ရေခဲကန်ထဲတွင် အလင်းပြန်ခြင်း
Vol. 106 Ch. 1626
မိုးသောက်အင်မော်တယ်နန်းတော်၏ အရှေ့ပိုင်းတွင်…
အကယ်ဒမီ၏ အနောက်၌ ဂျူနီယာမိုးသောက်ခန်းမဟုခေါ်သော ခန်းမတစ်ခု ရှိသည်။
ထိုခန်းမက အလွန်ကျယ်ပြောသော ဧရိယာကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားစိတ်အာရုံ၏ စစ်ဆေးခြင်းကို တားဆီးပေးနိုင်သော စည်းချအစီအရင်တစ်ခုဖြင့် ကာကွယ်ပေးခံထားရသည်။ ထိုအစီအရင်က တစ်နှစ်ပတ်လည်း အသက်ဝင်နေသည်။
အပြင်ပိုင်း၏ ဗိသုကာလက်ရာများက ရိုးရှင်းပုံပေါ်သော်လည်း အဆုံးမဲ့သော ပန်းခင်းများက ဘေးပတ်ဝန်းကျင်မှာ ပျံ့ပွားနေကြသည်။
ထိုအကြောင်းအရင်းကြောင့် ဤခန်းမကို ပန်းပေါင်းတစ်ရာခန်းမ သို့မဟုတ် ပန်းပေါင်းတစ်ရာနန်းတော်ဟု ခေါ်ဆိုကြသည်။
သို့သော်လည်း ခန်းမထဲတွင်…
တကယ့်ပန်းပေါင်းတစ်ရာနန်းတော်က သက်သက်ရှိ၏။
ထိုနန်းတော်က ဂျူနီယာမိုးသောက်ခန်းမ၏ တောင်ဘက်မှာ တည်ရှိသည်။ ညအချိန်မှာပင် ထိုနေရာက နေ့နှင့်မခြား လင်းထိန်နေသည်။
နန်းတော်၏ အပြင်ဘက်နံရံများကို ပန်းပင်နွယ်ပင်အမျိုးမျိုးဖြင့် တန်ဆာဆင်ထားသည်။
ယင်းက အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်သည်။ လေပြေတိုက်ခတ်သည့်အခါတိုင်း ထိုပန်းပွင့်များက ညင်သာစွာ လှုပ်ယမ်းသွားပြီး မွှေးပျံ့သော ပန်းရနံ့ကို ထုတ်လွှတ်ပေးလိမ့်မည်။
အတွင်းပိုင်းအပြင်အဆင်က သုခဘုံနှင့် မခြားပေ။ ယင်းက ထွန်းလင်းတောက်ပပြီး စည်းစိမ်းချမ်းသာဟူသော ခံစားမှုကို ပေးသည်။
ဘေးပတ်ပတ်လည်တွင် ပန်းပေါင်းစုံက ပွင့်လန်းနေလေရာ မျက်စိဖမ်းစားနိုင်လှသည်။ တချို့က နှင်းစက်ဖြင့် စိုရွှဲနေစဉ် တချို့က မွှေးပျံ့လတ်ဆတ်သည်။ တချို့က ဆွဲဆောင်မှုရှိစွာ လှပနေစဉ် တချို့က ကြော့ရှင်းတင့်တယ်သော ခံစားမှုကို ပေးသည်။ ဤသည်မှာ လောက၏ အလှအားလုံးက ဤနေရာမှာ စုစည်းနေသည့်အလားပင်။
နန်းတော်၏ အလယ်ဗဟိုတွင် အလွန်ကြီးမားသော ရေကန်တစ်ကန် ရှိသည်။
ရေကန်ထဲတွင် ရှားပါးအပင်များနှင့် ဆေးပင်များက လွင့်မျောနေကြသည်။ တစ်ဆက်တည်းမှာ ပန်းပွင့်များ၏ ရွေ့လျားမှုက ရေကန်ထဲတွင် လှိုင်းသေးသေးလေးတချို့ကို ထွက်ပေါ်စေသည်။
မျက်စိဖမ်းစားနိုင်ဆုံးအရာမှာ အလွန်လှပသော ပန်းနုရောင်မိန်းမပျိုလေး ဖြစ်သည်။ သူက အလှထွဋ်ခေါင်ပန်းပွင့်ပမာ ထွန်းလင်းတောက်ပစွာ ပွင့်လန်းနေပြီး ပြိုင်စံရှားသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက အကန့်အသတ်မဲ့သော ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည့်အလား သို့မဟုတ် ပန်းအားလုံး၏ ဘုရင်မဖြစ်သည့်အလားပင်။
