← Chapters

အမည်ခံတပည့်

Vol. 153 Ch. 2284

အမည်ခံတပည့်

Vol. 153 Ch. 2284

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် ထိုအသံကိုကြားသောအခါ အံ့အားသင့်သွားခြင်းမရှိသည့်အလား သူ၏ အမူအရာက ပြောင်းလဲမသွားပေ။

ဂိုဏ်းချုပ်၏ အကြည့်က ဆူဇီမိုအပေါ်မှာ ရှိနေဆဲဖြစ်၏။

သူက လူအိုကြီးရွှမ်ကိုကြည့်ဖို့အတွက် သူ၏ ခေါင်းကိုငုံ့ခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်ကာ မေးလိုက်၏။

“ဘာလို့သဘောမတူရတာလဲ”

“ဟေ့... တပည့်လက်ခံတဲ့ကိစ္စမှာတောင် ရှေ့နောက်အစီအစဥ်ဆိုတာရှိတယ်”

လူအိုကြီးရွှမ်က အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“ငါက... ဒီကောင်လေးကို အရင်သဘောကျခဲ့တာပဲ... မင်း ခြေတစ်လှမ်းနောက်ကျသွားပြီ”

“မင်းက သူ့ကို မင်းရဲ့အမွေအနှစ်ကို ခံယူစေချင်လို့လား”

ဂိုဏ်းချုပ်က ထပ်မံ၍မေးလိုက်၏။

“ဒါပေါ့”

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဒီကောင်လေးရဲ့ တာအိုနှလုံးသားက လက်ဖျားခါလောက်အောင်သန်မာတယ်... ဒီလိုမျိုး တာအိုနှလုံးသားရှိတဲ့သူကပဲ... ငါ့မျိုးဆက်ရဲ့တာဝန်ကို ပခုံးထမ်းနိုင်လိမ့်မယ်”

ဂိုဏ်းချုပ်က မှင်သေသေဖြင့်ပြောလိုက်၏။

“မျှမျှတတပြောရမယ်ဆိုရင် သူ့ရဲ့ပါရမီအလားအလာနဲ့ အရည်အချင်းအရဆို သူ့ရဲ့ပြတ်သားမှုနဲ့ စွမ်းအားကြီးမားတဲ့ တာအိုနှလုံးသားနဲ့ပါဆို မင်းရဲ့အမွေအနှစ်ကိုဆက်ခံဖို့က သူ့အတွက်ပြုန်းတီးမှုတစ်ခုပဲ”

“အပိုတွေလျှောက်ပြောမနေနဲ့”

လူအိုကြီးရွှမ်က အနည်းငယ်မကျေမနပ်ဖြစ်သွား၏။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို တည်ထောင်ပြီးကတည်းက ငါ့ရဲ့မျိုးဆက်က ကြီးမားတဲ့တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့တယ်... အဲ့ဒါက တက္ကသိုလ်ရဲ့အနာဂတ်နဲ့လည်းသက်ဆိုင်နေတယ်... ဘာလိုပြုန်းတီးမှုတစ်ခုဖြစ်မှာလဲ”

“တကယ်တော့... ငါ့အထင်အရ မင်းရဲ့မျိုးဆက်က အစကတည်းက အဓိပ္ပါယ်မှမရှိတာ “

ဂိုဏ်းချုပ်က ပြန်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလတစ်ခုက ငါက ဂိုဏ်းချုပ်နေရာကိုယူပြီး မင်က တက္ကသိုလ်ရဲ့အကြီးအကဲ-၁၀ နေရာကို ဆက်ခံရယူခဲ့တယ်... ဒါပေမဲ့ ဒီလောက်နှစ်တွေကြာပြီးတာတောင် မင်းက တက္ကသိုလ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ ဘာလုပ်နိုင်ခဲ့လို့လဲ”

“တိတိကျကျပြောရရင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် တည်ထောင်ပြီးကတည်းက အကြီးအကဲ-၁၀ရဲ့ ရာထူးက ဘယ်တုန်းကမှ သုံးစားမရခဲ့ဘူး”

