← Chapters

အခန်း (၉၆-၁၀၀)

Vol. 7 Ch. 96-100

အခန်း (၉၆-၁၀၀)

Vol. 7 Ch. 96-100

စာစဉ် ၇။ အခန်း ၉၆ ငါမင်း လက်စားချေဖို့ကူညီပေးမယ်

“ဟေး မင်းအဆင်ပြေရဲ့လား?"

ယွင်လီကော ထိုင်ချလိုက်ပြီး လီချန်းရှန်၏ မျက်နှာကို ပုတ်လိုက်သည်။ သို့သော်လည်း လီချန်းရှန်က မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။

သူသေခါနီးနေပြီ။

ဓားအရိုးနှင့် ကျင့်ကြံမှု ဆုံးရှုံးပြီးနောက်၊ သူသည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် တစ်ချိန်က ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ခံထားရပြီး အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူဖြစ်နေပြီဟူသောအချက်ကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးခဲ့တာကြာပြီဖြစ်သည်။

သို့တိုင်အောင် အချိန်အတော်ကြာ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရသော သူသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လုံးလုံးလျားလျား သေဆုံးသွားတော့မည် ဖြစ်သည်။ "သူ့ကို ဆေးတစ်လုံး ပေးလိုက်။"

ဖုန်းထျန်းယွမ်သည် အနာကျက်ဆေး တစ်လုံးကို ထုတ်ပြီး လီချန်းရှန်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ဆေးလုံးသည် ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး ဒဏ်ရာများကို ပြုပြင်ပေးသည့် ချိုမြိန်သော စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် လီချန်းရှန်သည် သူတို့နှစ်ယောက်ကို ငေးကြည့်ရင်း ဘာမှမထူးခြားတဲ့အမူအရာနဲ့ ပြောလိုက်သည်။

"ဘာလို့... မင်းတို့ ငါ့ကို ကယ်ခဲ့တာလဲ?"

ယွင်လီကောက ပြုံးပြီး ပြောသည် ။

“မင်းကို ကယ်တင်ချင်တဲ့သူက တကယ်တော့ ငါတို့မဟုတ်ဘူး။ အတိအကျပြောရမယ်ဆိုရင် အဲ့ဒါ ငါတို့ရဲ့ဆရာပဲ”

"ဆရာ .."

လီချန်းရှန်၏ မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးမှုမှာ ထင်ရှားနေသည်။

သူအတော်လေး ပဟေဠိဖြစ်သွားသည်။

ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းတွင် ရပ်နေသော ဝတ်ရုံအနက်ရောင်နှင့် အမျိုးသားသည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့၏ နောက်သို့ ရောက်ရှိလာသည်။

" အဆွေ ကျင့်ကြံသူတွေ ၊ မင်းတို့က နည်းနည်းတော့ စပ်စုလွန်းမနေဘူးလား?" ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ မျက်လုံးများကို မှိတ်ထားလိုက်သည်။

တစ်ဖက်က သူ၏ အသွင်အပြင်ကို မဖော်ပြသော်လည်း ဝတ်ရုံနက်ဝတ်ထားသူ၏ ကျင့်ကြံဆင့်မှာ မနိမ့်ကျကြောင်း ၎င်းတို့နှစ်ဦးလုံး နားလည်နိုင်သည်။

အနည်းဆုံးတော့ ထိုသူက သူတို့နှစ်ယောက်ထက် အများကြီး ပိုသန်မာသည်။

သူတို့နှစ်ဦးသည် စိတ်ဝိညာဉ်သန့်စင်ခြင်း ကျွမ်းကျင်သူများဖြစ်နေပြီဆိုသော်လည်း တစ်ဖက်သူ၏ ကျင့်ကြံဆင့်သည်တော့ အာကာပြင်ပြိုကွဲခြင်းအဆင့်တောင် မဟုတ်သည်မှာ သေချာသည်။ သူသည် ဖန်ဆင်းခြင်းနယ်ပယ်ထက် မြင့်နိုင်ဖွယ်ရှိသည်။

"မင်း...ဘယ်သူလဲ..."

ဝတ်ရုံအနက်ရောင် အမျိုးသားက သူ၏လက်ကို နောက်ပစ်ကာ တည်ငြိမ်သောအကြည့်ဖြင့် “ငါက မင်းတို့နှစ်ယောက်ကို ပြောစရာ မလိုဘူး။ ဒါပေမယ့် မင်းတို့နှစ်ယောက် ဒီကိစ္စကို လက်လွှတ်စပယ် ဝင်မစွက်ဖက်ဖို့ ငါမျှော်လင့်တယ်။"

ယွင်လီကောက အေးစက်စွာ ပြုံးလိုက်သည်။

"ငါတို့က ဘာလို့မင်းစကားနားထောင်ရမှာလဲ? မင်း ငါတို့ကို ပါးစပ်ပိတ်ဖို့ ပြောနေတာလား?"

အနက်ရောင်ဝတ်လူက ခေါင်းယမ်းလိုက်ပြီး သူ၏ လက်ကို အောက်ချလိုက်သည်။

"အစကတော့ ငါမင်းတို့နှစ်ယောက်ကို မတိုက်ခိုက်ချင်ဘူး။ ကံမကောင်းစွာပဲ၊ မင်းတို့နှစ်ယောက်က ငါ့အကြံဉာဏ်ကို လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်ကြနဲ့။"

သူစကားပြောပြီးသည်နှင့် သူ၏လက်ထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းလုံးများ ဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။

ရှင်းနေသည်မှာ၊ သူသည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ကို တိုက်ခိုက်တော့မည်ဖြစ်သည်။

သို့သော် ..

သူ တိုက်ရန် ပြင်နေစဉ် လက်အကြီးကြီးတစ်ခုက သူ၏ပခုံးကို ရုတ်တရက် ပုတ်လိုက်သည်။

"ဟမ်..."

ဝတ်ရုံအနက်ရောင်ဝတ် အမျိုးသားသည် မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်ကာ တစ်ဖက်ကို တိုက်ခိုက်လုဆဲဆဲတွင် ကြီးမားသောလက်သည် နှလုံးခုန်မြန်စေသည့် အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထို့နောက် ချက်ချင်းပင် သူ့ကို အခြားနေရာသို့ ဆွဲခေါ်သွားသည်။

ထိုနေရာတွင် တောင်များနှင့် မြစ်များရှိပြီး ငှက်များနှင့် ပန်းများ ရှိသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်ရှိ သုခဘုံကဲ့သို့ပင်။

သို့သော်၊ ဤသည်မှာ မဟာကျိုးနန်းမြို့တော် သို့မဟုတ် မြို့တော်ပတ်ပတ်လည် ရှုခင်းသာနေရာများ မဟုတ်သည်ကတော့ သေချာသည်။

သူ မတုံ့ပြန်နိုင်ခင်တွင် အလွန်ပြင်းထန်သည့် အရှိန်အဝါတစ်ခုက သူ၏အပေါ်ကို လျင်မြန်စွာ ဖိနှိပ်လာသည်။

အုန်း..

ဖွီ...

ခုခံကာကွယ်ဖို့ အခွင့်အရေးတောင်မရပဲ မရေမတွက်နိုင်သည့် ရယ်စရာကောင်းလောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုတွေက နေရာပေါင်းစုံကနေ လာပြီး သူ့ကို တိုက်ခိုက်တော့သည်။

သူ ဘယ်လောက်ပဲ ပြန်ခုခံချင်နေပါစေ ခုခံနိုင်စွမ်းတော့မရှိပေ။

တစ်ဖက်သား၏ အရှိန်အဝါက အားကောင်းလွန်းသည်... တစ်ဖက်သား၏ ကျင့်ကြံဆင့်သည် သူ၏ကျင့်ကြံဆင့်ထက် များစွာသာလွန်နေသည်။

သူ အခုလေးတင် ဖွဲ့စည်းထားသည့် သူ၏ ခံစစ်အတားအဆီးသည် အညှာအတာမဲ့စွာ တိုက်ရိုက်ကွဲသွားသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ပင် အပိုင်းပိုင်းကွဲသွားသည်။

အတိအကျပြောရလျှင် ဘာမှမကျန်တော့ပေ။

တဖက်လူက သူ့ကို သတ်ပြီး တခါတည်းပြာဖြစ်သွားစေခဲ့သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် နောက်ဆုံးတွင် လုရှောင်ယန်သည် သက်ပြင်းချကာ တောင်တန်းနှင့်မြစ် ပန်းချီကားမှ ထွက်လာခဲ့သည်။

ယခင်က တောင်တန်းနှင့်မြစ်ပန်းချီကို မထီမဲ့မြင်ပြုခဲ့ဖူးပြီး ဤအရာသည် သိမ်းဆည်းရန်အတွက်သာ အသုံးပြုသည်ဟု ခံစားခဲ့ရသည်။ ၎င်းသည် သိုလှောင်လက်စွပ်တို့၊ သိုလှောင်အိတ်တို့နှင့် ဘာမှမကွဲပြားဟုသာ ထင်ခဲ့သော်လည်း ယခုလို အမှန်တကယ် အသုံးပြုကြည့်လိုက်ချိန်မှာတော့ မဆိုးဘူးဟု ဆိုရမည်။

အနည်းဆုံးတော့ တစ်စုံတစ်ယောက်ကို ထိုနေရာလွတ်ထဲ ကူးပြောင်းထည့်လိုက်ပြီးလျှင် ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်နိုင်သည်။

ဤအချက်သည် သူ့အတွက် အရမ်းအဆင်ပြေလှသည်။ ခရီးသွားခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုပင်။ တောင်တန်းနှင့်မြစ် ပန်းချီကားကို သိမ်းပြီးနောက်၊ လုရှောင်ယန်သည် လီချန်းရှန် ရှေ့သို့ လျှောက်လာပြီး ထိုင်ချလိုက်သည်။

"မင်း ငါ့တပည့်ဖြစ်ချင်လား?"

"ခင်ဗျား ကျုပ်ကိုသိလား?"

"သိတယ်။"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

"လီချန်းရှန်၊ အဇူရာကြာပန်းဓားဂိုဏ်းရဲ့တပည့်ဟောင်း၊ ဓားနတ်ဘုရားရဲ့ လူပြန်ဝင်စားမှု၊ ဉာဏ်ရည်ထက်မြက်ပြီး ဓားသူတော်စင် အမွေအနှစ်ကိုတောင် ရယူခဲ့တယ်..."

