← Chapters

ဒသမမြောက်ကျောက်လှေခါးထစ်၏ စိတ်စွမ်းအား

Vol. 153 Ch. 2286

ဒသမမြောက်ကျောက်လှေခါးထစ်၏ စိတ်စွမ်းအား

Vol. 153 Ch. 2286

ဆူဇီမိုသည် ပို့ဆောင်ရေးကျောက်စိမ်းအဆောင်ကို သိမ်းဆည်းပြီး တိတ်တဆိတ်ကျေနပ်သဘောကျသွား၏။

ဤကဲ့သို့သော တစ်စုံတစ်ရာသည် အစစ်အမှန်အသက်ပိုတစ်ခုဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကိုယ်တော်ယွမ်ပေသည် သူ့အား တည်နေရာရွှေ့ပြောင်းအဆောင်ကြီးကို ပေးခဲ့လေသည်။ အဲ့ဒါသည် ပို့ဆောင်ရေးကျောက်စိမ်းအဆောင်နှင့် ဆင်တူသော အသုံးဝင်မှုရှိပြီး သူ့ကို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ လိုက်လံတိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက်စေခဲ့၏။

လူအိုကြီးရွှမ်က ပြောလိုက်၏။

“ဆူဇီမို... ကောင်းကင်အမြုတေနယ်ပယ်မှာ မင်းရဲ့ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်လိုတယ်ဆိုရင် တံခါးပိတ်ကျင့်ကြံရုံနဲ့ အဲ့ဒါက မလုံလောက်ဘူး”

“ကမ္ဘာမြေအမြုတေနယ်ပယ်မှာ လူတစ်ယောက်က လုံလောက်တဲ့ပါရမီအရည်အချင်းရှိပြီး သူတို့ရဲ့အချိန်အများစုကို တံခါးပိတ်ကျင့်ကြံခြင်းမှာ ကုန်ဆုံးစေတာနဲ့ သူတို့တွေက အဆင့်-၈ ဒါမှမဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေ ဖြစ်လာနိုင်တယ်”

“ဒါပေမဲ့... ကောင်းကင်အမြုတေနယ်ပယ်မှာ လူတစ်ယောက်က လုံလောက်တဲ့အတွေ့အကြံတွေကို လိုအပ်တယ်... သူတို့က စွမ်းအားကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ ကြုံကြိုက်မှုတွေကိုရမယ်ဆိုရင် အကောင်းဆုံးပဲ”

“ကျုပ်... ဒီလမ်းညွှန်မှကနေ သင်ယူပါ့မယ်”

ဆူဇီမိုက အနည်းငယ်ဦးညွှတ်လိုက်၏။

ကျင့်ကြံသူများအတွက် အခွင့်အလမ်းများနှင့် ကြုံကြိုက်မှုများသည် သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းပေါ်မှာ အလွန်တရာအရေးပါလေသည်။ အဲ့ဒါသည် သူတို့ကံကြမ္မာအခွင့်အလမ်း၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်၏။

ယွင်ထင်သည် ဓားတာအိုမှာ အထူးပြုကျင့်ကြံသည့်အပြင် သူ၏ ကျင့်ကြံမှုအလျင်အဟုန် ဤမျှထိမြန်ဆန်ခဲ့သည့် အကြောင်းအရင်းမှာ သူသည် ကြီးမားသော အခွင့်အလမ်းတချို့ကို ရရှိခဲ့သောကြောင့်လည်းဖြစ်၏။

ထိုအရာများသည် ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များပင်လျှင် မနာလိုအားကျရသည့် အခွင့်အလမ်းများနှင့် ကြုံကြိုက်မှုများဖြစ်၏။

“မင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ လူတော်တော်များများကို ဆန့်ကျင်မိခဲ့တယ်လို့ ငါကြားထားတယ်... မင်းက လေ့ကျင့်ဖို့အတွက် အပြင်ဘက်ကိုသွားတဲ့အခါလည်း သတိထားရမယ်”

လူအိုကြီးရွှမ်က ထပ်မံ၍ သတိပေးလိုက်၏။

ဆူဇီမိုက ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်၏။

လူအိုကြီးရွှမ်သည် သူ၏ ဆရာ မဟုတ်သော်လည်း ဘာ့ကြောင့်ရယ်မသိ သူ့အပေါ် ထိုသူ၏ စိတ်နေသဘောထားက တစ်မူထူးခြားနေပုံရ၏။

