← Chapters

အစီအမံအား စမ်းသပ်ခြင်း

Vol. 17 Ch. 234

အစီအမံအား စမ်းသပ်ခြင်း

Vol. 17 Ch. 234

" ဆုမီတောင်မှာက ကန့်ငတ်ချက် အတားအဆီးတွေ အများကြီး လုပ်ထားတဲ့အတွက် ဗောဓိပင်ကို ရချင်ရင်တောင် အပြင်လူတွေအနေနဲ့ အားသုံးပြီး တိုက်ခိုက်လို့ မရဘူး ။ ဒါပေမယ့် အပြင်ကို ရောက်သွားတာနဲ့ ဗောဓိပင်က အဆီတဝင်းဝင်းနဲ့ အသားတုံးကြီး ဖြစ်သွားပြီပေါ့ကွာ။ တခြားသူတွေလဲ စိတ်ကြိုက်ဝင်လုလို့ ရသွားပြီ "

လုရှောင်က ရယ်လိုက်သည်။

" မျှော်လင့်ထားတဲ့ အတိုင်းပဲဗျာ ၊ ဆရာက တကယ်ကို ဉာဏ်အမြော်အမြင် ရှိတာပဲ "

အဘိုးက မုတ်ဆိတ်မွေးကို သပ်ကာ ပြောလိုက်သည်။

" ရှောင်လေး ၊ မင်းရဲ့ ပါရမီက အစကတည်းက အားနည်းတဲ့ထဲမှာ မပါဘူးကွ ။ ဗောဓိသီးရဲ့ အကူအညီသာ  ရလို့ကတော့ မင်းရဲ့အစွမ်းက နောက်အဆင့်သစ်တစ်ခုကို ရောက်သွားမှာ အသေချာပဲ။ နောက် နှစ်ဝက်လောက် ဆိုရင်ကို ဖုန့်လင်းဒေသ ၊ နတ်ဘုရားမြို့က နတ်ဘုရာသားတော် ဆယ်ပါး နေရာကို တင်ပြိုင်နိုင်သွားမှာ "

နတ်ဘုရားသားတော် နေနရာ ဟု ကြားလိုက်သည်နှင့် လုရှောင်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။ ထို့နောက် သူ ဦးညွှတ်၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဆရာ "

အဘိုးအိုက အပြုံးဖြင့် ပြန်ပြောသည်။

" ကောင်းပါပြီကွာ ။ ကဲ .. အခု သွားကြရအောင် ။ ပျောင်ပိုင်မြို့ကို မြန်မြန်ဝင်မှ ငါတို့ မြန်မြန်ပြန်နိုင်မှာ "

ထို့နောက်တွင်မူ .. သူတို့ နဆရာတပည့် နှစ်ယောက်လုံး ပျောင်ပိုင်မြို့ဆီသို့ ခပ်မြန်မြန် ဦးတည်သွားလိုက်ကြသည်။

ထိုအချိန်တွင် ပျောင်ပိုင်မြို့ထဲမှ .. လောမိသားစု အိမ်တော်အတွင်း အိပ်စက်အနားယူနေသည့် လောထျန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

"  ဟင် .. ဒီ အရောင်အဝါက .. "

ထို့နောက်တွင်မူ သူ နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

ပျောင်ပိုင်မြို့ပြင်၌ ...

အဘိုးအိုနှင့် လုရှောင်တို့နှစ်ဦး မြို့ရိုးရှေ့သို့ ရောက်လာကြသည်။

" ဆရာ .. အပေါ်မှာ အစီအမံတစ်ခု ရှိတယ်နဲ့တူတယ် ။ ကျုပ်တို့ ဘယ်လို ဝင်ကြမလဲ ။ မြို့ဝင်ပေါက် တံခါးကိုပဲ အတင်း ဖောက်ခွဲပြီး ဝင်ကြမလား "

လုရှောင်က မေးလိုက်သည်။

သို့သော် .. အချိန်အတန်ကြာသည်ထိတိုင် သူ့ဆရာဆီမှ အဖြေကို ပြန်မကြားရပါချေ။

လောရှောင်ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ ..

