အခန်း (၂၁-၂၅)
Vol. 2 Ch. 21-25
စာစဉ် - ၂
အခန်း ၂၁ မဟုတ်ဘူး, သူက အရူးပဲ
ဖုန်းထျန်းယွမ် တစ်ကြိမ်တစ်ခါမှမမြင်တွေ့ခဲ့ဖူးသည့် ပုဂ္ဂိုလ်တစ်ယောက်က လက်နှစ်ဖက်နောက်ပစ်လို့ သူ့နောက်ဖက်နေ ထွက်လာခဲ့လေသည်။
သူ့ရဲ့ခြေလှမ်းတစ်ချက်ချင်းစီတိုင်းကပင် လေထုကို သေးငယ်သည့်လှိုင်းလေးများ ထသွားစေသည်။ ထိုပုံရိပ်သည် သူ့ရဲ့မြင့်မားလှသည့်ကျင့်ကြံမှုကို လုံးဝကွယ်ဝှက်ထားခြင်းမရှိဘဲ လေထုကိုတောင် ထိတ်လန့်လို့သွားအောင် အော်ရာများထုတ်လွှတ်လို့နေသည်။
သူလျှောက်လာသည်နှင့် ရှေးဟောင်းလူဝံမျိုးနွယ်မှ အကြီးအကဲများသည်လဲ ထိုပြင်းထန်လှသည့်ဖိအားကြီးကို တွန်းလှန်ကာ ပြန်လည်တိုက်ခိုက်ဖို့ရန် အဆင့်သင့်ပြင်လိုက်ကြသည်။ သို့သော်လည်း သူ့တို့ခန္ဓာကိုယ်ရှိကြွက်သားတွေ တုန်ရီနေသည်ကိုတော့ မထိန်းထားနိုင်ကြပေ။ အားလုံး အောက်ကိုခါးကိုင်းလိုက်ကြကာ ကျောရိုးကိုပြန်မတ်နိုင်စွမ်းပင် မရှိကြပေ။
ထိုအခိုက်အတန့်သည် ဖုန်းထျန်းယွမ်အတွက်တော့ ထိုပြင်းထန်လှသည့်မယုံနိုင်စရာဖိအားသည် သူ့စိတ်ဝိညာဉ်အပေါ် နည်းနည်းလေးတောင် မသက်ရောက်ပေ!
ဒီပုဂ္ဂိုလ်ကို ငါတစ်ခါမှမမြင်ဖူးတာ သေချာပါတယ်!
သူ့အတွက်တော့ လုရှောင်ယန်သည် ရုတ်တရက် ကောင်းကင်ဘုံမှသက်ဆင်းလာပေးသည့် နတ်ဘုရားတစ်ပါးလိုပင်!
အံ့အားသင့်မှုများအလယ်မှာပဲ ထိုပုဂ္ဂိုလ်သည် သူ့ကိုကျော်ဖြတ်သွားကာ ရှေးဟောင်းလူဝံမျိုးနွယ်စုမှအကြီးအကဲများရှိရာသို့ ဆက်လျှောက်သွားခဲ့သည်။
အကြီးအကဲများအပေါ်သို့သက်ရောက်နေသည့် ဖိအားကတော့ ပို,ပိုလို့သာ တိုးများလို့လာသည်။ သူ့တို့အင်အားအကုန်ထုတ်သုံးထားကာ ဝိညာဉ်စွမ်းအားများကို ရူးသွပ်လုနီးနီး လှည့်ပတ်နေတာတောင်မှ လွယ်လွယ်ကူကူမတ်မတ်ပြန်မရပ်နိုင်သေးပေ။
အကြီးအကဲတစ်ဦးကတော့ အံတင်းတင်းကြိတ်ကာ ရှိသမျှအားအကုန်ထုတ်သုံးပြီး အော်ဟစ်လိုက်လေသည်။
“အဲ့ဘက်ကဆရာကြီး ဘယ်သူဆိုတာ သိလို့ရမလား?”
တစ်ဖက်လူကတော့ ပြန်ဖြေမလာခဲ့ပေ။
အကြီးအကဲထပ်အော်လိုက်ပြန်သည်။ “ဆရာကြီ၊ ကျုပ်တို့အားလုံးက ရှေးဟောင်းလူဝံမျိုးနွယ်က အကြီးအကဲတွေပါ။ ခင်ဗျားကို ပြစ်မှားဖို့မရည်ရွယ်ပါဘူး။ ငဲ့ညှာပေးပါ။”
နောက်ဆုံးမှာတော့ တစ်ဖက်လူက စကားစပြောလာခဲ့သည်။ သို့သော်လည်း ထိုစကားလုံးက အကြီးအကဲများကိုပြန်ဖြေခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင်!
“မိုးကြိုးလက်သီး!”
လက်သီးတစ်ချက်ကတင် သတ်ဖြတ်လိုသည့်အော်ရာအပြည့်ပင်။
“အင်အားကြီးလိုက်တာ!”
အကြီးအကဲများ၏မျက်နှာအမူအရာတို့ကတော့ ချက်ချင်းပင် ပြောင်းလဲသွားကြလေသည်။ သူတို့သိက္ခာတွေကိုတော့ ဂရုမစိုက်အားတော့ဘဲ ရှေးဟောင်းလူဝံမျိုးနွယ်၏လျှို့ဝှက်နည်းစနစ်ဖြစ်သော သွေးစွမ်းအားပေါက်ကွဲခြင်းကိုယ်ဖော့သိုင်းကို ထုတ်သုံးလိုက်ကြတော့သည်။
ထိုနည်းစနစ်သည် သွေးအဆီအနှစ်ကိုလောင်ကျွမ်းစေကာ အားအင်အပြည့်ဖြင့် လျင်မြန်စွာထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
ထိုသွေးစွမ်းအားပေါက်ကွဲခြင်းကိုယ်ဖော့သိုင်းအသုံးပြုလိုက်သည်နှင့် အကြီးအကဲတွေအားလုံး သူတို့မူလနေရာကနေက ချက်ချင်းပျောက်ကွဲသွားတော့သည်။ အလျင်ကတော့ ရှိန်လောက်စရာပင်။
သို့သော်!
သူတို့တွေဘယ်လောက်ပဲမြန်မြန် တစ်ဖက်လူက သူတို့ထက်တောင် ပိုမြန်နေသေးသည်။
စိတ်မကောင်းစွာဘဲ လုရှောင်ယန်၏ ကြီးမြတ်သောအာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်က ပိုမြန်နေသည်။
လုရှောင်ယန် ချက်ချင်းပင် အကြီးအကဲအားလုံးကို ကျော်တက်သွားခဲ့သည်။
“ဘာတွေဖြစ်?”
အကြီးအကဲတို့အားလုံး ခေါင်းမွေးတွေထောင်ထကုန်ကာ အသက်ရှူသံတွေ အေးခဲသွားကြလေသည်။
သူတို့ပြန်မတုန့်ပြန်နိုင်လေးခင်မှာပဲ တစ်ဖက်လူက မိုးကြိုးလက်သီးကိုသုံးကာ သူတို့ကို အမှောက်သိပ်ပြန်သည်။ လက်သီးတစ်ချက်ကတင် အရမ်းကြောက်ဖို့ကောင်းတာပဲ။ ထိုက်လက်သီးချက်နဲ့တင် သူတို့ကို ပြိုလဲကျသွားစေသည်။
ဘုန်း! ဘုန်း! ဘုန်း!
အကြီးအကဲအချို့မှာ နောက်ပြန်လွင့်ထွက်လို့သွားကာ မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းပြုတ်ကျလို့သွားပြီး သူတို့ကျသမျှနေရာတိုင်းတွင် အက်ကွဲနေသည့်မြေတွင်းကြီးများဖြစ်လို့သွားစေသည်။
ဖူး~!
လူတိုင်း တပြိုင်တည်းနီးနီး သွေးအန်မိသွားကြသည်။ သူတို့အဝတ်အစားတွေဆိုလဲ စုတ်ပြတ်သတ်နေကာ နံရိုးတွေတောင်မှ ကျိုးကြေသွားကြသည်။ အကြီးအကဲများ၏လက်ရှိပုံစံမှ လမ်းဘေးကသူတောင်းစားတွေနဲ့ပင် မယှဉ်နိုင်လောက်အောင်ကို သနားစဖွယ်ဖြစ်နေတော့သည်။
ဖုန်းထျန်းယွမ်၏သူငယ်အိမ်တို့ကျဉ်းမြောင်းလို့သွားကာ နှလုံးခုန်နှုန်းက တာဝေးပြေးထားရသလို ဒုန်းစိုင်းခုန်ပေါက်နေပြီး အသက်ရှူနှုန်းတို့ ရပ်တန့်သွားသလိုပင် ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်လေးတွင် လေထဲတွင် လွင့်မြောကာမတ်မတ်ရပ်နေသည့် ပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ သူမြင်တွေ့နိုင်ပေတော့သည်။
အင်အားကြီးလိုက်တာ!
ပြိုင်ဘက်ကင်းပဲ!
လောလောဆယ် ဖုန်းထျန်းယွမ်စိတ်ထဲ ကြည်ညိုလေးစား ချီးကျူးသည့်စကားလုံးများဖြင့်သာ ပြည့်နှက်နေတော့သည်။
သူလိုဉာဏ်ကြီးရှင်များအားလုံးသည် ဘဝင်မြင့်ကြကာ တခြားလူတစ်ယောက်ကို ဘယ်တော့မှ အသိအမှတ်ပြုလေ့မရှိကြပေ။ သို့ပေမယ့် အခုချိန်မှာတော့ ဖုန်းထျန်းယွမ်မှာ သူ့ရှေ့မှပုဂ္ဂိုလ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ပေ။
အကြီးအကဲတချို့က ပေရေနေသည့်အသွင်များဖြင့် လေးဘက်ကုန်း, ကုန်းရုန်းထနေကြသည်။ သူတို့စိတ်အခြေအနေက အဆုံးအစွန်ထိ ကျိုးပဲ့သွားပြီဖြစ်ကာ လောလောဆယ်မှာတော့ တုန်တုန်ရီရီ တောင်းပန်ဖို့ကလွဲ မတတ်နိုင်ကြတော့ပေ။
“စီနီယာကြီး၊ ကျုပ်တို့ကို လွှတ်ပေးပါ။ စီနီယာကြီး ဒီမှာရှိနေမှန်း တကယ်မသိခဲ့လို နှောင့်ယှက်မိသွားတာပါ။ စီနီယာကြီး ကျုပ်တို့ကို ခွင့်လွှတ်…”
သို့သော်လည်း သူတို့စကားဆုံးခန်းမတိုင်လေးခင်မှာပဲ နောက်ထပ် ဓားစွမ်းအင်တစ်ချက်က အကြောင်းမရှိ ကျဆင်းလာပြန်သည်။
ထိုဓားစွမ်းအင်သည် လင်းလက်နေကာ အာကာပြင်ထဲမှ ကြယ်ပွင့်များအတိုင်းပင်။ နေထက်ပင် သန်မာန်ပြင်းထန်နေပြီး လူတို့၏မျက်လုံးများ ဖွင့်နိုင်ဖို့ရန်ပင် ခက်ခဲနေကာ တိုက်ရိုက်သွားကြည့်ဖို့ကတော့ အဝေးကြီးပင်။
ဘုန်း!
ထိုဓားစွမ်းအင်အလင်းတန်းသည် ကျန်ရှိသည့်အကြီးအကဲအနည်းငယ်ဆီသို့ တိုက်ရိုက်ဦးတည်သွားကာ ရပ်တန့်၍မရနိုင်သည့်အရှိန်အဟုန်မျိုးဖြင့် ရိုက်ချလိုက်လေသည်။
လေထုက ပေါက်ကွဲသွားသလို ဓားအော်ရာများလဲ ချက်ချင်းပြန့်ကျဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပဲ ထိုအကြီးအကဲအနည်းစုသည် ပြိုင်ဘက်ကင်းဓားအော်ရာများ၏ ရိုက်ချက်ကြောင့် ချက်ချင်းသေဆုံးသွားလေသည်။
အမှန်တော့ ဓားအော်ရာများသည် ထိုမျှနှင့် အရှိန်သေသွားခြင်းမဟုတ်ဘဲ ပြင်းထန်သည့်အားက မီတာတစ်ထောင်မရှည်သည့်မြေသားများကို လန်ထွက်သွားစေသည်။
ဘုန်း!
မြေပြင်က စတင်တုန်ခါလာခဲ့သည်။
ဖုန်းထျန်းယွမ်၏နှလုံးသည်က အစောကထက် ပိုလို့ ခုန်လှုပ်လာကာ လည်ချောင်းထဲမှ ဆန်ထွက်မတတ်ပင်။
ဒါဘယ်လိုနတ်ဘုရာမျိုးလဲ?
စကားတစ်ခွန်းတောင် မပြောဘဲနဲ့ တစ်ဖက်လူတွေကို လှုပ်ရှားမှုတစ်ချက်တိုင်းမှာ အတုံးအရုန်းသေသွားစေတယ်။
သူ့နောက်ကို လိုက်ဖက်နေခဲ့ကြသည့် အကြီးအကဲများမှာ ထိုနတ်ဘုရား၏တိုက်ကွက် နှစ်ကွက်ဖြင့် အသတ်ခံလိုက်ကြရပေပြီ။
ပြောရရင် ထိုအကြီးအကဲအားလုံး၏ကျင့်ကြံဆင့်သည် သူ့ထက်အမြင့်တွေချည်းပဲ။ တစ်ယောက်ချင်းစီတိုင်းက တောင်ပင်လယ် ဆဌမ ဒါမှမဟုတ် သတ္တမအဆင့်ရှိကြတယ်။
ကြီးမြတ်သောကျိုးအင်ပါယာတစ်ခုလုံးမှာတောင် ထိုအဆင့်ဆိုတာ လေးစားအားကျဖွယ်ရာအဆင့်လို့ သတ်မှတ်နိုင်တယ်လေ။
ဒါပေမယ့် အခုတော့ နှစ်ချက်လောက်တိုက်လိုက်ရုံနဲ့ အားလုံးသေကုန်ကြတယ်တဲ့လား!
ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ?
ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ?
ဘယ်လောက်တောင်မှ ခန့်ညားလိုက်သလဲ?
အင်အားကလဲ ကောင်းသလို တိုက်ခိုက်မှုကလဲ တိကျပြတ်သားလွန်းတယ်။
တကယ့်ပညာရှင်ဆရာကြီးပဲ!
ဒါပေါ့ သေချာပေါက်ဆရာကြီးပေါ့!
ရှာမှရှားတဲ့ဆရာကြီး!
ထိုသို့အတွေးများနေချိန်မှာပဲ တစ်ဖက်လူက မြေပေါ်ပြန်ခြေချလာပေပြီ။ ဖုန်းထျန်းယွမ် ချက်ချင်းရှေ့တက်သွားကာ တစ်ဖက်လူက အကြီးအကဲများ၏အလောင်းဆီသို့ အမြန်လျှောက်သွားသည်ကိုမြင်သည်နှင့် သူ့အပြုအမူကို ဖော်ပြသည့်အနေဖြင့် ချက်ချင်းဒူးထောက်ချလိုက်သည်။
“စီ..စီနီယာကြီး?”
တစ်ဖက်လူ ဘာလုပ်ချင်မှန်းမသိရတာကြောင့် ဖုန်းထျန်းယွမ် ဘာမှဆက်မပြောနိုင်ခဲ့ပေ။
“မလန့်ပါနဲ့။”
တစ်ဖက်လူကတော့ ဖုန်းထျန်းယွမ် စိတ်အေးသွားအောင် လက်တစ်ချက်ယမ်းကာ ပြောလာသည်။ ဖုန်းထျန်းယွမ် နားမလည်နိုင်သည့်ခံစားချက်မျိုးရှိနေတုန်းမှာပဲ ဆရာကြီးက ရှေးဟောင်းလူဝံမျိုးနွယ်စုမှအကြီးအကဲတို့၏အလောင်းကို ရုတ်ချည်းတိုက်ခိုက်လိုက်ပြန်သည်။
“မဟာယာနဝိဇ္ဇာလက်သီး”
“နှင်းဓားသတ်ဖြတ်ခြင်း”
“ပြိုင်ဘက်ကင်းဝိဇ္ဇာလက်သီး”
“လေပြင်းဟိန်းသံ”
…..
“????”
ဖုန်းထျန်းယွီခေါင်းထဲ အမေးသင်္ကေတများဖြင့်သာ ပြည့်နှက်သွားတော့သည်။
စီ-စီနီယာကြီး ဘာတွေလုပ်နေတာလဲ?
သူတို့တွေက သေတာထက်ကို ဒီထက်သေဖို့မရှိတော့ဘူးလေ။ ဘာလို့ သူက ကျင့်ကြံခြင်းနည်းစနစ်တွေ တစ်ခုခုပြီးတစ်ခုသုံးပြီး အလောင်းတွေကို တစ်စစီဖြစ်အောင် လုပ်နေရတာလဲ?
သူဘာလုပ်ချင်နေတာလဲ?
မကြာလိုက်ပါဘဲ အကြီးအကဲအားလုံး၏အလောင်းတို့မှာ မှုန့်မှုန့်ညက်ညက်ကျေလို့သွားကာမှ တစ်ဖက်လူကလဲ ရပ်သွားတော့သည်။
ဖုန်းထျန်းယွီလဲ သက်ပြင်းချကာ ဘာသာတွေးလိုက်သည်။ ဒီလောက်ဆို ပြီးလောက်ရောပေါ့?
သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပဲ တစ်ဖက်လူက လက်စည်းတံဆိပ်ပုံဖော်နေသည်ကို မြင်လိုက်ရပြန်သည်။
“လရောင်ဖြာဖြာလေပြေကခုန်ခြင်း! အသက်သွင်းမယ်!”
ထိုသို့အမိန့်စကားလုံးဆိုလိုက်သည်နှင့် ပြင်းထန်သည့်လေပြင်းများကု ရုတ်ချည်းတိုက်ခတ်လာကာ အကြီးအကဲတို့၏ပြာမှုန့်များကို လွင့်စင်သွားအောင်မှုတ်ထုတ်လိုက်တော့သည်။
“….”
ဖုန်းထျန်းယွမ် လုံးဝဆွံ့အသွားတော့သည်။
ပြာမှုန့်တွေကိုပါ မှုတ်ထုတ်ပစ်တာကတော့ နည်းနည်းလေးများလွန်မသွားဘူးလား?
သို့သော်လည်း တစ်ဖက်လူက သူ့အသက်ကိုကယ်တင်ပေးခဲ့သည့်ဆရာကြီးဖြစ်နေသေးတာကြောင့် သူဘာမှဝင်မပြောနိုင်ပေ။ ဒါကြောင့် အသက်တစ်ချက်ရှိုက်ကာ တစ်ဖက်လူကိုကျေးဇူးတင်ဖို့ လုပ်လိုက်သည်။
သို့သော်လည်း သူခြေတစ်လှမ်းပင်မလှမ်းရသေးခင်မှာပဲ တစ်ဖက်လူက နောက်ထပ်အစီအရင်တစ်ခုကို ချလိုက်ပြန်သည်။
“ဒါ-ဒါက… ဝိညာဉ်စုဝေးခြင်းအစီအရင်မဟုတ်လား?”
ဖုန်းထျန်းယွမ် ထပ်ပြီးဆွံ့အလို့သွားပြန်သည်။ ဘာလို့ ရုတ်တရက်ကြီး ဝိညာဉ်စုဝေးခြင်းအစီအရင်ကို ခင်းကျင်းလိုက်ရတာလဲ?
ထို့နောက်မှာတော့ တစ်ဖက်လူက ဝိညာဉ်စုဝေးခြင်းအစီအရင်ကိုသုံးကာ အကြီးအကဲများ၏ဝိညာဉ်တွေကို စုစည်းလိုက်ကြောင်း တွေ့ရသည်။ ဆက်ပြီး တစ်ဖက်လူက မိုးကြိုးလက်သီးချက်ဖြင့် ထိုဝိညာဉ်များကိုပါ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် လုပ်လိုက်ပြန်သည်။
ဖုန်းထျန်းယွမ် : “…..”
ဒီစီနီယာက နတ်ဆိုးလမ်းစဉ်လိုက်တဲ့လူများလား?
ထိုသို့အစုံစုံလုပ်ပြီးနောက်မှာတော့ တစ်ဖက်လူက ရပ်တန့်သွားကာ အကြောပင်လျှော့လိုက်သည်။
“ငါတို့အန္တရာယ်မရှိတော့ဘူး။”
ထိုစကားကြောင့် ဖုန်းထျန်းယွမ် သွေးအန်လုနီးနီးပင်။
တစ်ပြိုင်တည်းမှာပဲ တစ်ဖက်လူ၏ ပြိုင်ဘက်ကင်းဆရာကြီးဆိုသည့် သူရဲ့အတွေးထဲမှ ပုံရိပ်တို့က ရုတ်ချည်းပြိုလဲသွားတော့သည်။
သူ့ဘဝရှင်သန်ချက်ကိုပင် သံသယဝင်လာမိသည်။
ဒီကောင်က သေချာပေါက် နတ်ဘုရားမဟုတ်ဘူး၊ လုံးဝအရူးကောင်ပဲ!
ဒါပေါ့ သူက တကယ်ကိုအရူးပဲ။
သူသာမရူးရင် ဒါမျိုးတွေဆက်လုပ်ဖို့မဆိုထားနဲ့ အားလုံးကိုသတ်ပြီးကတည်းက ရပ်လိုက်ရောပေါ့။
သူက ရန်သူတွေကို သတ်၊ ကျန်ခဲ့တဲ့ခန္ဓာကိုယ်ကိုတစ်စစီလုပ်၊ ပြာမှုန်တွေကို ကျဲရုံတင်မကဘူး ဝိညာဉ်ကိုတောင်ပြန်ခေါ်လို့ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်လိုက်သေးတယ်။
တစ်ချက်လေးတောင် မလွတ်သွားခဲ့ဘူး။
ရက်စက်တယ်ဆိုတဲ့စကားလုံးကတောင် သူ့ကိုမဖော်ပြနိုင်တော့ဘူး။
ဘယ်လိုတောင် ထူးဆန်းတဲ့အရူးလဲ?
သူဒီလောက်အင်အားကြီးနေတာကို အခုလောက်ထိဆိုးဆိုးရွားရွား လုပ်ဖို့လိုသေးလို့လား?
သူက သူတို့အားလုံးထက် ပိုအင်အားကြီးတာကို ဖယ်ထားလိုက်ရင်တောင် ဒီလိုအသက်မဲ့နေတဲ့ကိုယ်ထည်တွေကို အခုလိုပုံစံမျိုးနဲ့ ဖြေရှင်းဖို့ တကယ်ပဲ လိုအပ်တာလား?
လိုလို့လား?
တကယ်ကြီး လိုလို့လား?
တကယ်ပဲ လိုအပ်လို့လား?
ဖုန်းထျန်းယွမ်၏ခေါင်းသေးသေးလေးထဲ ထိုစကားလုံးများဖြင့်ပင် မူးနောက်နေအောင် ပြည့်နေတော့သည်။ ဒီစီနီယာကြီးရဲ့ လုပ်ရပ်တွေကို သူဘယ်လိုမှ နားလည်ပေးလို့မရပေ။
အခုတော့ သူတောင်နည်းနည်းကြောက်လာမိကာ ထွက်ပြေးချင်လာတော့သည်။
စိတ်မကောင်းစွာဘဲ ထိုအတွေးဝင်လာချိန်က နောက်ကျသွားပေပြီ။
“တွေ့ရတာဝမ်းသာပါတယ်၊ ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ၊ ငါ့နာမည်က လုရှောင်ယန်ပါ။”
လုရှောင်ယန်၏အပြုံးကိုမြင်ရသည်နှင့် ဖုန်းထျန်းယွမ် တုန်လှုပ်သွားကာ ချက်ချင်းဒူးထောက်ချလိုက်တော့သည်။
“မခံယူရဲပါဘူး။ မခံယူရဲပါဘူး။ ဂျူနီယာဖုန်းထျန်းယွမ်က စီနီယာလုကို နှုတ်ခွန်းဆက်သပါတယ်။”
သူ့ပုံစံက အလွန်ရိုးသားကာ လေးစားမှုအပြည့်ဖြင့် လုရှောင်ယန် သူ့ကိုပါ အစောကနည်းအတိုင်း သတ်ပစ်မည်ကို ကြောက်နေလေသည်။
လုရှောင်ယန် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
“မဆိုးဘူးပဲ။ မင်းက နှိမ့်ချတတ်ပြီး ယဉ်ကျေးမှုလဲရှိတယ်။ တကယ့်ကိုမျိုးစေ့ကောင်းလေးပဲ။ ဘယ်လိုလဲ? မင်းငါ့တပည့်ဖြစ်လာဖို့ စိတ်ဝင်စားလား?”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၂ ၉၉၈တန်၏နာကျင်မှု
“အာ?”
ဖုန်းထျန်းယွမ် မှင်သေသွားလေသည်။ တစ်ဖက်လူက တကယ်ပဲ သူ့ကိုတပည့်အဖြစ်မှတ်ယူချင်နေခြင်း ဖြစ်လိမ့်မယ်လို့ သူမထင်မှတ်ထားခဲ့ပေ။
တကယ်လို့များ လုရှောင်ယန်သာ ရှေးဟောင်းလူဝံမျိုးနွယ်မှအကြီးအကဲတွေကို သတ်ရုံသာသတ်ခဲ့မည်ဆိုလျှင် သူသေချာပေါက် ချက်ချင်းဒူးထောက်ကာ တစ်ချက်လေးတောင် တွေဝေမနေဘဲ ဆရာသခင်အဖြစ် စိတ်နှလုံးပုံအပ်ကာ ကိုးကွယ်မိမည်ဖြစ်သည်။
သို့သော်လည်း လုရှောင်ယန်၏ ဆက်တိုက်လှုပ်ရှားခဲ့သည့်အပြုအမူများကိုမြင်ပြီးနောက်မှာတော့ သူတုန့်ဆိုင်းနေလေသည်။
ဒီလူက တကယ်ကိုအင်အားကြီးတာမှန်ပေမယ့် သူ့ဦးနှောက်ကတော့… ပြဿနာရှိနေပုံပဲ?
သူ့ဆီက ပြန်သင်ယူဖို့ဆိုတာ တကယ်စိတ်ချလို့ရပါ့မလား?
“နေ့ခင်းကြောင်တောင် အိပ်မက်,မက်မနေနဲ့တော့။ မင်းငါ့တပည့်ဖြစ်လာဖို့ ဆန္ဒရှိလား?”
လုရှောင်ယန် ထပ်မေးလိုက်သည်။ ဖုန်းထျန်းယွမ် စကားပြန်မပြောခင် ခဏတာနှုတ်ဆိတ်နေခဲ့သေးသည်။
“ဒါ-ဒါဆို… တကယ်လို့… ကျွန်တော်ငြင်းလိုက်ရင်…ဘာ-ဘာဖြစ်မှာလဲ?”