လုရှောင်ယန်သည် လီချန်းရှန်၏ အတိတ်ကို ပြောပြခဲ့ပြီးနောက် လီချန်းရှန် အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော်လည်း ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် စကားမပြောနိုင်အောင် တုန်လှုပ်သွားကြသည်။ သူတို့နှစ်ယောက်လုံး ထိတ်လန့်အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

လီချန်းရှန်က အရမ်းမိုက်လွန်းနေတယ် မဟုတ်ဘူးလား? လီချန်းရှန်၏ နောက်ခံနှင့် အခြေအနေများသည် ထိုမြင်းနက်၊ ရှောင်ပိုင်နှင့်ပင် ယှဉ်နိုင်သည်ဟု ခံစားရသည်။

ရှောင်ပိုင်သည် လမ်းဘေးဆိုင်တစ်ခုမှ သိုင်းဘုရင်အဆင့် လက်နက်ကို ဝယ်ယူနိုင်ခဲ့သော်လည်း လီချန်းရှန်သည်က အဇူရာကြာပန်းဓားဂိုဏ်း တစ်ခုလုံးကို သူ၏ကျောထောက်နောက်ခံအဖြစ် ရှိနေသည်။ သူတို့သည် မရေမတွက်နိုင်သော ကြွယ်ဝသော အရင်းအမြစ်များကိုပင် ထောက်ပံ့ပေးခဲ့သည်။

ရှောင်ပိုင်သည် ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင်၏ အမွေကိုသာ ရရှိခဲ့သော်လည်း လီချန်းရှန်သည် ရှေးဓားသူတော်စင်တစ်ဦး၏ အမွေအနှစ်ကို တိုက်ရိုက်ရရှိခဲ့သည်။

တစ်ခုတည်းသော ခြားနားချက်မှာ လီချန်းရှန်သည် ဓားနတ်ဘုရား၏ လူဝင်စားခြင်းအစစ်အမှန်မဟုတ်ခြင်းကြောင့် ဖြစ်သည်။ သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်ရခြင်း၏ မှတ်ညဏ်မရှိပေ။

တစ်ဖက်တွင်၊ ရှောင်ပိုင်သည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ မှတ်ဉာဏ်ရှိသည်။

ထို့ကြောင့် သီအိုရီအရဆိုလျှင်တော့ ရှောင်ပိုင်က ပိုကံကောင်းသည်။

နောက်ဆုံးတွင်၊ တဖက်လူသည် သူ၏ယခင်ဘဝက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်ခဲ့သည်။ ဒီဘဝမှာ မထင်မှတ်ထားသည့် အပြောင်းအလဲတစ်ခုမှဖြစ်မလာဘူးဆိုရင် သိုင်းဘုရင်အဆင့်ကို ကျင့်ကြံဖို့ အခွင့်အရေးရှိနေသေးသည်။

လီချန်းရှန် အနည်းငယ် အံ့သြသွားပြီးနောက် သူ၏မျက်လုံးများ ပုံမှန်ပြန်ဖြစ်လာသည်။ မျက်လုံးများမှာ မှိန်ဖျော့ပြီး တခြားနေရာကို ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျုပ်မသိပေမယ့် ကျုပ်အတိတ်ကိုတော့ ကောင်းကောင်းသိနေမှာပဲ..."

“ဒါပေမယ့်… ခင်ဗျား တွက်တာ မှားသွားပြီ။ လောလောဆယ်တော့ ခင်ဗျားကို ကျုပ်ရဲ့ဆရာအဖြစ် မမှတ်ယူချင်သလို ကျင့်ကြံချင်စိတ်လည်း မရှိတော့ဘူး။"

လုရှောင်ယန်က ဆက်လက်ပြီး ပြောသည်။ “ငါ သိပါတယ်။ မင်းအနေနဲ့ သိုင်းပညာကို လိုက်စားချင်စိတ် ပျောက်နေပြီပေါ့။ မင်းကို အပြစ် မပြောလိုပါဘူး၊ ကမ္ဘာပေါ်က ဘယ်သူမဆို မြင်းနက်ကို ရင်မဆိုင်နိုင်မှာစိုးရတယ်။ ဒါပေမယ့် ငါက မတူဘူး။ မင်းငါ့ကို မင်းရဲ့ဆရာအဖြစ်အသိအမှတ်ပြုပြီး ငါတို့နဲ့ပူးပေါင်းရင် မင်းလက်စားချေဖို့ ငါကူညီပေးနိုင်တယ်။"

လီချန်းရှန် လုရှောင်ယန်ကို တအံ့တသြကြည့်သည်။

" ခင်ဗျား ဘယ်လိုလုပ်ပြီးတော့…?"

လုရှောင်ယန် ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါက မြင်းနက်တွေကို ကောင်းကောင်းသိတယ်။"

လီချန်းရှန် တိတ်ဆိတ်သွားသည်။

သူသည် လုရှောင်ယန်ကို လွယ်လွယ်နဲ့ မယုံပေ။

နောက်ဆုံးတွင်၊ သူသည် အလွန်ကြိုးစားခဲ့ပြီး၊ အလွန်အစွမ်းထက်လာပြီး ယခင်က အံ့ဖွယ်ကိစ္စများများစွာရှိခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူ ရှုံးနိမ့်ခဲ့သေးသည်။

အချိန်တိုင်း သူကျရှုံးခဲ့သည်။

လုရှောင်ယန်က တဖက်သူကို ကောင်းကောင်းသိပြီး သူ့ကိုအနိုင်ယူနိုင်တယ်လို့ ဘာကိုအခြေခံပြီး ပြောတာလဲ? လီချန်းရှန် အသိအမှတ်ပြုသည့် တစ်ခုတည်းသောအချက်မှာ တဖက်သူ၏ အခေါ်အဝေါ်ဖြစ်သည်။

ဒီလိုကောင်မျိုးကို တကယ်ပဲမြင်းနက်လို့ ခေါ်သင့်တာ အမှန်ပင်။

"ခင်ဗျား..က ဘယ်သူလဲ.."

လုရှောင်ယန် အသက်ပြင်းပြင်းရှူပြီး လေးနက်သည့်အမူအရာနှင့်ပြောသည် "မင်း... ရိုးရိုးသားသားမေးတဲ့အတွက်၊ ငါ မင်းကို ရက်ရက်ရောရော ပြောပြမယ်။ သေချာနားထောင်….."

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၇။ အခန်း ၉၇ စတုတ္ထမြောက်တပည့်

“ငါတို့က အရှုံးမပေးလိုတဲ့ အလုပ်ကြိုးစားတဲ့ အဖွဲ့ပါ၊ ကမ္ဘာကြီးကို မပျက်စီးအောင် တားဆီးဖို့နဲ့ ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့အတွက်၊ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လူဆိုးတွေ ဖြစ်လာဖို့ တွန်းအားပေးခံခဲ့ရတယ်။

ငါတို့က ဖုချိုးကျဲယ်သွေးသောက်အဖွဲ့ပဲ။"

လီချန်းရှန် ခဏလောက် နှုတ်ဆိတ်သွားကာ "ကျုပ် နားမလည်ဘူး" ဟု ပြောလာသည်။

လုရှောင်ယန် : “…” ထို့နောက် သူ၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အသာအယာ ချောင်းဆိုးလိုက်သည်။

“အဟမ်း… တိုတိုပြောရရင် မင်း ငါတို့နဲ့ပူးပေါင်းရင် မင်းရဲ့ရန်သူတွေကိုသတ်ပြီး မင်းမိဘတွေအတွက် လက်စားချေနိုင်တယ်ဆိုတာသာ သိထားလိုက်တော့။ ဒီလောက်ဆို ရှင်းလောက်ပါပြီ။”

လီချန်းရှန်သည် လုရှောင်ယန်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။

"ကျုပ်ကို တပည့်အဖြစ်လက်ခံတယ်ဆိုတာ ဘာကိုဆိုလိုလဲ ခင်ဗျားသိရဲ့လား? ဆိုလိုတာက ခင်ဗျားက မထင်မှတ်လောက်အောင် အစွမ်းထက်တဲ့ သူ နဲ့ ရန်သူ ဖြစ်လာမယ်။ သူ ခင်ဗျားကို သတ်မှာလားကတော့ မသေချာဘူး... ဒါပေမယ့် ခင်ဗျား ကျုပ်ကိစ္စထဲပါဝင်ပတ်သတ်လိုက်ပြီဆိုတာနဲ့ သူ ခင်ဗျားကိုမသတ်ဘူးဆိုရင်တောင်မှ ကျုပ်လိုအခြေအနေမျိုးနဲ့ အဆုံးသတ်ရနိုင်တယ်...။"

လုရှောင်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“သူ့ရဲ့ လက်အောက်ငယ်သားကို ငါ မီးရှို့သတ်ပြီးပြီ။ ငါမင်းကိုလက်မခံဘူးဆိုရင်တောင် ငါ့ကိုလွှတ်ပေးမယ်လို့ မင်းထင်နေလား?" လီချန်းရှန် မျက်လုံးများမှိတ်ပြီး ပြုံးလိုက်သည်။ “ဒီကမ္ဘာမှာ ကျုပ်ထက် ရဲရင့်တဲ့သူ ရှိမယ်လို့ မမျှော်လင့်ထားဘူး။ ခင်ဗျားတောင် ဂရုမစိုက်ဘူးဆိုမှတော့ ထားလိုက်ပါ၊ ကျုပ်က ဘာကိုကြောက်နေရဦးမှာလဲ?"

"ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ဆီက အရိုအသေပြုတာကို လက်ခံပါ။"

သူစကားပြောပြီးသည်နှင့် ဝမ့်ခိုက်၏အသံက လုရှောင်ယန်၏စိတ်ထဲ ထွက်ပေါ်လာသည်။

[ဒင်… တပည့်အသစ်တစ်ယောက်ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင် ။ ဆုလာဘ်- ထိပ်တန်း သိုင်းဘုရင်အဆင့် - အဇူရာကြာပန်းဓားအနုပညာ။ ဆုလာဘ်- နတ်ဘုရားအဆင့် သိုင်းတာအိုဓားဝိညာဉ်]

လုရှောင်ယန် အနည်းငယ် အံ့သြသွားသည်။ နတ်ဘုရားအဆင့်... အဲဒါဘာလဲ...

သူ တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည့်အခါ နတ်ဘုရားအဆင့်ဟုခေါ်သော အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရကာ သူ လုံးဝ စိတ်ရှုပ်သွားသည်။

အဲဒါက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။

ကောင်းကင်နှင့်မြေကြီးကြားရှိ တာအို၏အမှန်တရားကိုနားလည်သဘောပေါက်နိုင်သည်မှာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူသာဖြစ်သည်... ထိုကဲ့သို့သောသူသာလျှင် ၎င်းတို့၏ကျင့်ကြံမှုနှင့် သူတို့၏သေစေသောခန္ဓာကိုယ်ကို ပြန်လည်သန့်စင်နိုင်ပြီး နတ်ဘုရားအဆင့်အတွင်းသို့ ဆင့်ကဲပြောင်းလဲနိုင်စေမည်ဖြစ်ပြီး၊ ဓားဝိညာဉ်ကိုရရှိမည်ဖြစ်သည်။ .

