← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

ပြောပြီးဆိုပြီးသည့်နောက် နှစ်ယောက်သားသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အတူတကွ လှမ်းဝင် လိုက်ကြလေသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းဝင်ပြီးသည့်နောက် ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းလျက်ရှိနေသည့် လီယွင်ကို သူတို့နှစ်ယောက်လုံးက မြင်လိုက်ကြရ၏။

လီယွင်၏ရှေ့တွင်တော့ ကြီးမားလှသည့် ပုံရိပ်ယောင် မြင်ကွင်းတစ်ခု ပေါ်ပေါက်နေ၏။ များပြားလှသည့် အလင်းတန်းများ တောက်ပလျက်ရှိနေပြီး များပြားလှသည့် မှော်လက်နက်များ၊ မှော်နတ်ဘုရား အတတ်များသည် ကောင်းကင်ယံဆီသို့ ထိုးတက်နေ၏။ ထိုထဲတွင် အင်ပါရီယာလက်နက်နှစ်ခုပင် ပါဝင်လျက်ရှိနေသည်။

ပြောရမည်ဆိုလျှင် ရင်ကွဲသည်အထိ အော်ဟစ်လျက် ရှိသည့် အော်သံများ၊ သတ်ဖြတ်လိုခြင်း အပြည့်ဖြင့် အသံများ ထွက်ပေါ်လျက် ရှိနေ၏။ မြေပေါ်တွင် များပြားလွန်းသည့် အလောင်းများ ပြန့်ကျဲလျက်ရှိနေပြီး သွေးများသည် မြစ်ကဲ့သို့ပင် စီးဆင်းနေ၏။

လေထုထဲတွင် ကွာစီအင်ပါယာနှစ်ယောက်သည် တိုက်ခိုက်လျက်ရှိနေကြ၏။ နီးနီးကပ်ကပ်ကြည့်မည်ဆိုလျှင် ရီကလန်၏ ကွာစီအင်ပါယာမှလွဲလျှင် တခြားမဟုတ်ချေ။ လေထုထဲတွင် ပုန်းအောင်းလျက်ရှိနေသည့် ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည်ပင် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်ပေါက်လာ၏။ ၎င်းသည် လေဟာနယ်ထဲတွင် ပုန်းအောင်းလျက်ရှိနေပြီး အခွင့်အရေးကို စောင့်မျှော်နေခြင်း ဖြစ်ပုံပေါ်သည်။

“ဒီလိုနည်းလမ်း”

မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် တယောက်ကိုတယောက်ကို ကြည့်ရှုကာဖြင့် ခန္ဓာကိုယ်တခုလုံး တုန်ယင်သွားခဲ့ကြ၏။ သူတို့သည် နှလုံးသားထဲတွင် မည်သို့မျှ မဖိနှိပ်နိုင်တော့ဘဲ ထကာ အော်ဟစ်လိုက်မိ၏။ “မယုံနိုင်စရာပဲ”

ဤကဲ့သို့ ဝေးကွာလှသည့် တည်နေရာတွင်ရှိနေသည်ဆိုရင်တောင်မှ အစစ်အမှန်တိုက်ပွဲတခုကို စိမ်ပြေနပြေဖြင့် ကြည့်ရှု၍ ရနေ၏။ ဤအရာသည် အင်ပါယာတယောက်အနေနှင့် ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်ပါယာများ၏ နတ်ဘုရား အသိအမြင်သည် တော်ဝင်သဲကန္တာရမြို့မှသည် တော်ဝင်ဓားဂိုဏ်းတည်နေရာဆီသို့ ဖြန့်ကျက် ကြည့်ရှုရန် အခက်အခဲ တစ်ခုမဟုတ်သော်လည်း ယခုကဲ့သို့ လူပေါင်းများစွာ ကြည့်ရှုနိုင်ရန် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို တိုက်ရိုက် ဖန်တီးနိုင်စွမ်းရှိခြင်းသည် အံ့အားသင့်ဖွယ်ရာ ကိစ္စပင်။

ဤနေရာတွင် မေးခွန်းတခုပေါ်ပေါက်လာ၏။ စီနီယာနန်းဆောင်သခင်သည် မည်သူ ဖြစ်သနည်း။

......

