← Chapters

လျှို့ဝှက်ကြံစည်သူ၏ နည်းလမ်းများ

Vol. 106 Ch. 1629

လျှို့ဝှက်ကြံစည်သူ၏ နည်းလမ်းများ

Vol. 106 Ch. 1629

ညအချိန် ဂျူနီယာမိုးသောက်ခန်းမက လင်းထိန်နေသည်။

ရွှီချင်းက လမ်းလျှောက်နေရင်း ယနေ့ မိုးသောက်အင်မော်တယ်အရှင်သခင်နှင့်အတူ သူတွေ့ကြုံခဲ့သော အရာအားလုံးကို ပြန်တွေးလိုက်သည်။

လမ်းတစ်လျှောက်တွင် မိုးသောက်အင်တော်တယ်အရှင်သခင်၏ သရုပ်က အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ ဤနေရာမှ သူထွက်သွားသည့်အချိန်တုန်းက သူက အင်မော်တယ်နန်းတော်၏ အရှင်သခင်ဖြစ်သည်။

ကမ်းစပ်ကိုးခု ကောင်းကင်ဘုံလှိုဏ်ဂူဆီသို့ ရောက်သွားသည့်အခါ သူက အဖေတစ်ယောက် ဖြစ်လာသည်။

အချိန်သဲကန္တာရထဲတွင် သူက ဇနီးသည်ကို ဆုံးရှုံးသွားသည့် အထီးကျန်ယောင်္ကျားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

အမှောင်ထု မကျရောက်လာခင် အင်မော်တယ်နန်းတော်ဆီသို့ ပြန်သွားသည့်အခါ သူက အင်မော်တယ်အရှင်သခင်အဖြစ် ပြန်ပြောင်းလဲသွားသည်။

ဤမတိုင်ခင် ရွှီချင်းအတွက်တော့ မိုးသောက်အင်မော်တယ်အရှင်သခင်က သင်္ကေတတစ်ခုထက် မပိုပေ။

ဒုတိယအလွှာမှ ကောင်လေးက သူ့ကိုယ်သူ မိုးသောက်အင်မော်တယ်အရှင်သခင်၏ နောက်ဆုံးအသိစိတ်အမျှင်တန်းဟု ပြောခဲ့သော်လည်း ရွှီချင်းက ယင်းကို အစကတည်းက အပြည့်အဝ မယုံကြည်ခဲ့ပေ။

သို့ဖြစ်၍ မိုးသောက်အင်မော်တယ်အရှင်သခင်၏ နာမည်က သူ့အတွက် နာမည်တစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ဤခရီးစဉ်မှာ သရုပ်ပြောင်းလဲသွားမှုနှင့် ကွဲပြားခြားနားသော အဖြစ်အပျက်များက ထွက်ပေါ်လာသည့်အခါ မိုးသောက်အင်မော်တယ်အရှင်သခင်၏ ပုံရိပ်က ရွှီချင်း၏ စိတ်ထဲမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး အရောင်အသွေးရှိလာသည်။

“ သူက တစ်လကြာပြီးရင် ဘာဖြစ်မယ်ဆိုတာ ကြိုခန့်မှန်းထားတယ်… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သို့မဟုတ်လျှင် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့ကို ကမ်းစပ်ကိုးခု၏ လက်ထဲသို့ အပ်နှံသွားခဲ့လိမ့်မည်မဟုတ်သလို အချိန်ကန္တာရထဲမှာ တာဝန်တစ်ခု ပေးအပ်ခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ထိုသို့နားလည်သွားခြင်းက ကြီးမားသော သံသယကို ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာစေသည်။

“ မိုးသောက်အင်မော်တယ်အရှင်သခင် ပိုင်ဆိုင်ထားတဲ့ အချိန်လေဟာနယ်အာဏာစက်က နက်ရှိုင်းတဲ့ အဆင့်ထိ ရောက်နေပြီ… ဒီတော့ သူက အနာဂတ်ကို ကြိုသိထားတာက ထူးဆန်းတဲ့အရာ မဟုတ်ဘူး ”