တစ်နည်းဆိုရသော် ၎င်းသည် ကောင်းကင်သားတော်အစစ်နှင့် လူဝင်စားသောဓားနတ်ဘုရားမှသာလျှင် ရရှိနိုင်သော အရာဖြစ်သည်။

ဓားအရိုးထက် အဆပေါင်း တစ်သိန်း၊ တစ်ထောင်၊ တစ်သောင်းသာ၍မြတ်သည်။

ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပင်။

ရှေးခေတ်ကတည်းကပင် မရေမတွက်နိုင်သော သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်များသည် ဤတည်ရှိမှုကို တွေ့ရှိရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဓားဝိညာဉ်နဲ့ဆို၊ ဓားအရိုး ဘာအတွက် လိုအပ်မှာလဲ?

မြင်းနက်တွေ၏ ကံကောင်းမှုကို ဝါးမြိုလိုက်ပြီးနောက် ဝမ့်ခိုက်၏ စွမ်းရည်က ပိုပိုပြီး အထင်ကြီးစရာကောင်းလာသလိုပင်။

ဝမ့်ခိုက် ပိုအံ့မခန်းဖြစ်လာလေလေ၊ လုရှောင်ယန် ပိုအံ့မခန်းဖြစ်လာလေလေပင်။

လီချန်းရှန်သာ ဤဓားဝိညာဉ်ကို ပေါင်းစပ်လိုက်နိုင်လျှင် သူနှင့် လုရှောင်ယန် နှစ်ယောက်လုံး ဓားဝိညာဉ်တွေ ရှိလာလိမ့်မည်ဟု ဆိုလိုသည်။

အလွန်ပြည့်စုံသည်။

လုရှောင်ယန်သည် လီချန်းရှန်ကို ထူပေးပြီး ပြုံးပြသည်။

“ကောင်းပြီ ဒီနေ့ကစပြီး မင်းက ငါ့တပည့်ပဲ။ ငါ့ရှိနေသရွေ့ မင်းမြင်းနက်ကို ချေမှုန်းပြီး လက်စားချေနိုင်မယ်လို့ ငါအာမခံတယ်။"

လီချန်းရှန်သည် ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။

သူသည် လုရှောင်ယန်၏တပည့်ဖြစ်လာခြင်းအတွက် သူ၏နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းတန်းများရှိနေသည်။ သူ ဖြတ်ကျော်နိုင်မည်ဟုလည်း မျှော်လင့်သည်။

သို့သော် သူသည် အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးသည်။ အချိန်တိုင်းထိုလူကို ရှုံးခဲ့သည်။ သူသည် အကြိမ်များစွာ ရှုံးနိမ့်ခဲ့ပြီးနောက် တစ်ဖက်သူကို အမှန်တကယ် အနိုင်ယူနိုင်မည်ဟု အလွန်အကျွံ မျှော်လင့်ခြင်းမရှိတော့ပေ။

ထို့နောက် လုရှောင်ယန်က ယွင်လီကောကို "မင်းတို့နှစ်ယောက်၊ မင်းရဲ့ဆရာတူညီကို ငါ့စည်းမျဉ်းတွေကို ပြောပြလိုက်။ သူ့ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ပစ္စည်းတွေသွားဝယ်ဦးမယ်။"

“ဟုတ်ကဲ့။”

ယွင်လီကော သဘောတူပြီးနောက် လုရှောင်ယန်သည် နန်းမြို့တော်ရှိ အကြီးဆုံး ဆေးဆိုင်သို့ တန်းတန်းမတ်မတ်သွားသည်။

သူ့တွင်လည်း လီချန်းရှန်၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်သော အလွန်အဆင့်မြင့် ဆေးပြားများစွာရှိသည်။

သို့သော် လုရှောင်ယန်သည် ဤမျှလောက် လက်လွှတ်စပယ်မလုပ်ချင်ပေ။

လီချန်းရှန်သည် သဘာဝဓားအရိုး ရှိခဲ့သည်။ သူ၏ မူလအသွေးအသားသည် အလွန်အစွမ်းထက်ပြီး ပုံမှန်မဟုတ်ပဲ ကောင်းကင်ဘုံကို အံတုသည်ဟုပင် ဆိုနိုင်သည်။

သူ့ကို ကောင်းကောင်း ပြုပြင်နိုင်လေလေ၊ သူ၏ နောက်ဆက်တွဲ ကျင့်ကြံမှုက ပိုကောင်းလာလေလေဖြစ်မည်။

ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် သင်တန်းဆရာများကဲ့သို့ “ဘာသိဘာသာ နေထိုင်ခြင်း" အကြောင်းကို လီချန်းရှန်အား စတင်လမ်းညွှန်တော့သည်။

“ဆရာတူညီလေး..လီ ဆရာ့ရဲ့ စည်းမျဉ်းတွေက 'ဘာသိဘာသာနေ(သိက္ခာတွေထည့်တွက်မနေနဲ့)' ဆိုတဲ့ စကားလုံးကို အဓိကထားတယ်။ အခြေခံအားဖြင့်၊ မင်း မတိုက်ခိုက်လို့ရရင် မတိုက်ခိုက်နဲ့။ ပြေးနိုင်ရင် ပြေး...။ မင်းမပြေးနိုင်ရင် တစ်ဖက်လူကို ရှင်သန်ဖို့ အခွင့်အရေးနည်းနည်းမှမရတာသေချာတဲ့အထိ သတ်ပစ်ရမယ်။ … ။”

လီချန်းရှန် အံ့အားသင့်သွားသည်။

ဤဆရာနှင့် သူ၏တပည့်များသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။

ဤကဲ့သို့သော သီအိုရီတစ်ခုကို သူ ပထမဆုံးကြားသိရခြင်းဖြစ်သည်။

အရင်တုန်းက သူ၏ ကျင့်ကြံမှုဟာ အားကောင်းပြီး ကောင်းကင်ဘုံ ကောင်းချီးပေးသည့်ဉာဏ်ကြီးရှင်ဖြစ်သောကြောင့် တိုက်ပွဲများတွင် ညဏ်မများခဲ့ပေ။ သူသည် အမြဲတမ်း ထိပ်တိုက် ရင်ဆိုင်ပြီး သူ၏ ခွန်အားဖြင့် အနိုင်ယူခဲ့သည်။ သူ့မှာ ညစ်ပတ်တဲ့ လှည့်ကွက်တွေ မရှိပေ။

ယွင်လီကောနှင့် တခြားသူတွေ ပြောနေသည့်စကားသည်တော့ လုံးဝကို မတူပေ။

သို့သော် သူတို့ပြောသည့်စကားသည် အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ဆိုရမည်ဖြစ်သည်။

စင်စစ် သူသည် ထိုလူကို အနိုင်ယူဖို့ အခွင့်အရေး ရှိခဲ့သည်။ ကံမကောင်းစွာ၊ သူသည် ကျင့်ကြံမှုမှာ အောင်မြင်မှုတစ်ခုခုကြုံတိုင်း ချက်ချင်းသွားပြီး တဖက်သူနဲ့ တိုက်ခိုက်ခဲ့သည်။

ကံမကောင်းစွာဖြင့်၊ တစ်ဖက်သူ၏ ကျင့်ကြံမှုသည် အကြိမ်တိုင်းလိုလို သူ့ထက် အနည်းငယ် ပိုမြန်လာသည်။

သူနည်းနည်းလေးမှ ဒေါသမထွက်ပဲ လစ်လျူရှုနိုင်လျှင် တစ်ချိန်တွင် ကိစ္စတွေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးရနိုင်သည်။

ယွင်လီကော မြင်းနက်၏သီအိုရီကိုပြောသောအခါ လီချန်းရှန်၏အမူအရာသည် ပို၍ လေးနက်လာသည်။

ဒီလိုလူတွေကို ဒီကမ္ဘာမှာ တကယ်ရှိမယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

သူ၏အရင်ပြိုင်ဘက်ကို ကြုံဖူးတာတောင်မှ တဖက်သူက ဘာလို့ သူ့ထက် ခြေတစ်လှမ်းပိုသာနေလဲဆိုတာ တစ်ခါမှ မတွေးဖူးပေ။

အခုတော့ သူနားလည်သွားပြီ။ ဒါက တစ်ဖက်က လှည့်စားလို့ဖြစ်သည်။ သူကတော့ တစ်ခါမှ ထိုသို့မလုပ်ခဲ့ပေ။

ထို့ကြောင့် သူသည် နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ပြီး ဤအခြေအနေဖြင့် အဆုံးသတ်ခဲ့သည်။

ထိုအချိန်တွင် လီချန်းရှန် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။ အတန်ငယ် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။

ဒီတခေါက်တော့ သူလုပ်နိုင်မယ်ထင်တယ်။

ဤဆရာသည် အလွန်ယုံကြည်စိတ်ချရပြီး တည်ငြိမ်သည်။

သို့သော် ပြဿနာတစ်ခုရှိသည်။ အကယ်၍ တဖက်လူသည် အမှန်တကယ် အစွမ်းထက်သော ဟက်ကာတစ်ဦးဆိုမှတော့ ဤဆရာသခင်ဆိုသူကော ၎င်းကို ခံနိုင်ရည်ရှိပါမည်လား။

တစ်ဖက်တွင်၊ လုရှောင်ယန်သည် နန်းမြို့တော် ရှိ အကြီးဆုံးဆေးဆိုင်ဖြစ်သည့် ဆေးလုံးခန်းမသို့ ရောက်ရှိလာသည်။

ဟုတ်ပါတယ်၊ ဒီနေရာက ဆေးဖက်ဝင်အပင်တွေပဲ ရောင်းတာမဟုတ်ဘဲ ပြီးပြည့်စုံသော ဆေးလုံးများစွာကိုလည်း ရောင်းချကြသည်။ သို့သော်လည်း ဆေးလုံးဖော်စပ်သည့် ပညာရှင်များ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဖက်ဝင်အပင်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးထားသည်။

လုရှောင်ယန်သည် ခန်းမထဲသို့ ဝင်လိုက်ပြီးသည်နှင့် ကောင်တာဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီးနောက် ဆေးဖက်ဝင်အပင်များ၏ အမည်များကို ရေးမှတ်ထားသည့် စာရွက်တစ်ရွက် ပေးလိုက်သည်။

ဆေးဖက်ဝင်အပင်များမှာ စျေးကြီးလွန်းသောကြောင့် လုရှောင်ယန်သည် သူ့ကိုယ်သူ အခြားသူများမှတ်မိခြင်းမှ ကာကွယ်ရန် မျက်နှာဖုံးနှင့် အင်္ကျီကိုပင် အထူးဝတ်ဆင်ထားခဲ့သည်။

“ဒီဆေးဖက်ဝင်အပင်တွေ ပေးပါ။”

ဆိုင်အကူက အမြန်ပြေးပြီး စာရွက်ကို လက်ခံလိုက်သည်။

"ဆရာ၊ ခဏလောက်စောင့်ပါ။ အခုချက်ချင်းပြင်ဆင်လိုက်မယ်။"

သူစကားပြောပြီးသည်နှင့် ဆိုင်လက်ထောက်သည် အောက်ကိုငုံ့ကြည့်တော့ သူ၏မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားသည်။

