← Chapters

အခန်း (၂၆၅)

Vol. 18 Ch. 265

အခန်း (၂၆၅)

Vol. 18 Ch. 265

“နဂါးပြာကလန်မှာ တကယ်ပဲ ကွာစီအင်ပါယာတစ်ယောက် ရှိတယ်။ ပြီးတော့ သူတို့ဆီမှာ အင်ပါရီယာ လက်နက်တောင် ရှိနေသေးတယ်လေ။ ဒါပေမဲ့ သူတို့ကလန်ရဲ့ ကွာစီအင်ပါယာက ခင်ဗျားတို့ ခုမြင်နေရတဲ့ ကွာစီအင်ပါယာပဲ။ ရွှေကျီးကန်းကလန်ရဲ့ ကွာစီအင်ပါယာနဲ့ တိုက်ခိုက်နေတယ်” လီယွင်က ပြောဆိုလိုက်သည်။

“ဟမ်”

အောင်းရွှမ်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ဤအရာသည် ကြီးမားသည့် အခွင့်အရေးပင် ဖြစ်လေ၏။ ကွာစီအင်ပါယာသည် လောကကြီးကို ဖြတ်သန်းကာဖြင့် ဤနေရာသို့ရောက်ရှိလျက်ရှိနေပြီး တိုက်ပွဲပင် ဝင်လျက်ရှိနေ၏။ ဤအခွင့်အရေးကို အရယူမည်ဆိုလျှင် နဂါးပြာကလန်မှ ဘိုးဘေးကြီး အနေနှင့် မယုံကြည် နိုင်လောက်အောင် အားကောင်းလှသည် ဆိုလျှင်တောင်မှ ချက်ချင်းကြီး ပြန်လာနိုင်လိမ့်မည် မဟုတ်ချေ။

“စီနီယာ... နဂါးပြာကလန်ရဲ့ အစီအရင် ချိုးဖြတ်ခြင်းနည်းလမ်းက ဘယ်မှာလဲ” အောင်းရွှမ်သည် အားတက်သရော ဖြင့် မေးမြန်းလိုက်၏။

“ဟမ်”

လီယွင်သည် ခဏလောက်ရပ်တန့်ကာဖြင့် ပြောလိုက်သည်။ "ဒါက မပြည့်စုံတဲ့ အင်ပါရီယာကျမ်းစာ တွေနဲ့ လုံလောက်တဲ့အရာ မဟုတ်ဘူးလေ”

ပြောပြီးသည့်နောက် သူသည် အောင်းရွှမ်၏ လက်ထဲတွင်ရှိနေသည့် သိုလှောင်လက်စွပ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ တခြားသောသူများ သိချင်မှသိပေလိမ့်မည်။ သို့ပေမဲ့ သူကတော့ လက်စွပ်ထဲတွင်ရှိနေသည့် အရာများကို သိရှိပြီးဖြစ်၏။ ထိုထဲတွင် ကွာစီအင်ပါယာအဆင့်ကျမ်းစာတစ်ခုနှင့် ကွာစီအင်ပါယာ လက်နက်တစ်ခု တည်ရှိလို့နေခဲ့၏။

အောင်းရွှမ်၏ မျက်နှာတစ်ခုလုံးသည် မဲနက်သွား၏။ ဤတစ်ကြိမ် သူမထွက်လာခင်က သူ့၏ချမ်းသာမှု တော်တော်များများကို ယူဆောင်လာခဲ့၏။ အင်ပါရီယာကျမ်းစာကိုပင် ထုတ်ယူခဲ့ပြီးပြီဖြစ်သည်။ မပြည့်စုံသည့် ပစ္စည်းများလည်း ပါဝင်လျက် ရှိနေသေး၏။ သူ့အထင်အရဆိုလျှင် ဤအရာသည် ရက်ရောလွန်းသည့် ပေးအပ်မှုဖြစ်ပြီး တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် အခွင့်အရေးကို ဝယ်ယူရန်အတွက် လုံလောက်သည့်အရာ ဖြစ်လို့နေခဲ့၏။ တခြားသောနယ်မြေတွင် ရှိနေသည့် သတင်း အချက်အလက်များကို စုစည်းရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် ဤမျှလောဘကြီးနေရသနည်း။

