← Chapters

အခန်း (၂၅၆-၂၆၀)

Vol. 18 Ch. 256-260

အခန်း (၂၅၆-၂၆၀)

Vol. 18 Ch. 256-260

အပိုင်း ၂၅၆ ကြွယ်ဝခြင်းနတ်ဘုရားနဲ့တွေ့လိုက်ရတာလား?

လုရှောင်ယန် မျက်မှောင်ကြုတ်လိုက်ကာ သူ့အမူအရာသည်လည်း အနည်းငယ်ရုပ်ဆိုးနေခဲ့သည်။

သူခန့်မှန်းတာသာမှန်မယ်ဆိုလျှင် အောက်ကိုဆင်းလာသည့်တစ်ယောက်မှာ သေချာပေါက် ဟန်ကျန့်ဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဟန်ကျန့်ကလွဲလို့ ဘယ်သူကများ ဒီလောက် အထင်သေးစရာကောင်းတဲ့ပုံမျိုးဖြစ်နိုင်မှာလဲ။

နောက်ထပ်ရောက်ရှီလာသည့် လူအနည်းစုမှာတော့ နတ်ဘုရားခန်းမမှ ဖြစ်ပေလိမ့်မည်။

သူတို့တွေ သူတို့စစ်တပ်ကိုပါ တခါတည်း မောင်းသွင်းလာခဲ့မည်ဟု လုရှောင်ယန် ထင်ထားခဲ့ခြင်းဖြစ်သည်။ အခုတော့ လူအနည်းငယ်သာရှိနေတာကြောင့် သေချာပေါက် ဤမျှများပြားသည့် သိုင်းဘုရင်အဆင့်အစီအရင်များကို အသက်သွင်းပစ်ဖို့ မထိုက်တန်ပေ။

သို့ပေမဲ့ သူတို့ကို လွှတ်ပေးလိုက်ဖို့ကလည်း မဖြစ်နိုင်ပေ။

မဟုတ်လို့ မဟာကျိုးနန်းမြို့တော်တစ်ခုလုံး ဗလာဖြစ်နေသည့်သတင်းသာ ပျံ့သွားမည်ဆိုလျှင် ဆုချန်၏သံသယစိတ်က သေချာပေါက် မြင့်တက်လာပေလိမ့်မည်။

အခုတော့ ပြဿနာတစ်ခုရှိနေတယ်။ ဟန်ကျန့်ပါ ဒီနေရာမှာ ရှိနေတာပဲ။

ဝမ့်ခိုက်၏တိုက်ခိုက်ပေးမှုမပါဘဲ အဖွဲ့နှစ်ဖွဲ့ကို တစ်ချိန်တည်း သတ်ဖြတ်ဖို့ဆိုသည်က လုရှောင်ယန်အတွက် မဖြစ်နိုင်ပေ။

သို့သော်လည်း ဝမ့်ခိုက်သည် သူ၏အကြီးမားဆုံးသော ဝှက်ဖဲတစ်ခုဖြစ်သည်။ ဤနောက်လိုက်ငယ်လေး တချို့တလေအတွက်နှင့် ၎င်းကို ထုတ်သုံးလိုက်ဖို့က အလွန်ဆိုးရွားပေသည်။

ဒါ့အပြင် ဟန်ကျန့်သာ မြန်မြန်ဆန်ဆန်ထွက်ပြေးသွားပြီး ဝမ့်ခိုက်က သူ့ကိုသတ်ဖို့မမီလိုက်လျှင် လုရှောင်ယန်တော့ သွားပေပြီ။

အနာဂတ်တွင် သူ့မှာ သူနှင့်အင်အားချင်းတူညီသည့် ခွေးတစ်ယောက်ရှိနေကြောင်း တလောကလုံး သိသွားပေလိမ့်မည်။

သေချာပေါက် သူ့ကိုယ်သူ မဖော်ထုတ်ပစ်နိုင်ဘူး။

သူ မဖော်ထုတ်နိုင်ဘူးဆိုမှတော့… ဘာလို့များ… သူအမြဲလုပ်နေကျအတိုင်း မလုပ်ရမှာလဲ?