“ဒါ… ဆရာကြီး၊ ဒီပစ္စည်းတွေ ဝယ်ချင်တာ သေချာသလား? ဒီအရာတွေအားလုံးက ထိပ်တန်းအရာတွေ..။ နဂါးဝိညာဉ်မြက်မပြောနဲ့ ဒီရာပေါင်းများစွာသော သားရဲနတ်ဆိုးခြင်ဆီ၊ ထူးမြတ်သည့် ခုနစ်ပါးသော နှင်းကြာပန်း… ဒါတွေအားလုံးက ထူးခြားတဲ့ဆေးပင်တွေချည်းပဲ...။”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၇။ အခန်း ၉၈ လင်းဖေး

"စိတ်မပူပါနဲ့၊ ယူလာခဲ့လိုက်ပါ။ ငါ မင်းကို ပိုက်ဆံအပြည့်ပေးမယ်။"

"ကောင်းပြီ အခုချက်ချင်း သွားယူပေးပါမယ်။"

တဖက်သူသည် သူ့အတွက်လိုအပ်သော ဆေးဖက်ဝင်အပင်များကို လုရှောင်ယန်အတွက် အမြန်ရှာဖွေပေးခဲ့သည်။

"စျေးနှုန်းက စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁,၂၅၃,၀၀၀ ပါ။"

လုရှောင်ယန်သည် သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများ ထုတ်ပေးလိုက်သည်။ တစ်ဖက်လူက ရေတွက်ပြီးနောက် သူ၏အမူအရာသည် ပို၍ ရိုကျိုးလာသည်။

“အကြီးအကဲ...မင်း ငါတို့ရဲ့ ဆေးလုံးခန်းမမှာ တစ်ချိန်တည်းနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ကို အသုံးပြုမယ်ဆိုရင်၊ ငါတို့ ဆေးလုံးခန်းမရဲ့ အကောင်းဆုံး အထူးဖောက်သည်အဆင့်ကို လျှောက်ထားနိုင်တယ်။ အနာဂတ်မှာ၊ ငါတို့ ဆေးလုံးခန်းမမှာ ပိုက်ဆံသုံးရင် လျှော့စျေးဝန်ဆောင်မှုကို ခံစားနိုင်မှာ။ သတ်မှတ်ထားတဲ့ရက်စွဲတွေမှာ၊ ငါတို့ ဆေးလုံးခန်းမကနေ လက်ဆောင်တွေလည်း ရနိုင်ပါတယ်။"

“မလိုဘူး”

“အကြီးအကဲ၊ ဒါက အရမ်းတန်တယ်။ မလုပ်ရင် နှမြောစရာကြီး”

“မလိုဘူး”

လုရှောင်ယန် အေးစက်စွာ တုန့်ပြန်ကာ လိုအပ်သောပစ္စည်းများကို ကောက်ယူပြီး ထွက်ခွာသွားသည်။

အပေါ်ယံတွင်၊ ဗွီအိုင်ပီကတ်ကိုလျှောက်ထားလျှင်အလွန်အဆင်ပြေပုံရသည်။ သို့သော်၊ ၎င်းသည် လုရှောင်ယန်၏ အချက်အလက်အားလုံးကို အမှန်တကယ် မှတ်တမ်းတင်ပြီး သူ့ကို အလွယ်တကူ ဒုက္ခဖြစ်စေနိုင်သည်။

ထို့အပြင် သူသည် ဆေးဖက်ဝင်အပင်များကို နေ့တိုင်းဝယ်ရန် မလိုအပ်ဘဲ တခါတလေမှ ဝယ်ရသည်။

နှိုင်းယှဉ်ကြည့်လျှင် လုံခြုံရေးသည် အရေးကြီးဆုံးဖြစ်သည်။

သို့သော် လုရှောင်ယန် တံခါးကို ရောက်ရှိလာစဉ်တွင် သူ၏နောက်ဘက်မှ ကောင်တာမှ ငြင်းခုံသံကို ကြားလိုက်ရသည်။

"ဘာ... နှင်းကြာပန်းခုနစ်ပွင့်က ကုန်သွားပြီလား?”

"တောင်းပန်ပါတယ် ကျွန်တော်တို့မှာ တကယ်မကျန်တော့ဘူး။ ကျွန်တော်တို့ အဲဒါတွေ ရောင်းပြီးသွားပြီ။”

"ဘယ်သူ့ကိုရောင်းလိုက်တာလဲ?"

“ကျွန်တော်တို့လည်း မသိဘူး။ တဖက်လူက ဝါးဦးထုပ်ကို ဆောင်းထားပြီး ဗွီအိုင်ပီ အသင်းဝင်လည်း မဟုတ်ဖူး။ သူက ဘာသဲလွန်စမှ ချန်မထားခဲ့ဘူး။ ဒါပေမယ့် သူ ထွက်သွားတာ သိပ်မကြာသေးဘူး။ ဝင်ပေါက်မှာ အမြန်သွားရှာကြည့်လိုက်ရင် သူ့ကို တွေ့နိုင်လောက်သေးတယ်။”

တစ်ဖက်လူက တံခါးကို အမြန်ရောက်လာသည်။ သို့သော် လုရှောင်ယန်သည် သူ့ထက် ပို၍မြန်သည်။ ချက်ခြင်းပင်၊ သူသည် သူ၏ အယောင်ဆောင် အားလုံးကို ဖယ်ရှားလိုက်ပြီး သာမန်ကျင့်ကြံသူ တစ်ဦးပုံ ဖမ်းလိုက်သည်။

တစ်ဖက်က တံခါးနားကို အချိန်အတော်ကြာ လှည့်ပတ်ကြည့်သော်လည်း ဝါးဦးထုပ်ဆောင်းထားသူကို မတွေ့ပေ။ မနေသာတော့ပဲ ဒေါသတကြီးဖြင့် ခြေထောက်ကို စောင့်လိုက်သည်။

“ဒါက မကောင်းဘူး။ ငါသာ နှင်းကြာပန်းခုနစ်ပွင့်ကို မရရင် မင်းသားကြင်ယာတော်လင်းက ငါ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး။”

လုရှောင်ယန်သည် ဤမင်းသားကြင်ယာတော်၏ မျိုးရိုးအမည်ကို တိတ်တဆိတ် သတိရမိသွားသည်။

စိတ်ဝိညာဉ်ကို ပြုပြင်ရန် အကောင်းမွန်ဆုံးနည်းဖြစ်သော နှင်းကြာပန်းခုနစ်ပွင့်ကို အသုံးပြုနိုင်သည်။ အများအားဖြင့် သုံးတဲ့သူ တော်တော်နည်းသည်။

ထိုမင်းသားကြင်ယာတော်လင်းသည် အဘယ်ကြောင့် အကောင်းမွန်ဆုံးသော နှင်းကြာပန်းခုနစ်ပွင့်ကို လိုအပ်နေရသလဲ?

သူပြန်လာပြီး မင်းသားကြင်ယာတော်လင်းအကြောင်း အချက်အလက်ကို ကျီဝူရှားကို မေးမြန်းရန် စီစဉ်ထားသည်။

တစ်ဖက်တွင်၊ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် လီချန်းရှန်ကို တော်ဝင်နန်းတော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ကျီဝူရှားနှင့် ဆုံသွားသည်။

"ဆရာတူအစ်ကို၊ ဆရာတူမောင်လေး..၊ ဒါက..."

ဖုန်းထျန်းယွမ်က ပြုံးလိုက်ကာ၊ "အစ်မ၊ ဒါက ဆရာတူညီလေးလီ၊ လီချန်းရှန်။ သူက ခုနကပဲ တပည့်ခံခဲ့တာပါ။”

"လီချန်းရှန် ဒီနာမည်က ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ? သူ့အကြောင်း တစ်နေရာရာမှာ ကြားဖူးမယ်ထင်တယ်။"

ခေတ္တနားပြီးနောက် သူမ ရုတ်တရက် တစ်ခုခုကို တွေးပြီး အော်ပြောလိုက်သည်။

"ခဏနေပါဦး လီချန်းရှန်၊ မင်းက အဇူရာကြာပန်းဓားဂိုဏ်းရဲ့ မြင့်မြတ်သောသားတော်မဟုတ်လား? ဉာဏ်ရည်ထက်မြက်ပြီး ဓားနတ်ဘုရားရဲ့ လူဝင်စားခြင်းလို့ နာမည်ရနေတာမဟုတ်လား?”

လီချန်းရှန် ခါးသီးစွာ ပြုံးလိုက်သည်။

“ဒါတွေအားလုံးက အတိတ်ပဲ။ လက်ရှိ ကျွန်တော်က ဒုက္ခိတတစ်ယောက်ပါပဲ။ ချန်းရှန်က ဆရာတူအစ်မကို နှုတ်ဆက်ပါတယ်။"

ကျီဝူရှား ခေါင်းညိတ်လိုက်သည်။

“မင်းဘဝက ခါးသီးတဲ့ဘဝလို့ မှတ်ယူလို့ရတယ်။ ဂိုဏ်းက စီစဉ်ပေးတဲ့ စေ့စပ်ပွဲက မင်းအလိုရှိတာမဟုတ်ပဲနဲ့ .... နောက်ဆုံးတော့ မင်းကို ဒီလိုဖြစ်သွားစေတယ်။ မထင်မှတ်ထားတဲ့ ဘေးဥပါဒ်ပါပဲ။”

ခေတ္တနားပြီးနောက် သူမက “ဒါပေမယ့် အရမ်းဝမ်းနည်းနေဖို့ မလိုပါဘူး။ အရင်တုန်းကတော့ အဲဒီလူကို မင်းအနိုင်မယူနိုင်ခဲ့ဘူးဆိုပေမယ့် အခု မင်းက ဆရာ့တပည့်ဖြစ်လာပြီဆိုတော့ မင်းရဲ့ အရင်ကအရှက်ကွဲတာကို ဖယ်ရှားပြီး အောင်အောင်မြင်မြင် လက်စားချေနိုင်လိမ့်မယ်။”

လီချန်းရှန် ခေါင်းညိတ်ပြလိုက်သော်လည်း လုရှောင်ယန်အကြောင်း ပို၍ပင် သိချင်စိတ်ပြင်းပြသွားသည်။

ဒီဆရာက တကယ်ကို ထူးဆန်းတယ်။ သူ့လက်အောက်မှာ တပည့်အနည်းငယ်သာရှိသော်လည်း သူတို့၏အထောက်အထားမှာ ထူးဆန်းသည်။ ထို့အပြင်၊ သူတို့အားလုံးတွင် တူညီသောအရာတစ်ခုရှိသည်၊ သူတို့အားလုံးသည် အခြားသူများ၏ အရှက်ခွဲခြင်းကို ခံခဲ့ကြရသည်။

ထို့အပြင်၊ အရေးကြီးဆုံးပြဿနာမှာ ဤလူများသည် သူ့ကို အလွန်ရိုသေပုံရသည်။ လုရှောင်ယန်၏ ဆွဲဆောင်မှုက ဘာများလဲ?

ဒီလူတွေကို သူ့ကို ဒီလောက်ထိ ယုံကြည်လာအောင် သူဘာတွေလုပ်ခဲ့လဲ?

