← Chapters

အပြတ်အသတ်ရှုံးနိမ့်ခြင်း

Vol. 153 Ch. 2295

အပြတ်အသတ်ရှုံးနိမ့်ခြင်း

Vol. 153 Ch. 2295

“ဆရာတော်”

ကိုယ်တော်များက အော်ခေါ်လိုက်၏။

အဆူရာကျောင်းတော်၏ ဆရာတော်က ငေးငိုင်နေပြီး သူက စိတ်ဖောက်ပြန်နေသည့်အခြေအနေသို့ ကျဆင်းသွားခဲ့လေပြီ။

သူ၏ မျက်လုံးထဲရှိ အကြင်နာမေတ္တာဓာတ်က ပျောက်ကွယ်သွားပြီး အဆုံးမဲ့ ကြောက်လန့်မှုကသာ ကျန်ရစ်ခဲ့လေသည်။

အဆူရာကျောင်းတော်၏ ဆရာတော်ပြောသည့် ‘ပိုရွှင်း’ ဟူသောအမည်ကို ကိုယ်တော်များအားလုံးက ကြားဖူးထားလေသည်။

သို့သော်လည်း ဧကရာဇ်ပိုရွှင်းသည် အဝီစိမှာသေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်၏။

သူက ဘယ်လိုလုပ် ပြန်ပြီးရှင်သန်လာနိုင်မှာလဲ။

ဒါ့အပြင် သူတို့ရှေ့မှ ခရမ်းရောင်ဝတ်အမျိုးသားသည် ငွေရောင်မျက်နှာဖုံးတစ်ခုကိုတပ်ဆင်၍ လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်သော်လည်း ဧကရာဇ်ပိုရွှင်းကဲ့သို့ ပညာရှင်တစ်ဦးကိုမီဖို့ ဝေးကွာလွန်းလေသည်။

အဆူရာကျောင်းတော်မှ လူတိုင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို မပြောနိုင်သော်လည်း ကောင်းကင်ဘုံဝံပုလွေက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်ပြီး ခြိမ်းခြောက်မှုမရှိသည်ကို သူတို့က အာရုံခံမိနိုင်၏။

အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိသော အစီးအနင်းတောကောင်တစ်ကောင်နှင့်အတူ ခရမ်းရောင်ဝတ်အမျိုးသား၏ ကျင့်ကြံမှုနယ်ပယ်က သေချာပေါက် သိပ်ပြီးမြင့်မားမှာမဟုတ်ဘူးဆိုတာကို သူတို့က ကောက်ချက်ချနိုင်၏။

အနည်းဆုံးတော့ ထိုသူသည် ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ကျော်လွန်ဦးမည် မဟုတ်ပေ။

“မိစ္ဆာ... သင်ဘယ်လိုတောင်လုပ်ရဲတာလဲ... သင်က သင့်ရဲ့မိစ္ဆာစကားလုံးတွေနဲ့ ဗုဒ္ဓကျောင်းတော်ရဲ့ သန့်စင်ကုန်းမြေမှာ လူအများကို တွေဝေရှုပ်ထွေးအောင် ဘယ်လိုတောင်လုပ်ရဲတာလဲ”

နောက်ထပ် အဆင့်-၉ ကောင်းကင်အင်မော်တယ် ကိုယ်တော်တစ်ပါးက မဆိုင်းမတွဆုံးဖြတ်ချက်တစ်ခုချပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဆူရာကျောင်းတော်က ကိုယ်တော်တို့... နားထောင်ကြ ဒီမိစ္ဆာကို ဖိနှိမ်ဖို့ အတူပူးပေါင်းကြမယ်”

ကိုယ်တော်များက သဘောတူပြီး ရာနှင့်ချီသော ကောင်းကင်အင်မော်တယ် ကိုယ်တော်များက သူတို့၏ ကောင်းကင်အဆင့်ဓမ္မရတနာများကို ဆင့်ခေါ်လိုက်ကြ၏။

နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။

“လေနှင့်မိုး”

“ပဲစေ့စစ်သားများ”

“ခေါင်းသုံးလုံး လက်ခြောက်ဖက်”

“ဗုဒ္ဓနဂါးဆင်”

“....”

