ငါးမျှားခြင်း
Vol. 106 Ch. 1630
ရွှီချင်း၏ ရည်ရွယ်ချက်က ရိုးရှင်းသည်။
ထိုအပြင်လူများက သူတို့ကိုယ်သူတို့ နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသည်။ သူတို့တစ်ယောက်စီက သာမန်မဟုတ်ဘဲ အလွန်ဉာဏ်များကြသည်။
မရှောင်လွှဲနိုင်သော အခြေအနေတချို့ကြောင့်မဟုတ်လျှင် ဥပမာ သမိုင်းကို ပြောင်းလဲရန် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ရုံမှလွဲ၍ တခြားနည်းမရှိသော ကောင်းကင်အရွေးချယ်ခံလီမှလွဲ၍ ကျန်လူများကို ရှာဖွေရန် အလွန်ခက်ခဲသည်။ ယင်းက ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာနေရသကဲ့သို့ပင်။
မည်သို့ဖြစ်ပါစေ သူတို့တစ်ယောက်စီမှာ မတူညီသော ရည်ရွယ်ချက်များ ရှိသည်။ ထို့ကြောင့် သူတို့ထံမှ ရှင်းလင်းသော အချက်အလက်များနှင့် သဲလွန်စများကို ရယူရန် အလွန်ခက်ခဲသည်။
အသိစိတ်ဆင်းသက်လာခြင်းအတွက်တော့ အကယ်၍ သူတို့က ဆက်ပြီး ဖုံးကွယ်နေမည်ဆိုလျှင် သူတို့၏ သရုပ်ကို ခွဲခြားရန် ပိုပြီးခက်ခဲလာလိမ့်မည်။
သူတို့ထဲတွင် ဤအချိန်လေဟာနယ်ကို လှိုင်းထအောင် ပြုလုပ်ချင်သော ရည်ရွယ်ချက်ရှိသည့် လူများက ကိုင်တွယ်ရ လွယ်ကူသည်။ သူတို့ကို ဖြည်းဖြည်းချင်း ရှာဖွေနိုင်လိမ့်မည်ဟု ရွှီချင်း ယုံကြည်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဤသမိုင်းအဖြစ်အပျက်ထဲတွင် သူ၏ သရုပ်က အခရာ ဖြစ်သည်။
ယင်းက အပြင်လူများ၏ စိတ်အာရုံကို အလိုအလျောက် ဆွဲဆောင်နိုင်သည်။ ဥပမာ ကောင်းကင်အရွေးချယ်ခံလီ၏ ချဉ်းကပ်မှု၊ ကျုံးချီ၏ နောက်လိုက်မှုနှင့် ကမ်းစပ်ကိုးခုသမီးတော်၏ ထွက်ပေါ်လာမှု ဖြစ်သည်။
သူတို့အားလုံးက သူ၏ သရုပ်ကို ကျောက်ဆူးအမှတ်အဖြစ် အသုံးပြုချင်နေကြသည်။
သို့သော်လည်း ယင်းက အချိန်လိုအပ်သည်။
ထို့ပြင် အပြင်လူများထဲတွင် သမိုင်းကို ပြောင်းလဲချင်သော လူများက အရေအတွက်မည်မျှရှိကြောင်း မသေချာပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ထဲမှ တချို့က အစီအစဉ်ထိန်းသိမ်းသူများပမာ သမိုင်းကို မူလလမ်းကြောင်းအတိုင်း ရှိစေချင်ကြသည်။
အကယ်၍ ထိုသို့လူများက ဆက်ပြီး ပုန်းအောင်းနေပြီး သမိုင်းကြည့်ရှုသူအဖြစ်သာ ဆက်လက် ဆောင်ရွက်နေမည်ဆိုလျှင် သူတို့၏ သရုပ်ကို အချိန်တိုလေးအတွင်း ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ကို လိုက်ရှာဖွေရန် မဖြစ်နိုင်လုနီးပါး အလွန်ခက်ခဲလိမ့်မည်။
ထိုသို့ဆိုမှတော့…
“ အဲ့ဒီပုန်းအောင်းနေတဲ့ အပြင်လူတွေကို ချက်ချင်း ငါမရှာနိုင်ဘူးဆိုမှတော့ ပထမကောလဟာလကို အသုံးပြုပြီး သူတို့ကို သတိကြီးကြီး ထားစေမယ်… အဲ့ဒါဆိုရင် သူတို့က ရှေ့ဆက်ပြီး အလျင်စလို လုပ်ဆောင်ရဲတော့မှာ မဟုတ်ဘူး ”
