← Chapters

အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြခြင်း

Vol. 153 Ch. 2288

အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြခြင်း

Vol. 153 Ch. 2288

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက် ဟွေ့ယင်တောင်တွင်...။

မရေမတွက်နိုင်သော ငွားငွားစွင့်စွင့်ရှေးဟောင်းသစ်ပင်များက တောင်ထွတ်တစ်ခွင်ဖုံးအုပ်နေ၏။

တောင်ထွတ်ပေါ်မှာ တစ်စုံတစ်ယောက်သည် ကျယ်ဝန်းသောမဏ္ဍပ်တစ်ခုကို တည်ဆောက်ထား၏။

ဤနေရာမှာမတ်တတ်ရပ်နေရင်း သူတို့သည် ဟွေ့ယင်တောင်ကြောရိုး၏ ခမ်းနားသောမြင်ကွင်းကို ခံစားကြည့်ရှုနိုင်လေသည်။

ဤနေ့မှာ ဧရာမကြိုးကြာတစ်ကောင်က အနောက်အရပ်ကနေပျံသန်းလာ၏။ ၎င်း၏ ကျောပေါ်မှာ သုန်မှုန်နေသောအမူအရာနှင့် လူငယ်အမျိုးသားတစ်ယောက်ထိုင်နေ၏။ သူက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ၏ မျက်နှာပေါက်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့် ဖန်းယွီနှင့် ၇၀ ရာခိုင်းနှုန်းဆင်တူလေသည်။

သူသည် ဖန်းကလန်၏ နောက်ထပ်တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖန်းယွီ၏ညီ ဖန်းယီဖြစ်လေသည်။

သူတို့ညီကိုနှစ်ယောက်သည် ဖန်းကလန်၏ လူငယ်မျိုးဆက်များကြားတွင် အလွန်တရာ ထူးချွန်ထက်မြတ်ပြီး သူတို့ကို မိသားစုကလန်ကနေ အထူးတလည် ပြုစုပျိုးထောင်ပေးထားခဲ့၏။

ဖန်းယွီက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ဖန်းယီကတော့ အင်ပါယာလေဘုရားကျောင်းသို့ ဝင်ရောက်ခဲ့၏။

တိုက်ခိုက်ရေးခွန်အားအရာမှာ ဖန်းယီသည် ဖန်းယွီ၏ အထက်မှာပင် ရှိလေသည်။

ကြိုးကြာ၏ ကျောပေါ်ကနေခုန်ဆင်းလာပြီး ဖန်းယီက ဗလာကျင်းနေသောမဏ္ဍပ်ကို တွေ့မြင်သောအခါ သူက အလိုလိုမျက်မှောင်ကြုတ်လိုက်၏။ သူသည် ကျောက်ကုလားထိုင်တစ်လုံးကို ရှာတွေ့သွားပြီး တိတ်တဆိတ်ထိုင်ကာ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေ၏။

သိပ်မကြာခင် အရှေ့ဘက်ကနေ ပုံရိပ်ဆယ်ခုကျော်က ပျံသန်းလာ၏။ သူတို့သည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး အေးစက်စက်အလင်းများဖြင့် တောက်ပနေ၏။

သူတို့၏ ခါးများမှာ ဆေဘာများကိုချိတ်ဆွဲထားပြီး သူတို့အားလုံးက ထိပ်သီးကောင်းကင်အင်မော်တယ်များဖြစ်ကြလေသည်။

“အာဏာပါးကွပ်သားအစောင့်တပ်သားတွေလား”

ဖန်းယီက သူ၏ မျက်လုံးကိုဖွင့်ပြီး သူတို့၏ နောက်ခံကို ချက်ချင်းပင်မှတ်မိသိရှိလိုက်၏။

အာဏာပါးကွက်သားအစောင့်တပ်သားများ၏ အမှတ်အသားတံဆိပ်များက အလွန်တရာ သိသာထင်ရှားလေသည်။

ဘရိုကိတ်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က အာဏာပါးကွက်သားအစောင့်တပ်သားများ၏ အလယ်မှာ မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးထဲမှာ နတ်ဆိုးဆန်ဆန် အကြည့်တစ်ခုရှိနေ၏။

ဖန်းယီက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“လက်စသတ်တော့... မင်းသားယွမ်ကျောပဲ... တွေ့ရတာဝမ်းသာပါတယ်”

မည်သို့ပင်ဆိုစေ မင်းသားယွမ်ကျောသည် တစ်ခါတုန်းက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တိုင်းပြည်တစ်ခုကို အုပ်စိုးခဲ့ဖူးလေသည်။ သူသည် ကျော်ကြားခဲ့ဖူးပြီး ဖန်းယီက သူ့ကို ခပ်ဝေးဝေးကနေ အရင်က တွေ့မြင်ခဲ့ဖူးလေသည်။

“မင်းက...”

