← Chapters

အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လား

Vol. 17 Ch. 226

အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လား

Vol. 17 Ch. 226

တခဏအတွင်းမှာပင် အားလုံးက အပေါ်ထပ်အင်္ကျီများ ချွတ်ပြီးသွားကြကာ အတွင်းခံ ရှပ်အင်္ကျီများနှင့် ဖြစ်ကုန်ကြသည်။

" ဂိုဏ်းချုပ်ကြီး ၊ အဲ့လောက်ဆို ရပြီလားဗျ "

ဂိုဏ်းသား တပည့်တစ်ယောက်က မျက်နှာငယ်လေးဖြင့် မေးလိုက်သည်။

ဂိုဏ်းချုပ်ကြီးက နောက်လှည့်၍ လောထျန်းအား ကြည့်လိုက်၏။

တစ်ချက်တည်း ကြည့်လိုက်မိရုံဖြင့်ပင် သူ့ရင်ထဲ၌ အပြစ်သားတစ်ယောက်ပမာ ခံစားလိုက်ရပြန်သည်။

" မဖြစ်သေးဘူးကွ ၊ ငါ့ပုံက စိတ်ရင်းအမှန်ပုံ မပေါက်နေသေးဘူး "

ထို့နောက် သူ့အကြည့်က အားလုံး၏ ခြေထောက်မှ ဖိနပ်များဆီသို့ ရောက်သွားကာ မျက်လုံးများ အရောင်လက်သွား၏။

" ဟုတ်ပြီ ၊ ကဲ .. အားလုံး မင်းတို့ရဲ့ တိမ်တိုက်ခုခံအား ဖိနပ်တွေ ချွတ်လိုက်ကြ "

လောယွီဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီးက ပြောလိုက်သည်။

" ဟင် .. ဖိနပ်တွေပါ ချွတ်ပေးရမှာလားဗျာ "

အားလုံးမှာ အလွန်ရှက်နေကြဟန် ပေါက်သွား၏။

ဂိုဏ်းချုပ်ကြီးက ပြန်ပြောသည်။

" ဒီ တိမ်တိုက်ခုခံအား ဖိနပ်တွေက အဆင့် ၅ မှော်လက်နက်နဲ့ ညီမျှတယ်ကွ။ အားလုံး .. အခုလို တောင်းဆိုတာက မသင့်လျော်မှန်း ငါလဲ သိပါတယ်ကွာ ၊ ဒါပေမယ့် ခုချိန်က ဒါတွေကို ထည့်တွေးရမယ့် အချိန် မဟုတ်ဘူးကွ "

သူ့စကားကြောင့် အားလုံး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ကြရသည်။

သူတို့ ၏  ဂိုဏ်းချုပ်ကြီး ပြောသည်မှာလည်း မှန်ပါသည်။ လက်ရှိတွင် လောယွီဂိုဏ်းက လွန်ခဲ့သော နှစ်တစ်ထောင်ကျော် အချိန်အတွင်း မကြုံခဲ့ဖူးသည့် အကြီးဆုံးသော အခက်အခဲနှင့် ကြုံနေရသည် မဟုတ်ပါလား ။

သို့ဖြစ်ရာ .. သူတို့သာ သတိလက်လွတ် ပြုမူမိပါက  ..

သူတို့၏ ဂိုဏ်းတစ်ခုလုံး ပြောင်သွားအာင် ရှင်းပစ်ခံရနိုင်ပေသည်။

သို့ဖြစ်ရာ .. ဖိနပ် ချွတ်လိုက်ရသည်က ဘာအရေးပါနည်း ။

အားလုံးက ချက်ချင်းဆိုသလိုပင် ဖိနပ်များ ချွတ်လိုက်ကြသည်။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ သူ့ရှေ့တွင် စုပုံထားသည့် ပစ္စည်းများကို ကြည့်ရင်း တစ်စုံတစ်ခု လိုအပ်နေသေးသလို ခံသားနေရ၏။

