← Chapters

အချိန်က နှစ်ခုခွဲထားခြင်း

Vol. 106 Ch. 1627

အချိန်က နှစ်ခုခွဲထားခြင်း

Vol. 106 Ch. 1627

ရေခဲပြင်၏ အပေါ်နှင့် အောက်က သီးခြားကွဲထွက်နေသော လောကနှစ်ခုပမာ တည်ရှိနေကြသည်။

ရေခဲပြင်၏ အပေါ်နှင့် အောက်မှ ပုံရိပ်များက အရှေ့သို့ ဆက်လက် ရွေ့လျားနေကြသည်။

သူတို့အားလုံးက နှုတ်ဆိတ်နေကြသည်။ ယင်းက အဖြူနှင့် အနက်က ဆန့်ကျင်ဘက်ဖြစ်သည်ဟူသော ခံစားမှုမျိုး ပေးသည်။

ယင်းက စကားဖြင့် ဖော်ပြနိုင်သောအရာ မဟုတ်ပေ။

အကြောက်အရွံ့ကင်းမဲ့သော လေပြေသည်သာ ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်း၍ ရေခဲကန်ကို ရိုက်ခတ်သွားသည်။

လေက သူတို့လေးယောက်၏ ဆံပင်ရှည်ကို ပင့်မြှောက်လိုက်သည်။

ပုံရိပ်လေးခုက လေနှင့် ရေထဲမှာ လှုပ်ခါသွားကြသည်။

လမ်းတစ်လျှောက်တွင် မည်သည့်စကားသံမှ မထွက်ပေါ်လာချေ။

အင်မော်တယ်အရှင်သခင်က နှုတ်ဆိတ်နေသကဲ့သို့ ရွှီချင်းသည်လည်း တိတ်ဆိတ်နေသည်။

အချိန်အတော်ကြာပြီးနောက် နေလုံးက ကောင်းကင်ပေါ်သို့ အပြည့်အဝ မြှောက်တတ်သွားပြီး လောကကို ထိန်းလင်းစေသည့်အခါ ရေခဲပြင်သည်လည်း တောက်ပလာသည်။

သားအဖနှစ်ယောက်က ရေခဲကန်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားကြသည်။

ထိုနေရာသို့ ရောက်သည့်အခါ မိုးသောက်အင်မော်တယ်အရှင်သခင်က သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါတို့ရောက်ပြီ… ဒီနေရာက မင်းမရင်းနှီးတဲ့နေရာ မဟုတ်ဘူး ”

ရွှီချင်းက ဤနေရာကို မရင်းနှီးသော်လည်း သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသော သခင်လေး၏ မှတ်ဉာဏ်များအရ ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိသည်။ တစ်ဆက်တည်းမှာ ယင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ကမ်းစပ်ကိုးခု ကောင်းကင်ဘုံလှိုဏ်ဂူ…

ကမ်းစပ်ကိုးခုခေတ်မကုန်မီ တစ်လကြာ လိုနေသေးသည်။ မကြာခင် အဆုံးသတ်တော့မည့် လက်ရှိခေတ်ကို အုပ်ချုပ်နေသော ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အင်မော်တယ်နန်းတော်က ဤနေရာမှာ တည်ရှိသည်။

ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင်၏ အင်မော်တယ်နန်းတော်နှင့် ခြားနားသည်။ လောက၏ အမြင်တွင် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အင်မော်တယ်နန်းတော်က ဤရေခဲကန်ကဲ့သို့ ရိုးရှင်းပုံပေါ်သည်။

နန်းတော်က တောင်တန်းဒေသများကြားမှာ တိတ်တဆိတ် တည်ရှိသည်။ ဤသည်မှာ ယင်းက နှင်းများဖုံးလွှမ်းနေသော ကုန်းမြေပေါ်မှာ နစ်မြုပ်နေသည့် ကျောက်စိမ်းတစ်တုံးနှင့် ဆင်တူသည်။