ဤအခိုက်အတန့်မှာ အလွန်ပါးလွှာသော ဇာပဝါကို ဝတ်ဆင်ထားသည့် ထိုမိန်းမပျိုလေးက ရွှီချင်း၏ ဘေးတွင် ရှက်ရွံ့စွာ ထိုင်နေပြီး သူ၏ သေးသွယ်သော လက်ချောင်းများဖြင့် အခွံခွာပြီးသား လိုင်ချီးသီးကို ကောက်ယူကာ ရွှီချင်း၏ ပါးစပ်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။
ရွှီချင်းက လိုင်ချီးသီးကို တိတ်တဆိတ် စားနေရင်း ခေါင်းမော့လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်မှ ပန်းပွင့်ပင်လယ်ကို ကြည့်လိုက်သည်။
ကြာပန်းများက ပြစ်ချက်ကင်းမဲ့စွာ ပွင့်လန်းနေပြီး နှင်းဆီများက ဆွဲဆောင်မှုပြင်းပြသော ရနံ့ကို ထုတ်လွှတ်နေကြသည်။
ဤနေရာမှ ပန်းပွင့်တိုင်းက ပြိုင်ဘက်ကင်းသော အလှကို ပိုင်ဆိုင်ထားကြသည်။
သူတို့၏ အရေပြားက နှင်းကဲ့သို့ ဖြူဖွေးပြီး အသွင်သဏ္ဍာန်က ပန်းချီကားပမာ နူးညံ့သိမ်မွေ့သည်။
တချို့မိန်းကလေးများက ပြိုင်ဘက်ကင်းအောင် ချောမောလှပသည့်အပြင် အံ့ဖွယ်ကောင်းသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြသည်။ ဥပမာ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ တူရိယာတီးခတ်ခြင်းနှင့် ကဗျာစာပေများ တတ်ကျွမ်းခြင်း ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ ထိုမိန်းမလှလေးများက ရွှီချင်း၏ အရှေ့မှာ ကြော့ရှင်းလှပစွာ ကပြဖျော်ဖြေနေကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းက ဂီတသံနှင့် စည်းချက်ညီလေရာ ပျော်ရွှင်ဖွယ်ကောင်းသော လေထုက အခန်းထဲမှာ ပြည့်နှက်နေသည်။
ဤသို့ပျော်ရွှင်ဖွယ်ကောင်းသော အခန်းက တစ်စုံတစ်ယောက်အား လက်ရှိပစ္စပ္ပန်ကို မေ့လျော့သွားစေရန် စွမ်းဆောင်နိုင်သည်။ ရွှီချင်းက သူ၏ အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ အိမ်မက်ဆန်သော ခံစားမှုက သူ့အား လွှမ်းခြုံသွားသည်။
ထိုမိန်းမလှလေးများက တိမ်တိုက်များ၏ အနောက်၌ ခမ်းနားထည်ဝါစွာ ပွင့်လန်းနေသော ပန်းပွင့်များနှင် ဆင်တူသည်။
ခန်းမ၏ အပေါ်တွင် ကြည်လင်ရှင်းလင်းသော ကောင်းကင်ရှိပြီး အောက်ဘက်တွင် သလင်းကျောက်ပမာ ကြည်လင်သော ကန်ရေက အနည်းငယ် လှိုင်းထနေသည်။
“ အင်မော်တယ်အရှင်သခင်က ပန်းပေါင်းတစ်ရာနန်းတော်ကို ဖြိုခိုင်းချင်နေတာ မထူးဆန်းတော့ပါဘူး… ”
ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
သခင်လေးအတိုင်း သရုပ်ဆောင်ရန် ပန်းပေါင်းတစ်ရာနန်းတော်သို့ သွားရုံမှလွဲ၍ သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ သူက သခင်လေး၏ နေ့စဉ်ဘဝကို ကိုယ်တိုင်တွေ့ကြုံခံစားရန် လိုအပ်သည်။