တခြားတစ်ဖက်တွင်ရှိနေသည့် မုန့်ရှင်းကျီမှာတော့ သရော်သလိုကဲ့သို့ အပြုံးမျိုးနှင့် ပြုံးလျက်ရှိနေလေ၏။ အောင်းရွှမ်အနေနှင့် ဤတစ်ကြိမ် တော်ဝင်အင်ပါယာ ဖြစ်လာရန် အခွင့်အရေးကို ဝယ်ယူခဲ့သည် ဆိုလျှင်တောင်မှ သူသည် အကြမ်းဖျင်း နားလည်ခဲ့ပြီးသားဖြစ်၏။ အနည်းဆုံး ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခု ပါဝင်ရန်လိုအပ်နေသည်။

သူ့၌ ကွာစီအင်ပါယာလက်နက် ရှိပြီးဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်တွင်ထုတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။ တည်နေရာ ဖြတ်သန်းပြီး ဂိုဏ်းတစ်ချို့ကို သုတ်သင်ရှင်းလင်းကာဖြင့် အကျိုးအမြတ်များကို ရရှိအောင် ပြုလုပ်ချင်သည်ဆိုလျှင် ဤအလဲအထပ်သည် လုံလောက်မည်ဖြစ်၏။ ရောင်စဉ်အလင်းနတ် နယ်မြေဆီမှ အင်ပါရီယာလက်နက်ကိုလည်း သိမ်းဆည်းထားသလို ဖြစ်ပေလိမ့်မည်။

“အင်း... တစ်ကယ့်ကို လိုနေသေးတာကိုး”

အောင်းရွှမ်၏ မျက်နှာပေါ်တွင် ပထမဦးဆုံးအကြိမ်ဖြင့် နာကျင်သည့် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်စိရှေ့တွင် ရှိနေသည့် အင်ပါယာ ဖြစ်လာရန် အခွင့်အရေးကို လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် သူသည် ထိုအခွင့်အရေးကို မလွဲချော်စေချင်တော့ပေ။ တည်နေရာ လမ်းကြောင်းကို လှမ်းကြည့်ပြီးနောက် သူ့အား အင်ပါယာဖြစ်နိုင်ရန် အခွင့်အရေးသည် လက်ယပ်ကာ ခေါ်နေသကဲ့သို့ပင် ခံစားနေမိ၏။

ဆွစ်

အလင်းတန်းနှစ်ခုက တောက်ပလာခဲ့၏။ အဆုံးသတ်မှာတော့ သူ့၌နောက်ဆုံးကျန်နေသည့် ကွာစီအင်ပါယာ ပစ္စည်းနှစ်ခုကို သူထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

“စီနီယာ လုံလောက်ပြီလား” အောင်းရွှမ်က ပြောလိုက်၏။

“လုံလောက်လုနီးပါးပေါ့”

လီယွင်ကခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် စိတ်ထဲ၌ တွေးတောလျက် ရှိနေသည်။ “စနစ်... နဂါးပြာကလန် ဘိုးဘေးနယ်မြေရဲ့ တော်ဝင်အင်ပါယာဖြစ်လာမဲ့ အခွင့်အရေးကို စစ်ဆေးလိုက်၊ အစီအရင် ချိုးဖြတ်မှုနည်းလမ်း အပါအဝင်ပေါ့”

[ဒင်… ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်သိန်းငါးသောင်းကို‌ လျော့ချလိုက်သည်။ စုံစမ်းစစ်ဆေးမှု အောင်မြင်သည်]

“ခုနှစ်သိန်းငါးသောင်းဟုတ်လား”

လီယွင်သည် မျက်ခုံးပင့်လိုက်မိ၏။ သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီးသည့်နောက် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ဈေးကြီးလှသည်ဆိုသော စိတ်ခံစားချက်များကို ရရှိနေမိ၏။

နဂါးပြာကလန်၏ ရှေးအင်ပါယာ မသေဆုံးခင်တွင် ၎င်းသည် တော်ဝင်အင်ပါယာအဆင့် စိတ်ဝိညာဉ် ဆေးပင်ထဲသို့ ၎င်း၏သွေးအဆီအနှစ်ကို ထည့်သွင်းခဲ့၏။ နောက်ပိုင်းတွင် ထိုအရာကို စည်းခတ်ထားခဲ့ပြီး ထိုအရာသည် နဂါးပြာကလန်၏ အခြေခံအဖြစ် ဖြစ်လာခဲ့သည်။

ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သွေးမျိုးဆက်တစ်ယောက်သည် ဤတော်ဝင်အင်ပါယာ အဆင့်ဆေးပင်ကို အသုံးပြုနိုင်သည်ဆိုပါက တော်ဝင်အင်ပါယာ ဖြစ်လာရန်အတွက် ခြေလှမ်းကို လှမ်းနိုင်ပေလိမ့်မည်။

ကံဆိုးစွာဖြင့် နဂါးပြာကလန်၏ နောက်ပိုင်း မျိုးဆက်များသည် မထူးချွန်လှချေ။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကွာစီအင်ပါယာတစ်ယောက်ကိုပင် မထုတ်ဖော်နိုင်ခဲ့တော့ချေ။ နောက်ဆုံး တစ်ယောက် ပေါ်ပေါက်လာသည့်အချိန်မှာတော့ ထိုအရာကို အသုံးပြုရန် အခွင့်အရေး မရှိသေးချေ။ လုံလောက်သည့် အမွေဆက်ခံနိုင်မှု မရှိသောကြောင့်ပင်။

အင်ပါယာအဆင့်ဆေးပင်သည် အောင်းရွှမ်အပေါ်တွင် အကျိုးသက်ရောက်မှုတော့ ရှိပေလိမ့်မည်။ အဓိကအားဖြင့် ဝေးကွာလှသည် ဆိုလျှင်တောင်မှ နဂါးပြာကလန်သည် နဂါးမျိုးနွယ်နှင့် သက်ဆိုင်သည့် အရာဖြစ်နေ၏။

တခြားသောသူ (သို့မဟုတ်) တခြားသော မွန်းစတားကလန်တစ်ခုခုသာ ဆိုပါက နဂါးပြာကလန်၏ ဘိုးဘေးနယ်မြေထဲတွင်ရှိနေသည့် အခွင့်အရေးကိုရယူပြီး တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာရန်ဆို သည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။

“ဒါ ခင်ဗျားရဲ့အခွင့်အရေးပဲ”

လီယွင်သည် ကျောက်စိမ်းကို အောင်းရွှမ်၏ လက်ထဲသို့ ပေးလိုက်၏။

“ကျေးဇူးပါပဲ စီနီယာ”

အောင်းရွှမ်သည် ကျောက်စိမ်းပြားကို ကျေးဇူးတင်စွာဖြင့် လှမ်းကာယူလိုက်သည်။ ပြီးနောက် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ မျက်လုံးထဲတွင် သဘောကျသည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။ သူက တီးတိုးပြောဆိုလိုက်သည်။ “တာအိုရောင်းရင်းမုန့်... ကြည့်ရတာ ..... ကျုပ်ရှေ့က သွားရတော့မဲ့ပုံပဲ”

ပြောပြီးသည့်နောက် သူသည် လီယွင်ကို ထပ်မံကာ ဦးညွတ်လိုက်၏။ အသာလှည့်ကာဖြင့် တည်နေရာ အက်ကွဲကြောင်းထဲသို့ လှမ်းဝင်သွားခဲ့၏။

“ကျုပ်”

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် မဲနက်သွားသည်။ လက်ရှိလောကထဲ၌ သူနှင့် သက်တမ်းတူညီသော သူ အားလုံးနီးပါးတို့သည် သေဆုံးကုန်ကြပြီ ဖြစ်သည်။ အောင်းရွှမ်နှင့် သူ မသိသော မွန်းစတားအိုကြီး အနည်းငယ်သာလျှင် ကျန်ရှိ၏။ အောင်းရွှမ်သာ တော်ဝင်အင်ပါယာ ဖြစ်သွားသည်ဆိုပါက သူသည် ကွာစီအင်ပါယာအနေဖြင့် ကျန်ခဲ့ပေလိမ့်မည်။ အနာဂတ်တွင် သူတို့တွေ့ဆုံသည် ဆိုပါက နှိမ့်ချခံရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမှာ သေချာသည်။

မုန့်ရှင်းကျီသည် မေးမြန်းလိုက်၏ “စီနီယာ... ခရမ်းရောင်နက်နဲလောကမှာ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မဲ့ အခွင့်အရေးရှိပါသေးလား”

