← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

“ဟင်း”

လီယွင်သည် သက်ပြင်းချပြီးသည့်နောက် ခေါင်းကိုခါယမ်းလိုက်မိ၏။ သူသည် လက်ကို ယမ်းခါပြီး ခရမ်းရောင် နက်နဲလောကကြီး၏ လောကမြေပုံကို ထုတ်ယူလိုက်၏။ ဤအရာသည် စနစ်ဆီမှ ရရှိသည့် အလကား လက်ဆောင်သာလျှင်ဖြစ်၏။

အဓိကဂိုဏ်းအသီးသီး၏ တည်နေရာများကို အမှတ်အသား ပြုလုပ်ထား၏။ သူ့အတွက် အသုံးမဝင်ဘူး ဆိုလျှင်တောင်မှ အခြားသော သူများအတွက် တကယ်အသုံးဝင်သည့် အရာဖြစ်၏။ သို့ပေမဲ့ မည်သူမျှ မမေးမြန်းဘူး ဆိုသောကြောင့် သူသည် ထိုအရာကို ထုတ်ပေး၍ မဖြစ်နိုင်ချေ။

ခဏလောက်ရှာဖွေပြီးသည့်နောက်မှာတော့ နဂါးပြာကလန်၏ဘိုးဘေးတည်နေရာကို မြင်လိုက်ရသည်။ သူသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်၏။ သင့်တော်သည့် ဈေးနှုန်းနှင့် အင်ပါယာ တစ်ယောက်ဖြစ်လာရန် အခွင့်အရေးသည် ဤအရာသာလျှင် ရှိ၏။ သို့ပေမဲ့ ကုန်ကျစရိတ်သည် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်း နီးပါးခန့်တော့ ရှိနေသေး၏။

“တည်နေရာလမ်းကြောင်း” လီယွင်က တီးတိုးရေရွတ်လိုက်သည်။

တခြားသော တော်ဝင်အင်ပါယာများအနေနှင့် နယ်မြေနှစ်ခုကြားတွင် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ရန် ဆိုသည်မှာ နှစ်ပေါင်းများစွာကြာမြင့်တတ်၏။ သူ့အနေနှင့် ထိုကဲ့သို့သော အရာများကို ပြုလုပ်ရန်အတွက် မည်မျှကြာမည်နည်းဆိုသည်ကို မသေချာလှချေ။ သို့ပေမဲ့ သူ၏အားအင်အဆင့်သည် တော်ဝင် အင်ပါယာထိပ်ဆုံးအဆင့် ရှိနေသည်ဖြစ်ကြောင်းကို နားလည်ပြီးသည့်နောက် သိပ်ပြီးကြာမြင့်လိမ့်မည် မဟုတ်ချေ။

“စနစ်... ငါ့အနေနဲ့ တည်နေရာလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ဖို့ဆိုရင် ဘယ်လောက်လောက်ကြာနိုင်လဲ” လီယွင်သည် စိတ်ထဲမှ မေးမြန်းလိုက်၏။

[ဒင်… ၅၇ နှစ်နဲ့ ၃ လ]

လီယွင် “.....”

ဤမျှ ကြာမြင့်နေသည်လား။ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့် အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဆိုလျှင် တောင်မှ ဤမျှအချိန်ကြာမြင့်လို့ နေခဲ့၏။ အင်ပါယာမိုယွမ်တစ်ယောက် ဤတည်နေရာ လမ်းကြောင်းကို ဖွင့်လှစ်ရန်အတွက် မည်မျှအားစိုက်ထုတ်ခဲ့ရသနည်း ဆိုသည်ကို ကောင်းကင်သာလျှင် သိရှိပေလိမ့်မည်။

နှစ်ပေါင်းငါးဆယ်ကြာမြင့်ပြီးသည်နောက် နယ်မြေနှစ်ခုကြားတွင် ရှိနေသည့် အခြေအနေသည် ဘာဖြစ်သွား မည်နည်း။ သူသည် ကောင်းကောင်းသည်းခံကာ စောင့်စားနိုင်သည်ဆိုလျှင်တောင်မှ အောင်းရွှမ်နှင့် မုန့်ရှင်းကျီ တို့သည် ကျိန်းသေပေါက် စောင့်နေနိုင်လိမ့်မည် မဟုတ်ချေ။

