← Chapters

မြင်းမိုရ်ကမ္ဘာ

Vol. 153 Ch. 2291

မြင်းမိုရ်ကမ္ဘာ

Vol. 153 Ch. 2291

ကောင်းကင်ဘုံဝံပုလွေသည် ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားပြီကို တွေ့မြင်သောအခါ သူက မျက်လုံးစွေကြည့်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်၏။

“သခင်... ကျုပ်ကခင်ဗျားအတွက် သုခဘုံသန့်စင်ကုန်းမြေရဲ့ မြေပုံတစ်ချပ်ပြင်ပေးမယ်.. ခင်ဗျားက ညီကိုယန်ပေးချန်နဲ့ အချိန်မရွေးထွက်ခွာလို့ရတယ်”

ခဏမျှရပ်တန့်ပြီးနောက် သူက သူ၏ ရင်ဘတ်ကိုပုတ်ကာ သူရဲကောင်းဆန်ဆန်ပြောလိုက်၏။

“ထျန်ဟွမ်ဂိုဏ်းကိုတော့... ကျုပ်နဲ့သာစိတ်ချလက်ချထားခဲ့လိုက်... မပူပါနဲ့သခင် ကျုပ်ကထျန်ဟွမ်ဂိုဏ်းကို ဘာမှအဖြစ်ခံမှာမဟုတ်ဘူး”

“သခင်... ကောင်းကင်ဘုံက ခင်ဗျားတို့ကို ကောင်းချီးပေးမှာပါ... ခင်ဗျားတို့ဒီခရီးစဥ်မှာ အန္တရာယ်အားလုံးကို သေချာပေါက်ဖြေရှင်းနိုင်လိမ့်မယ်... နေ့စဥ်နေ့တိုင်းကျုပ်က ထျန်ဟွမ်ဂိုဏ်းကို ဦးဆောင်ပြီး ခင်ဗျားရဲ့အောင်နိုင်မှုအတွက် ဆုတောင်းပေးနေမယ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ အေးစက်နေသော ငွေရောင်မျက်နှာဖုံးအောက်ကနေ အမူအရာကင်းမဲ့စွာဖြင့် တစ်ချက်စွေကြည့်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေသည် သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်ကနေ သက်တောင့်သက်သာ မရှိမှုကိုခံစားရပြီး ကြက်သီးမွေးညင်းများထလာခဲ့၏။

သူ၏ အတွေးများကို သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်အောက်မှာ လုံးလုံးလျားလျား ဖော်ထုတ်ခံနေရသည့်ပုံပင်။

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်စွာပြောလိုက်၏။

“ငါက သုခဘုံသန့်စင်ကုန်းမြေကိုသွားမယ်ဆိုရင် ငါကမင်းကိုပါ သေချာပေါက်ခေါ်သွားမှာပဲ”

“ဘာအတွက်လဲ”

ကောင်းကင်ဘုံဝံပုလွေက ညည်းတွားလိုက်၏။

“ကျုပ်မသွားချင်ဘူး”

ထိုနေရာသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့၏။

‘ခင်ဗျားသေချင်တယ်ဆို တစ်ယောက်ထဲသွားသေလေ ဘာလို့ကျုပ်ကိုပါ အဖော်ခေါ်နေရတာလဲ’

ကောင်းကင်ဘုံဝံပုလွေက စိတ်ထဲကနေ ကျိန်ဆဲညည်းတွားလိုက်၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက အထဲမှာသေဆုံးသွားမည်ဆိုလျှင် သူသည် သူ၏ လွတ်လပ်မှုကို လုံးလုံးလျားလျားပြန်လည်ရရှိလာပြီး ဝမ်းသာပျော်ရွှင်နိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“အဲ့ဒီမှာမြေပုံတစ်ချပ်ရှိပြီး ငါက အဝီစိကို ရှာတွေ့နိုင်မယ်ဆိုရင်တောင် အထဲမှာရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီး ငါဘာမှ မသိဘူး... မင်းက အဲ့ဒီနေရာမှာ အချိန်တစ်ခုကြာအောင် နေခဲ့ဖူးတဲ့အတွက် ဧကရာဇ်ပိုရွှင်းရဲ့အလောင်းကို ရှာနိုင်မယ့်သူက မင်းတစ်ယောက်ပဲရှိတယ်”

“အထဲမှာက အရမ်းကိုကျယ်ပြန့်လွန်းတယ်... ကျုပ်လည်း ရှာနိုင်မှာမဟုတ်ဘူး”