“ အဲ့ဒီနည်းနဲ့ဆိုရင် သူတို့ကို ငါမရှာနိုင်ရင်တောင် ကြယ်တာရာစက်ဝန်းလည်းပဲ သူတို့ကို လိုက်ရှာဖွေဖို့ ခက်ခဲသွားလိမ့်မယ်… အဲ့ဒါဆိုရင် သမိုင်းကို အမှန်ဖြစ်စေချင်တဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေက နှောင့်နှေးသွားလိမ့်မယ် ”
“ ဒုတိယကောလဟာလကတော့… ”
ဂျူနီယာမိုးသောက်ခန်းမထဲတွင် ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
“ အလင်းရောင်ကို ပိုပြီးမြင်သာစေမယ်… ကောလဟာလတွေကနေ သူ့ရဲ့ သရုပ်ကို တိုက်ရိုက် ငါဖော်ထုတ်ပစ်မယ် ”
အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤခေတ်မှ လူများက ထိုကောလဟာလများကို ယုံကြည်ခြင်း မယုံကြည်ခြင်းက သူ့အတွက် အရေးမကြီးပေ။
အရေးကြီးသည်မှာ အပြင်လူများက ဤကောလဟာလများအပေါ် မည်သို့တုံ့ပြန်လာမလဲ ဖြစ်သည်။
ယင်းက သူတို့ထံသို့ အချက်ပေးမှုတစ်ခု ပေးပို့လိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ ယင်းက ဤသမိုင်းအဖြစ်အပျက်ထဲမှာ လှိုင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။
“ ကောင်းကင်အရွေးချယ်ခံလီရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပထမအပိုင်းမှာ ငါက အနိုင်ခဲ့တယ်… ဒါပေမဲ့ ဒုတိယအပိုင်းမှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က အနိုင်ရခဲ့တယ် ”
“ ဒီတစ်ပွဲမှာရော စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ဘယ်လိုတုံ့ပြန်မလဲ ငါသိချင်မိတယ်… တကယ်လို့ သူက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြရမယ့် အခြေအနေဆီ ကျရောက်သွားမယ်ဆိုရင် အကောင်းဆုံးပဲ ”
ရွှီချင်းက တွေးတောလိုက်သည်။
ယခု သူလုပ်ရမည့်အရာက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေပြီး တိတ်တဆိတ် စောင့်ကြည့်ရန် ဖြစ်သည်။
ထိုကောလဟာလများကြားမှာ အင်မော်တယ်နန်းတော်ထဲတွင် မည်သည့်ကိစ္စများ ထွက်ပေါ်လာမည်ကို သူမြင်တွေ့ချင်သည်။
“ အမှောင်ထဲက ငါ့ရဲ့ သရုပ်က ငါ့ရဲ့ အားသာချက်ဖြစ်တယ်… ပြီးတော့ ဒီသမိုင်းကစားပွဲထဲမှာ နောက်ထပ် အားသာချက်တစ်ခု ငါ့မှာ ရှိသေးတယ်… ”
ရွှီချင်းက ပန်းပေါင်းတစ်ရာနန်းတော်ကို ကြည့်လိုက်သည်။
ရွှံ့မြေခွေးအကြောင်းကို သူမှလွဲ၍ တခြားလူများက မသိထားကြပေ။
စတုတ္ထအလွှာဆီသို့ ဝင်ရောက်လာကြသော လူတိုင်းက သဲလွန်စများကို ချန်ထားခဲ့ကြသည်။ စိတ်ဝင်စားသော လူများ၏ မျက်လုံးများထဲတွင် ထိုသဲလွန်စများက လူရှာဖွေရန် သူတို့အတွက် ကြီးမားသော အထောက်အပံ့ကို ပေးနိုင်သည်။
ရွှံ့မြေခွေးသည်သာ ခြားနားသည်။
သူက ဤမတိုင်ခင် မည်သည့်သဲလွန်စမှ ချန်မထားခဲ့ပေ။ သို့ဖြစ်၍ သူ၏ တည်ရှိမှုက ရွှီချင်းအတွက် အလွန်အသုံးဝင်သည်။
…..