“ဘာပဲပြောပြော ကြည့်ရတာ ငါ့အနေနဲ့ စနစ်ကိုအားကိုးဖို့ပဲ လိုအပ်မယ်ထင်တယ်” လီယွင်သည် သက်ပြင်းချကာဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ လက်တစ်ချက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် လေထုထဲကို လှမ်းဆွဲလိုက်၏။ ဆူညံသည့်အသံများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးသည် အတင်းဆွဲဖွင့်ခံလိုက်ရသလို အသံများထွက်ပေါ်လာသည်။

ဘာမှန်းမသိသည့် လောကဆီသို့ ဦးတည်သွားစေနိုင်သည့် လမ်းတစ်ခု ပေါ်လာသည်။ အခြားသော တစ်ဖက်ခြမ်းတွင် အဆုံးမဲ့အောင် များပြားလှသည့် နန်းတော်များ၊ ဆန်းကြယ်လှသည့် အဆောက်အဦများ တည်ရှိလို့နေခဲ့၏။ ကြောက်မက် ဖွယ်ရာကောင်းသည့် အော်ရာများသည် ထိုအထဲတွင် လိမ်ယှက်လျက် ရှိနေလေ၏။ ရံဖန်ရံခါဆိုသလို နဂါးကဲ့သို့သော သတ္တဝါများသည် ကောင်းကင်ယံတွင် ပျံသန်းကာ သွားလာလျက် ရှိနေ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်လျက်ရှိနေသည့် ကျန်းချီများသည် ကောင်းကင်သို့ပင် ရောက်ရှိနေ၏။

“ကောင်းပြီ”

တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပြီးသည့်နောက် လီယွင်သည် လက်ခုပ်တီးကာဖြင့် ထိုစကားနှစ်ခုကို ပြောဆိုလိုက်သည်။ “ဝင်လို့ရပြီ”

“အဲလောက်မြန်တာလား”

အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိ ကြ၏။ သူတို့အထင်အရဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တကယ်ကို အားကောင်းလွန်း လှ၏။ တည်နေရာလမ်းကြောင်း တစ်ခုကို ဖော်ထုတ်ရန်ဆိုသည်မှာ အချိန်ခဏသာ ကြာပေလိမ့်မည်။ သို့ပေမဲ့ ဤမျှ အားအင်စိုက်ထုတ်မှုကင်းစွာဖြင့် မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်လိမ့်မည်ဟုတော့ သူတို့ မထင်မှတ်ခဲ့ချေ။

လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်းမရှိဘဲနှင့်တောင်မှ တည်နေရာ လမ်းကြောင်းကြီးတစ်ခု ပွင့်လှစ်လာခဲ့တော့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။ အခြားသော တော်ဝင်အင်ပါယာများသည် ထိုအကြောင်းအရာကို သိရှိသည်ဆိုပါက ရှက်ရွံ့မှုကိုပင် ခံစားရမှာ သေချာ၏။

တည်နေရာ လမ်းကြောင်းဖွင့်လှစ်ခြင်းဆိုသည်မှာ လွယ်ကူလှသည့်အရာ ဖြစ်သည်ဆိုလျှင်တောင်မှ တော်ဝင် အင်ပါယာများအနေနှင့် တစ်ခြားသောဖက်ခြမ်းသည် အားနည်းသည့် လောကကြီး ဖြစ်သလား ဆိုသည်ကို လှမ်းမျှော်ကာ ကြည့်ရှုနိုင်ရန် လိုအပ်နေသေးသည်။

“စီနီယာရဲ့အားအင်အဆင့်က တော်ဝင်အင်ပါယာတစ်ယောက်ထက်တောင် ပိုပြီးသာနေတာပဲ နေမယ်” အောင်းရွှမ် နှင့် မုန့်ရှင်းကျီတို့သည် အကြည့်ချင်းဖလှယ်လိုက်မိသည်။ နှစ်ယောက်လုံးသည် တူညီသည့် အတွေးကို တွေးခေါ်လျက် ရှိနေမိ၏။