“ညီမလေး၊ ငါတို့ ဆရာတူညီလေးကို အရင်ရေချိုးခိုင်းရမယ်။ ဆရာတူညီလေးရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးဖို့ ဆရာက နောက်မှပြန်လာလိမ့်မယ်။”

ကျီဝူရှား ခေါင်းညိတ်လိုက်သည်။

"ပြဿနာမရှိပါဘူး။ အစေခံတွေကို ခိုင်းလို့ရတယ်။ သူတို့ကို ကူညီပေးဖို့ ပြောထားပြီးသားပါ။"

“ကောင်းပြီ။”

သူတို့နှစ်ယောက်သည် လီချန်းရှန်ကို ခြံဝင်းထဲကို ခေါ်သွားသည် ။ ကျီဝူရှားပါ အတူလိုက်ဝင်ခါနီးတွင် နူးညံ့တဲ့ ရယ်မောသံကို သူမကြားလိုက်ရသည်။

"ညီမ ဝူရှား မတွေ့တာကြာပြီ။"

ကျီဝူရှားသည် ရောက်လာတဲ့လူကို ကြည့်ပြီး ချက်ချင်း အရိုအသေပေးသည်။

"ဝူရှားက အစ်ကိုဝူရှင်းကို နှုတ်ဆက်ပါတယ်။"

ရောက်ရှိလာသူမှာ ကျီဝူရှင်း ဖြစ်သည်။ ကျီနဉ်တွင် သားသမီး ခြောက်ဦးရှိပြီး ကျီဝူရှင်း သည် ကျီဝူရှန်၏နောက် ဒုတိယမြောက်သားဖြစ်သည်။

ကျီဝူရှင်းသည် သူမအား အလျင်စလို ထူမပေးခဲ့သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ကျီဝူရှား၏သေးငယ်သောလက်ကို ထူမပေးပြီး သူမအား ကူညီပေးခဲ့သည်။

“မင်း ပြန်မလာတာကြာပြီ။ အပြင်မှာ ဘယ်လိုနေလဲ? ခက်ခဲတယ်မလား?"

ကျီဝူရှား ခေါင်းယမ်းလိုက်သည်။

"ကံကောင်းတာက ဆရာက ညီမကို သူ့သွေးသားရင်းချာလို ဆက်ဆံတယ်။"

“မင်းမှာ အလွန်အစွမ်းထက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ မင်း ကြုံတွေ့ရတဲ့အရာကို ဘယ်သူ့ကိုမှ မပြောပြဘူး။ မင်းဒုက္ခရောက်နေရင်တောင် မင်းငါ့ကို မပြောပြဘူး။ ဒါပေမယ့် မင်းက ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်က မင်းသမီးဖြစ်ပြီး ငါ့ညီမပါ။ မိန်းကလေးတွေ ခေါင်းမာတာကောင်းပေမယ့် ဒုက္ခကြုံလာရင် မိသားစုကို အားကိုးရတယ်။ ရှက်စရာ မလိုဘူး။”

ကျီဝူရှား ခေါင်းညိတ်လိုက်သည်။

“ကောင်းကောင်း ကျင့်ကြံရမယ်။ လင်းဖေးက တော်တော်တိုးတက်နေပြီ။ ဒါ့အပြင်၊ သူက ဧကရာဇ်မင်းမြတ်ရဲ့ သမက်တော်ဖြစ်နေပြီ။ ခမည်းတော် နန်းတွင်းကို သွားချိန်တိုင်း အရာရှိတွေက စိတ်ဓာတ်တက်ကြွစွာ ဝေဖန်ကြတယ်။ သူတို့ရဲ့ စကားတွေက ငါ့ခရမ်းရောင် ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ကို မရိုမသေ ပြုနေကြတာပဲ။”

ကျီဝူရှား အသက်ပြင်းပြင်းရှူပြီး လက်သီးတွေကို အနည်းငယ် ဆုပ်ထားရင်း မျက်လုံးတွေ အေးစက်သွားသည်။ "ငါ လင်းဖေးကို အနှေးနဲ့အမြန်အဆုံးသတ်မှာပါ။"

ကျီဝူရှင်း ခေါင်းညိတ်လိုက်သည်။

“ဒီလိုရည်ရွယ်ချက်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် လင်းဖေးက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ။ မဟာကျိုး တစ်ခုလုံးတောင် မျိုးဆက်သစ်လူငယ်တွေထဲ သူ့ကိုလိုက်မှီတဲ့သူ အလွန်နည်းပါးတယ်။ မင်းရဲ့အရှက်ကွဲတာကို ပြန်အဖက်ဆယ်နိုင်မယ်လို့ ငါတို့ မမျှော်လင့်ထားဘူး။ မင်းနည်းနည်းလေး ပိုသန်မာလာအောင် ကျင့်ကြံပေးနိုင်ဖို့ပဲ ငါတို့မျှော်လင့်တယ်၊ ခမည်းတော်ကိုလည်း နည်းနည်းမျက်နှာပွင့်စေချင်တယ်..."

ထိုစကားနှင့်အတူ သူသည် သိုလှောင်အိတ်ကို ကျီဝူရှားအား ပေးလိုက်သည်။

“ဒါတွေက မင်းကိုပေးဖို့အတွက် အဖေပြောခဲ့တဲ့ အရင်းအမြစ်တွေပဲ။ အဆီအနှစ်စွမ်းအင် ဆေးလုံး ၁၀၀၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ နဲ့ တခြားကျင့်ကြံရာမှာ အထောက်အကူဖြစ်စေဖို့ သဘာဝရတနာအချို့ ပါတယ်။"

"ကျေးဇူးတင်ပါတယ်။"

ကျီဝူရှား၏ အမူအရာသည် ငြိမ်သက်သွားသည်။ ယခင်ကဆိုလျှင်၊ တော်ဝင်နန်းတော်၏ သယံဇာတများသည် အမှန်တကယ် ပေါများလွန်းသောကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်များရရှိရန် သူမ အလွန်စိတ်လှုပ်ရှားနေမည်မှာ သေချာပါသည်။ ၎င်းသည် အပြင်ဘက်ရှိ ဂိုဏ်းပေါင်းစုံ အကြီးအကဲများ၏ လစဉ် ပူဇော်သက္ကာများနှင့် ညီမျှလုနီးပါးပင်။

သို့သော် အခုချိန်တွင်တော့… ရိုးရိုးသားသားပြောရလျှင် သူမ တကယ်မလိုပေ။

ဆရာ၏ တပည့်များအားလုံးသည် အဆီအနှစ်ခြောက်ဆေးလုံး သကြားလုံးလိုကိုစားနိုင်ကြသည်။ ယခုအခါ၊ သူတို့အကုန်လုံးသည် စိတ်ဝိညာဉ်ချင်ဆီဆေးလုံး၊ အဆီအနှစ်ခြောက်ဆေးလုံး စသည်တို့ကိုပင် စတင်စားသုံးလာကြသည်။

ကျီဝူရှား ဆေးအိတ်ကိုလက်ခံသည်ကိုမြင်သော် ကျီဝူရှင်းသည် ချက်ချင်းပင် သူ၏လက်ကို နောက်ပစ်ကာ ခြံဝင်းထဲသို့ လှမ်းဝင်လိုက်သည်။

“အဲဒါကို ပြောရရင် မင်းရဲ့ ဆရာက မင်းရဲ့ ခြံဝင်းထဲမှာ အစီအရင်ကို တစ်ဖန် အသစ်ပြန်လုပ်တယ်လို့ တော်ဝင်နန်းတော်က အစေခံတွေက ပြောကြတယ်။ ငါတို့ရဲ့ တော်ဝင်နန်းတော်ရဲ့ အခြေခံအစီအရင်ကို ပျက်စီးစေခဲ့တာလား?”

ကျီဝူရှား ခေါင်းယမ်းလိုက်သည်။

“မဟုတ်ပါဘူး၊ ငါ့ဆရာရဲ့ အစီအရင် ဖွဲ့စည်းပုံနည်းစနစ်တွေက အတုမရှိဘူး..။”

ဒါကိုပြောလိုက်သည်နှင့် ကျီဝူရှင်းသည် ချက်ချင်းရပ်ပြီး သူမကို လှည့်ကြည့်လာသည်…..

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၇။ အခန်း ၉၉ ကြောက်လန့်မှု

"အတုမရှိဘူး....?"

ကျီဝူရှင်း၏ လေသံမှာ အနည်းငယ် သဘောမကျပုံရသည်။

"ဝူရှား၊ ငါပြောတာတွေကို မင်းသဘောမကျတာဖြစ်နိုင်ပေမယ့် မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့ဆရာက တောကြိုအုံကြားက လှည့်လည်ကျင့်ကြံသူတစ်ယောက်ပဲဆိုတာကိုတော့ ပြောချင်တယ်။ သူ့ရဲ့ ကျင့်ကြံမှုဟာ တကယ်ကို မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် ... နန်းမြို့တော်မှာတော့ သူက ဘာမှမဟုတ်ဘူး။ အိမ်မှာပြောတာရတယ်။ ဒါပေမယ့် အပြင်ထွက်ပြီး ဒီလို ကြွားလုံးထုတ်ရင် သူများတွေက ငါတို့ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ရဲ့ မင်းသမီးကို လှောင်မှာ စိုးရတယ်။”

ကျီဝူရှား၏ မျက်ခုံးများ အနည်းငယ် မြင့်တက်လာသည်။

တစ်ရက်ဆရာဖြစ်ခဲ့ရင် တစ်သက်တာအတွက် ဖခင်တစ်ယောက်ပဲ...။

လောကတွင် ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာသည် အလွန်အရေးကြီးသည်။ တဖက်သူက သူမ အဖေတူအမေကွဲအစ်ကိုဖြစ်ရင်တောင်မှ သူမဆရာကို ပြီးစလွယ်အရှက်ခွဲဖို့ မသင့်ပေ။

စိတ်ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့် သူမ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ကျီဝူရှင်းကို အနိုင်ယူခြင်းသည် ပြဿနာမဟုတ်သည်မှာ သေချာပါသည်။

သို့သော် ထိုသို့ဖြစ်ခဲ့ပါက၊ သူမသည် သူမ၏ ကျင့်ကြံမှုကို ဖော်ထုတ်ပြီး ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်စေနိုင်သည်။ သူမဆရာ ပျော်ရွှင်မည်မဟုတ်တာလည်း သေချာသည်။

ထိုအချိန်တွင်၊ ကျီဝူရှား၏ အကြည့်သည် သူမဆရာ၏ အစီအရင်တွင် ကျရောက်လာသည်။

နောက်အခိုက်အတန့်တွင် တစ်စုံတစ်ခုကို တွေးတောရင်း နှုတ်ခမ်းထောင့်က ကော့တက်လာသည်။

သူမဆရာ၏ အစွမ်းသတ္တိကိုပြသရန် အစီအရင်ဖွဲ့စည်းပုံများကို အားကိုးခဲ့မည်ဆိုလျှင်၊ သူ၏ဆရာ၏ ကျင့်ကြံဆင့်သည် ဖော်ထုတ်ခံရလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အစီအရင်သခင်များသည် ၎င်းတို့၏ ကျင့်ကြံမှုအပေါ် အားကိုးခြင်းမရှိသောကြောင့်ဖြစ်သည်။ ဝိညာဉ်အဆင့် အစီအရင်သခင်များပင် အလွန်အစွမ်းထက်သော အစီအရင်များကို ဖန်တီးနိုင်သည်။

"အစ်ကိုဝူရှင်းက ဆရာ့ရဲ့ အစီအရင်ဖွဲ့စည်းပုံကို အထင်မကြီးဘူးဆို၊ ဘာလို့ စမ်းမကြည့်တာလဲ... ။"

ကျီဝူရှင်းက သူမကို လှမ်းကြည့်ပြန်သည်။

"မင်း ငါ့ကို ဘယ်လို ရန်စရမယ်ဆိုတာ သေချာသိတာပဲ။"

“ရန်စတာဟုတ်ပေမယ့်… အစ်ကိုဝူရှင်း လက်ခံဖို့ သတ္တိရှိရဲ့လား?"

