက်ရှိသွားစေခဲ့၏။

“အင်း ဒီကိုရောက်ရှိနေပြီဆိုမှတော့ ဘာလို့ တူတူမဝင်ရမှာလဲ” အောင်းရွှမ်က ဖိတ်ခေါ်လိုက်သည်။

သူ့အနေနှင့် သူဝယ်ယူချင်သည့် သတင်းအချက်အလက်များအား မုန့်ရှင်းကျီ သိသွားမည်ကို မစိုးရိမ်လှချေ။ မုန့်ရှင်းကျီ သိသည်ဆိုလျှင်တောင်မှ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် လက်ရှိအခြေအနေတွင် အသက်ရှင်ရန် ရုန်းကန်နေရသည် ဖြစ်သောကြောင့် သူ့ဆီမှ မလုယူနိုင်ချေ။ ထို့ပြင် နဂါးကလန်နှင့် တိုက်ခိုက်ရန် ရွေးချယ်ခြင်းဆိုသည်မှာ သေလမ်းရှာခြင်းနှင့် ဆင်တူ၏။

“ကောင်းပြီ”

မုန့်ရှင်းကျီသည် အောင်းရွှမ်ကို စာနာသနားသလိုနှင့် လှမ်းကာကြည့်ရှုလိုက်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် သတင်းအချက်အလက်များ အကြောင်းကို သူကောင်းကောင်း သိပြီးသားဖြစ်၏။ သတင်းအချက်အလက်များကို ဝယ်ယူဖို့ဆိုသည်မှာ နှလုံးသွေးစက်စက်ယိုစရာကိစ္စပင် ဖြစ်လေ၏။

နဂါးကလန်သည် ချမ်းသာသည်ဆိုသော်လည်း ၎င်းတို့၏ အရိုးများ၊ အကြောများကို ထုတ်သုံးကာ အသုံးပြုရမည့် ကုန်ကျစရိတ်များဖြစ်သည်ကို နဂါးကလန်က မသိရှိသေးချေ။ ဤမျှကြီးကျယ်လှသောသူ၏ ပါးစပ်ထဲမှ ထွက်လာသည့် စကားလုံးများနှင့် ၎င်း၏အရင်းအမြစ်များ လိုက်ဖက်ညီသလား ဆိုသည်ကို သူ သိချင်နေမိသည်။

All Chapters