သို့သော်လည်း ရွှီချင်းကို ခေါင်းကိုက်စေသည်မှာ သူ၏ ဘေးပတ်ပတ်လည်မှ ပန်းအလှလေးများ မဟုတ်ပေ။ ယင်းအစား သူ့အား လိုင်ချီးသီး ခွံ့ကျွေးနေသော သူ့ဘေးမှ ပန်းနုရောင်မိန်းမပျိုလေး ဖြစ်သည်။
ထိုမိန်းမပျိုလေးက မြေခွေးမိန်းမပျိုလေးမှလွဲ၍ တခြားလူမဟုတ်ပေ။
ပြိုင်ပွဲမှာ ရွှီချင်းအနိုင်ရသွားကတည်းက ထိုမြေခွေးမိန်းမပျိုလေးက ရွှီချင်း၏ အနောက်မှ တကောက်ကောက် လိုက်ပါခဲ့သည်။
“ သခင်လေး… ငါခွံ့ကျွေးတဲ့ လိုင်ချီးသီးက အရသာရှိရဲ့လား ”
ပန်းနုရောင်မိန်းမပျိုလေးက ရှက်ရွံ့သော အမူအရာဖြင့် ပြောသည်။ သူက အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး မဝံ့တဝံ့ ပြောလိုက်ခြင်းဖြစ်လေရာ သူ၏ စကားထဲတွင် မတွန်းလှန်နိုင်သော ညှို့ငင်မှုက ပါဝင်နေသည်။ ယင်းက တစ်စုံတစ်ယောက်၏ နှလုံးသားကို အရည်ပျော်စေနိုင်ပြီး ဝိညာဉ်ကို လွင့်ပါးသွားစေနိုင်သည်။
ရွှီချင်းက စိတ်ထဲမှာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ သူက အဝေးထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ ဘေးမှ မိန်းကလေးကို အာရုံစိုက်လိုက်သည်။ တစ်ဖက်လူက အလှထွဋ်ခေါင်ပန်းပွင့်ပမာ ထွန်းလင်းတောက်ပပြီး ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသော်လည်း နှင်းဆီပန်းသဖွယ် အဆူးအခတ်များ ရှိ၏။
“ ဒီနေရာမှာ မင်းရဲ့ သရုပ်မှန် ထွက်ပေါ်သွားမှာကို မစိုးရိမ်ဘူးလား ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
လက်ရှိ သူက ဝမ်ကူးကုန်းမြေမှ ရွှီချင်းမဟုတ်တော့ပေ။ သူတို့ကြားမှ တိုက်ပွဲစွမ်းအား ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှသည်။
နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး သို့မဟုတ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးနှင့် မတွေ့ဆုံသရွေ့ မည်သူ့ကိုမှ သူမကြောက်ပေ။
ဤရွှံ့မြေခွေးက ပြစ်ချက်မဲ့အဆင့်၏ အထွတ်အထိပ်မှာဖြစ်ပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။ ယင်းက ပြီးပြည့်စုံသော အထွတ်အထိပ် အုပ်ချုပ်သူအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။
ရွှံ့မြေခွေးက အလွန်သန်မာသော်လည်း လက်ရှိ ရွှီချင်းမှာ သူ့ကို ဆန့်ကျင်နိုင်သော ခွန်အားရှိသည်။
အကယ်၍ သူတို့သာ တိုက်ခိုက်မည်ဆိုလျှင် မည်သူက အနိုင်ရမည်ဖြစ်ကြောင်း ပြောရန် ခဲယဉ်းသည်။
“ ဘာလို့ ငါ့ကို အဲ့လိုကြည့်နေတာလဲ… နင့်ကို ကြည့်ရတာ ငါ့ကို ရိုက်ချင်နေတဲ့ပုံပဲ ”
