အခန်း (၇၆၀-၇၆၂)
Vol. 51 Ch. 760-762
"ဒီကျင့်စဥ်က အမြင့်မြတ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
သူ၏ စိတ်ထဲမှ စနစ်၏ အချက်ပေးသံကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
စနစ်ကိုရရှိပြီးကထဲပင် ကျန်းချန်သည် မည်သည့်ကျင့်စဥ်ကို မဆို တစ်ချက်ကြည့်ရုံဖြင့် သင်ယူနိုင်လုနီးပါး ဖြစ်၏။
ဤတစ်ကြိမ်တွင်မူ သူသည် အချိန်နှင့် အာကာသ ဓားနယ်မြေကို မြင်ပြီးနောက်မှာပင် အစွန်အဖျားလောက်သာ နားလည်ခဲ့သည်။
ဆိုရလျှင် နားလည်မှုနှုန်းသည် ၁ ရာခိုင်နှုန်းသာ ရှိ၏။
သို့သော် အချိန်နှင့် အာကာသ ဓားနယ်မြေ၏ ၁ ရာခိုင်နှုန်းကို သဘောပေါက်လျှင်ပင် ကျန်းချန်သည် အချိန်နှင့် အာကာသဓားနယ်မြေ၏ စွမ်းအားကို အသုံးပြုနိုင်နေပြီ ဖြစ်သည်။
အချိန်နှင့် အာကာသဓားနယ်မြေ၏ တစ်ရာပုံ တစ်ပုံသည်ပင် ဘုရင်အဆင့် ကျင့်စဥ်ထက် မနိမ့်ပေ။
အချိန်နှင့် အာကာသ ဓားနယ်မြေကို အသုံးပြုလျှင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ထိုအချိန်မှာပင် သူ့လက်ထဲမှ အပြာရောင် စာလိပ်သည် အမှုန့်ပုံစံအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြေးညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
အပြာရောင်စာလိပ် ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် ထိုနေရာမှာပင် နှစ်နာရီခန့် အတွင်းအားကျင့်ကာ သူ၏ အင်အားကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေခဲ့သည်။
"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်တော် ကျန်းချန်က အကြီးအကဲဆီကနေ အမွေဆက်ခံလိုက်တဲ့ အတွက် အနာဂတ်မှာ ဥက္ကာခဲဓားအင်ပါယာ ဆိုတဲ့ နာမည်ကို ဘယ်တော့မှ မပျောက်ကွယ်စေရပါဘူး "
ကျန်းချန်က ဥက္ကာခဲဓားအင်ပါယာ ပျောက်ကွယ်သွားသည့်နေရာကို ဦးညွှတ်လိုက်ပြီးနောက်တွင် ဥက္ကာခဲ ကျောင်းဆောင်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က ဥက္ကာခဲကျောင်းဆောင် စမ်းသပ်မှုကနေ ဖြတ်ကျော်ပြီး ဥက္ကာခဲဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိချိန်တွင် ဥက္ကာခဲ ကျောင်းဆောင်၏ အပြင်ဘက်၌ ကျန်းချန် မတိုင်ခင် ဥက္ကာခဲကျောင်းဆောင်ကနေ ထွက်ပေါ်လာသည့် ကျောက်ယွိလုံတို့ လေးယောက်သည် မျက်နှာများ ဖြူဖျော့စွာဖြင့် ဧရာမကျောက်တုံးတစ်ခုကို မှီနေခဲ့သည်။
လေးယောက်လုံး၏ အခြေအနေက အတော်လေး ဆိုးရွားနေပြီး ပါးစပ်ထောင့်တွင် သွေးများ စွန်းထင်းနေခဲ့၏။
ကျောက်ယွိလုံတို့ လေးယောက်၏ ဆန့်ကျင်ဘက်တွင် အင်အားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင် အရိပ်တစ်ခုသည် စန်းလန်အဖွဲ့အစည်းမှ တပည့်အုပ်စုတစ်စုကို ဦးဆောင်ကာ ကျောက်ယွိလုံ တို့ကို ဝန်းရံထားခဲ့သည်။