ထို့သို့တွေးမိပြီးနောက် လုရှောင်ယန်၏အကြည့်က ဟန်ကျန့်ရှိရာသို့ ကျရောက်သွားလေသည်။ ဟန်ကျန့်သည် အိမ်ငယ်လေးတစ်ခုထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူ၏ဒူးတစ်ဖက်ထောက်ကာ ကောင်းကင်ပေါ်ရှိ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ သုံးဦးကို စိုက်ကြည့်နေလေသည်။

လုရှောင်ယန် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ၏သိုင်းဘုရင်အဆင့်လှံကို ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း တစ်ချက်ပြန်တွေးပြီးနောက် ထိုလှံကို အသုံးမပြုဖို့ရန် ဆုံးဖြတ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် သူဒီလှံကို ကံကောင်းခြင်းရွှေနဂါးတွေ ကင်စားဖို့အတွက် အသုံးပြုနေခဲ့တာလေ။ တကယ်လို့ သူသာ လှံကို ဟန်ကျန့်ကိုသတ်ဖို့အတွက် အသုံးပြုလိုက်မည်ဆိုလျှင် နောင်မှာ စိတ်ဒဏ်ရာကြီးကြီးမားမားရသွားပေလိမ့်မည်။

ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ဓားရှည်တစ်လက်ကို ပြောင်းလဲဆင့်ခေါ်လိုက်တော့သည်။

ထို့နောက် ဓားထိန်းချုပ်ခြင်းပညာကို လှည့်ပတ်ကာ အဇူရာကြာပန်းဓားပညာရပ်ကိုပါ ပေါင်းစပ်အသုံးပြုလိုက်သည်။

ဤကျင့်ကြံခြင်းနည်းလမ်းသည် သိပ်အားမကောင်းသော်လည်း လုရှောင်ယန်အတွက် အလွန်အမင်း အင်အားကြီးနေဖို့ မလိုအပ်ပေ။ သူ့အနေနှင့် ဟန်ကျန့်ကို ဖိအားပေးကာ တွန်းထုတ်ပြီး သူတို့အချင်းချင်းပြန်တိုက်ခိုက်အောင် လုပ်ဖို့သာ လိုအပ်ပေသည်။

ဒါကြောင့် လုရှောင်ယန်က ချက်ချင်းဆိုသလို ဓားကိုထိန်းချုပ်ကာ ဟန်ကျန့်အနားသို့ ဖြည်းညှင်းစွာ ချင်းကပ်သွားလိုက်သည်။

ဟန်ကျန့်သည် ကောင်းကင်ပေါ်မှ သိုင်းဘုရင်းအဆင့်ကျွမ်းကျင်သူသုံးဦဂကို ကြည့်နေချိန်တွင် တစ်စုံတစ်ခုကို ဝေဝေဝါးဝါး အာရုံခံမိလိုက်တာကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသွားတော့သည်။

သူတစ်ဖက်လှည့်ကြည့်လိုက်ချိန်မှာတော့ တကယ်ကိုပဲ ကောင်းကင်ဘုံအဆင့်ဓားတစ်ချောင်းကို သူ့ကိုတိုက်ခိုက်လာသည်ကို တွေ့လိုက်ရလေသည်။

တစ်ယောက်ယောက်က သူပုန်းနေတဲ့နေရာကို ရှာတွေ့သွားတာဖြစ်နိုင်မလား?

သို့သော်လည်း တစ်ဖက်လူက ဤကဲ့သို့ လက်နက်လေးတစ်ခုဖြင့် သူ့ကိုထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု ဟန်ကျန့်မယုံကြည်ပေ။ ထိုဓားချက်က သူဝတ်ထားသည့်သိုင်းဘုရင်အဆင့်ချပ်ဝတ်ကို မဆိုးထားနှင့် သူ့ကိုကာကွယ်ပေးနေသည့်အရှိန်အဝါကိုတောင်မှ ထိုးဖောက်နိုင်မည်မဟုတ်….

“သေစမ်း!”

ဟန်ကျန့်တစ်ယောက် မထီမဲ့မြင်ပြင်နေတုန်းရှိသေး သူ့တင်ပါးနေရာမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ရုတ်တရက် ခံစားလိုက်ရသည့် ပြင်းထန်သည့်နာကျင်မှုကြောင့် သူ့မျက်လုံးများပြူးကျယ်သွားကာ သွေးပင်အန်မိတော့မလိုဖြစ်သွားသည်။

သူ့အကာအကွယ်က ကျိုးပေါက်သွားလေပြီ။ အဲဒါက သိုင်းဘုရင်အဆင့်လက်နက်တစ်ခုပဲ!

သေစမ်း၊ တစ်ယောက်ယောက်က သူ့အာရုံကိုဆွဲဆောင်ဖို့အတွက် ကောင်းကင်ဘုံအဆင့်လက်နက်နဲ့ အယောင်ပြခဲ့တာပဲ။ ဒါပေမဲ့ တကယ်တမ်း တစ်ဖက်လူက သူ့ကိုတိုက်ဖို့အတွက် သိုင်းဘုရင်အဆင့်လက်နက်ကို လျှို့ဝှက်ထုတ်သုံးခဲ့တယ်!