“စီနီယာ.. ဒီနေရာမှာ တော်ဝင်အင်ပါယာတစ်ယောက်ဖြစ်လာနိုင်တဲ့ အခွင့်အရေး တည်ရှိတဲ့နေရာလား” အောင်းရွှမ်သည် အရှေ့ဆီသို့ ခြေလှမ်းအနည်းငယ် တက်ကာဖြင့် ပတ်ဝန်းကျင်တည်နေရာကြီးကို သေသေချာချာ လေ့လာကြည့်ရှုလိုက်၏။ သူ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် အ‌ခြေအနေတစ်ခု ဖြစ်တည်နေသည့်ပုံပင်။ အပြင်ဘက်တွင်လည်း အစီအရင်ကြီးတစ်ခုတည်ရှိနေ၏။ သူသာ မမှားဘူးဆိုလျှင် ထိုအရာကြီးသည် အင်ပါယာအဆင့် အစီအရင်တစ်ခုသာလျှင်ဖြစ်ပေလိမ့်မည်။ သူသာ မမှားဘူးဆိုလျှင် ဤဂိုဏ်း၊ အင်အားစုသည် ယခင်တုန်းက တော်ဝင်အင်ပါယာ တစ်ယောက်ကို မွေးထုတ် ပေးနိုင်ခဲ့ပုံပင်။

“ဟုတ်တယ်” လီယွင်သည် အမှတ်မထင် ခေါင်းညိတ်လိုက်မိ၏။

“ဒီအစီအရင်ကို ဘယ်လို ချိုးဖြတ်ရ မလဲဆိုတာကို ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါအုံး စီနီယာ” အောင်းရွှမ်သည် ရှေ့ကို နှစ်လှမ်းတိုးပြီးသည့်နောက်မှာ သိုလှောင်လက်စွပ်တစ်ကွင်းကို လှမ်းကာကမ်းပေး လိုက်၏။ သူတို့ လောကထဲတွင်ရှိနေသည့် တခြားသော ဂိုဏ်းကဏ္ဍ တစ်ခုခု၏ အစီအရင်ချိုးဖြတ်ခြင်း နည်းလမ်းကို ဝယ်ယူမှုဆိုသည်မှာ တားမြစ်ထားသောအရာမျိုးဖြစ်၏။ သို့ပေမဲ့ အခြားသောလောကတွင် ရှိနေသည့် အစီအရင်များကို ဝယ်ယူဖို့အတွက်တော့ သူသည် နှောင့်နှေးနေလိမ့်မည်မဟုတ်ချေ။

“ဒါနဲ့”

အောင်းရွှမ်သည် ခဏလောက်တွေးတောပြီးသည့်နောက် တော်ဝင်သူတော်စင်အဆင့် ဆေးပင် သုံးပုလင်းကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့တွင် လေးလေးစားစားနှင့် ထားပေးလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒီအင်အားစုမှာ ကွာစီအင်ပါယာတစ်ယောက် ရှိနေလားဆိုတာ ကျေးဇူးပြုပြီး တွက်ချက်ပေးပါအုံး”

ယခင်တုန်းက တော်ဝင်အင်ပါယာတစ်ယောက် ထုတ်လုပ်ပေးနိုင်သည့် ကလန်တစ်ခုသည် ယခု နိမ့်ပါး နေသည် ဆိုလျှင်တောင်မှ အထင်အမြင်သေး၍ ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ သူ့အနေနှင့် အထဲသို့ ဝင်ရောက်သွားခဲ့ပြီးသည့်နောက် အဆင့်တူတွင်ရှိနေသည့် ကွာစီအင်ပါယာနှင့် ထိပ်တိုက်တွေ့ဆုံနေနိုင်၏။ တစ်ဖက်လူသည် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည်ဆိုပါက သူ၏ဘဝသည် အဆုံးသတ်သွားပေလိမ့်မည်။ ထောင်ချောက်ထဲသို့ လှမ်းဝင်သည့်အခြေအနေနှင့် ခြားနားမည်မဟုတ်ချေ။

