သူပြန်လာပြီ
Vol. 153 Ch. 2294
သိုင်းတာအိုပင်မခန္ဓာသည် လူတစ်ယောက်ကို ကယ်တင်ဖို့အတွက် ဤနေရာကိုရောက်ရှိလာခြင်းဖြစ်ပြီး သတ်ဖို့မဟုတ်ပေ။
အဆူရာကျောင်းတော်မှ ကိုယ်တော်များသည် ဗုဒ္ဓဝါဒီများနှင့် မိစ္ဆာများကြား ရန်ငြိုးရန်စများကြောင့် သဘောထားကွဲလွဲမှုဖြစ်နေ၏။
သို့သော်လည်း နောက်ဆုံး ဤနေ့မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် ဤကိုယ်တော်များနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စမရှိပေ။
ဆူဇီမိုက စာပေသမားတစ်ယောက်ဖြစ်ခဲ့ဖူး၏။ သူ၏ နှလုံးသားက ကြမ်းကြုတ်ခက်ထန်သော လူတစ်ယောက်နှင့်တူသော်လည်း သူက သွေးဆာရက်စက်သောလူတစ်ယောက် မဟုတ်ပေ။
ကောင်းကင်ဘုံဝံပုလွေကတော့ ကွဲပြားခြားနားလေသည်။ သူသည် အစကတည်းက စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ဖူးပြီး ဧကရာဇ်ပိုရွှင်းနောက်သို့လိုက်ကာ မိစ္ဆာမဟာနယ်မြေတွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ဖူးလေသည်။
သူ၏ ယခင်ဘဝမှာရော ယခုဘဝမှာပါ ကောင်းကင်ဘုံဝံပုလွေကို မိစ္ဆာစစ်စစ်တစ်ဦးဟု သတ်မှတ်နိုင်၏။
ကောင်းကင်ဘုံဝံပုလွေက တိုက်ခိုက်မည်ဆိုလျှင် အဆူရာကျောင်းတော်မှ သက်ရှိများစွာက သေကြေပျက်စီးရပေလိမ့်မည်။
မဟူရာအင်မော်တယ် ကိုယ်တော်နှစ်ပါးက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဧရာမကောင်းကင်ဘုံဝံပုလွေက သူတို့၏ ဦးခေါင်းပေါ်ကနေဖြတ်သန်းသွားသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရပြီး တားဆီးရဲခြင်းမရှိတော့ပေ။
“အဲ့ဒါဘယ်သူလဲ... သင်တို့တွေက အဆူရာကျောင်းတော်ထဲကို ဘယ်လိုတောင်အတင်းဝင်လာရဲတာလဲ”
“ရပ်ကြ”
ကျောင်းတော်၏ တံခါး ကြေမွပျက်စီးခြင်းကနေဖြစ်ပေါ်သော ရုတ်ရုတ်သဲသဲအခြေအနေသည် သိပ်မကြာခင် ကျောင်းတော်ထဲသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။ ပုံရိပ်များက ရှေ့မှာတစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး စွမ်းအားကြီးမားသော အော်ရာများနှင့်အတူ ဤနေရာကိုလာနေကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ဖြန့်ကြက်လိုက်ပြီး ဤကိုယ်တော်များ၏ ကျင့်ကြံမှုများက သိသိသာသာ ပိုမိုသန်မာသည်ကို တွေ့ရှိလိုက်ရ၏။ သို့သော်လည်း သူတို့ထဲမှအသန်မာဆုံးသူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များသာဖြစ်၏။