မြေခွေးမိန်းမပျိုလေး၏ မျက်နှာက နီမြန်းသွားသည်။ သူ၏ လည်ပင်းသည်ပင် ပန်းနုရောင်သန်းသွားသည်။ သူက နူးညံ့စွာ ပြောသည်။ ထို့နောက် သူက ခါးကို လှုပ်ယမ်းလိုက်ပြီး မတ်တတ်ရပ်ကာ လုံးဝန်းသော သူ၏ တင်ပါးကို ရွှီချင်းထံသို့ ပြလိုက်သည်။
“ နင်ရိုက်ချင်ရင် ရိုက်ပါ ”
ရွှီချင်း၏ အကြည့်က အေးစက်သွားသည်။
မြေခွေးမိန်းမပျိုလေးက တခစ်ခစ် ရယ်မောလိုက်သည်။
“ နင့်ရဲ့ အေးစက်တဲ့ ပုံစံကို ငါသဘောကျတယ်… ဟုတ်ပါပြီ… နင်ငါ့ကို စိုးရိမ်နေတာမလား ”
“ ဒါပေမဲ့ ငါအပြင်မထွက်လာဘူးဆိုရင် အရမ်းပျင်းနေလိမ့်မယ်… ပြီးတော့ သခင်လေး ငါ့ကို မေ့သွားမှာကို မလိုလားဘူး ”
ရွှီချင်းက စိတ်မယိမ်းယိုင်ဘဲ တည်ငြိမ်စွာ ပြောသည်။
“ အပိုတွေ လျှောက်မပြောနဲ့… မင်းရဲ့ တကယ့်ရည်ရွယ်ချက်ကို မပြောချင်ဘူးဆိုရင် ပါးစပ်ပိတ်နေလိုက်… ဒါပေမဲ့ အတိတ်မှာ မင်းငါ့နောက်ကို မရမက လိုက်ခဲ့တုန်းက ငါပြောခဲ့တဲ့ စကားကို မမေ့သေးဘူးမလား ”
ရွှီချင်းက မြေခွေးမိန်းမပျိုလေးကို ကြည့်လိုက်သည်။
မြေခွေးမိန်းမပျိုလေးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ နင်ဘာအကြောင်းကို ပြောနေတာလဲ… ငါမမှတ်မိဘူး ”
“ ဒါဆိုရင် ငါနင့်ကို ထပ်ပြောမယ်… ဒီနေရာက နတ်ဘုရားတွေကို ပိတ်ပင်တားမြစ်ထားတယ်… ဒီနေရာမှာရှိတဲ့ နတ်ဘုရားအားလုံးက ကျွန်ပြုခံထားရတယ်… တကယ်လို့ သေခြင်းရှင်ခြင်းအခြေအနေနဲ့ နင်ရင်ဆိုင်ရတဲ့အခါ ကိုယ့်ပြဿနာ ကိုယ်ရှင်းပါ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ယင်းကို မြေခွေးမိန်းမပျိုလေး ကြားသည့်အခါ သူက ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။
“ အဲ့ဒါက ကျွန်ပြုရုံလေးပဲ မဟုတ်ဘူးလား… အခု ငါက ကိုယ့်ကိုယ်ကိုယ် နင့်ရဲ့ အစေခံအဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူးလား… အဲ့ဒါက နင်ငါ့ကို ကျွန်ပြုထားတာနဲ့ ဘာကွာခြားလို့လဲ ”
ရွှီချင်းက နှုတ်ဆိတ်သွားပြီး တစ်ဖက်လူကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သူက သခင်လေးအဖြစ် သရုပ်ဆောင်ရန် ဤနေရာသို့ ရောက်လာခြင်းသာ ဖြစ်၏။ သူ့မှာ သူ့ကိုယ်ပိုင်လုပ်စရာ အများကြီး ရှိသေးသည်။
ရွှီချင်းထွက်သွားတော့မည်ကို မြင်သောအခါ မြေခွေးမိန်းမပျိုလေးက မျက်တောင်ခတ်လိုက်ပြီး ညုတုတုအမူအရာဖြင့် ရယ်မောလိုက်သည်။
“ ကောင်းပြီ… ငါနင့်ကို ပြောပြမယ်… ဒီနေရာမှာ ငါထွက်ပေါ်လာတယ်ဆိုမှတော့ ရှာတွေ့မခံရဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့ပေါ့ ”
“ ဘာပဲပြောပြော ဒီဟာက တကယ့်သမိုင်းမဟုတ်ဘူး… ဒီဟာက ဒီအင်မော်တယ်နန်းတော်ရဲ့ မှတ်ဉာဏ်တွေကနေ ပုံရိပ်ပြန်နေတဲ့ ကြေးမုံပုံရိပ်တစ်ခုပဲ ”