ရက်ပေါင်းများစွာကြာပြီးနောက်…
ကောလဟာလများအပေါ် သက်ရောက်မှုက လူတစ်ဦးနှင့်တစ်ဦး ကွဲပြားကြသည်။
ကောလဟာလများက အင်မော်တယ်နန်းတော်တစ်လျှောက် ပျံ့နှံ့သွားသော်လည်း ဤခေတ်မှ လူများက ယင်းတို့အပေါ် ပြုံးရုံသာ တုံ့ပြန်လိုက်ကြပြီး စိတ်ထဲမထားကြချေ။
မည်သို့ဖြစ်ပါစေ ဤနေရာက မိုးသောက်အင်မော်တယ်နန်းတော် ဖြစ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ အင်မော်တယ်အရှင်သခင်များသည် မတူညီသော ကမ္ဘာငယ်များထံမှ ပေါ်ထွန်းလာကြပြီး အကျင့်စရိုက် ကွဲပြားသောကြောင့် အပြည့်အဝ စည်းလုံးမညီညွတ်ကြပေ။ သူတို့ကြားမှာ သေးငယ်သော ပဋိပက္ခများရှိသည်။ သို့သော်လည်း ကိစ္စကြီးများနှင့် ပတ်သက်လျှင် သူတို့အားလုံးမှာ တူညီသောအမြင် ရှိသည်။
ထို့ပြင် သူတို့၏ အထက်မှာ အစွမ်းကြီးမားပြီး ဂုဏ်သိက္ခာကြီးမြတ်သော အင်မော်တယ်ဘုရင်ရှိသေးသည်။ သို့ဖြစ်၍ အင်မော်တယ်အရှင်သခင်များကြားတွင် ကြီးမားသော ပြဿနာများ မရှိပေ။
သို့ဖြစ်၍ အပြင်လူများ အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လာခြင်းက တကယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးပေ။
ထို့ပြင် ဉာဏ်ကောင်းသော လူများ၏ မျက်လုံးထဲတွင် ဤကောလဟာလများထဲမှာ ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိသည်။ အထူးသဖြင့် ဤထဲမှာ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ နာမည်က ပါဝင်နေသည်။
သို့ဖြစ်၍ အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူအများစုက စောင့်ကြည့်နေကြသည်။
သူတို့နှင့်နှိုင်းယှဉ်လျှင် လူအုပ်ကြားထဲမှာ ပုန်းအောင်းနေသော အပြင်လူများက ပုံမှန်ထက် ပိုပြီးသိထားလာကြသည်။
သူတို့၏ နားလည်ထားမှုက မတူညီသောကြောင့် ဤကောလဟာလများ၏ အကြောင်းအရင်းကို ချက်ချင်း မြင်နိုင်ကြသည်။
ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူအုပ်စုတစ်ခုကြားထဲတွင် ဤကောလဟာလများအပေါ် တခြားလူများ၏ ဆွေးနွေးမှုကို စိတ်ဝင်တစား နားထောင်နေသော ကျုံးချီက သဘောတူစွာ ခေါင်းညိတ်နေသည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာတော့ သတိထားမှုက ပိုပြီးတိုးပွားလာသည်။
“ ဒီဟာက ပြိုင်ပွဲတစ်ခုလိုပဲ… စတုတ္ထမြောက် အစစ်အမှန်က အပြင်လူဆိုတာ သေချာတယ်… ဒါပေမဲ့ လူတိုင်းကို သတိပေးဖို့ ဒီသတင်းကို ဖြန့်လိုက်တဲ့လူက ဘယ်သူလဲ ငါမသိဘူး… ”