သူ လူအုပ်အား ထပ်ကြည့်လိုက်သည်။

ထိုအချိိန်တွင် မီးခိုးရောင် အင်္ကျီနဲ့ အကြီးအကဲ .. မဟုတ်သေး၊ အင်္ကျီမရှိတော့သည့် အကြီးအကဲက တီးတိုး ပြောလာ၏။

" ဂိုဏ်းချုပ်ကြီး ၊ အဝတ်အစားတွေ ထပ်ချွတ်လို့ မရတော့ဘူးဗျ ။တကယ်ကို ပေးစရာ ဘာမှ မကျန်တော့ဘူး "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ထိုအချိန်မှသာ ခေါင်းညိတ်လိုက်သည်။

" ​ဒါဆိုလဲ .. အဲ့လောက်ပဲ တော်ပါပြီ '

သူက ထိုသို့ ပြောပြပီးနောက် ပစ္စည်းများ အားလုံးကို လောထျန်းဆီသို့ သယ်သွားလိုက်သည်။

" သခင်လေး ၊ ကျုပ်တို့ ကြိုပြင်ဆင်လာတဲ့ လက်ဆောင်ပစ္စည်းတွေက လှေပျံ နှင့်အတူ ဖျက်ဆီးခံလိုက်ရပြီမို့ ဒါလေးတွေနဲ့ပဲ ကျုပ်တို့ရဲ့ စိတ်ရင်းကို ပြသပါရစေဗျာ။ ကျေးဇူးပြုပြီး မငြင်းပါနဲ့ "

သူက ပြောပြောဆိုဆိုပင် ဦးညွှတ်အရိုအသေ ပေးလိုက်သည်။

သူ့နောက်မှ လောယွီဂိုဏ်းသားများ အားလုံးကလည်း အလားတူပင် ဦးညွှတ် အရိုအသေ ပေးလိုက်ကြ၏။

လက်ရှိအချိန်မှာ ဂုဏ်သိက္ခာကို ထည့်တွက်ရမည့် အချိန်မဟုတ်မှန်း အားလုံး သိထားပြီး ဖြစ်ပါသည်။

အစွမ်းထက် ကျင့်ကြံသူများ များစွာရှ်သည့် ကျုံ့ကျိုးဒေသတွင် မဆိုထားဘိ ၊ဖုန့်လင်းဒေသတွင်ပင်  သူတို့ လောယွီဂိုဏ်းကို ဖျက်ဆီးနိုင်သည့် အစွမ်းထက် ကျင့်ကြံသူများ များစွာ ရှိသည် မဟုတ်ပါလား ။

သို့သော် ဤ ရက််စက်ကြမ်းကြုတ်သော ကမ္ဘာကြီးတွင် သူတို့၏ လောယွီဂိုဏ်းကို နှစ်ထောင်ပေါင်း များစွာကြာ တည်တံ့လာစေရသည့် အကြောင်းရင်းက ဘာပါနည်း ...

အစွမ်းထက်သူကို ဦးညွှတ်ခြင်း .... ၎င်းက သူတို့ဂိုဏ်း အချိန်ကြာရှည်စွာ တည်တံ့လာရသည့် အကြောင်းရင်းပင် ။

ထိုအချိန်တွင် လောယွီဂိုဏ်းမှ လူများအားလုံးမှာ တရားသူကြီး ဆီမှ ဆုံးဖြတ်ချက်ကို စောင့်နေသည့်အလား အလွန် ကြောက်လန့် တုန်လှုပ်နေကြ၏။

" ခင်ဗျားတို့ ..."

လောထျန်းက အားလုံးကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

ထိုစကားလေး တစ်ခွန်းဖြင့်ပင် .. အားလုံးမှာ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ကြရ၏။

လောထျန်း ဒေါသထွက်သွားမည်ကိုလည်း သူတို့ အလွန် ကြောက်ရွံ့နေကြသည်။

သို့သော် ...