“မင်းတို့တွေ ငါ့ကိုမတားဆီးနိုင်ဘူး... လူစုခွဲကြ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောပြီး သူ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းလိုက်၏။
မနှိုင်းယှဥ်သာအောင် အင်အားကြီးမားသော စွမ်းအားတစ်ခုက လွှမ်းခြုံကျဆင်းလာခဲ့၏။
ရှေ့မှာရှိသော ကိုယ်တော်များသည် ဤနေရာသို့ရောက်ရှိမလာခင်မှာပင် လေထဲကနေ ကျဆင်းကုန်ကြ၏။
ကိုယ်တော်များက မည်သည့်ထိခိုက်ဒဏ်ရာမှမရှိဘဲ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
သို့သော်လည်း လူတိုင်းသည် သိပ်သည်းလေးလံသော မမြင်ရသည့်အင်အားတစ်ရပ်ဖြင့် ဖိနှိမ်ခံထားရပုံရပြီး လေထဲသို့ ပြန်မတက်နိုင်ကြပေ။ လူနှစ်ယောက်နှင့် ဝံပုလွေက ရှေ့သို့တက်လှမ်းသွားသည်ကို သူတို့က ဒီတိုင်းသာစောင့်ကြည့်နေရ၏။
“အော်မိထော်ဖော်”
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် ဂမ္ဘီရဆန်သော သက္ကတဘာသာစကားသံတစ်ခုကို ကြားလိုက်ရ၏။ ထိုအသံက ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး လူတစ်ယောက်၏ နှလုံးသားကို ရိုက်ခတ်စေသော ပုံစံဖြင့် ပဲ့တင်ထပ်နေ၏။
ထိုဗုဒ္ဓအာလုပ်သံသည် သိုင်းတာအိုပင်မခန္ဓာကို ပစ်မှတ်ထားသော လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားကို လှုပ်ခတ်စေချင်၏။
ယန်ပေးချန်က သတိလစ်နေသောကြောင့် ထိုဗုဒ္ဓအာလုပ်သံက သူ့ပေါ်မှာ သက်ရောက်မှုမရှိပေ။
ကောင်းကင်ဘုံဝံပုလွေကတော့ သူသည် တစ်ခါတုန်းက စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ဖူးပြီး သူ၏ တာအိုနှလုံးသားက ပို၍ပင်ကိုင်လှုပ်လို့ မရနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တာအိုနှလုံးသားလှေခါးပေါ်မှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့နိုင်ခဲ့သည့်အချက်သည် သူ၏ တာအိုနှလုံးသားက ဘယ်လောက်တောင်ခိုင်မာမှုရှိသလဲ သက်သေပြပေးနေ၏။
ရှေ့တည့်တည့်မှာရှိသောကျောင်းတော်ထဲမှ ပုံရိပ်များစွာက တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံတက်လာကြ၏။ သူတို့က အရေအတွက်ရာချီရှိသော ကိုယ်တော်များဖြစ်ပြီး သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ကြ၏။ သူတို့၏ ခေါင်းဆောင်က ဗုဒ္ဓတောင်ဝှေးတစ်လက်ကို ကိုင်ဆွဲထားပြီး ကြင်နာတတ်သောအမူအရာတစ်ခုရှိကာ သူ၏ မျက်လုံးများက မေတ္တာဓာတ်ဖြင့် ပြည့်နှက်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် အဆူရာကျောင်းတော်၏ အထက်မှာ မတ်တတ်ရပ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အဆက်မပြတ်ထုတ်ဖော်ကာ အဆူရာကျောင်းတော်ကို လုံးလုံးလျားလျားလွှမ်းခြုံ၍ ကျောင်းတော်ထဲမှာရှိသော အရာရာတိုင်းကို ရောင်ပြန်ဟပ်စေလိုက်၏။