သေရော၊ ဒီမှာ နောက်ထပ်ကျွမ်းကျင်သူရှိနေတာပဲ။

ဟန်ကျန့် မဆိုင်းမတွနှင့် ချက်ချင်းပင် ထွက်ပြေးဖို့ရန်အတွက် သူ၏ကျင့်စဉ်ကိုအသုံးပြုလိုက်လေသည်။

ထွက်ပြေးခြင်းသည် သူ့ကိုယ်ထဲတွင် အမြစ်တွယ်နေပြီဖြစ်သည့် ဗီဇတစ်ခုဖြစ်နေခဲ့ပြီးဖြစ်တာကြောင့် ပင်ကိုစရိုက်နှင့် လုံးဝပေါင်းစပ်သွားလေသည်။

အခြေအနေကို မခန့်မှန်းနိုင်သည့်အချိန်မျိုး သို့မဟုတ် တစ်ဖက်တွင် ကျွမ်းကျင်သူတွေ အများကြီးရှိနေသည့်အချိန်မျိုးတွင် သူကတော့ သေချာပေါက် ထွက်ပြေးမည့်လမ်းကိုသာ ရွေးပေလိမ့်မည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးဦးမှာ မဟာကျိုးနန်းမြို့တော်ကို တိုက်တော့မည့်ဆဲဆဲတွင် လေထုထဲသို့ ဖြတ်သန်သွားသည့် အလင်းတန်းတစ်ခုကို မြင်လိုက်ရတာကြောင့် ရုတ်ချည်း အံ့ဩသွားကြလေသည်။

“အခုလေးတင် ဘာဖြတ်သွားတာလဲ?”

“သေချာမမြင်လိုက်ရဘူး။ အနက်ရောင်ကြွက်ကြီးတစ်ကောင်လိုပဲ။ သူ့တင်ပါးမှာ အမြီးအရှည်ကြီးပါ တွေ့လိုက်တယ်။”

ထိုအချိန်တွင်ပဲ လုရှောင်ယန်တစ်ယောက် အခွင့်အရေးကို အမိအရယူကာ အော်ဟစ်လိုက်လေသည်။

“မကောင်းတော့ဘူး။ အရှင်မင်းကြီး သိုင်းဘုရင်အဆင့်လက်နက်နဲ့ ထွက်ပြေးသွားပြီ!”

ထို့နောက် ထပ်အော်လိုက်ပြန်သေးသည်။ “အရှည်မင်းကြီး၊ ကျွန်တော်တို့လို သာမာန်ပြည်သူတွေကို ထားခဲ့လို မဖြစ်ဘူးလေ!”

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးဦး၏အာရုံကြောများတင်းကြပ်သွားတော့သည်။

“အဲဒါ ကျီဝူရှန်ပဲ! မြန်မြန်လိုက်ဖမ်းကြ။ သူ့ကို လွတ်မြောက်ခွင့်မပေးနဲ့။ မဟုတ်ရင် ခန်းမသခင်က ငါတို့ကို သေချာပေါက် လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး။”

“သူ့မှာ သိုင်းဘုရင်အဆင့်လက်နက်တစ်ခုရှိနေတယ်။ သူ့ကိုသတ်ပြီးရင် သိုင်းဘုရင်အဆင့်လက်နက်က ငါတို့အပိုင်ပဲကွ။”

ဆုချန်က သူ၏သိုင်းဘုရင်အဆင့်လက်အောက်ငယ်သားများအတွက် သိုင်းဘုရင်အဆင့်လက်နက်များ စီမံပေးအပ်ခဲ့သည်မှာ မှန်သော်လည်း ဘယ်သူကမှ လက်နက်တွေပိုရှိလာဖို့ကို ငြင်းကြလိမ့်မည်မဟုတ်ပေ။

အားလုံးထွက်သွားပြီးနောက် အဆုံးမှာတော့ လုရှောင်ယန်သည်လည်း ထောင့်နားကနေ ထွက်လာခဲ့သည်။

“မမျှော်လင့်ထားတဲ့အခြေအနေမျိုးသာ မဖြစ်ခဲ့ဘူးဆိုရင်၊ ဟန်ကျန့်က သူတို့ကို သေချာပေါက် သတ်ပစ်မှာပဲ။ ဒီလိုသာဆို သိုင်းဘုရင်အဆင့်လက်နက်တစ်ခုလောက်ဆုံးရှုံးရတာ တန်သွားပြီ။”

အမှန်တော့ အကယ်၍ ဤနေရာတွင် ဟန်ကျန့်တစ်ယောက်တည်းသာ ရှိနေခြင်းဆိုလျှင် လုရှောင်ယန်အတွက် သူ့ကိုသတ်ပစ်နိုင်ဖို့ ယုံကြည်ချက်ရှိပေသည်။

