← Chapters

ကြောက်စရာကောင်းသော ကြည့်ရှုသူနှုန်းထားများ

Vol. 48 Ch. 707

ကြောက်စရာကောင်းသော ကြည့်ရှုသူနှုန်းထားများ

Vol. 48 Ch. 707

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး အပိုင်းသုံး။

ဌာနချုပ်၌ လီယွင်လုံနှင့် ကြည်းတပ် ဗိုလ်မှူးချုပ်တို့ ဖုန်းပြောနေကြသည်။

“ငါ့ကို အမှန်အတိုင်းပြော၊ ဒီတစ်ခေါက် မင်း လက်နက် ဘယ်လောက်များများ ရလိုက်လဲ”

“အရမ်း မများပါဘူး၊ မြင်းတပ်တစ်တပ်စာ လက်နက်လေးပါပဲ၊ ကျုပ် ကိုယ့်ဘာသာကိုယ် မြင်းတပ် တပ်ရင်း ဖွဲ့ဖို့ စီစဉ်နေတာ”

“ကြည့်စမ်းပါဦး၊ မင်းလက်အောက်က အဖွဲ့လေးနဲ့ မြင်းတပ်တပ်ရင်း ဖွဲ့ဖို့ ကြိုးစားနေတယ်လား၊ အဲ့လိုဆိုရင် ငါ့ကြည်းတပ်ကမှ မြင်းတပ် တပ်ရင်း ဖွဲ့သင့်တာ မဟုတ်ဘူးလား”

“ဒါပေါ့၊ ခင်ဗျား လုပ်သင့်တာပေါ့၊ ကြည်းတပ် ဗိုလ်မှူးချုပ်အနေဲ့ မြင်းတပ် ရှိတာ မလွန်ပါဘူး”

“အရေးမပါတာတွေ ပြောမနေနဲ့၊ မင်း တပ်ဖွဲ့တစ်ဖွဲ့စာ မြင်းတပ်တွေကို ကြွားဖို့ ယူထားလို့ရတယ်၊ ကျန်တာကို ငါ့ကြည်းတပ်ကို ပို့လိုက်”

“ကြည်းတပ် ဗိုလ်မှူးချုပ်၊ ဒါ နေ့ခင်းကြောင်တောင် ဓားပြတိုက်တာနော်၊ ခင်ဗျား ကျုပ်ကိုပဲ ပစ်လိုက်ပါတော့လား၊ ကျုပ် အဲ့လို မလုပ်နိုင်ဘူး”

…

ထိုအခိုက်တွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ရိုက်ကူးရေး အဖွဲ့သားများက ရယ်မောလျက် စကားပြော နေကြသည်။

“ဟားဟားဟား … လီကျင့်၊ လီယွင်လုံရဲ့ အကြောတင်းတဲ့ပုံစံကို မင်း ကျကျနန ပုံဖော်နိုင်ခဲ့တာပဲ”

“ဒါတွေအားလုံးက သခင်လေးရဲ့ရဲ့ အံ့ဩစရာကောင်းတဲ့ သင်ပြမှုကြောင့်ပါ”

“ကျစ်လျစ်တဲ့ ဇာတ်ကြောင်းနဲ့ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်”

“လူတိုင်းရဲ ပုံစံကို အပြည့်အဝ ပုံဖော်နိုင်ခဲ့တယ်၊ ဟားဟားဟား … ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”

“မင်းတို့တွေက စစ်ကား ဇာတ်လမ်းတွဲကို တကယ် နာမည်ကြီးအောင် လုပ်နိုင်ခဲ့တာပဲ”

“ဇာတ်ရှိန်က ပြင်းပင်မယ့် အနုပညာတန်ဖိုး ကျမသွားဘူး၊ ဇာတ်ကြောင်းက တော်တော်လေးကို ကောင်းကောင်း ရေးထားတာ”

လီယွင်လုံက ဖော်ရွေလွန်းတယ်၊ တခြား စစ်သားတွေရဲ့ ဇာတ်ကောင်ကို ပုံဖော်တာလဲ တော်တော်လေး ကောင်းတယ်”

“ငါ အခု ဆိုးရွားသလို ခံစားနေရတယ်၊ ဘာလို့ သခင်လေးရဲ့က အရာအားလုံးမှာ တော်နေတာလဲ”