အဆူရာကျောင်းတော်မှာ အမြင့်မားဆုံးကျင့်ကြံမှုနယ်ပယ်နှင့် အောင်မြင်ပေါက်မြောက်သော ကိုယ်တော်တချို့သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များသာဖြစ်ကြ၏။
အလယ်မှာရှိသော အသက်ကြီးကြီး ကိုယ်တော်က ဗုဒ္ဓတောင်ဝှေးတစ်ချောင်းကို ကိုင်ဆွဲထား၏။ သူ၏ ဝတ်စားဆင်ယင်ပုံနှင့် သွင်ပြင်ဟန်ပန်အရ သူသည် အဆူရာကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်ဖြစ်ပေမည်။ တစ်နည်းအားဖြင့်ဆိုလျှင် အဆူရာကျောင်းတော်သည် မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းမျှသာဖြစ်၏။
တကယ်တော့.... ရှေ့တည့်တည့်မှာရှိသော ကျောင်းတော်၏ မြေအောက်အနက်ပိုင်းထဲမှာ စွမ်းအားကြီးမားသော အသက်ဓာတ်အားအော်ရာခပ်ဖျော့ဖျော့တစ်ခုရှိနေ၏။
သို့သော်လည်း အဲ့ဒါက အိပ်မောကျနေသည့်အလား အသက်ဓာတ်အားအတက်အကျက သိသာထင်ရှားမှုမရှိသလောက်နီးပါးပင်။
“ထူးဆန်းတယ်”
သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲတွင် သံသယတစ်ခုပေါ်ထွက်လာ၏။
မဟာထျဲဝေတောင်သည် သုခဘုံသန့်စင်ကုန်းမြေ၏ နယ်စပ်ဖြစ်ပြီး ထျဲဝေတောင်နှင့် အနီးဆုံးနေရာလည်းဖြစ်၏။ ဤနေရာက တစ်မူထူးခြားသော တည်နေရာတစ်ခုဖြစ်လေသည်။
ဤနေရာမှာ ဤကဲ့သို့သောကျောင်းတော်တစ်ခုကို တည်ထောင်ထားသော်လည်း အဲ့ဒါက ထိန်းသိမ်းစောင့်ရှောက်ပေးမည့် မည်သည့်ပကတိအင်မော်တယ်ပညာရှင်မှမရှိဘဲ မဟူရာအဆင့် အဖွဲ့အစည်းတစ်ခုသာဖြစ်နေသည့်အချက်သည် အစကတည်းက ထူးဆန်းနေ၏။
“ဒကာ.... ဗုဒ္ဓကျောင်းတော်တွေရဲ့ သန့်စင်ကုန်းမြေက ရှေ့မှာရှိတယ်... ကျေးဇူးပြုပြီး လာရာလမ်းအတိုင်းပြန်လှည့်သွားပါ”
အဆူရာကျောင်းတော်၏ ဆရာတော်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒကာ... သင်က သင့်လက်ထဲက သားသတ်ဓားကို လွှတ်ချလိုတယ်ဆိုရင် အဆူရာကျောင်းတော်က သင့်ကို လမ်းညွှန်ပြသပေးမယ်... သင်က ဗုဒ္ဓဝါဒအဖြစ်ကူးပြောင်းနိုင်မယ်... သင့်ရဲ့ညစ်ညမ်းမှုတွေကို ဖယ်ရှားရှင်းလင်းပြီး လောကီရေးရာအပေါ် သင့်ရဲ့ ချည်နှောင်မှုတွေကိုလည်း ဖြတ်တောက်နိုင်မယ်”