ကြေးမုံနှင့်ဆင်တူသော ဤရေခဲပြင်ပေါ်မှာ ပုံရိပ်ပြန်နေသည်မှာ အပြာရောင်ကောင်းကင်နှင့် ဘေးပတ်ဝန်းကျင်မှ အဖြူရောင်နှင်းတောင်တန်းများ ဖြစ်သည်။ တစ်ဆက်တည်းမှာ လူသားနှလုံးသား၏ အနက်ပိုင်းထဲ၌ ပုန်းကွယ်နေသော အရာများက ရေကန်၏ အောက်ခြေဆီသို့ နစ်မြုပ်သွားကြသည်။

သို့ဖြစ်၍ ရေခဲပြင်၏ အောက်ဘက်မှ ရေက မရွေ့တရွေ့ စီးဆင်းသွားသည့်အခါ နေ့အချိန်တွင် ထွက်ပေါ်လာသည့် ရေကန်က အိမ်မက်ဆန်သော တံလျှပ်များကို ထုတ်လွှတ်နေသည်။ သိမ်မွေ့နူးညံ့သော အလှတရားများကြားတွင် ရေကန်အောက်မှ နှလုံးသားများက အဆုံးမဲ့သော လျှို့ဝှက်ချက်များအဖြစ် ပြောင်းလဲသွားကြသည်။

ယင်းတို့က ရေကန်ထဲမှာ ပုန်းအောင်းနေကြသည်။

ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အင်မော်တယ်နန်းတော်ကဲ့သို့ပင်။

လျှို့ဝှက်ချက်…

လူတိုင်းမှာ လျှို့ဝှက်ချက်ရှိကြသည်။ သမိုင်းထဲမှ မည်သည့်အပိုင်းအစမဆို လျှို့ဝှက်ဆန်းကြယ်မှုကို သယ်ဆောင်ထားကြသည်။

တောင်တန်းများနှင့် မြစ်ချောင်းများဆီမှာပင် ပြောမပြနိုင်သည့် ပုံပြင်များ ရှိသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲ၌ ပုန်းကွယ်နေသော အမှန်တရားအားလုံး၏ ဇစ်မြစ်က သိမ်းပိုက်ခံထားရပြီးပြီ ဖြစ်၏။

ထိုဇစ်မြစ်က ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်မှလွဲ၍ တခြားမဟုတ်ပေ။ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က လျှို့ဝှက်ချက်အာဏာစက်ကို ပိုင်ဆိုင်ထားပြီး မဟာတာအိုဆီသို့ တတ်လှမ်းရန် ဤလောက၏ လျှို့ဝှက်ချက်များကို သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အဖြစ် တည်ဆောက်ခဲ့သည်။

သို့ဖြစ်၍ တစ်စုံတစ်ယောက်က ဤရေခဲပြင်ပေါ်တွင် လမ်းလျှောက်လိုက်သည့်အခါ သူတို့၏ လျှို့ဝှက်ချက်များက ဤရေခဲပြင်အောက်တွင် ပုံရိပ်ပြန်လာလိမ့်မည်။

ရံဖန်ရံခါ ထူးဆန်းသော ပူဖောင်းများက ရေကန်၏ အနက်ပိုင်းထဲမှ ဖြည်းညင်းစွာ မြှောက်တတ်လာလေ့ ရှိသည်။ ထိုပူဖောင်းများက ရေခဲဖြင့် ထိတွေ့သွားသည့်အခါ ပေါက်ကွဲသွားပြီး ပြီးပြည့်စုံသော စက်ဝိုင်းများကို ချန်ထားခဲ့လိမ့်မည်။

ယင်းတို့က ရေခဲပြင်မှ မထွက်ခွာနိုင်ကြပေ။

ထိုလျှို့ဝှက်ချက်များက ရေခဲပြင်ဖြင့် နက်ရှိုင်းစွာ ချည်နှောင်ခံထားရလိမ့်မည်။

“ ဒူးထောက်စမ်း ”

မိုးသောက်အင်မော်တယ်အရှင်သခင်က တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းက ခေါင်းငုံ့လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။ ထိုစကားက ပဲ့တင်ထပ်သွားသည်နှင့် သူက ရေခဲပြင်ပေါ်မှာ တိတ်တဆိတ် ဒူးထောက်လိုက်သည်။