…

ကျန်းထောင်၏ အသံသွင်း စတူဒီယို၌။

“ဒီနေ့ ငါတို့အပိုင်းက တော်တော်လေး ကောင်းတယ်”

“ဟုတ်တယ်၊ အဆင့်က သေချာပေါက် ဆက်တိုးလာမှာ”

“ငါတို့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို လိုက်မီနိုင်မလား”

“ဒါပေါ့၊ ပထမ နှစ်ပိုင်းအတွက် အဆင့် ခြားနားချက်က အဲ့လောက်မှ မကွာတာ”

“ဟုတ်တယ်၊ စစ်ကား ဇာတ်လမ်းတေက ကြာရင် အပိုလုပ်ထားတဲ့ ဇာတ်ကြောင်းအဖြစ် ပြောင်းသွားမှာ အသေအချာပဲ၊ ကြာကြာ မခံနိုင်ပါဘူး၊ နောက်ပိုင်းရောက်ရင် ငါတို့ သူတို့ကို သေချာပေါက် စိုးမိုးနိုင်တယ်”

“စောင့်နေလိုက်စမ်းပါ၊ ရလဒ်တွေက မကြာခင် ထွက်လာတော့မှာ”

…

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌ လူတိုင်း စိုးရိမ် ပူပန်နေကြသည်။

“အား … ငါတို့ ဒီနေ့ အမီလိုက်နိုင်မှ ရမယ်”

“ငါတို့ ကျော်ကြားမှုက ဘယ်လိုလုပ် သရုပ်ဆောင်ဝိုင်ထက် နည်းရတာလဲ၊ ဒါက အဓိပ္ပာယ် မရှိဘူး”

“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက အဖွင့် တိုက်ပွဲခန်းကြောင့် ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်သွားတာ၊ တစ်လခွဲနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲက သေချာပေါက် ဖြစ်ကတတ်ဆန်းနိုင်မှာပဲ၊ အဲ့ဒါက မကြာခင် နင်းချေခံရပြီး လောင်ကျွမ်းသွားမှာ၊ စိတ်အေးအေးထားစမ်းပါ”

“ငါတို့အပိုင်းက စုံတွဲတွေကြားက ကြည်နူးမှုလေးနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဆွဲဆောင်တော့မှာ၊ အဆင့်က သေချာပေါက် များမှာပဲ”

…

တစ်နာရီ၊ နှစ်နာရီ …

အပိုင်း သုံး၊ အပိုင်းလေး …

ညဆယ်နာရီ မတိုင်ခင် ဇာတ်လမ်းတွဲ သုံးခုလုံး တပြိုင်တည်း ပြသ၍ ပြီးသွားလေသည်။

လူအများက အဆင့် သက်မှတ်ချက်များနှင့် ပတ်သက်၍ ထပ်မံ၍ ခန့်မှန်းကြသဖြင့် Weibo က အသက်ဝင်လျက် ရှိသည်။ ယင်းက လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်နေလေသည်။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ရုတ်တရက် မြင့်တက်လာမှုက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။ ၎င်းက ရုပ်သံ ဇာတ်လမ်းတွဲများ၌ ပြိုင်ပွဲအား ပို၍ စိတ်ဝင်စားလာအောင် ပြုလုပ်ပေးခဲ့သည်။ လူတိုင်းသည် မည်သို့သော အံ့ဩစရာမျိုးက သူတို့ကို စောင့်ကြိုနေသလဲ ဆိုသည်ကို သိချင်နေကြသည်။ ဘယ်ဇာတ်လမ်းက အဆုံးသတ်တွင် ရယ်နေနိုင်မည်နည်း။

[နှလုံးသားမဲ့ ဓားသမားက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်]

[ဟုတ်တယ်၊ တိုက်ခိုက်န်းတွေက သောက်ရမ်း မိုက်တယ်၊ ကျန်းထောင်က နည်းနည်း ပျော့ဖတ်နေပင်မယ့် သူက တော်တော်လေး ချောနေတုန်းပဲ]

