← Chapters

အာသောက သစ်ပင်

Vol. 153 Ch. 2292

အာသောက သစ်ပင်

Vol. 153 Ch. 2292

ဝရဇိန်လှည်းဘီးတောင်..

ထိုအမည်ကို ကြားရချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင် နတ်ဘုရားဆန်ဆန် အလင်းတစ်ချက်က ဖျတ်ခနဲ လက်သွား၏။

ထိုသို့ဆိုလျှင် မဟာထျဲဝေတောင်ကို မဟာဝရဇိန်လှည်းဘီးတောင်ဟုလည်း ခေါ်ဆိုနိုင်မည်ဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ မဟာဝရဇိန်လှည်းဘီးချိပ်စည်းဟု ကျော်ကြားသော မင်းဝမ်ဓမ္မချိပ်စည်းတစ်ခု ရှိခဲ့လေသည်။

ထိုအမည်နှစ်ခုက ထပ်တူထပ်မျှ တူညီနေပြီး အဲဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်လောက်ပေ။

မဟာဝရဇိန်လှည်းဘီးချိပ်စည်း၏ မူလဇာစ်မြစ်သည် သုခဘုံသန့်စင်ကုန်းမြေ၏ မဟာဝရဇိန်လှည်းဘီးတောင်ကနေ လာခြင်းဖြစ်လောက်လေသည်။

ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်မှာ ယန်ပေးချန်၏ မျက်လုံးများက တင်းကျပ်စွာ မှိတ်နေပြီး သူ၏ အသက်ရှူသံက မျှင်းမျှင်းသာ ရှိတော့၏။

သူ့မှာ အစကတည်းက အသက်ဓတ်အား များစွာမကျန်ရှိတော့ဘဲ အလွန်တရာ အားနည်းနေခဲ့ပြီဖြစ်၏။ ပို့ဆောင်ရေး ဝင်္ကပါ၏ ပင်ပန်းမှုဒဏ်ကို ခံရပြီးနောက် သူက ဆက်လက်၍ ခံနိုင်ရည် မရှိတော့ဘဲ သတိလစ်သွားခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဉ် အသိစိတ်ဖြင့် စစ်ဆေးပြီး ယန်ပေးချန်၏ အသက်က လောလောဆယ် စိတ်ချရသည်ကို တွေ့မြင်ရမှသာ သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံဝံပုလွေသည် သတိလစ်နေသော ယန်ပေးချန်ကို တင်ဆောင်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ နောက်ကနေ လိုက်ပါကာ သုခဘုံသန့်စင်ကုန်းမြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို ပြန်ပြောပြနေ၏။

နှစ်နာရီခန့် ကြာပြီးနောက် အရှေ့တည့်တည့်မှာ နက်မှောင်ထူထဲသည့် မျဉ်းတစ်ကြောင်းက ပေါ်ထွက်လာပြီး အဆက်မပြတ် ဆန့်တန်းနေ၏။

“အဲဒါက မဟာထျဲဝေတောင်ပဲ”

ကောင်းကင်ဘုံဝံပုလွေက အဝေးမှာ ရှိသော အနက်ရောင် မျဉ်းကြောင်းကို ကြည့်ပြီး ပြောလိုက်၏။

“အတိအကျပြောရင် မဟာထျဲဝေတောင်က တောင်ထွတ်တစ်ခုနဲ့ မတူဘူး.. အဲဒါက ကီလိုမီတာ သန်းပေါင်းများစွာ ဖြန့်ကြက်ပြီး သုခဘုံသန့်စင်ကုန်းမြေကို ဝိုင်းပတ်ထားတဲ့ တောင်ကြောရိုးတစ်ခုနဲ့ ပိုတူတယ်”

“ပြောရမယ်ဆိုရင် သုခဘုံသန့်စင်ကုန်းမြေကို ဝင်ရောက်လိုတဲ့ သက်ရှိတိုင်းက မဟာထျဲဝေတောင်ကို ဖြတ်ကျော်ရလိမ့်မယ်”

သုခဘုံသန့်စင်ကုန်းမြေသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် မိစ္ဆာမဟာနယ်မြေတို့နှင့်အတူ ရင်ဘောင်တန်း ရပ်တည်လေသည်။