ဒါ့အပြင် ဂိုဏ်းချုပ်က ဤအချင်းအရာအပေါ် အံ့အားသင့်ခြင်းမရှိသည့်ပုံဖြင့် သူ၏ အမူအရာက တည်ငြိမ်နေ၏။

“ငါအရင်သွားနှင့်တော့မယ်”

လူအိုကြီးရွှမ်က သူ၏ လက်ကိုဝေ့ယမ်းပြီး သာမန်ကာလျှံကာ ရှေ့သို့ ခြေတစ်လှမ်းယူကာ နေရာလွတ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

“ဟာ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ အင်မော်တယ်ဘုရင်ပညာရှင်များသာလျှင် ဤကဲ့သို့သောနည်းလမ်းကို ပိုင်ဆိုင်သင့်လေသည်။

ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်ကို စောင့်ကြပ်နေသည့် ဤအဖိုးအိုသည် အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးဖြစ်ပြီး တက္ကသိုလ်မှာ ထူးခြားသည့်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပုံရလေသည်။

“မင်းက ကောင်းကင်အမြုတေနယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... မင်းအနေနဲ့ လောလောဆယ်မှာ မင်းရဲ့ကျင့်ကြံမှုကို တည်ငြိမ်စေပြီး မင်းရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာကျစ်လစ်လာဖို့ တံခါးပိတ်ကျင့်ကြံနေတာ ပိုကောင်းလိမ့်မယ်”

ဂိုဏ်းချုပ်က ပြောလိုက်၏။

“ဒီနေ့မှာ ကိစ္စတွေ အများကြီးဖြစ်ပွားခဲ့တယ်... ငါမင်းကိုထပ်ပြီးမနှောက်ယှက်တော့ဘူး”

ထိုသို့ပြောရင်းဂိုဏ်းချုပ်က လှည့်ထွက်သွား၏။

ဆူဇီမိုက သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်ပြီး တစ်စုံတစ်ရာကိုပြောချင်နေသော်လည်း သူက တွေဝေတုံ့ဆိုင်းနေ၏။

“တစ်ခုခုပြောစရာရှိလို့လား”

ဂိုဏ်းချုပ်က ဆူဇီမို၏ ထူးခြားမှုကို သတိထားမိသွားပြီး နွေးထွေးသောအမူအရာတစ်ခုနှင့်အတူ စတင်၍မေးမြန်းလိုက်၏။

“ဂိုဏ်းချုပ်.. အရင်တုန်းက ယန်ယန်းအင်မော်တယ်နိုင်ငံကနေ တက္ကသိုလ်ကိုပြန်လာတဲ့လမ်းမှာ ကျုပ်တို့တွေက ပညာရှင်တစ်ဦးရဲ့ အမဲလိုက်ခြင်းခံခဲ့ရတယ်... သူကဘယ်သူပါလဲ”

ဆူဇီမိုသည် ဤအချိန်တောတွင်း သူ၏ စိတ်ထဲမှာရှိနေသည့် အကြီးမားဆုံးမေးခွန်းကို မေးလိုက်၏။

ဂိုဏ်းချုပ်၏ အသံကနေတစ်ဆင့် သူတို့ကို ကယ်တင်ခဲ့သည့်သူက ဂိုဏ်းချုပ်ဖြစ်သည်ဆိုတာကို သူပြောနိုင်လေသည်။

ဂိုဏ်းချုပ်က ပြန်မဖြေဘဲ အသံတိတ်နေ၏။

ခဏကြာပြီးနောက် သူက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“လောလောဆယ်မှာ သူ့ရဲ့သရုပ်သကန်ကို ငါမင်းကိုမပြောပြနိုင်ဘူး... ဒါပေမဲ့ မင်းစိတ်ချလက်ချ နေပါ... သူကနောက်ပိုင်း မင်းကို ထပ်ပြီးတိုက်ခိုက်တော့မှာ မဟုတ်ဘူး”

“သူက အင်မော်တယ်ဘုရင်တစ်ပါးလား”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“အင်း”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်၏။

“မင်းတို့ကြား ကွာဟချက်က အရမ်းကို ကြီးမားနေတယ်... မင်းအနေနဲ့ အခုချိန်မှာ သူ့ရဲ့သရုပ်သကန်ကို သိရှိထားမယ်ဆိုရင်တောင် သုံးစားမရဘူး... မင်းရဲ့ကျင့်ကြံမှုက လုံလောက်အောင်သန်မာလာတဲ့အချိန်မှ သူ့ရဲ့သရုပ်သကန်ကို ငါမင်းကို ပြောပြမယ်”

