← Chapters

စုဆောင်းရန် အချိန်တန်ပြီ

Vol. 17 Ch. 237

စုဆောင်းရန် အချိန်တန်ပြီ

Vol. 17 Ch. 237

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက နောက်လှည့်ကြည့်လိုက်ရာ အဘိုးအိုကို တွေ့ပြီး လန့်သွားသည်။

" ဟင် .. ဖျောင်ရွှယ် တောင်ရဲ့ ပထမ အကြီးအကဲ ဟွေ့ဖုန်းပါလား "

သူ့ရှေ့မှ အဘိုးအိုမှာလည်း အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။

ထို့အပြင် ဖျောင်ရွှယ်တောင် ၏ အစွမ်းမှာ သူတို့ ရွှယ်မင်ဂိုဏ်းထက်ပင် အင်အားကြီးသေး၏။

ထိုသို့သော လူတစ်ယောက်က ပျောင်ပိုင်မြို့သို့ လာခဲ့လိမ့်မည်ဟု သူ ထင်မထားမိခဲ့ပေ။

" သခင်ကြီးဟွေ့ ၊ ဘာလို့ အဲ့လို ပြောလိုက်တာလဲ "

ရွှယ်မင်ဂိုဏ်းချုပ်ကြီး က မေးလိုက်သည်။

ဟွေ့ဖုန်းက အပြုံးဖြင့် ပြန်ပြော၏။

" ရွှယ်မင်ဂိုဏ်းချုပ်ကြီး ၊ အဖြေကို သိနေပြီးသား မေးခွန်းကို ဘာလို့ မေးနေရတာလဲ။ ဗောဓိပင် တစ်ပင်တည်းနဲ့တောင် ရှိသမျှ အင်အားကြီး အဖွဲ့တွေအားလုံး ပြိုင်ပြီး တိုက်ခိုက်ကြဖို့ လုံလောက်နေပြီလေ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဗောဓိပင်ကို ရချင်တဲ့သူတွေက တတ်နိုင်ရင်တောင် အလွန်ဆုံး ဗောဓိပင်ကို တူးပြီး ယူသွားရုံပဲရှိတာ ။ မြို့ကို ဒီတိုင်း ချန်ထားခဲ့ကြမှာပဲ။ဒါပေမယ့် ဒီ စိတ်စွမ်းအင် သွေးကြော ရှိလာတော့  အခြေနေတွေက ပြောင်းသွားပြီ "

" ဒီလို မြင့်မြတ်နယ်မြေ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောပါ ရှိနေတာဆိုတော့ အဖွဲ့တွေကြားက တိုက်ပွဲက ပိုပြီး ပြင်းထန်တော့မှာ အသေချာပဲ။ ဒီတော့ ..အချိန်ကျလာရင် စိတ်စွမ်းအင် သွေးကြောကို တခြားနေရာ ယူသွားတာပဲဖြစ်ဖြစ် ၊ ပျောင်ပိုသ်မြို့ကိုပဲ တိုက်ရိုက်သိမ်းပိုက်တာပဲ ဖြစ်ဖြစ်  ဘယ်လိုပဲ နေနေ ဒီနေရာက နောက်ဆုံး အဖျက်ဆီးခံရမှာ သေချာတယ်"

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက ဟွေ့ဖုန်းကို ကြည့်ကာ ထပ်မေးလိုက်သည်။

" ဖျောင်ရွှယ်တောင်ကဘာဖြစ်လို့ စိတ်စွမ်းအင် သွေးကြောကို ရချင်တာလဲဗျ "

ဟွေ့ဖုန်းက သူ့ကို တစ်ချက်ကြည့်ကာ အပြုံးဖြင့် ပြန်ဖြေ၏။

" ကျုပ်က ပျောင်ပိုင်မြို့ရဲ့ ပိုင်ရှင်လောက် မတုံးဘူးဗျ ။ ကျုပ်တို့မှာက ဗောဓိပင်ကိုရော စိတ်စွမ်းအင်သွေးကြောကိုရော အပိုင်သိမ်းဖို့ လုံလောက်တဲ့ အစွမ်း မရှိဘူး။ ဒါပေမယ့် .. ခနနေကျရင် ပြဿနာတွေ ဖြစ်တော့မှာဆိုတော့ ရှုပ်ထွေးနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လူတွေသတ် ၊ ပစ္စည်းတွေ လုရင် အဖိုးတန်  အရင်းအမြစ်တွေ အများကြီး ရမှာလေ '

ရွှယ်မင်ဂိုဏ်းချုပ်ကြီး မှင်သက်သွားကာ တအံ့တသြ မေးလာသည်။

" သခင်ကြီးက .. ခနနေကျရင် .. လို့ ပြောလိုက်တာလား "

ဟွေ့ဖုန်းက ခေါင်းညိတ်ပြ၏။

" အမှန်ပဲ ၊ ဒီမှာ အရူးတစ်ယောက် ရောက်နေတာမို့လို့ ကျုပ်တို့တွေ မြန်မြန်လှုပ်ရှားမှ ဖြစ်မှာ "

သူ့စကားဆုံးသည့် အချိန်မှာပင် ..