သုခဘုံသန့်စင်ကုန်းမြေတစ်ခုလုံးကို ဝိုင်းပတ်ထားနိုင်ရန် ဤတောင်ကြောရိုးက ဘယ်လောက်တောင် ရှည်လျားနေတာလဲ။

သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် မဟာထျဲဝေတောင်ခြေရင်းသို့ ရောက်ရှိလာခဲ့၏။

အဝေးကနေ ကြည့်လျှင် သူတို့သည် ဤတောင်ကြောရိုး၏ ခမ်းနားထည်ဝါမှုကို နားလည်နိုင်မည် မဟုတ်ပေ။

သူတို့သည် တောင်ခြေရင်းသို့ ရောက်ရှိလာသောအခါမှသာ သူတို့က ဘယ်လောက်တောင် သေးသိမ်သွားသည်ကို ခံစားမိနိုင်၏။

တောင်ကြောရိုးက နက်မှောင်၍ မနှိုင်းယှဉ်သာအောင် မာကြောသည့်ပုံပေါ်လေသည်။ အဲဒါက အဆုံးမဲ့ဖြစ်ပြီး ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ ရစ်ခွေနဂါးတောင်ကြောရိုးထက်ပင် ပို၍ ခမ်းနားထည်ဝါကာ ဗုဒ္ဓကျောင်းတော်များ၏ ဂမ္ဘီရစွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။

တောင်ကြောရိုးသည် သန့်စင်ကုန်းမြေကို ကာကွယ်ပေးပြီး မရေမတွက်နိုင်သော နတ်ဆိုးများကို ပိတ်ဆို့တားဆီးပေးထားသည့် တောင့်တင်းခိုင်မာသည့် နံရံတံတိုင်းတစ်ခုနှင့် တူနေ၏။ ဤနံရံတံတိုင်းကို ဖြတ်ကျော်ပြီးမှသာ သက်ရှိများအားလုံးသည် ဗုဒ္ဓကျောင်းတော်များ၏ သန့်စင်ကုန်းမြေသို့ ရောက်ရှိလာနိုင်မည်ဖြစ်၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်သီးကို မြှောက်ပြီး သူ့ရှေ့မှာ ရှိသော မဟာထျဲဝေတောင်ကို ပစ်ထိုးလိုက်၏။

ဘုန်း..

သိုင်းတာအိုပင်မခန္ဓာသည် ထိုထိုးချက်မှာ သူ့ခွန်အား၏ ၇၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့သော်လည်း မဟာထျဲဝေတောင်က တုတ်တုတ်မျှ လှုပ်မသွားပေ။

တကယ်ဆို တောင်မျက်နှာပြင်ပေါ်တွင် မည်သည့် ကျောက်တုံး၊ ကျောက်ခဲကမှ ပဲ့ကျမလာခဲ့ပေ။

တစ်ဖက်မှာတော့ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက နာကျင်မှုကို ခံစားလိုက်ရ၏။

“ဟီးဟီး”

ကောင်းကင်ဘုံဝံပုလွေက ရယ်မောလိုက်၏။

“မဟာထျဲဝေတောင်က ထိုးဖောက်လို့ မရဘူး.. ဖျက်ဆီးလို့ မရဘူး.. အဲဒါက အချိန်ရဲ့ တိုက်စားခြင်းလည်း မခံရဘူး.. အဲဒါကြောင့်လည်း သူ့ကို ဝရဇိန်လို့ ခေါ်တာပေါ့.. အဲဒါက မဖျက်ဆီးနိုင်တဲ့ စိန်ကျောက်လိုပဲ သန်မာတယ်”

“အရင်တုန်းက ကျုပ်သခင်ဟောင်းနဲ့ ဧကရာဇ် ၂၀ကျော်ကြား တိုက်ပွဲကတောင်မှ ဒီတောင်ကြောရိုးကို မကိုင်လှုပ်နိုင်ခဲ့ဘူး.. ဒီတောင်က ဘယ်လောက်တောင် မြင့်မြတ်ထည်ဝါတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသလဲဆိုတာ သိသာတယ်”

သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ ကြိုးစားမနေတော့ဘဲ တောင်ပေါ်ကို တက်ဖို့ ပြင်လိုက်၏။