ကောင်းကင်ဘုံဝံပုလွေက အလောတကြီးလက်ကာပြပြီး သူ၏ ခေါင်းကိုထပ်တလဲလဲခါပြလိုက်၏။

“မင်းဒီခရီးစဥ်ကနေ ပုန်းရှောင်လို့ မရဘူး”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ငါတို့အားလုံး အသက်ရှင်လျက်ပြန်လာနိုင်ဖို့ မင်းဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်”

“ကျုပ်တို့သွားမယ်ဆိုရင် ထျန်ဟွမ်ဂိုဏ်းကို ဘယ်လိုလုပ်မလဲ”

ကောင်းကင်ဘုံဝံပုလွေက ထပ်မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေ၏ နောက်ဘက်မလှမ်းမကမ်းမှာရပ်နေသော ကောင်းကင်အင်မော်တယ်ပညာရှင် ၇ဦးကို ကြည့်ကာ မှင်သေသေဖြင့်ပြောလိုက်၏။

“ဒီနှစ်တွေထဲမှာ မင်းက သစ္စာခံလက်အောက်ငယ်သားတချို့ကို ဖိနှိမ်စုဆောင်းထားခဲ့တယ် မဟုတ်ဘူးလား...မင်းအဲ့ဒါကို လောလောဆယ်မှာ သူတို့နဲ့ လွှဲထားခဲ့လို့ရတာပဲ”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုအေးဆေးတည်ငြိမ်စွာပြောလိုက်သော်လည်း ကောင်းကင်ဘုံဝံပုလွေက ရင်တလှပ်လှပ်ဖြစ်သွား၏။

ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း သူသည် အတိတ်ကာလတုန်းက မိစ္ဆာမဟာနယ်မြေ၏ လျှို့ဝှက်အတတ်တစ်ခုကို အသုံးချကာ ဤအနီးနားဝန်းကျင်မှ ပါရမီအရှိဆုံးနှင့် တိုက်ခိုက်ရည်ခွန်အားအမြင့်ဆုံး အဆင့်-၈ နှင့် အဆင့်-၉ ကောင်းကင်အင်မော်တယ် ၇ယောက်ကို ချိုးနှိမ်စုဆောင်းခဲ့လေသည်။ သူသည် သူတို့ ၇ယောက်ကို စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများဟု အမည်ပေးထားပြီး ထျန်ဟွမ်ဂိုဏ်းကို ထိန်းချုပ်စေခဲ့၏။

သူတို့သည် ဝမ်းသာခြင်း၊ အမျက်ဒေါသ၊ ဝမ်းနည်းပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်းနှင့် တပ်မက်ခြင်းဟူသော စိတ်ခံစားချက် ၇မျိုးကို ကိုယ်စားပြုလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်းမရှိဘဲ သူက ပကတိဧကနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့မည်ဆိုလျှင် သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှ သိုင်းတာအိုပင်မခန္ဓာ၏ ကန့်သတ်ချုပ်နှောင်မှုကနေ ရုန်းထွက်နိုင်ပေလိမ့်မည်။

စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူး ၇ဦးသည်လည်း ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီး ပကတိမိစ္ဆာများဖြစ်လာနိုင်ခြေရှိသည့် တည်ရှိမှုများဖြစ်လေသည်။

ထိုအချိန်ကျလျှင် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူး ၇ယောက်၏ အကူအညီနှင့်အတူ သူသည် ထျန်ဟွမ်ဂိုဏ်းကို အပြည့်အဝထိန်းချုပ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်ပေလိမ့်မည်။

ထိုနေ့သည် သူ့အနေဖြင့် အစစ်အမှန် စိတ်ခံစားချက် ၇ မျိုး မိစ္ဆာဘုရင်အဖြစ် တစ်ကျော့ပြန်လာနိုင်မည့်နေ့ ဖြစ်လာပေလိမ့်မည်။

ဤအရာများသည် ကောင်းကင်ဘုံဝံပုလွေ တေးထားသည့် အတွေးအကြံများသာဖြစ်ပြီး သူကထိုအပေါ်မှာ မျှော်လင့်ချက်များစွာထားရဲခြင်းမရှိသလို သိုင်းတာအိုပင်မခန္ဓာသတိမထားမိစေရန် ထိုအကြောင်းကို တခြားမည်သူ့ကိုမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက ဤစကားကို ရုတ်တရက်ပြောလိုက်သောအခါ ကောင်းကင်ဘုံဝုံပလွေက မလုံမလဲခံစားလာရ၏။

ကောင်းကင်ဘုံဝံပုလွေသည် ဤအချင်းအရာကနေ မရှောင်လွှဲနိုင်တော့ဘူးဆိုတာ သိရှိလိုက်ပြီး သူက သူ၏ ကံကြမ္မာပေါ်မှာသာ ပုံအပ်လိုက်ရလေသည်။