အဆူရာကျောင်းတော်၏ ဆရာတော်က သူ၏ ခေါင်းကို ငုံ့ထား၏။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ မေတ္တာတရားအလင်းတစ်ခုရှိနေပြီး သူ၏ အသံမှာကျယ်လောင်သော ဂမ္ဘီရစွမ်းပကားတစ်ခုပါဝင်နေ၏။
အဲ့ဒါက ဗောဓိသတ်တစ်ပါး၏ နှိမ့်ချထားသောအကြည့်ဖြစ်၏။
အဲ့ဒါသည် ဗုဒ္ဓကျောင်းတော်များ၏ အန္တိမလျှို့ဝှက်အတတ်တစ်ခုလည်းဖြစ်၏။
ဗြဟ္မာ၏ စိန်ဒေါမာန်အကြည့်သည် ဗောဓိသတ်တစ်ပါး၏ နှိမ့်ချထားသောအကြည့်ကို မယှဥ်နိုင်ဟု ဗုဒ္ဓကျောင်းတော်များမှာ ဆိုရိုးစကားတစ်ခုရှိလေသည်။
အရင်တုန်းက ဗုဒ္ဓသည် စကားတစ်ခွန်းဖြင့် အနှိုင်းမဲ့မိစ္ဆာများစွာကို ကယ်ချွတ်ပေးနိုင်ခဲ့၏။ ဤလျှို့ဝှက်အတတ်က ဘယ်လောက်တောင်တုန်လှုပ်စရာကောင်းသလဲ သိသာလေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှလုံးသားက လှုပ်ရှားယိမ်းယိုင်မှုမရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် ကျောက်စိမ်းကဲ့သို့ တလက်လက်တောက်ပနေသည့် သူ၏ ဖြူဖွေးသောလက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မေးလိုက်၏။
“ကျုပ်လက်ထဲမှာ ဘာဓားမှမရှိဘူး... ကျုပ်က သားသတ်ဓားကို ဘယ်လိုလွှတ်ချရမှာလဲ”
သိုင်းတာအိုပင်မခန္ဓာသည် မည်သူ့ကိုမှသတ်ဖြတ်ခြင်းမရှိဘဲ အဆူရာကျောင်းတော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ၏ လက်များက မည်သည့်သွေးနှင့်မှ စွန်းထင်းနေခြင်းမရှိပေ။
“သင်ပြောတာမှားတယ်”
အဆူရာကျောင်းတော်၏ ဆရာတော်က တည်ငြိမ်သောအမူအရာဖြင့် ညင်သာစွာပြုံးပြလိုက်၏။
“သားသတ်ဓားဆိုတာက လူတစ်ယောက်ရဲ့လက်ထဲက ဓားသွားကိုပြောတာ မဟုတ်ဘူး... အဲ့ဒါက မလိုတမာစိတ်... မကောင်းတဲ့စကားလုံးတွေနဲ့ အပြုအမူတွေကို ရည်ညွှန်းပြောဆိုတာပဲ”
“အဲ့ဒီမှာ လှည့်ဖျားမှုတွေ... တွေဝေရှုပ်ထွေးမှုတွေ... မိုက်မဲမှုတွေ.. တွယ်တာမှုတွေနဲ့ စွဲလမ်းမှုတွေက အမျိုးမျိုးရှိနေတယ်... အဲ့ဒါတွေက သင့်ရဲ့နှလုံးသားထဲက ဓားသွားတွေပဲ ဒကာ”
“သင့်ရဲ့သားသတ်ဓားကိုလွှတ်ချပြီး ဗုဒ္ဓဝါဒအဖြစ် ကူးပြောင်းဖို့ ကျုပ်ပြောတယ်ဆိုတာ သင့်ရဲ့ လှည့်ဖျားမှုတွေ.. စွဲလမ်းမှုတွေနဲ့ တွယ်တာမှုတွေကနေပြီးတော့ ရုန်းထွက်နိုင်အောင်လို့ပဲ... အဲ့ဒါဆိုရင် သင်က ချက်ချင်းပဲ ဗုဒ္ဓတစ်ပါးဖြစ်လာနိုင်တယ်”
“ဆရာတော်... ခင်ဗျားရဲ့ နှောင်ဖွဲ့တွယ်တာမှုတွေကိုရော လွှတ်ချပြီးပြီလား”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်၏။