ထိုအနက်ရောင်အရိပ်သည် တခြားသူ မဟုတ်ဘဲ စန်းလန်းအဖွဲ့အစည်း၏ နောက်ထပ် ဘုရင်အဆင့်ပါရမီရှင် စန်းယာပင်ဖြစ်၏။
"စန်းယာ မင်း သိပ်လူပါးမ၀နဲ့ "
ကျောက်ယွိလုံက အံကြိတ်လိုက်ပြီး ဆန့်ကျင်ဘက်မှ စန်းယာကို လှည့်ကြည့်လိုက်သည်။
သူက ဒေါသထွက်လွန်း၍ မျက်လုံးက မီးဝင်းဝင်း တောက်နေခဲ့သည်။
လွန်ခဲ့သည့် သုံးရက်က ဥက္ကာခဲကျောင်းဆောင်က ထွက်လာပြီးနောက်တွင် ကျောက်ယွိလုံတို့ လေးယောက်သည် ဤနေရာမှ မထွက်သွားဘဲ ကျန်းချန်ကို စောင့်နေခဲ့ကြသည်။
သို့သော် ကျန်းချန် ထွက်မလာခင် စန်းယာ ရောက်ရှိလာမည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။
စန်းယာက ကျောက်ယွိလုံတို့ လေးယောက်ကို မြင်သည်နှင့် ဥက္ကာခဲကျောင်းဆောင်မှ ရရှိခဲ့သည့် ဆုလာဘ်များကို အတင်းအကြပ် တောင်းဆိုခဲ့သည်။
ထို့ကြောင့် ကျောက်ယွိလုံက ဒေါသထွက်ပြီး စန်းယာနှင့် စတင် တိုက်ခိုက်ခဲ့သည်။
သို့သော် စန်းယာ၏ ကျင့်ကြံမှုသည် သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ စန်းယာ၏ အရှေ့တွင် ကျောက်ယွိလုံသည် လုံး၀ ခုခံနိုင်စွမ်း မရှိတော့ပေ။
"ကျောက်ယွိလုံ ငါက သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်လိုက်ပြီ.. မင်းက အခု ငါ့ ပြိုင်ဘက် မဟုတ်တော့ဘူး.. မင်းမသေချင်ရင် ဥက္ကာခဲကျောင်းဆောင်ရဲ့ ဆုလာဘ်ကို နာခံမှုရှိရှိ ငါ့ဆီ ပေးအပ်ပါ.. ဒါဆို မင်းကို မသတ်ဖို့ ငါစဥ်းစားပေးမယ် "
စန်းယာက ကျောက်ယွိလုံတို့ လေးယောက်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာ အေးစက်နေခဲ့၏။
"ဥက္ကာခဲကျောင်းဆောင်ရဲ့ ဆုလာဘ်တွေကို လိုချင်နေတာလား...အိပ်မက်မက်နေတာပဲ "
ကျောက်ယွိလုံက အေးစက်စွာ ပြောလိုက်၏။
"ငါ့ကို မီးရှို့လိုက်ရင်တောင်မှ ဥက္ကာခဲ ကျောင်းဆောင်ရဲ့ ဆုလာဘ်ကို မင်းမရစေရဘူး "
"ကျောက်ယွိလုံ မင်းက သေချင်နေတာပဲ.. ကောင်းပြီလေ.. ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် "
စန်းယာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်၏
တစ်ချိန်တည်းမှာပင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် ကျောက်ယွိလုံတို့ လေးယောက်ကို ချက်ချင်း လွှမ်းမိုးသွားခဲ့၏။
အခန်း(၇၆၀)ပြီး၏။
အခန်း(၇၆၁)
စန်းယာ၏ သိုင်းသခင်နယ်ပယ် အရှိန်အဝါ ဖိနှိပ်မှုကို ရင်ဆိုင်ရလျှင် ကျောက်ယွိလုံ၏ ပုံရိပ်သည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းဆိုသလို သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ကျောက်ယွိလုံ ဘေးမှ ဟုန်ကွမ်းနှင့် စန်းလန်တပည့် သုံးယောက်၏ အခြေအနေက ပိုမို၍ ဆိုးရွား၏။
သူတို့က စန်းယာ၏ အရှိန်အဝါ ဖိအားအောက်တွင် မြေပြင်ပေါ်၌ လူးလိမ့်နေခဲ့ရသည်။
"ကျောက်ယွိလုံ.. မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်"