ညင်သာစွာချောင်းဟန့်ပြီး သူက စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူး ၇ယောက်ကို လှည့်ကြည့်ကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“လောလောဆယ်မှာ... ထျန်ဟွမ်ဂိုဏ်းကို ငါမင်းတို့နဲ့ထားခဲ့မယ်.... ဒီအချိန်အတောအတွင်းမှာ တခြားဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေကို ရန်သွားမစနဲ့... သိုသိုသိပ်သိပ်နဲ့နေကြ”

“နောက်ပြီး ငါနဲ့ဂိုဏ်းချုပ်ထွက်ခွာမယ့်သတင်းကို မပေါက်ကြားစေနဲ့... မင်းတို့ ၇ယောက်ပဲ ဒီအကြောင်းကို သိထားရမယ်”

“နားလည်ပါပြီ”

စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူး ၇ဦးက တစ်ချိန်တည်းမှာပင် သဘောတူနာခံလိုက်ကြ၏။

ကောင်းကင်ဘုံဝံပုလွေက သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။ စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူး ၇ဦးက နားလည်သဘောပေါက်သွားပြီး နှုတ်ဆက်ထွက်ခွာသွားကြ၏။

“အစ်ကိုယန်... သွားကြရအောင်”

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောပြီး ကောင်းကင်ဘုံဝံပုလွေကို လှည့်ကြည့်လိုက်၏။

သူသည် ကောင်းကင်ဘုံဝံပုလွေကို သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲပြီး ယန်ပေးချန်ကို သူ၏ ကျောပေါ်မှာ တင်ဆောင်ရန် အချက်ပြလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက အခက်တွေ့သွား၏။

“ကျုပ်တို့က အခုချိန်မှာ ထျန်ဟွမ်ဂိုဏ်းရဲ့ ပိုင်နက်နယ်မြေထဲကနေ မထွက်ခွာရသေးဘူး... ကျုပ်က အသွင်ပြောင်းလဲပြီး သူ့ကိုထမ်းခေါ်သွားမယ်ဆိုရင်... ထျန်ဟွမ်ဂိုဏ်းက ကျင့်ကြံသူတွေက ကျုပ်တို့ကိုမြင်တဲ့အခါ တကယ်ပဲအရှက်ရစရာကောင်းနေလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက မည်သည့်စကားမှမဆိုဘဲ ကောင်းကင်ဘုံဝံပုလွေကို သူ၏ နက်ရှိုင်းသောမျက်လုံးများဖြင့် အေးစက်စွာသာ စိုက်ကြည့်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေသည် နှစ်ပေါင်းထောင်ချီ ညှင်းပန်းနှိပ်စက်ခံခဲ့ရပုံနှင့် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို ပြန်လည်အမှတ်ရသွားပြီး ဆတ်ခနဲတုန်ယင်ကာ သူ၏ လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေပုံစံသို့ အလောတကြီး အသွင်ပြောင်းလဲလိုက်၏။

‘တခြားသူတွေရဲ့ အမိုးအောက်မှာ ရောက်နေတဲ့အခါ ငါကဦးညွှတ်ရမယ်’

ကောင်းကင်ဘုံဝံပုလွေက စိတ်ထဲကနေတတွတ်တွတ် ရေရွတ်နေ၏။

‘ငါက.... ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီး ဒီအချုပ်အနှောင်ကနေ ရုန်းထွက်နိုင်တာနဲ့ ကိစ္စတွေက ပြောင်းလဲသွားလိမ့်မယ်... စောင့်သာကြည့်နေလိုက် ဟမ့်...’

“ဇီမို... မသွားနဲ့…”

ယန်ပေးချန်၏ အမူအရာက မှိန်ဖျော့နေပြီး သူ၏ ခန္ဓာကိုယ်ကို ဖြောင့်မတ်ဖို့ ခွန်အားမကျန်ရှိတော့ပေ။ သူက ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်မှာသာလှဲနေရပြီး အင်အားချိနဲ့သောအသံဖြင့် ပြောလိုက်၏။

“အစ်ကိုယန်... ကျုပ်တို့ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာမှထပ်ပြောနေစရာမလိုတော့ဘူး”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ယန်ပေးချန်ပေါ်မှ ဖျံဖြူလေးကို ဖယ်ယူလိုက်၏။

ဖျံဖြူလေးသည် ယန်ပေးချန်နှင့်ခွဲခွာရတော့မည်ကို တွေ့မြင်သောအခါ သူကအဆက်မပြတ်လှုပ်ရှားရုန်းကန်နေ၏။