သူ၏ ဒူးက ရေခဲပြင်နှင့် ထိတွေ့သွားသည့်အခိုက် သက်ပြင်းချသံက နူးညံ့စွာ ပဲ့တင်ထပ်လာသည်။ ထိုအသံက အမည်မသိနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းက ကောင်းကင်မှ ထွက်ပေါ်လာခြင်းလော သို့မဟုတ် ရေကန်အောက်မှ ထွက်ပေါ်လာခြင်းလော ရွှီချင်း မသိပေ။

မိုးသောက်အင်မော်တယ်အရှင်သခင်က တည်ငြိမ်စွာ ပြောသည်။

“ တာအိုအကိုတော်ကမ်းစပ်ကိုးခု… ငါ့ရဲ့ သားမိုက်ကို ဒီနေရာကို ခေါ်လာခဲ့ပြီ ”

“ မိုးသောက်… လူငယ်တွေရဲ့ ကိစ္စမှာ ငါတို့တွေ ဝင်ပါစရာမလိုပါဘူး ”

မိုးသောက်၏ စကားဆုံးသွားသည့်အခါ ရှေးဟောင်းအသံတစ်သံက ရေကန်အောက်မှ ထွက်ပေါ်လာသည်။

ထိုအသံက အက်ရှပြီး ဖော်မပြနိုင်သော ညှိုးငယ်မှုကို သယ်ဆောင်ထားသည်။

ထိုအသံ ပဲ့တင်ထပ်သွားသည့်အခိုက် လှိုင်းဂယက်များက ရေခဲပြင်အောက်မှာ ပျံ့နှံ့သွားသည်။ ရေခဲပြင်ပေါ်မှာ ဒူးထောက်နေသော ရွှီချင်းက ရေကန်အောက်တွင် ဧရာမပုံရိပ်တစ်ခုကို မသဲမကွဲ မြင်သွားသည်။ ၎င်းက နတ်ဘုရားတစ်ပါးသဖွယ် ဖော်မပြနိုင်အောင် ကြီးမားကျယ်ပြောသည်။

၎င်းက အလွန်ကြီးမားလေရာ အဆုံးမရှိသည့်အလားပင်။ ၎င်း၏ မျက်နှာတစ်ခုတည်းက ဤရေကန်၏ ဧရိယာအများစုကို သိမ်းပိုက်ထားသည်။

၎င်း၏ မျက်လုံးက နေရောင်အောက်မှာ ထွန်းလင်းတောက်ပသော ငွေရောင်အလင်းကို ထုတ်လွှတ်နေသည်။

ထိုပုံရိပ်ကို ကြည့်နေရင်း မိုးသောက်အင်မော်တယ်အရှင်သခင်က ခေါင်းယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ ဒီကိစ္စက အစကနေ အဆုံးအထိ… သူ့ရဲ့ ကမ္မပဲ ”

“ ပြီးခဲ့တဲ့နှစ်ဝက်တုန်းက ငါက သူ့ကို ကျင့်ကြံဖို့ ဒီကို စေလွှတ်ခဲ့တယ်… ဒါပေမဲ့ ဒီနှာဘူးကောင်က ကျင့်ကြံမယ့်အစား မင်းရဲ့ သမီးကို လိုက်ပိုးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ… အဲ့ဒီအတွက် ငါတကယ်ပဲ အရှက်ရမိပါတယ် တာအိုအကိုတော် ”

“ ဒါပေမဲ့ ကံကောင်းစွာပဲ သူတို့နှစ်ယောက်ဆီမှာ ခံစားချက်တွေ အပြန်အလှန်ရှိနေပါတယ်… ဒီတော့ အတင်းအကျပ် စေခိုင်းစရာ မလိုတော့ဘူး… သူတို့နှစ်ယောက်ရဲ့ အကျင့်စရိုက်တွေက မတူညီတာကြောင့် အတိတ်မှာ နားလည်မှုလွဲတာတွေ ရှိခဲ့ပါတယ်… ငါတို့က အကြီးအကဲတွေအနေနဲ့ လူငယ်တွေကိစ္စမှာ အများကြီး ဝင်မစွက်ဖက်သင့်ဘူး ”