"ဥက္ကာခဲကျောင်းဆောင်ရဲ့ ဆုလာဘ်ကို ပေးအပ်ပါ.. မဟုတ်ရင် ဒီနေ့က မင်းရဲ့ နှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်"
စန်းယာက ကျောက်ယွိလုံတို့ လေးယောက်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ အေးစက်သော လူသတ်ငွေ့ကို ထုတ်လွှတ်နေ၏။
"စန်းယာ.. ငါ ကျောက်ယွိလုံ ဒီနေ့ သေရမယ် ဆိုရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
ကျောက်ယွိလုံ၏ မျက်လုံးထဲတွင် ရူးသွပ်သော အကြည့်တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့၏။
သူက လက်ဖဝါးကို ဖြန့်လိုက်ရာ ထူးဆန်းသော တောက်ပမှုကို ထုတ်လွှတ်နေသည့် ရွှေရောင်အလင်းလုံး တစ်လုံးသည် သူ့လက်ဖဝါးထဲတွင် တိုက်ရိုက် ပေါ်လာသည်။
သို့သော် ကျောက်ယွိလုံက စန်းယာနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် သူ၏ နောက်ဆုံးဝှက်ဖဲကို သုံးတော့မည့်အချိန်တွင် အလွန်ရင်းနှီးသော ရယ်သံတစ်သံသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ဟားဟား စန်းယာ.. မင်းက စန်းလန်အဖွဲ့အစည်းရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုပေမဲ့ တကယ်တော့ ငကြောက်ပဲ"
"ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုမှာ မပါဝင်ရဲဘဲ တခြားသူတွေဆီကနေ ဆုလာဘ်တွေကို လုယူဖို့ ကြိုးစားနေတာ မရှက်ဘူးလား"
ထိုစကားသံကိုကြားလျှင် ကျောက်ယွိလုံက ဝမ်းသာသွားခဲ့သည်။
သူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကျန်းချန်ရဲ့ ပုံရိပ်သည် ဥက္ကာခဲကျောင်းဆောင်၏ တံခါးကနေ ထွက်လာသည်ကို တွေ့လိုက်ရ၏။
"ကျန်းချန်"
စန်းယာက ဥက္ကာခဲကျောင်းဆောင်ကနေ ထွက်ပေါ်လာသည့် ကျန်းချန်ကို လှမ်းကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"စန်းယာ.. မင်းနဲ့ ကျောယွင်ဖန် အဲဒီနေ့က ငါ့ကို လှည့်စားခဲ့တယ်.. ဒီကိစ္စကို ရှင်းလင်းဖို့ မင်းဆီလာမယ်လို့ တွေးထားပေမဲ့ မင်းကိုယ်တိုင် ငါ့ဆီ ရောက်လာမယ်လို့ မထင်ထားမိဘူး"
ကျန်းချန်က စန်းယာကို အသာအယာ လှမ်းကြည့်၍ ပြောလိုက်သည်။
"ဒီကို ရောက်လာပြီဆိုမှတော့ မင်းနဲ့ ဒီကိစ္စကို ရှင်းဖို့ အချိန်တန်ပြီ"
"ကျန်းချန်.. မင်း ငါ့ရှေ့မှာ မာနထောင်လွှားချင်နေတာလား"
"မင်းက ကျောယွင်ဖန်ကို အနိုင်ယူပြီး ငါ့ကို အံ့အားသင့်စေခဲ့တယ်.. ဒါကြောင့် မင်းကို ကိုင်တွယ်ဖို့အတွက် သိုင်းသခင်နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်ဖို့ ဥက္ကာခဲကျောင်းဆောင်ရဲ့ စမ်းသပ်မှုကို ငါ လက်လျှော့ပြီး ကျင့်ကြံခြင်း အပေါ်မှာပဲ ရက်အနည်းငယ် အာရုံစိုက်ခဲ့တယ်.. အခုတော့ ငါက သိုင်းသခင်နယ်ပယ် အဆင့်ကို ရောက်သွားခဲ့ပြီ.. မင်း ငါ့လက်ထဲမှာ သေရတော့မယ်"