သူ့ဆရာက အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် ပျောင်ပိုင်မြို့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

" ဆရာ .. ဘာဖြစ်လို့လဲဗျ "

လုရှောင်က အံ့သြတကြီး မေးလိုက်သည်။

သူ့ဆရာက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြောလာ၏။

" ရှောင်လေး ၊ ငါတို့တွေ ရောက်နေတာ နေရာမှန်ရဲ့လား "

လုရှောင် ပို၍ အံ့အားသင့်သွားရသည်။

" မှန်တာပေါ့ဗျ ၊ ဆရာ ဘာဖြစ်လို့လဲ ။ ကျုပ်တို့တွေ ဗောဓိသီးကို အားသုံးပြီး သွားယူရဦးမှာလေဗျာ ၊ မြန်မြန်သွားကြစို့လေ '

ထိုစကားကို ကြားသောအခါ အဘိုးအို၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွား၏။

ဗောဓိသီးကို အားသုံးပြီး သွားယူရမည်တဲ့လား ..

ယခု သူ့ရှေ့မှ မြို့က ပျောင်ပိုင်မြို့ပင်ဟုတ်ပါသေးရဲ့လား ..

သူ ကြားခဲ့သည့် ပျောင်ပိုင်ုမြို့အကြောင်းမှာ ထိုသို့ မဟုတ်ပါချေ။

ယခုတွင်မူ ... တစ်မြို့လုံးကို ပတ်ပတ်လည် ကာရံထားသည့် အစီအမံများက အပြည့်ပင် ။

ထိုအစီအမံများကို အပြည့်အဝ အသက်မသွင်းထားသေးသည့်တိုင် ၎င်းမှ ထုတ်လွှတ်နေသည့် ဖိအား နှင့် လူသတ်အရိပ်အငွေ့က သူ့ကို ကြောက်လန့်အောင်ပင် လုပ်နိုင်ပါသည်။

အချို့သော မြင့်မြတ်နယ်မြေများသည်ပင် ဤနေရာလောက် ကြောက်စရာ ကောင်းသည်ဟု သူ မခံစားခဲ့ရဖူးပါ ။

ယခု သူ့ရှေ့တွင် ရှေးဟောင်းသားရဲများ ထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ သူ ခံစားနေရပြီး စည်းကို ကျော်လိုက်မိသည်နှင့်  ထိုသားရဲများ၏ ဝါးမြိုခြင်းကို ခံရတော့မလိုပင် ။

" ပြန်ကြမယ် "

အဘိုးအိုက ထိုစကားတစ်ခွန်းသာ ပြောပြီး ချက်ချင်း နောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

" ဟင် .. ဆရာ ၊ ဘာလို့ ထွက်သွားတာလဲ "

လုရှောင် အလွန်အံ့သြမှင်သက်သွားရသည်။

ဗောဓိသီးက သူတို့ မျက်စိရှေ့သို့ပင် ရောက်နေပြီဖြစ်ရာ သူ ယခုကဲ့သို့ လက်လွတ်မခံချင်ပါ ။

သို့သော် အဘိုးအိုက သူ့ကို လုံးဝ ရှေ့ဆက်မတိုးစေချင်ဟန်ဖြင့် ဆွဲခေါ်လာ၏။

ထိုအချိန်မှာပင် ..

" ခုနလေးတင် ရောက်ကြတာကို အခု ပြန်ထွက်သွားကြတော့မယ်ပေါ့ "

သူတို့နှစ်ယောက်ဘေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" ဟင် .. "

အဘိုးအိုမှာ လန့်သွားကာ ချက်ချင်း အသံလာရာဘက် လှည့်ကြည့်လိုက်သည်။

ထိုစဥ် သူတို့ဘေးတွင် ရပ်နေသည့် လောထျန်းအား တွေ့လိုက်ရ၏။

" ဒီလူက .. ဒီကို ဘယ်တုန်းက ရောက်နေတာလဲ ။ ငါ သတိတောင် မထားမိလိုက်ဘူး "