မင်းသားယွမ်ကျောက ဖန်းယီကို တွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွား၏။

“ကျုပ်က ဖန်းကလန်ကဖန်းယီပဲ... အခုဆိုရင် ကျုပ်က အင်ပါယာလေဘုရားကျောင်းရဲ့ အတွင်းဂိုဏ်းတပည့်တစ်ယောက်ဖြစ်နေပြီ”

ဖန်းယီက သူ၏ သရုပ်သကန်ကို ပြောပြလိုက်၏။

မင်းသားယွမ်ကျောက မျက်ခုံးအနည်းငယ်ပင့်ပြီး သူ၏ စိတ်ထဲမှာ အတွေးတစ်ချက်က ဖျတ်ခနဲ ပေါ်ထွက်လာ၏။

သူက အလျင်အမြန် နားလည်သဘောပေါက်သွားပြီး မေးလိုက်၏။

“မင်းကိုလည်း တာအိုရောင်းရင်းချင်းယွင်က ဖိတ်ခေါ်ထားတာလား”

“ဟုတ်တယ်”

ဖန်းယီက ခေါင်းညိတ်ပြပြီး မည်သည့်အရာကိုမှ ဖုန်းကွယ်ထားခြင်းမရှိပေ။

“ဒါပေမဲ့... တာအိုရောင်းရင်းချင်းယွင်က အခုချိန်ထိ ရောက်မလာသေးတဲ့ပုံပဲ”

“နဲနဲလောက်စောင့်ကြည့်ရတာပေါ့”

မင်းသားယွမ်ကျောကလည်း ကျောက်ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်လိုက်၏။

သိပ်မကြာခင် တောင်းဘက်အရပ်ကနေ ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ အသက်ရှုချိန်အနည်းငယ်မှာပင် သူကရောက်ရှိဆင်းသက်လာခဲ့ပြီဖြစ်၏။

“အာ... အင်မော်တယ်ပျံဂိုဏ်းက တာအိုရောင်းရင်းကွေ့ယွမ်ပဲ”

ဖန်းယီက မတ်တတ်ထရပ်ပြီး လက်သီးနှစ်ဖက်ကိုယှက်ကာ နှုတ်ဆက်လိုက်၏။

အင်မော်တယ်ပျံဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်များကြားမှာ ကောင်းကင်အင်မော်တယ်ကွေ့ယွမ်၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်ဆုံး ၅ယောက်ထဲမှာ ရပ်တည်လေသည်။

မင်းသားယွမ်ကျောက မတ်တတ်ထရပ်ခြင်းမရှိဘဲ ကျောက်ကုလားထိုင်ပေါ်မှာသာထိုင်နေ၏။ သူက လက်သီးနှစ်ဖက်ကို ယှက်ပြပြီး ပြုံးပြလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင် တာအိုရောင်းရင်းကွေ့ယွမ်ကိုလည်း တာအိုရောင်းရင်း ချင်းယွင်က ဖိတ်ခေါ်ထားတာဖြစ်ရမယ်... ဟုတ်တယ်မလား”

“အင်း”

ကောင်းကင်အင်မော်တယ်ကွေ့ယွမ်က စကားများစွာပြောဆိုခြင်းမရှိပေ။

ထိုစဥ်မှာပင် ရတနာစီခြယ်ထားသည့် မြွေနဂါးရထားလုံးတစ်စင်းက မလှမ်းမကမ်းကောင်းကင်ထက်ကနေ ဖြည်းဖြည်းချင်း မောင်းနှင်လာ၏။

ရထားလုံး၏ မောင်းနှင်သူက ဆံပင်များဖြူဖွေးနေပြီး မှုန်မှိုင်း၍ အမူအရာကင်းမဲ့နေ၏။ သို့သော်လည်း လက်ရှိလူတိုင်းသည် မောင်းနှင်သူနှင့် အကြည့်ချင်းဖလှယ်မိသည့်ခဏမှာပင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။