အဆူရာကျောင်းတော်ဆရာတော်၏ ပြန်ဖြေစကားကို စောင့်ဆိုင်းနေခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာက ဆက်မေးလိုက်၏။
“သင့်ရဲ့ နှောင်ဖွဲ့တွယ်တာမှုတွေကို လွှတ်ချထားခဲ့ပြီဆိုရင် ခင်ဗျားက ဗုဒ္ဓဝါဒနဲ့ မိစ္ဆာဝါဒအကြောင်းကို ဘာလို့ခွဲခြားပြီး ထပ်တလဲလဲပြောနေတာလဲ... ခင်ဗျားက သုခဘုံသန့်စင်ကုန်းမြေကို ကျုပ်မဝင်ရောက်နိုင်အောင် ဘာလို့တားနေရတာလဲ”
အဆူရာကျောင်းတော်၏ ဆရာတော်သည် သူ၏ ခေါင်းကိုငုံ့ထားဆဲ ဖြစ်၏။ သို့သော်လည်း သူ၏ မျက်လုံးထက်ရှိ အဖြူရောင်မျက်ခုံးများက အနည်းငယ်လှုပ်သွား၏။ သူက စိတ်ခံစားချက်များ ဖြစ်ပေါ်လာလေသည်။
နှစ်ဖက်စလုံးက တိုက်ခိုက်ကြခြင်းမရှိသော်လည်း အဲ့ဒါသည် စကားလုံးများဖြင့် ထိတွေ့ရိုက်ခတ်သော ပုံစံတစ်ခုဖြစ်၏။
အဲ့ဒါကို ဗုဒ္ဓကျောင်းတော်များ၏ ဉာဏ်ပညာတာအိုဆွေးနွေးခြင်းဟုဆိုလေသည်။
အဆူရာကျောင်းတော်ဆရာတော်သည် သိုင်းတာအိုပင်မခန္ဓာက ဤမျှထိမြန်မြန်ဆန်ဆန် တုံ့ပြန်၍ ပြောဆိုလာနိုင်သည်ကို တွေ့ရသောအခါ တစ်ဘက်လူ၏ ဗုဒ္ဓဝါဒအပေါ်နားလည်သဘောပေါက်မှုက သူ့ထက်မနိမ့်ကျကြောင်း သိရှိလိုက်ပြီဖြစ်၏။
“ကျုပ်က ဒီကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ မဟုတ်ဘူး... ကျုပ်က လူတစ်ယောက်ကို ကယ်ဖို့အတွက် ဒီကိုရောက်လာခဲ့တာပဲ”
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“အသက်တစ်သက်ကိုကယ်တင်တာက စေတီတစ်ဆူတည်တာထက် ပိုကောင်းတယ်လို့ ဆိုရိုးစကားတစ်ခု ဗုဒ္ဓသုတ္တန်တွေထဲမှာ ရှိတယ်မလား”
“ခင်ဗျားက ခင်ဗျားရဲ့နှောင်ဖွဲ့တွယ်တာမှုတွေကြောင့် ကျုပ်ကိုသုခဘုံသန့်စင်ကုန်းမြေဆီ အဝင်မခံဘူးဆိုရင် ခင်ဗျားနှလုံးသားထဲက ဓားသွားက မမြင်ရတဲ့အစစ်အမှန်သတ်ဖြတ်သူပဲ”
“ခင်ဗျားက ကျုပ်ကို မရမက တားဆီးနေဦးမယ်ဆိုရင်... ဆရာတော် ခင်ဗျားရဲ့ စွဲလမ်းမှုဥပါဒါန်က ကျုပ်ထက်မနိမ့်ကျဘူး”
အဆူရာကျောင်းတော်၏ ဆရာတော်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဣန္ဒြေဆယ်ကာ သူ၏ စိတ်ကို တည်ငြိမ်စေဖို့အတွက် သုတ္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ ထက်ရှမှုနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ တာအိုနှလုံးသားက ယိမ်းယိုင်လာခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“နောက်ပြီး ကျုပ်ဒွိဟဖြစ်နေတာတစ်ခုရှိတယ်... လူပေါင်းမရေမတွက်နိုင်အောင်သတ်ဖြတ်ခဲ့တဲ့ အန္တိမမိစ္ဆာတစ်ဦးက သူ့ရဲ့သားသတ်ဓားကို လွှတ်ချလိုက်တဲ့အချိန်မှာပဲ... ဗုဒ္ဓတစ်ပါးဖြစ်လာနိုင်မှာလား... အဲ့ဒါဆိုရင် သူ့လက်ထဲမှာသေဆုံးခဲ့ရတဲ့ အပြစ်မဲ့ဝိညာဥ်တွေကို ဘယ်လိုလုပ်ပေးမှာလဲ”