အန္တိမနတ်ဘုရားစွမ်းအားများသည် တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး စွမ်းအင်အတက်အကျများက အဘက်ဘက်ကို တိုက်ခတ်ကာ လောကကိုပြောင်းလဲ၍ ဖုန်များတထောင်းထောင်းထသွားစေ၏။

တရားစာရွတ်ဖတ်သံများက အဆက်မပြတ်ထွက်ပေါ်လာပြီး သူတို့က လောကရှိ ဆိုးယုတ်ညစ်ညမ်းမှုများအားလုံးကို ဖယ်ရှားရှင်းလင်းပစ်ချင်နေသည့်အလားပင်။

ကောင်းကင်ဘုံဝံပုလွေသည် မိစ္ဆာနည်းစနစ်များမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ဗုဒ္ဓကျောင်းတော်များ၏ ဤကဲ့သို့သော နတ်ဘုရားစွမ်းအားများ၊ ဂါထာမန္တန်များနှင့် ရင်ဆိုင်ရချိန်မှာ အတွေ့အကြုံရှိလေသည်။

သို့သော်လည်း သူသည် သူ၏ ယခင်ဘဝမှာ စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့သော်လည်း သူ၏ လက်ရှိကျင့်ကြံမှုက အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိ၏။

ဗုဒ္ဓကျောင်းတော်များ၏ အန္တိမနတ်ဘုရားစွမ်းအားများကနေ ထုတ်လွှတ်လိုက်သော နတ်ဘုရားစွမ်းအားများက သူ့ကို အလွန်တရာ သက်တောင့်သက်သာမရှိ ခံစားရစေ၏။

ကောင်းကင်ဘုံဝံပုလွေက မသက်မသာပုံစံဖြင့် ထပ်တလဲလဲမာန်ဖီအော်ဟစ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက နက်ရှိုင်းနေပြီး သူ၏ အေးစက်နေသော ငွေရောင်မျက်နှာဖုံးပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူက လေထဲမှာမလှုပ်မယှက်ရပ်ပြီး သူ၏ နောက်ဘက်တွင် ခရမ်းရောင်ရောင်လျှံစက်ဝန်း ၉ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ရောင်လျှံစက်ဝန်းတစ်ခုချင်းစီသည် သိုင်းတာအို၏ စိတ်စွမ်းအားကနေ စုဖွဲ့ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းစာလုံးများစွာဖြင့် ရောထွေးနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲရှိစွမ်းအားက အဆက်မပြတ်မြင့်တက်လာပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။

လောကက ရပ်တန့်သွားသည်ဟုထင်ရ၏။

ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများအားလုံးက လေထဲမှာမလှုပ်မယှက်ရပ်တန့်သွားလေသည်။

ခဏမျှရပ်တန့်ပြီးနောက် ကံကြမ္မာစက်ကွင်း ၉က ဖူးပွင့်သွားပြီး မရေမတွက်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများက ထွက်ပေါ်လာ၏။ ခရမ်းရောင်ချီက ဖြန့်ကြက်၍ အရာရာတိုင်းကို တိုက်ခတ်သွားလေသည်။

အဲ့ဒါက မည်သည့်အဆင့်မှာရှိသည်ဖြစ်စေ... ဓမ္မရတနာများစွာက သိုင်းတာအိုပင်မခန္ဓာ၏ ကံကြမ္မာစက်ကွင်း ၉ ခုဖြင့် တွန်းဖယ်ထုတ်ခြင်းခံလိုက်ရ၏။

ဗုဒ္ဓကျောင်းတော်များ၏ အန္တိမနတ်ဘုရားစွမ်းအားများစွာသည် ကံကြမ္မာစက်ကွင်း ၉ခုကနေ ထုတ်ဖော်လိုက်သည့်စွမ်းအားဖြင့် ဖိနှိမ်ခံရပြီး နေရာမှာပင် ပျက်ပြယ်ကာ ကောင်းကင်နှင့်မြေကြီးအမြုတေချီများအဖြစ် ပြောင်းလဲသွား၏။

အဆူရာကျောင်းတော်မှ ကိုယ်တော်များက တုန်လှုပ်သွား၏။

ဤမျှများပြားသော ကောင်းကင်အင်မော်တယ်ပညာရှင်များက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်သော်လည်း သူတို့သည် သူတို့ရှေ့မှ ခရမ်းရောင်ဝတ်ကျင့်ကြံသူ၏ လှုပ်ရှားကွက်တစ်ကွက်ဖြင့် ရှုံးနိမ့်သွားကြလေသည်။