“ ပြီးတော့ ရွှီချင်းက မြေဝိညာဉ်ဘိုးဘေးကို ငါပေးခဲ့တဲ့ သတင်းစကားကို ကြားပြီး ဒီစတုတ္ထအလွှာဆီ ဝင်ရောက်လာခဲ့လားဆိုတာ ငါသိချင်မိတယ် ”
အင်မော်တယ်နန်းတော်၏ တောင်ပိုင်းအရပ်မှ ဧည့်ခန်းမဆောင်ထဲတွင် ကမ်းစပ်ကိုးခု၏ သမီးတော်က တရားထိုင်နေသည်။ သူက သူ့အစေခံ၏ သတင်းပို့မှုကို နားထောင်နေစဉ် အပေါ်ယံမှာ မထူးမခြားနားအမူအရာရှိသော်လည်း သတိထားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်လား… ကောင်းကင်အရွေးချယ်ခံလီနဲ့ သခင်လေးကြားက တိုက်ပွဲမှာ သူထွက်ပေါ်လာတာ မထူးဆန်းတော့ပါဘူး… ကောင်းကင်အရွေးချယ်ခံလီရဲ့ သရုပ်က ထင်ရှားပြီးသားပဲ ”
“ ငါ့အမြင်အရဆိုရင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က သမိုင်းကို ပြောင်းလဲမယ့် လုပ်ဆောင်မှုတွေကို တားဆီးနေတယ်… အဲ့ဒါက ငါ့ရဲ့ ရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး ”
“ ဒါပေမဲ့ ငါသတိထားရမယ် ”
ကမ်းစပ်ကိုးခု၏ သမီးတော်က တွေးတောလိုက်သည်။
တူညီသော အတွေးများက အင်မော်တယ်နန်းတော်၏ မတူညီသော နေရာများထံမှ ထွက်ပေါ်လာသည်။
ဓားမီးဖိုသည်လည်း ချွင်းချက်မဟုတ်ပေ။
ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဖုံးကွယ်မှုက ပြစ်ချက်မရှိလုနီးပါးဟု ဆိုနိုင်သည်။ သို့ဖြစ်၍ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ ရှာတွေ့ခံရပြီးနောက် သူတို့နှစ်ယောက်က သူတို့၏ ပြစ်ချက်များကို အစဉ်မပြတ် သုံးသပ်ခဲ့ကြသည်။
သူတို့က အဖြေတချို့ကို အနည်းနှင့်အများ ရှာတွေ့ခဲ့သည်။
ယခု ထိုကောလဟာလများကို သူတို့ကြားသောအခါ…
“ တစ်ယောက်ယောက်က အဲ့ဒီလူကို ပစ်မှတ်ထားနေပြီ… ”
“ သူတို့ဘာသာ တိုက်ကြပါစေ… အဲ့ဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ… ငါတို့က ဒီထဲမှာနေပြီး အချိန်ကုန်ဆုံးသွားတာကို တိတ်တဆိတ် စောင့်ဆိုင်းနေရုံပဲလေ… ဓားသန္ဓေသားလောင်းတွေ အပြည့်အဝ ထွန်းလင်းလာတာက ငါတို့အတွက် ကံကြမ္မာကောင်းပဲ ”
ဓားမီးဖိုထဲတွင် ဓားသန္ဓေသားလောင်းနှစ်ခုက တိတ်တဆိတ် စကားပြောနေကြပြီး နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်ထားကြသည်။
“ အဲ့ဒီလူ အခုချိန်မှာ ဘာတွေးနေမလဲ ငါသိချင်မိတယ် ”
ချမ်ကျွင်းနှင့် ပိုင်ရီက နှာခေါင်းရှုံ့လိုက်သည်။
…..