“မင်းငြင်းလိုက်ရင်လား? ရပါတယ်။ ငါက လူတွေကို ဖိအားပေးရတာမကြိုက်ဘူး။”
လုရှောင်ယန် ကြင်နာသည့်လေသံအပြည့်ဖြင့် ညင်ညင်သာသာပြောနေသော်လည်း ဖုန်းထျန်းယွမ်ကတော့ လုရှောင်ယန်၏ညာဘက်လက်ပေါ်တွင် သိပ်သည်းစွာတည်ရှိနေသည့် အင်အားကြီးလှသည့်ဝိညာဉ်စွမ်းအားများကို ထင်ထင်ရှားရှား ခံစားမိနေနိုင်သေးသည်။
ဖုန်းထျန်းယွမ်၏မျက်နှာကြီး ရှုံ့မဲ့လို့သွားတော့သည်။
ပြီးခဲ့သည့်လုပ်ရပ်များကို အခြေခံပြီးတွေးကြည့်ပါက လုရှောင်ယန် ပါးစပ်ကထွက်လာသမျှ စကားတိုင်းက အမှန်မဟုတ်ကြောင်း ဖုန်းထျန်းယွမ် သိနိုင်ပေသည်။
တကယ်လို့များ သူသာ ငြင်းလိုက်လျှင် နောက်တစ်စက္ကန့်အတွင်းမှာပဲ သေသည်ထက်ဆိုးသော သေခြင်းမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။
ဒါကြောင့် သူ့မှာတခြားသော ရွေးချယ်စရာမရှိတော့၍ ချက်ချင်းပင် မြေပြင်ထက်ဒူးထောက်ချလိုက်ရတော့သည်။
“ဂျူနီယာဖုန်းထျန်းယွမ်က ဆရာကြီးကို ကျွန်တော့်ရဲ့ ဆရာသခင်အဖြစ် မှတ်ယူဖို့ဆန္ဒရှိပါတယ်။”
[ဒင်…. SSSအဆင့်တပည့်ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဆုလာဘ် : သိုင်းဘုရင်ထိပ်တန်းအဆင့် ကျင့်စဉ် - ဖျက်ဆီး၍မရနိုင်သော ရွှေခန္ဓာ။ ဆုလာဘ် : သိုင်းဘုရင်ထိပ်တန်းအဆင့်လက်နက် - အာကာပြင်ပြိုကွဲခြင်းတူ]
တစ်ဖက်လူက တပည့်ဖြစ်လိုကြောင်း ပြောလိုက်သည်နှင့် ဝမ့်ခိုက်ဆီမှ ဆုပစ္စည်းများထွက်လာကာ နောက်ဆုံးတော့ လုရှောင်ယန်လဲ အစစ်အမှန်ပြုံးလိုက်တော့သည်။ သူ့ညာဘက်ဖဝါးထက်ရှိ ဝိညာဉ်စွမ်းအင်တို့သည်လဲ ချက်ချင်းပြန်ပျောက်ကွယ်သွားသည်။
သူက ဖုန်းထျမ်းယွမ်၏ခေါင်းကို ခပ်သာသာပုတ်ကာ ပျော်ရွှင်မြူးတူးစွာဖြင့်၊ “ကောင်းတယ်၊ မင်းက တပည့်ကောင်းလေးဖြစ်မှာ အသေအချာပဲ။ မြန်မြန်လေးထတော့။”
ဖုန်းထျန်းယွမ်လဲ စိတ်အေးသွားကာ သက်ပြင်းအသာချလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ဆရာက ဘယ်ဂိုဏ်းကများလဲ?”
“ငါလား? ကောင်းကင်နတ်ဆိုးဂိုဏ်းက။”
“ကောင်းကင်နတ်ဆိုးဂိုဏ်း?”
ဖုန်းထျန်းယွမ် မှင်သက်သွားလေသည်။ သူ ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်း ကြားဖူးထားသည်။ ပြောရရင် နေရပ်တွေအားလုံးက တူညီသည့်ဧရိယာထဲမှာပဲမဟုတ်လား။ သို့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် လုရှောင်ယန်လိုလူမျိုးရှိလို့လား?
ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အသန်မာဆုံးလူတွေက ဂိုဏ်းချုပ်နဲ့ အဆင့်မြင့်အကြီးအကဲလေ။ ဒါပေမယ့် အဲ့နှစ်ယောက်လုံးရဲ့ ကျင့်ကြံဆင့်ကလဲ အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်ထက် မပိုဘူး။
သူ့ရှေ့က လုရှောင်ယန်ကတော့ ထိုနှစ်ယောက်ထဲမှာ မဟုတ်တာ သေချာသည်။ လက်ရှိမြင်တွေ့ရသလောက်တော့ လုရှောင်ယန်ရဲ့ကျင့်ကြံဆင့်က အာကာပြင်လေ့လာခြင်းအဆင့်ဖြစ်တဲ့ သူ့အဖေထက်တောင်မှ အများကြီးပိုသန်မာနေသေးတာ။ သေချာပေါက် ဖန်တီးမှုနယ်ပယ်မဟုတ်ရင် အာကာပြင်ပြိုကွဲခြင်းအထက်မှာ ရှိတာပဲ!
ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဒီလိုဖုံးကွယ်ထားတဲ့ပညာရှင်တွေရှိနေတာလား? တခြားရော ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်လောက်သေးလား?
ဖုန်းထျန်းယွမ် စိတ်ထဲအတွေးများစွာဖြင့် ရှုပ်ထွေးနေချိန်မှာပဲ လုရှောင်ယန်၏အသံက ထပ်ထွက်လာပြန်သည်။
“ဟုတ်တယ်၊ ငါက ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ။ ဒီမှာစကားပြောလို့မကောင်းဘူး။ သွားကြရအောင်။ ငါမင်းကို ဒီနေရာကနေ အရင်ခေါ်ထုတ်သွားပေးမယ်။”
စကားဆုံးသည်နှင့် လုရှောင်ယန် လက်ညှိုးဖြင့်တောက်က ဖုန်းထျန်းယွမ်ထံသို့ ဆေးတစ်လုံးပစ်ပေးလိုက်သည်။
“ဒါကအဆီအနှစ်သိုလှောင်ခြင်းဆေးလုံးပဲ။ မင်းဒဏ်ရာတွေကို သက်သာစေနိုင်တယ်။ သွားကြရအောင်။”
“ဟစ်~! အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးပဲ!”
ဖုန်းထျန်းယွမ်၏နှလုံးမှာ ခုန်ရလွန်း၍ အပြင်သို့ပေါက်ထွက်လာတော့မလိုပင်။
အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးသည် ကုသရေးဆေးလုံးအမျိုးအစားဖြစ်သည်။ ခန္ဓာကိုယ်မှာ ဘယ်လောက်ပဲ ဒဏ်ရာဒဏ်ချက်တွေများနေပါစေ အဆီအနှစ်သိုလှောင်ခြင်းဆေးလုံး တစ်လုံးလောက်သောက်လိုက်ရုံဖြင့်ကို အမာရွတ်တောင်မကျန်စေပဲ အချိန်တိုလေးအတွင်း အားလုံးပျောက်ကင်းသွားစေနိုင်ပေသည်။
ထို့အပြင် အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးသည် ကောင်းကင်ဘုံ အနိမ့်အဆင့်သာဖြစ်သော်လည်း ပါဝင်ပစ္စည်းတွေက ရှားပါးလှကာ သန့်စင်ဖို့ဆိုသည်ကလဲ အလွန်တရာခက်ခဲလှသည်။ ဈေးကွက်ထဲတင်ပို့နိုင်စွမ်းက မလုံလောက်တာကြောင့် အလွန်ဈေးကြီးသလို တစ်လုံးလောက်ဝယ်နိုင်ဖို့ပင် အလွန်အမင်းခက်ခဲပေသည်။
သို့သော်လည်း သူ့ဆရာကတော့ဖြင့် အခုမှတပည့်ဖြစ်လာတာတောင် သူ့ကို အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးတစ်လုံး ပေးလိုက်ပေသည်။ တကယ်ကိုရက်ရောတဲ့လူမျိုးပဲ။
သို့သော် သူသာ ရှေးဟောင်းလူဝံမျိုးနွယ်စု၏ဆက်ခံသူဂုဏ်ပုဒ်ရှိနေသေးချိန် တစ်စုံတစ်ယောက်က အခုလိုဆေးလုံးမျိုးလာပေးပါက သူဒီလောက် အံ့ဩမိမည်မဟုတ်ပေ။
အဓိကအကြောင်းအရင်းက သူဆိုသည်က အခုမှဂိုဏ်းထဲသို့ဝင်သွားရုံရှိသေးသည့် မထင်မရှားတပည့်ငယ်လေးတစ်ယောက် ဖြစ်နေသေးတာပင်။ ဒီလိုကြိုဆိုလက်ဆောင်မျိုးက သာမာန်ထက်ကိုများလွန်းသည်။
“မြန်မြန်စားလိုက်။ တခြားလူတွေရှာမတွေ့ခင် ငါတို့မြန်မြန်ထွက်သွားရမယ်။”
“အာ..အာ… ကျွန်တော်နားလည်ပါပြီ။”
ဖုန်းထျန်းယွမ် ချက်ချင်းပဲ အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးကို မြိုချလိုက်သည်။ ဆေးလုံးဝင်သွားသည်နှင့် သူ့စိတ်နှင့်ခန္ဓာ နှစ်ခုလုံး လန်းဆန်းသွားတော့သည်။ နွေးထွေးသည့်ခံစားချက်တစ်ခုက နွေဦးပန်းတစ်ပွင့်လို သူ့ကိုရစ်ပတ်သွားပြီး ဒဏ်ရာတွေသည်လဲ စတင်ပျောက်ကင်းလာခဲ့သည်။
“ဆရာ၊ ကျွန်တော်တို့ အခုဘယ်ကိုသွားကြမလဲ?”
“အာကေရှားဂိုဏ်းကို။”
“ဟုတ်ကဲ့!”
လုရှောင်ယန်က ရှေ့ကလျှောက်သွားကာ ဖုန်းထျန်းယွမ်လဲ ချက်ချင်းနောက်မှ လိုက်သွားလိုက်သည်။
နှစ်ယောက်သား သစ်တောထဲမှထွက်လာရုံရှိသေး လုရှောင်ယန်က ပြန်လှည့်လိုက်ကာ ကောင်းကင်မီးတောက်လက်ဝါးကိုသုံးပြီး သစ်တောကြီးတစ်ခုလုံးကို အဆုံးအစမဲ့လောင်ကျွမ်းသွားစေလေသည်။
ဖုန်းထျန်းယွမ်ခဗျာတော့ ထပ်ပြီးဆွံ့အလို့သွားရပြန်သည်။
ဒီဆရာကြီးရဲ့ ရာသီခွင်အမှတ်အသားက ကြွက်များလား?
အခုပဲ အကြီးအကဲတွေရဲ့အရိုးတွေကိုလောင်ကျွမ်းပြီး ဝိညာဉ်ကိုတောင် တစ်စဆီလုပ်ပြီးသွားပြီလေ။ ဒါတောင် သူက သစ်တောတစ်ခုလုံးကိုပါ မီးလောင်တိုက်သွင်းချင်နေတုန်းလား။ သတိအရမ်းကြီးလွန်းရာရောက်မနေဘူးလား?
သို့သော်လည်း သူ့ဆရာကိုတော့ သွားမဝေဖန်ရဲပေ။ သူ့ဆရာမှာ စိတ်ပိုင်းဆိုင်ရာပြဿနာနည်းနည်းရှိနေတယ်ဆိုရင်တောင် သူ့ရဲ့ကျင့်ကြံခြင်းကတော့ မယုံနိုင်လောက်အောင် လေးစားဖွယ်ကောင်းနေသေးသည်။
နှစ်ဦးသား အာကေရှားဂိုဏ်းနားသို့ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားကြသည်။ ထို့နောက် လုရှောင်ယန်က ဖုန်းထျန်းယွမ်က ခပ်လှမ်းလှမ်းကနေပဲ စောင့်နေပြီး အလျင်စလိုအနားကပ်မလာဖို့ရန် မှာလိုက်သည်။ ထို့အပြင် မျက်နှာဖုံးတစ်ခုကိုလဲ ပစ်ပေးလိုက်သေးသည်။
“ရှေးဟောင်းလူဝံမျိုးနွယ်ကလူတွေ မင်းသေသလား ရှင်သလားဆိုတာ မသိကြသေးဘူး။ အာကေရှားဂိုဏ်းဆိုတာက လူကောင်းလူဆိုး ရောနှောနေတာ။ မင်းသရုပ်မှန်သာပေါ်သွားရင် ကောင်းကျိုးရှိမှာမဟုတ်ဘူး။ ဒီမှာပဲ စောင့်နေ။ ငါမင်းရဲ့ဆရာဦးလေးကို သွားရှာလုက်ဦးမယ်။”
“ဟုတ်ကဲ့ပါ၊ ဆရာ။”
ပြီးခဲ့သည့်အချိန်ပိုင်းအတွင်းမှ အတွေ့အကြုံများအရ သူ့ဆရာသခင်၏သတိကြီးမှုအပေါ် ဖုန်းထျန်းယွမ် အသားကျသွားပေပြီ။ ထို့အပြင် သူကိုယ်တိုင်လဲ သူ့ဆရာအခုလိုသတိထားနေတာက ဖြစ်သင့်သည်ဟုပင် ခံစားနေရသည်။
သူ့ဆရာရဲ့အကျင့်တွေက နီးကပ်လေကူးစက်တတ်လေများဖြစ်နေသလားဟုပင် ထင်မိလာသည်။
ဖုန်းထျန်းယွမ်အတွက် စီစဉ်ပေးပြီးနောက် လုရှောင်ယန်လဲ အာကေရှားဂိုဏ်းဝင်ပေါ်သို့ မြန်မြန်လေးထွက်သွားလိုက်သည်။
သို့သော်လည်း သူမဝင်လိုက်ရသေးခင်မှာပဲ လီတောက်ယန်တစ်ယောက် အာကေရှားဂိုဏ်းဝင်ပေါက်ကြီးတွင် သူ့ဒူးသူဖက်ကာ ငုတ်တုတ်ထိုင်နေသည့်မြင်ကွင်းနှင့် ကြုံလိုက်ရလေသည်။ သူ့ပုံစံက ပစ်မှားခံလိုက်ရသည့်မိန်းမငယ်လေးတစ်ယောက်လိုဖြစ်နေကာ လည်ပင်းမှာလဲ အနမ်းမှတ်နှစ်ခုရှိနေလေသည်။
သူ့ဘေးတွင်တော့ အစောက သူတို့ကိုကြိုဆိုပေးခဲ့သည့် နတ်မိမယ်လေးရှိနေသည်။ သူမသည်လဲ လီတောက်ရန်ဘေးတွင် ငုတ်တုတ်ထိုင်ကာ ချော့မော့လို့နေသည်။
“သခင်ကြီးလီရယ်၊ ကျွန်မတို့ရဲ့အကြီးအကဲ ကျန်းတကျွမ်းက မဆိုစလောက်လေး ကျားယားနေရုံပါ။ ဒါပေမယ့် သူ့ရဲ့နှိပ်နယ်တဲ့နည်းလမ်းက ကျွန်မတို့အာကေရှားဂိုဏ်းမှာ တကယ့်ကိုထိပ်တန်းစာရင်းဝင်ပဲ။ သခင်ကြီးရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ညာယူလိုက်တာမဟုတ်ရပါဘူး။”
လီတောက်ယန်ကတော့ ထိုစကားတွေကြားပြီး ပိုတောင်ဒေါသထွက်သွားလေသည်။
“ပေါက်ကရတွေ! ဘာကိုမဆိုစလောက်လေး ကျားယားနေတာလဲ? သူ့ပုံစံကြီးက ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပန်းပဲအကြီးအကဲထက်တောင်မှ ဗလတွေပိုတောင့်နေသေးတယ်။ သူ့မျက်နှာဆိုလဲ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တောင်စောင့်တပည့်ထက်တောင် ယောက်ျားဆန်သေး။ ဒါကိုတောင် မဆိုစလောက်လေးကျားယားနေတာလို့ ပြောရဲသေးတယ်ပေါ့? ငါဘာလို့ ဒီနေရာမှာ ငွေလာဖြုန်းလဲသိရဲ့လား? ငါဘာလို့ ဒီကိုလာမှန်း မင်းကောင်းကောင်းမသိဘူးမလား? မင်းက ငါ့ကိုဒီလောက်ရုပ်ဆိုးအကျည်းတန်တဲ့မိန်းမကြီးပေးပြီးတာတောင် ငါ့ငွေတွေကို လိမ်ယူလိုက်တာမဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့?”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သခင်ကြီးလီရယ်၊ ဒေါသမထွက်ပါနဲ့တော့။ ဒီလိုလုပ်ပါလား။ ကျွန်မ သခင်ကြီးအတွက် ၁၉၈တန်မိန်းကလေးနှစ်ယောက် စီစဉ်ပေးမယ်လေ? သခင်ကြီးသာ ဒီထက်ငွေနည်းနည်းလေးထက်တိုးပေးချင်ရင် နောက်ထပ်စိတ်လှုပ်ရှားဖို့ကောငးတဲ့အရာတချို့လဲ ပေးဦးမှာ။”
“သွားစမ်းပါ။ ငါစရောက်တုန်းကတော့ စိတ်ဆန္ဒတွေ မျှော်လင့်ချက်တွေ ပြည့်နေတာ။ အခုတော့ မင်းတို့တွေ အကုန်ဖျက်ဆီးပစ်ပြီးပြီ။ ငါဘာမှထပ်မတွေးချင်တော့ဘူး။ မင်းတို့အာကေရှားဂိုဏ်းက အလှဆုံးဆိုတဲ့မိန်းကလေး ငါ့ရှေ့မှာ ဝတ်လစ်စလစ်နေပြရင်တောင် ငါစိတ်မပါနိုင်တော့ဘူးကွ!”