စန်းယာက ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြုံးလိုက်သည်။
မကြာခင်မှာပင် သူက လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ဆယ်ပေအကျယ်ရှိသော ဧရာမ အနက်ရောင် လက်ဝါးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ကျန်းချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
ထိုအချိန်တွင် ကျန်းချန်၏ မျက်နှာထားသည် အေးစက်နေခဲ့၏။
သူက လက်ညိုးမှဓားစွမ်းအင်ဖြင့် အနက်ရောင် လက်ဝါးကို အသာအယာ ချိန်ရွယ်လိုက်ရာ မမြင်နိုင်တဲ့ ဓားစွမ်းအင်သည် လေထုကို ထိုးဖောက်သွားပြီး ဧရာမ အနက်ရောင်လက်ဝါးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် ဧရာမ အနက်ရောင်လက်ဝါးအား ချိုးဖျက်လိုက်နိုင်သည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့၏။
"သိုင်းသခင်နယ်ပယ်က ဘာများ အံ့သြစရာကောင်းလို့လဲ.. မင်းကို သတ်ချင်ရင် ခွေးတစ်ကောင်ကို သတ်သလိုပဲ အရမ်းလွယ်တယ်"
ကျန်းချန်၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သော အင်အားဖြင့် စန်းယာကို ချက်ချင်း ချုပ်နှောင်ကာ စန်းယာဆီသို့ အင်အားအကုန်သုံး၍ ပြေးဝင်သွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ချုပ်နှောင်မှုဖြင့်ရင်ဆိုင်ရလျှင် စန်းယာ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်ထဲမှ သိုင်းသခင်နယ်ပယ် အဆင့်၏ အသက်စွမ်းအင်ကို အလျင်အမြန် လှုံ့ဆော်ကာ မရေမတွက်နိုင်သော အနက်ရောင်စွမ်းအင်အဖြစ် ပြောင်းလဲပြီး ကျန်းချန်၏ ထောင်ပေါင်းများစွာသော ဓားစွမ်းအင်များကို တိုက်ခိုက်လိုက်၏။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် လေထဲတွင် ချက်ချင်းဆိုသလို ထိပ်တိုက်ဆုံမိပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် စန်းယာဟာ အနည်းငယ် နောက်ဆုတ်လိုက်ရ၏။
သူက သူ့ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသည့် စွမ်းအားများကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
"တတိယအဆင့်ဓားဆန္ဒ.. မင်း.. မင်းက တကယ်ပဲ တတိယအဆင့် ဓားဆန္ဒကို နားလည်သဘောပေါက်သွားပြီလား"
အခန်း(၇၆၁) ပြီး၏
အခန်း(၇၆၂)
စန်းယာက အလွန်တရာ အံ့သြသွားခဲ့သည်။
သူ့ရှေ့မှ ကောင်လေး၏ သိုင်းပါရမီသည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။
အင်ပါယာခန်းမ ဖွင့်စဥ်တွင် ကျန်းချန်သည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်သာ ရှိသေးသည်။
ကျန်းချန်က တစ်လအတွင်း ဤအဆင့်အထိ တိုးတက်လာလိမ့်မည်ဟု စန်းယာ လုံးဝထင်မထားခဲ့ပေ။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲ မဝင်ခင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် ဖြစ်သည်။