“ ငါ့သားက အပျော်အပါးနည်းနည်း မက်တယ်ဆိုပေမဲ့ တာဝန်ယူတတ်တဲ့ ယောင်္ကျားတစ်ယောက်ပါ… ဒါကြောင့် ဒီနေ့ ငါက ငါ့သားကို မင်းရဲ့ သမီးကို တရားဝင် လက်ထပ်ခွင့်တောင်းဖို့ ခေါ်ဆောင်လာခဲ့ပါတယ် ”

“ သူတို့နှစ်ယောက် အခုကစပြီး ထာဝရ လက်တွဲမဖြုတ်ဘဲ နေနိုင်သွားဖို့ ငါမျှော်လင့်ပါတယ်… သူတို့ရဲ့ အင်မော်တယ်ခရီးစဉ်မှာ တာအိုလက်တွဲဖော်အဖြစ်သာမကပဲ တာအိုမိတ်ဆွေတွေအဖြစ်လည်း နေနိုင်ကြပါစေ… တစ်နေ့မှာ သူတို့က ငါတို့ရဲ့ မျက်စိအောက်မှာ အင်မော်တယ်တွေဖြစ်လာကြမယ်လို့ မျှော်လင့်ပါတယ်”

“ အဲ့ဒါက လှပတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လိမ့်မယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံက တဖြည်းဖြည်း တိုးညင်းလာပြီး နက်ရှိုင်းလာသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည့်အခါ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ပစ္စည်းလေးခုက လေထဲမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။

“ ဒီဟာက မင်းရဲ့ သမီးကို တင်တောင်းတဲ့ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေပါ ”

“ ပထမတစ်ခုက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အရင်နတ်ဘုရားအရှင်သခင်တွေ ဖြစ်ကြတဲ့ ရိုယင်နဲ့ မုန့်နီရဲ့ နတ်ဘုရားသွေးစက်ပါ… သူတို့သေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဆိုပေမဲ့ အနာဂတ်မှာ သူတို့ပြန်ရောက်လာမယ့် အကြွင်းအကျန်အငွေ့အသက်က ဒီနတ်ဘုရားသွေးစက်ထဲမှာ ပါဝင်ပါတယ်… ပြီးတော့ အဲ့ဒီထဲမှာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေလည်း ပါဝင်ပါတယ် ”

“ ဒီပစ္စည်းက အတိတ်မှာ မင်းလိုက်ရှာဖွေနေခဲ့တဲ့ အရာပဲ… ကံကောင်းစွာပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဲ့ဒါကို ငါရှာတွေ့ခဲ့တယ် ”

မိုးသောက်အင်မော်တယ်အရှင်သခင်က တည်ငြိမ်စွာ ပြောသည်။ သူက စကားကို သာမန်ကာလျှံကာ ပြောနေသော်လည်း အင်မော်တယ်အရှင်သခင်တစ်ပါးကို လိုချင်တပ်မက်စိတ် ဖြစ်ပေါ်စေနိုင်သော ပစ္စည်းက မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ ယင်းအတွက် သေချာပေါက် ကြီးမားသော တန်ဖိုးကို ပေးချေရလိမ့်မည်။

သို့ဖြစ်၍ ထိုပစ္စည်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ရေကန်အောက်မှ ဧရာမမျက်နှာ၏ မျက်လုံးထဲတွင် ငွေရောင်အလင်း ဖြတ်ပြေးသွားသည်။