“ဒါက... အန္တရာယ်များတဲ့ခရီးစဥ်တစ်ခုပဲ... ရလဒ်က မသေချာဘူး... ငါတို့က အသက်ရှင်လျက်ပြန်လာနိုင်ချင်မှ လာနိုင်လိမ့်မယ်... မင်းငါတို့နောက်ကို မလိုက်တာ ပိုကောင်းလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“အစ်ကိုယန်ကလည်း မင်းကိုလိုက်စေချင်မှာမဟုတ်ဘူးဆိုတာ ငါသေချာပြောနိုင်တယ်”

ယန်ပေးချန်က စကားမပြောဆိုနိုင်တော့ဘဲ ခေါင်းသာညိတ်ပြလိုက်၏။

ဖျံဖြူလေးက ဆက်လက်၍မရုန်းကန်းတော့ဘဲ ယန်ပေးချန်ကိုသာ ငေးငိုင်စွာ ကြည့်နေ၏။

သူ၏ မျက်လုံးများက နက်ရှိုင်းသော ဝန်လေးမှုနှင့် သလင်းရောင်အလင်းနှင့် ပြည့်နှက်နေ၏။

သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖျံဖြူလေးကို ဘေးမှာချပေးလိုက်၏။ သူကကောင်းကင်ဘုံဝံပုလွေကို ပုတ်ပြီး တီးတိုးပြောလိုက်၏။

“ပို့ဆောင်ရေးဝင်္ကပါဆီကို သွားကြတာပေါ့”

ထျန်ဟွမ်ဂိုဏ်းသည် ကြီးထွား၍ အဆက်မပြတ်ချဲ့ထွင်လာခဲ့စဥ် သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုမှာ ကြီးမားသောပို့ဆောင်ရေးဝင်္ကပါတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

သို့သော်လည်း အဲ့ဒါက အချိန်ကာလဖြင့် တိုက်စားခံရပြီး ယိုယွင်းပျက်စီးနေခဲ့ပြီဖြစ်၏။

ကောင်းကင်ဘုံဝံပုလွေသည် သူ၏ မှတ်ဉာဏ်များကိုအသုံးချကာ ထိုပို့ဆောင်ရေးဝင်္ကပါကို ပြန်လည်ပြင်ဆင်ခဲ့လေသည်။

စိတ်ဝိညာဥ်ယာဥ်ပျံတစ်စင်းနှင့်ပင်လျှင် သူတို့သည် သုခဘုံသန့်စင်ကုန်းမြေသို့ ရက်ပေါင်းရာချီခရီးနှင်ရပေမည်။

ဤကဲ့သို့ ရှည်ကြာသော ခရီးစဥ်အတွင်းမှာ အခြားသော ဘာအပြောင်းအလဲများဖြစ်လာမည်ကို မည်သူကမှ မသိရှိနိုင်ပေ။

ယန်ပေးချန်က ထိုမျှအထိ တောင့်ခံနိုင်မည် မဟုတ်ပေ။

သုခဘုံသန့်စင်ကုန်းမြေသို့ ချက်ချင်းရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပို့ဆောင်ရေးဝင်္ကပါအကြီးကို အသုံးချဖို့ဖြစ်၏။

သုခဘုံသန့်စင်ကုန်းမြေသို့သွားရာ ဤခရီးစဥ်အတွက် သိုင်းတာအိုပင်မခန္ဓာသည် ယန်ပေးချန်နှင့် ကောင်းကင်ဘုံဝံပုလွေကလွဲလျှင် အခြားမည်သူ့ကိုမှ ခေါ်မလာခဲ့ပေ။

အဲ့ဒါက အဝီစိဖြစ်ပြီး သူတို့က လူဘယ်လောက်များများကို ခေါ်သွားသည်ဖြစ်စေ သုံးစားရလိမ့်မည် မဟုတ်ပေ။

သိပ်မကြာခင် သူတို့နှစ်ယောက်က ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာခဲ့၏။

အောင်မြင်သောပို့ဆောင်မှုတစ်ခုဖြစ်ဖို့အတွက် နေရာနှစ်ဘက်စလုံးမှာ ပို့ဆောင်ရေးဝင်္ကပါအကြီးများ ရှိနေရပေမည်။ မဟုတ်ပါက ပို့ဆောင်ခြင်းက ကျရှုံးသွားပေလိမ့်မည်။