“လောင်လီ၊ ဘာတွေဖြစ်နေတာလဲ?”
ထိုအခိုက်မှာပဲ လုရှောင်ယန်ပေါ်လာတာကြောင့် လီတောက်ယန်တစ်ယောက် မျှော်လင့်ချက်ရောင်ခြည်ခပ်ရေးရေးလှမ်းတွေ့လိုက်ရသလို ခံစားသွားရသည်။ ဒါကြောင့် ချက်ချင်းဆိုသလို မျက်ရည်ပေါက်ကြီးများ ကျလာကာ ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။
“ဝူးဝူးဝူး… လောင်လု၊ မင်းနောက်ဆုံးတော့ ပြန်လာပြီပေါ့။ သူတို့အာကေရှားဂိုဏ်းက ငါ့ကိုအနိုင်ကျင့်နေတယ်… ဝူးဝူးဝူး…”
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၃ ပြဿနာအကြီးကြီးတက်ပြီ
“အမ်…”
လုရှောင်ယန် ဆွံ့အသွားရသည်။ “ဘာတွေဖြစ်နေတာလဲ အရင်ပြောစမ်းပါဦး။”
“ဝူးဝူးဝူး… သူတို့က ငါ့ကို ရုပ်ဆိုးဆိုးမိန်းမကြမ်းကြီးပေးတယ်။ ရုပ်ဆိုးလိုက်တာမှ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပန်းပဲအကြီးအကဲ၊ အကြီးအကဲဟွမ်းထက်တောင် ဆိုးသေးတယ်။ ငါ့ကိုရွံ့ပြီးသေအောင်လုပ်ရုံတင်မကဘူး ငါ့လည်ပင်းမှာပဲ အနမ်းရာကြီးတစ်ခုချန်သွားသေးတယ်။ ဝူးဝူးဝူး….”
“တခြားမိန်းကလေးတစ်ယောက် ပြောင်းလိုက်လို့မရဘူးလား?”
“အဲ့မိန်းမကြီးက ငါ့ကိုတခြားမိန်းကလေးခေါ်ခွင့်မပေးဘူး။ ဒီလိုအလုပ်ရဖို့ သူ့အတွက် မလွယ်ဘူးလို့တောင် ပြောလိုက်သေးတယ်။ ဒါနဲ့ ငါလဲ ပြောထားတဲ့ဈေးနှုန်းအတိုင်း ပေးပါ့မယ် လွှတ်ပေးပါလို့ပြောတာတောင် ခွာချလို့မရဘူးလေ။ နောက်တော့ ငါ့လည်ပင်းမှာ အနမ်းမှတ်နှစ်ခုတောင် ချန်သွားသေးတယ်။ သူ့ကိုသာ အနမ်းမှတ်ပေးခွင့်မပြုရင် ငါ့ကိုမလွှတ်ပေးဘူးတဲ့။”
လုရှောင်ယန် : “…”
“အဲ့ဒါများ မင်းအားသုံးပြီးတော့ ရုန်းထွက်ခဲ့လိုက်ရင် မပြီးဘူးလား?”
“ငါလဲ မလုပ်ချင်ဘဲနေမလား၊ ဒါပေမယ့် အဲ့မိန်းမကြီးက အာကေရှားဂိုဏ်းရဲ့အကြီးအကဲ တောင်ပင်လယ်ပထမအဆင့်ဆရာကြီးဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။ ဝူးဝူးဝူး… ငါမှသူ့ကိုမနိုင်တာ။”
ဒါနဲ့ လုရှောင်ယန်လဲ ဘေးကနတ်မိမယ်လေးကိုလှမ်းကြည့်လိုက်သည်။
နတ်မိမယ်လေးက ထပ်ပြီးတောင်းပန်လေသည်။ “ကျွန်မ တကယ်ကိုတောင်းပန်ပါတယ်။ သူက ကျွန်မတို့အာကေရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ။ ကျွန်မတို့တပည့်သားတွေမှာ သူ့ကိုတားပိုင်ခွင့်မရှိဘူးလေ။ သခင်ကြီးလီ အရမ်းမခံမရပ်နိုင်ဖြစ်နေရင် တိုင်ကြားစာတင်လို့ရပါတယ်။”
“တိုင်ကြားစာဆိုတော့ ဘယ်မှာသွားတင်ရမှာလဲ?”
“အာကေရှားဂိုဏ်းရဲ့ပင်မနေရာဖြစ်တဲ့ ကြီးမြတ်သောကျိုးရဲ့ တောင်ဝင်မြို့တော်ကို သွားရပါမယ်။ ဒါပေမယ့် ကျွန်မတို့အာကေရှားဂိုဏ်းက ဖျော်ဖြေရေးနဲ့အပန်းဖြေဖို့အတွက် နေရာလေးတစ်ခုပါ။ ဒီတော့ သခင်ကြီးတို့အနေနဲ့ ဂိုဏ်းရဲ့ နှိပ်နယ်တဲ့ဝန်ဆောင်မှုအပေါ် တိုင်ကြားလို့ရပေမယ့် ရုပ်ရည်သွင်ပြင်ကိုတော့… ဒီတော့ ပြောရရင် ကျွန်မတို့ဂိုဏ်းဘက်က ချိုးဖောက်ထားတာ ဘာတစ်ခုမှမရှိပါဘူး။ တကယ်လို့ တိုင်ကြားစာပို့လိုက်ရင်တောင်မှ ဘာမှအကျိုးမထူးပါဘူး။”
လုရှောင်ယန် : “……..”
ဒီလိုလုပ်ငန်းကြီးတစ်ခုမှ လှည့်ကွက်တွေရှိနေလိမ့်မယ်လို့တော့ ခန့်မှန်းမိပြီးသားပင်။
ကြီးမြတ်သောကျိုးအင်ပါယာတွင် အာကေရှားနှင့်အသွင်တူ တခြားဂိုဏ်းငယ်လေးများလဲ ရှိသည်။ သူတို့ထဲမှတစ်ချို့ကတော့ အရည်အချင်းမပြည့်မှီကြကာ တချို့ဆိုလျှင် ကြီးမြတ်သောကျိုးအင်ပါယာ၏ တရားဝင်ရှင်းလင်းသုတ်သင်မှုကိုပင် ခံခဲ့ကြရသည်။ ဒါကြောင့် လက်ရှိတွင် အာကေရှားဂိုဏ်းတစ်ခုတည်းကသာ စိုးမိုးနေသည်ဟု ပြောလို့ရပေသည်။
ဒါကြောင့် လီတောက်ယန်တစ်ယောက် လုံးဝဆွံ့အလို့သွားရတော့သည်။
လုရှောင်ယန်လဲ လီတောက်ယန်၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ဒီတစ်ခေါက်တော့ ထားလိုက်ပါတော့။ သူတို့အဆင့်ထိ ငါတို့ကိုယ်ငါတိုနှိမ့်ချနေဖို့မှ မလိုတာ။ နောက်ကျ အာကေရှားဂိုဏ်းကို ထပ်မလာတော့ရင် ပြီးတာပြပေါ့။”
လီတောက်ယန် ဒေါသထွက်နေသေးသော်လည်း တဇွတ်ထိုးမလုပ်နေပေ။ “ဟုတ်တယ်၊ အနာဂါတ်မှာ ငါ မိန်းမတစ်ယောက်လောက်ကိုတောင် ထိခွင့်မရခဲ့ရင်တောင်မှ အာကေရှားဂိုဏ်းကို ဘယ်တော့မှ ထပ်မလာဘူး!”
“ဟုတ်ပါပြီ၊ ဂိုဏ်းကိုမြန်မြန်လေးပြန်ရအောင်။ တစ်နေ့လုံးနီးပါး အချိန်ဖြုန်းပြီးသွားပြီ။ ဂိုဏ်းက အခင်းအကျင်းကိုတောင် စစ်ပြီးသွားလောက်ပြီလားပဲ။”
“သွားရအောင်!”
လီတောက်ယန်လဲ ဒေါသတကြီးဖြင့် အာကေရှားဂိုဏ်းက ထွက်လို့လာသည်။ နှစ်ယောက်သား အာကေရှားဂိုဏ်းအပြင်သို့ရောက်သည်နှင့် ချက်ချင်းဆိုသလို ဖုန်းထျန်းယွမ်ကလဲ အနားရောက်လာခဲ့သည်။
“ဆရာ။”
လီတောက်ယန် အံ့ဩသွားကာ ဖုန်းထျန်းယွမ်ကို လက်ညှိုးထိုးလိုက်ပြီး လုရှောင်ယန်ကို လှည့်မေးလိုက်သည်။ “ရှောင်ယန်၊ သူက….?”
“ငါအခုပဲ လက်ခံခဲ့တဲ့တပည့်လေ။ ဖုန်းထျန်းယွမ်လို့ခေါ်တယ်။ ထျန်းယွမ်၊ ဒါက မင်းရဲ့ဆရာဦးလေး လီတောက်ယန်ပဲ။”
ဖုန်းထျန်းယွမ် ချက်ချင်းပင် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ “ဆရာဦးလေးကို နှုတ်ဆက်ပါတယ်…”
“ဒီတော့ မင်းက ငါ့ရဲ့သိုင်းပညာတူလေးပေါ့။ ကျွတ်… ကျွတ်… ငါ့စီနီယာညီအစ်ကိုလု မင်းကို တပည့်အဖြစ် ရောက်တက်ရာရာ လက်ခံလိုက်ဖို့ တကယ်ကိုထိုက်တန်တဲ့လူပဲ။ အရည်အချင်းကိုပဲကြည့်။ နောင်တစ်ချိန်မှာ မင်း အနည်းဆုံးတော့ တောင်ပင်လယ်အဆင့်ကိုရောက်လိမ့်မယ်။”
ဖုန်းထျန်းယွမ်၏နှုတ်ခမ်းထောင့်တို့ တွန့်သွားလေသည်။
သူ့လက်ရှိ အဆင့်ကတော့ တောင်ပင်လယ်ပဉ္စမအဆင့်ပါနော်။
သို့သော်လည်း တစ်ဖက်လူက စီနီယာတစ်ယောက်ဖြစ်တာကြောင့် လီတောက်ယန် အရှက်ရအောင် ထိုအချက်ကို ထောက်ပြလို့မဖြစ်ပေ။
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေးလီ။”
“မဆိုးဘူး မဆိူးဘူး။ နှိမ့်ချတတ်သားပဲ။ ရော့… မင်းအတွက် တွေ့ဆုံခြင်းလက်ဆောင်။”
တစ်စက္ကန့်အတွင်းမှာပဲ လီတောက်ယန်၏လက်ထဲ သိုလှောင်အိတ်ငယ်လေးတစ်လုံးပေါ်လာကာ ဖုန်းထျန်းယွမ်ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး။”
ဖုန်းထျန်းယွမ် သိုလှောင်အိတ်ကို လက်ခံလိုက်ရသည်နှင့် အတွေးတစ်ချက်ဖြင့် အထဲမှပစ္စည်းများကို ကြည့်လိုက်ရာ ချက်ချင်းဆိုသလို ခေါင်းမွေးများထောင်ထကုန်တော့သည်။
ဒါ.. ဒါ တကယ်ကြီး အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၆၆၆တုံးလား။
ဟစ်!~
လက်ဆောင်အနေနဲ့ဆို နဲနဲရက်ရောလွန်းရာ ရောက်မနေဘူးလား?