“ ဒုတိယနဲ့ တတိယပစ္စည်းက ငါ့ရဲ့ ဝိညာဉ်သွေးနဲ့ ပေါင်းစပ်ထားတဲ့ ဗလာကျောက်စိမ်းပြားနှစ်ခုပါ… တာအိုအကိုတော်ကမ်းစပ်ကိုးခုက အခုကစပြီး တစ်လအတွင်းမှာ မင်းဆန္ဒရှိတာကို ကျောက်စိမ်းပြားတစ်ခုပေါ်မှာ ရေးသားလိုက်ပါ… တစ်လကြာပြီးရင် အဲ့ဒါက ငါ့ရဲ့ ချိပ်တံဆိပ်အမိန့်တော် ဖြစ်လာလိမ့်မယ် ”

“ ဒုတိယကျောက်စိမ်းပြားကိုတော့ ရုပ်ဝတ္ထုပစ္စည်းအတွက် အသုံးပြုနိုင်ပါတယ်… ငါ့ရဲ့ အင်မော်တယ်နန်းတော်ထဲကနေ မင်းလိုချင်တဲ့ ပစ္စည်းတစ်ခုကို အဲ့ဒီကျောက်စိမ်းပြားပေါ်မှာ ရေးသားလိုက်ပါ… အဲ့ဒါက ဘာပဲဖြစ်ဖြစ် အဲ့ဒါကို ဘယ်သူပိုင်တာပဲဖြစ်ဖြစ် အဲ့ဒါက ဘယ်သူနဲ့ ကမ္မဆက်နွယ်နေပါစေ နောက်ဆုံးမှာ မင်းအပိုင်ဖြစ်လာရမယ် ”

ရွှီချင်းက စိတ်လှုပ်ရှားသွားသည်။

ပထမပစ္စည်း၏ တန်ဖိုးက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ထို့ပြင် ကျောက်စိ်မးပြားနှစ်ခုထဲမှ ပထမတစ်ခုက အင်ပါယာအမိန့်တော်နှင့် ဆင်တူသည်။

တစ်လကြာပြီးနောက် ကမ်းစပ်ကိုးခုခေတ် ကုန်ဆုံးသွားပြီး မိုးသောက်အင်မော်တယ်အရှင်သခင်က ထီးနန်းတတ်လိမ့်မည်။

နောက်လာမည့် မိုးသောက်ခေတ်တွင် ဗလာဖြစ်နေသော ဤအင်ပါယာအမိန့်တော်က အလွန်အရေးကြီးလိမ့်မည်။

ထို့ပြင် ဒုတိယကျောက်စိမ်းပြားက ကမ်းစပ်ကိုးခုအား မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ မည်သည့်ပစ္စည်းကိုမဆို ယူဆောင်နိုင်စေလိမ့်မည်။ ထို့ပြင် အချိန်က အကန့်အသတ်မရှိပေ။

ဤသို့လက်ဆောင်က အလွန်အမင်း တန်ဖိုးကြီးမားသည်။

ထိုအခိုက်အတန့်မှာ ရေကန်အောက်မှ ကမ်းစပ်ကိုးခုက ပါးစပ်ဖွင့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

သို့သော်လည်း မိုးသောက်အင်မော်တယ်အရှင်သခင်က ဆက်ပြောသည်။

“ စတုတ္ထပစ္စည်းက တန်ဖိုးသိပ်မရှိပါဘူး… အဲ့ဒါက ငါ့သားကို မွေးဖွားခဲ့တဲ့အချိန်ရဲ့ စာလုံးရှစ်လုံးပါပဲ ”

မိုးသောက်အင်မော်တယ်အရှင်သခင်က နူးညံ့စွာ ပြောပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ ထိုအခါ အနီရောင်စာရွက်တစ်ရွက်က လေထဲမှာ ထွက်ပေါ်လာပြီး သူ၏ ဘေးမှာ မျောလွင့်သွားသည်။ စာရွက်ထဲတွင် စာလုံးရှစ်လုံးကို ရေးသားထားသည်။