[လက်တွေ့ဆန်တဲ့ အတိုက်အခိုက်ခန်းတွေက အထူး ပြုလုပ်ချက်တွေပါ ပေါင်းလိုက်တော့ တော်တော်လေး မိုက်တယ်]

[အကောင်းဆုံးအချိန်ကလဲ တော်တော် မိုက်တယ်၊ ဇာတ်လိုက် မင်းသားနဲ့ မင်းသမီး နှစ်ယောက်လုံးက သိပ်ချစ်ဖို့ ကောင်းတယ်]

[နှစ်ခုလုံး အမျိုးအစား တော်တော် ကွဲနေတာ]

[ဒီနေ့ အဆင့်သက်မှတ်ချက်တွေက ထပ်ပြီးတော့ အံ့ဩစရာ ဖြစ်တော့မယ်နဲ့ တူတယ်]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ထိပ်ဆုံးကနေ ဆင်းရတော့မယ်လို့ ငါ ခံစားနေရတယ်]

[အပေါ်ကလူက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို မကြည့်ရသေးတာပဲ ဖြစ်မယ်၊ ဒီငပျော့ကောင်တွေက သရုပ်ဆောင်ဝိုင်ကို လုံးဝ မယှဉ်နိုင်ဘူးလို့ ငါ ထင်တယ်]

[စောင့်ကြည့်နေလိုက်ပါ]

[ဒီတခေါက်၊ ဒါက နောက်ဆုံး ဖြစ်လိမ့်မယ်]

….

ယနေ့ညတွင် လူပေါင်းများစွာသည် စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်နိုင်ကြချေ။ တချို့သော အမာခံ ပရိသတ်များသည် ညဉ့်နက်သန်းခေါင်၌ ဘယ်ဇာတ်လမ်းတွဲက ပိုကောင်းသလဲ ဆိုသည်ကို စကားနိုင် လုနေကြသည်။ သူတို့သည် စိတ်ဝင်စားစရာကောင်းသော အခန်းများကို ဖြတ်တောက်၍ သုံးသပ်ကာ နှိုင်းယှဉ်ပြ ကြသည်။

နောက်တစ်နေ့တွင် ဇာတ်လမ်းတွဲ သုံးခုလုံးအတွက် အဆင့် သက်မှတ်ချက်များ ကြေညာလာ၏။

၎င်းကို ကြေညာလိုက်သည့် အခိုက်မှာပင် မီဒီယာ၊ အနုပညာလောကနှင့် အများပြည်သူများအားလုံး အံ့အားသင့် သွားကြသည်။

နှလုံးသားမဲ့ ဓားသမား

အပိုင်းသုံး အဆင့် သက်မှတ်ချက် 1.22%

အပိုင်းလေး အဆင့် သက်မှတ်ချက် 1.13%

အကောင်းဆုံးအချိန်

အပိုင်းသုံး အဆင့် သတ်မှတ်ချက် 1.16%

အပိုင်းလေး အဆင့် သက်မှတ်ချက် 1.03%

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး

အပိုင်းသုံး အဆင့် သတ်မှတ်ချက် 2.38%

အပိုင်းလေး အဆင့် သက်မှတ်ချက် 2.56%

[လခွမ်း၊ သောက်ကျိုးနည်း ဘာလဲဟ]

[ဒါက တကယ်လား၊ မင်း ငါ့ကို နောက်နေတာလား]

[ဒါ မဖြစ်နိုင်ဘူး၊ ဒါ မယုံနိုင်စရာပဲ]

[ဒီကမ္ဘာကြီးက ဖောက်ပြန်နေပြီ၊ ငါ့မျက်လုံးတွေက ငါ့ကို လှည့်စားနေတာ ဖြစ်မယ်]

[လခွမ်း၊ လိမ်နေတာ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက မသမာတဲ့နည်းကို သုံးနေတာ ဖြစ်မယ်]

နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံးအချိန်တို့၏ အဆင့် သက်မှတ်ချက်များက ကျသွားပြီး 1% အစွန်းနား၌ ဝဲနေသည်။ ထိုရလဒ်များအရ နောက်နေ့တွင် 1% ထပ် ကျသွားလောက်သည်။