“ အဲ့ဒါက ကောင်းကင်အရွေးချယ်ခံလီလုပ်တာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်… ပြီးတော့ အခုချိန်ထိ ငါတို့ရှာမတွေ့သေးတဲ့ ရှဲလင်းဇီလုပ်တာလည်း ဖြစ်နိုင်ခြေရှိတယ် ”
“ ဘာပဲဖြစ်ဖြစ် ငါတို့က ခက်ခဲတဲ့ အခြေအနေမှာ ကျရောက်နေတယ် ”
စတုတ္ထခန်းမထဲတွင် ကျိုးကျန်းလီက အဝေး၌ တင်ပျဉ်ခွေထိုင်နေသော ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
ယင်းကို ကြယ်တာရာစက်ဝန်းကြားသောအခါ သူက တည်ငြိမ်စွာ ပြောသည်။
“ စိုးရိမ်နေစရာ မလိုပါဘူး… မင်းရဲ့ လက်ရှိအခြေအနေက ကောလဟာလတွေရဲ့ နောက်ကွယ်ကလူ လိုချင်နေတဲ့ အရာပဲ… ပြီးတော့ တစ်ယောက်ယောက်ကို မင်းမေ့နေတယ် ”
“ ဒီကိစ္စက တခြားလူတွေရဲ့ ရှုထောင့်နဲ့ လိုက်ဖက်ညီတဲ့အရာ မဟုတ်ဘူး… ဒါကြောင့် ဒီဟာက အဲ့ဒီလူရဲ့ လှုပ်ရှားမှုဖြစ်ရမယ် ”
ကျိုးကျန်းလီက နှုတ်ဆိတ်သွားသည်နှင့် အင်မော်တယ်နန်းတော်၏ အပြင်၌ လီမုန့်တု၏ ဘေးမှာ ရပ်နေခဲ့သော ပုံရိပ်တစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ မင်းပြောနေတာက အင်မော်တယ်နန်းတော်ရဲ့ ဝင်ပေါက်မှာ ကြယ်ပွင့်မဟုတ်ဘဲ အာဏာစက်ပိုင်ဆိုင်ထားတဲ့ လူလား ”
“ ဟုတ်တယ် ”
ကြယ်တာရာစက်ဝန်းက ခေါင်းမော့လိုက်ပြီး ခန်းမအပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီကောလဟာလတွေကို အရမ်းအာရုံစိုက်နေမယ်ဆိုရင် သေချာပေါက် ကိုယ့်ကိုယ့်ကိုယ် သရုပ်ထုတ်ဖော်မိလိမ့်မယ် ”
“ ငါ့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် အဲ့ဒါကို ဂရုစိုက်ဖို့ မလိုဘူး ”
“ ဒီတော့ အဓိကကိစ္စက အဲ့ဒီကောလဟာလတွေ မဟုတ်ဘူး… အဲ့ဒီလူကို ရှာတွေ့ဖို့ပဲ ”
“ ဒါ့အပြင် အဲ့ဒီလူရဲ့ လုပ်ဆောင်မှုတွေက သူ့ရဲ့ သရုပ်ကို တစ်စွန်းတစ်စ ထုတ်ဖော်ပြခဲ့တယ်… ပြီးတော့ အကြမ်းဖျဉ်း ဦးတည်ရာတစ်ခုက ငါ့ခေါင်းထဲမှာ ရှိနေပြီးပြီ ”