မြေပုံအရ သူတို့သည် ထျဲဝေတောင်ကို တွေ့မြင်နိုင်ဖို့အတွက် မဟာထျဲဝေတောင်ကြောရိုးကို ဖြတ်ကျော်ရပေမည်။

အဝီစိက ထျဲဝေတောင်မှာ ရှိလေသည်။

“ကျုပ် တစ်ခုကို တွေးမိတယ်”

ထိုစဉ်မှာပင် ကောင်းကင်ဘုံဝံပုလွေက ရုတ်တရက် ပြောလိုက်၏။

“တကယ်တော့ ယန်ပေးချန်ကို ကယ်တင်ဖို့က အဝီစိအောက်ကို သွားစရာ မလိုဘူး.. နောက်ပြီး ကျုပ်တို့က ပြီးပြည့်စုံတဲ့ မိစ္ဆာဥပါဒါန် ဗုဒ္ဓကြမ္မာသုတ္တန်ကို ရမယ်ဆိုရင်တောင်မှ သူ့အသက်ကို ကျုပ်တို့က ကယ်တင်နိုင်ချင်မှ ကယ်တင်နိုင်မှာ”

“ကောင်းကင်ဘုံကမ္ဘာမှာ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အင်မော်တယ် ဆေးပင်တွေနဲ့ ဆေးလုံးတွေက အရမ်းကို ရှားပါးတယ်.. သုခဘုံသန့်စင်ကုန်းမြေမှာတော့ အာသောကသစ်ပင်လို့ ခေါ်တဲ့ အပင်တစ်ပင် ရှိတယ်”

“အာသောကသစ်ပင်လား”

သိုင်းတာအိုပင်မခန္ဓာက ပြန်မေးလိုက်၏။

“ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ် သစ်ပင်သုံးပင်ထဲက တစ်ပင်ကို ပြောတာလား”

သိုင်းတာအိုပင်မခန္ဓာသည် အာသောကသစ်ပင်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။

အရင်တုန်းက တျဲယွဲ့သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ အာသောကပန်းကို ယူလာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ရင်းမြစ်ကို အစားထိုးဖို့အတွက် သူ၏ ဒျန်တျန်ထဲမှာ အဲဒါကို ထည့်သွင်းပေးခဲ့၏။ နောက်ပိုင်းမှာ အဲဒါသည် သူ၏ ရွှေအမြုတေကိုပင် ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့ပြီး သူ့ကို ကပ်ဘေးတစ်ခုကနေ ကျော်လွှားနိုင်စေခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်၏ ဗုဒ္ဓသုတ္တန်များမှာ အထွတ်အမြတ် သစ်ပင်သုံးပင်၏ ဒဏ္ဍာရီကို မှတ်တမ်းတင်ထားလေသည်။

ဗုဒ္ဓသည် အာသောကသစ်ပင်အောက်မှာ မွေးဖွားလာခဲ့ပြီး မဟာဗောဓိပင်အောက်မှာ သူ၏ တာအိုကို ရရှိကာ အင်ကြင်းပင်အောက်မှာ နိဗ္ဗာန်သို့ ဝင်ရောက်သွားသည်ဟု ဆိုလေသည်။

ထို့ကြောင့်ပင်လျှင် အာသောကပန်းသည် အသက်ဓာတ်အားကို ပိုင်ဆိုင်ထားပြီး ဆူဇီမို၏ ကြေမွသွားသော ရွှေအမြုတေကို ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့ခြင်းဖြစ်၏။

ထိုသို့ အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ နားလည်သဘောပေါက်မှုတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။

“ပြောရမယ်ဆိုရင် အာသောကသစ်ပင်မှာ ရှိတဲ့ အသက်ဓာတ်စွမ်းအားက အစ်ကိုယန်ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနိုင်တယ်ပေါ့”

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“အတိအကျပြောရရင် အာသောကသစ်သီးကပဲ အဲဒါကို တတ်နိုင်လိမ့်မယ်.. အာသောကသစ်သီးက အာသောကသစ်ပင်ရဲ့ အသက်ဓာတ်အားကို ပုံဆောင်ခဲအဖြစ် စုဖွဲ့ထားတာပဲ.. အဲဒါက အသက်ဓာတ်သစ်သီးတစ်လုံးနဲ့ တူညီတယ်”