ထိုအခိုက်တွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ကနဦး ထုတ်လွှင့်မှုကပင် အံ့အားသင့်စရာ ဖြစ်နေပြီးသား ဖြစ်သည်။ သို့သော် 1.66% သည် အစသာ ရှိသေးခဲ့သည်။ ယနေ့တွင် သူတို့သည် 2% ကို ကျော်သွားပြီ ဖြစ်သည်။ တိုးတက်မှုက ကြောက်လန့်စရာ ကောင်းလှသည်။

နှိုင်းယှဉ်ကြည့်လျှင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၏ ရလဒ်များက ငပျော့ကောင်များကို ဆောက်တည်ရာမရ ဖြစ်သွားစေသည်။

ယင်းသည် အပိုင်းလေးပိုင်းမြောက်သာ ရှိသေးသည်။ အကယ်၍ ဆက်သာ နာမည်ကြီးနေပါက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ဘယ်လောက် အမြင့်သို့ ရောက်နိုင်နေမလဲ။

…

ကျန်းထောင်၏ အသံသွင်း စတူဒီယို၌။

ကျန်းထောင်၏ ချောမောသော မျက်နှာက စာရွက်တစ်ရွက်သဖွယ် ဖြူစွတ်နေ၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အခြားသူများသည်လည်း သူ့နည်းတူ အံ့ဩနေကြသည်။

“ငါလခွမ်း”

“ဒ…ဒ…ဒါက သောက်ကျိုးနည်း ကြောက်ဖို့ကောင်းတယ်ဟ”

…

ဟွမ်ရှင်း၏ အသံသွင်း စတူဒီယို၌။

“စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ဘယ်လို နတ်ဘုရားဆန်နေတဲ့ ဇာတ်လမ်းမျိုးမို့လို့လဲ”

“သေစမ်းကွာ … မကောင်းဆိုးဝါးလိုပဲ”

“ချီးပဲ၊ ငါတို့ ဘယ်လိုတောင် အမီလိုက်ဖို့ စဉ်းစားနေခဲ့မိတာလဲ၊ ဒါက ရူးချင်စရာပဲ”

“ဒါက 2.56% လေ၊ ဒါ ငါတို့ ချထားတဲ့ ပန်းတိုင်လေ၊ ဒါတောင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက အဲ့ဒါကို အေးအေးလူလူ ရောက်အောင် လုပ်နိုင်ခဲ့တယ်တဲ့လား”

“ဘာလို့လဲ၊ ငါ နားမလည်တော့ဘူး”

…

တရုတ် ဗဟိုရုပ်သံဌာနချုပ်၌။

ဒါရိုက်တာချုပ်လျှိုသည် သူ့ပုံရိပ်ကိုပင် မထောက်နိုင်ဘဲ ထရပ်မိသည်။

“လခွမ်း … ဒါက ဘယ်လိုတောင် အံ့ဩဖို့ကောင်းတာလဲ”

“ဟုတ်တယ်၊ အံ့ဩဖို့ကောင်းလွန်းတယ်”

“ငါတို့ ရွှေထုပ်ကြီး ပိုက်မိတာပဲ”

“ငါတို့ တရုတ်ဗဟိုရုပ်သံဌာနရဲ့ အဆင့်သက်မှတ်ချက်က ကျန်တဲ့ ဇာတ်လမ်းတွဲတွေအားလုံးကို နင်းချေလိုက်တာပဲ၊ မယုံနိုင်စရာပဲ”

“လခွမ်း၊ နိုင်ငံရေးအမြင်တွေ ပါတဲ့ ဇာတ်လမ်းတွဲက အနုပညာရှင်တွေရဲ့ ဇာတ်လမ်းတွဲကို ကျော်သွားတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ ငါတို့ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပြီ”

မယုံနိုင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြံရာမရခြင်း၊ ကြောက်လန့်ခြင်း စသည့် ခံစားချက်များအားလုံး ခံစားနေရသည်။ လူတိုင်း မတူညီသော တုံ့ပြန်မှုများ ရှိနေကြလေသည်။

အနုပညာလောကသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် အကြီးအကျယ် အောင်မြင်နေ၏။