သူက ကျန်လူတွေ ထွက်ပြေးလွတ်မြောက်သွားပြီး ဆုချန်ကို သူအရမ်းအင်အားကြီးကြောင်း ပြောလိုက်မည်ကို စိုးရိမ်မိခြင်းသာဖြစ်သည်။ ဆုချန်သာ မဟာကျိုးနန်းမြို့တော်ကို မလာတော့ဘူးဆိုလျှင် သေချာပေါက် ဒုက္ခများပေမည်။

ဟန်ကျန့်က ထိုသုံးယောက်ကို သတ်ပစ်လိုက်ပြီးလျှင် နတ်ဘုရားခန်းမဘက်မှ လှုပ်ရှားမှုတချို့ရှိလာဖို့ပါ သူမျှော်လင့်နေမိသည်။

ထို့အပြင်၊ တကယ်တော့ လုရှောင်ယန်သည် အခုလေးတွင် သိုင်းဘုရင်အဆင့်လက်နက်ပေါ်၌ တစ်စုံတစ်ခုကို စီမံထားခဲ့ပေသည်။ အဲဒါနဲ့သာဆိုရင်ဖြင့်.. ဟီးဟီးဟီး….. ဟန်ကျန့်သာ သူနှင့်အတိုင်းအတာတစ်ခုဝန်းကျင်အတွင်း ပေါ်လာသည်နှင့် ချက်ချင်းအာရုံခံနိုင်သွားမည်ဖြစ်သည်။ ဤအတိုင်းသာဆိုလျှင် နောက်တစ်ကြိမ် လုရှောင်ယန်နှင့်သာ ထိပ်တိုက်ကြုံရလျှင် ဟန်ကျန့်အဖို့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

ထိုအကြောင်းတွေးပြီးသည်နှင့် လုရှောင်ယန်တစ်ယောက် သူ၏အမည်မဲ့ဂိုဏ်းသို့ပြန်ကာ တိုက်ပွဲအတွက် လိုအပ်သည်များ ဆက်လက်ပြင်ဆင်လေသည်။

……

လစန္ဒာ၏အလင်းရောင် ပိုမိုတောက်လာစေသည့် ညဉ့်နက်အချိန်တွင် ရုတ်တရက်ဆိုသလို မဟာကျိုးအင်ပါယာ၏အရှေ့ဘက်အရပ်၌ ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!

မြေပြင်တွင် အလင်းတန်းတစ်ခုလက်သွားသည်နှင့် ကောင်းကင်သို့ ပေါက်ကွဲမှု လှိုင်းလုံးကြီး ထောင်တက်သွားတော့သည်။

ပေါက်ကွဲမှုအတွင်း သိုင်းဘုရင်အဆင့်သုံးဦး၏အရှိန်အဝါ ပျောက်ကွယ်သွားသည်ကိုမြင်ကာမှ ဟန်ကျန့်တစ်ယောက် သက်ပြင်းမောကြီး ချနိုင်သွားခဲ့သည်။

အစကတော့ ဤအရာကို ကျွင့်မိသားစုမှ ကျွမ်းကျင်သူများအား ရှင်းထုတ်ရာတွင် အသုံးပြုဖို့ရန် ကြံရွယ်ထားခဲ့ခြင်းပင်။

အမည်မသိသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးယောက်ကို သတ်လိုက်ရခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဒါပေမဲ့ အရေးတော့မကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြတာကြောင့် ဤတစ်ကြိမ်တွင် ပစ္စည်းကောင်းတွေအများကြီး ရလောက်မည်ဟု ခန့်မှန်းရသည်။

ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာ သူ၏အူလမ်းကြောင်းထဲစိုက်ဝင်နေသည့် သိုင်းဘုရင်အဆင့်ဓားကို ဖြည်းဖြည်းချင်းပြန်မဆွဲထုတ်ခင် အရင်ဆုံး ဝိညာဉ်စွမ်းအင်တို့ဖြင့် ရစ်ပတ်လိုက်သည်။

“ဟစ်! နာလိုက်တာ! နာလိုက်တာ!”

သေသင့်တဲ့ကောင်။ ငါ ရှာလို့မတွေ့အောင် သေချာပုန်းနိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ သေချာပေါက် မင်းရဲ့အူတွေကို ပြောင်းပြန်လည်ပြီး အစာသွပ်ပစ်မယ်!