ဒါမှမဟုတ် ကောင်းကင်နတ်ဆိုးဂိုဏ်းက လူတွေအကုန်လုံးကပဲ အရမ်းရက်ရောတတ်ကြတာလား?
အစောတုန်းကလဲ သူ့ဆရာက အဆီအနှစ်သိုလှောင်ခြင်းဆေးလုံးတစ်လုံးကို သာမာန်ကာလျှံကာ ထုတ်ပေးလိုက်သေးသည်။
အခုတော့ သူ့ဆရာဦးလေးလီကတောင်မှ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၆၆၆၆တုံးကို ပေးလာပြန်သည်။ ရှေးဟောင်းလူဝံမျိုးနွယ်စုထဲမှာတောင်မှ ဒီလောက်ပမာဏလက်ဆောင်မျိုးဆိုသည်က အတော်လေးရက်ရောသည်ဟု သတ်မှတ်လို့ရသေးသည်။
ကြည့်ရတာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ တကယ့်ဆရာကြီးတွေ တော်တော်များများရှိနေတာပဲ!
သူ့လို အခုမှ တောင်ပင်လယ်အဆင့်ရောက်ထားသည့် ကျင့်ကြံသူလေးတစ်ယောက်အနေနဲ့ အခုကစလို့ နှိမ့်နှိမ့်ချချ သိုသိုသိပ်သိပ်နေဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ဒါက သူ အခု လုရှောင်ယန်၏တပည့်ဖြစ်လာတာကြောင့်လဲ ပါပေသည်။
လီတောက်ယန်သည် လုရှောင်ယန်ကြောင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၂သိန်းရလာခြင်းဖြစ်၍ ပြန်လည်ပေးဆပ်ဖို့သင့်သည်ဟု တွေးမိခြင်းဖြစ်သည်။
အကယ်၍များ တခြားသူ၏တပည့်တစ်ယောက်ယောက်သာဆိုလျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆တုံးလောက်ပေးလိုက်တာကပင် လီတောက်ယန်အနေနဲ့တော့ ရက်ရောလွန်းအားကြီးရာရောက်နေပေပြီ။
ထိုအချိန်မှာပဲ အဝေးကနေပြီး ပုံရိပ်အချို့က အလျင်စလိုပြေးလာသည်ကိုတွေ့လိုက်ရသည်။
ထိုလူအားလုံးသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲနှင့် ဂိုဏ်းတပည့်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသူကတော့ လုရှောင်ယန်နှင့် လီတောက်ယန်တို့၏ သူငယ်ချင်းဟောင်းကြီး လင်းကျဲ့ပင်ဖြစ်သည်။
“တောက်ယန်၊ ရှောင်ယန် နောက်ဆုံးတော့ နင်တို့ကိုရှာတွေ့ပြီပဲ။”
“လင်းကျဲ့၊ ဘာလို့ဒီကိုရောက်လာတာလဲ?”
လင်းကျဲ့၏မျက်နှာအမူအရာက အလွန်လေးနက်လို့နေသည်။
“နင်တို့နှစ်ယောက်ကို တကယ်ကိုအမှုမဲ့အမှတ်မဲ့လုပ်ကြတာပဲ။ အကြီးအကဲတွေ အခင်းအကျင်းကိုလာမစစ်ရသေးခင်မှာတောင် နင်တို့ ဘယ်လိုလုပ်များ အာကေရှားဂိုဏ်းကို လာနိုင်ရတာလဲ? အခု ဂိုဏ်းမှာ ပြဿနာအကြီးကြီးတက်နေပြီ။”
လီတောက်ယန် ထိတ်လန့်သွားလေသည်။
“ဘာဖြစ်တာလဲ? တောင်ဂိတ်တံခါးတိုက်ခိုက်ခံရပြီး အခင်းအကျင်းတွေက အသက်ဝင်မလာလို့လား?”
“လုံးဝမဟုတ်ဘူး။”
“အဲ့ဒါဆို ဘာဖြစ်တာလဲ?”
“ပထမအကြီးအကဲ၊ အကြီးအကဲဟွမ်း နဲ့ တခြားတပည့်တွေ့တော်တော်များများ ဂိုဏ်းရဲ့ ကာကွယ်ရေးအခင်းအကျင်းထဲမှာ ပိတ်မိနေကြတယ်။”
“ဘာ?!”
လီတောက်ယန် အံ့ဩလွန်းလို့ မေးရိုးပင်ပြုတ်ကျလုနီးနီးဖြစ်သွားသည်။
“ငါ့ လာနောက်နေတာလား? သူတို့ တကယ်ပဲ အခင်းအကျင်းကို မဖြတ်နိုင်ဘူးလား?”
လင်းကျဲ့ ဒေါသထွက်ထွက်နဲ့ မျက်စံကိုသာလှိမ့်လိုက်မိတော့သည်။
“ငါတောင်မှ နင်တို့နှစ်ယောက်ကို ထွက်ရှာဖို့ ဂိုဏ်းရဲ့အသက်ကယ်အစီအရင်နဲ့ ကူးပြောင်းလာရတာ။ ဒါတောင် ငါနောက်နေတယ်လို့ မှတ်သေးတာလား?”
“သေရော ! လောင်လုရေ၊ မင်းအရမ်းမလွန်သွားဘူးလား?”
လုရှောင်ယန် နှာခေါင်းအသာပွတ်ကာ တိတ်ဆိတ်နေလေသည်။
သူတကယ်ကို သူ့အင်အားရဲ့ ၅၀ရာခိုင်နှုန်းကိုပဲ သုံးခဲ့တာပါနော်။ ပထမအကြီးအကဲကတောင် ပိတ်မိသွားမယ်လို့ သူလဲ ဘယ်ထင်ထားပါ့မလဲ။
ကြည့်ရတာတော့ သူကိုယ်တိုင်က သူ့ရဲ့အခင်းအကျင်းအင်အားအပေါ် သေချာနားမလည်သေးသလို ကောင်းကင်နတ်ဆိုးဂိုဏ်းကလူများ၏အင်အားကိုလဲ အလွန်အထင်ကြီးထားမိခဲ့ခြင်းဖြစ်ပေမည်။
အဲ့လိုလဲမဟုတ်သေးပါဘူး။ သူတို့မှာစည်းတံဆိပ်ပြားရှိတယ်မဟုတ်ဘူးလား?
လုရှောင်ယန်၏ထက်မြက်လှသည့်ဉာဏ်က အကြောင်းအရင်းကို ချက်ချင်းတွေးမိလိုက်နိုင်သည်။
“အဲ့ဒါတွေ ခဏထားလိုက်ဦး။ ငါ မင်းတပည့်ကို စည်းတံဆိပ်ပြားထည့်ပေးလိုက်ဖို့ ပြောခဲ့တယ်လေ။ မင်းငါပြောတဲ့အတိုင်း လုပ်ရောလုပ်ခဲ့ရဲ့လား?”
လီတောက်ယန် ရှက်ရွံ့စွာဖြင့် ချက်ချင်းခေါင်းငိုက်စိုက်ကျသွားလေသည်။
“ငါက မင်းအခင်းအကျင်းကို ပြင်ရုံပဲပြင်ထားတယ်ထင်လိုက်တာ။ ဒီလိုဆို ပြင်ထားတဲ့အခင်းအကျင်းကလဲ အရင်နဲ့အတူတူပဲဖြစ်မှာလေ။ အကြီးအကဲတွေအနေနဲ့ ထွက်လို့မရဖို့ဆိုတာမှ မဖြစ်နိုင်ဘဲ။ ပြီးတော့ အဲ့တုန်းက ငါအရမ်းတက်ကြွနေလို့ ပေးဖို့မေ့သွားတယ်။”
သူ့စကားဆုံးသွားသည်နှင့် နောက်ထပ်ပုံရိပ်အနည်းငယ်ကပဲ ထပ်ပြေးဝင်လာကြပြန်သည်။
ထိုသူများသည်လဲ ကောင်းကင်နတ်ဆိုးဂိုဏ်းမှအကြီးအကဲများပင်။ သူတို့ကတော့ ရောက်ရောက်ချင်း အသက်ပြင်မရှူအားဘဲ အော်ဟစ်တော့သည်။
“ဟာ့…ဟာ့.. နောက်ဆုံးတော့ တွေ့ပြီ။ မင်းတို့နှစ်ယောက် ဂိုဏ်းကို မြန်မြန်ပြန်ကြတော့။ ပြဿနာအကြီးကြီးတက်နေပြီ။”
လီတောက်ယန် စိတ်ရှုပ်လာမိတော့သည်။
“ဒီတစ်ခေါက်ရော ဘာဖြစ်ပြန်တာလဲ?”
“ဂိုဏ်းချုပ်ကျင့်ကြံနေရာကနေ ထွက်လာပြီး,ပြီးချင်း ဂိုဏ်းရဲ့အကာအကွယ်အစီအရင်ကို စမ်းသပ်ကြည့်ဖို့ ကြိုးစားတယ်။ တတိယအလွှာကို ဖြတ်နိုင်သွားပေမယ့် ဒုတိယအလွှာမှာ တိုက်ခိုက်ရေးအစီအရင်ရဲ့တိုက်ခိုက်မှုကို ခံရပြီး ဒဏ်ရာရသွားတယ်။ အခု သူ ဒုတိယအလွှာထဲမှာ ပိတ်မိနေပြီ။”
“ဘာပြောတယ်? ဂိုဏ်းချုပ်တောင်မှ အခင်းအကျင်းထဲပိတ်မိနေတာလား?”
လီတောက်ယန် စကားဆုံးသည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ နောက်ထပ်တစ်ဖွဲ့ အပြေးရောက်လာပြန်သည်။
“သတင်းဆိုးဟေ့! အဆင့်မြင့်အကြီးအကဲနဲ့ တခြားအကြီးအကဲတချို့လဲ ကျင့်ကြံရာကနေထွက်လာပြီး တတိယအလွှာနဲ့ ဒုတိယအလွှာကို ဖြတ်ဝင်ဖို့ကြိုးစားကြတယ်။ နောက်ဆုံးတော့ သူတို့တွေ ပထမအလွှာရဲ့ ပုံရိပ်ယောင်အခင်းအကျင်းထဲမှာ ပိတ်မိနေကြပြီ။ အခု ဂိုဏ်းတစ်ခုလုံးရှုပ်ထွေးကုန်ပြီ။ မင်းတို့နှစ်ယောက် အမြန်ပြန်လာပြီး သူတို့လာကယ်ဖို့ စောင့်နေကြတယ်။”
“အာ? မဖြစ်နိုင်တာ? အဆင့်မြင့်အကြီးအကဲတောင် မဖြတ်နိုင်ဘူးလား? လာနောက်နေတာလား! ဂိုဏ်းချုပ်နဲ့ အဆင့်မြင့်အကြီးအကဲဆိုတာ ထိပ်တန်း အာကာပြင်ပြိုကွဲခြင်းအဆင့်တွေလေ။”
လုရှောင်ယန်ကတော့ သူ့ကို စိတ်ဆိုးတကြီး စိုက်ကြည့်နေသည်။
“အရူးကောင်၊ မင်းကများ ဒီစကားမျိုးပြောရဲတယ်ပေါ့။ အခုနေပြန်ရင် ငါတို့နှစ်ယောက်လုံး အပြစ်ပေးခံရတော့မှာကွ။”
လုရှောင်ယန် ထိုစကားပြောပြီးသည်နှင့် ချက်ချင်း ဂိုဏ်းကိုပြန်ပြေးတော့သည်။
ဒါနဲ့ တခြားလူတွေလဲ နောက်မှအမြန်လိုက်သွားကြလေသည်။
ဖုန်းထျန်းယွမ်လဲ နောက်မှလိုက်သွားခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ မုန်တိုင်းထန်နေသည်။
အစကတော့ သူ့ဆရာသခင်ကို အာကာပြင်ပြိုကွဲခြင်းအဆင့်လောက်ဖြစ်မည်ဟု တွေးထားခဲ့သည်။ သို့ပေမယ့် အခုကြည့်ရတာတော့ သူ့ဆရာရဲ့ကျင့်ကြံဆင့်က အာကာပြင်ပြိုကွဲခြင်းအဆင့်ထက်တောင် အမြင့်ကြီးမြင့်နေပြီပဲ!
သူ့ဆရာရဲ့ကျင့်ကြံဆင့်အမှန်က ဘယ်လောက်များလဲ?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၄ စီစဉ်ပေးခြင်း
တစ်ဖွဲ့လုံး ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ အမြန်ဆုံးတတ်နိုင်သလောက် ပြန်ပြေးကြတော့သည်။
ခပ်လှမ်းလှမ်းအရောက်မှာပဲ ဆံပင်ဖြူဖြူနဲ့ ဂုဏ်သိက္ခာလွန်စွာကြီးမြတ်လှသည့် အဖိုးကြီးတစ်ဦးက ပုံရိပ်ယောင်အခင်းအကျင်းထဲတွင် ဒူးထောက်လို့ ဆက်တိုက်အရိုသေများပေးနေသည်ကို သူတို့မြင်လိုက်ရလေသည်။
“အဖေ! အမေ! ကျွန်တော့်ရဲ့အသုံးမကျမှုကြောင့် အဖေတို့ကို စိတ်ပျက်စေမိပါတယ်! ကျွန်တော် နှစ်ပေါင်း၅၀၀ကျော်လောက် ကျင့်ကြံလာပေမယ့် အခုမှ အာကာပြင်ပြိုကွဲခြင်း တတိယအဆင့်ကိုပဲရောက်ခဲ့ပါတယ်။ အဖေတို့နှစ်ယောက်လုံးကို အရှက်ရစေတဲ့အထိ ကျွန်တော်အသုံးမကျခဲ့ပါဘူး။ ကျွန်တော်တို့ဂိုဏ်းဘေးက ယုံကြည်အားထားရာဂိုဏ်းက ယန်ရမ်ကျယ်တောင်မှ အာကာပြင်ပြိုကွဲခြင်း ပဉ္စမအဆင့်ရောက်နေပြီဗျ.. ဝူးဝူးဝူး…..”
ထိုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် အားလုံး ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့သည်။
“အဲ့..အဲ့ဒါ အဆင့်မြင့်အကြီးအကဲမဟုတ်လား?”
“တကယ်ကို အဆင့်မြင့်အကြီးအကဲပဲ။ ယန်ရမ်ကျယ်ဆိုတာ ယုံကြည်အားထားရာဂိုဏ်းက အဆင့်မြင့်အကြီးအကဲမဟုတ်လား။ ယုံကြည်အားထားရာဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲကို နာမည်တပ်ခေါ်ရဲမှတော့ ငါတို့ရဲ့အဆင့်မြင့်အကြီးအကဲရှိတာပေါ့။”
“ဒီအခင်းအကျင်းက တော်တော်လေးကိုအညှာအတာမဲ့တာပဲ။ အာကာပြင်ပြိုကွဲခြင်းအဆင့်ရောက်နေတဲ့ အဆင့်မြင့်အကြီးအကဲကိုတောင် ချုပ်ထားနိုင်တယ်။ ငါတို့သာ အဲ့ထဲမိသွားရင် ဘယ်လိုတွေဖြစ်လာမလဲ တွေးကြည့်လို့တောင် မရဘူး။”
လုရှောင်ယန် သူ့နဖူးသူသာ ရိုက်မိတော့သည်။
“မပြောကြနဲ့တော့။ ငါအခုပဲ အခင်းအကျင်းကိုသွားရပ်လိုက်မယ်။”
လုရှောင်ယန်ပြောပြီးသည်နှင့် မြန်မြန်သွက်သွက်လျှောက်သွားကာ အခင်းအကျင်းကို ရပ်တန့်လိုက်သည်။
မြေပေါ်ဒူးထောက်လို့ ဆက်တိုက်အရိုအသေပေးကာ အော်ဟစ်ငိုယိုနေသည့် အဆင့်မြင့်အကြီးအကဲလဲ ချက်ချင်းရပ်သွားကာ လူတိုင်းဘက်သို့ လှည့်ကြည့်လာသည်။
ထိုအကြည့်တစ်ချက်နဲ့တင် အားလုံး သေခြင်းအငွေ့အသက်ကို ရှူရှိုက်လိုက်မိကြလေ၏။
ခဏကြာပြီးနောက် အဆင့်မြင့်အကြီးအကဲ ပြန်ထလာကာ ဒူးတွင်ပေကျံနေသည့်ဖုန်များကို ခါလိုက်ပြီး၊ “မင်း… မင်းတို့တွေ အစောကငါဘာပြောလဲ ကြားလိုက်ကြလား?”
လူတိုင်း ခေါင်းအမြန်ယမ်းလိုက်ကြသည်။
“မကြားပါဘူး။ မကြားပါဘူး။ ကျွန်တော်တို့အခုလေးတင်ရောက်တာပါ။”
အဆင့်မြင့်အကြီးအကဲကတော့ မယုံကြောင်း နှာခေါင်းရှုံပြလိုက်ကာ၊ “ဘာတွေဟန်ဆောင်နေကြတာလဲ? ငါ့ကိုငတုံးများထင်နေကြလား!”
လူတိုင်း မတတ်သာစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
ထို့နောက် အဆင့်မြင့်အကြီးအကဲကပဲ ဆက်ပြီးပြောလာသည်။ “မင်းတို့ကြားသွားလဲ ဂရုမစိုက်ဘူး။ ဒီနေ့ဖြစ်ခဲ့တာတွေ အပြင်ကို တစ်ခွန်းလောက်ပဲရောက်သွားကြည့် ဒီမှာရှိနေတဲ့လူတိုင်း သေပါစေတော့လို့ တောင်းဆိုရတဲ့အထိ ဖြစ်လာအောင် ငါလုပ်ပစ်နိုင်တယ်။”
လူတိုင်း ထိတ်လန့်ကာ အေးစက်သွားကြတော့သည်။
သူတို့ချက်ချင်း ဒူးထောက်လိုက်ကာ ညီညွတ်စွာဟစ်ကြွေးကြလေသည်။ “အဆင့်မြင့်အကြီးအကဲ စိတ်မပူပါနဲ့။ ကျွန်တော်တို့ သေချာပေါက် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။”
“ကောင်းတယ်။”
အဆင့်မြင့်အကြီးအကဲလဲ ပြောပြီးသည်နှင့် လက်နှစ်ဖက်နောက်ပစ်လို့ ဖနောင့်တစ်ချက်စောင့်ချလိုက်ရာ နေရာမှနေပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ဒီတော့မှပဲ လူတိုင်းသက်ပြင်းမောချနိုင်ကြကာ နဖူးထက်တွင်သီးနေသည့် ချွေးစေးများကို သပ်လိုက်ကြသည်။
လုရှောင်ယန်လဲ အချိန်မဆွဲရဲဘဲ အခင်းအကျင်း၏ဒုတိယအလွှာသို့ ဆက်ပြီးပြေးသွားလေသည်။
အခင်းအကျင်း၏ဒုတိယအလွှာသည်က တိုက်ခိုက်ရေးအခင်းအကျင်းဖြစ်သည်။ အခင်းအကျင်းထဲမှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာကြီးထိုင်လို့နေသည်။ သူ့ကိုယ်သူ တိုက်ခိုက်ရေးအခင်းအကျင်းမှ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ဝိညာဉ်စွမ်းအင်အကာအကွယ်ကို ဖွင့်ထားလေသည်။
ဂိုဏ်းချုပ်၏အဝတ်စားတွေကတော့ နေရာတော်တော်များများ စုတ်ပြဲနေကာ တချို့နေရာများဆို လောင်ကျွမ်းထားကြသည်။ ထိုပုံစံကိုမြင်လိုက်ရုံဖြင့် သူဘယ်လောက်တောင် ဒုက္ခရောက်ထားလဲ ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
လုရှောင်ယန် မြန်မြန်ဆန်ဆန်ပဲ အခင်းအကျင်းကို ရပ်လိုက်သည်။
သတိအနေအထားရှိနေသည့်ဂိုဏ်းချုပ်လဲ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချကာ မျက်လုံးတို့ပွင့်လာခဲ့သည်။
“တော်သေးတာပေါ့၊ နောက်ဆုံးတော့ မင်းပြန်ရောက်ပြီ။”
လုရှောင်ယန် လက်နှစ်ဖက်ကိုယှက်လိုက်ကာ၊ “ဂိုဏ်းချုပ်၊ ဒါ ကျွန်တော့်အပြစ်ပါ။”
“ဒါတွေ နောက်မှပြောကြတာပေါ့။ ငါအခန်းကိုပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ်။ မင်း ပထမအကြီးအကဲကိုသွားကယ်ထုတ်ပြီးရင် လီတောက်ယန်နဲ့အတူ ဂိုဏ်းခန်းမဆောင်ကို အမြန်ဆုံးလာခဲ့။”
“ဟုတ်ကဲ့ပါ။”
သူပြန်ဖြေလိုက်သည်နှင့် ဂိုဏ်းချုပ်လဲ အလျင်အမြန်ထွက်သွားတော့သည်။ လုရှောင်ယန်လဲ မြန်မြန်ဆန်ဆန်ပဲ အခင်းအကျင်း၏တတိယအလွှာသို့ ဆက်သွားလေသည်။ ထိုထဲတွင်တော့ ပထမအကြီးအကဲ၊ အကြီးအကဲဟွမ်းနှင့် တခြားတပည့်ငယ်များ ပိတ်မိလို့နေကြ၏။
လုရှောင်ယန် လက်စည်းတံဆိပ်တစ်ခုဖော်ကာ အခင်းအကျင်း၏စွမ်းအားချက်ကို မြန်မြန်ဆန်ဆန်ဖျက်လိုက်လေသည်။ အဆုံးမှာတော့ လူတိုင်း အသက်ရှူဝဝရှူနိုင်သွားကာ လွတ်လပ်မှုကို နောက်တစ်ကြိမ်ခံစားလိုက်ရသည်။
“အဆင်ပြေသွားပြီပဲ။ ငါ့အရိုးတွေကနေတောင် အသံတွေထွက်နေပြီ။”
ပထမအကြီးအကဲ ပြောရင်း အကြောလျှော့နေကာ လုရှောင်ယန်လဲ ရှေ့တိုးသွားပြီး တောင်းပန်စကားဆိုလိုက်သည်။
“အကြီးအကဲဟွမ်း၊ ပထမအကြီးအကဲ။ အမှားလုပ်မိသွားပါတယ်။ ကျွန်တော် အမှုမဲ့အမှတ်မဲ့ လုပ်မိတာကြောင့်ပါ။”
“ကောင်စုတ်လေး၊ ဒီအခင်းအကျင်းကို မင်းလုပ်တာပေါ့။ မင်း ငါ့ရဲ့ကြင်ဖက်တွေ့ပွဲကို ဖျက်ဆီးလိုက်မိတာ သိရဲ့လား။ လာစမ်း၊ မင်းကိုသေအောင်ဆော်ပစ်မယ်။”
အကြီးအကဲဟွမ်းမှာ အလွန်ဒေါသထွက်နေကာ လုရှောင်ယန်ကိုရိုက်ဖို့ရန် လက်သီးတင်းတင်းဆုပ်ပြီး ရှေ့ကိုပြေးသွားသော်လည်း ပထမအကြီးအကဲက အချိန်မှီတားလိုက်ပေသည်။
“ရပ်လိုက်စမ်း၊ လောင်ဟွမ်း၊ ဒီကိစ္စ ဂိုဏ်းချုပ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့လိုတယ်။ မင်း စိတ်ခံစားချက်အတိုင်း အပြစ်ပေးလို့မရဘူး!”
အကြီးအကဲဟွမ်း အလွန်ဒေါသထွက်နေသော်လည်း ပထမအကြီးအကဲစကားကို နားထောင်ကာ ဘာမှဆက်မလုပ်ခဲ့ပေ။
ထို့ကြောင့် တင်းတင်းဆုပ်လို့ထားသည့် လက်သီးကိုသာ ပြန်ရုတ်လိုက်ပြီး လုရှောင်ယန်ကို ဓားသွားများဖြာထွက်နေသည့်အကြည့်ဖြင့်သာ စိုက်ကြည့်နေတော့သည်။
“မင်းကံကောင်းသွားတယ်မှတ်၊ ဟမ့်! အခုချက်ချင်း ဂိုဏ်းချုပ်ဆီသွားပြီး မင်းတို့ကိုအပြစ်ပေးအောင် ပြောပစ်မယ်။ အကျိုးဆက်ကို ခံနိုင်ဖို့ပြင်ထားလိုက်။”
ပြောပြီးသည်နှင့် အကြီးအကဲဟွမ်း လှည့်ထွက်သွားတော့သည်။
ပထမအကြီးအကဲကတော့ လုရှောင်ယန်ကို အဓိပ္ပါယ်ပါပါကြည့်နေကာ၊ “မင်းနဲ့ လီတောက်ယန်၊ ငါနဲ့ဂိုဏ်းခန်းမထဲလိုက်ခဲ့။”
“ဟုတ်ကဲ့၊ လိုက်ခဲ့ပါ့မယ်၊ ဒါပေမယ့် ကျွန်တော် အခုပဲ တပည့်အသစ်တစ်ယောက် လက်ခံထားတာမို့လို့ ခန်းမကိုမသွားခင် ကျီရွှေ့တောင်ကို အရင်ပြန်ပို့ပေးပါရစေ။”
“ဒါဆိုလဲ မြန်မြန်လိုက်လာခဲ့။”
“ကျေးဇူးပါ၊ ပထမအကြီးအကဲ။”
လုရှောင်ယန် လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ဖုန်းထျန်းယွမ်ကို၊ “ထျန်းယွမ်၊ ငါနဲ့ကျီရွှေ့တောင်ကို မြန်မြန်လိုက်ခဲ့။”
“ဟုတ်ကဲ့ ဆရာ။”
ဆရာတပည့်နှစ်ယောက်သား ကျီရွှေ့တောင်သို့ အမြန်လစ်ကြတော့သည်။ ထိုအခိုက်အတန့်တွင် ယွင်လီကောက ကျင့်ကြံနေကာ ကျီဝူရှားသည်တော့ စာရေးနေလေသည်။
“ဆရာ့ကို နှုတ်ဆက်ပါတယ်။”
လုရှောင်ယန် ပြန်လာသည်ကိုမြင်သည်နှင့် ကျီဝူရှား ချက်ချင်းထွက်လာကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လုရှောင်ယန် လက်ကိုခပ်သာသာယမ်းလိုက်ကာ ကျီဝူရှား ပြန်ထဖို့အတွက် သူ့ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်။
“မင်းရှိနေတာနဲ့အတော်ပဲ။ ထျန်းယွမ်၊ ဒါက မင်းရဲ့ဒုတိယစီနီယာအစ်မ ကျီဝူရှား။ ဝူရှား၊ ဒီဘက်က ငါအခုပဲလက်ခံလာတဲ့ တပည့်သစ်။ နာမည်က ဖုန်းထျန်းယွမ်လို့ခေါ်တယ်။ မင်းရဲ့ ဂျူနီယာမောင်လေးပဲ။”
“ဒါဆို ဒီဘက်က ဂျူနီယာမောင်လေးထျန်းယွမ်ပေါ့။”
“ဂျူနီယာမောင်လေးက စီနီယာအစ်မဝူရှားကို နှုတ်ဆက်ပါတယ်။”
နှစ်ယောက်သားအချင်းချင်းနှုတ်ဆက်လိုက်ပြီးနောက် လုရှောင်ယန်က ဆက်ပြောလာသည်။ “အတိုချုံးပဲပြောလိုက်တော့မယ်။ ဒီတစ်ခေါက်တော့ ငါပြစ်ဒဏ်ကြီးကြီး အပေးခံရလောက်တယ်။ တောင်အနောက်ဖက်က တားမြစ်နယ်မြေထဲမှာတောင် ကိုယ့်အပြစ်ကိုပြန်သုံးသပ်ခိုင်းလောက်ဖို့ များတယ်။ ဒီတော့ လောလောဆယ် ငါပြန်လာနိုင်လောက်ဦးမှာမဟုတ်ဘူး။ မင်းတို့ကိစ္စရှိရင် ငါ့ကို ဂိုဏ်းရဲ့တောင်အနောက်ဖက်မှာ လာရှာကြ။ မဟုတ်ရင်တော့ ငါသင်ပေးထားတာတွေကို သေချာပြန်လုပ်နေပြီး ကျီရွှေ့တောင်က မခွာကြနဲ့။”
တပည့်နှစ်ယောက်လုံး အလွန်အံ့ဩသွားကြလေသည်။
“ဆရာ၊ ကိစ္စက အဲ့လောက်ပြင်းထန်တာလား?”