ကြယ်တာရာစက်ဝန်း၏ အကြည့်က အရှေ့အရပ်မှ ဂျူနီယာမိုးသောက်ခန်းမထံသို့ ကျရောက်သွားသည်။
“ အဲ့ဒါက ငါခန့်မှန်းထားတဲ့ သရုပ်ဖြစ်မယ်လို့ မျှော်လင့်တယ်… အဲ့ဒါဆို ပိုပြီးစိတ်ဝင်စားစရာကောင်းလိမ့်မယ် ”
ကြယ်တာရာစက်ဝန်းက တီးတိုးရေရွတ်လိုက်ပြီးနောက် တည်ငြိမ်သော အမူအရာဖြင့် မတ်တတ်ရပ်လိုက်ပြီး လမ်းလျှောက်သွားသည်။
သူ့ဘေးမှ ကျိုးကျန်းလီက ကြယ်တာရာစက်ဝန်း ထွက်သွားတော့မည်ကို မြင်သောအခါ တိုးညင်းစွာ ပြောသည်။
“ သခင်… ဒီကိစ္စကို ငါတို့ဘယ်လိုဖြေရှင်းသင့်လဲ ”
ကြယ်တာရာစက်ဝန်းက နောက်လှည့်မကြည့်ပေ။ သူက ခန်းမထဲမှ ထွက်လျှောက်သွားနေစဉ် သူ၏ အသံက ပျံ့လွင့်သွားသည်။
“ အနာဂတ်မှာ အဲ့ဒီလူတွေကို ခြိမ်းခြောက်ဖို့ ငါစီစဉ်ထားပြီးသားပါ… ဒီအခွင့်အရေးကို အသုံးချတာက ပိုကောင်းမယ်လို့ ငါထင်တယ် ”
“ ပြီးတော့ ငါ့အရှေ့မှာ မင်းရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားဖို့ မလိုပါဘူး… မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကောင်းကောင်း သိပါတယ်… ဒီတော့ မင်းက အရှေ့ထွက်ပြီး အရင်က ငါညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်ပါ ”
စကားပြောပြီးနောက် ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
ခန်းမထဲတွင် ကျိုးကျန်းလီက ခပ်ရေးရေး ပြုံးလိုက်သည်။
“ ကောလဟာလဆိုတာ လျှို့ဝှက်ကြံစည်မှုပဲ… လျှို့ဝှက်ကြံစည်မှုကို တန်ပြန်တဲ့ နည်းလမ်းက တဲ့တိုးဆောင်ရွက်တာပဲ ”
“ ဒါပေမဲ့ အရမ်းဉာဏ်ကောင်းတဲ့ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံတဲ့အခါကျရင် တစ်ယောက်ယောက်က သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားတာက ဉာဏ်ရှိတာကို ဖော်ပြတာပဲ ”
…..