“ခွေးကောင်! သူ့နည်းလမ်းက ငါ့ထက်တောင်မှ ပိုပြီး စက်ဆုပ်စရာကောင်းသေးတယ်။”

သို့ပေမဲ့ သူ့လက်ထဲရှိ သွေးတို့စွန်းထင်းနေသော သိုင်းဘုရင်အဆင့်ဓားကို မြင်ချိန်မှာတော့ ဟန်ကျန့်တစ်ယောက် ထပ်ပြုံးလိုက်ပြန်သည်။

သူ အမြတ်ထွက်သွားတုန်းပဲ။

သူ့ဒဏ်ရာတွေဆိုတာက ပြန်ကောင်းဖို့ အလွန်လွယ်ကူသော်လည်း သိုင်းဘုရင်အဆင့်လက်နက်တစ်လက်ဆိုသည်က နေ့တိုင်းရရှိနိုင်သည်မဟုတ်ပေ။

“ငါ့ကို ဓားနဲ့ထိုးဖို့ မင်းကိုဘယ်သူပြောလို့လဲ? အခုတော့ မင်းရဲ့သိုင်းဘုရင်အဆင့်လက်နက်ပါသွားလို့ဆိုပြီး တစ်ထောင့်ထောင့်မှာ ငိုနေပြီမဟုတ်လား?”

“ပြောကာမှ၊ ဒီလူ ဘယ်လိုများလုပ်လိုက်တာလဲ? အဲဒီအချိန်တုန်းက ငါ့ဘက်က ပြင်ဆင်မထားခဲ့ဘူးဆိုပေမဲ့ ငါ့ရဲ့ရောင်ဝါအကာအရံနဲ့ ငါ့ကိုယ်ပေါ်က သိုင်းဘုရင်အဆင့်ချပ်ဝတ်တွေဆိုတာ အလကားအယောင်ပြတွေမှမဟုတ်ဘဲ။ ဒီကောင် ဘယ်လိုလုပ်ပြီးများ ဒီလောက်ခိုင်ခံတဲ့အကာအကွယ်ကို လျစ်လျူရှုနိုင်ရတာလဲ?”

“မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား? အကာအကွယ်ကို အသာလေးချိုးဖောက်နိုင်တယ်ဆိုတာ အရမ်းကို ပုံမှန်ဟုတ်မနေဘူးလားလို့? ဒီလောက်အစွမ်းထက်တဲ့အရည်အချင်းသာရှိနေရင် အမှောင်ထဲမှာပုန်းပြီး ငါ့ကိုချောင်းမြောင်းလုပ်ကြံနေစရာမှ မလိုတာ။”

ထိုသို့တွေးမိလိုက်ပြီး ဟန်ကျန့်ခေါင်းကို ယမ်းလိုက်ကာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးဦး၏ ကျန်ရစ်ခဲ့သော သိုလှောင်လက်စွပ်များ သိုလှောင်အိတ်များကို စုဆောင်းဖို့အတွက် ခင်းကျင်းထားခဲ့သော အစီအရင်အနည်းငယ်ဆီသို့ ချက်ချင်းလျှောက်သွားလိုက်သည်။

…….

တစ်ဖက်တွင်တော့ မဟာချင်နန်းမြို့တော်တွင်၊

“အရှင်မင်းကြီး၊ မြန်မြန်… မြန်မြန်လေး…”

အောက်ဘက်မှ အသံမရပ်တန့်သွားခင်မှာပဲ စူးရှသည့်အလင်းတဖြတ်သည် မဟာကျိုးအင်ပါယာတည်ရှိရာဘက်သို့ စိုက်ကြည့်လိုက်လေသည်။

ရှန်းကွမ်းလျို့လီက အောက်ကနေ အမြန်ထလိုက်ကာ ဆုချန်ကိုယ်ပေါ်သို့ ဝတ်ရုံတစ်ခု ခြုံပေးလိုက်သည်။

“အရှင်မင်းကြီး၊ ဘာမှားနေလို့ပါလဲ?”

ဆုချန်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းလို့နေကာ ဓားကဲသို့အေးစက်သည့်အလင်းတန်းနှစ်သွယ်ပင် ပေါ်ထွက်လို့နေသည်။

“တစ်ယောက်ယောက်က ငါမဟာကျိုးကို ပို့ထားတဲ့သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသုံးယောက်ကို သတ်လိုက်ပြီ။”

ရှန်းကွမ်းလျို့လီ၏နှလုံးခုန်လှုပ်သွားကာ အနည်းငယ်ထိတ်လန့်သွားမိလေသည်။

“မဟာကျိုးအင်ပါယာမှာ အကြီးမြတ်ဆုံးကျွမ်းကျင်သူကသာ ကျင့်ကြံဆင့်အမြင့်ဆုံးမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်လိုက်နိုင်တာလဲ? အာရုံခံတဲ့နေရာမှာ မှားသွားလို့လား?”