လုရှောင်ယန် ခါးခါးသီးသီးပြုံးလိုက်၏။
“ဒီလောက် ဂိုဏ်းတစ်ခုလုံးရှုပ်ထွေးသွားအောင် လုပ်ပြီးမှတော့ သူတို့တွေ ငါ့ကိုလွယ်လွယ်လွှတ်ပေးလိမ့်မယ် မထင်ဘူး။ အခင်းအကျင်းပြင်တာမှာ ငါကအဓိကတာဝန်ယူထားတဲ့လူပဲလေ။ ပြင်ပြီးသွားတဲ့အချိန် ငါကိုယ်တိုင် သတင်းသွားမပို့ပဲ ကိုယ့်တာဝန်ကို လျစ်လျူရှုပြီး အာကေရှားဂိုဏ်းကိုထွက်သွားလို့ ဂိုဏ်းရဲ့ထိပ်တန်းအကြီးအကဲတွေကို မျက်နှာပျက်အောင် လုပ်မိသွားတယ်။ မင်းတို့တွေ ဘယ်လိုပဲထင်ထင် ငါကတော့ သေချာပေါက် အပြစ်ပေးခံရမှာပဲ။”
သေချာပေါက် ကျင့်ကြံဆင့်အရဆိုလျှင် ဂိုဏ်းချုပ်ကိုရော အဆင့်မြင့်အကြီးအကဲကိုပါ သူလုံးဝမကြောက်ပေ။ တကယ်တော့ သူတို့နှစ်ယောက်ပေါင်းပြီး သူ့ကိုတိုက်ခိုက်လာလျှင်တောင်မှ သူကြောက်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း လုရှောင်ယန်က သူ့ခွန်အားအစစ်အမှန်ကို လွယ်လင့်တကူ ထုတ်မပြလိုပေ။ ဆယ်နှစ်ဆိုသည့်အချိန်တိုလေးအတွင်း အာကာပြင်ပြိုကွဲခြင်းအဆင့်သို့ရောက်သွားကြောင်း သတင်းသာပြန့်သွားပါက သူ့ကိုလူဘယ်နှယောက်တောင် အမဲဖြတ်သလို လိုချင်လိုက်ကြမလဲ ဘယ်သူသိမှာလဲ?
ရှေးစကားအရဆို ကိုင်းပြင်ထွက်နားတဲ့ငှက်က မုဆိုးပစ်တာခံရတယ်တဲ့လေ။
ဒါကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲမှာ အရင်အတိုင်းဆက်နေနိုင်ဖို့ လောလောဆယ် သူ့ခွန်အားအစစ်အမှန်ကို ဆက်ပြီးဖုံးကွယ်ထားဖို့ စိတ်ဆုံးဖြတ်ထားပေသည်။
ထို့နောက် လုရှောင်ယန် လက်မြှောက်လိုက်ကာ ဖုန်းထျန်းယွမ်၏မျက်ခုံးအစုံကြားသို့ ထိလိုက်ပြီး ဖျက်ဆီး၍မရနိုင်သော ရွှေခန္ဓာကျင့်စဉ်ကို လွှဲပြောင်းပေးလိုက်သည်။
“ထျန်းယွမ်၊ ငါတကယ်လို့ တားမြစ်နယ်မြေထဲရောက်သွားရင် မင်းကို ကျင့်ကြံခြင်းနည်းစနစ်မပေးလိုက်ရဘဲ မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်း နှောင့်နှေးသွားမှာစိုးတယ်။ ဒါကြောင့် အရင်ဆုံး မင်းကို ကျင့်ကြံခြင်းနည်းစနစ်ကိုပဲ ပေးထားလိုက်မယ်။ မင်း ဒါကို ဝီရိယရှိရှိကျင့်နေ အချောင်မခိုနဲ့ ကြားလား။”
“ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်နားလည်ပါပြီ။”
ဖုန်းထျန်းယွမ် သာမာန်ကာလျှံကာသာဖြေလိုက်ပြီး သူ့ကိုပေးလိုက်သည့် ကျင့်ကြံခြင်းနည်းစနစ်အကြောင်း ဝင်မကြည့်ခဲ့ပေ။
ရှေးဟောင်းလူဝံမျိုးနွယ်စုသခင်လေးတစ်ယောက်ဖြစ်တာကြောင့် သူတို့ရှေးဟောင်းလူဝံမျိုးနွယ်၏ အကောင်းဆုံးသော ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့ရသည်။ ၎င်းသည် ပြိုင်ဘက်ကင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ကာ ကောင်းကင်ဘုံ ထိပ်တန်းအဆင့်အထက်တွင်ရှိပြီး သူတော်စင်အဆင့်တစ်ပိုင်းပင် ရောက်နေပြီဖြစ်သည်။ ထိုကျင့်စဉ်သည် အလွန်တရာရှားပါးတာကြောင့် လုရှောင်ယန် သူ့ကိုပေးလာသည့် ကျင့်ကြံခြင်းနည်းစနစ်နဲ့ ဘယ်လိုလုပ်များ ယှဉ်လို့ရပါ့မလဲ?
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် - ၂
အခန်း ၂၅ စီနီယာအစ်မ၏လျှို့ဝှက်ချက်
လောလောဆယ်အတွက်တော့ ဖုန်းထျန်းယွမ်သည် တိတ်ဆိတ်အေးချမ်းကာ စိတ်အေးလက်အေးကျင့်ကြံလို့ရနိုင်မည့် နေရာတစ်ခုကိုသာလိုချင်ပြီး လက်စားပြန်ချေနိုင်မည့်အခွင့်အရေးကို စောင့်လိုသည်။
လုရှောင်ယန် ကျင့်ကြံနည်းစနစ်ကို ကူးပြောင်းပေးလိုက်ပြီးနောက်မှာတော့၊ “ဝူရှား၊ မင်းရဲ့ဂျူနီယာမောင်လေးကို ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကျီရွှေ့တောင်ရဲ့စည်းမျဉ်းတွေအကြောင်း ရှင်းပြပေးဖို့ တာဝန်ယူလိုက်။ ဆရာ မရှိတုန်း မင်းတတ်နိုင်သလောက် မင်းဂျူနီယာမောင်လေးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို လမ်းပြပေးထား။”
“ဟုတ်ကဲ့ပါ၊ ဆရာ!”
“ကောင်းပြီ၊ ဒီတော့ မင်းတို့တွေ စကားအရင်ပြောလိုက်ကြဦး။ ငါလဲ ခန်းမဆောင်ကိုသွားလိုက်ဦးမယ်။”
“ဆရာ ဖြည်းဖြည်းသွားပါ။”
လုရှောင်ယန် ကျီရွှေ့တောင်မှ မြန်မြန်ဆန်ဆန်ထွက်လာပြီး ဂိုဏ်းခန်းမသို့သွားလိုက်သည်။
လုရှောင်ယန်ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို ကျီဝူရှားက ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကျီရွှေ့တောင်၏စည်းမျဉ်းများအကြောင်း ဖုန်းထျန်းယွမ်ကိုပြောပြလာသည်။
‘သိက္ခာမဲ့ခြင်း’အကြောင်း သီအိုရီကိုနားထောင်လိုက်ရရာတွင် ဖုန်းထျန်းယွမ်ကတော့ အံ့ဩမသွားတော့ပေ။
ဒီလိုစည်းကမ်းချက်မျိုးက လုရှောင်ယန်လို ဆရာသခင်တစ်ယောက်ဆီကနေ ထွက်လာခြင်းဆိုသည်က သူ့အတွက်တော့ လုံးဝအံ့ဩစရာမရှိတော့ပေ။
သူ့ဆရာရဲ့နည်းလမ်းတွေအကြောင်းကို သူက မျက်မြင်ကိုယ်တွေ့ နားလည်သဘောပေါက်ထားပြီးပြီ မဟုတ်လား။
သို့ပေမည့် ကျီဝူရှား စည်းကမ်းချက်တွေ ရှင်းပြလို့ပြီးချိန်လေးမှာပဲ ရုတ်တရက်ဆိုသလို ယွင်လီကောအခန်းထဲမှ အသံကျယ်ကြီးတစ်ခုထွက်လာကာ အော်ရာများပရမ်းပတာဖြစ်လာသည်။
ရုတ်တရက်အခြေအနေကြောင့် ကျီဝူရှား မှင်သက်သွားကာ အမူအရာသည်လဲ အနည်းငယ်ပြောင်းလဲလို့သွားတော့သည်။
“ဒီပရမ်းပတာအော်ရာတွေက ဘာဖြစ်တာလဲ? မကောင်းတော့ဘူး၊ စီနီယာအစ်ကိုကြီးကျင့်ကြံတာမှာ တစ်ခုခုမှားသွားလို့ ချီကစဉ့်ကလျားဖြစ်ကုန်တာများလားပဲ? ထျန်းယွမ် ဒီမှာနေခဲ့ဦး။ ငါ စီနီယာအစ်ကိုကြီးကို သွားကြည့်လိုက်ဦးမယ်။”
“ဟုတ်ကဲ့။”
ကျီဝူရှား အလျင်အမြန်ထွက်သွားကာ ဖုန်းထျမ်းယွမ်ကတော့ ပတ်ဝန်းကျင်အသစ်နှင့်ပတ်သတ်လို့ လိုက်လံစူးစမ်းနေခဲ့သည်။
စီနီယာအစ်မ၏အခန်းသည် ခန်းနားသည့်အဆင်တန်ဆာများဖြင့် ပြင်ဆင်ထားခြင်းမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းပုံစံသာ ဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်၏အခန်းအပြင်အဆင်နှင့် တူနေတုန်းဖြစ်ကာ သန့်ရှင်းသပ်ရပ်လို့နေသည်။ ကြည့်လိုက်ရုံဖြင့် မျက်လုံးထဲအေးချမ်းသွားစေသည့် ခံစားချက်မျိုးပင်။
“အာ… ဒါဘာပါလိမ့်?”
ရုတ်တရက် ဖုန်းထျန်းယွမ်၏အာရုံကာ ကျီဝူရှား၏စားပွဲပေါ်က စာအုပ်ငယ်လေးတစ်ခုထံသို့ အလျင်အမြန်ရောက်ရှိလို့သွားသည်။
သူအနားသို့တိုးသွားလိုက်ပြီးနောက် စာအုပ်အဖုံးပေါ်က စာသားများကိုမြင်ပြီး မပြုံးဘဲမနေနိုင်ခဲ့ပေ။
“စီနီယာအစ်မကျီက ဒီလိုမှတ်စုရေးရတာကြိုက်လိမ့်မယ်လို့ မထင်ထားဘူး။”
ဖုန်းထျန်းယွမ် သိချင်စိတ်ဖြင့် မှတ်စုစာအုပ်၏ပထမစာမျက်နှာကို လှန်ကြည့်လိုက်သည်။
ပထမဆုံးစာမျက်နှာမှာတော့ အစောကတင် ကျီဝူရှား ရှင်းပြခဲ့သည့် ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကျီရွှေ့တောင်၏စည်းမျဉ်းများအကြောင်းကို ချရေးလို့ထား၏။
ဖုန်းထျန်းယွမ် သိပြီးသားတွေဖြစ်နေတာကြောင့် တစ်ချက်လောက်သာမာန်ကာလျှံကာကြည့်ပြီး နောက်တစ်ရွက်ကိုလှန်လိုက်သည်။
“အာ?”