ဘုန်း ..

ပျောင်ပိုင်မြို့ထဲမှ ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

" ဟားဟား .. သိပ်ကောင်းတယ်ကွာ ။ ဗောဓိပင်ရော ၊ မြင့်မြတ်နယ်မြေအဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောရော ရှိနေတာပါလား ။ အားလုံး ငါ့အပိုင် ဖြစ်သွားပြီ "

လူတစ်ယောက်က ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ဝါးဖြင့် ရိုက်ချလ်ုက်သည်။

ပျောင်ပိုင်မြို့ တစ်မြို့လုံး စတင်တုန်ခါလာ၏။

ထိုလူကို မြင်သည်နှင့် ရွှယ်မင်ဂိုဏ်းချုပ်ကြီး၏ မျက်နှာ ချက်ချင်း ပြောငါးသွားပြီး တအံ့တသြ ပြောလိုက်သည်။

" ယဲ့ကွမ်းရန် ပါလား ၊ သူက တစ်ကိုယ်တော် သိုင်းသမားတစ်ယောက် မဟုတ်လား ။ ဒါတောင် စိတ်စွမ်းအင်သွေးကြောကို လုဖို့ လာခဲ့တယ်ပေါ့ "

ဟွေ့ဖုန်းက ရယ်ကာ ပြန်ပြော၏။

" ဒီ အရူးက ဘာတွေ တွေးနေတယ်ဆိုတာ ဘယ်သူ သိမှာလဲကွာ။ ဒါပေမယ့် သူက အဆုံးအစမဲ့ အဆင့် ၈ ကို ရောက်နေပြီကွ ။ တကယ်လို့သာ သူ ပြဿနာ ရှာလို့ကတော့ ပျောင်ပိုင်မြို့က ဒီနေ့ပဲ ဖျက်ဆီးခံရမယ်နဲ့တူတယ် "

သူ ပြောခဲ့သလိူပင် .. ယဲ့ကွမ်းရန်က သူ၏ အစွမ်းထက်သော အရောင်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် ပျောင်ပိုင်မြို့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ထိုအဖြစ်အပျက်မှာ ရုတ်တရက် ဖြစ်သွားခဲ့ပြီး အစွမ်းလည်း ထက်လွန်းလှသဖြင့် မြို့ထဲမှ လူအများစုမှာ အံ့သြမှင်သက်ကာ ကြက်သေ သေနေကြ၏။

သို့သော် .. ထိုအချိန် ခန်းမဆောင်ထဲတွင် အနားယူနေသည့် လောထျန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။

" ဟင်..စတောင် စနေပြီလား ၊ အဲ့လိုဆိုမှတော့လဲ စုဆောင်းဖို့ အချိန်တန်ပြီပေါ့ကွာ "

သူ ထိုသို့ပြောပြိးသည်နှင့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။

ဝှစ် ..

စက္ကန့်ပိုင်း အကြာမှာပင် သူ ပျောင်ပိုင်မြို့လယ်၌ ပြန်ပေါ်လာသည်။

' ဟား ဟား .. ပျောင်ပိုင်မြို့က မျိုးမစစ်လေးတွေ ၊ မင်းတို့တွေ အားလုံးက သုံးစားမရတဲ့ အမှိုက်တွေပဲကွ။ ဒါနဲ့များတာင် မင်းတို့က ခုလို အဖိုးတန် အရင်းအမြစ်တွေကို သိမ်းပိုက်ထားနိုင်မယ်လို့ ထင်နေကြတယ်ပေါ့ ။ ဒီကနေ ထွက်သွားကြစမ်း "

ယဲ့ကွမ်းရန်က ကျယ်လောင်စွာ အော်ရယ်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။

အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ လက်သီးချက်အစွမ်းမှာ ကောင်းကင်ဘုံ၏ အစွမ်းထက်ပင် ပိုကြောက်စရာ ကောင်းနေသေးတော့သည်။