လူအိုကြီးရွှမ်က အသံတိတ်သွား၏။

သူ၏ ထူးခြားသော သရုပ်သကန်ကြောင့် သူသည် အကြီးအကဲ-၁၀ အနေဖြင့် တက္ကသိုလ်၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိသည်ကို သူ၏ ရင်ထဲမှာ သိရှိထား၏။

တကယ်ဆို... သူ၏ သရုပ်သကန်ကပင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်၏။

အတန်ကြာငြိမ်သက်နေပြီးနောက် လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက အရင်ဂိုဏ်းချုပ်ချမှတ်ခဲ့တဲ့ စည်းမျဥ်းပဲ... မင်းကအလင်းရောင်အောက်မှာနေပြီး ငါကအမှောင်ထဲမှာနေမယ်... အဲ့ဒါကို ငါတို့က ဘယ်လိုလုပ် အလွယ်တကူပယ်ဖျက်လို့ရမှာလဲ”

“အမှန်ပဲ... မဟာအကြီးအကဲကလွဲရင် တခြားအကြီးအကဲ ၈ ဦးကတောင် မင်းရဲ့အစစ်အမှန်သရုပ်သကန်ကို မသိကြဘူး”

ဂိုဏ်းချုပ်က သက်ပြင်းချပြီး ပြန်မေးလိုက်၏။

“မင်းက ဆူဇီမိုကို မင်းရဲ့အမွေအနှစ်ကိုလက်ခံရယူပြီး မင်းလိုမျိုးအခုကစပြီး အမှောင်ထဲမှာ နေစေချင်လို့လား”

“သူက ငယ်လွန်းသေးတယ်... သူ့ကို ဒီလိုမျိုးကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလက်လွှဲပေးဖို့က ရက်စက်လွန်းရာကျမနေဘူးလား”

လူအိုကြီးရွှမ်က သူ၏ ခေါင်းကိုငုံ့ပြီး နောက်တစ်ဖန်ငြိမ်သက်သွား၏။

ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။

“သူက ငါ့လက်အောက်ကိုဝင်မယ်ဆိုရင် ငါကသူ့ကို လမ်းညွှန်ပေးပြီ ကာကွယ်ပေးနိုင်တယ်... သူ့ရဲ့ပါရမီအရည်အချင်းနဲ့ အလားအလာနဲ့ဆို သူကအနာဂတ်မှာ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ကျော်ကြားလာပြီးတော့ ပူပင်ကြောင့်ကြမဲ့တဲ့ဘဝတစ်ခုကိုရရှိလာလိမ့်မယ်... အဲ့ဒါကဘာများဆိုးလို့လဲ”

“မင်းက ပါရမီအရည်အချင်းကို သဘောကျတဲ့သူဆိုတာ ငါနားလည်ပေးနိုင်တယ်”

“ဒါပေမဲ့... မင်းရဲ့မျိုးဆက်အမွေအနှစ်အတွက်နဲ့ သူ့ကို ဝန်ထုပ်ဝန်ပိုးတွေအားလုံးထမ်းခိုင်းဖို့က မင်းအနေနဲ့ နဲနဲအတ္တကြီးရာမကျဘူးလား”

“ဟေး...”

အတန်ကြာငြိမ်သက်ပြီးနောက် လူအိုကြီးက ရုတ်တရက် ထူးဆန်စွာရယ်မောလိုက်၏။

“ငါ့မှာ မင်းလိုမျိုး တပည့် ၆ယောက် လက်ခံထားတာမရှိဘူး... ငါ့ရဲ့မျိုးဆက်က တပည့်တစ်ယောက်ကိုပဲ လက်ခံလို့ရမယ်... ငါ့အနေနဲ့ ဒီလိုမျိုးသင့်လျော်တဲ့ လူတစ်ယောက်ကိုတွေ့ရဖို့က လွယ်တာမဟုတ်ဘူး... ငါအဲ့ဒါကို လက်လျှော့ပေးမှာ မဟုတ်ဘူး”

“ဒါပေမဲ့... ငါက ဒီနေရာကိုရောက်လာပြီးတော့ သူ့ကိုတပည့်အဖြစ်လက်ခံမယ်လို့ ပြောပြီးသွားပြီ... ဒီလောက်များပြားတဲ့တပည့်ဂိုဏ်းသားတွေရှေ့မှာ ငါ့ရဲ့စကားကို ငါဘယ်လိုလုပ် မတည်ဘဲနေလို့ရမှာလဲ”