“ ဒါပေမဲ့ တကယ်လို့ အဲ့ဒါကို ကောင်းကောင်း စီမံနိုင်မယ်ဆိုရင် ရလာမယ့်အကျိုးအမြတ်တွေက အံ့မခန်းပဲ… ဥပမာ ဒီနေရာမှာ နင်က ဒီကြေးမုံသမိုင်းကို ပြောင်းလဲပြီး အချိန်လှိုင်းတွေကို ဂယက်ထစေနိုင်မယ်ဆိုရင် နင်က အဲ့ဒါရဲ့ တကယ့်အနှစ်သာရကို ကိုယ်တိုင်ဆင်ခြင်နားလည်ပြီး ထိန်းချုပ်နိုင်လိမ့်မယ် ”
“ ငါ့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီအတောအတွင်းမှာ သရုပ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ပဲ… ဒါမှ ဒီကြေးမုံအချိန်လေဟာနယ်ကို ဂယက်ထအောင် နင်ပြုလုပ်လိုက်တဲ့အခါကျရင် ငါ့ရဲ့ သရုပ်ကလည်း တရားဝင်ဖြစ်လာလိမ့်မယ် ”
“ အဲ့ဒီလိုဖြစ်လာတဲ့အခါ ငါက အချုပ်အနှောင်တွေကနေ လွတ်မြောက်သွားလိမ့်မယ်… နောင်ကျရင် အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ စိတ်ဆန္ဒက ငါ့ကို ငြင်းဆန်တော့မှာ မဟုတ်ဘူး ”
“ ဒါပေါ့… သမိုင်းကို ပြောင်းလဲတာ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာက နင့်ရဲ့ လုပ်နိုင်စွမ်းမှာပဲ မူတည်နေတာ မဟုတ်ဘူး… ဒီကြေးမုံသမိုင်းကို ပြောင်းလဲခွင့်ပေးမှာလား မပေးဘူးလားဆိုတဲ့ အင်မော်တယ်ဘုရင်ရဲ့ သဘောထားပေါ်မှာလည်း မူတည်သေးတယ် ”
“ ဟုတ်ပြီ… ငါနင့်ကို အားလုံးပြောပြပြီးပြီ… နင်လုပ်စရာရှိတာ သွားလုပ်ပါ… ငါ့ကို စိတ်ပူပေးစရာ မလိုပါဘူး ”
မြေခွေးမိန်းမပျိုလေးက ဆွဲဆောင်မှုရှိစွာ ပြောသည်။
ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး မြေခွေးမိန်းမပျိုလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ပန်းပေါင်းတစ်ရာနန်းတော်ထဲမှ ထွက်သွားသည်။
သူက ဂျူနီယာမိုးသောက်ခန်းမထဲမှာ လမ်းလျှောက်နေရင်း ရှေ့ဆက် ဘာလုပ်သင့်ကြောင်း စဉ်းစားလိုက်သည်။
“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အပြင်လူဆိုတာ သေချာတယ်… သူက သမိုင်းကြောင်းကို ပြောင်းလဲပစ်တော့မယ့်အချိန် တားဆီးဖို့ ရောက်လာခဲ့တယ်… ”
“ ဒီအတိုင်းဆိုရင် သူနဲ့ငါက ဆန့်ကျင်ဘက်လမ်းကို လျှောက်နေကြတာပဲ ”
“ ပြီးတော့ ဒီနေရာကို ရောက်လာကြတဲ့ ကြယ်ပွင့်တွေဆီမှာ ရည်ရွယ်ချက်ကိုယ်စီရှိတယ်… လီမုန့်တုနဲ့ ကောင်းကင်အရွေးချယ်ခံလီရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ရင် သူတို့ရဲ့ ရည်ရွယ်ချက်က ထင်ရှားတယ်… သူတို့က သမိုင်းကို ပြောင်းလဲဖို့ မျှော်လင့်နေကြတယ် ”
“ ဒီတော့ ဒီနေရာမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားတယ်လို့ ပြောနိုင်တယ် ”
“ တစ်ဖွဲ့က သမိုင်းကို မူလလမ်းကြောင်းအတိုင်း ထိန်းသိမ်းထားချင်တယ်… တခြားတစ်ဖွဲ့ကတော့ သမိုင်းကို ပြောင်းလဲပစ်ချင်တယ် ”