ထိုလက်သီးချက် ထွက်လာသည်နှင့် ပျောင်ပိုင်မြို့ထဲမှ လူများအားလုံး ကြက်သေ သေသွားကြ၏။

ယဲ့ထုံလင်းတို့ နတ်ဆိုးသုံးယောက်သည်ပင် မျက်နှာပျက်ကုန်ကြသည်။

နတ်ဆိုးအဖြစ် အသွင်ပြောင်းထားကြသည့် သူတို့သုံးယောက်လုံး ထိုလက်သီးကို ကြည့်လိုက်ကြ၏။ ထိုလက်သီးမှာ သူတို့က်ို မသတ်နိုင်သည့်တိုင် သူတို့ ၎င်းကိုလည်း မတားနိုင်ပါချေ။

ပျောင်ပိုင်မြို့မှာ ဒုက္ခကြီးနှင့် ကြုံရတော့မည်ဟု အားလုံး တွေးနေကြစဥ်မှာပင် ...

ဘုန်း ..

ယဲ့ကွမ်းရန်၏ လက်သီးချက်ကိုအားတစ်ခုက ပိတ်ဆို့ထားလိုက်ပြီး ထိုလက်သီးချက်၏ အစွမ်းက အလွယ်တကူပင် လွင့်ပါးပျောက်ကွယ်သွား၏။

" ဟင် .. ငါ့ကို ဘယ်ကောင် တားရဲတာလဲကွ "

ယဲ့ကွမ်းရန် မျက်မှောင်ကြုံ့သွားကာ ဒေါသတကြီး အော်လိုက်သည်။

ထို့နောက်တွင်မူ အိမ်ခေါင်မိုး တစ်ခုပေါ်တွင် ရပ်နေသည့် လောထျန်းအား သူ တွေ့သွားတော့၏။

" ခုနက မင်းလား .. ၊ မဟုတ်သေးပါဘူး .. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက် အစွမ်းနိမ့်နေတာကို ဘယ်လိုလုပ်ပြီး ငါ့သိုင်းကွက်ကို တားနိုင်မှာလဲ "

ယဲ့ကွမ်းထုံတစ်ယောက် မျက်မှောင်ပိုကြုံ့သွားသည်။

လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက် မေးလာ၏။

" နောက်ဆုံးစကားအနေနဲ့ ဘာပြောချင်သေးလဲ "

" ဘာ .."

ယဲ့ကွမ်းထုံ အံ့အားသင့်သွားသည်။

ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည့် ဟွေ့ဖုန်းနှင့် ရွှယ်မင်ဂိုဏ်းချုပ်ကြီးတို့မှာလည်း လောထျန်း၏ စကားကြောင့် အံ့သြမှင်သက်သွားကြသည်။

နောက်ဆုံးစကားတဲ့လား ..

ယဲ့ကွမ်းရန်ကို နောက်ဆုံးစကား ပြောခိုင်းနေသတဲ့လား ..

လက်ရှိအခြေအနေကို မည်သည့်ဘက်မှ ကြည့်ကြည့် ယဲ့ကွမ်းရန် ကသာ အသာစီး ရနိုင်ချေ ရှိပါသည် ။

" ကောင်လေး .. မင်းက သေချင်နေတဲ့ပုံပဲ "

ယဲ့ကွမ်းရန်က ဒေါသတကြီး အော်ကာ သူ့အရောင်အဝါကို ထပ်မံထုတ်လွှတ်လိုက်သည်။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြော၏။

" ဒါ မင်းရဲ့ နောက်ဆုံးစကားပေါ့ ၊ ဒါဆိုလဲ ကောင်း​ပြီလေ ၊ တာ့တာ '

သူက ထိုသို့ပြောပြီးသည်နှင့် လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်ရာ လေထဲတွင် ရွှေရောင်လက်ဝါးကြီးနှစ်ခု ရုတ်ချည်း ပေါ်လာသည်။

ထို့နောက် လောထျန်းက လက်ခုပ်တစ်ချက် တီးလိုက်ရာ ရွှေရောင်လက်ဝါးကြီးကလည်း သူ့အတိုင်းပင် လိုက်လုပ်၏။

ဖြောင်း ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရွှေရောင်လက်ဝါးကြီး နှစ်ဖက်က ယဲ့ကွမ်းရန်အား ယင်တစ်ကောင်ပမာ အသေရိုက်သတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို အသုံးပြု၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ယဲ့ကွမ်းရန်အား ချက်ချင်း မယူကာ စိတ်ဝိဥာဥ်ပုလဲလုံးတစ်ခု  ထုတ်ယူလိုက်သည်။