“ကောင်းမွန်တဲ့ဆောင်ရွက်ချက်တွေကို မြောက်မြားစွာပြုလုပ်ခဲ့တဲ့ လူတချို့ရှိတယ်... ဒါပေမဲ့ သူတို့က အမှားတစ်ခုကို ကျူးလွန်လိုက်တာနဲ့... လူထောင်ပေါင်းများစွာရဲ့ အပြစ်တင်ဝေဖန်ခြင်းကို ခံရတော့မှာလား... အဲ့ဒါက ဘယ်လိုသဘောတရားလဲ”
“ခင်ဗျားတို့တွေက ဘာလို့မိစ္ဆာတွေပေါ်မှာ အဲ့လောက်ထိမေတ္တာထားပြီး လောကက တခြားသက်ရှိတွေအားလုံးပေါ်မှာ အဲ့လောက်ထိကြမ်းတမ်းနေရတာလဲ”
ထိုစကားလုံးများသည် အဆူရာကျောင်းတော်ဆရာတော်၏ တာအိုနှလုံးသားကို ထိုးဖောက်လာသည့် ထက်ရှသော ဓားသွားများကဲ့သို့ဖြစ်၏။
သူ၏ စွပ်စွဲပြောဆိုမှုသည် ဗုဒ္ဓဝါဒကိုယ်တော်များစွာ၏ အခြေခံအုတ်မြစ်ယုံကြည်မှုများကို လှုပ်ခတ်သွားစေ၏။
အဆူရာကျောင်းတော်ဆရာတော်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးကာ လေထဲကနေပြုတ်ကျလုနီးပါးဖြစ်သွား၏။
သူက သူ့မျက်လုံးထဲရှိ အကြောက်တရားနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ ငွေရောင်မျက်နှာဖုံးက တစ်ချိန်လုံး အေးစက်နေပြီး မည်သည့်စိတ်ခံစားချက်ကိုမှ ထုတ်ဖော်မလာခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အဆူရာကျောင်းတော်ဆရာတော်သည် ငွေရောင်မျက်နှာဖုံးပေါ်မှာ ဓမ္မဝိသေသတစ်ခု၏ ခံ့ညားထည်ဝါသောမျက်နှာတစ်ခုကို တွေ့မြင်လာပုံရလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းတစ်ခုပေါ်ထွက်လာပြီး ဗုဒ္ဓအလင်းရောင်က အဲ့ဒါကိုလွှမ်းခြုံလာသည်ဟုထင်ရ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများမှာ သိပ်သည်းပြင်းထန်သော မိစ္ဆာစွမ်းအား ပါဝင်နေသည့်အလား အသူတရာချောက်နက်တစ်ခုကဲ့သို့ နက်ရှိုင်းနေ၏။
“မိစ္ဆာမဟာနယ်မြေက ဗုဒ္ဓတစ်ပါး”
အဆူရာကျောင်းတော်ဆရာတော်၏ အသံက အနည်းငယ်တုန်ယင်သွား၏။
“တူညီတဲ့ခန္ဓာကိုယ်ထဲမှာ ဗုဒ္ဓနဲ့ မိစ္ဆာ တစ်ဦးတည်းအဖြစ် အတူယှဥ်တွဲ....”
အဆူရာကျောင်းတော်၏ မှတ်တမ်းများထဲမှာ ဗုဒ္ဓဝါဒအပေါ် ဤကဲ့သို့ နားလည်သဘောပေါက်ထားသည့် မိစ္ဆာမဟာနယ်မြေမှ နောက်ဆုံးလူက ဒဏ္ဍာရီလာဧကရာဇ်ပိုရွှင်းဖြစ်လေသည်။
“သူပြန်လာပြီ... သူပြန်ရောက်လာပြီ”
အဆူရာကျောင်းတော်၏ ဆရာတော်က ရူးသွပ်သွားသည့်အလား အော်ဟစ်ပြောဆိုလိုက်၏။
“ပိုရွှင်းပြန်လာပြီ”