ကောင်းကင်ဘုံဝံပုလွေက မြေပုံတစ်ချပ်ကို ထုတ်ယူပြီး အဲ့ဒါကို ဂရုတစိုက်ယှဥ်ကြည့်လိုက်၏။ သူက ပို့ဆောင်ရေးဝင်္ကပါအမှတ်အသားတစ်ခုရှိသည့် သုခဘုံသန့်စင်ကုန်းမြေနှင့် အနီးစပ်ဆုံးနေရာတစ်ခုကို ရှာဖွေလိုက်၏။

တည်နေရာကို ဆုံးဖြတ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းကာ သူတို့သုံးယောက်က မိစ္ဆာမဟာနယ်မြေကနေ ပျောက်ကွယ်သွားကြ၏။

အတန်ကြာပြီးနောက် သူတို့သုံးယောက်သည် နောက်ဆုံးမှာ ချာလပတ်လည်နေသော ခံစားချက်ကနေ လွတ်မြောက်လာပြီး သူတို့၏ အာရုံငါးပါးကို ပြန်လည်ရရှိလာ၏။

တဖျတ်ဖျတ်တလက်လက်အလင်းရောင်က ပေါ်ထွက်လာပြီး သူတို့သုံးယောက်က မြေပြင်ပေါ်သို့ ဆင်းသက်ကာ စိမ်းသက်သောနေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက လှည့်ပတ်ကြည့်ရှုပြီး အနီးနားမှာ ပို့ဆောင်ရေးဝင်္ကပါတစ်ခု၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့နိုင်ပေ။

ကောင်းကင်ဘုံဝံပုလွေက မြေပုံတစ်ချပ်ကို ထုတ်ယူပြီး အဲ့ဒါကိုတိုက်ကြည့်လိုက်၏။

“ဒီပို့ဆောင်ရေးဝင်္ကပါမှာ တစ်ခုခုဖြစ်သွားခဲ့တာပဲ... ကျုပ်တို့ရဲ့ပို့ဆောင်ခြင်းက သွေဖယ်သွားတယ်... ဒါပေမဲ့ ကျုပ်တို့က သုခဘုံသန့်စင်ကုန်းမြေနဲ့ သိပ်မဝေးဘူး”

“ကျုပ်တို့က ဒီလမ်းတိုင်းဆက်သွားမယ်ဆိုရင် တစ်နှစ်မကြာခင်မှာပဲ... သုခဘုံသန့်စင်ကုန်းမြေကိုရောက်ပြီး မဟာထျဲဝေတောင်ကို တွေ့မြင်ရလိမ့်မယ်”

ကောင်းကင်ဘုံဝံပုလွေက အရပ်တစ်ဘက်ကို လက်ညှိုးထိုးပြလိုက်၏။

“မဟာထျဲဝေတောင်လား”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ယခင်က အဝီစိသည် ထျဲဝေတောင်မှာရှိသည်ဟု ကောင်းကင်ဘုံဝံပုလွေကပြောခဲ့၏။ ဤမဟာထျဲဝေတောင်က ဘာလဲ။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံသို့တက်လှမ်းလာသည်မှာ နှစ်ပေါင်းအတော်အတန်ကြာသွားခဲ့ပြီးဖြစ်သော်လည်း ကောင်းကင်ဘုံကမ္ဘာအပေါ် သူ၏ နားလည်သဘောပေါက်မှုက ကောင်းကင်ဘုံဝံပုလွေထက် များစွာနိမ့်ကျနေ၏။

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“သုခဘုံသန့်စင်ကုန်းမြေကို သန့်စင်ကုန်းမြေနဲ့ မြင်းမိုရ်ကမ္ဘာလို့လည်း သိကြတယ်... မြင်းမိုရ်တောင်က အလယ်ဗဟိုမှာရှိပြီး သူ့ကို ပင်လယ်ရေပိုင်းခြားထားတဲ့ တောင်၈ လုံးက ဝိုင်းပတ်ထားတယ်... အဲ့ဒါကြောင့် အဲ့ဒါကိုတောင် ၉ လုံးနဲ့ သမုဒ္ဒရာ ၈ စင်းလို့လည်း ခေါ်တယ်”

“မဟာထျဲဝေတောင်နဲ့ ထျဲဝေတောင်က တောင် ၉လုံးရဲ့အစိတ်အပိုင်းတွေပဲ”

“ထျဲဝေက သက္ကတဘာသာစကားပဲ... လူသားဘာသာစကားနဲ့ပြောရရင် အဲ့ဒါကို ‘ဝရဇိန်’ လို့ခေါ်တယ်... အဲ့ဒါကြောင့် ထျဲဝေတောင်ကို ဝရဇိန်တောင်နဲ့ ဝရဇိန်လှည်းဘီးတောင်လို့လည်း သိကြတယ်”

All Chapters