" ဒီတစ်ခါ တစ်စစီ မဖြစ်သွားတာ တော်သေးတာပေါ့ ။ ဒီဟာက အဆုံအစမဲ့ ကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိဥာဥ်ပုလဲလုံးဆိုတော့ အင်မတန် အသုံးဝင်တယ် "

လောထျန်းက ပြော​နေရင်းမှာပင် စိတ်ဝိဥာဥ်ပုလဲလုံးကို သေချာ သိမ်းလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ပျောင်ပိုင်မြို့ခံ မဟုတ်သည့် လူများအားလုံး အံ့သြမှင်သက်သွားကြသည်။

ဘာတွေ ဖြစ်နေပါသနည်း။

အဆုံးအစမဲ့ အဆင့်ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က ထိုသို့ အလွယ်တကူ ရိုက်သတ်ခံလိုက်ရသည်လာ။

အားလုံးမှာ မိမိမျက်လုံးကိုပင်မယုံနိုင်ဘဲ ဖြစ်သွားကြကုန်သည်။

ထိုစဥ်မှာပင် လောထျန်းက အမှတ်တမဲ့ဟန်ဖြင့် ခေါင်းလှည့်လာကာ ရွှယ်မင်ဂိုဏ်းချုပ်ကြီး ရှိရာဘက်သို့ ကြည့်လိုက်သည်။

ရွှယ်မင်ဂိုဏ်းချုပ်ကြီးမှာ ထိုအကြည့်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။

ထွက်ပြေးရမယ် ....

သူ့ခေါင်းထဲ၌ ထိုအတွေးသာ ပထမဆုံး ဝင်လာသည်။

ထို့နောက် သူ ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ..သူ နောက်သို့ လှည့်လှည့်ချင်းမှာပင် လောထျန်းက သူ့ရှေ့တွင် ပိတ်ရပ်နေသည်ကို မြင်လိုက်ရ၏။

" ဘယ်လိုလုပ်ပြီးတော့ .. "

ရွှယ်မင်ဂိုဏ်းချုပ်ကြီး အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

လောထျန်းသည် လွန်ခဲ့သော စက္ကန့်ပိုင်းအလိုမှာပင် သူနှင့် မိုင်များစွာ အကွာ၌ ရှိနေခဲ့သည်ကို သူ သေချာ မြင်ခဲ့ရပါသည်။

ယခု ..  သူ့ရှေ့သို့ မည်သိုါသော နည်းကိုသုံးကာ ရောက်လာပါသနည်း။

" နှုတ်ဆက်ပါတယ် သခင်လေး "

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက အတင်း ကြိတ်မှိတ်ပြုံးကာ ဦးညွှတ်၍ ဆိုလိုက်သည်။

" နောက်ဆုံးစကား ဘာပြောချင်လဲ "

လောထျန်းက အေးစက်စက် ပြောလာ၏။

" ဟင် .. ကျုပ် ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဘူးလေ သခင်လေး "

ရွှယ်မင်ဂိုဏ်းချုပ်ကြီးက ကြာက်လန့်တကြား ပြောလိူက်သည်။

လောထျန်းက သူ့ကို မျက်နှာသုန်မှုန်စွာ ပြန်ကြည့်၏။

" ခင်ဗျားက မတိုက်ခိုက်ခဲ့ဘူး ဆိုပေမယ့် ခင်ဗျားရဲ့ လူသတ်အရိပ်အငွေ့ကိုတော့ ထုတ်လွှတ်ထားခဲ့တယ်လေ ။ ခင်ဗျားက တခြားသူကို သတ်ချင်နေမှတော့ သေဖို့ ထိုက်တန်တာပေါ့ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်တစ်ဖက်က်ု ဆန့်ထုတ်လိုက်သည်။

" ခွေးမသား %%#$& ၊ တကယ်လို့ ငါ သေသွားရရင်တောင် မင်းတို့ ပျောင်ပိုင်မြို့ တစ်မြို့လုံကိုပါ ငါနဲ့အတူ သေရအောင် ဆွဲခေါ်သွားမှာကွ "

ရွှယ်မင်ဂိုဏ်းချုပ်ကြီးမှာ လောထျန်းက မည်မျှ အစွမ်းထက်ကြောင်းကို မြင်ထားပြီးဖြစ်၍ သူ့အနေဖြင့် လောထျန်းအား ခုခံနိုင်မည်မဟုတ်သည်ကို သိထားပြီး ဖြစ်ပါသည်။