တကယ်ဆို... အဆူရာကျောင်းတော်မှ ကိုယ်တော်များသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများဖြင့် ဝန်းရံထားသည့် ခရမ်းရောင်ရောင်လျှံစက်ဝန်းကိုးခုက ဘာဖြစ်သည်ဆိုတာကိုပင် မသိရှိပေ။

“သူက ပကတိမိစ္ဆာတစ်ဦးများဖြစ်နေမလား”

အဆင့်-၉ ကောင်းကင်အင်မော်တယ်များက ရင်တထိတ်ထိတ်ဖြစ်သွားကြ၏။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟကာ ဟိန်းဟောက်လိုက်၏။

အသင်္ချေသက်ရှိများအသံ...။

အဲ့ဒီမှာ နဂါးဟိန်းသံ၊ ဖီးနစ်အော်သံ၊ ကြိုးကြာအော်သံ၊ မြင်းဟီသံ၊ ဝံပုလွေအူသံ၊ မျောက်ဝံဟစ်ကြွေးသံနှင့် ကျားဟိန်းသံ… စသည်တို့က ရောထွေးပါဝင်နေသည်ဟုထင်ရ၏။

လောကမှာရှိသော သက်ရှိများအားလုံး၏ အော်ဟစ်သံများက ရောထွေးစုဝေးသွားပြီး ကောင်းကင်ထက်မှာ ပဲ့တင်ထပ်၍ လောကကိုလှုပ်ခါစေသော ဟိန်းဟောက်သံတစ်သံကို ဖြစ်ပေါ်လာစေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ဤအသံပိုင်းလျှို့ဝှက်အတတ်ကို ဖန်တီးခဲ့ပြီးနောက် သူကအဲ့ဒါကို တစ်ကြိမ်သာအသုံးပြုခဲ့ဖူး၏။

ဤအသံပိုင်းလျှို့ဝှက်အတတ်က အလွန်တရာစွမ်းအားကြီးမားပြီး မရေမတွက်နိုင်သော အသံပိုင်းလျှို့ဝှက်အတတ်များကို ပေါင်းစည်းပြီးမှ သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကို စုဖွဲ့ထားခဲ့လေသည်။

တကယ်ဆို... အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ့ခွန်အား၏ ၆၀ ရာခိုင်နှုန်းကိုသာ ထုတ်ဖော်အသုံးပြုခဲ့၏။

ထိုသို့ဆိုလျှင်တောင် အဲ့ဒါသည် သူ့ရှေ့မှာရှိသော အဆူရာကျောင်းတော်မှ ကိုယ်တော်များအတွက် ဖွတ်ဖွတ်ညက်ညက် ကြေစေသော ရိုက်ချက်တစ်ခုဖြစ်လေသည်။

တရားစာရွတ်ဆိုသံများနှင့် နဂါးနှင့်ဆင်တို့၏ ဟိန်းဟောက်သံများက ချက်ချင်းပင် ပျက်ပြယ်သွား၏။

ဖောက်... ဖောက်... ဖောက်...

အဆင့်နိမ့်ကောင်းကင်အင်မော်တယ်အချို့သည် အဲ့ဒါကို လုံးဝခံနိုင်ရည်မရှိဘဲ သွေးများကိုထွေးထုတ်ကာ လေထဲကနေ အထိန်းအကွပ်မဲ့စွာ ပြုတ်ကျလာခဲ့၏။

အဆူရာကျောင်းတော်၏ အဆင့်-၉ ကောင်းကင်အင်မော်တယ်တချို့သည် အဲ့ဒါကို ခုခံနိုင်ခဲ့သော်လည်း သူတို့၏ နားများက စပ်ဖျင်း၍ သူတို့၏ စိတ်ထဲမှာ တစီစီအော်မြည်နေ၏။ သူတို့၏ စိတ်များက ဗလာကျင်း၍ လောလောဆယ်မှာ အသိစိတ်ကို ဆုံးရှုံးနေရ၏။

ကိုယ်တော်များက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် ရှေ့တည့်တည့်မှာရှိသော အဆူရာကျောင်းတော်၏ မြေအောက်အနက်ပိုင်းထဲမှာ အသင်္ချေသက်ရှိများအသံကြောင့် တစ်စုံတစ်ရာက နိုးထလာပုံရပြီး မနှိုင်းယှဥ်သာအောင် လွှမ်းမိုးနိုင်စွမ်းရှိသော အသက်ဓာတ်အားတစ်ခုကိုထုတ်ဖော်ထား၏။

ဝုန်း...