အာဏာပါးကွက်သားအစောင့်တပ်သားဆယ်ယောက်ကျော်က မင်းသားယွမ်ကျောကို အလောတကြီးဝန်းရံလိုက်ကြ၏။

ရထားလုံးက အလယ်မှာရပ်တန့်သွားပြီး ရထားလုံး၏ ခန်းစီးကို မတင်လိုက်၏။ ကြော့ရှင်းခံ့ညားသောလူငယ်တစ်ယောက်က လျှောက်လှမ်းထွက်လာခဲ့၏။

ဤတစ်ခေါက်မှာတော့ မင်းသားယွမ်ကျောပင်လျှင် မတ်တတ်ထရပ်လိုက်၏။

“မင်္ဂလာပါ... မင်းသားထျန်ဟုန်”

မင်းသားယွမ်ကျော၊ ဖန်းယီနှင့် ကောင်းကင်အင်မော်တယ်ကွေ့ယွမ်တို့က မတ်တတ်ထရပ်ပြီး လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

မင်းသားယွမ်ကျောသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ သူ၏ လွှမ်းမိုးမှုကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။ သို့သော်လည်း ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ရှဲ့ထျန်ဟုန်သည် ပိုင်နက်နယ်မြေတစ်ခုကို အုပ်ချုပ်နေဆဲဖြစ်ပြီး သူ့မှာ အလွန်တရာမြင့်မားသော အဆင့်အတန်းတစ်ခုရှိလေသည်။

“လူတွေများလှချေလား”

ရှဲ့ထျန်ဟုန်က အံ့အားသင့်သွား၏။

“အားလုံးပဲ စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်”

ထိုအချိန်မှာပင် အသံတစ်သံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ထိုအသံပြီးဆုံးသွားသည့်အချိန်မှာ ဖန့်ချင်းယွင်သည် သူ၏ နောက်ဘက်မှာရှိသော ထန်ပန်နှင့်အတူ ဟွေ့ယင်တောင်ထွတ်ပေါ် ဆင်းသက်လာခဲ့ပြီဖြစ်၏။

“တာအိုရောင်းရင်း ချင်းယွင်... ဘာတွေများဖြစ်နေတာလဲ”

ရှဲ့ထျန်ဟုန်က မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“အားလုံးပဲ... ကျေးဇူးပြုပြီးထိုင်ကြပါဦး”

ဖန့်ချင်းယွင်က ရှင်းပြဖို့အတွက် အလောတကြီးရှိမနေပေ။ လူတိုင်းနေရာယူလိုက်ပြီးနောက် လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကျုပ်က... ဒီနေ့အားလုံးကို စုဝေးစေလိုက်တယ်ဆိုတာ... ခင်ဗျားတို့တွေအားလုံးက ပြီးခဲ့တဲ့နှစ်ထဲမှာ ဆူဇီမိုအကြောင်း ကျုပ်ကို စာပို့ပြီးမေးခဲ့ကြလို့ပဲ”

“ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်တွေကိုလည်း ကျုပ်သိတာပေါ့”

မင်းသားယွမ်ကျော၊ ရှဲ့ထျန်ဟုန်နှင့် အခြားသုံးယောက်က အလိုအလျောက်နားလည်မှုတစ်ခုနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

လက်ရှိလူတိုင်းသည် ဆူဇီမိုနှင့် သူတို့ကြား အနည်းနှင့်အများဆိုသလို ရန်ငြိုးရန်စရှိကြလေသည်။

မင်းသားယွမ်ကျောက ပြုံးလိုက်၏။

“ကျုပ်အပြင် ဒီလူ့ကိုသတ်ချင်နေတဲ့ပညာရှင်တွေကလည်း ဒီလောက်အများကြီးရှိနေတာပဲ”

“ကျုပ်က... သူနဲ့ဘာရန်ငြိုးရန်စမှမရှိဘူး ကျုပ်က သူ့အသက်ကိုယူပေးဖို့အတွက် စီနီယာအစ်မမုန့်ယောင်ရဲ့ ညွှန်ကြားခံထားရရုံပဲ”