ထို့ကြောင့်လည်း သူက ချက်ချင်းပင် စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းကာ သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်လိုက်၏။

" ဒီလူက .. "

၎င်းကို မြင်သည်နှင့် သူ့ဘေးတွင် ရပ်နေသော ဟွေ့ဖုန်း ၏ မျက်နှာ ရုတ်ချည်း ဖြူဖျော့သွားတော့သည်။

အဆုံးအစမဲ့ အဆင့်မှ ကျင့်ကြံသူတစ်ယောက်သာ မိမိကိုယ်ကို  ဖျက်ဆီးပါက ပျောင်ပိုင်မြို့ တစ်မြို့လုံးပင် ပေါက်ကွဲထွက်သွားရပေလိမ့်မည်။

ရွှယ်လင်းဂိုဏ်းကြီးချုပ်ကြီးနည်းတူ  အဆုံးအစမဲ့ အဆင့်သို့ ရောက်နေသည့် သူသည်ပင် ၎င်းကို ခံနိုင်မည် မဟုတ်ပါချေ။

ထိုသို့ တွေးမိကာ သူ နောက်လှည့်ပြီး ဝေးဝေးပြေးရန် ကြိုးစားလိုက်သည်။

သို့သော် .. ထိုဥ်မှာပင် လောထျန်းက လက်ယမ်းလိုက်ရာ ရွှေရောင်လက်ဝါးကြီးက ရွှယ်လင်ဂိုဏ်းချုပ်ကြီးအား ဖမ်းဆုပ်ပြီး လက်ဖြင့် အုပ်ထားလိုက်၏။

တစ်ချိန်တည်း နီးပါးမှာပင် ...

ဖွတ် ..

ရွှယ်လင်ဂိုဏ်းချုပ်ကြီးက ရွှေရောင်လက်ဝါးကြီးထဲ၌ပင် ပေါက်ကွဲထွက်သွားတော့သည်။

သို့သော် .. ရွှေရောင်လက်ဝါးကြီးက နည်းနည်းလေးပင် လှုပ်မသွားခဲ့သလို ထိုပေါက်ကွဲမှု၏ နောက်ဆက်တွဲ မည်သည့်အသံကိုမှလည်း မကြားရပါချေ။

အချိန်အတန်ငယ် ကြာမှသာ အမည်းရောင် မီးခိုးအချို့ ရွှေရောင်လက်ကြီး၏ လက်ချောင်းများကြားထဲမှ အနည်းငယ် တိုးထွက်လာ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဟွေ့ဖုန်း၏  မျက်နှာကြီး ရုတ်ချည်းပင် ဖြူဖျော့သွားသည်။

" အဆုံးအစမဲ့အဆင့်က ကျင့်ကြံသူတစ်ယောက်ရဲ့ မိမိကိုယ်ကို ဖျက်ဆီးခြင်းအစွမ်းကတောင် ရွှေရောင်လကါဝါးကြီးကို ဘာမှ မလုပ်နိုင်ဘူးဆိုတော့ ... သုက .. ဒီကမ္ဘာက မသေမျိုးတစ်ယောက်များလား ... "

သူ လောထျန်းအား ကြောက်လန့်တကြား ကြည့်လိုက်၏။

ထိုစဥ် လောထျန်းကမူ မျက်မှောင်ကြုံ့နေသည်။

" ခုလို ကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်တော့ စိတ်ဝိဥာဥ် ပုလဲလုံးတစ်လုံး ဆုံးရှုံးသွားရပြီပေါ့ကွာ "

သူ ထိုသို့ပြောကာ ဟွေ့ဖုန်းဘက် အကြည့်လွှဲလိုက်သည်။

ဟွေ့ဖုန်းမှာ အလွန်ကြောက်လန့်ကာ တုန်လှုပ်နေ၏။

ထို့နောက်တွင်မူ ...

ဖြောင်း ...

လောထျန်းက လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ရာ ဟွေ့ဖုန်း၏ ခန္ဓာကိုယ် တစ်ဝက် ကြေမွသွားတော့သည်။

တစ်ချိန်တည်းမှာပင် လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် စိတ်ဝိဥာဥ် ပုလဲလုံးတစ်ခု ထုတ်ယူလိုက်၏။

" စကားတွေ အများကြီး မပြောတာပဲ ကောင်းတယ် "

လောထျန်းတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

All Chapters