တစ်ညတည်းနှင့် ၎င်းသည် တစ်နိုင်ငံလုံးအနှံ့ အကြီးအကျယ် အောင်မြင်သွားခဲ့သည်။

နှလုံးသားမဲ့ ဓားသမားနှင့် အကောင်းဆုံးအချိန်တို့သည် တိတ်တဆိတ် နစ်မြုပ်သွားပြီဖြစ်ကာ အခြားသူများထံမှ ပြောဆိုခြင်း မခံရတော့ပေ။ လက်ရှိအချိန်တွင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည်သာ လူတိုင်း ဆွေးနွေး ပြောဆိုနေသည့် ခေါင်းစဉ် ဖြစ်လေသည်။

နောက်တစ်နေ့ မနက်၌ လူတော်တော်များများက ရဲ့လင်းချန်၏ ဖုန်းနံပါတ်ကို မသိကြသဖြင့် ရှောင်ဖေးဖေးနှင့် လီထိုက်တို့၏ ဖုန်းသာ ဆက်တိုက် မြည်နေသည်။

ရုပ်ရှင် ရိုက်ကူးရေး ကုမ္ပဏီတစ်ခုက သူတို့ကို ဆက်သွယ်လာသည်။

“ဒါရိုက်တာရှောင်”

“ဒါရိုက်တာဖုန့်”

“ငါ မင်းနဲ့ ဇာတ်ကားတစ်ကား ပူးပေါင်းချင်လို့”

“အချိန်ရရင် ပြောကြတာပေါ့၊ အခု ကျွန်မတို့မှာ အဲ့လို အစီအစဉ်မျိုး မရှိသေးလို့”

“ငါတို့ မင်းကုမ္ပဏီမှာ ချက်ချင်း ရင်းနှီးမြှုပ်နှံနိုင်ပါတယ်၊ သန်းနှစ်ရာဆို လုံလောက်လား၊ မင်း ရုပ်ရှင်ကား အပေါ် အပြည့်အဝ ခြယ်လှယ်လို့ရမှာကွာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင် ရွေးချယ်တာ၊ ရိုက်ကူးရေး လုပ်ငန်းစဉ်နဲ့ တခြားဟာတွေ အားလုံးပဲကွာ၊ ငါတို့ လုံးဝ ဝင်မပါဘူးလို့ ကတိပေးတယ်၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါဦး”

“ကျွန်မတို့ တခြားအချိန်တွေကျရင် ပြန်ပြောပေးပါမယ်”

ရုပ်သံဌာနကြီးများအားလုံးကလည်း ဖုန်းခေါ်ဆိုလာကြသည်။

“ဒါရိုက်တာလီ၊ မင်း တခြားပရောဂျက်တစ်ခု ရိုက်ကူးဖို့ စီစဉ်ထားသလား၊ မင်း ဘာကို ရိုက်ကူးမှာလဲ”

“ဥက္ကဋ္ဌကျောက်၊ ကျွန်တော်တို့ ဇာတ်ညွှန်းတောင်မှ မရှိသေးပါဘူး”

“ဒါရိုက်တာလီ၊ ငါတို့က မိတ်ဆွေဟောင်းတွေလို့ သတ်မှတ်လို့ ရတယ်လေ၊ မင်းရဲ့ ပရောဂျက်တစ်ချို့ကိုတောင် ငါ့ရုပ်သံဌာနမှာ လွှင့်ခဲ့သေးတာပဲ၊ နောက်ဇာတ်လမ်းတွဲတွေအတွက် ငါတို့ရုပ်သံဌာနကို မင်း ရွေးကိုရွေးရမှာနော်”

“ငါတို့ နောက်တစ်ခေါက်မှ ပြောကြတာပေါ့၊ ငါတို့ အခုလောလောဆယ် ဘာမှ စီစဉ်ထားတာ မရှိသေးဘူး”

“မင်း တစ်ခုခု စီစဉ်ထားတာရှိရင် ငါတို့ကို ဆက်သွယ်ရမယ်နော်၊ ဟုတ်ပြီလား၊ အဓိက အချိန်ဇယား၊ မူပိုင်ခွင့်ကြေး၊ ကြော်ငြာခ၊ ငါတို့ မင်းကို ကျေနပ်လောက်စေမယ့် သဘောတူညီမှုမျိုး သေချာပေါက် ပေးမှာပါ”

All Chapters