ဂိုဏ်းချုပ်က ဘာမှမတတ်နိုင်သောပုံစံဖြင့် ခါးသက်စွာပြုံးလိုက်၏။

“ငါဂရုမစိုက်ဘူး”

လူအိုကြီးရွှမ်က မျက်လုံးတစ်ချက်စွေကြည့်လိုက်၏။

လူအိုကြီးရွှမ်က အလျှော့ပေးဖို့ငြင်းဆန်နေသည်ကို တက္ကသိုလ်၏ ဂိုဏ်းချုပ် တွေ့မြင်သောအခါ သူက ညင်သာစွာသက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးထဲရှိ မှိုင်တွေလွမ်းဆွေးမှုကလည်း ပို၍သိပ်သည်းကျစ်လစ်လာပုံရ၏။

“ဒီလိုလုပ်လေ... ငါတို့နှစ်ယောက် အလျှော့အတင်းလုပ်ကြမယ်”

ခဏကြာပြီးနောက် ဂိုဏ်းချုပ်ကပြောလိုက်၏။

“ငါကသူ့ကို တပည့်အဖြစ်လက်ခံမယ်လို့ ပြောခဲ့ပြီးသွားပြီ... ငါ့စကားကိုငါ ပြန်ရုပ်သိမ်းလို့မရဘူး... ငါသူ့ကိုအရင်ဆုံး အမည်ခံတပည့်အဖြစ်ပဲ လက်ခံထားမယ်”

သူက ပကတိဧကနယ်ပယ်ကိုဝင်ရောက်ပြီး ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာတာနဲ့... သူက ငါ့တပည့်အဖြစ် ဆက်နေမလား... မင်းရဲ့အမွေအနှစ်ကို ဆက်ခံမလားဆိုတာ ငါတို့ သူ့ကို သူ့ဘာသာသူဆုံးဖြတ်ခိုင်းမယ်”

“အင်း... အဲ့ဒါကတော့ ပိုပြီးတော့မျှတတယ်”

လူအိုကြီးရွှမ်က လှည့်ပတ်၍ကြည့်ရှုလိုက်၏။

“အဲ့ဒါက သူ့ရဲ့သဘောဆန္ဒကို အလေးထားရာလည်းရောက်တယ်.. သူက ဘယ်သူ့လက်အောက်ကိုပဲဝင်ဝင် အဲ့ဒါကသူ့ရဲ့ရွေးချယ်မှုပဲ”

“နောက်ပြီးသူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... သူ့ရဲ့ကျင့်ကြံမှုက နိမ့်ကျလွန်းနေတယ်... သူ့ကို အမွေခံတပည့်တစ်ယောက်ရဲ့ရာထူး... ချက်ချင်းပေးလိုက်ဖို့က ကောင်းမှာမဟုတ်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် လူအိုကြီးရွှမ်က ဆက်ပြောလိုက်၏။

“မင်းက သူ့ကို အမည်ခံတပည့်အဖြစ်လက်ခံပြီးသွားရင် သူ့ကိုအတွင်းဂိုဏ်းမှာ အရင်ဆုံးလေ့ကျင့်သင်ယူခိုင်းထားလိုက်... သူ့ကို အခုချက်ချင်း အမွေခံကုန်းမြေကိုပို့လိုက်မယ်ဆိုရင် သူက ပကတိအင်မော်တယ်ပညာရှင်တွေကြားထဲကို ရောက်သွားလိမ့်မယ်... အဲ့ဒါဆိုရင် သူ့အတွက်ရှင်သန်နေထိုင်ဖို့က လွယ်မှာမဟုတ်ဘူး”

ထိုစဥ်မှာပင် ဆူဇီမို၏ ခြေဖဝါးအောက်ရှိ ဒသမမြောက်ကျောက်လှေကားထစ်က အပြည့်အဝစုဖွဲ့လာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် ဒသမမြောက်ကျောက်လှေကားထစ်ပေါ်မှာ မတ်တတ်ရပ်ပြီး အတန်ကြာသည့်အထိ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။ သူက တာအိုနှလုံးသားစိတ်ဆန္ဒ ၉ ခုနှင့် မီးဆေးခဲ့သည်ကို ပြန်ပြောင်းစဥ်းစားနေ၏။