အဘိုးအို အလွန်တုန်လှုပ်သွားသည်။

" သခင်လေး .. ကျုပ်တို့က ဒီတိုင်း ဖြတ်သွားဖြတ်လာ ခရီးသွားတွေပါဗျာ ။ အခုပဲ ထွက်သွားတော့မလို့ပါ "

သူက ထိုသို့ပြောကာ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် ..လောထျန်းက မျက်နှာသုန်မှုန်စွာဖြင့် ပြောလာ၏။

" ဖြတ်သွားဖြတ်လာ .. ဟုတ်လား ၊ ဒါပေမယ့် ခင်ဗျားရဲ့ တပည့်က ခုနတုန်းက ဗောဓိသီးကို အတင်း အားသုံးပြီး ယူမယ်လို့ ပြောလိုက်သေးတယ် မဟုတ်လား "

အစောက ထိုဆရာတပည့်နှစ်ယောက် ပြောနေခဲ့သည့် စကားများကို သူ ကြားခဲ့ရပါသည်။

" ဟင် .. "

အဘိုးအို၏ မျက်နှာ ရုတ်ချည်း အေးစက်သွားတော့သည်။

တဖက်လူက လုရှောင်ပြောခဲ့သည့် စကားကို ကြားသွားလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

ယခု သူ၏ ဖြတ်သွားဖြတ်လာ ခရီးသွားတစ်ယောက် အစီစဥ်က ဘူးပေါ်သလို ပေါ်သွားခဲ့လေပြီ ။

ယခု သူ ဘာဆက်လုပ်ရ ပါမည်နည်း ။

သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးမှာ လောထျန်းကို သတ်ကာ ထွက်ပြေးရန်ပင် ..

ပျောင်ပိုင်မြို့ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေပြီး မည်သို့သော အစွမ်းထက် ကျင့်ကြံသူများ နေထိုင်နေကြသည်ကို သူ မသိပါချေ။

သို့သော် ..အစီအမံကို ကြည့်ခြင်းဖြင့်ပင် ထိုအစီအမံများ၏ ပိုင်ရှင်က သူ စော်ကား၍ မရသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်မှန်း သိသာပါသည်။

မည်သို့ပင်ဆိုစေ ၊ ယခု သူ့ရှေ့မှ လူငယ်ကမူ သာမာန်ကျင့်ကြုခြင်းအဆင့်သာ ရှိဟန် တူပေရာ ထိုလူငယ်ကို တိတ်တဆိတ် သတ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

သူ လက်မြှောက်ရန် သုံးကြိမ်တိုင်တိုင် ကြိုးစားလိုက်သေး၏။ သို့သော် .. သူ စိတ်ပြောင်းသွားကာ သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်သည်။

" မိတ်ဆွေလေး ၊ ကျုပ်တို့ရဲ့ ဉာဏ်မဲ့မှု နဲ့ မောက်မာမှုတွေကြောင့်မို့ ဒီ ဗောဓိပင်ဆီ ဦးတည်ပြီး လာခဲ့ကြတာ မှန်ပါတယ်။ အဲ့အတွက်လဲ မိတ်ဆွေလေးကို ဒီမှာပဲ တောင်းပန်ပါရစေ ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို သွားခွင့်ပေးပါ "

အဘိုးအိုက ဦးညွှတ်ကာ ပြောလိုက်သည်။

သူ့ဆရာဆီမှ ထင်မှတ်မထားသော တုန့်ပြန်ပုံကြောင့် လုရှောင် အလွန် အံ့အားသင့်သွား၏။

သူ့ဆရာသည် ဂိုဏ်းထဲတွင် ဒေါသ အင်မတန်ကြီးသူတစ်ယောက်အဖြစ် နာမည်ကျော် ဖြစ်ပါသည်။

သို့သော် .. ယခု သူ့ဆရာက လူငယ်လေးတစ်ယောက်ရှေ့တွင် အမှန်တကယ် ဦးညွှတ်လိုက်သည်လား .. ။ ဘာတွေ ဖြစ်နေပါသနည်း ။

တဖက်မှ လောထျန်းက အဘိုးအိုကို ကြည့်ကာ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

" ခင်ဗျားက ဉာဏ်တော့ ကောင်းသားပဲ "