“ ဒါပေမဲ့ တစ်လကြာပြီးတဲ့အခါ အင်မော်တယ်ဘုရင်က ဘာအကြောင်းကိစ္စကြောင့် အင်မော်တယ်နန်းတော်ကို တိုက်ခိုက်ရတာလဲ ”

“ အဲ့ဒါက သမိုင်းထဲမှာ ရေးထားသလို တကယ်ပဲ ပုန်ကန်မှုလား ”

“ ပြီးတော့ ဘာကြောင့် ငါက မိုးသောက်ကို ညဘက်မှာ မမြင်နိုင်တာလဲ… အဲ့ဒါက ရေခဲကန်အောက်မှာ ငါမြင်တွေ့ခဲ့တဲ့ အနက်ရောင်ပုံရိပ်နဲ့ ဆက်စပ်နေမလား ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

“ ပြီးတော့… သူက ဒီလောက် အစီအစဉ်တွေ ပြုလုပ်ထားပြီး သူ့သားကို ကမ်းစပ်ကိုးခုဆီမှာ အပ်နှံခဲ့တာတောင် သခင်လေးက ဘာဖြစ်လို့ တစ်လကြာပြီးတဲ့နောက် သေဆုံးသွားခဲ့ရတာလဲ ”

“ ဒါ့အပြင် အင်မော်တယ်နန်းတော်ထဲက လူတိုင်းက အသတ်ခံရတယ် ”

“ ဘာလို့ အင်မော်တယ်ဘုရင်က ဒီအင်မော်တယ်နန်းတော်ထဲက သက်ရှိအားလုံးကို ဖျက်ဆီးပစ်ခဲ့တာလဲ… ”

“ သူက သက်ရှိတွေကို သတ်ပစ်ခဲ့ပေမဲ့ ဘာဖြစ်လို့ နန်းတော်ကိုတော့ ချန်ထားခဲ့တာလဲ… ”

သံသယများစွာက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ယင်းတို့မှာ အဖြေမရှိပေ။

“ တစ်လကြာပြီးရင် အားလုံးကို ငါသိရလိမ့်မယ် ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး လစန္ဒာကို ကြည့်လိုက်သည်။ ထို့နောက် သူက အဓိကခန်းမဆောင်ဆီသို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

သူက မိုးသောက်အင်မော်တယ်အရှင်သခင်နှင့်ပတ်သက်ပြီး နောက်ထပ် ဘာမှမစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူက ဤစတုတ္ထအလွှာထဲ၌ အချိန်လေဟာနယ်အား ဂယက်ထအောင် မည်သို့လုပ်ရမည်ကို စဉ်းစားလိုက်သည်။

တခြားလူများ၏ အမြင်တွင် ဤအချိန်လေဟာနယ်က လူများနှင့် မြင်ကွင်းများသာ ဖြစ်သည်။

သို့သော်လည်း ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်အောက်တွင် သူ့အမြင်က တခြားလူများနှင့် လုံးဝကွဲပြားခြားနားသည်။

သူ၏ စိတ်အာရုံထဲတွင် ဤအချိန်လေဟာနယ်က အေးခဲနေသော ရေကန်နှင့် ဆင်တူသည်။

ဤရေကန်ထဲမှ ရေက ငြိမ်သက်ပြီး မည်သည့်လှိုင်းဂယက်မှ မရှိပေ။ သို့ဖြစ်၍ ရေကန်ထဲမှာ လှိုင်းဂယက်များ ထွက်ပေါ်လာစေရန် အလွန်ခက်ခဲသည်။ လှိုင်းလုံးများ ထွက်ပေါ်လာရန်တော့ မဖြစ်နိုင်လုနီးပါးပင်။

ယင်းကို ရွှီချင်းက သူ၏ အချိန်လေဟာနယ်အာဏာစက်တစ်ခုတည်းဖြင့် တိုက်ရိုက် မလှုပ်ခါပစ်နိုင်ပေ။

“ ဒီတော့… ပြင်ပပစ္စည်းတွေကို ငါလိုအပ်တယ်… ကျောက်ခဲတုံးတွေကို ရေကန်ဆီ တစ်တုံးပြီးတစ်တုံး ပစ်ပေါက်တာက ငြိမ်သက်နေတဲ့ ရေကန်ကို လှိုင်းဂယက်ထစေဖို့ အကောင်းဆုံးပဲ… ”

ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

…..

အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

အမှောင်ညထဲတွင် သီချင်းသံနှင့် ညုတုတု ရယ်မောသံက ပန်းပေါင်းတစ်ရာနန်းတော်ထံမှ ပျံ့လွင့်လာသည်။

ထိုအသံက အမှောင်ညထဲသို့ ရောယှက်သွားပြီး အဝေးသို့ လွင့်မျောသွားသည်။

အဓိကခန်းမဆောင်ထဲမှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည်ပင် ထိုအသံကို ရေးတေးတေး ကြားနေရသည်။

အထူးသဖြင့် မြေခွေးမိန်းမပျိုလေး၏ ညုတုတုရယ်သံဖြစ်သည်။

ရွှီချင်း အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြေခွေးမိန်းမပျိုလေးက အလွန်ပျော်ရွှင်နေကြောင်း ထင်ရှားသည်။

ယင်းက အာရုဏ်မတတ်ခင်အထိ ကြာမြင့်ခဲ့သည်။

နေထွက်လာပြီးနောက် နေရောင်ခြည်က လောကအနှံ့သို့ ဖြန့်ကြက်သွားသည်။

အသံများ ပျောက်ကွယ်သွားသည်နှင့် အသစ်ထွက်ပေါ်လာသော အသံက ခန်းမ၏ အပြင်ဘက်မှ ပျံ့လွင့်လာသည်။

“ ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်လေး ”

ထိုအသံ ပျံ့လွင့်လာသည်နှင့် ကျုံးချီ၏ ပုံရိပ်က ထွက်ပေါ်လာသည်။

သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားပြီး ခန်းမထဲသို့ ခြေချလိုက်သည်။ ထို့နောက် သူက အတွေးများနေသော ရွှီချင်းကို အရိုအသေပေးလိုက်သည်။ သူက မနေ့ကတစ်နေ့လုံး ဤသခင်လေးကို မမြင်မိချေ။

သူက ဂျူနီယာမိုးသောက်ခန်းမတစ်ခုလုံးမှာပင် ရှာဖွေကြည့်ခဲ့သည်။

ယင်းက သူ့အား စူးစမ်းလိုစိတ်တချို့ကို ဖြစ်ပေါ်စေသည်။ မနေ့က သခင်လေးက မည်သည့်နေရာသို့ ထွက်သွားခဲ့ကြောင်း သူမသိပေ။

သူက ဤသမိုင်းအဖြစ်အပျက်ကို သိထားသော်လည်း ယင်းက ယေဘုယျနားလည်မှုမျှသာ ဖြစ်သည်။ သူက အားလုံးကို အသေးစိတ် မသိထားပေ။ သို့ဖြစ်၍ နန်းတော်ထဲမှာ နေ့တိုင်း မည်သို့ဖြစ်ပျက်နေကြောင်း သူသိရန် မဖြစ်နိုင်ပေ။

“ မင်းနှုတ်ဆက်တာ နောက်ကျတယ်… ငါမနေ့ညကတည်းက ပြန်ရောက်နေတာ ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကျုံးချီကို ကြည့်လိုက်သည်။

ယင်းကို ကျုံးချီကြားသောအခါ သူက ဂရုတစိုက် မေးသည်။

“ သခင်လေး… မင်း မနေ့က… ”

ရွှီချင်း၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူက ကျုံးချီ၏ သံသယများကို မရှင်းလင်းချင်ပေ။ ယင်းအစား သူက မတ်တတ်ရပ်လိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

“ ကျမ်းစာလွှဲပြောင်းအဆောင်ဆီ သွားမလို့ ငါ့နောက်က လိုက်ခဲ့ပါ ”