ဆုချန်က သူမကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

“ငါ နောက်နေတယ်လို့များ မင်းထင်နေတာလား?”

ရှန်းကွမ်းလျို့လီ ရင်တုန်သွားပြန်ကာ ချက်ချင်းပင် သူမခေါင်းကို ငုံ့ချလိုက်သည်။

“မဟုတ်ပါဘူး… ငါ မလုပ်ရဲပါဘူး။”

“မလုပ်ရဲတာ အကောင်းဆုံးပဲ။”

ဆုချန် နှာမှုတ်လိုက်ကာ၊ “ကြည့်ရတာ ဒီမဟာကျိုးမှာ အရည်အချင်းတချို့ရှိနေတုန်းထင်တယ်။ အရင်က ငါ့ကိုဆန့်ကျင်ရဲခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး။ စစ်တပ်ကို ထွက်ခွာဖို့ ပြင်ဆင်ခိုင်းထားလိုက်။ လူတိုင်း သွားရမယ်။ ငါကိုယ်တိုင် မဟာကျိုးနန်းမြို့တော်ကို သွားချင်တယ်။”

“အရှင်မင်းကြီး၊ ဘာလို့ ကိုယ်တိုင်လုပ်မှာလဲ? မင်းရဲ့လက်အောက်ငယ်သားတွေကိုသာ ခိုင်းလိုက်ပါ။”

“ဘာမှ ဝင်ပြောစရာမလိုဘူး။ ဒါက ငါနန်းတက်ပြီး ပထမဆုံးတိုက်ရမဲ့ တိုက်ပွဲပဲ။ သေချာပေါက် ငါကိုယ်တိုင် ဝင်တိုက်ခိုက်ရမှာပေါ့။”

တကယ်တော့ ဆုချန်တွင် ရည်မှန်းချက်တစ်ခုရှိလေသည်။

သူက ဤအခွင့်အရေးကို အသုံးချကာ တခြားသာ တော်ဝင်မိသားစုဝင်များကို ခြိမ်းခြောက်၍ တစ်နိုင်ငံပြီး တစ်နိုင်ငံကို သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းလိုခြင်းဖြစ်သည်။

တော်ဝင်မိသားစုများမှ ကျွမ်းကျင်သူများကို လုံလုံလောက်လောက် စုဆောင်းခြင်းဖြင့်သာလျှင် သူ၏အင်အားကို ပိုမိုချဲ့ထွင်နိုင်ပြီး သူ့ခွန်အားသည်လည်း တိုးများလာပေလိမ့်မည်။

သူ၏ရည်မှန်းချက်ကို ဤသေးငယ်သေးမဟာချင်အင်ပါယာလေးတစ်ခုတည်းက ဖြည့်စည်းပေးနိုင်စွမ်းမရှိပေ။

သူလိုချင်သည်က ထာဝရသစ်တောထဲသို့ဝင်ကာ ပိုမိုမြင့်မားသည့်အဆင့်တစ်ခုသို့ တက်လှမ်းဖို့ရန် ဖြစ်လေသည်။

…..

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒုတိယမြောက်နေ့သို့ ရောက်ရှိသွားခဲ့သည်။ မဟာချင်အင်ပါယာသည် မဟာကျိုးအင်ပါယာနယ်နိမိတ်ကို အရှေ့မှအနောက်သို့ နယ်မြေအားလုံးကို ဝန်းရံဖို့ရန်အတွက် စစ်တပ်ကို ငါးပိုင်းခွဲလိုက်သည်။ သူတို့သည် မဟာကျိုးအင်ပါယာတစ်ခုလုံးကို ဖြန့်ကျက်ကာ သိမ်းပိုက်ရန်အတွက် အင်နဲ့အားနဲ့ ချီတက်လာခဲ့ကြသည်။

မဟာကျိုးတော်ဝင်မိသားစုကို လွတ်မြောက်ရန် အခွင့်အလမ်းပေးဖို့ အစီအစဉ်မရှိနေပေ။

ကောင်းကင်ထက်တွင် စစ်သင်္ဘောတစ်သန်းနီးပါး ပျံတက်လာကြကာ လမ်းတစ်လျှောက်ရှိ တိမ်တိုင်များကို လွင့်စင်လို့သွားစေသည်။

သူတို့၏အလွန်အစွမ်းထက်လှသောအရှိန်အဝါသည် မဟာကျိုးအင်ပါယာအတွင်းရှိ မြောက်မြားစွာသော ဂိုဏ်းများကို အလွန်အမင်း ဖိအားများစေခဲ့သည်။

ထိုအရှိန်အဝါသည် သူတို့၏လက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး စိတ်ထဲတွင် စွဲထင်သွားလောက်ပေပြီ။