ရွှီချင်းက စာရွက်ကို လှမ်းကြည့်လိုက်သည်။ ယင်းက အမှန်တကယ်ပင် ဤခန္ဓာကိုယ်ပိုင်ရှင်၏ မွေးဖွားစာရင်းဖြစ်သည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က မထူးမခြားနား လေသံဖြင့် ပြောနေသော်လည်း ရွှီချင်း၏ နှလုံးသားထဲမှာ နက်နဲသိမ်မွေ့သော ဖခင်မေတ္တာက အလိုအလျာက် ထွက်ပေါ်လာသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် မိုးသောက်အင်မော်တယ်အရှင်သခင်က ခေါင်းငုံ့လိုက်ပြီး ရေကန်ကို လေးနက်စွာ ဦးညွတ်လိုက်သည်။

ထိုသို့မင်္ဂလာလက်ဖွဲ့ပစ္စည်းများ၊ ထိုသို့သရုပ်အဆင့်အတန်းနှင့် ဦးညွတ်မှုက…

ကမ်းစပ်ကိုးခုပြောချင်သော စကားများကို သူ၏ လည်ချောင်းမှာတင် တစ်ဆို့သွားစေသည်။ နောက်ဆုံးမှာတော့ သူက သက်ပြင်းချလိုက်လေသည်။

သက်ပြင်းချသံက ပဲ့တင်ထပ်သွားသည့်အခါ မရေမတွက်နိုင်သော ချည်မျှင်များက ရေခဲကန်ထဲမှ မြှောက်တတ်လာကြသည်။

ယင်းတို့က ဤလောက၏ လျှို့ဝှက်ချက်များမှ ဖွဲ့စည်းသွားကြပြီး ဒြပ်ထည်ကင်းမဲ့ကြသည်။ ဤအခိုက်အတန့်မှာ ယင်းတို့က ရေခဲပြင်ကို ဖောက်ထွင်းသွားပြီး အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ ချည်မျှင်များက အတူတကွ စုဝေးသွားသည့်အခါ ယင်းတို့က ဒြပ်ထည်မဲ့သော ပုံရိပ်ကို အစစ်အမှန်အဖြစ် ပြောင်းလဲသွားစေသည်။

နောက်အခိုက်အတန့်မှာ ရေခဲပြင်ပေါ်တွင် သူတော်စင်နှင့်ဆင်တူသော တာအိုဝတ်စုံပြာဝတ် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။

သူက မိုးသောက်၏ အရှေ့မှာ ရပ်လျက် တစ်ဖက်လူကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူက ညာလက်ကို မြှောက်လိုက်ပြီး နတ်ဘုရားသွေးစက်၊ ကျောက်စိမ်းပြားနှစ်ခုနှင့် မွေးဖွားစာရင်းကို သိမ်းဆည်းလိုက်သည်။ သို့သော်လည်း သူက မိုးသောက်အင်မော်တယ်နန်းတော်ထံမှ မည်သည့်ပစ္စည်းကိုမဆို ရယူနိုင်သော ဗလာကျောက်စိမ်းပြားကို ပစ်လွှတ်လိုက်သည်။

ကျောက်စိမ်းပြားက ရွှီချင်းထံသို့ ပျံသန်းသွားသည်။

ရွှီချင်းက ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်သည်။

“ တစ်လကြာပြီးရင် မင်းနဲ့ ငါ့သမီး လက်ထပ်လိမ့်မယ်… အဲ့ဒီအချိန်ကျရင် မင်းရဲ့ သရုပ်က မိုးသောက်သားတော်ပဲ မဟုတ်တော့ဘူး… မင်းက ကမ်းစပ်ကိုးခုရဲ့ သားမက်တော်လည်း ဖြစ်လာလိမ့်မယ် ”

ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က ပြုံးလိုက်သည်။ ဤသည်မှာ သူ၏ ပခုံးပေါ်တွင် ရှိနေသော ဝန်ထုပ်၏ တစ်ဝက်က လျော့ပါးသွားသည့်အလားပင်။ သူက ထိုသို့မပြုံးနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။