“ကျိန်းသေပေါက် ရှိတာပေါ့”

လီယွင်သည် တစ်ချက်ကလေးမှပင် မစစ်ဆေးဘဲ ပြန်လည်ကာပြောဆိုလိုက်၏။ မုန့်ရှင်းကျီ၏ အခွင့်အရေးသည် ကျိန်းသေပေါက် ထိုနေရာတွင် ရှိနေမည်ကို သိရှိပြီး ဖြစ်သော်လည်း မုန့်ရှင်းကျီသည် တတ်နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းအနည်းငယ်သာလျှင် ပိုင်ဆိုင်သည် ဖြစ်သောကြောင့် တော်ဝင်အင်ပါယာတစ်ယောက်ဖြစ်လာရန် အခွင့်အရေးကို လှမ်းမျှော်ကြည့်ရှုရန် မတတ်နိုင်ချေ။

“တကယ်လို့ ခင်ဗျားအနေနဲ့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အင်ပါယာလက်နက်ကို ထုတ်သုံးပြီး အင်ပါယာလက်နက်၊ ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခုကို ထပ်ပေးလိုက်မယ်ဆိုရင် ကျုပ် ခင်ဗျားကို လမ်းညွှန်ပေးနိုင်တယ်” လီယွင် သည် ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်၏။

“ဟမ်” မုန့်ရှင်းကျီသည် ခဏလောက် တွန့်ဆုတ်သွားမိ၏။ သူ၏အတွေးများကို ဖိနှိပ်လိုက်မိ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ သူသည် အရာအားလုံးကို ထုတ်ယူလိုက်၏။ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းတစ်ခု၊ သူတော်စင်ဘုရင်အဆင့် ပစ္စည်းကိုးခု၊ နတ်အဆင့်မှ သူတော်စင်အဆင့်တွင် ရှိနေသည့် များပြားလှသည့် လက်နက်နှင့် ရတနာများဖြစ်၏၏သည်။

“စီနီယာ.. ဒီအရာတွေနဲ့ဆိုရင် ခရမ်းရောင်နက်နဲလောကရဲ့ ဂိုဏ်းတော်တော်များများရဲ့ အစီအရင်ချိုးဖြတ် ခြင်းနည်းလမ်းကို ကျုပ်ဝယ်လို့ရလား”

မုန့်ရှင်းကျီကမေးမြန်းလိုက်၏။ ပြောပြီးသည့်နောက် သူက ထပ်ပြောလိုက်သည်။ “ကျုပ်ဆိုလိုတာ သမိုင်းမှတ်တမ်း ထဲမှာ တော်ဝင်အင်ပါယာ တစ်ခါမှ ပျိုးထောင်ပေးခြင်း မရှိနိုင်တဲ့ ဂိုဏ်းတွေ၊ မိသားစုတွေရဲ့ အစီအရင်ကို ဆိုလိုတာ”

“အင်း ဒါလေးနဲ့ ခင်ဗျား တစ်ခုကိုတောင် ဝယ်လို့မရဘူး”

လီယွင်သည် အသာလှမ်းကြည့်ကာ ပြောလိုက်၏။ “ဒါပေမဲ့”

သူကဆက်ပြောလိုက်သည်။ “ခင်ဗျားကို ကျုပ် လမ်းညွှန်ပေးနိုင်တယ်”

လီယွင်သည် လက်ကိုအသာယမ်းခါပြီးသည့်နောက် သူ၏လက်ဝါးထက်တွင် ရောင်စဉ်အလင်းတန်းတစ်ခု ပေါ်ပေါက်လာ၏။ ထိုအရာသည် ကျမ်းစာတစ်ခု ဖြစ်လာခဲ့၏။ သူသည် မုန့်ရှင်းကျီကို ကမ်းပေးကာ ပြောလိုက်၏။ “ဒါက ခရမ်းရောင်နက်နဲလောကကြီးရဲ့ မြေပုံတစ်ခုပဲ။ ဒီထဲမှာ ဂိုဏ်းတော်တော်များများကို အမှတ်အသား ပြုထားတယ်။ သူတို့ရဲ့အားအင်အဆင့်က အရင်က ကောင်းကင်နတ်ဆိုးနန်းတော်နဲ့ ဘာမှကွာခြားမှု သိပ်မရှိဘူး။ သူတို့ဆီမှာ နက်နဲတဲ့ အမွေအနှစ်တွေ တည်ရှိတယ်။ နှစ်သန်းပေါင်း များစွာ စုဆောင်းထားခဲ့တာပေါ့။ ကျုပ် ဒီလိုပြောတယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာကို ခင်ဗျား ကောင်းကောင်း သိသင့်တယ်။ နားလည်လား”