သို့သော်လည်း အဌမအဆင့်မှ ကျင့်ကြံသူကို လက်သီး တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သော စွမ်းရည် ရှိ၏။
လေပင်လယ် လျှို့ဝှက်နယ်မြေထဲ ဝင်ပြီးနောက်တွင် ကျန်းချန်သည် အခွင့်အလမ်းများ ရရှိခဲ့ပြီး ကျင့်ကြံခြင်း အဆင့်ကလည်း သတ္တမအဆင့်ထိ တဟုန်ထိုး တက်သွားကာ ရေနဂါးဂိုဏ်း၏ ဘုရင်အဆင့် ပါရမီရှင် ကျောယွင်ဖန်ကိုပင် အနိုင်ယူပြခဲ့သည်။
ထို့အပြင် ဤတစ်ခေါက်တွင် ဥက္ကာခဲကျောင်းဆောင်ထဲသို့ ဝင်ရောက်ပြီး စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ထိ မြှင့်တင်နိုင်ခဲ့သည့်အပြင် ဓားဆန္ဒ တတိယအဆင့်ကိုပင် နားလည်သဘောပေါက်ခဲ့သည်။
ကိုယ်ခံပညာရဲ့ စစ်မှန်သောအမှန်တရား တတိယအဆင့်ကို သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ အများစုပင် နားလည်သဘောမပေါက်ကြပေ။
ရှန်းဝူတိုက်ကြီးတွင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သောအမှန်တရား တတိယအဆင့်ကို နားလည်သဘောပေါက်ပြီး သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူကို အနိုင်ယူခဲ့သည့် ထူးချွန်သော ပါရမီရှင် အများအပြား ယခင်က ရှိခဲ့ဖူးသည်။
ဆိုရလျှင် ကျန်းချန်တွင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေသည်မှာ သေချာသလောက်ပင်။
"ဒီကောင့်ရဲ့ ပါရမီက သိပ်ကြောက်ဖို့ကောင်းတယ်.. ဒီကောင့်ကို လေပင်လယ် လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး"
စန်းယာ၏ မျက်လုံးထဲတွင် ထက်မြသော အေးစက်စက် အလင်းရောင်တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့၏။
ထို့နောက်တွင် သူ၏ သိုင်းသခင်နယ်ပယ်အဆင့် အင်အားကြီးမားသော အသက်စွမ်းအင်သည် ကောင်းကင်ယံတွင် အနက်ရောင်လက်ဝါးအရိပ်အဖြစ် ပြောင်းလဲကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
စန်းယာ၏ အစွမ်းကုန် တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် စိုးရိမ်မှုမရှိဘဲ တည်ငြိမ်နေခဲ့၏။
သူ၏ ဓားဆန္ဒက တတိယအဆင့် အလယ်အလတ်ကို ချိုးဖျက်ပြီးနောက်တွင် သူ့အင်အားသည် သိုင်းသခင် နယ်ပယ် ပထမအဆင့်ကျင့်ကြံသူထက် မနိမ့်တော့ပေ။
ထို့ကြောင့် စန်းယာက သိုင်းသခင်နယ်ပယ် အဆင့်၏ အင်အားဖြင့် တိုက်ခိုက်လျှင်ပင် ကျန်းချန်သည် သူ၏ ဓားဆန္ဒဖြင့် အလွယ်တကူ ချိုးဖျက်နိုင်၏။
တခဏအတွင်း နှစ်ယောက်သားသည် ဆယ်ကွက်ကျော်အထိ ဆက်တိုက်ပင် တိုက်ခိုက်ခဲ့ကြသည်။
စန်းယာက မည်မျှပင် ကြိုးစားပါစေ၊ ကျန်းချန်ကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။
သူတို့ရှေ့မှ အခြေအနေကို မြင်လျှင် စန်းလန် တပည့်အားလုံးသည် ဖော်ပြ၍ မရနိုင်လောက်သည် အထိ တုန်လှုပ်ချောက်ချားသွားကြသည်။
"ကျန်းချန်က အရမ်း အင်အားကြီးတာပဲ"
ဟုန်ကွမ်းနှင့် တခြားသူများက သက်ပြင်းချလိုက်ကြသည်။
ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့် အင်အားဖြင့် သိုင်းသခင်နယ်ပယ်ကို ချိုးဖျက်ခဲ့သည့် ဘုရင်အဆင့် ပါရမီရှင်ကို ရင်ဆိုင်ရသော်လည်း မရှုံးနိမ့်ခဲ့ပေ။
"ဒီလောက်ထိတောင် ကောင်းကင်နဲ့ ဆန့်ကျင်နေတာလား.. ညီလေးကျန်းရဲ့ ပါရမီက ကြယ်လေးပွင့်အင်အားစုတွေမှာတောင် ထိပ်တန်းနေရာမှာ ရှိနေမဲ့ ပါရမီပဲ"
"ဟားဟား.. သူ့အတွက် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို အဆင့်ကျော်ပြီး သတ်ဖြတ်တာ ဘာများဆန်းလို့လဲ"
ကျောက်ယွိလုံက ခေါင်းခါယမ်း၍ ရယ်မောလိုက်သည်။
ကျန်းချန်၏ အင်အားက စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်တွင် ရှိစဥ် ကျောက်ယွိလုံသည် ကျန်းချန်နှင့် ကျောယွင်ဖန်တို့၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသည်။
ယခု ကျန်းချန်က သူ၏ ဝှက်ဖဲများကိုပင် မထုတ်ရသေးပေ။
သူသာ အစွမ်းကုန် ထုတ်သုံးလျှင် စန်းယာကို သတ်ဖြတ်သည်မှာ ခွေးတစ်ကောင်ကို သတ်ရသလောက် လွယ်ကူလောက်သည် မဟုတ်ပါလော။
"ဒါ ဘယ်လိုဖြစ်တာလဲ.. ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘာလို့ ဒီလောက်ထိ အင်အားကြီးနေရတာလဲ"
စန်းယာက စိတ်ထဲတွင် ကြောက်လန့်လာခဲ့သည်။
သူက စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်၏။
အခု သိုင်းသခင်နယ်ပယ် အဆင့်ကို ချိုးဖျက်လိုက်ပြီ ဖြစ်ရာ ဤလေပင်လယ် လျှို့ဝှက်နယ်မြေတွင် ပြိုင်ဘက်ကင်း ဖြစ်သင့်သည်။
သိုသော်လည်း ယခုအခါတွင် စွမ်းအင်သိပ်သည်းခြင်း အဌမအဆင့်ဖြစ်သည့် ကျန်းချန်ကိုပင် မရှင်းပစ်နိုင်ခဲ့ပေ။
ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ဤကဲ့သို့ ထူးချွန်သောမွန်းစတားသည် စန်းလန်အဖွဲ့အစည်းလို နေရာတွင် မည်ကဲ့သို့ ပေါ်လာရပါသနည်း။
စန်းယာက အလွန်ပင် စိတ်ပျက်နေခဲ့သည်။
ယနေ့တွင် မည်မျှ အဖိုးအခ ပေးဆပ်ရပါစေ၊ သူက ကျန်းချန်ကို ဤနေရာတွင် သင်္ဂြိုဟ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။
သို့မဟုတ်လျှင် ကျန်းချန် ရှိနေသ၍ စန်းလန် အဖွဲ့အစည်းတွင် သူ၏ အောင်မြင်မှု နေ့ရက်များသည် ရောက်လာတော့မည် မဟုတ်ချေ။
စန်းယာက သက်ပြင်းရှည် ချလိုက်ပြီး ဝှက်ဖဲများကို ထုတ်သုံးတော့မည့် အချိန်တွင် ဆန့်ကျင်ဘက် မီတာတစ်ထောင် အကွာရှိ မထင်မရှား တောင်တစ်လုံးပေါ်တွင် နဂါး နိုးထလာသသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့၏။
ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါသည် လူတိုင်းကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
"သိုင်းသခင်နယ်ပယ်အဆင့် အရှိန်အဝါပါလား"
"လေပင်လယ် လျှို့ဝှက်နယ်မြေမှာ နောက်ထပ် သိုင်းသခင်အဆင့် ကျင့်ကြံသူတစ်ယောက် မွေးဖွားလာပုံပဲ"
အခန်း(၇၆၂) ပြီး၏