နေမွန်းတည့်ချိန်တွင်…
ကြယ်တာရာစက်ဝန်းက ဓားမီးဖို၏ အပြင်ဘက်မှာ ထွက်ပေါ်လာပြီး တည်ငြိမ်စွာ ပြောသည်။
“ တစ်ယောက်ယောက်က အငြိမ်နေဖို့ ဆန္ဒမရှိဘူးဆိုမှတော့ တခြားလူတွေကို သတိပေးတဲ့အနေနဲ့ ဒီည တစ်ယောက်ယောက်ကို ငါဖယ်ရှားပစ်တော့မယ် ”
သူ၏ တည်ငြိမ်သော လေသံထဲမှာ အလွန်အားကောင်းသော ယုံကြည်မှု ပါဝင်သည်။ ထိုသို့ပြောပြီးနောက် သူက ဓားမီးဖိုထဲမှ လှိုင်းအတ်အကျများကို ဂရုမစိုက်ဘဲ ပြန်ထွက်သွားသည်။
သူက ပြန်ပေါ်လာသည့်အခါ အကယ်ဒမီထဲမှ တံခါးပိတ်ကျင့်ကြံသော ဧရိယာထဲသို့ ရောက်ရှိသွားသည်။ ထိုနေရာက ကောင်းကင်အရွေးချယ်ခံလီ တံခါးပိတ်ကျင့်ကြံနေသော နေရာဖြစ်သည်။
သူက တည်ငြိမ်သော လေသံဖြင့် တူညီသော စကားကို ပြောသည်။
သူ၏ နောက်ထပ် ဦးတည်ရာက ကမ်းစပ်ကိုးခုသမီးတော် နေထိုင်သော ဧည့်ခန်းမဆောင် ဖြစ်သည်။ သူတို့နှစ်ယောက်က မတွေ့ဆုံခဲ့ပေ။ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ခန်းမအပြင်ဘက်မှာ ရပ်နေပြီး တည်ငြိမ်စွာ ပြောသည်။
သူ၏ အသံကို တခြားလူများက မကြားနိုင်သော်လည်း ယင်းက ကမ်းစပ်ကိုးခုသမီးတော်၏ စိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ကမ်းစပ်ကိုးခုသမီးတော်က နှလုံးတုန်ယင်သွားစဉ် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ပြန်ထွက်သွားပြီ ဖြစ်သည်။
သူတို့ချည်းသာ မဟုတ်ပေ။ ကျုံးချီက ဂျူနီယာမိုးသောက်ခန်းမဆီသို့ လျှောက်သွားနေစဉ် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ကျုံးချီက နှလုံးတုန်သွားပြီး ရိုသေလေးစားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက နှုတ်ဆက်တော့မည့်အချိန် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အသံက ပဲ့တင်ထပ်လာသည်။
ထို့နောက် သူက ထွက်သွားပြီး တခြားနေရာများဆီသို့ ဦးတည်သွားသည်။
ဤအချိန်တိုလေးအတွင်းမှာ အင်မော်တယ်နန်းတော်ထဲ၌ သရုပ်ရရှိထားသော လူများသည် ကြယ်တာရာစက်ဝန်းထံမှ စကားကို ကြားပြီးနောက် ထိတ်လန့်သွားကြသည်။ သူတို့က တစ်ဖက်လူ၏ လေသံထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံနိုင်သည်။
စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က သူလုပ်ချင်သောအရာကို တခြားလူများအား ရှင်းလင်းစွာ ပြောပြခဲ့သည်။
ယင်းက ယနေ့ညမှာ ဖြစ်ပွားတော့မည်။
နေမွန်းတည့်ချိန် ကုန်ဆုံးသွားပြီး နေဝင်ချိန် ရောက်ရှိလာသည်။
နန်းတော်က တိတ်ဆိတ်ငြိမ်ချမ်းနေစဉ် တချို့က တိတ်တဆိတ် လှုပ်ရှားနေကြသည်။
နောက်ဆုံးမှာတော့ ညကျရောက်လာသည်။