“ အသေးစိတ်ကိုတော့ ငါသေချာမသိသေးဘူး… ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မချခင် နောက်ထပ်အချက်အလက်တွေကို ငါရှာဖွေရမယ် ”
“ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းမှုက မှန်နေမယ်ဆိုရင် သမိုင်းကို ပြောင်းလဲပစ်ချင်တဲ့ လူတွေကို ရှာဖွေပြီး သူတို့ရည်ရွယ်ချက်ကို ရရှိဖို့ တိတ်တဆိတ် ကူညီပေးလိုက်မယ်ဆိုရင် ဒီအချိန်လေဟာနယ်က သေချာပေါက် ဂယက်ထသွားလိမ့်မယ် ”
“ နောက်ဆုံးမှာ လှိုင်းဂယက်က ငါလိုချင်တဲ့ အတိုင်းအတာအထိ မြင့်တတ်သွားလိမ့်မယ် ”
“ ဒါကြောင့် နောက်ငါလုပ်ရမှာက တခြားကြယ်ပွင့်တွေရဲ့ သရုပ်ကို စုံစမ်းစစ်ဆေးဖို့ပဲ ”
ရွှီချင်းက တွေးတောနေစဉ် ကောင်းကင်က တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ယခုက ညအချိန်ဖြစ်ပြီး အာရုဏ်တတ်ရန် သိပ်မလိုတော့ပေ။
ကောင်းကင်ပေါ်မှ လစန္ဒာက ယနေ့ညအတွက် အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်ပေးနေသည်။
ရွှီချင်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ဤသမိုင်းအဖြစ်အပျက်ထဲတွင် သွေးနီရောင်မိုးသောက်အလင်း မရှိသေးပေ။
နေနှင့်လက ဆက်လက် ရှိနေဆဲပင်။
ယင်းက အတိတ်တုန်းက ဝမ်ကူးကုန်းမြေထဲမှ နေနှင့်လနှင့် ဆင်တူသည်။ ဤနေရာမှ နေနှင့်လသည်လည်း ရိုးရှင်းသော ကောင်းကင်ခန္ဓာများ မဟုတ်ကြပေ။ ၎င်းတို့က အံ့ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားသည့် တည်ရှိမှုနှစ်ခု ဖြစ်ကြသည်။
ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ ဤလစန္ဒာကို ‘ ကြည်လင်တဲ့ အလင်းရောင် ’ဟု ခေါ်သည်။
လစန္ဒာက သေးငယ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ငွေရောင်အလင်းက လောကတစ်ခုလုံးကို သာယာအေးချမ်းစွာ ဖြန့်ကြက်ပေးနိုင်သည်။
“ နောက်တစ်လကြာရင်… လက ပျောက်ကွယ်သွားလိမ့်မယ်… နေလည်း အတူတူပဲ ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ အာရုဏ်ဦးက ကျရောက်လာတော့မည်။
ကောင်းကင်ပေါ်မှ လစန္ဒာက ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေစဉ် နေမင်း၏ ပထမဆုံး အလင်းတန်းက အနက်ရောင်မိုးကုပ်စက်ဝိုင်းထဲမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ နေကို ‘ တောက်ပတဲ့ မီးလျှံ ’ဟု ခေါ်သည်။
နေလုံး၏ မျက်နှာပြင်ပေါ်မှာ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့က လွန်စွာ ထွန်းလင်းတောက်ပပြီး ပြင်းထန်သော အပူကို ထုတ်လွှတ်နေကြသည်။