ရွှီချင်းက စကားပြောပြီးနောက် အဓိကခန်းမဆောင်ထဲမှ ထွက်သွားသည်။

ဤအချိန်လေဟာနယ်ထဲသို့ ရောက်လာသည့်အချိန်ကတည်းက ရွှီချင်းသည် အင်မော်တယ်နန်းတော်၏ ကျမ်းစာလွှဲပြောင်းအဆောင်ဆီသို့ သွားရောက်ချင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤခေတ်၏ မန္တန်များကို သူလေ့လာကြည့်ချင်သည်။

ယင်းကို ကျုံးချီကြားသောအခါ သူက အနောက်မှ အမြန်လိုက်သွားသည်။

နံနက်စောစောအချိန်တွင် ရွှီချင်း၏ ပုံရိပ်က အင်မော်တယ်နန်းတော်ထဲမှာ ကြော့ရှင်းတင့်တယ်စွာ လမ်းလျှောက်နေသည်။

လမ်းတစ်လျှောက်တွင် ရွှီချင်းနှင့် တွေ့ဆုံသော မည်သူမဆို သူ့အား အရိုအသေပေးရသည်။ သူတို့က ဤမိုးသောက်သားတော်ကို သူတို့၏ နှလုံးသားထဲ၌ အထင်မကြီးသော်လည်း မည်သို့ဖြစ်ပါစေ တစ်ဖက်လူ၏ သရုပ်အဆင့်အတန်းက သူတို့လျစ်လျူရှုနိုင်သောအရာ မဟုတ်ပေ။

သူ့အနောက်မှ လိုက်သွားသော ကျုံးချီက တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။

ကျမ်းစာလွှဲပြောင်းအဆောင်က သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ကျုံးချီ… အခုတလော မင်းရဲ့ အမူအကျင့်က အရင်ကနဲ့ နည်းနည်း ကွဲပြားနေသလိုပဲ ”

ထိုစကားက ကျုံးချီ၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူက ချက်ချင်း သတိထားလိုက်သည်။ သို့သော်လည်း အပြင်ပန်းမှာတော့ သူက ပေါကြောင်ကြောင် ရယ်မောလိုက်သည်။

“ သခင်လေးက တကယ်ပဲ အမြင်စူးရှပါပေတယ်… ငါမျှော်လင့်ထားသလိုပဲ ငါ့ခေါင်းထဲမှာ တစ်ခုခုရှိနေတဲ့အခါတိုင်း အဲ့ဒါကို မဖုံးကွယ်နိုင်ဘူး… ဖုံးကွယ်ဖို့ ကြိုးစားလိုက်တာနဲ့ ငါ့ရဲ့ မူမမှန်မှုကို သခင်လေးက အကြည့်တစ်ချက်တည်းနဲ့ မြင်နိုင်ပါတယ် ”

“ ဘာကိစ္စလဲ ”

ရွှီချင်းက တည်ငြိမ်စွာ မေးသည်။

ကျုံးချီက အလျင်စလို ပြောသည်။

“ အဲ့ဒါက ကောင်းကင်အရွေးချယ်ခံလီပါ ”

“ သခင်လေး… ဒီဟာက ငါမကျေနပ်လို့ ပြောတာ မဟုတ်ပါဘူး… ဒါပေမဲ့ ကောင်းကင်အရွေးချယ်ခံလီက တကယ် အရှက်မရှိတဲ့ကောင်ပါ ”

“ သခင်လေးက မနေ့က သူ့ကို သားရဲဥယျာဉ်မှာ နှစ်တစ်ရာတာဝန်ထမ်းဆောင်ဖို့ ပြောခဲ့တယ်မဟုတ်လား… ဒါပေမဲ့ သူက သားရဲဥယျာဉ်ဆီ မသွားတဲ့အပြင် ပုန်းအောင်းနေပါသေးတယ်… အကယ်ဒမီထဲမှာတောင် သူ့ကို ရှာမတွေ့ပါဘူး ”

ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက လုံးဝ မပြောင်းလဲသွားချေ။ သူက ခေါင်းလှည့်လိုက်ပြီး ကျုံးချီကို ကြည့်လိုက်သည်။

“ ငါ့ကို အကျဉ်းချုပ်ပြောပါ ”