" ခင်ဗျားတို့က ယဥ်ကျေးလွန်းနေပါပြီဗျာ "

လောထျန်းမှာ အပေါ်ဝတ်အင်္ကျီ မရှိတော့ဘဲ တုန်ယင်နေကြသည့် လောယွီ ဂိုဏ်းမှ တပည့်များကို ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။

ထိုစကားကို ကြားသည့် အချိန်တွင်မူ အားလုံး စိတ်သက်သာရာ ရသွားကာ သက်ပြင်းများ ကိုယ်စီ ချလိုက်ကြသည်။

သူတို့ လတ်တလော ရင်ဆိုင်နေရသည့် ဒုက္ခကြီးကို ကျော်ဖြတ်နိုင်ခဲ့ဟန်ပင် ။

လောထျန်းက သူတို့ပေးလာသည့် ပစ္စည်းများကို ယူကာ ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် တင်လိုက်သည်။ ထို့နောက် အားလုံးဘက် လှည့်ကာ ပြော၏။

" အားလုံး ကျုပ်နဲ့အတူ ပျောင်ပိုင်မြို့ကို လိုက်ခဲ့ကြပါ ။ ခင်ဗျားတို့က အဝေးကြီးကနေ လာခဲ့ရတာ ၊ ပြီးတော့ ကျုပ်ကို စိတ်ရင်းနဲ့လဲ လက်ဆောင်တွေ ယူလာကြတာဆိုတော့ ကျုပ်ဘက်ကလည်း မြို့ထဲ ပြန်ဖိတ်မှ တရားတော့မှာပေါ့ဗျာ "

လောယွီဂိုဏ်း ၏ ဂိုဏ်းခေါင်းဆောင်က ငြင်းမည့်ဟန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်တွင် ..

" ဟား ဟား .. တုကျဲ့အဆင့်က နတ်ဘုရား သားရဲတစ်ကောင်ပါလား ၊ ငါ တော်တော် ကံကောင်းတာပဲ ။ ပျောင်ပိုင်မြို့နားမှာ ဒီလို နတ်ဘုရားသားရဲမျိုးနဲ့ တွေ့ရမယ်လို့ ဘယ်ထင်ထားပါ့မလဲ "

ကျယ်လောင်သော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအသံနှင့် မရှေးမနှောင်းမှာပင် လူရိပ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

ဝုန်း ..

ထိုလူ၏ အရောင်အဝါလည်း ပေါက်ကွဲထွက်လာ၏။

" ဒါ .. အကန့်အသတ်မဲ့ ကျင့်ကြံခြင်းအဆင့်ပဲ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အလွန်အံ့သြတုန်လှုပ်သွားသည်။

လောယွီဂိုဏ်း ၏ ဂိုဏ်းချုပ်ကြီး တစ်ယောက်ဖြစ်သည့် သူသည် ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းသာ ရှိသေးသော်လည်း ဖုန့်လင်းဒေသတွင် အစွမ်းအထက်ဆုံး လူများထဲမှ တစ်ယောက်အပါအဝင် ဖြစ်နေလေပြီ ။

သို့သော် .. ယခု သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသူက အကန့်အသတ်မဲ့ ကျင့်ကြံခြင်း အဆင့် တဲ့လား ...

ကြည့်ရသည်မှာ သူ ယနေ့ အလွန်ကံဆိုးနေဟန်ပင် ။

ထိုစဥ် သူတို့နှင့် မိုင် ရာပေါင်းများစွာ ဝေးကွာသော နေရာတစ်ခု၌ ..ဟွမ်ဟိုင်သည် ဆောင့်ကြောင့်ထိုင်ကာ ထိုအဖြစ်အပျက်များ အားလုံးကို သူ့မှော်အစွမ်းဖြင့် သေချာ ကြည့်နေ၏။

" ဟီးဟီး..  အဆုံးအစမဲ့ အဆင့်က အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ကို လှည့်ကွက်နည်းနည်း သုံးပြီး ပျောင်ပိုင်မြို့ဆီ မျှားဦးလှည့်ပေးလိုက်တာ တော်တော်ကောင်းတာပဲ။ ဒီလူက လောထျန်းကို သတ်နိုင်လောက်တယ် "