ကျီဝူရှင်း ရယ်မောလိုက်သည်။

"သာမန်လူတစ်ယောက် ပြောလာတာဆိုရင် ငါစိတ်မ၀င်စားဘူး။ ဒါပေမယ့် မင်းမြင်ချင်တာကြောင့် ငါနဲ့ မင်းရဲ့ဆရာကြားက ကွာခြားချက်ကို ပြပေးမယ်။ နောက်ဆုံးတော့၊ ငါဟာ တော်ဝင်နန်းတော်က ကျင့်ကြံခဲ့တဲ့သူတစ်ယောက်ပဲလေ။”

သူစကားပြောပြီးသည်နှင့် သူသည် လုရှောင်ယန်၏အစီအရင်ထဲသို့ ဖြည်းညှင်းစွာ တိုးဝင်လာသည်။ ကျီဝူရှားသည် ချက်ချင်းပင် ဝိညာဉ်ကျောက်တုံးတစ်ခုကို ပစ်ချပြီး အစီအရင်ကို လုံးဝအသက်ဝင်စေရန် အစီအရင်အူတိုင်တွင် ကြာမြင့်စွာတည်ဆောက်ထားသည့် အခြားဝိညာဉ်ကျောက်တုံးများနှင့် ဆက်သွယ်ခဲ့သည်။

တခဏချင်းမှာပဲ၊ တုန်ခါနေသည့် အဖြူရောင်အလင်းတန်းက ကျီဝူရှင်းကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။

ကျီဝူရှင်း နှာခေါင်းရှုံ့ပြီး နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ ဒီရေကဲ့သို့ အရူးအမူး စုစည်းလာသည်။ သူ့အား တုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ မတွန်းလှန်နိုင်သော ပုံစံမျိုးဖြင့် သူ၏ခေါင်းပေါ်ကို တိုက်ရိုက် ဖိချလိုက်သည်။

အုန်း..

ထွီ..

ကျီဝူရှင်းသည် ပြင်းထန်စွာ အရိုက်ခံရပြီး ပါးစပ်မှ သွေးများထွက်မလာမီ တုံ့ပြန်ရန် အချိန်ပင်မရှိခဲ့ပေ။

"သေစမ်း.."

ထိုအချိန်တွင် သူ၏ကိုယ်ပေါ်ရှိ ဆံပင်များက ထောင်နေလေသည်။

ထိုအချိန်တွင် ကျီဝူရှင်းတစ်ယောက် သူ မည်မျှ မိုက်မဲခဲ့သည်ကို နောက်ဆုံးတွင်တော့ နားလည်လာသည်။

ယခုအချိန်တွင် သူသည် လုံးဝသတိမလွတ်ဝံ့ပေ။ သူသည် အစီအရင်၏ စွမ်းအားကို တွန်းလှန်ရန် သူ၏ တစ်ကိုယ်လုံးရှိ ခွန်အားကို ချက်ချင်း ဖြန့်ဝေလိုက်သည်။

ကံမကောင်းစွာပဲ၊ သူမှားပြန်ပြီ။

ဤအစီအရင်ဖွဲ့စည်းခြင်း၏ ခွန်အားသည် သူ၏စိတ်ကူးန်ုင်စွမ်းကို ကျော်လွန်နေပြီဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အမှန်တကယ်တော့ စမ်းသပ်မှုလေးတစ်ခုမျှသာ ဖြစ်သည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီးနောက်၊ အစီအရင်ဖွဲ့စည်းမှုရှိ ဖိအားများလည်း တစ်ချိန်တည်း တိုးလာသည်။

ထို့ကြောင့်၊ သူအသက်ရှုမဝမီ၊ အစီအရင်ဖွဲ့စည်းမှု၌ အလင်းရောင်များစွာ တစ်ပြိုင်နက်တည်း ထွန်းလင်းလာသည်။ ချက်ခြင်းပင် တိုက်ခိုက်မှု တစ်ခုပြီး တစ်ခု သူ၏ခန္ဓာကိုယ်ပေါ်သို့ အကြင်နာမဲ့စွာ ကျရောက်လာသည်။

အုန်း..အုန်း..အုန်း..

ထိုအချိန်တွင် ကျီဝူရှား၏ခြံဝင်းသည် ပေါက်ကွဲသံများဖြင့် ပြည့်နေသည်။ တစ်ချိန်တည်းမှာပင် ကျီဝူရှင်း၏ အော်သံများ ထွက်ပေါ်လာသည်။ "ဝူရှား၊ ဒီ အစီအရင် ဖွဲ့စည်းမှုကို အမြန်ပိတ်လိုက်တော့!!"

ကျီဝူရှား ခေါင်းယမ်းလိုက်သည်။

“ကဲ ဆရာက ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ သိပြီလား?”

သူ့ထံစကားပြောနေစဉ်တွင် သူမသည် လက်လှမ်းပြီး အစီအရင်မှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူရန် ပြင်ဆင်ခဲ့သည်။

သို့သော်~~

နောက်တစက္ကန့်တွင်၊ အစီအရင် ဖွဲ့စည်းမှုဖြင့် သူမနှင့် သီးခြားဖြစ်နေကြောင်း သူမတွေ့ရှိလိုက်ရသည်။

ကျီဝူရှား၏အမူအရာပြောင်းလဲသွားသည်။

"သေတာပဲ!"

သူမ တစ်ခုခုကို တွေးမိလိုက်သည်။ သူမ၏ဆရာသည် ကွင်းဆက်အစီအရင်တစ်ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်‌။ တိုက်ခိုက်မှု အစီအရင်ကို အသက်သွင်းပြီးနောက်၊ အစီအရင်အား တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် ခံစစ်အစီအရင်ကို ဆက်လက်အသက်သွင်းမည်ဖြစ်သည်။

ထို့ကြောင့်၊ လက်ရှိတွင် သူမသည် ဤ အစီအရင်ကို မဖျက်ဆီးနိုင်ပေ။ အစီအရင်အတွင်းမှ ဝိညာဉ်ကျောက်တုံးများ အားလုံး ကုန်ဆုံးသွားခြင်းမရှိလျှင် အစီအရင်ပျောက်ကွယ်မည်မဟုတ်ပေ။

သို့သော် ဝိညာဉ်ကျောက်တုံးများ အားလုံးကုန်သွားပါက ကျီဝူရှင်းသည်လည်း ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။

ပေါက်ကွဲသံတွေက ပိုပိုပြီးပြင်းထန်လာသည်။ ကျီဝူရှင်းသည် အစီအရင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။

"ကျီဝူရှား မင်းဘာလုပ်နေတာလဲ? ဒီအစီအရင် ကို အမြန်ဖယ်တော့..။"

ကျီဝူရှား အံကြိတ်လိုက်ပြီး “အစီအရင်ကို ဖယ်ရှားလို့မရဘူး။ ဆရာက ကွင်းဆက်အစီအရင်တွေချထားတယ်။ တိုက်ခိုက်ခြင်းအစီအရင်အပြင် ခုခံအစီအရင်တွေလည်းရှိသေးတယ်။ အပြင်က ဘယ်သူမှ ဝင်လို့မရဘူး။ အစီအရင်ကို ဘယ်လိုပြန်ဖျက်ရမလဲ?"

ကျီဝူရှင်း၏ နှလုံးသားသည် အေးခဲသွားသည်။ ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်၏ မင်းသားသည် တောကြိုအုံကြားကကျင့်ကြံသူ၏ ဤအစီအရင်တွင် သေဆုံးတော့မည် ဖြစ်မည်လော။

ဒီလိုသာဖြစ်ရင် သူ ဘယ်လောက်တောင် သနားစရာကောင်းလိုက်မလဲ?

ပြိုလဲတော့မလို ခံစားချက်တစ်ခုက သူ၏နှလုံးသားကို ဖိစီးလာသည်။ ကျီဝူရှင်းသည် အံကြိတ်ကာ သူ၏အသက်ကိုရင်းရတော့သည်။ သူသည် အစီအရင်ကို ကိုယ်တိုင်တွန်းလှန်ရုံသာ တတ်နိုင်သည်။

မဟုတ်လျှင် သူ သေမှာ သေချာသည်။

"သွေးအနှစ်သာရ ကွဲကြေ..."

အစီအရင်သည် အလွန် အစွမ်းထက်သည်ဟု သိ၍ သူ နှောင့်နှေးဖို့ မဝံ့မရဲဖြစ်ပြီး သွေးအနှစ်သာရတောက်လောင်စေသည့် လျှို့ဝှက်နည်းပညာကို တိုက်ရိုက်အသုံးပြုခဲ့သည်။

ဤနည်းလမ်းသည် သူ့အတွက် သွေးအနှစ်သာရ ကုန်ဆုံးမည်ဖြစ်သော်လည်း သေခြင်းထက် များစွာသာလွန်နေသေးသည်။

ကံကောင်းထောက်မစွာ၊ လုရှောင်ယန်သည် ဤတစ်ကြိမ်တွင် သူ၏ အခင်းကျင်းဖွဲ့စည်းခြင်း အင်အား၏ ၂၀ မှ ၃၀ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သည်။ ထို့အပြင်၊ သူသည် သာမန် ကောင်းကင်ဘုံအစီအရင် တစ်ခုကို ချထားပြီး အစွမ်းထက်ခြင်းမရှိပေ။

ထို့ကြောင့် တောင်ပင်လယ်အဆင့်တွင် ရှိနေသည့် ကျီဝူရှင်းသည် လျှို့ဝှက်နည်းပညာကို အသုံးပြုကာ အစီအရင်မှ လွတ်မြောက်ရန် ကြီးမားသောတန်ဖိုးဖြင့် ပေးဆောင်ခဲ့သည်။

ဘုတ်..