သူ၏ အကြည့်က ကျုံးချီကို နှလုံးတုန်သွားစေသည်။ အမှန်မှာ သူက ဤကိစ္စကို စုံစမ်းစစ်ဆေးပြီးပြီ ဖြစ်သည်။ သူက ယင်းကို ချက်ချင်း မပြောခဲ့ခြင်းမှာ ဤကိစ္စနှင့်ပတ်သက်ပြီး သခင်လေး၏ သဘောထားကို စူးစမ်းချင်သောကြောင့် ဖြစ်သည်။ သခင်လေး၏ တုံ့ပြန်ပုံကိုလည်း သူက မြင်တွေ့ချင်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ ကျုံးချီက နှလုံးတုန်သွားသည်။ သူက နောက်ထပ် မဖုံးကွယ်ဝံ့တော့ချေ။

“ ကောင်းကင်အရွေးချယ်ခံလီက အကယ်ဒမီကို ပြန်ရောက်သွားပြီးနောက် အကယ်ဒမီက ဆရာတစ်ယောက်နဲ့ ပြဿနာဖြစ်ခဲ့တယ်လို့ ငါကြားပါတယ် ”

“ အဲ့ဒီဆရာက သူ့ကို သုံးလတံခါးပိတ်ကျင့်ကြံဖို့ အပြစ်ပေးလိုက်ပါတယ် ”

ကျုံးချီက တိုးညင်းစွာ ပြောသည်။

သူက ရွှီချင်းကို ထိုအကြောင်း ပြောရခြင်းမှာ သူ့ကိုယ်ပိုင် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ကောင်းကင်အရွေးချယ်ခံလီက သူ့ကဲ့သို့ အပြင်လူဖြစ်ရန် ရာခိုင်နှုန်းများကြောင်း သူပြောနိုင်သည်။ သူက တစ်ဖက်လူ၏ သရုပ်ကို သေချာမသိသော်လည်း တစ်ဖက်လူက သမိုင်းကို ပြောင်းလဲရန် ကြိုးစားခဲ့ကြောင်း သူပြောနိုင်သည်။

ယင်းက သူ၏ ရည်ရွယ်ချက်နှင့် ဆင်တူသည်။

သို့ဖြစ်၍ ယေဘုယျအားဖြင့်ဆိုရလျှင် တစ်ဖက်လူ၏ အစီအစဉ်အောင်မြင်ရန် သူမျှော်လင့်သည်။ သို့မှသာ ယင်းကို သူ့ကိုယ်ပိုင်လမ်းစဉ်မှာ မှီငြမ်းကိုးကားနိုင်လိမ့်မည်။

ကောင်းကင်အရွေးချယ်ခံလီက သမိုင်းကို အမှန်တကယ် ပြောင်းလဲခဲ့သည်။ မူလသမိုင်းတွင် သူက သခင်လေးကို ရှုံးနိမ့်သွားပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။ သို့သော်လည်း ဤအချိန်လေဟာနယ်ထဲတွင် သူက တံခါးပိတ်ကျင့်ကြံရမည့်အစား သားရဲဥယျာဉ်ထဲမှာ နှစ်တစ်ရာတာဝန်ထမ်းဆောင်ရန် ဖြစ်လာခဲ့သည်။

သို့သော်လည်း တစ်စုံတစ်ယောက်က ယင်းကို ဝင်နှောင့်ယှက်ခဲ့ပြီး အားလုံးကို မူလသမိုင်းကြောင်းဆီသို့ ပြန်တည့်မတ်စေခဲ့သည်။

သမိုင်းထဲတွင် ကောင်းကင်အရွေးချယ်ခံလီ တံခါးပိတ်ကျင့်ကြံသို့ ဝင်ရောက်သွားခဲ့သည့်အချိန်က ယခုအချိန် ဖြစ်သည်။

တစ်ခုတည်းသော ခြားနားမှုက တံခါးပိတ်ကျင့်ကြံရသည့် အကြောင်းအရင်းဖြစ်သည်။ မည်သို့ဖြစ်ပါစေ ရလဒ်က အတူတူဖြစ်သည်။