' ဟင် .... "

အဘိုးအို အံ့အားသင့်သွား၏။

လောထျန်းက ဆက်ပြောလိုက်သည်။

" ခင်ဗျား ခုနကလေးတင် တိုက်ခိုက်ဖို့ သုံးကြိမ်တိတိ ပြင်လိုက်သေးတယ်လေ ။ အဲ့တုန်းကသာ တကယ်တိုက်ခိုက်ခဲ့ရင် ခုချိန်ဆို ခင်ဗျား သေနေလောက်ပြီ "

"  ဘယ်လို  "

အဘိုးအို အံ့အားသင့်သွားရပြန်၏။

သူ အစောပိုင်းက တိုက်ခိုက်ရန် ပြင်ခဲ့သည် မှန်သော်လည်း လူသတ်အရိပ်အငွေ့ကို လုံးဝ မထုတ်လွှတ်ခဲ့ပါ ။

တဖက်လူက သူ တိုက်ခိုက်ရန် ပြင်ခဲ့သည်ကို မည်သို့ သိသွားပါသနည်း ။

ထိုလူငယ်က မည်သူပါနဘ်း ..

အဘိုးအိုမှာ မနေနိုင်တော့ဘဲ လောထျန်း၏ အစွမ်းကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်လိုက်သည်။

ထိုစဥ်မှာပင် လောထျန်းက ရုတ်တရက် မေးလာ၏။

" ခင်ဗျားက အဆုံးအစမဲ့ အဆင့်မှာနော် .. ဟုတ်တယ်မလား "

အဘိုးအိုက တအံ့တသြ ပြန်​ပြောသည်။

" ဟုတ်တယ် ၊ ကျုပ်က အဆုံးအစမဲ့ အဆင့် ၂ က "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ပြန်ပြော၏။

" ဒါ  ကောင်းတာပေါ့ "

ကြားလိုက်ရသည့် စကာူကြောင့် အဘိုးအို အံ့သြမှင်သက်သွားရပြန်၏။

အဘယ့်ကြောင့် ကောင်းရပါသနည်း ။

ထိုလူငယ်က ဘာတွေ ပြောနေပါသနည်း ..။

သူ နားမလည်တိုင် ဖြစ်နေစဥ်မှာပင် လောထျန်းက ပြောလာသည်။

" ခင်ဗျားက မတိုက်ခိုက်ခဲ့တာ မှန်ပေမယ့် ကျုပ်ရဲ့ ပျောင်ပိုင်မြို့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တယ် ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပဲ။ ဒီတော့ ကျုပ် ခင်ဗျားကို အခွင့်ရေးတစ်ခုပေးမယ် ။ ဒီအစီအမံကို စမ်းသပ်ကြည့်ပါ ၊ စမ်းသပ်လို့ ပြီးသွားတာနဲ့ ခင်ဗျားကို သွားခွင့်ပေးမယ် "

သူ့စကားကြောင့် အဘိုးအို မျက်ခုံးပင့်သွားကာ ပြန်ပြော၏။

" ညီငယ်လေး ၊ ကျုပ်က နောက်ကို ခြေလှမ်းတောင် ဆုတ်ထားပြီးပြီလေ ။ ဒါကို ဘာဖြစ်လို့ ရန်လိုနေရတာလဲ ။ ကျုပ် ဒီကိုမလာခင်က ပျောင်ပိုင်မြို့ကို လျှော့တွက်ခဲ့မိတယ်ဆိုတာ မှန်တယ်။ ကျုပ်မှာ ပျောင်ပိုင်မြို့ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်လဲ မရှိပါဘူး ။ ဒါပေမယ့် .. ကျုပ်က ထွက်သွားချင်တယ်ဆိုရင်  မင်းက ကျုပ်ကို တားနိုင်လို့လား "

လောထျန်းက သူ့ကို စိတ်ဝင်တစား ပြန်ကြည့်လိုက်သည်။

" တကယ်လား ၊ ဒါဆို .. းမ်းကြည့်လိုက်လေ '

အဘိုးအိုက နှာခေါင်းရှုံ့ပြီး လုရှောင်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။

" သွားကြစို့ "

အဘိုးအိုက စကားဆုံးသည်နှင့် လုရှောင်လက်ကိုဆွဲကာ လေထဲသို့ ဝုန်းခနဲ ပျံတက်လိုက်သည်။

" ဟမ့် .. မင်းကများ ငါ့ကို တားချင်သေးတယ်ပေါ့လေ၊အိမ်မက် မက်လိုက်ဦး "

သူ လှောင်ပြုံးဖြင့် ပြောလိုက်၏။

သို့သော် .. ထိုအချိန်မှာပင် ..