ဟွမ်ဟိုင် ရယ်လိုက်သည်။

ထိုအချိန်မှာပင် အဆုံးအစမဲ့ အဆင့်ရှိသည့် အစွမ်းထက် ကျင့်ကြံသူက ဘုရင်ကျင်းဖန်၏ ကျောပေါ်မှ လောထျန်းကို တွေ့သွားကာ မျက်မှောင်ကြုံ့သွား၏။

" ဒီကောင်ကြီးက ပိုင်ရှင် ရှိနေပြီးသားလား ။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ ။ ​ကောင်လေး ၊ ငါ မင်းကို အခွင့်ရေး တစ်ခုပေးမယ် ။ အချိန် ဆယ်စက္ကန့်အတွင်း မှာ မင်းရဲ့ စီးတော်ယာဥ်ကို ငါ့ကို ပေးပြီးတော့ ငါ့ရှေ့ကနေ ထွက်သွားလိုက်။ ဒါဆို ငါ မင်းကို မသတ်ဘူး ။ ငါက ဒီ သားရဲကို ယဥ်လာအောင် လေ့ကျင့်ပေးပြီးတာနဲ့ ပျောင်ပိုင်မြို့ကို သွားပြီး ဗောဓိပင်ကို သွားယူရဦးမှာ "

ထိုလူက မောက်မာနေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လောယွီဂိုဏ်းမှ  ဂိုဏ်းသူ ဂိုဏ်ားသားများ အားလုံးမှာ တစ်ကိုယ်လုံး တုန်ယင်သွားကြ၏။

သူတို့အားလုံး မသိမသာ ဘေးဖယ်လိုက်ကြသည်။

၎င်းမှာ သူတို့ ဝင်ပါ၍ ရသည့် ကိစ္စ တစ်ခု မဟုတ်ပါချေ ။

" ဂိုဏ်းချုပ်ကြီး ၊ ဘယ်သူနိုင်မယ်လို့ ထင်လဲဗျ "

မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲ ... အဝတ်အစား မရှိတော့သည့် အကြီးအကဲက စကားဖြင့် မပြောဘဲ အသံလွှင့်နည်းမှ တဆင့် တိတ်တဆိတ် မေးလိုက်သည်။

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက အသစ်ရောက်လာသော အစွမ်းထက် ကျင့်ကြံသူကို ကြည့်ကာ အသံလွှင့်နည်းဖြင့်ပင် ပြန်ဖြေသည်။

" အင်း .. ပြောဖို့တော့ ခက်တယ်ကွ ။ အဆုံးအစမဲ့ အဆင့်ရှိတဲ့ ကျင့်ကြံသူရဲ့ အစွမ်းက ကောင်းကင်ဘုံ ပျက်စီးခြင်းကိုတောင် ဘာမှ မဖြစ်သလို လျစ်လျူရှုထားနိုင်စွမ်း ရှိတယ်။ သူက တော်တော်လေးကို အစွမ်းထက်တာ "

" ဒါပေမယ့် .. ဟိုလူငယ်လေူရဲ့ အစွမ်းကလဲ အင်မတန် အစွမ်းထက်တဲ့အထဲမှာ ပါတယ်။ ငါထင်တာတော့ .. သူတို့ နှစ်ယောက်လုံးရဲ့ အစွမ်းက အတူတူလောက် သွားကျမယ်နဲ့တူတယ် "

ထိုစကားကို ကြားသည်နှင့် တဖက် အဘိုးအို၏ မျက်နှာထား ချက်ချင်း ပြောင်းသွား၏။

" ဒါဆို .. ဒီလူငယ်လေးရဲ့ အစွမ်းက အဆုံးအစမဲ့ အဆင့် မှာ ရှိတယ်ဆိုတဲ့ သဘောပေါ့ "

ဂိုဏ်းချုပ်ကြီးက ခေါင်းည်တ်ပြသည်။

" အင်း .. အဲ့လောက်နီးနီးကို ရှိတယ် "