ဒုတိယစာရွက်တွင်တော့ ပိုမိုများပြားလှသည့်အကြောင်းအရာများကို ရေးမှတ်ထားသည်။ ထိုထဲတွင် ယွင်လီကော၏ကျင့်ကြံဆင့်အကြောင်းပါဝင်ပြီး စိတ်ဝိညာဉ်ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးပြီဖြစ်ကြောင်း သိလိုက်ရသည်။ မှတ်စုထဲတွင် ကျီဝူရှား၏လက်ရှိကျင့်ကြံဆင့်က စိတ်ဝိညာဉ်စတုတ္ထအဆင့်သို့ရောက်နေပြီဖြစ်ကြောင်းကိုလဲ ထည့်ရေးထားသည်။ ထို့အပြင် သူတို့နှစ်ဦး ကျင့်ကြံခဲ့သည့်အချိန်မှတ်တမ်းကိုလဲ မှတ်ထားသေးသည်။
“သူတို့နှစ်ယောက်ရဲ့ တိုးတက်နှုန်းက နည်းနည်းမြန်မနေဘူးလား? တွက်ကြည့်လိုက်ရင် သူတို့ တစ်လကို အဆင့်သေးတစ်ဆင့်နှုန်းနဲ့ တက်နေကြတာပဲ။ အဆင့်သေးတစ်ဆင့်လေးပဲဆိုပေမယ့် စိတ်ဝိညာဉ်အဆင့်က အဆင့်သေးဖြစ်နေတုန်းပဲလေ။ ကျင့်ကြံခြင်းလမ်းစဉ်အစရဲ့ စိတ်ခန္ဓာသန့်စင်ခြင်းအဆင့်က အဆင့်သေးလေးမှမဟုတ်တာ။”
“ပြန်တွေးကြည့်ရရင် ငါစိတ်ဝိညာဉ်အဆင့်ကိုကျင့်တုန်းကတောင် နှစ်လလောက်နေမှ အဆင့်သေးတစ်ဆင့်ပဲတက်နိုင်ခဲ့တယ်။ ဒါတောင် ငါ့အဖေရဲ့အကူအညီရော ငါ့ခန္ဓာကိုယ်ကိုအားဖြည့်ပေးမယ့် တန်ဖိုးကြီး ဆေးဖက်ဝင်ပစ္စည်းတွေအများကြီး သုံးထားလို့သာ …… ငါသေလောက်အောင်အပြင်းအထန် ကြိုးစားခဲ့တာတွေကို ထည့်မတွက်နဲ့ဦး…. ငါ့ကလန်ကလူတွေဆို ဒီလိုအဆင့်ကိုရောက်တာတောင် အသက်အရွယ်ကြောင့် တောင့်မခံနိုင်ဘဲ သေဆုံးသွားကြရသေးတယ်။ ဒါပေမယ့် သူတို့တွေကတော့ တကယ်ပဲ တစ်လကိုအဆင့်သေးတစ်ဆင့်နှုန်း တက်နေနိုင်ကြတာပဲ။ ဒီအရှိန်နှုန်းက အရမ်းမြန်လွန်းအားကြီးတယ်။”
ထို့နောက်မှာတော့ ဖုန်းထျန်းယွမ် တတိယစာရွက်ကို လှန်လိုက်သည်။ စာအုပ်ထဲတွင် ရေးမှတ်ထားသည့်အကြောင်းအရာများကို မြင်လိုက်ချိန်မှာတော့ ဖုန်းထျန်းယွမ်၏မျက်လုံးတို့ ပြူးကျယ်ကုန်ကြကာ တစ်ကိုယ်လုံးရှိ အမွေးတွေပါ ထောင်ထသွားသလို ခံစားလိုက်ရသည်။
ဖုန်းထျန်းယွမ် တံတွေးပင် မြိုချမိသွားလေသည်။
သူ့ရဲ့စီနီယာအစ်ကိုကြီးက သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်ဖြစ်တဲ့ - ရှေးဟောင်းဧကရာဇ်ကျမ်းကို ကျင့်ကြံနေတာတဲ့လား!
ဒါတင်မကဘူး ကျီဝူရှားကလဲ သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်ဖြစ်တဲ့ - စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကို ကျင့်နေပြန်တယ်!
“ရယ်စရာတွေ လာလုပ်နေကြတာလား? ဘယ်လိုလုပ် သူတို့မှာ သိုင်းဘုရင်အဆင့်ကျင့်စဉ်မျိုး ရှိနိုင်မှာတဲ့လဲ? ပြီးတော့ ရိုးရိုးတောင်မဟုတ်ဘူး ထိပ်တန်းတောင်! မဖြစ်နိုင်ဘူး၊ ဘယ်လိုမှမဖြစ်နိုင်ဘူး!”
ဖုန်းထျန်းယွမ် မယုံကြည်နိုင်စွာ ခေါင်းကိုထပ်ခါတလဲလဲ ခါနေတော့သည်။
သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်မပြောနဲ့ဦး သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းနစ်တစ်အုပ် ဆိုသည်ကပင် ရှာမရှားသည် အဖိုးတန်ကျင့်စဉ်မျိုးပင်!
ဘယ်လိုမှ ယုံချင်စရာမကောင်းဘူး!
တိုက်ကြီးတစ်ခုလုံးမှာတောင်မှ တော်ဝင်မိသားစု ဒါမှမဟုတ် ရှေးဟောင်းထိပ်တန်းမိသားစုမှာသာ ဒီလိုအဆင့်မျိုးရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်မျိုးတစ်အုပ်လောက်ရှိနိုင်တာ။ ပြောရရင် ကောင်းကင်နတ်ဆိုးဂိုဏ်းလို ဂိုစ်းအသေးလေးက ဂိုဏ်းချုပ်တောင်မှ စိတ်ဝိညာဉ် အဆင့်နိမ့်ကျင့်စဉ်မျိုးပဲ ကျင့်ကြံနိုင်တာလေ။
ဒါက သက်သက်မဲ့ သိုင်းဘုရင်အဆင့်ကျင့်စဉ်မျိုးလိုချင်လို့ ရူးနှမ်းတဲ့စိတ်ကူးယဉ်အိပ်မက်တွေကို ချရေးထားတာလောက်ပဲ။
“အဲ့လိုလဲ မဟုတ်သေးပါဘူး။ သူတို့ကျင့်ကြံတဲ့နှုန်းက အရမ်းမြန်တာ။ သာမာန်ကျင့်စဉ်မျိုးကတော့ သူတို့ကိုဒီလောက်မြန်အောင် တွန်းပို့ပေးနိုင်မှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား?”
ဖုန်းထျန်းယွမ် အသိပြန်ကပ်လာသည်နှင့် သူ့နှလုံးသားက ရုတ်တရက် ဒုန်းစိုင်းခုန်လှုပ်လာတော့သည်။
ဂလု!
ဖုန်းထျန်းယွမ် ပါးစပ်ထဲပြည့်လို့နေသည့် တံတွေးတွေကို ပြန်မြိုချရင်း သူ့ဆရာပေးပို့ခဲ့သည့် ကျင့်စဉ်ကို ဂရုတစိုက် အာရုံခံကြည့်လိုက်လေသည်။
ဒါပေါ့ ထိုကျင့်စဉ်နှင့် အသိစိတ်တို့ ချိတ်ဆက်မိသွားသည်နှင့် ချက်ချင်းတုန်လှုပ်အံ့ဩသွားတော့သည်။
ထိုကျင့်စဉ်ကိုဖတ်လိုက်သည်နှင့် သူ့ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအားတို့က အလွန်မြန်ဆန်ပြီး အားအင်အပြည့်ဖြင့် လှည့်ပတ်လာတော့သည်။ တကယ်ပဲ သိုင်းဘုရင်အဆင့်ထက်မြင့်တဲ့ကျင့်စဉ်မျိုးဖြစ်နေတာလား?
“ဘုရားရေ၊ ဆရာက ငါ့ကိုတကယ်ကြီး သိုင်းဘုရင်အဆင့်ကျင့်စဉ်ပေးလိုက်တာလား? ငါ အိပ်မက်များမက်နေတာလား? တကယ်ကြီး အိပ်မက်ဖြစ်နေတာလား?”
ဖြန်း!
ဖုန်းထျန်းယွမ် မယုံနိုင်စွာဖြင့် သူ့ပါးသူပြန်ရိုက်လိုက်သည်။
“အ! နာတာပဲ။”
ဖုန်းထျန်းယွမ် နာကျင်မှုကိုခံစားလိုက်ရသော်လည်း ထိုနာကျင်မှုအပေါ် အာရုံမရောက်နိုင်ပဲ အပျော်လွန်နေလေသည်။
“ဟ-ဟ-ဟ-ဟ-ဟ….!”
တကယ်အစစ်ပဲ၊ တကယ်ကိုအစစ်ပဲ။ သူအိပ်မက်မက်နေတာမဟုတ်ဘူး။ တကယ်ကို သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်ရလိုက်တာပဲ!
ဒါဘယ်လိုမှ စိတ်ကူးတောင်မယဉ်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးပဲ၊ ငါတကယ် အခွင့်ကောင်းကြီးကို ဖမ်းဆုပ်လိုက်မိတာပဲ!
“ဒါနဲ့… တခြားလျှို့ဝှက်ချက်တွေရော ရှိဦးမလား သိချင်လာပြီ။”
ဖုန်းထျန်းယွမ် မြန်မြန်ဆန်ဆန်ပဲ စာအုပ်၏နောက်တစ်ရွက်ကို လှန်လိုက်ပြန်သည်။
ထိုစာမျက်နှာကိုမြင်လိုက်ရချိန်မှာတော့ အံ့ဩထိတ်လန့်လွန်းလို့ နောက်ပက်လက်ပင် လန်ကျတော့မလိုဖြစ်သွားရ၏။
ကျီဝူရှားဖော်ပြထားချက်အရ သူတို့ဆရာသခင်၏ကျင့်ကြံဆင့်သည် အနည်းဆုံး သိုင်းဘုရင်အဆင့်ထိပ်ဆုံးသို့ရောက်နေသည်ဟုပင်!
“ဆရာ့ရဲ့ ကျင့်ကြံဆင့်က…. အနည်းဆုံးတောင် သိုင်းဘုရင်အဆင့်ထိပ်ဆုံး!”
ဖုန်းထျန်းယွမ် ကျောက်ရုပ်ပမာ ငြိမ်သက်သွားလေသည်။
သူ့ဆရာက တကယ်ပဲ သိုင်းဘုရင်အဆင့်ဆရာကြီးတစ်ယောက်ဖြစ်နေတာလား?
တစ်ခုခုများမှားနေလား?
သိုင်းဘုရင်အဆင့်ကြီးလေ!
ဒီလိုအဆင့်မျိုးဆိုတာ ဒဏ္ဍာရီဆန်တဲ့ဖြစ်တည်မှုမျိုးပဲ!
ဒီကျင့်ကြံခြင်းလောကထဲမှာ ထိပ်တန်းပဲ!
ကြီးမြတ်သောကျိုးတော်ဝင်မိသားစုကြီးတစ်ခုလုံးမှာတောင်မှ သိုင်းဘုရင်အဆင့်ရောက်နေတဲ့လူ တစ်ယောက်လေးတောင် ရှိတာမဟုတ်ဘူး!
အခုတော့ သူ့ဆရာက အဲ့လိုဒဏ္ဍာရီအဆင့်မျိုးရောက်နေတယ်တဲ့လေ။
ဖုန်းထျန်းယွမ်တစ်ယောက် သူ့အတိတ်ဘဝတုန်းက ဘယ်လိုကောင်းမှုကြီးမျိုးလုပ်ခဲ့မိလို့ အခုဘဝမှာ ဒီလောက်ကံကောင်းနေရလဲ သိချင်လာမိသည်။
ထိုအချိန်လေးမှာပဲ ဖုန်းထျန်းယွမ်၏နှလုံးသားထဲ လုရှောင်ယန်ကို လေးစားကြည်ညိုစိတ်တို့ ပြည့်လျှမ်းလာကာ တခြားအတွေးတွေအားလုံး ပျောက်ကွယ်သွားတော့သည်။
ထို့နောက် ကျီဝူရှား၏မှတ်စုစာအုပ်ကို ယခင်အတိုင်းပြန်ပိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလို့ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
သိုင်းဘုရင်အဆင့်ဆရာကြီး၏ တပည့်ဖြစ်လာတဲ့အပြင် သိုင်းဘုရင်ထိပ်တန်းအဆင့်ကျင့်စဉ်တစ်ခုကိုတောင် ရရှိခဲ့သေးသည်….
ဒီလိုမျိုး ကောင်းကင်ကိုတောင် ကိုင်လှုပ်နိုင်တဲ့အခွင့်အရေးကြီးမျိုးကို သူဘယ်လိုလုပ် ဖြုန်းတီးနိုင်ရမှာလဲ?
ဒီနေ့ကစပြီး သူကျင့်ကြံခြင်းကိုပဲ တစိုက်မတ်မတ်ကျင့်ကြံပြီး သူ့ဆရာကို စိတ်မပျက်သွားစေဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ကျီဝူရှား ပြုံးနေကာ ပြန်လာပေပြီ။ ဖုန်းထျမ်းယွမ်နားသို့မရောက်သေးခင်မှာပဲ စကားပြောလာခဲ့သည်။
“ငါ့ကိုလန့်သေအောင် လုပ်လိုက်တာပဲ။ ငါ့မှာ စီနီယာအစ်ကိုကြီး ရူးသွားပြီလို့ထင်လိုက်တာ။ တကယ်တမ်း သူက ကျင့်ကြံခြင်းနည်းစနစ်ရဲ့ အနှစ်သာရကိုနားလည်ပြီး ကျင့်ကြံဆင့်တွေ ရုတ်တရက် ထမြင့်သွားတာတဲ့လေ။”
သူမပြောနေရင်းမှ ဖုန်းထျန်းယွမ်ကြောင့် တန့်သွားလေသည်။
အကြောင်းကတော့ ဖုန်းထျန်းယွမ် ယောင်ကိုင်းနေသည့်မျက်နှာနှင့် လက်ငါးချောင်းရာကြီးကိုမြင်လိုက်ရတာကြောင့်ပင်။ “ဂျူနီယာမောင်လေးထျန်းယွမ်၊ နင့်မျက်နှာက ဘယ်လိုဖြစ်သွားတာတုန်း?”
ဖုန်းထျန်းယွမ် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ၊ “ဒါဘာမှအရေးမကြီးပါဘူး။ အဓိကက ကျွန်တော် ကိုယ့်ပန်းတိုင်ကိုယ် တွေ့ရှိသွားတာပဲ။ ကျွန်တော် သွားပြီး ကျင့်ကြံလိုက်ပါဦးမယ်။ စီနီယာအစ်မ ဘာကိစ္စမှမရှိရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့။”
“အိုး… ကောင်းပြီလေ။ ဒါဆို မင်းအိမ်လိုလား? ငါနဲ့ မင်းစီနီယာအစ်ကိုကြီးတို့ မင်းအတွက် ကူဆောက်ပေးမယ်လေ။ လက်ဆောင်အနေနဲ့ပေါ့။”
“မလိုပါဘူး။ ကျင့်ကြံသူတွေအနေနဲ့ ကမ္ဘာလောကကြီးကို အိမ်အဖြစ်သတ်မှတ်ပြီး စိတ်ဝိညာဉ်စွမ်းအားတွေကိုသာ ကျယ်ပြန့်လာအောင် ကြိုးစားသင့်ပါတယ်။”
“အိမ်ဆိုတာက ကျွန်တော့်ရဲ့ကျင့်ကြံနှုန်းအတွက် အဟန့်အတားတစ်ခုသာသာပါပဲ….”