“စိတ်မပူနဲ့” လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်၏။ ပြီးနောက် မြန်မြန်ဆန်ဆန် တစ်ချက် လှမ်းကြည့်လိုက်၏။ အထဲတွင် ကျိုးပြတ်လျက်ရှိနေသည့် အင်ပါရီယာလက်နက် တစ်ခု ရှိနေ၏။ ထိုအရာသည် ပြင်းပြင်းထန်ထန် ထိခိုက်ထားသောကြောင့် ပြန်လည်ဖန်တီးရန်အတွက် အရည်ဖျော်ပစ်ရမည့်အရာမျိုးပင် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ ပစ္စည်းများသည် သာမာန်ထက်ပိုလွန်းလှ၏။ နတ်ဘုရားရွှေနှင့် ဖန်တီးပြုလုပ်ထားသည်ဖြစ်သောကြောင့် ကောင်းကင်လျှို့ဝှက်အမှတ် တချို့တလေတော့ ထိုက်တန်၏။

ကျိုးပြတ်လျက် ရှိနေသည့် အင်ပါရီယာလက်နက်၏ ဘေးတစ်ဖက်တွင်တော့ အင်ပါရီယာကျမ်းစာ သုံးခု တည်ရှိနေ၏။ နဂါးကလန်အနေနှင့် ထိုအရာများကို မည်ကဲ့သို့ စုဆောင်းထားသည်ဖြစ်ကြောင်း လီယွင် မတွေးဘဲ မနေနိုင်တော့ချေ။ ဤသုံးခုသည် နက်နဲယင် အင်ပါရီယာကျမ်းစာနှင့် အတော်ပင် ခြားနားလို့နေသည်။

တော်တော်များများ သည် အစိတ်အပိုင်းများ လိုအပ်ချက်ရှိနေပြီး တစ်ချို့သည် အလယ်ပိုင်းအဆင့်တွင် လိုအပ်လျက် ရှိနေပြီး အခြားသော အရာများသည် စာအုပ်နှင့် အစွန်းပိုင်းတွင်လိုအပ်လျက်ရှိနေ၏။ သို့ပေမဲ့ ဤမပြည့်စုံသည့် အင်ပါရီယာကျမ်းစာနှင့် ကျိုးပြတ်လျက်ရှိနေသည့် အင်ပါရီယာလက်နက်တစ်ခုကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ပြည့်စုံသည့်အင်ပါရီယာလက်နက်တစ်ခု၏ တန်ဖိုးနှင့်ကိုက်ညီသွားပေလိမ့်မည်။

လီယွင်သည် သိုလှောင် လက်စွပ်ကို အသာသိမ်းဆည်းပြီးသည့်နောက် အောင်းရွှမ်ကို အဓိပ္ပါယ်ပါပါ ကြည့်ရှုလိုက်၏။ တော်ဝင်အင်ပါယာဖြစ်လာရန်အတွက် အခွင့်အရေးတစ်ခုကို ဝယ်ယူသည့်နေရာတွင် ဤပျက်ဆီးလျက် ရှိနေသည့် ပစ္စည်းတစ်ခုနှင့် လဲလှယ်နိုင်ဖို့ဆိုသည်မှာ လွယ်ကူလှသည့် အရာမျိုးမဟုတ်ချေ။ ထို့ကြောင့် သူသည် စနစ်ကို ဖွင့်ကာဖြင့်‌မေးမြန်းလိုက်၏။

“စနစ်... နဂါးပြာကလန်မှာ ကွာစီအင်ပါယာရှိလားဆိုတာ အရင်ဆုံးစစ်ဆေးလိုက်”

[ဒင်… စစ်ဆေးမှုအောင်မြင်သည်။ နဂါးပြာကလန်၏ ကွာစီအင်ပါယာဘိုးဘေးသည် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားပြီး ကောင်းကင်မူလလောကကိုရောက်ရှိကာဖြင့် ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာနှင့် တိုက်ခိုက်လျက်ရှိနေ၏]

ဟမ်

လီယွင်၏မျက်လုံးများသည် လင်းလက်သွားခဲ့၏။ မည်သည့် ကောင်းကင်လျှို့ဝှက်အမှတ်မှ ထုတ်နှုတ်ခံရခြင်း မရှိချေ။ ဤလောကကြီးတွင် ရှိနေသည့် သတင်းအချက်အလက် ဖြစ်နေသောကြောင့်လည်း ဖြစ်ပုံပေါ်သည်။

All Chapters