ဝင်ရောက်နှောင့်ယှက်ခဲ့သူနှင့်ပတ်သက်၍ ပထမဆုံး ကျုံးချီစဉ်စားမိသည့်လူက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင် ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူ၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ သို့ဖြစ်၍ သူက ကြီးမားသော အားသာချက်ကို ရရှိထားသည်။

ဤတစ်ကြိမ်တွင် သူက ကောင်းကင်အရွေးချယ်ခံလီကို ကျရှုံးစေခဲ့သည်။ သို့ဖြစ်၍ နောက်တစ်ကြိမ်တွင် သူက ကျုံးချီကို ကျရှုံးစေရန်လည်း လုပ်ဆောင်နိုင်လိမ့်မည်။

သို့ဖြစ်၍ ကျုံးချီက သခင်လေးကို အသုံးပြု၍ သမိုင်းကြောင်းကို ပြောင်းလဲပစ်ရန် ကြိုးစားကြည့်ချင်သည်။

အကယ်၍ တကယ့်သခင်လေးဆိုလျှင် သူက ထိုအတွေးများကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့မှာ အရေးကြီးသော သတင်းအချက်အလက်များ မရှိပေ။ သို့သော်လည်း ရွှီချင်းသည်တော့ ဤအကြောင်းကို ကောင်းမွန်စွာ နားလည်သည်။

‘ လီမုန့်တုက ငါ့ကို အသုံးချချင်နေတာပဲ ’

‘ ကောင်းကင်အရွေးချယ်ခံလီနဲ့ပတ်သက်ပြီး သမိုင်းကြောင်းက လုံးလုံး အမှန်ဖြစ်သွားတာမဟုတ်ပေမဲ့ အနည်းဆုံးတော့ ဒီသမိုင်းအဖြစ်အပျက်ထဲမှာ သမိုင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားတယ် ’

‘ စတုတ္ထစီနီယာအကိုနေရာမှာ သရုပ်ဆောင်နေတဲ့ လူက ဉာဏ်များပြီး ဝှက်ဖဲတချို့ကို ပိုင်ဆိုင်ထားတဲ့ပုံပဲ ’

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

အမှန်မှာ သူနှင့် တစ်ဖက်လူက ကောင်းကင်အရွေးချယ်ခံလီ၏ ကိစ္စနှင့်ပတ်သက်၍ ပညာဖလှယ်ခဲ့ကြသည်။

ကိုယ်ပိုင်အောင်မြင်မှုနှင့် ရှုံးနိမ့်မှုက သူတို့နှစ်ယောက်စလုံးဆီမှာ ရှိသည်။

‘ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ငါဝင်စွက်ဖက်ဖို့ မသင့်တော်ဘူး… ငါ့ရဲ့ စစ်တုရင်အရုပ်ကို ကောင်းကင်အရွေးချယ်ခံလီပေါ်မှာ နေရာရွှေ့ထားပြီးပြီ… အခုချက်ချင်း အမိန့်ထုတ်ပြန်ဖို့က ငါ့အတွက် မလိုအပ်ဘူး ’

‘ ဘာပဲပြောပြော ငါ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတာက ကြီးမားတဲ့ ဝှက်ဖဲတစ်ခုပဲ ’

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီးနောက် ကျမ်းစာလွှဲပြောင်းအဆောင်ဆီသို့ လျှောက်သွားသည်။

မကြာမီ သူက ခန်းမအဆောင်ထဲသို့ ဝင်ရောက်သွားပြီး အထဲမှ ကျောက်စိမ်းပြားများကို လှန်လှောဖတ်ရှုလိုက်သည်။

‘ ငါ့ရဲ့ သရုပ်က အရမ်းအရေးကြီးတယ်… ဒါ့အပြင် ငါ့ရဲ့ စစ်ဆေးလေ့လာမှုတွေအရ ကျုံးချီ၊ ကောင်းကင်အရွေးချယ်ခံလီ၊ ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ရဲ့ သမီးတော်နဲ့ စတုတ္ထစီနီယာအကို… သူတို့ထဲက ဘယ်သူမှ ငါ့ရဲ့ သရုပ်ကို သံသယမဖြစ်ကြဘူး ’