အဆူရာကျောင်းတော်၏ မြေပြင်ကလည်း တုန်ခါသွားလေသည်။

အဆူရာကျောင်းတော်၏ အနက်ပိုင်းထဲမှာ အဆူရာကျောင်းတော်မှ ကွယ်လွန်သွားသောကိုယ်တော်တချို့ကို မြှုပ်နှံထားသည့် မထင်မရှားဂူသင်္ချိုင်းတစ်ခုရှိလေသည်။

ဂူသင်္ချိုင်း၏ ဘေးမှာ လေပြင်းတစ်ချက်တိုက်ရုံဖြင့် လဲပြိုကျတော့မည့်အလား ခနော်နီခနော်နဲ့ပုံစံဖြင့် အလွန်တရာရိုးရှင်းသော ကောက်ရိုးတဲတစ်တဲရှိနေ၏။

ကောက်ရိုးတဲသည် ခပ်နိမ့်နိမ့်ဖြစ်ပြီး ယိုယွင်းပျက်စီးနေကာ ၎င်း၏ ဘေးမှာရှိသော အုတ်ဂူများနှင့် များစွာကွာခြားမှုမရှိပေ။

အဲ့ဒီမှာ မည်သည့်တံခါးမှ မရှိဘဲ အထဲမှာ ဗလာကျင်း၍ မှောင်မည်းနေ၏။

ထိုစဥ်မှာပင် ကောက်ရိုးတဲထဲကနေ အသက်ကြီးကြီးဘုန်းကြီးတစ်ပါးက ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာခဲ့၏။ သူက နက်မှောင်နေသောသင်္ဃန်းကို ဝတ်ဆင်ထားပြီး မည်သည့်မုတ်ဆိတ်မှ မရှိပေ။

သို့သော်လည်း သူ၏ အဖြူရောင်မျက်ခုံးမွေးများက အရမ်းကိုရှည်လျားပြီး သူ၏ ပခုံးနှင့် ထိလုမတတ် ညွှတ်ကျနေ၏။

ဘုန်းကြီးအိုသည် ပိန်လှီ၍ အနည်းငယ်ကုပ်ကိုင်းကိုင်းဖြစ်နေ၏။ သူ၏ မျက်နှာက ပါးရေနားရေများတွန့်နေပြီး သူ၏ မျက်လုံးများက မှုန်ရီနေ၏။

သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အသင်္ချေသက်ရှိများအသံရှိရာဘက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

အုတ်ဂူတစ်လုံးရှေ့သို့ ရောက်ရှိလာပြီးနောက် ဘုန်းကြီးအိုက သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ကာ အုတ်ဂူတစ်လုံး၏ ဘေးပတ်လည်မှာရှိသော ပေါင်းပင်များကို ဖယ်ရှားရှင်းလင်းလိုက်၏။

အုတ်ဂူပေါ်မှာ အုတ်ဂူကမ္ပည်းကျောက်စာတိုင်တစ်ခုရှိနေ၏။

ထူးဆန်းသောအရာမှာ ကမ္ပည်းကျောက်စာတိုင်သည် မည်သည့်စကားလုံးမှမရှိဘဲ ဗလာကျင်းနေ၏။

ရုတ်တရက် ဘုန်းကြီးအိုက ထူးဆန်းသော တစ်စုံတစ်ရာကို ပြုလုပ်လိုက်၏။ သူ၏ ပိန်လှီနေသောလက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ကမ္ပည်းကျောက်စာတိုင်၏ ထောင့်စွန်းကိုဆုပ်ကိုင်ကာ အပေါ်သို့ဖြည်းဖြည်းချင်းခိုတက်လိုက်၏။

ထို့နောက် ဘုန်းကြီးအိုက အတတ်နိုင်ဆုံးကြိုးစား၍ ကျွမ်းတစ်ပတ်ပစ်ကာ ကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ထိုင်လိုက်လေသည်။

သူက အဆူရာကျောင်းတော်ကို ကျောပေးပြီး သုခဘုံသန့်စင်ကုန်းမြေရှိရာဘက်သို့ ငေးငိုင်စွာဖြင့် ကြည့်နေ၏။