လက်ရှိအခြေအနေမှာတော့ လီယွင်သည် စနစ်၏စတိုးထဲမှ ဝယ်ယူထားသည့် ပြောင်းဖူးပေါက်ပေါက်နှင့် ကိုလာကို ကိုင်စွဲကာဖြင့် တိုက်ပွဲကို စိမ်ပြေနပြေ ကြည့်ရှုလျက်ရှိနေ၏။ ရံဖန်ရံခါဆိုသလို စိတ်လှုပ်ရှားစွာ ဖြင့်ထပြီး အော်ဟစ်ကာ အားပေးလျက်ပင် ရှိနေ၏။

ဤကဲ့သို့သော ပစ္စည်းမျိုးနှင့် ကြည့်ရှုဖို့ ဆိုသည်မှာ လွယ်ကူလှသည့် အရာမျိုး မဟုတ်ချေ။ ယခင်ဘဝတုန်းက ဆိုလျှင် ဈေးကြီးပြီး အဆင့်အတန်းမြင့်မားသော ဆောင်းဘောက်စ်များ၊ တီဗီများကို ဝယ်ယူရန် လိုအပ်နေ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ လီယွင်သည် ကွာစီအင်ပါယာနှစ်ယောက်တို့၏ ထိပ်တိုက်တိုက်ခိုက်မှုကို အကောင်းမွန်ဆုံးသော မြင်ကွင်း ၊ အကြည်ဆုံးသော အသံစွမ်းရည်များနှင့်အတူ ကြည့်ရှု၍ ရနေ၏။ တခြားသော လောကဆီမှလူများနှင့် ကောင်းကင်မူလလောကမှ လူများသည် ကြမ်းတမ်းလှသည့် တိုက်ပွဲတခု ကို တိုက်ခိုက်နေကြသည်။

“စီနီယာနန်းဆောင်သခင်” မုန့်ရှင်းကျီသည် သတိအပြည့်ဖြင့် လှမ်းကာ ခေါ်လိုက်၏။

“ဟမ်”

လီယွင်သည် ထိုနှစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် ဘေးတဖက်တွင် ရှိနေသည့် ထိုင်ခုံကို လက်ညှိုးထိုးကာ ပြောလိုက်ကြသည်။ “ထိုင်ကြပါအုံး”

ပြီးသည့်နောက် သူသည် လက်ကိုအသာယမ်းခါပြီးသည့်နောက် မြင်ကွင်းကိုအသာလှည့်ကြည့်ပြန်၏။ “အင်း.. စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကျမှပဲ စီးပွားရေးက ရောက်လာတာကိုး။ ဘာပဲပြောပြော ငါ ဒါကို ဘယ်အချိန် ကြည့်ကြည့် ရပါတယ်လေ”

“ကျေးဇူးပါပဲ စီနီယာခန်းဆောင်သခင်”

အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် တယောက်နှင့် တယောက်ကြည့်ရှုပြီးသည့်နောက် ထိုင်ခုံတွင် အသီးသီး ဝင်ရောက်ကာ ထိုင်လိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများနှင့် ပြည့်နှက်လျက်ရှိနေသည်။

“ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ပိုင်တုရန်တောင်ကြားကို ရွှေ့ပြောင်းလာတယ်လို့ ကျုပ်ကြားတယ်။ ဟုတ်လား” လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် အမှတ်မထင် မေးမြန်းလိုက်၏။

ပိုင်တုရန်တောင်ကြားဆိုသည်မှာ တော်ဝင်သဲကန္တာရမြို့နှင့် မိုင်လေးငါးသန်းအကွာအဝေးလောက်သာ တည်ရှိ၏။ လူငယ်မျိုးဆက်များအတွက် တကယ့်ကို ဝေးကွာလှသည့် တည်နေရာဖြစ်သည် ဆိုသော်လည်း အသက်အရွယ်ကြီးရင့်လှသည့် စွမ်းအားမြင့် ကျင့်ကြံသူများအတွက်တော့ ခြေတလှမ်းလှမ်းလိုက်ရုံနှင့် ရောက်ရှိနိုင်သည့် နေရာမျိုးဖြစ်၏။ တော်ဝင်သဲကန္တာရမြို့ကို လာရောက်လည်ပတ်ဖို့ဆိုသည်မှာ အိမ်နီးချင်း များကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။

“အရာအားလုံးက စီနီယာဖြစ်စေချင်သည့်အတိုင်းပါပဲ။ စီနီယာသာ သဘောမကျရင် ......”

မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားစွာဖြင့် တွေးတောလိုက် မိ၏။ ငါ အဆင်အခြင်မဲ့ လျှောက်လုပ်ပြီး စီနီယာနန်းဆောင်သခင်ကို ပြဿနာရှာမိပြီလား။ စီနီယာက ပြန်ရွှေ့ဖို့ပြောရင်တော့ သွားပြီပဲ။ ငါကတော့ လင်းရှောင်နဲ့ ပြဿနာတက်ထားတယ်။ ပြီးတော့ တခြားလောကက အင်ပါယာနဲ့ ပြဿနာ တက်လာသေးတယ်၊ အင်ပါယာနှစ်ယောက်နဲ့ ပြဿနာတက်ထားတယ်ဆိုတော့ ကျိန်းသေပေါက် အသက် တစ်ရာရှိတယ် ဆိုရင်တောင် လုံလောက်မှာမဟုတ်ဘူး။

“စိတ်ပူမနေပါနဲ့”

လီယွင်သည် အသာပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို မောင်းမထုတ်ပါဘူး”

မုန့်ရှင်းကျီ၏ ပြုမူဆောင်ရွက်ပုံသည် သူ့ကို တကယ်ပဲ တစ်စုံတစ်ခုအား သတိရသွားစေသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရွေ့ပြောင်း၍မရချေ။ ထိုသို့ဆိုလျှင် တော်ဝင်သဲကန္ဓာရမြို့ဆိုလျှင်ရော .....။ သူ၏ လက်ရှိ အားအင်သည် အားမနည်းတော့ချေ။ တော်ဝင်သဲကန္ဓာရမြို့ တစ်ခုလုံးကို ရွေ့ပြောင်းပြီး လျှောက်သွားနေမည် ဆိုလျှင်ရော .....။

လီယွင်သည် သူ၏ လက်ရှိ ကောင်းကင်လျှို့ဝှက်အမှတ်များကို လှမ်းကြည့်လိုက်၏။ ၁.၉၆ သန်းရှိ၏။ သူသာ အင်ပါယာတယောက်ဖြစ်ချင်သည်ဆိုလျှင် အချိန်မရွေး ဖြစ်လာအောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။ အင်ပါယာ ဖြစ်ပြီးသည့်နောက် သူသည် တော်ဝင်သဲကန္တာရမြို့ တခုလုံးကို လွှမ်းခြုံကာဖြင့် တခြားလောကဆီသို့ ခရီးသွားလာနိုင်ပေလိမ့်မည်။

ဤအကြံအစည်ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လီယွင်သည် ချက်ချင်းပင် စမ်းသပ်ချင်စိတ် ပေါ်ပေါက်လာ၏။ သို့ပေမဲ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင်ရှိနေသည့် တခြားနှစ်ယောက်ကို လှမ်းကြည့်ပြီးသည့်နောက် သူသည် ထိုအတွေးများကို ခဏတာသိမ်းဆည်းထားရ၏။ ပြီးနောက် မေးမြန်းလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် ဒီတကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုလာတာ တခြားလောကနဲ့ ပတ်သက်နေတာလား”

“ဟုတ်ပါတယ်”

ထိုအချိန်မှာတော့ အောင်းရွှမ်က ဝင်ရောက်ပြောလိုက်၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် တော်ဝင်သူတော်စင်အဆင့်လက်နက်တခုကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့တွင် ပေးလိုက်၏။ “စီနီယာနန်းဆောင်သခင်အနေနဲ့ အခုအသစ်ရောက်လာတဲ့ လောကထဲမှာရှိတဲ့လူတွေရဲ့ အားအင်အဆင့်ကို ကျေးဇူးပြုပြီး ညွှန်ကြားပြသပေးပါလား။ အဲမှာ တော်ဝင်အင်ပါယာတယောက် ရှိနေတာလား”

အခု အသစ်ပေါ်ပေါက်လာတဲ့လောကကြီး၏ အကြောင်းနှင့်ပတ်သက်၍ သူတို့ ဘာတခုမှ မသိရှိသလောက်နီးပါးပင်။ တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာခြင်းမရှိသည့် အင်ပါယာ တယောက်ဖြစ်သည်ကိုတော့ သူတို့ ကောင်းကောင်းသိ၏။ တဖက်လူ ထုတ်ဖော်လိုက်သည့် အားအင်အဆင့် ကို သုံးသပ်ရမည်ဆိုလျှင် လူသားမျိုးနွယ် တဝက်လောက်ကိုပင် အသက်ရှူ၍မရအောင် ပြုမူနိုင်စွမ်း ရှိနေသည်။

မနှေးနှင့် မမြန်ဆိုသလို မွန်းစတားကလန် တခုလုံးသည်လည်း လက်ရှိ အခြေအနေ၏ သက်ရောက်မှုကို ခံရမှာသေချာ၏။ ထို့ကြောင့် အခြားသော လောကအကြောင်းနှင့် ပတ်သက်၍ တချို့သော အခြေခံ သတင်းအချက်အလက်များကို သိရှိရန် မဖြစ်မနေ လိုအပ်လာ၏။