ဆူဇီမိုက အသံတိတ်နေပြီး ထပ်မံ၍ မမေးမြန်းတော့ပေ။

“ဘာမှမဖြစ်ခဲ့သလိုနေလိုက်... အဲ့ဒါနဲ့ပတ်သက်ပြီး အများကြီးစဥ်းစားမနေနဲ့... မင်းအနေနဲ့ အခုချိန်မှာ အရေးကြီးဆုံးက မင်းရဲ့ကျင့်ကြံမှုကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်ဖို့ပဲ”

ဂိုဏ်းချုပ်က မှာကြားစရာရှိတာကိုမှာကြားပြီးနောက် လှည့်ထွက်သွား၏။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ ဂိုဏ်းချုပ်ပြောသည်မှာ မမှားပေ။

ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ဖို့ဖြစ်၏။

ဆူဇီမိုက နောက်တစ်ဖန်တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ဖို့ ပြင်လိုက်၏။

သူသည် နှစ်တစ်သောင်းတွေ့ဆုံပွဲမှ ပြန်လာပြီးနောက် အကျိုးအမြတ်ကြီးစွာရရှိလာခဲ့၏။

ယခုအချိန်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ပြီးပြည့်စုံသွားပြီး သူက အဲ့ဒါကို ဆက်လက်၍နားလည်ဆင်ခြင်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်က သေချာပေါက်တိုးတက်လာပေလိမ့်မည်။

ငရဲဖိနှိမ်မီးဖိုကိုလည်း လုံးလုံးလျားလျားပြင်ဆင်ပြီးသွားပြီး သူက စတုတ္ထမြောက်မီးဖိုနံရံပေါ်မှ အမွေအနှစ်လျှို့ဝှက်အတတ်ကို ယခုအချိန်ထိ မကျင့်ကြံရသေးပေ။

အဲ့ဒီမှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် ယင်ယန်အဆောင်သုတ္တန်လည်းရှိလေသည်။ ဤတံခါးပိတ်ကျင့်ကြံမှုအတောအတွင်း သူသည် သူ၏ ကျင့်ကြံမှုကို မြှင့်တင်ဖို့ထက် သူ့မှာနားလည်ဆင်ခြင်စရာ အရာများစွာရှိနေ၏။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ယဇ်ပူဇော်စင်မြင့်ထက်ကနေ ထွက်ခွာလာခဲ့၏။ သူက သူ၏ လိုဏ်ဂူခန်းဝါဆီသို့ဦးတည်ပြီး တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွား၏။

သူသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ဝင်ရောက်သွားသော်လည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဤကိစ္စ၏ သက်ရောက်မှုက ဆက်လက်၍ဖြစ်ပွားနေဆဲပင်။

အချိန်အတန်ကြာသည့်အထိ သူသည် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများ၏ ဆွေးနွေးစရာခေါင်းစဥ်တစ်ခုဖြစ်နေ၏။

ထိုဖြစ်ရပ်အပြီးမှာ တာအိုနှလုံးသားလှေခါးကို တက်လှမ်းဖို့ကြိုးစားသော တက္ကသိုလ်မှတပည့်ဂိုဏ်းသားအရေအတွက်က နေ့စဥ်နှင့်အမျှ သိသိသာသာ တိုးလာခဲ့၏။

သို့သော်လည်း လူတိုင်းအတွက်တော့ တာအိုနှလုံးသားလှေခါးသည် ယခင်အတိုင်းတူညီစွာရှိနေဆဲပင်။ အခြားမည်သူကမှ တုန်လှုပ်စရာကောင်းသော အောင်မြင်မှုတစ်ခုခုကို မရရှိနိုင်ဘဲ တက္ကသိုလ်တပည့်ဂိုဏ်းသားအများစုသည် တတိယလှေခါးထစ်ကို မကျော်တက်နိုင်သေးပေ။

လူတိုင်းအများဆုံး ဆွေးနွေးပြောဆိုသည့်အရာမှာ ဒသမမြောက်ကျောက်လှေခါးထစ်ပေါ်တွင် ဆူဇီမိုချန်ထားခဲ့သည့် တာအိုနှလုံးသားစိတ်စွမ်းအားဖြစ်၏။

သို့သော်လည်း မည်သူကမှ ထိုနေရာအထိ မတက်လှမ်းနိုင်သေးသည့်အတွက် မည်သူကမှ အဲ့ဒီမှာ ဘာရှိသည်ကို မသိပေ။