ကံကောင်းစွာဖြင့် ဆုချန်သည် ထိုဂိုဏ်းငယ်လေးများကို မတိုက်ခိုက်ခဲ့ပေ။

ဒါက ဆုချန်တွင် ကြင်နာတတ်သည့်နှလုံးသားရှိနေ၍မဟုတ်ဘဲ ထိုဂိုဏ်းငယ်များသည် မြက်ပင်လေးများသာဖြစ်သောကြောင့်ပင်။ နောင်တွင်၊ သူတို့သာ အခွန်ငွေများထည့်ဝင်ကာ ဝိညာဉ်ကျောက်တုံးများ ဆက်သမည်ဆိုပါက သူ့အတွက် အဆင့်မြင့်အရာရှိများ စံစားဖို့ရန်အတွက် အရင်းအမြစ်စုဆောင်းရာတွင် လွယ်ကူသွားပေလိမ့်မည်။

အောက်ဘက်ရှိ ပုန်းကွယ်၍ရသည့်ထောင့်တချို့တွင် ရှေးဟောင်းတောင်နယ်နိမိတ်မှ သားရဲအများအပြားသည် ထိုယာဉ်အစုလိုက်ကြီးကို တိုက်ခိုက်ဖို့ရန်အတွက် ပုန်းအောင်းလို့နေကြသည်။

တစ်ဖက်တွင်မူ ရှေးဟောင်းတောင်နယ်နိမိတ်သည် မဟာချင်အင်ပါယာနှင့် တိုက်ပွဲပြီးကာစဖြစ်၍ နှစ်ဖက်လုံးသည် မီးနှင့်ရေကဲသို့ပင်။

တစ်ဖက်တွင်တော့ လူသားများသည် မိစ္ဆာသားရဲများကို ဆေးဖက်ဝင်ဆေးလုံးများနှင့် ဓမ္မရတနာများအဖြစ် သန့်စင်တတ်ကာ သားရဲများသည်လည်း ၎င်းတို့၏ကျင့်ကြံဆင့်မြှင့်တင်ဖို့ရန်အတွက် လူသားများကို စားကြလေသည်။

“ခေါင်းဆောင်၊ ငါတို့တိုက်ကြတော့မလား?”

“အလျင်မလိုနဲ့၊ ကျွမ်းကျင်သူတွေကို အရင်ဆုံးသွားခိုင်းပြီး နန်းမြို့တော်မှ သခင်နဲ့တိုက်ဖို့ လွှတ်ထားလိုက်။ နန်းမြို့တော်မှာ တိုက်ပွဲစတဲ့အချိန်မှ ငါတို့လည်း ဝင်တိုးပြီး အနောက်ဘက်ကနေ တိုက်ခိုက်ကြမယ်။”

“ဟုတ်တယ်။ ခေါင်းဆောင်နွားထီးရဲ့စကားကိုနားထောင်ပြီး မင်းတို့အရှိန်အဝါတွေကို ပြန်သိမ်းကြ။ မင်းတို့ရှိနေတာ မပေါ်သွားစေနဲ့။ ဒီလူသားတွေအရင်သွားပါစေဦး။ ငါတို့ကတော့ အနောက်ဘက်မှာကျန်မယ့် ကျင့်ကြံဆင့်အားနည်းတဲ့လူတွေကို အာရုံစိုက်ကြမယ်။ ဒီနည်းလမ်းက အလုံခြုံဆုံးပဲ။”

ကောင်းကင်ရှိ အကြီးမားဆုံးစစ်သင်္ဘောမှာ ဆုချန်၏စစ်သင်္ဘောဖြစ်သည်။ ထိုထဲတွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူပေါင်းများစွာ ရှိလို့နေသည်။ ၎င်းသည် တောင်ကြီးတစ်တောင်လိုမျိုး ခမ်းနားထည်ဝါရုံတင်မကဘဲ အတွင်းပိုင်းကို ဖောက်ထွင်းလို့မရနိုင်သလို။

ဆုချန်၏စိတ်အခြေအနေမှာ မပြောင်းမလဲပင်။

“တပ်ဖွဲ့တွေရဲ့ အခြေအနေဘယ်လိုလဲ?”