အဝတ်စား မရှိတော့သော အဘိုးအို၏ မျက်လုံးများမှာ အံ့သြလွန်း၍ ပြူးကျယ်နေတော့၏။

တဖက်မှ လောထျန်းကမူ အသစ်ရောက်လာသော အဆုံးအစမဲ့ အဆင့်မှ ကျင့်ကြံသူ၏ စကားကို ကြားသည်နှင့် ချက်ချင်း မျက်နှာကြီး မည်းမှောင်သွားသည်။

" ခင်ဗျားကြီးက ကျုပ်ရဲ့ ရွှေရောင် ငှက်ကြီးကို ခင်ဗျားကိုယ်ပိုင် စီးတော်ယာဥ်အဖြစ် သုံးဖို့ ယဥ်အောင်လုပ်မယ်လို့ ပြောလိုက်တာလား "

သူ မေးလိုက်သည်။

" ဟားဟား ၊ ဘာလဲ ငါပြောတာကို မကြားလိုက်ဘူးလား "

တဖက်မှ အစွမ်းထက် ကျင့်ကြံသူက လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လာ၏။

လောထျန်းက ထပ်မေးလိုက်သည်။

" ပြီးတော့ ပျောင်ပိုင်မြို့ကို သွားပြီး အဲ့က ဗောဓိပင်ကို ယူမယ်လို့ပါ ပြောလိုက်သေးတာလား "

အဆုံးအစမဲ့ အဆင့်မှ ကျင့်ကြံသူက နှာခေါင်းရှုံ့ကာ ပြန်ပြော၏။

" ဗောဓိပင်ဆိုတာ မြင့်မြတ်တဲ့ အပင်တစ်ပင်ပဲကွ ။ ပျောင်ပိုင်မြို့လို ဘာမဟုတ်တဲ့ နေရာတစ်ခုက အဲ့လို ဗောဓိပင်မျိုး ပိုင်ဆိုင်ဖို့ ထိုက်တန်လို့လား။ ကောင်လေး ၊ မင်းမှာ အချိန် ၅ စက္ကန့်ပဲ ရှိတော့တာနော် ။ ဒီ အချိန်အတွင်း မထွက်သွားရင် မင်း သေရလိမ့်မယ် "

ထိုစကားကို ကြားသည့်အချိန်တွင်မူ လောထျန်း၏ မျက်နှာက ရုတ်ချည်း အေးစက်သွားတော့သည်။

" သေရမယ် ..ဟုတ်လား ၊ ခင်ဗျားကြီးပဲ သွားသေလိုက် "

ဘုန်း ...

သူ ပြောနေစဥ်မှာပင် သူ့ကိုယ်မှ လုသတ်အရိပ်အငွေ့ ထွက်ပေါ်လာ၏။ ထို့နောက် သူ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

တဖက်မှ အစွမ်းထက် ကျင့်ကြံသူ၏ မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး ပြော၏။

" ​တော်တော် မောက်မာပြီး မာန်တက်နေတဲ့ ကောင်လေး ပါလား ၊ မင်းက သေချင်နေတယ်နဲ့တူတယ် "

ဘုန်း ..

သူကလည်း လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော လောယွီဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက တအံ့တသြ ရေရွတ်၏။

" ထိပ်တိုက်တော့ တွေ့ကြပြီ ..  တိုက်ပွဲကြီး စကြတော့မယ် "

မီးခိုးရောင် အဝတ်အစား ..... အဝတ်အစား မရှိတော့သည့် အကြီးအကဲက မေးလာသည်။

" ဒီ တိုက်ပွဲက ရက် တစ်ထောင် တိုက်ပွဲအဖြစ် ပြောင်းသွားနိုင်လားဗျ "

လောယွီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ပြန်ပြောသည်။

" ငါလဲ မသိဘူးကွ ။ ဒါပေမယ့် နောက်ဆုံးရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒီတိုက်ပွဲမှာ အရှုံးသမား တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး "

ထိုတခဏတွင် သူတို့အားလုံး၏ အကြည့်မှာ လောထျန်းတို့ နှစ်ယောက်အပေါ်တွင်သာ ရှိနေကြ၏။

ဖြစ်လာတော့မည့် တွေ့ရခဲသော အံ့မခန်း တိုက်ပွဲကြီး တစ်ခုကို သူတို စောင့်မျှော်နေကြသည်။

သို့သော် ...