နေလုံး၏ ခွန်အားက အလွန်သန်မာပြီး နွေးထွေးသည်။ ၎င်းက ကြယ်တာရာစက်ဝန်းတစ်ခုလုံးထဲမှ သက်ရှိအားလုံးအတွက် လိုအပ်သော အလင်းနှင့် အပူကို ပေးသည်။
ဤအခိုက်အတန့်မှာ နေလုံးက အပေါ်သို့ မြှောက်တတ်သွားသည်။
ကောင်းကင်က လင်းထိန်သွားသည်။
နံနက်ခင်းအလင်းရောင်က ထွက်ပေါ်လာနေစဉ် ပုံရိပ်တစ်ခုက ထိုအလင်းနှင့်အတူ ချဉ်းကပ်လာနေသည်။
ထိုလူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။
အဖြူရောင်ဝတ်စုံပေါ်မှာ တိမ်တိုက်များကို ဇာပန်းထိုးထားသည်။ သူချဉ်းကပ်လာနေစဉ် သူ၏ ဝတ်စုံမှ အင်္ကျီလက်များက လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ ဤသည်မှာ ယင်းတို့က ဤလောက၏ အရှိန်အဝါနှင့် ပေါင်းစပ်နေသည့်အလားပင်။
သူ၏ အသွင်သဏ္ဍာန်သည်တော့ သာမန်ဖြစ်သလို ထူးခြားသည်ဟုလည်း ဆိုနိုင်၏။ သူ၏ နှာတံက မြင့်ပြီး သူ၏ နှုတ်ခမ်းက တင်းကျပ်စွာ ပိတ်နေသည်။ ဤသည်မှာ သူက မည်သည့်အခါမှ မပြုံးသည့်အလားပင်။
သူ၏ အမူအရာက အေးစက်သည်။ ယင်းက တစ်နှစ်ပတ်လုံး အရည်မပျော်သော နှင်းတောင်ဖြင့် ခိုင်းနှိုင်းနိုင်သည်။ သူက လျှို့ဝှက်ဆန်းကြယ်ပုံပေါ်ပြီး ရှိန်လောက်စရာကောင်းသည်။ ထို့ပြင် မည်သူမှ လျစ်လျူမရှုနိုင်သော ဂုဏ်ကျက်သရေက သူ့ထံမှ ထွက်ပေါ်နေသည်။
သူ၏ မျက်လုံးက ပင်လယ်ပမာ နက်ရှိုင်းပြီး သူ၏ သူငယ်အိမ်ထဲမှာ အေးစက်သော အလင်းရောင်က ထွက်ပေါ်နေသည်။ ဤသည်မှာ သူက လောကထဲမှ အရာမှန်သမျှနှင့် အနှစ်သာရအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
သူက လမ်းလျှောက်နေစဉ် သူ၏ ခြေလှမ်းတိုင်းက အချိန်ပေါ်မှာ ဖြတ်သန်းသွားနေသည့်အလား အလွန်နက်နဲသိမ်မွေ့သော ခံစားမှုကို ပေးသည်။
ယင်းက ရွှီချင်း၏ အရှေ့သို့ သူမရောက်လာခင်အထိ ကြာမြင့်ခဲ့သည်။
“ အဖေ ”
ရွှီချင်းက ခေါင်းငုံ့လိုက်သည်။
ယခု ရောက်ရှိလာသူသည် မိုးသောက်အင်မော်တယ်အရှင်သခင်မှလွဲ၍ တခြားလူမဟုတ်ပေ။
သူက နေရာမှာ ရပ်လိုက်သည်နှင့် သူ၏ အရှိန်အဝါကို နက်ရှိုင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။ ဤသည်မှာ မီးတောင်က အိပ်ပျော်နေသည့်အလားပင်။ အကယ်၍ မီးတောင်က အသက်ဝင်လာမည်ဆိုလျှင် လောကတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
သူ၏ အမူအရာက အေးစက်နေသည်။ ဤသည်မှာ သူက လူသားလောက၏ ပုံရိပ်ယောင်များနှင့် လောကီရေးရာထဲမှ အစောကြီးကတည်းက ရုန်းထွက်နိုင်ပြီးသည့်အလားပင်။ သေမျိုးလောက၏ စိတ်ခံစားချက်များက သူ့အတွက် အနှောင်အဖွဲ့မဟုတ်တော့ပေ။
အေးစက်စက် အသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။
“ ငါမင်းကို တစ်နေရာဆီ ခေါ်သွားမယ် ”