အစစ်အမှန်ခန္ဓာနှစ်ခု၏ တာအိုနှလုံးသားများက ပို၍ပြီးပြည့်စုံလာပြီး ပို၍ခိုင်မာလာခဲ့၏။

အစစ်အမှန်ခန္ဓာ၏ တာအိုနှလုံးသားများပေါ်ရှိ မီးတောက်များကလည်း ဒသမမြောက်ကျောက်လှေကားထစ်စုဖွဲ့လာပြီးနောက် ငြိမ်းသေသွားလေသည်။

ဒသမမြောက် ကျောက်လှေကားထစ်ကို သိုင်းတာအိုလှေကားထစ်ဟု အမည်ပေးလိုက်၏။

ဆူဇီမိုသည် ၎င်းပေါ်မှာ သူ၏ အစစ်အမှန်ခန္ဓာနှစ်ခု၏ စိတ်စွမ်းအားကို ချန်ထားခဲ့လိုက်၏။

ဒသမမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းသောမည်သူမဆို သိုင်းတာအိုစိတ်စွမ်းအား၏ သက်ရောက်မှုကို တောင့်ခံရပေလိမ့်မည်။ အဲ့ဒါသည် မီးကဲ့သို့ လောင်ကျွမ်းနေသည့် စဥ်းစားမကြည့်နိုင်သော စွမ်းအားတစ်ခုဖြစ်ပြီး သက်ရှိများအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်၏။

အားနည်းသောတာအိုနှလုံးသားရှိသည့်သူများက ဒသမမြောက်ကျောက်လှေကားထစ်ပေါ်သို့ တက်လှမ်းလာမည်ဆိုလျှင် သူတို့၏ တာအိုနှလုံးသားများကပင် လောင်ကျွမ်းပြာကျသွားနိုင်၏။

အတန်ကြာသွားပြီးနောက် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။

ဘေးပတ်ဝန်းကျင်က ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ဆူဇီမိုက အလိုလိုမော့ကြည့်ကာ တာအိုနှလုံးသားလှေကားကို ဝိုင်းပတ်ထားပြီး သူ့ကိုစောင့်ကြည့်နေသည့် လူအိုကြီး ၉ယောက်ကို တွေ့မြင်လိုက်ရ၏။

အဲ့ဒီမှာ အကြည့်ပေါင်းများစွာရှိနေပြီး အေးစက်ခြင်း၊ ကြင်နာခြင်း၊ ရင်းနှီးဖော်ရွေခြင်းနှင့် ချီးကျူးလိုခြင်း... စသည်တို့ပါဝင်နေ၏။

ဆူဇီမို၏ အကြည့်က လူအိုကြီး ၉ယောက်ကို အလျင်အမြန်ဖြတ်သွားပြီး နောက်ထပ် ကွန်ဖြူးရှပ်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်ပေါ် ဆင်းသက်သွား၏။

သူတို့၏ အကြည့်များက လေထဲမှာတွေ့ဆုံသွား၏။

ဆူဇီမို၏ စိတ်ထဲမှာ ဝုန်းခနဲမြည်သံတစ်သံထွက်ပေါ်လာပြီး သူသည် ဉာဏ်ပညာလှေကားထစ်ပေါ်မှ ပေါ်ထွက်လာခဲ့သော ထူးဆန်းသည့်ရှေးဟောင်းစာလုံးများကို အမှတ်ရသွား၏။

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် အမျိုးသား၏ မျက်လုံးထဲမှာ ဆူဇီမိုသည် အဆုံးမဲ့ကြယ်တာရာကောင်းကင်များ၊ မှောင်မည်းနက်ရှိုင်းသောပင်လယ်သမုဒ္ဒရာ၊ မရေမတွက်နိုင်သော နက္ခတ်တာရာပြက္ခဒိန်များနှင့် လျှို့ဝှက်အတတ်များကို တွေ့မြင်နေပုံရ၏။

လောကမှာရှိသောလျှို့ဝှက်ချက်များအားလုံးသည် ထိုမျက်လုံးများကနေ ဖုံးကွယ်မထားနိုင်သည့်အလားပင်။

