လုရှောင်ယန်တစ်ယောက် ကျင့်ကြံခြင်းကမ္ဘာသို့ ကူးပြောင်းလာပြီးနောက်ပိုင်း သူ့ရဲ့အမှိုက်စနစ်သည် တစ်ကြိမ်တစ်ခါမှ အသက်ဝင်မလာခဲ့ပေ။ ကူကယ်မည့်သူလဲ မရှိလေရာ နောက်ဆုံးမှာတော့ လုရှောင်ယန်လဲ သိုသိုသိပ်သိပ်နေ၍ ကိုယ့်အားကိုယ်ကိုးလို့ ကျင့်ကြံခြင်းအဆင့်မြင့်အောင် ကြိုးစားကျင့်ကြံရတော့သည်။ သို့သော်လည်း ထိုအခြေအနေလေးသည် လုရှောင်ယန်တစ်ယောက် ဂိုဏ်းထဲတွင် အသန်မာဆုံးဖြစ်တည်မှုသို့ မရောက်ခင်အထိသာ ခံခဲ့လေသည်။ ထိုအချိန်မှာပဲ တစ်ချိန်လုံး သေနေခဲ့သည့် အမှိုက်စနစ်သည် ပြန်အသက်ဝင်လာခဲ့တော့သည်။ မမျှော်လင့်ထားသည်က ထိုစနစ်သည် တပည့်များလက်ခံကာ သူတို့၏ ကျင့်ကြံမှုကို ကူညီသင်ပြပေးကာမှ သူ့ကိုယ်ပိုင်ကျင့်ကြံရေးအဆင့် မြင့်တက်လာစေမည့် စနစ်တစ်ခုဖြစ်နေခြင်းပင်။ အခုသူလုပ်ဖို့လိုနေတာက ပထမဆုံးတပည့်လက်ခံဖို့ပဲ!