“ကောင်းပြီ”

လီယွင်သည် တော်ဝင်သူတော်စင်အဆင့်လက်နက်ကို အသာသိမ်းဆည်းပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အဲဒီလောကကြီးကို ခရမ်းရောင်နက်နဲလောကလို့ ခေါ်တယ်၊ သူတို့ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့မရဘူး။ ဒီလောကကြီးထက်သာတာတော့ သေချာတယ်။ နည်းနည်းလေးပေါ့”

အောင်းရွှမ်က ခေါင်းညိတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် ပိုမိုကာ စိတ်ဝင်စားလာ၏။ “စီနီယာ အသေးစိတ် ကရော .... ဘယ်သူက ချုပ်ကိုင်ထားတာလဲ”

လီယွင်၏ အကြည့်သည် အောင်းရွှမ်အပေါ်သို့ ရောက်ရှိလာခဲ့၏။ မျက်လုံးထဲတွင်တော့ စိတ်မရှည်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ “တော်ဝင်သူတော်စင်အဆင့် လက်နက်လေး တခုနဲ့ ခင်ဗျားက စွမ်းအားမြင့်ကျင့်ကြံသူတယောက်ရဲ့ အသေးစိတ် အခြေအနေအကုန်လုံးကို သိချင်နေတာလား၊ အရမ်းကို အားကောင်းတဲ့လောကကြီးရဲ့ အကြောင်းနဲ့ပတ်သက်တဲ့ အခြေခံတွေက ဒီလောက်လွယ်လွယ် ရလိမ့်မယ်လို့ ခင်ဗျားထင်လို့လား”

လောကကြီးနှစ်ခုကြားတွင်ရှိနေသည့် စွမ်းအားဆိုသည်မှာ လျှို့ဝှက်ချက်ပင်ဖြစ်လေ၏။ တဖက်သော သူများ၏ ကျွမ်းကျင်မှုအကြောင်းများကိုသိရှိသည်ဆိုပါက သူတို့အနေနှင့် ကျိန်းသေပေါက် အစီအမံ ၊ မဟာဗျူဟာများကို ချမှတ်နိုင်၏။

“ဟမ်”

အောင်းရွှမ်၏ အမူအယာသည် အေးခဲသွားခဲ့၏။ သူသည် အနောက်သို့ အသာလှည့်ကာဖြင့် မုန့်ရှင်းကျီ ကို ကြည့်လိုက်သည်။

“ဟမ့်” အောင်းရွှမ်က နှာခေါင်းရှုံ့လိုက်၏။

ဤနေရာတွင်ထိုင်ပြီး သတင်းအချက်အလက်များကို ဇိမ်ကျကျဖြင့် နားထောင်ရန် စီစဉ်နေသေးလား။ ဂုဏ်သိက္ခာဘယ်ရောက်သွားသနည်း။

သို့သော်ငြား အစစ်အမှန်နဂါးကလန်သည် များပြားလှသည့်အရာများ လစ်ဟင်းရင် လစ်ဟင်းမည်။ ချမ်းသာကြွယ်ဝမှုတွင်တော့ လစ်ဟင်းခြင်း မရှိချေ။

များပြားလှသည့်တည်နေရာများနှင့် ရေတွက်၍မရအောင် များပြားလှသည့် နှစ်များအတွင်းတွင် တခြားသော မျိုးနွယ်စုများသည် ကျရှုံးခြင်း၊ မြင့်တက်ခြင်းများနှင့် ကြုံဆုံခဲ့သည်ဆိုရင်တောင်မှ အစစ်အမှန် နဂါးကလန်သည် ထာဝရတည်ရှိခဲ့သည့်အရာ ဖြစ်၏။ ထို့ကြောင့် ချမ်းသာမှု ၊ အမွေအနှစ်နှင့် ပတ်သက်လျှင် ဤလောကကြီး၌ သူတို့ကို ယှဉ်ပြိုင်နိုင်သည့်ဟူ၍ အခြားအရာမရှိချေ။

ရွှီး

ရောင်စဉ်အလင်းတန်းများ ပေါ်ပေါက်လာခဲ့၏။ စားပွဲပေါ်သို့ ရှေးဟောင်းစာအုပ်ကြီးတခု ရောက်ရှိသွား၏။ ထိုစာအုပ်ပေါ်တွင် ရေးသားထားသည်မှာ နက်နဲယင် အင်ပါရီယာကျမ်းစာ ဟူ၍ပင် ဖြစ်လေသည်။

All Chapters