ဝုန်း ...

ရွှေရောင်လက်ကြီး တစ်ဖက်က သူ့ကို ဖမ်းဆုပ်ကာ အောက်သို့ ပြန်ဆွဲချသွားတော့သည်။

" ဟင် .. မဖြစ်နိုင်တာ .. ဒါ ဘာကြီးလဲ "

အဘိုးအို အလွန်တုန်လှုပ်သွား၏။

တဖက်မှ လောထျန်းက အဘိုးအိုကို ကြည့်ကာ အေးစက်စက်ပြောလာသည်။

" တခြား ရွေးချယ်စရာ မရှိပါဘူးလို့ ကျုပ် ပြောသားပဲ ။ ကဲ အခု ရွေးလိုက်တော့ .. ကျုပ် ပြောတဲ့အတိုင်း လုပ်မလား ၊ အသေခံမလား "

လောထျန်းက ပြောပြောဆိုဆိုပင် ရွှေရောင်လက်ဝါးကြီးအား အနည်းငယ် တင်းသွားအောင် ဆုပ်လိုက်သည်။

အဘိုးအိုမှာ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ချက်ချင်း စိစိညက်ညက် ကြေသွားတော့မည့်အလား ခံစားလိုက်ရ၏။

" လုပ်ပါ့မယ် .. မင်း ပြောတဲ့အတိုင်း လုပ်ပါ့မယ် "

အဘိုးအို ကြောက်လန့်တကြား အော်လိုက်သည်။

ထိုအချိန်မှသာ လောထျမန်းက လက်ဝေ့ယမ်း၍ ရွှေရောင်လက်ဝါးကြီးအား ပျောက်ကွယ်သွားစေလိုက်သည်။

" အဟွတ် .. အဟွတ် .. "

အဘိုးအိုနှင့် လုရှောင်တို့ ချောင်းတဟွတ်ဟွတ် ဆိုးသွားကြသည်။

အထူးသဖြင့် လုရှောင်ပင် ... ။ သူသည် လုံလောက်သည့် အစွမ်း မရှိထားသလို အတွေ့အကြုံလည်း မများသေးပါချေ။ ထို့ကြောင့် ရွှေရောင်လက်ဝါးကြီးက အသာအယာ ဆုပ်လိုက်သည်နှင့်ပင် သူ့ကိုယ်မှ အရိုးပေါင်းများစွာ ကျိုးသွားခဲ့ပြီး သွေးများ အန်သွား၏။

အဘိုးအိုသည်လည်း လောထျန်းအား ကြောက်လန့်တကြား ကြည့်လာသည်။

" ဒီလူက ဘယ်သူလဲ .. သူက ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ "

သူ တိတ်တဆိတ် တွေးမိလိုက်သည်။

" ကောင်းပြီ ၊ ဒါဆိုရင် .. ဒီ အကာအကွယ် အစီအမံကို အရင်ဆုံး စမ်းသပ်ပြီး တိုက်ခိုက်ပေးပါ ။ ခင်ဗျားမှာ ရှိတဲ့ အစွမ်းကုန် သုံးပြီးတော့သာ တိုက်ခိုက်လိုက် ။ အစီအမံကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ရင် ဆုချမယ် ။ အဲ့လို မဟုတ်ဘဲ အစွမ်းကို ထိန်ချန်ထားပြီး တိုက်ခိုက်ရင်တော့ ကျုပ် သတ်တာကို ခံရမယ် "

လောထျန်းက အေးစက်စက် ပြောလိုက်သည်။

All Chapters