သူက သူ၏ အကောင်းဆုံးမိတ်ဆွေဖြစ်သော ကမ်းစပ်ကိုးခုကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းခဲ့ကြပြီး အတူတကွ ကျင့်ကြံခဲ့ကြသည်။ ရန်သူများကိုလည်း အတူတကွ သတ်ဖြတ်ခဲ့ကြသည်။ သူတို့က သေခြင်းရှင်ခြင်းအခြေအနေကို အကြိမ်ပေါင်းများစွာ အတူတကွ ကျော်လွှားခဲ့ကြသည်။ သူတို့ကြားမှ မိတ်ဆွေဆက်ဆံရေးသည် သွေးနှင့် ချွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သူတို့က အခြားတစ်ယောက်အတွက် အသက်စတေးဝံ့ကြသည်။ သူတို့သည် ငယ်စဉ်အခါတုန်းက အကယ်၍ သူတို့မှာ ကလေးများရှိလာသည့်အခါ လိင်တူခဲ့လျှင် သူတို့ကဲ့သို့ တာအိုမိတ်ဆွေများ ဖြစ်လာစေမည်ဟု စနောက်ပြောခဲ့ဖူးသည်။

အကယ်၍ လိင်မတူခဲ့သော် သူတို့ကို တာအိုလက်တွဲဖော် ဖြစ်လာစေမည်။

ထိုအတွေးများက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည့်အခါ မိုးသောက်က ရိုသေလေးစားစွာ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်ပြီး ထွက်သွားသည်။

ရွှီချင်းသည်လည်း ရေခဲပြင်ပေါ်မှ ပြန်မတ်တတ်ရပ်လိုက်သည်။ သူက ကမ်းစပ်ကိုးခုကို အရိုအသေပေးပြီးနောက် မိုးသောက်နှင့်အတူ ထွက်သွားသည်။

ကမ်းစပ်ကိုးခုက နေရာမှာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီး အဝေးသို့ လျှောက်သွားသော ထိုသားအဖနှစ်ယောက်ကို ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

“ မင်းက ကမ္ဘာတုန်လှုပ်စေမယ့် ကိစ္စကြီးကို ဆောင်ရွက်တော့မယ်ဆိုတာ ငါသိတယ်… ”

“ မိုးသောက်… မိုးသောက်… မင်းက အင်မော်တယ်ဘုရင်အတွက် တာဝန်ကျေပွန်တဲ့ သားတစ်ယောက်ဖြစ်တယ်… ဒီကလေးအတွက်လည်း မင်းက ဖခင်ကောင်းတစ်ယောက် ဖြစ်တယ် ”

“ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားက မင်းအတွက်တော့ နက်ရှိုင်းတဲ့ ခါးသီးမှုတွေပဲ ရှိတယ် ”

“ မဟုတ်မှ မင်းက လန်စီကျဆုံးသွားတဲ့ နေ့ကတည်းက ဒီလောကပေါ်မှာ ဘာတွယ်တာမှုမှ မရှိတော့တာလား ”

ကမ်းစပ်ကိုးခုက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး မရေမတွက်နိုင်သော လျှို့ဝှက်ချက်ချည်မျှင်များအဖြစ် ပြန်ပြောင်းလဲသွားကာ ရေခဲကန်အောက်သို့ နစ်မြှုပ်သွားသည်။

…..

ကမ်းစပ်ကိုးခု ကောင်းကင်ဘုံလှိုဏ်ဂူထဲမှ ထွက်သွားပြီးနောက် သူတို့သားအဖနှစ်ယောက်က ဆက်ပြီး လမ်းလျှောက်သွားကြသည်။

လေပြေက မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဆံပင်ကို တိုက်ခတ်သွားသလို ရွှီချင်း၏ နှလုံးသားထဲမှာလည်း လှိုင်းထသွားစေသည်။

သူတို့က တိတ်တဆိတ် လမ်းလျှောက်နေကြသည်။

ယင်းက ပုံရိပ်ယောင်‌လော ရွှီချင်း မသိပေ။ သို့သော်လည်း မိုးသောက်အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်ပေါ်မှ အေးစက်စက် အရှိန်အဝါက လေပြေ၏ တိုက်ခတ်မှုအောက်မှာ တဖြည်းဖြည်း လျော့ပါးသွားနေသည်ဟု သူခံစားမိသည်။