အု ..

လောထျန်း ရိုက်လိုက်သည့် လက်ဝါးချက်၏ အစွမ်းက အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူ၏ လက်ဝါးချက်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။

ထို့နောက် လက်ဝါးချက်က ရှေ့သို့ အရှိန်ပြင်းပြင်း ဆက်တိုးသွားကာ အဆုံးအစမဲ့ အဆင့်မှ ကျင့်ကြံသူကို  တစ်စစီ ဖြစ်သွားအောင် ဖိချေပစ်လိုက်တော့သည်။

ထိုအစွမ်းထက် ကျင့်ကြံသူကြီးမှာ တစ်ချက်လေးပင် မအော်နိုင်ဘဲ အသားစများနှင့် သွေးမှုန်များအဖြစ်သို့ ပြောင်းသွားတော့သည်။

လောယွိဂိုဏ်းမှ လူများပေါ်သို့ သွေးစက်များ ဖြာကျလာ၏။

သူတို့အားလုံး အံဘသြမှင်သက်ကာ ကြက်သေ သေနေကြတော့သည်။

ရက်တစ်ထောင် တိုက်ပွဲက ဘယ်ရောက်သွားပြီနည်း ...

သူတို့ ဂိုဏ်းချုပ်ကြီး ပြောခဲ့သည့် အစွမ်းချင်းတူသော တိုက်ပွဲကရော ဘယ်မှာပါနည်း ..

တိုက်ပွဲက စက္ကန့်ပိုင်းလေးနှင့်တင် ပြီးသွားခဲ့သည်လား ..

တဖက်လူမှာ အဆုံးအစမဲ့ အဆင့်ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။

ထိုသို့သော အဆင့်ရှိသည့် လူဆိုလျှင် ဖုန့်လင်းဒေသတစ်ခွင် နာမည်ကျော်ပင် .. ..

သို့သော် .. ယခုတွင်မူ ရလဒ်က စက္ကန့်ပိုင်း တဲ့လား ...

ထိုစဥ် တဖက်မှ လောထျန်းမှာလည်း ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်လိုက်ပြီးနောက် သူကိုယ်တိုင်ပင် အံ့သြမှင်သက်နေ၏။

" ချီး .. ငါ အားနည်းနည်း များသွားတယ် ။ အလောင်းတောင် မကျန်တော့ဘူး ။ တဖက်လူက အစွမ်းထက်တဲ့ပုံ ပေါက်နေတာကို  ... ခုတော့ စိတ်ဝိဥာဥ် ပုလဲလုံးတောင် မရလိုက်တော့ဘူး ။ ငါ့ရဲ့ ဒေါသကြီးတဲ့ အကျင့်ကိုလဲ ဘယ်အချိန်မှ ပြင်နိုင်မလဲ မသိတော့ပါဘူးကွာ "

သူ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

သို့သော် ..ယခုမှ နောင်တရနေ၍လည်း မထူးတော့ပါချေ။

ထို့နောက် လောထျန်းက လောယွီဂိုဏ်းမှ လူများဘက် လှည့်ကြည့်ကာ ပြောလိုက်၏။

" ကဲ ..ခုကိစ္စကို မေ့ထားလိုက်ကြတာပေါ့ဗျာ ။ ခုနက စကားတောင် ဘယ်ရောက်နေပြီလဲ .. ဟုတ်သားပဲ ၊ ခင်ဗျားတိုါကို ပျောင်ပိုင်မြို့ကို ဖိတ်ထားတာ။ ဘယ်လိုလဲ လိုက်ခဲ့ကြမှာလား "

လောယွီဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြန်ပြောလိုက်သည်။

" သွားကြတာပေါ့ဗျာ "

All Chapters