အဆူရာကျောင်းတော်မှာ...။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုချင်းမရှိဘဲ ကံကြမ္မာစက်ကွင်း ၉ ခုနှင့် အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်ခဲ့ရုံသာဖြစ်၏။

သို့သော်လည်း အဆူရာကျောင်းတော်မှ ကိုယ်တော်များသည် ညည်းတွားအော်ဟစ်နေရပြီး အဲ့ဒါကို မခုခံနိုင်ကြပေ။

“မိစ္ဆာ... သင်က သုခဘုံသန့်စင်ကုန်းမြေကို ဝင်ရောက်မယ်ဆိုရင် ဗုဒ္ဓကျောင်းတော်ရဲ့ သူတော်စင်တွေက ရောက်လာပြီးတော့ သင့်ကိုတားဆီးလိမ့်မယ်... သင်က သိပ်ပြီးဝေးဝေးရောက်နိုင်မှာ မဟုတ်ဘူး”

အဆင့်-၉ ကောင်းကင်အင်မော်တယ် ကိုယ်တော်တစ်ပါးက အော်ဟစ်ပြောဆိုလိုက်၏။

သူတော်စင်များသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ပကတိအင်မော်တယ်များ၊ မိစ္ဆာမဟာနယ်မြေမှ ပကတိမိစ္တာများနှင့် ယှဥ်နိုင်လေသည်။ သူတို့၏ ဘွဲ့များက ကွဲပြားသော်လည်း သူတို့အားလုံးက ပကတိဧကနယ်ပယ်မှာရှိသော ကျင့်ကြံသူများဖြစ်လေသည်။

“အဲ့လိုလား”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။

“သူတို့ရောက်လာမယ်ဆိုရင်... ငါ့ကို အဝီစိမှာလာရှာဖို့ ပြောလိုက်”

အဝီစိ...။

ထိုစကားသံကို ကြားရသောအခါ အဆူရာကျောင်းတော်မှ ကိုယ်တော်များက တုန်လှုပ်ချောက်ချားသွား၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ တကယ်ပဲသွားရောက်လိမ့်မည်ဟု သူတို့က မထင်ပေ။

မည်သို့ပင်ဆိုစေ... အဲ့ဒါသည် မဟာဧကရာဇ်များပင်လျှင် လက်ရှောင်ရသော တားမြစ်ကုန်းမြေတစ်ခုဖြစ်၏။

သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သောပညာရှင်များက ထိုနေရာမှာမြှုပ်နှံခံခဲ့ရ၏။

“မိစ္ဆာ... အဆူရာကျောင်းတော်ကို ဝင်ရောက်ပြီး သုခဘုံသန့်စင်ကုန်းမြေကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ သင့်ရဲ့ရည်ရွယ်ချက်က ဘာလဲ”

အဆူရာကျောင်းတော်မှ ကိုယ်တော်တစ်ပါးက ကျယ်လောင်စွာမွေးခွန်းထုတ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက အဆူရာကျောင်းတော်မှ ကိုယ်တော်များ၏ ဘေးကနေဖြတ်သွားပြီး ရုတ်တရက် ရပ်တန့်လိုက်၏။ သူက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်လေသည်။

“ခင်ဗျားတို့ရဲ့ ကျောင်းတော်မှာ အသောကသစ်သီးရှိမယ်ဆိုရင် ကျုပ်က သုခဘုံသန့်စင်ကုန်းမြေကို ခြေတစ်လှမ်းမချဘဲ ထွက်သွားပေးနိုင်တယ်”

“အသောကသစ်သီးလား”

ကိုယ်တော်တစ်ပါးက သူ့ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး အော်ပြောလိုက်၏။

“မိစ္ဆာ... သင်က ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်ပစ္စည်း အသောကသစ်သီးကို လိုချင်လို့ ဒီကိုရောက်လာတာလား”

“ငါတို့ သူ့ကို သေချာပေါက် ဖြတ်သွားခွင့်ပေးလို့မရဘူး”

“အဲ့ဒါကို မြန်မြန်နှိုးလိုက်... ဒီမိစ္ဆာကို သတ်ဖို့အတွက် အဲ့ဒါကို ထုတ်ဖော်ရမယ်”

All Chapters