သူတို့ကြားမှ အနေဝေးသော ခံစားမှုသည်လည်း ထိုအေးစက်မှုနှင့်အတူ တိတ်တဆိတ် ပျောက်ကွယ်သွားနေသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ ခေါင်းညိတ်မှု ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူထမ်းပိုးထားသော ဝန်ထုပ်က သိသိသာသာ လျော့ပါးသွားပုံပေါ်သည်။

ယခု သူတို့က အင်မော်တယ်နန်းတော်၏ တည်နေရာဆီသို့ ရွေ့လျားနေကြခြင်း မဟုတ်ပေ။

ယင်းအစား သူတို့က ရွှီချင်းသည်ပင် ရင်းနှီးသော နေရာတစ်နေရာဆီသို့ ဦးတည်သွားနေကြသည်။

မကြာမီ အလွန်ကျယ်ပြောသော ရွှေရောင်သဲပင်လယ်က ရွှီချင်း၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

ယင်းက တကယ့်ပင်လယ်နှင့်ဆင်တူသည်။ သဲပင်လယ်က နေရောင်အောက်မှာ ရွှေရောင်တလက်လက် တောက်ပနေသည်။

ယင်းက အတိတ်မှာ ရွှီချင်း ရောက်ခဲ့ဖူးသော သဲကန္တာရဖြစ်သည်။

သို့သော်လည်း သူရောက်ခဲ့ဖူးသော သဲကန္တာရက ခေတ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး လက်ရှိမျက်မှောက်ခေတ်မှာ တည်ရှိနေသည့်အရာ ဖြစ်သည်။ ယခု သူက ဟိုးလွန်ခဲ့သော အတိတ်ကာလမှ သဲကန္တာရကို ရောက်ရှိသွားခြင်း ဖြစ်သည်။

ထိုနှစ်ခုကို ခွဲခြားထားသည်မှာ သဲကန္တာရ၏ နာမည်ဖြစ်သည်။

အချိန်က ထိုနှစ်ခုကို ခွဲခြားထားသည်။

“ မင်းငယ်ငယ်တုန်းက ငါ့ကို မင်းအမေးအများဆုံးက မင်းရဲ့ အမေအကြောင်းပဲ ”

အချိန်ကန္တာရပေါ်မှာ လမ်းလျှောက်သွားနေစဉ် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ၏ အင်မော်တယ်အရှိန်အဝါကို ဆုံးရှုံးသွားဟန် ရ၏။ ဤကန္တာရက သူ့အတွက် အလွန်ထူးခြားသော အဓိပ္ပာယ်ရှိကြောင်း ထင်ရှားသည်။

ထို့ကြောင့် ဤနေရာသို့ ပြန်ရောက်လာသည့်အခါ သူ၏ တည်ရှိမှုက အချိန်စီးဆင်းမှုနှင့် ပေါင်းစပ်သွားသည်။ ဤသည်မှာ သူက ဤစက္ကန့်ပိုင်းလေးအတွင်းမှာ နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်ကာလကို ထိတွေ့လိုက်သည့်အလားပင်။

သူက လမ်းလျှောက်နေရင်း နူးညံ့စွာ ပြောသည်။

“ အတိတ်မှာ မင်းရဲ့ အမေအကြောင်းကို အများကြီး ငါမပြောခဲ့ဘူး ”

“ အခု မင်းက အရွယ်ရောက်လာပြီး ဇနီးရတော့မယ်… ဒါကြောင့် မင်းကို ငါဒီခေါ်လာခဲ့တာ ”

“ ဒီနေရာက မင်းအမေရဲ့ အသက်ဝိညာဉ်ရတနာ လွင့်ပြယ်သွားခဲ့တဲ့ နေရာပဲ… ပြီးတော့ ဒီနေရာက ဒီလောကထဲမှာ သူ့ရဲ့ အကြွင်းအကျန် တည်ရှိနေတဲ့ တစ်ခုတည်းသော နေရာပဲ ”

အင်မော်တယ်အရှင်သခင်က နူးညံ့စွာ ပြောသည်။

All Chapters