“အာသောကပန်းမှာတော့ လုံလောက်တဲ့ အသက်ဓာတ်အား ရှိမှာ မဟုတ်ဘူး.. ဒါပေမဲ့ အဲဒါကလည်း ကိုယ်ကာယဒဏ်ရာတွေကိုတော့ ကုသပေးနိုင်သေးတယ်”

“အာသောကသစ်ပင်က ဘယ်မှာ ရှိတာလဲ”

သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။

အာသောကသစ်ပင်သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် သစ်ပင်သုံးပင်ထဲမှ တစ်ပင်ဖြစ်ပြီး ထိုနေရာကို အောင်မြင်ပေါက်မြောက်သည့် ကိုယ်တော်များစွာက သေချာပေါက် စောင့်ကြပ်နေပေလိမ့်မည်။

သို့သော်လည်း အဲဒါသည် မဟာဧကရာဇ်များပင်လျှင် လက်ရှောင်ရသော တားမြစ်ကုန်းမြေထက်တော့ ပိုကောင်းပေလိမ့်မည်။

သူတို့က အဝီစိကို ရှောင်လွှဲနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“အာသောကသစ်ပင်က.. အစတုန်းကတော့.. ထျဲဝေတောင်မှာ ရှိခဲ့တယ်”

ကောင်းကင်ဘုံဝံပုလွေက ထိုစကားကို ပြောသောအခါ သူက ထူးဆန်းသော အမူအရာဖြင့် ခဏမျှ ရပ်တန့်လိုက်၏။

“အစတုန်းကလား”

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေကြောင်း သတိထားမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်းစကားက ဘာအဓိပ္ပာယ်လဲ”

ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်၏။

“အာသောကသစ်ပင်က အစတုန်းကတော့ ထျဲဝေတောင်ပေါ်မှာ ရှိခဲ့တယ်.. အဲဒါက အဝီစိရဲ့ ဝင်ပေါက်ဝနဲ့ သိပ်မဝေးဘူး.. ဒါပေမဲ့ ကျုပ်သခင်ဟောင်းနဲ့ ဧကရာဇ် ၂၀ကျော်ရဲ့ တိုက်ပွဲက ထျဲဝေတောင်ပေါ်မှာ ဖြစ်ပွားခဲ့တယ်.. အာသောကသစ်ပင်ကလည်း စက်ကွင်းမလွတ်ပဲနဲ့ ကြေမွပျက်စီးသွားခဲ့တယ်”

“အာသောကသစ်ပင်က သေသွားပြီလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“အင်း”

ကောင်းကင်ဘုံဝံပုလွေက ခေါင်းညိတ်ပြလိုက်၏။

အာသောကသစ်ပင်ကဲ့သို့ စိတ်ဝိညာဉ်သစ်ပင်တစ်ပင်ကို လောကတစ်ခု၏ ကံကြမ္မာကနေ စုဖွဲ့ထား၏။ အဲဒါသည် ကောင်းကင်ဘုံကမ္ဘာ၏ တည်ဆောက်သူသစ်ပင်နှင့် ဆင်တူလေသည်။ အနည်းဆုံးတော့ သုခဘုံသန့်စင်ကုန်းမြေမှာ ထိုကဲ့သို့သော ဒုတိယမြောက်သစ်ပင် ရှိနိုင်တော့မည် မဟုတ်ပေ။

“ဒီလောက် နှစ်တွေအများကြီးကြာပြီးတာတောင် အာသောကသစ်ပင်က ပြန်ရှင်မလာခဲ့ဘူးလား”

သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ခေါင်းခါပြလိုက်၏။

“အရင်တုန်းက တိုက်ပွဲမှာ အာသောကသစ်ပင်က ကြေမွသွားပြီး သူ့ရဲ့ အသက်ဓာတ်အားက ပြတ်တောက်သွားတယ်… အဲဒါကို ပြန်ရှင်အောင် လုပ်နိုင်တဲ့နည်းလမ်း သေချာပေါက် ရှိမှာ မဟုတ်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“အာသောကသစ်ပင်က သေသွားပေမဲ့ ကျုပ်တို့က ပြန့်ကျဲသွားတဲ့ အာသောကသစ်သီးကို ရှာနိုင်မယ်ဆိုရင် ကျုပ်တို့က ယန်ပေးချန်ရဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေကို ကုသပေးနိုင်သေးတယ်”