တစ်နှစ်ကြာပြီးနောက်... ။

ယခုအခါမှသာ တာအိုနှလုံးသားလှေခါးသည် ပုံမှန်အတိုင်းတဖြည်းဖြည်းပြန်ဖြစ်လာခဲ့၏။ အချိန်အများစုမှာ မည်သူကမှ ဤနေရာသို့ ရောက်မလာတတ်တော့ပေ။ ဤညမှာ တာအိုနှလုံးသားလှေခါး၏ ပတ်လည်မှာ မည်သူမှ မရှိပေ။

ရုတ်တရက်ဆိုသလို...။

ဆိုင်းမဆင့်ဗုံမဆင့် ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက တာအိုနှလုံးသားလှေခါး၏ အထက်မှာ ပေါ်ထွက်လာ၏။

ထိုပုံရိပ်ပေါ်ထွက်လာပြီးနောက် သူက သူ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းပြီး တာအိုနှလုံးသားလှေခါး၏ ဘေးပတ်လည်မှာ မမြင်ရသောအကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေပြီး အဲ့ဒါကို အပြင်လောကနှင့် ပိုင်းခြားလိုက်၏။

ကွန်ဖြူးရှပ်ဝတ်ရုံနှင့် အမျိုးသားသည် တာအိုနှလုံးသားလှေခါးကို ကြည့်ပြီး ထူးဆန်းသော အလင်းတစ်ခုနှင့်အတူ သူ၏ နက်ရှိုင်းသောမျက်လုံးများက တောက်ပလာခဲ့၏။ ခဏကြာပြီးနောက် သူက တာအိုနှလုံးသားလှေခါး၏ ပထမဆုံး လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

အသက်ရှုချိန်အနည်းငယ်မျှမှာ ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားက ဒုတိယမြောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

နောက်ထပ်အသက်ရှုချိန်အနည်းငယ်အကြာအပြီးမှာ ကွန်ဖြူးရှပ်ဝတ်ရုံနှင့် အမျိုးသားက တတိယမြောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

တာအိုနှလုံးသားလှေခါးပေါ်ရှိ တာအိုနှလုံသားစမ်းသပ်ချက်သည် ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားပေါ် သက်ရောက်မှုများစွာမရှိသည့်ပုံပင်။

ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားက ကျောက်လှေခါးထစ်များအတိုင်း တက်လှမ်းလာခဲ့ပြီး လှေခါးထစ်တစ်ခုစီမှာ ခဏမျှသာရပ်နားတတ်လေသည်။ အဲ့ဒါက သူ့အပေါ် လှုပ်ခတ်မှုများစွာ မဖြစ်စေပေ။

တစ်ခဏချင်းမှာပင် ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားက အဋ္ဌမမြောက်ကျောက်လှေခါးထစ်ထိ တက်လှမ်းလာခဲ့ပြီဖြစ်၏။

ထိုစဥ်မှာပင် တက္ကသိုလ်တပည့်ဂိုဏ်းသားတစ်ယောက်သည် အနီးနားကနေ ဖြတ်သွားပြီး တည်ငြိမ်သောအမူအရာဖြင့် ထိုနေရာကို လှမ်းကြည့်လိုက်၏။

ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားက တာအိုနှလုံသားလှေခါး၏ အဋ္ဌမမြောက်ကျောက်လှေခါးထစ်ပေါ်မှာ မတ်တတ်ရပ်နေ၏။

သို့သော်လည်း ထိုကျင့်ကြံသူ၏ မျက်လုံးထဲမှာ ထိုအပေါ်တွင် မည်သူမှ ရှိမနေပေ။

အဲ့ဒါသည် ဖုံးကွယ်ခြင်းနှင့်ဆင်တူသော နည်းလမ်းတစ်ခုဖြစ်သော်လည်း အဲ့ဒါက အလွန်တရာပြောင်မြောက်လေသည်။

အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် အဲ့ဒါကို ထွင်းဖောက်၍မြင်နိုင်ချင်မှ မြင်ရပေလိမ့်မည်။

ဤတက္ကသိုလ်တပည့်ဂိုဏ်းသားသည် တာအိုနှလုံးသားလှေခါးပေါ်မှာ ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားကို တွေ့မြင်နိုင်မည်ဆိုလျှင် သူက သေချာပေါက်တုန်လှုပ်သွားရပေလိမ့်မည်။