ကောင်းကင်ပေါ်မှ ကြယ်များက တလက်လက် တောက်ပနေစဉ် ထွန်းလင်းတောက်ပသော လစန္ဒာက ဖြည်းညင်းစွာ မြှောက်တတ်လာသည်။ သိမ်မွေ့ညင်သာသော ငွေရောင်အလင်းက လစန္ဒာထံမှ ဖြာကျဆင်းလာသည်။
ဤသည်မှာ ငွေရောင်အလင်းက ပါးလွှာသော ဇာပဝါတစ်ခုပမာ အင်မော်တယ်နန်းတော်ကို လွှမ်းခြုံထားပုံပေါ်သည်။
ညအချိန်တွင် လျှို့ဝှက်ဆန်းကြယ်မှုတစ်စွန်းတစ်စက အင်မော်တယ်နန်းတော်ထဲမှာ ပုန်းကွယ်နေဟန် ရသည်။ ယင်းက အိမ်မက်ဆန်သော ဝေဝေဝါးဝါး ခံစားမှုကို ပေးသည်။
ထိုဝေဝါးမှုကြားတွင် အင်မော်တယ်တေးသံက ဂျူနီယာမိုးသောက်ခန်းမထဲမှ မြှောက်တတ်လာပြီး လေထဲမှာ လွင့်မျောနေသည်။ ဤသည်မှာ နတ်မိမယ်များက လေထဲမှာ ကြော့ရှင်းလှပစွာ ကခုန်နေကြသည့်အလားပင်။
ဓားမီးဖိုထဲတွင် ချမ်ကျွင်းနှင့် ပိုင်ရီက သတိထားနေကြသည်။
တောင်ပိုင်းဧည့်ခန်းမဆောင်ထဲတွင် ကမ်းစပ်ကိုးခုသမီးတော်က သတိထားနေသည်။
ဂျူနီယာမိုးသောက်ခန်းမထဲ၌ ကျုံးချီက ယနေ့ညတွင် သူ၏ အိပ်ဆောင်ဆီသို့ ပြန်မသွားဘဲ ခန်းမ၏ အရှေ့မှာ စောင့်ဆိုင်းနေသည်။
ညက တဖြည်းဖြည်း ညဉ့်နက်လာသည်။
လစန္ဒာ၏ အလင်းရောင်က ပိုပြီးတောက်ပလာသည့်အခါ အင်မော်တယ်နန်းတော်ထဲမှ ရှုပ်ထွေးသော ဗိသုကာလက်ရာများနှင့် ကျောက်စိမ်းအုတ်ကြွပ်ပြားများက ထွန်းလင်းတောက်ပလာကြသည်။ ယင်းတို့က ကြယ်များနှင့် အလားသဏ္ဍာန် တူကြသည်။
မိုးကြိုးအပြစ်ပေးနန်းတော်ထဲတွင် လူဆိုးထိန်းအရာရှိတစ်ဦးက တရားထိုင်နေရင်း ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ အမူအရာက တင်းမာခက်ထန်သည်။ သူက မတ်တတ်ရပ်လိုက်ပြီးနောက် လက်ဖဝါးကို လှန်လိုက်သည့်အခါ ကျောက်စိမ်းတုံကင်တစ်ခုက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုကျောက်စိမ်းတုံကင်ထဲမှာ အင်မော်တယ်နန်းတော်၏ လည်ပတ်မှုနှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ခန်းမအသီးသီးထံမှ အစောင့်အကြပ်များ၏ တာဝန်အချိန်စာရင်းများနှင့် အင်မော်တယ်နန်းတော်၏ အတွင်းရေးသတင်းများ ပါဝင်သည်။ အရေးကြီးဆုံးမှာ ထိုထဲတွင် ပထမဆုံး အစစ်အမှန်ဦးသျှောင်သုံးယောက်၏ အသေးစိတ် လှုပ်ရှားမှုများ ပါဝင်သည်။
ထိုကျောက်စိမ်းတုံကင်ကို စိုက်ကြည့်နေစဉ် အနက်ရောင်အလင်းက လူဆိုးထိန်းအရာရှိ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ ဒီသတင်းအချက်တွေက အင်မော်တယ်နန်းတော်ကို သစ္စာဖောက်ဖို့အတွက် လုံလောက်ပါတယ် ”
“ တကယ်လို့ ဒီနန်းတော်ကို သစ္စာဖောက်တာ ငါအောင်မြင်သွားမယ်ဆိုရင် ဒီသမိုင်းအဖြစ်အပျက်ထဲမှာ ဖြစ်ပေါ်လာမဲ့ ဆူပူအုံကြွမှုက ငါ့ရဲ့ ဓားကျိုးကို သေချာပေါက် စိတ်ကျေနပ်စေလိမ့်မယ် ”