‘ ကြည့်ရတာ သူတို့အားလုံးက မိုးသောက်သားတော်ရဲ့ သရုပ်ကို ဘယ်သူမှ မပိုင်ဆိုင်နိုင်ဘူးလို့ နားလည်ထားကြတဲ့ပုံပဲ ’

‘ ဒါ့အပြင် ခြေလှမ်းဝက်အင်မော်တယ်တွေနဲ့ အာဏာစက်ရှိတဲ့လူတွေ ဒါမှမဟုတ် အာဏာစက်ဓမ္မရတနာ ရှိတဲ့လူတွေပဲ စတုတ္ထအလွှာဆီ ဝင်ရောက်နိုင်ကြတယ် ’

‘ ဒီအတိုင်းသာဆိုရင် ငါရှာတွေ့ထားတဲ့ အပြင်လူတချို့အပြင် ဒီအင်မော်တယ်နန်းတော်ထဲမှာ နောက်ထပ် ပုန်းအောင်းနေတဲ့ အပြင်လူလေးငါးယောက်လောက် ထပ်ရှိဦးလိမ့်မယ် ’

‘ သူတို့ထဲက တချို့က ကောင်းကင်အရွေးချယ်ခံလီလို သမိုင်းကို ပြောင်းလဲပစ်ဖို့ ဆန္ဒရှိကြလောက်တယ် ’

‘ အဲ့ဒီလူတွေက ဒီငြိမ်သက်နေတဲ့ ရေကန်ကို လှိုင်းထအောင် ပြုလုပ်မယ့် ငါ့ရဲ့ ကျောက်ခဲတုံးတွေပဲ ’

ရွှီချင်းက သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး အခြားတစ်နေရာသို့ လျှောက်သွားသည်။ ထို့နောက် သူက နောက်ထပ် ကျောက်စိမ်းပြားအသစ်တစ်ခုကို ကောက်ယူလိုက်ပြီး အထဲမှ မန္တန်ကို စစ်ဆေးကြည့်ကာ ဆက်လက် တွေးတောလိုက်သည်။

‘ အဲ့ဒီတော့ ဒီဟာကို ကစားပွဲတစ်ခုလို့ မြင်နိုင်တယ် ’

‘ စတုတ္ထစီနီယာအကိုက ပုန်ကန်မှုတွေကို ဖိနှိပ်ဖို့ ကြိုးစားလိမ့်မယ်… ငါကတော့ ပုန်းအောင်းနေတဲ့ လူတွေကို ရှာဖွေပြီး သူတို့ရဲ့ ပုန်ကန်မှုတွေကို တိတ်တဆိတ် ကာကွယ်ပေးရလိမ့်မယ်… တစ်ချိန်တည်းမှာ အဲ့ဒီကျောက်ခဲတုံးတွေက သူတို့ကိုယ်သူတို့ ကာကွယ်ရလိမ့်မယ် ’

‘ ကောင်းကင်အရွေးချယ်ခံလီ ကျရှုံးသွားတာက သူက နည်းနည်း စိုးရိမ်ကြောင့်ကြနေလို့ပဲ… ပြီးတော့ အဲ့လိုဖြစ်ရတာက သူ့ရဲ့ သရုပ်ကြောင့်ဆိုလည်း ဟုတ်တယ်… တကယ်လို့ အတိတ်မှာ သူက အဲ့လိုမလုပ်ခဲ့ဘူးဆိုရင် အခွင့်အရေးတစ်ခုတောင်ရခဲ့မှာ မဟုတ်ဘူး ’

‘ ဒါပေမဲ့ အဲ့ဒီလူတွေက သူတို့ကိုယ်သူတို့ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားကြတယ်… ဒီတော့ သူတို့ကို ရှာဖွေဖို့က ငါ့အတွက် လွယ်ကူတဲ့အရာ မဟုတ်ဘူး ’

‘ ဒါဆိုရင် စတုတ္ထစီနီယာအကိုက သူတို့ကို ဘယ်လိုရှာဖွေလဲ ’

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

တဖြည်းဖြည်း ညနေခင်းအချိန်သို့ ရောက်ရှိသွားသည်။

သူက ကျောက်စိမ်းပြားများကို စစ်ဆေးနေရင်း တွေးတောနေလေရာ အချိန်မည်မျှကုန်ဆုံးသွားကြောင်း သတိမထားမိခဲ့ပေ။