တာအိုနှလုံးသားလှေခါးကို တက်လှမ်းနေသည့် ကွန်ဖြူးရှပ်ဝတ်ရုံနှင့်အမျိုးသားက တက္ကသိုလ်၏ ဂိုဏ်းချုပ် ဖြစ်နေသောကြောင့်ပင်။

တက္ကသိုလ်တပည့်ဂိုဏ်းသားက ဤနေရာကနေဖြတ်သွားပြီး ရပ်တန့်ခြင်းမရှိဘဲ အလျင်အမြန်ထွက်ခွာသွား၏။

ဂိုဏ်းချုပ်မှာ တည်ငြိမ်သောအမူအရာတစ်ခုရှိနေပြီး နောက်ထပ်ခြေတစ်လှမ်းယူကာ နဝမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

နဝမမြောက်ကျောက်လှေခါးထစ်သည် သူစုဖွဲ့ထားသည့်ဉာဏ်ပညာလှေခါးထစ်ဖြစ်၏။

ဤအဆင့်မှာရှိသော တာအိုနှလုံးသားစိတ်စွမ်းအားက သူ့အပေါ်ကို လုံးဝမသက်ရောက်စေပေ။

ဂိုဏ်းချုပ်သည် သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး နဝမမြောက်လှေခါးထစ်၏ အထက်မှာရှိသော ကျောက်လှေခါးထစ်ကို ကြည့်လိုက်၏။

သူကညင်သာစွာပြုံး၍ တီးတိုးရေရွတ်လိုက်၏။

“ငါ့ကိုကျော်တက်နိုင်တဲ့ တာအိုနှလုံးသားတစ်ခုက ဘာနဲ့တူနေမလဲ ငါသိချင်မိတယ်”

ထိုသို့ပြောရင်း ဂိုဏ်းချုပ်သည် သူ၏ ကွန်ဖြူးရှပ်ဝတ်ရုံစကိုမပြီး ဒသမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်၏။

သူ၏ ခြေဖဝါးက ဒသမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ ဆင်းသက်သွားသည့်ခဏမှာပင် စဥ်းစားကြည့်၍ မရနိုင်အောင်ကြီးမားသည့် စိတ်စွမ်းအားတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်ခုကဲ့သို့ တလိပ်လိပ်တိုးဝင်လာ၏။

ဂိုဏ်းချုပ်သည် ဤကဲ့သို့ စွမ်းအားကြီးမားသည့် တာအိုနှလုံးသား စိတ်ဆန္ဒတစ်ခုကို တစ်ခါမှ မခံစားဖူးခဲ့ပေ။

အဲ့ဒါက အကြောက်အလန့်ကင်းမဲ့ခြင်း၊ သတ္တိရှိခြင်း၊ ရဲဝင့်ခြင်း.. ဖြစ်ပြီး ဉာဏ်ပညာဖြင့် ပြည့်နှက်နေ၏။

အဲ့ဒါသည် သူ၏ လမ်းမှာ ပိတ်ရပ်နေသည့် သက်ရှိများအားလုံးကို ဆန့်ကျင်ရာမှာ လုံးဝအလျှော့မပေးပေ။

ကောင်းကင်က အဲ့ဒါကို မဖုံးအုပ်နိုင်သလို မြေပြင်ကလည်း အဲ့ဒါကို မမြှုပ်နှံနိုင်ပေ။

ထိုတာအိုနှလုံးသားသည် ကောင်းကင်ထက်ရှိကြယ်များထက် ပိုမိုလင်းလက်နေသည့် ဒေါသူပုန်ထနေသော မီးတောက်များနှင့်အတူ တဖျတ်ဖျတ်တလက်လက်တောက်ပနေ၏။

သူ၏ တာအိုနှလုံးသားကပင်လျှင် ထိုစိတ်ဆန္ဒကို မခုခံနိုင်ဘဲ စတင်လောင်ကျွမ်းလာခဲ့၏။

ဂိုဏ်းချုပ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက ဆတ်ခနဲတုန်ယင်ကာ တာအိုနှလုံးသားလှေခါးကနေ ပြုတ်ကျလာခဲ့၏။ သူက လေထဲမှာ သူ့ကိုယ်သူတည်ငြိမ်စေပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

သူက ကျရှုံးသွားခဲ့လေပြီ။

ဂိုဏ်းချုပ်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေ၏။

သူပင်လျှင် တာအိုနှလုံးသားလှေခါး၏ ဒသမမြောက်ကျောက်လှေခါးထစ်ပေါ်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

All Chapters