ကောင်းကင်အင်မော်တယ်ကွေ့ယွမ်က မှင်သေသေဖြင့်ပြောလိုက်၏။

ဖန်းယီက အေးစက်စွာပြောလိုက်၏။

“သူက ကျုပ်အစ်ကိုကို သတ်ခဲ့တယ်... ကျုပ်က သူ့ကို သူ့သွေးနဲ့ပြန်ပေးဆပ်ခိုင်းမယ်”

ရှဲ့ထျန်ဟုန်က ရှင်းပြမနေပေ။

သူသည် ဆူဇီမိုကိုကိုင်တွယ်လိုသည့်အကြောင်းအရင်းမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်ထံမှ မျက်နှာသာပေးမှုကို ရရှိလိုသောကြောင့်ဖြစ်၏။

လူတိုင်းပြောဆိုလို့ပြီးသွားပြီးနောက် ဖန့်ချင်းယွင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“တာအိုရောင်းရင်းတို့... ပွင့်ပွင့်လင်းလင်း ပြောရတဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပေးပါ... အခုချိန်မှာ ဆူဇီမိုကို ကိုင်တွယ်ဖို့က မလွယ်ကူတော့ဘူး”

“သူက... ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... ငါတို့ထဲက ဘယ်သူမဆို သူ့ကို အလွယ်တကူသတ်နိုင်တာပဲ... အဲ့ဒါဘာများခက်ခဲနေလို့လဲ”

မင်းသားယွမ်ကျောက လှောင်ရယ်လိုက်၏။

“ငါတို့အားလုံးလုပ်စရာရှိတာက အခွင့်အရေးတစ်ခုကိုရှာဖွေပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ သူထွက်လာမယ့်အချိန်ကို စောင့်ဆိုင်းဖို့ပဲ”

ဖန့်ချင်းယွင်က အသံတိတ်သွား၏။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် နှုတ်ပိတ်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်ဆိုမှတော့ သူသည် အတွင်းဂိုဏ်းမှာဖြစ်ပျက်ခဲ့သည့် အရာများနှင့်ပတ်သက်၍ အပြင်လူများထံ ပြောပြရဲခြင်းမရှိပေ။

ဖန်းယီသည် ထန့်ချင်းယွင် အသံတိတ်နေသည်ကို တွေ့မြင်သောအခါ ထိုသူသည် တစ်ဂိုဏ်းတည်းသားချင်းဟူသော သူတို့၏ ဆက်ဆံရေးကိုထောက်ထားပြီး အခက်တွေ့နေပုံရသည်ဟု တွေးမိလိုက်၏။

“တာအိုရောင်းရင်းချင်းယွင်... ဆူဇီမိုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်လာမယ်ဆိုရင် ခင်ဗျားလုပ်စရာရှိတာက ကျုပ်တို့ဆီကို သတင်းပို့ပေးဖို့ပဲ... ခင်ဗျားဘာမှလုပ်စရာမလိုဘူး”

ဖန့်ချင်းယွင်က သူ၏ ခေါင်းကို ခါပြလိုက်၏။

“သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်လာမယ်ဆိုရင်တောင် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ရဲ့ ပိုင်နက်နယ်မြေထဲမှာ သူ့ကို သတ်ဖြတ်ဖို့က လွယ်ကူမှာမဟုတ်တော့ဘူး”

ဆူဇီမိုကို ဂိုဏ်းချုပ်က အမည်ခံတပည့်တစ်ယောက်အဖြစ် ခေါ်ယူခဲ့လေသည်။

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ မင်းသားယွမ်ကျောနှင့် အခြားသူများသည် ဆူဇီမိုကိုသတ်ဖြတ်ဖို့အတွက် များစွာသော ပညာရှင်များကို စုဖွဲ့ထားမည်ဆိုလျှင် အဲ့ဒါကို ဂိုဏ်းချုပ်က အာရုံခံမိသွားဖို့ အခွင့်များလေသည်။

“ညီကိုချင်းယွင်... ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ”

ဖန့်ချင်းယွင်က တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်သည်ဟု မင်းသားယွမ်ကျောက ပြောနိုင်၏။

ဖန့်ချင်းယွင်က ရှင်းပြမနေပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဒီနေ့ ဒီနေရာမှာ လူတိုင်းကို စုဝေးစေလိုက်တယ်ဆိုတာ ခင်ဗျားတို့တွေအားလုံးကို အလျင်စလိုပြုမူပြီး ရန်သူကို သတိဝင်မသွားစေဖို့ပဲ”