ကျီဝူရှင်းသည် အစီအရင်အပြင်ဘက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး အသက်ကို ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်။ သူ၏ အဝတ်အစားထက်ဝက်ကျော် လွင့်စင်သွားပြီး သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်နှာကို ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားသည်။ သူကြည့်ရတာ အလွန်သနားစရာကောင်းသည်။

သို့သော် ခဏအကြာတွင် သူက အတင်းပြုံးပြသည်။

"နောက်ဆုံးတော့ ငါ လွတ်မြောက်ခဲ့ပြီ။"

သူပြောပြီးသည်နှင့် တပြိုင်နက် သူ၏မျက်လုံးထဲတွင် အလွန်သိက္ခာရှိသော အသွင်တစ်ခု ပေါ်လာသည်။

ဒါက သူ့ကို ထိတ်လန့်စေသည်။ သူ ချက်ချင်းထပြီး တစ်ဖက်သူကို ဒူးထောက်လိုက်သည်။

“ခမည်းတော်၊ ကျွန်တော် အသုံးမကျခဲ့ဘူး။ ကျေးဇူးပြုပြီးခွင့်လွှတ်ပါ။"

"အမှိုက်၊ မင်း ငါ့ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ကို အရှက်ရစေတာပဲ။"

သူစကားပြောပြီးသည်နှင့် တစ်ဖက်လူက ကျီဝူရှင်းကို လွှဲရိုက်ကာ လွင့်ထွက်သွားစေ။

“ခမည်းတော်၊ ချမ်းသာပေးပါ။ ကျွန်တော် အသုံးမကျလို့ အခု အမှားကို သိပြီ၊ ဒါပေမယ့် ကျွန်တော့်ကို ဆက်ရိုက်နေရင် တကယ် တောင့်ခံနိုင်မှာ မဟုတ်ဘူး။"

အဝေးမှ ကျီဝူရှား၏ မျက်နှာသည် ကျီဝူရှင်းကိုကြည့်ရင်း မည်းမှောင်သွားသည်။ သူ့အစ်ကိုတော်က ‘ခမည်းတော်’ဟူသော စကားကိုပင် တွင်တွင်အော်နေခဲ့သည်။

သူ့ဆရာက... ထင်ယောင်ထင်မှားဖြစ်စေတဲ့ အစီအရင်တစ်ခုကိုတောင် ချထားခဲ့လေသည်။

ကျီဝူရှင်းသည် သူမဆရာ၏ အစီအရင်မှ လွတ်မြောက်သွားပြီဟု တွေးလိုက်သော်လည်း တကယ်တော့ ဝင်းတစ်ခုလုံးကို အစီအရင်တွေနဲ့ ဖုံးအုပ်ထားသည်။ အစီအရင်တစ်ခုအား အသက်သွင်းပါက၊ အခြား အစီအရင်များအားလုံးကို အသက်သွင်းတော့မည်ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဦးထံမှ လွတ်မြောက်ပြီးသည့်တိုင် သူသေဆုံးသည်အထိ နှိပ်စက်မည့် စောင့်မျှော်နေသူများ မရေမတွက်နိုင်အောင် ရှိသေးသည်။

ယခုအချိန်တွင် ကျီဝူရှားသည် အလွန်အားနည်းနေပြီး မည်သည့်အချိန်တွင်မဆို မေ့လဲသွားနိုင်သည့် သူမ၏ဒုတိယအစ်ကို၏ အသွင်အပြင်ကို ကြည့်နေကာ ကျီဝူရှားသည် အချိန်မဖြုန်းဝံ့တော့ပေ။ ထို့အပြင် ကျီဝူရှင်းသည် သူ့ကိုယ်သူ ရိုက်နှက်နေသေးသည်။

သူမခမည်းတော်ကို အမြန်ခေါ်ပြီး သူ့ကို ကယ်တင်ဖို့ အိမ်မှာရှိတဲ့ ကျွမ်းကျင်သူတွေကို ခေါ်ခိုင်းရမည်။ မဟုတ်လျှင် သူမဒုတိယအစ်ကိုသည် သူ့ကိုယ်သူ သတ်သေသွားနိုင်သည်….

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၇။ အခန်း ၁၀၀ ဆရာကအံ့မခန်းသန်မာတယ်

"ဒီအရူးက ဘယ်ကလာတာလဲ?"

ကျီဝူရှား အထိတ်တလန့်ဖြစ်နေစဉ်မှာပင် ရင်းနှီးသောအသံတစ်သံကက သူမကို စိတ်သက်သာရာရသွားစေသည်။

ကျီဝူရှား ချက်ချင်းလှည့်ပြီး သူ့မဆရာဆီ အရိုအသေပေးလိုက်သည်။

“ဆရာ၊ ကျွန်မအစ်ကိုကို မြန်မြန် ကယ်ပေးပါ။ သူက ဆရာ့ရဲ့ အစီအရင်ကို စမ်းသပ်ချင်ပေမယ့် အခု ထွက်မလာနိုင်တော့ဘူး။ ဒီအတိုင်းဆက်နေရင် မကြာခင် သေတော့မယ်။”

လုရှောင်ယန် : “…”

"ဒီအရူးက ဘာလို့ ငါ့ အစီအရင်ကို စမ်းသပ်ရတာလဲ? သူ့မှာ လုပ်စရာ ဘာမှ မရှိဘူးလား?"

ထိုသို့ပြောသော်လည်း တဖက်သူသည် လုပ်ကြံသတ်ဖြတ်သူမဟုတ်ပဲ ကျီဝူရှား၏ ဒုတိယအစ်ကိုပင်။ သူ့ကို တကယ်မသတ်နိုင်ပေ။

ထို့ကြောင့် လုရှောင်ယန်၏လက်ချောင်းသည် လေထဲကို နှစ်ကြိမ်ထိလိုက်သည်။ ဝိညာဉ်စွမ်းအင်စီးကြောင်းနှစ်ခုသည် အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး အစီအရင်ကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။

ထင်ယောင်ထင်မှားဖြစ်မှု လုံးဝပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ကျီဝူရှင်းသည် သူ့ကိုယ်သူ ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ။”

ကျီဝူရှားက သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီးတော့ လုရှောင်ယန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“လောလောဆယ် အဲဒါကို စိတ်မပူပါနဲ့။ သူ့ဒဏ်ရာတွေကို ကုသဖို့ မြန်မြန်ခေါ်သွားတာက ပိုကောင်းပါတယ်။ ဒီလူက သူ့ရဲ့သွေးအနှစ်သာရကို လောင်ကျွမ်းဖို့ လျှို့ဝှက်နည်းပညာကို အသုံးပြုထားပုံရပြီး ဒဏ်ရာအပြင်းအထန်ရနေပုံရတယ်။ အချိန်မီ မကုသရင် သူ့အခြေခံကို ထိခိုက်သွားနိုင်ချေများတယ်။”

အကယ်၍ ၎င်းသည် သူ၏ အဖိုးတန် တပည့်ဖြစ်ခဲ့ပါက၊ သူသည် အဇူရာသက်ရှည်အနုပညာကို အသုံးပြုပြီး သူ့ကို ကယ်တင်မည်မှာ သေချာသည်။ သို့သော် တစ်ဖက်လူသည် သူ့တပည့်မဟုတ်သောကြောင့် သူစိတ်မ၀င်စားပေ။

လုရှောင်ယန်သည် သူတော်စင်တစ်ယောက်တော့ မဖြစ်ချင်ပေ။

ကျီဝူရှား ခေါင်းညိတ်လိုက်ပြီး ကျီဝူရှင်းအနားကို အမြန်လျှောက်သွားလိုက်သည်။

ကျီဝူရှင်းသည် သူ၏လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းကာ အလွန်အမင်း ထိတ်လန့်လို့နေသည်။ သူ့ထံတွင် တည်ရှိခဲ့ဖူးသည့် မောက်မာမှုတွေသည် ဒီအချိန်မှာတော့ လုံးဝ ပျောက်ကွယ်သွားသည်။

“မလာနဲ့။ မင်းက အတုပဲ။ အားလုံးက အတုတွေ။ မလာနဲ့။"

ကျီဝူရှား၏လှပသောမျက်နှာလေးတွင် တုန်လှုပ်နေရုံမှတစ်ပါး မတတ်နိုင်ပေ။

“ဒုတိယအစ်ကို၊ အစီအရင်ကို ဖယ်ရှားလိုက်ပါပြီ။ အစ်ကို အခု လုံခြုံသွားပြီ။"

"ထွက်သွား။ ငါမယုံဘူး။ မင်းတို့အားလုံးက အတုတွေ။ ဒါက ထင်ယောင်ထင်မှားတွေ။ မလာနဲ့။ လာတဲ့သူကို သတ်ပစ်မယ်။"

ကျီဝူရှင်း၏ ထိတ်လန့်သော အမူအရာကို မြင်လိုက်ရသောအခါ ကျီဝူရှားတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူမသည် ခြေတစ်လှမ်းလှမ်းပြီး ကျီဝူရှင်းနောက်မှ ချက်ချင်းပေါ်လာရန် အရိပ်ခြေလှမ်းကို အသုံးပြုလိုက်သည်။

ထို့နောက် သူမသည် သူ၏ခေါင်း နောက်ကို ရိုက်ချလိုက်သည်။ ထိုမှပင် သူငြိမ်သွားသည်။

သူမသည် သူ၏ ဒဏ်ရာများကို ကုသရန် ကျီဝူရှင်းကို ငုံ့ကာ သယ်သွားရန် ပြင်ဆင်သည်။ သို့တိုင်အောင် ကျီဝူရှင်း၏ ပါးစပ်က အဆက်မပြတ် ရေရွတ်နေသေးသည်။

“အဖေ၊ ကျွန်တော့်ကို မရိုက်ပါနဲ့တော့။ ကျွန်တော် တကယ်သေသွားလိမ့်မယ်…”

ကျီဝူရှား ၏ မျက်နှာသည် ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။ သူမသည် သူ၏ပခုံးကနေပြီး လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ဆွဲကာ သူ့ကို တော်ဝင်နန်းတော်၏ ဆေးကုသရေးဌာနသို့ ဆေးကုသမှုခံယူရန် အမြန်ခေါ်သွားသည်။

လုရှောင်ယန်သည် အစီအရင်ရှေ့သို့ ရောက်ရှိလာပြီး သွေးများဖြင့် ဖုံးလွှမ်းနေသော မြေပြင်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။

“ငါဒီအစီအရင်ဖွဲ့စည်းဖို့ ငါ့ခွန်အားရဲ့ ၂၀ ကနေ ၃၀% ပဲ အသုံးပြုခဲ့တာ ဝူရှား ရဲ့ဒုတိယအစ်ကိုက တောင်ပင်လယ် ပဉ္စမအဆင့်မှာလေ။ ယုတ္တိရှိရှိပြောရရင် သူက ဒီလို အဆုံးမသတ်သင့်ဘူး။ ကြည့်ရတာ ဒီအချိန်အတောအတွင်း ငါ့ရဲ့ အစီအရင် ဖွဲ့စည်းမှုခွန်အားက ထပ်တိုးလာပုံရတယ်။ တတိယအဆင့် ငါ့ရဲ့ခွန်အားက စတုတ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့်ကို ရောက်နေပြီဖြစ်နိုင်တယ်။”