“ငါ သိပြီ”

သိုင်းတာအိုပင်မခန္ဓာက အသံတိတ်သွား၏။

မည်သို့ပင်ဆိုစေ သူသည် ထျဲဝေတောင်ကို အရင်ဆုံး သွားရောက်စစ်ဆေးကြည့်ရပေမည်။

အာသောကသစ်ပင်သည် ထိုနေရာမှာ ပေါက်ဖွားခဲ့ပြီး ထျဲဝေတောင်ပေါ်မှာ အာသောကသစ်သီး၏ အငွေ့အသက်တချို့ ရှိကောင်းရှိနေနိုင်၏။

“ငါ သိသွားပြီ”

တောင်ထွတ်သို့ တက်ရာ လမ်းတစ်ဝက်မှာ ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ဘာကိုလဲ”

ကောင်းကင်ဘုံဝံပုလွေက အလိုလိုမေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။

“အရင်တုန်းက ဧကရာဇ်ပိုရွှင်းနဲ့ ဧကရာဇ် ၂၀ကျော်ကြား တိုက်ပွဲက ကြီးမားတဲ့ ဧရိယာတစ်ခုကို သက်ရောက်စေခဲ့တယ်.. အဲဒါက အောက်ဘုံလောကက ထျန်ဟွန်ကုန်းမြေတိုက်ဆီကို ဦးတည်တဲ့ အာကာသလမ်းကြောင်းတစ်ခုကို မတော်တဆ ဖွင့်လှစ်မိခဲ့တာ ဖြစ်နိုင်တယ်”

“အဲဒါကြောင့်ပဲ မဟာဓားပညာရပ်နှစ်ခုက ထျန်ဟွမ်ကုန်းမြေတိုက်ကို ရောက်လာခဲ့တာပဲ”

“အာသောကသစ်ပင်က ဖျက်ဆီးခံလိုက်ရတဲ့အတွက်ကြောင့် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာ ရှိတဲ့ အာသောကပန်းက ပိုရွှင်းကို ဖျက်ဆီးချေမှုန်းခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်းမှာ ထျဲဝေတောင်ပေါ်ကနေ လွင့်မျောကျဆင်းလာခဲ့တာ ဖြစ်လောက်တယ်”

ဖန်တီးခြင်းကြာပဒုမ္မာ၊ လောကမှာ တစ်ခုတည်း ရှိသော ထိုအထွတ်အမြတ် ပစ္စည်းသည် အထက်ဘုံလောကမှာသာ ရှိသင့်လေသည်။ သို့သော်လည်း အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပေါ်ထွက်လာခဲ့ပြီး အဲဒါက ထူးဆန်းနေ၏။

ကောင်းကင်ဘုံဝံပုလွေ၏ ပြောပုံအရ ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်များသည် ပိုရွှင်းကို သတ်ဖြတ်သည့် တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရ၏။

ဖန်တီးခြင်းကြာပဒုမ္မာကို ထိုတိုက်ပွဲမှာ သေဆုံးခဲ့သော ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်တစ်ပါးက ပိုင်ဆိုင်ခဲ့တာ ဖြစ်ဖို့များလေသည်။

နောက်ဆုံးမှာတော့ ဖန်တီးခြင်းကြာပဒုမ္မာနှင့် အာသောကပန်းသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ အတူတကွ ကျဆင်းလာခဲ့၏။

ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းလာသော ဤဂမ္ဘီရပစ္စည်းများသည် ရှေးဟောင်းခတ်၏ ဗုဒ္ဓဧကရာဇ်နှင့် ဓားဧကရာဇ်ကဲ့သို့ လူများစွာ၏ ကံကြမ္မာများကို ပြောင်းလဲပေးခဲ့၏။

သို့သော်လည်း ဒီဘက်မျိုးဆက်မှာတော့ ထိုအရာများသည် ဆူဇီမိုကို မြင့်မားတိုးတက်စေဖို့အတွက် အကြောင်းဖန်လာခဲ့၏။

All Chapters