“မင်းကတကယ့်ကို အထင်ကြီးစရာပဲ”

ကွန်ဖြူးရှပ်ဝတ်ရုံဝတ်အမျိုးသားက လေးနက်၍ ညှို့ငင်ဓာတ်ပါသောအသံဖြင့် ပြောလိုက်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး နိုးထလာခဲ့၏။

သူသည် ကွန်ဖြူးရှပ်ဝတ်ရုံအမျိုးသားနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူ့ရှေ့မှအမျိုးသားသည် တာအိုနှလုံးသားလှေကားမှာ နဝမမြောက်ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့သည့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဂိုဏ်းချုပ်ဆိုတာကို သိရှိနားလည်သွား၏။

“မင်္ဂလာပါဂိုဏ်းချုပ်”

ဆူဇီမိုက ဦးညွှတ်လိုက်၏။

သူက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက်ကျောက်လှေကားထစ်ကိုစုဖွဲ့နေစဥ် တက္ကသိုလ်၏ ဂိုဏ်းချုပ်ပင် ပေါ်ထွက်လာခဲ့သည်ကို သူက မသိရှိခဲ့ပေ။

“မင်းက အခုကစပြီး ငါ့ကို မင်းရဲ့ခေါ်ဝေါ်ပုံ ပြောင်းလဲရတော့မယ်ထင််တယ်”

ဂိုဏ်းချုပ်က ညင်သာစွာပြုံးပြလိုက်၏။

“အမ်...”

ဆူဇီမိုက အနည်းငယ်မှင်တက်သွား၏။

ယခင်က သူသည် ဒသမမြောက်ကျောက်လှေကားထစ်ကိုစုဖွဲ့ခြင်းမှာ နစ်မျောနေခဲ့ပြီး အပြင်ဘက်မှာဖြစ်ပျက်နေခဲ့သည့်အရာများကို မသိရှိပေ။

ဆူဇီမိုက သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

“မင်းက... တာအိုနှလုံးသားလှေကားမှာ နဝမကျောက်လှေကားထစ်ထိ တက်လှမ်းလာခဲ့တဲ့အချိန်မှာ တက္ကသိုလ်ရဲ့ မဟာအကြီးအကဲ ၉ဦးက တစ်ချိန်တည်းမှာပေါ်ထွက်လာပြီး မင်းကို တပည့်အဖြစ်လက်ခံလိုခဲ့ကြတယ်”

“မင်းကနောက်ပိုင်း ဒသမမြောက်ကျော်လှေကားထစ်ကို စုဖွဲ့လိုက်တဲ့အချိန်မှာတော့... ငါတောင်မှ စိတ်ပါယိမ်းယိုင်လာခဲ့တယ်”

ထိုနေရာအရောက်တွင် ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။

“ဒါပေမဲ့... မင်းရဲ့ကျင့်ကြံမှုနယ်ပယ်က မလုံလောက်သေးဘူး... ငါမင်းကို အမွေခံတပည့်တစ်ယောက်အဖြစ် တိုက်ရိုက်ခေါ်ယူလိုက်မယ်ဆိုရင် အဲ့ဒါက တခြားအမွေခံတပည့်တွေအတွက် မျှတမှုရှိမှာမဟုတ်ဘူး”

“ငါမင်းကို အရင်ဆုံးအမည်ခံတပည့်အဖြစ် လက်ခံထားမယ်... တစ်နေ့မင်းက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီး ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ငါ့ရဲ့တပည့်ရင်းအဖြစ်ခံယူဖို့ နောက်ကျမှာမဟုတ်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် ဂိုဏ်းချုပ်က ယဇ်ပူဇော်စင်မြင့်ပေါ်ရှိ လူအိုကြီးရွှမ်ကို အမှတ်တမဲ့ပုံစံဖြင့်ကြည့်ပြီး ဆက်ပြောလိုက်၏။

“တကယ်တော့... မင်းက ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာတဲ့အခါ တခြားအကြီးအကဲတွေရဲ့လက်အောက်ကို ဝင်ရောက်ချင်တယ်ဆိုရင်လည်း အဲ့ဒါက မင်းသဘောပဲ”

All Chapters