ကံကောင်းထောက်မစွာ၊ သူသည် ဝူရှား၏ဒုတိယအစ်ကိုတစ်ဦးတည်းသာဖြစ်သည်။ ကျွမ်းကျင်သူအနည်းငယ်ကလာရောက်ပြီးသိုင်းဘုရင်အဆင့် အစီအရင် နှစ်ခုကို အသက်သွင်းပစ်မယ်ဆိုလျှင် တကယ်ကို ဒုက္ခရောက်ပေလိမ့်မည်။

လုရှောင်ယန်၏ အစီအရင်အတွင်း ဝင်ရောက်လာသည့် မည်သူမဆို သာမန် ကောင်းကင်ဘုံအစီအရင်များကိုသာ အသက်သွင်းမိမည်ဖြစ်သည်။

ဤခြံဝင်းထဲတွင် အတော်ကြာ ပုန်းနေဖို့ ဆုံးဖြတ်ထားသောကြောင့် တစ်ခုခု မှားယွင်းပြီး တစ်ဖက်လူက သိုင်းဘုရင်အဆင့်အစီအရင်ကို အသက်မသွင်းမိခင် သူအမြန်ရှာတွေ့ဖို့လိုအပ်သည်။

သိုင်းဘုရင်အဆင့်အစီအရင်သည် အထူးအခြေအနေများတွင်သာ အသုံးပြုရန်ဖြစ်သည်။ ၎င်းကို ဖန်တီးခဲ့ပေမယ့် အကျပ်အတည်းမရှိလျှင် လုရှောင်ယန်သည် အဲဒါကို ဖော်ထုတ်ရန် မလိုလားပေ။

ဤမိုက်မဲသော ကျီဝူရှား၏ ဒုတိယအစ်ကိုသည် သူ၏ အစီအရင်ကို လာရှုပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကံကောင်းထောက်မစွာ၊ သူ၏ ကျင့်ကြံဆင့်သည် တောင်ပင်လယ်အဆင့်တွင်သာရှိပြီး သိုင်းဘုရင်အဆင့်အစီအရင်ကို အသက်သွင်းနိုင်စွမ်း မရှိပေ။

လုရှောင်ယန် ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏တပည့် အခန်းကိုသာ သွားလိုက်သည်။ လီချန်းရှန်သည်လည်း ရေချိုးကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားပစ်လိုက်သည်။ ယခု သူသည် ပို၍ ဖြူစင်ပြီး ပိုချောလာသည်။ သို့သော်လည်း သူသည် ခြေထောက်တစ်ချောင်း ကင်းမဲ့နေသေးပြီး အနည်းငယ် သနားစဖွယ်ဖြစ်နေသည်။

သို့သော် ဤသည်မှာ ပြဿနာမဟုတ်ပေ။ လုရှောင်ယန်သည် အဖိုးတန်ဆေးဖက်ဝင်အပင်များဝယ်ရသည့်အကြောင်းရင်းမှာ လီချန်းရှန်၏ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ရန် ကူညီပေးဖို့ဖြစ်သည်။

“ဆရာ။”

ယွင်လီကောနှင့် ကျန်နှစ်ယောက်တို့သည် လုရှောင်ယန် ရောက်ရှိလာသည်ကို မြင်သောအခါချက်ချင်းအရိုအသေပေးပြီး ဦးညွှတ်ကြသည်။

လုရှောင်ယန်က ခေါင်းညိတ်ပြီး ယွင်လီကောနှင့် ဖုန်းထျန်းယွမ်ကို ချက်ချင်းပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီမှာဘာလုပ်နေတာလဲ? မြန်မြန်သွား ကျင့်ကြံ..”

"အမ်.. ဆရာ၊ ဒါက ကျွန်တော်တို့ နန်းမြို့တော်ကိုရောက်တာ ပထမဆုံးအကြိမ်ပါ။ ကျွန်တော်တို့ မလည်ရသေးဘူး။”

လုရှောင်ယန်က သူတို့နှစ်ယောက်ကို ဒေါသတကြီးစိုက်ကြည့်ကာ "ကြည့်စမ်း။ မင်းနှစ်ယောက်က စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့်က အမှိုက်လေးတွေဖြစ်ပြီး မင်းတို့ရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေတယ်၊ မင်းတို့ ဘယ်လို ပျင်းလို့ရမလဲ? ထုတ်လုပ်ရေးအဖွဲ့က မြည်းတွေတောင် မင်းတို့နှစ်ယောက်လို အနားယူဖို့ မဝံ့ရဲကြဘူး။ မြန်မြန်သွားပြီး ကျင့်ကြံကြ...။”

“အိုး… နားလည်ပါပြီ”

သူတို့နှစ်ဦးသည် ချက်ခြင်းပင် နာခံစွာ ကျင့်ကြံရန် ပြေးကြသည်။

လီချန်းရှန်က မနေသာပဲ ပြောသည်။ “ဆရာ၊ ကျင့်ကြံခြင်းက အလုပ်နဲ့ အနားယူခြင်း မပါဝင်သင့်ဘူးလား? ကျွန်တော်တို့က မျက်စိစုံမှိတ် ကျင့်ကြံလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို တိုးလာစေပြီး ချီ သွေဖည်မှုအလွယ်တကူ ခံစားလာရမှာ မဟုတ်လား?”

လုရှောင်ယန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“အဲ့ဒါက ရိုးရိုးကျင့်ကြံခြင်းနည်းလမ်းတွေအတွက်ပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းမှာ ဒီလိုအရာတွေ မရှိဘူး။”

သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းကို သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းဟု ခေါ်ရခြင်းအကြောင်းရင်းမှာ ၎င်းတို့သည် ပြီးပြည့်စုံပြီး ကျင့်ကြံခြင်းနည်းလမ်းများစွာတွင်ပါရှိသော ချို့ယွင်းချက်များကို ဖယ်ရှားပြီးသားဖြစ်သောကြောင့်ဖြစ်သည်။

သီအိုရီအရ ကျင့်ကြံခြင်းနည်းလမ်း မြင့်မားလေလေ၊ ပြီးပြည့်စုံလေလေ ဖြစ်သည်။ ကျင့်ကြံရန်အခက်အခဲများ တိုးလာသော်လည်း လေ့လာသိရှိန်ုင်သည်နှင့်အမျှ ၎င်းတို့၏ ကျင့်ကြံမှုအရှိန်သည် အလွန်အားကောင်းလာကာ ချီ သွေဖည်မှု ကြုံတွေ့နိုင်ခြေလည်း လျော့နည်းသွားမည်ဖြစ်သည်။

သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းသည် နဂိုကတည်းက ရူးနေသူမဟုတ်သရွေ့ ရူးသွပ်သွားစေမည်မဟုတ်ပေ။

အရေးအကြီးဆုံးမှာ သူတို့ မကျင့်ကြံလျှင် လုရှောင်ယန်၏ ကျင့်ကြံဆင့်က ဘယ်လို တိုးလာနိုင်မည်လဲ။

သူသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်လာရန် ဝေးနေသေးသည်။

လုရှောင်ယန်သည် လီချန်းရှန်က သူပြောတာကို နားမထောင်သလို ဘာမှပြန်မပြောတာကို မြင်လိုက်ရသည်။

ဤကဲ့သို့ အကြိမ်ပေါင်းများစွာ ကြုံလာရသည့်အခါ သူသည် အရူး မဟုတ်တော့ပေ။ နောက်ဆုံးတော့၊ ဤအခြေအနေတွေအောက်မှာ ခေါင်းငုံ့ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးဆိုတာ သူသိသည်။

လုရှောင်ယန် ပျော်ရွှင်နေသရွေ့ အဆင်ပြေသည်။

“ကောင်းပြီ၊ သူတို့ကို ထားလိုက်ပါ။ မင်းရဲ့ခန္ဓာကိုယ်ကို အခုစပြီး ပြုပြင်ပေးမယ်။"

“ဟုတ်ကဲ့။”

ပြန်ကြားပြီးနောက် လီချန်းရှန်သည် လုရှောင်ယန်က အဖိုးတန်ဆေးဖက်ဝင်အပင်များစွာကို ထုတ်ယူနေသည်ကို တွေ့လိုက်ရသည်။

ဤအရာက သူ၏နှလုံးသားကို ပူနွေးစေသည်နှင့်အမျှ သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ဤဆေးဖက်ဝင်အပင်တွေက စျေးမနည်းလှပေ။

အတိတ်က သူ့အတွက် မရှားပါးသော်လည်း ယခု သူသည် ဒုက္ခိတတစ်ယောက်သာ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ကို ပြုပြင်လျှင်တောင် သိုင်းပညာလမ်းကြောင်းပေါ်တွင် အများကြီး မအောင်မြင်နိုင်ပေ။ အနည်းဆုံး အရင်ကသူနှင့် မယှဉ်နိုင်လောက်ပေ။

သို့သော် လုရှောင်ယန်သည် သူ့အား ကောင်းကောင်းဆက်ဆံ ဆဲဖြစ်သည်။ လီချန်းရှန် ရင်ထဲ အနည်းငယ် ထိမိသွားသည်။

“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ဘယ်အခန်းကို သွားရမှာလဲ?”

“ အခန်းထဲမှာ လုပ်လို့မရဘူး၊ ပြီးတော့ ဧကရာဇ်နန်းတော်မှာ အဲဒါကို လုပ်လို့မရဘူး။ ဒီမှာ လူများတယ်။ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြီးလို့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာရင် အရမ်းဒုက္ခရောက်လိမ့်မယ် ထင်တယ်။"

"ဖြစ်စဉ်တစ်ခု လား...."

လီချန်းရှန်သည် မနေသာပဲ အနည်းငယ် ဆွံ့အသွားသည်။

သူသည် ပျက်စီးသွားသည့် ခန္ဓာကိုယ်ကို ပြုပြင်ရုံနှင့် ကမ္ဘာပေါ်မှာ ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေနိုင်သေးသလား?

သူ၏ဘ၀တွင် မွေးကတည်းက ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုသာ ကြုံတွေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဓါးအရိုး ဖြင့် ကောင်းချီးပေးခံရသောကြောင့်ဖြစ်သည်။

ယခုမူ သူ၏ဓားအရိုးကို တူးထုတ်ပြီးသွားပေပြီ။ လုရှောင်ယန်သည် သူ၏ခန္ဓာကိုယ်ကိုသာ ပြုပြင်နိုင်မှာဖြစ်ပြီး ဓားအရိုးကို မပြုပြင်နိုင်ပေ။

ထို့ကြောင့် ပုံမှန်မဟုတ်သော ဖြစ်စဉ်တစ်ခု ဘယ်လိုလုပ်ပြီးတော့ ဖြစ်လာနိုင်တော့မလဲ…

All Chapters