“ဆူဇီမိုကို ကိုင်တွယ်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး... ဒါပေမဲ့ ကျုပ်တို့တွေက အခွင့်အရေးတစ်ခုကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရမယ်”

“အားလုံးပဲ... မပူပါနဲ့ တစ်နေ့မှာ အခွင့်အရေးကောင်းတစ်ခုရှိမယ်ဆိုရင် ကျုပ်ခင်ဗျားတို့ကို ချက်ချင်းပြောပါမယ်... အဲ့ဒီအချိန်ကျရင် ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ခွန်အားအပြည့်အဝကို အသုံးချကြပါ... သူ့ကိုလျှော့မတွက်နဲ့ အဲ့ဒါမှ ကျုပ်တို့သူ့ကို သတ်ဖြတ်နိုင်လိမ့်မယ်”

ရှဲ့ထျန်ဟုန်က ပြန်ပြောလိုက်၏။

“အဲ့လောက်ဆိုရပြီ... သူ့ကိုသတ်ဖို့က အလောတကြီးလုပ်နေစရာမလိုပါဘူး”

“ဒါပေမဲ့... လူတိုင်းက ပိုင်မုန့်တစ်ပိုင်းစီကိုလိုချင်နေကြတယ်... အဲ့ဒီအချိန်ကျရင် ဘယ်သူက သူ့ကိုသတ်ဖြတ်နိုင်မလဲ ကြည့်ရတာပေါ့”

မင်းသားယွမ်ကျောက သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။

“ကျုပ်တို့အဖွဲ့အစည်းလေးခုက ပူးပေါင်းထားပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေမယ်ဆိုရင် သူကသေရလိမ့်မယ်”

.....

မိစ္ဆာမဟာနယ်မြေမှာ...။

နှစ်တစ်ထောင်ကြာပြီးနောက် ထျန်ဟွမ်ဂိုဏ်းက မိစ္ဆာမဟာနယ်မြေ၏ ထောင့်တစ်နေရာမှာ အလွန်တရာလျင်မြန်စွာဖြင့် ကြီးထွားလာ၏။

ကောင်းကင်ဘုံဝံပုလွေမှာ သူ့ယခင်ဘဝ၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများရှိပြီး သူသည် တစ်ခါက စိတ်ခံစားချက် ၇ မျိုး မိစ္ဆာဘုရင်ပင် ဖြစ်ခဲ့ဖူးလေသည်။

သူသည် ပိုင်နက်နယ်မြေကို ဘယ်လိုချဲ့ထွင်ရမလဲနှင့် တခြားနေရာများကို ဘယ်လိုဝါးမျိုသိမ်းပိုက်ရမလဲနှင့် ပတ်သက်၍ အလွန်တရာရင်းနှီးကျွမ်းကျင်မှုရှိလေသည်။

ဤအချိုးအစားမှာ ကောင်းကင်ဘုံဝံပုလွေကို မည်သူကမှ ယှဥ်နိုင်မည်မဟုတ်ပေ။

ပထမဆယ်စုနှစ်တချို့မှာ သိုင်းတာအိုပင်မခန္ဓာသည် ကြမ်းတမ်းသောပြိင်ဘက်တချို့ကို ကိုင်တွယ်ဖို့အတွက် ကောင်းကင်ဘုံဝံပုလွေကို ကူညီပေးခဲ့လေသည်။

နောက်ပိုင်းမှာ သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ဂိုဏ်း၏ အရေးကိစ္စများအားလုံးနီးပါးကို ကောင်းကင်ဘုံဝံပုလွေထံ လွှဲပြောင်းပေးခဲ့ပြီး သူက သိုင်းတာအိုကို ဆက်လက်၍ တွက်ချက်ထုတ်နုတ်ဖို့အတွက် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့၏။

နှစ်တစ်ထောင်ကြာပြီးနောက် ထျန်ဟွမ်ဂိုဏ်း၏ ပိုင်နက်နယ်မြေက ယခင်ကထက် အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်လာပြီး အနီးနားဝန်းကျင်မှာ အသန်မာဆုံး မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့လေပြီ။

All Chapters