နေဝင်တော့မည့်အချိန် ရွှီချင်းက ကျမ်းစာလွှဲပြောင်းအဆောင်ထဲမှ ပြန်ထွက်သွားပြီး ဂျူနီယာမိုးသောက်ခန်းမဆီသို့ ပြန်သွားသည်။ ဤအတောအတွင်းမှာ သူက ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။

‘ ငါက ကျောက်ခဲတုံးအားလုံးကို လိုက်ရှာနေစရာ မလိုဘူး… သူတို့ကို သတိကြီးကြီးထားစေပြီး အန္တရာယ်ကို ခံစားမိအောင် ငါပြုလုပ်ပေးဖို့ပဲ လိုအပ်တယ် ’

‘ စတုတ္ထစီနီယာအကိုအတွက်ကတော့… ’

‘ ငါက အမှောင်ထဲမှာဖြစ်ပြီး သူက အလင်းထဲမှာ ဖြစ်တယ်… ဒါပေမဲ့ အဲ့ဒီအလင်းက မပြည့်စုံသေးဘူး… ဒီလိုဆိုမှတော့ ငါသူ့ကို အကြွင်းမဲ့ ကြည်လင်လာစေမယ်… တကယ်လို့ ငါသာ သူ့ကို ကိုယ့်ကိုယ်ကိုယ် သက်သေပြရမယ့် အခြေအနေဆီ ဆွဲခေါ်သွားနိုင်မယ်ဆိုရင် အဲ့ဒါက ပိုပြီးပြည့်စုံသွားလိမ့်မယ် ’

ရွှီချင်းက အဓိကခန်းမဆောင်ထဲမှာ မျက်လုံးမှိတ်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ပန်းပေါင်းတစ်ရာနန်းတော်ထဲမှ တစ်စုံတစ်ယောက်ထံသို့ ပို့လွှတ်လိုက်သည်။

ပန်းပေါင်းတစ်ရာနန်းတော်ထဲတွင် မြေခွေးမိန်းမပျိုလေးက ပျင်းရိစွာ လဲလျောင်းနေပြီး သူ၏ ဘေးပတ်ပတ်လည်မှ မိန်းကလေးများဖြင့် စကားပြောနေသည်။ ဤအခိုက်အတန့်မှာ သူက မျက်ခုံးပင့်တင်လိုက်ပြီး စိတ်ထဲမှာ ရေရွတ်လိုက်သည်။

“ ကောင်ဆိုးလေး… အခုတော့ နင်က အရွယ်ရောက်လာပြီး ငါ့ကိုတောင် အမိန့်ပြန်ပေးနေပြီပေါ့… ဒါပေမဲ့ နင့်ရဲ့ အဲ့လိုလွှမ်းမိုးခြယ်လှယ်တဲ့ ပုံစံကို ဘာလို့ ငါပိုပြီးသဘောကျမိတာပါလဲ ”

မြေခွေးမိန်းမပျိုလေးက နှုတ်ခမ်းသပ်လိုက်ပြီး ရယ်မောလိုက်သည်။

…..

ရက်အနည်းငယ်ကြာပြီးနောက် ကောလဟာလနှစ်ခုက တိတ်ဆိတ်ငြိမ်းချမ်းနေသော မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ လေပြင်းမုန်တိုင်းပမာ ပျံ့နှံ့သွားသည်။

ပထမကောလဟာလမှာ အပြင်လူများက အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို သိမ်းပိုက်ထားပြီး ဤနန်းတော်ထဲမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြသည်။ သူတို့က အရေအတွက်များပြားပြီး မကောင်းသော ရည်ရွယ်ချက်ဖြင့် အင်မော်တယ်နန်းတော်ဆီသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ဒုတိယကောလဟာလက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်နှင့် ဆက်စပ်သည်။

ယင်းက…

“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အဲ့ဒီအပြင်လူတွေရဲ့ ခေါင်းဆောင်ဖြစ်တယ် ”

All Chapters