ထိုစကားသံ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ဝေဝါးသွားသည်။ လောကက ပြောင်းပြန်လှည့်ပတ်သွားသည့်အလား အရာအားလုံးက ပြောင်းလဲသွားသည်။
သူက အင်မော်တယ်နန်းတော်ထဲမှာ မရှိတော့ပေ။
ယင်းအစား သူက ရေခဲကန်တစ်ခုပေါ်မှာ ထွက်ပေါ်လာသည်။
“ ငါ့နောက်လိုက်ခဲ့ပါ… အဲ့ဒါက မင်းရဲ့ အဖေအနေနဲ့ နောက်ဆုံး ငါလုပ်ပေးတဲ့အရာပဲ ”
မိုးသောက်အင်မော်တယ်အရှင်သခင်က တည်ငြိမ်စွာ ပြောပြီး အရှေ့သို့ လျှောက်သွားသည်။
ရွှီချင်း၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သို့သော်လည်း သူက ယင်းတို့ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ အနောက်မှ တိတ်တဆိတ် လိုက်သွားသည်။
ဤနေရာမှ ရေခဲကန်က အတော်လေး ထူးခြားသည်။ ရေခဲ၏ မျက်နှာပြင်က ကြေးမုံနှင့် ဆင်တူပြီး ကောင်းကင်ဘုံအလင်းကို အလင်းယိုင်စေသည်။ တစ်ဆက်တည်းမှာ ယင်းက လူသားများ၏ နှလုံးသားကိုလည်း တဖြည်းဖြည်း အလင်းပြန်ပေးသည်။
သို့ဖြစ်၍ သူက လမ်းလျှောက်နေစဉ် ရေကန်က မတူညီသော အလင်းပြန်မှုများကို ပြသလာသည်။
သူ၏ မူလခန္ဓာကိုယ်မှ အလင်းပြန်မှုက ရေကန်ပေါ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းက ရွှီချင်းကို နှလုံးတုန်သွားစေသည်။ သို့သော်လည်း သူ၏ အရှေ့မှ အင်မော်တယ်အရှင်သခင်က ယင်းကို မမြင်တွေ့ပုံပေါ်သည်။ ဤသည်မှာ သူက မည်သည့်မူမမှန်မှုကိုမှ သတိမထားမိသည့်အလားပင်။
ရွှီချင်းက တုံ့ဆိုင်းသွားသည်။ ထို့နောက် သူ၏ အကြည့်က ရေကန်ပေါ်မှ မိုးသောက်အင်မော်တယ်အရှင်သခင်၏ အလင်းပြန်မှုပေါ်သို့ ကျရောက်သွားသည်။
ယင်းကို ရှင်းလင်းစွာ သူမြင်တွေ့သွားသည့်အခိုက် သူ၏ မျက်လုံးက မှေးကျဉ်းသွားသည်။
ရေကန်ပေါ်တွင် ပုံရိပ်ပြန်နေသည်မှာ မိုးသောက်သာဖြစ်သော်လည်း သူ၏ အဝတ်အစားများက အနက်ရောင်ဖြစ်သည်။
ထို့ပြင် သူ၏ အမူအရာက နတ်ဆိုးဆန်မှုဖြင့် ပြည့်နှက်နေပြီး မည်းမှောင်နေသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်သည်။ သူ၏ စိတ်ထဲမှာ အတွေးများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း လမ်းတစ်လျှောက်တွင် အင်မော်တယ်အရှင်သခင်က မည်သည့်စကားမှ မပြောသဖြင့် ရွှီချင်းသည်လည်း နှုတ်ဆိတ်နေလိုက်သည်။
ထိုသို့ဖြင့် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
ရေခဲပြင်ပေါ်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သူ့သားက အရှေ့သို့ ရွေ့လျားနေကြသည်။
ရေခဲပြင်အောက်တွင်တော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် ရွှီချင်း၏ မူလခန္ဓာကိုယ်ပုံရိပ်က ထွက်ပေါ်နေသည်။