“ကျုပ်နားလည်ပါပြီ”

မုန့်ရှင်းကျီသည် လီယွင်၏ စကားကို နားထောင်လိုက်၏။ ပိုမိုကာ နားထောင်လေ သူ၏မျက်လုံးများသည် ပိုမိုကာ တောက်ပလာလေ ဖြစ်သည်။ အဆုံးသတ်မှာတော့ သူသည် အားတက်သရော ဖြစ်လာခဲ့၏။

စီနီယာသည် သူ့ကို အခွင့်အရေးတစ်ခုပေးအပ်ခဲ့၏၊။ ခရမ်းရောင်နက်နဲလောကကြီးသည် မည်မျှ ကြမ်းတမ်းသည်ဆို သည်ကို စီနီယာက သိရှိပြီး ဖြစ်ပေလိမ့်မည်။ သူ့ကို သွားခွင့်ပေးသည်ဆိုမှတော့ သူသည် ထိုအရာကို ကျိန်းသေပေါက်ပြုလုပ်နိုင်ပေလိမ့်မည်။

စနက်တံကို မီးရှို့ပေးလိုက်သည် ဖြစ်သောကြောင့် သူသည် ကျိန်းသေပေါက် အားတက်သရောနှင့် တောက်ပပြရပေလိမ့်မည်။ သူသည် တစ်ဖက်လူများ၏ နေရာထဲသို့ သွားရောက်ပြီးသည့်နောက် တစ်ဖက်လူ များကို ဖိအားပေးသည်သာမက တစ်ချို့သော အကျိုးအမြက်များကိုပါ ရရှိအောင် စွမ်းဆောင်ရပေလိမ့်မည်။

သူ သုတ်သင်ရှင်းလင်းပစ်နိုင်မည့် ဂိုဏ်းတစ်ခုကို ကြုံရာကျပမ်း စဉ်းစားတွေးတော ပြီးသည့်နောက် သူသည် ထိုဂိုဏ်းထဲတွင်ရှိနေသည့် အရင်းအမြစ်များကို ရှာဖွေပြီး တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်လာရန် အခွင့်အရေးကို ဝယ်ယူရပေလိမ့်မည်။

ဦးတည်ချက်မဲ့ လျှောက်ကာ သွားလာသည်ဆိုပါက တော်ဝင်အင်ပါယာတစ်ယောက်၏ တည်နေရာထဲသို့ ရောက်ရှိပြီး သေဆုံးခြင်းအဖြစ်သို့ရောက်ရှိသွားပေလိမ့်မည်။ ယခု ဤမြေပုံသည် သူ့အတွက် လမ်းညွှန် ပေးသည့် အလင်းတန်းတစ်ခုကဲ့သို့ပင်။ ထိုအရာကိုသာ ကောင်းကောင်း မွန်မွန်အသုံးပြုသည်ဆိုပါက ဂိုဏ်းတစ်ခု၊ နှစ်ခုတင်မက ဂိုဏ်းရှစ်ခု၊ ကိုးခုလောက်ကိုပါ ဖျက်ဆီးရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။

သူ၏လောကထဲတွင် သူသည် ထိုကဲ့သို့သော အရာများကို ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေနှင့် အခြားသောသူများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ သို့ပေမဲ့ တခြားသောလောကကြီးနှင့် သွားရောက်ရင်ဆိုင်သည့်နေရာမှာတော့ မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်လာခဲ့၏။ စိတ်ပိုင်းဆိုင်ရာအရ မည်သည့် ဖိအားမှ မခံစားရချေ။ ထို့ပြင် သူသည် လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။ လက်ရှိအခြေအနေတွင် လူသားမျိုးနွယ် များသည် ဖိနှိပ်ခြင်း ခံထားရ၏။ ထို့ကြောင့် လက်စားချေခြင်း ဆိုသည်မှာ တရားမျှတသည့်အရာပင် ဖြစ်လေသည်။

All Chapters