“အားလုံး ချောချောမွေ့မွေ့ပါပဲ။ မဟာကျိုးကဂိုဏ်းတွေက ကျွန်တော်တို့ကို မတားရဲကြပါဘူး။ ဒါပေမဲ့ အရှေ့ဘက်အဖွဲ့ကတော့ အတားအဆီးနည်းနည်းပါးပါးနဲ့ ကြုံတွေ့နေရပုံပါပဲ။ သူတို့ကို သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်က တိုက်ခိုက်လာတယ်လို့ ပြောကြပါတယ်။”

“ဟမ့်! စစ်ရထားကိုတားဖို့ကြိုးစားနေတဲ့ ရှိခိုးကောင်လိုပဲ။ ငါ့အမိန့်ကိုပြန်လိုက်၊ အဲဒီသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို အမြန်ဆုံး အဆုံးသတ်ပြီး မဟာကျိုးနန်းမြို့တော်ကို လာခဲ့လို။”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၅၇ ငါ ဘယ်သူ့ကိုတိုက်နေရတာလဲ?

မဟာကျိုး၏အရှေ့မြောက်ဘက်တွင် ဟန်ကျန့်တစ်ယောက် ဒေါသထွက်လွန်း၍ သွေးတောင်မှ အန်မိလေသည်။

မဟာကျိုးအင်ပါယာတွင် သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ပြီးနောက်မှာတော့ သူသည် နေရာသစ်သို့ပြောင်းရွှေ့ကာ အခွင့်အလမ်းသစ်များ ရှိမရှိသိရရန်အတွက် မြောက်ဘက်မဟာချင်အင်ပါယာသို့ ပြေးတော့မည်ဖြစ်သည်။ အဆုံးတွင်တော့ သူရောက်သွားသည်နှင့်တပြိုင်နက် ရှေးဟောင်းတောင်နယ်နိမိတ်ကို မဖြတ်သန်းနိုင်သေးခင်မှာပင် စစ်သင်္ဘောအုပ်စုကြီးနှင့် ထိပ်တိုက်တွေ့တော့သည်။

ပိုပြီး ဒေါသထွက်ဖို့အကောင်းဆုံးကတော့ ထိုသင်္ဘောပေါ်တွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်းများစွာ ပုန်းအောင်းနေခြင်းပင်!

တစ်ဖက် စကားတစ်ခွန်းတောင်မပြောသလို သူ့ကိုလည်း ရှင်းပြခွင့်တစ်စုံတစ်ရာမျှ ပေးမလာခဲ့ပေ။ သူတို့က ချက်ချင်းပင် သူ့အား ရိုက်နှက်ကြတော့သည်။ ဟန်ကျန့်ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ခေါင်းမမူးလာမချင်း အရိုက်ခံနေရတုန်းပင်။

ကူကယ်ရာမဲ့စွာဖြင့် သူ့မှာ နောက်တစ်ကြိမ် ထပ်ပြီးထွက်ပြေးဖို့သာ ရှိတော့သည်။

ထာဝရသစ်တောမှ ထွက်မလာခင်တုန်းက သူသည် ထာဝရသစ်တောမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ အဆုံးအဆမဲ့ရှိနေခြင်းကြောင့် ထိုနေရာကို လောကတွင်အန္တရာယ်အများဆုံးနေရာဟု တွေးထင်ခဲ့သည်။

သို့သော်လည်း ဟန်ကျန့်တစ်ယောက် ရုတ်တရက် အိမ်ကိုလွမ်းသလိုပင် ခံစားမိလေတော့သည်။

မဟာကျိုးဖြစ်ဖြစ် မဟာချင်ဖြစ်ဖြစ် သူထိုအကြောင်းတွေကို စိတ်မဝင်စားတော့ပေ။

အပြင်လောကသည် အလွန်အန္တရာယ်များလွန်းသည်။ သူ့ဘာသာ နာခံမှုရှိရှိဖြင့် ထာဝရသစ်တောကိုပြန်သည်ကသာ ပိုကောင်းပေမည်။

…..

မဟာကျိုးနန်းမြို့တော်၊ ဆုချန်သည် နတ်ဘုရားခန်းမမှ အဖွဲ့ဝင်များနှင့်အတူ ရောက်ရှိလာခဲ့ပေပြီ။

ရှေ့တန်းတပ်များတွင် ဝိညာဉ်စွမ်းအားသုံးသင်္ဘောရာထောင်ချီရှိကာ သူတို့၏ သန်မာကာအရိုင်းဆန်လှသည့်အရှိန်အဝါတို့က ကောင်းကင်ယံကိုပင် ဖုံးလွှမ်းနေခဲ့သည်။

မဟာကျိုးနန်းမြို့တော်တစ်ခုလုံးနှင့် မြောက်ဘက်နယ်မြေတစ်ခုလုံးကို အမည်းရောင်တိမ်တိုက်များက ဖုံးလွှမ်းထားခဲ့သည်။

သင်္ဘောပေါ်တွင်၊ ဆုချန်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ဘေးဘက်တွင်တော့ လှပသည့်အစေခံများရပ်နေကြကာ သူ့ကို ပို၍တောင်မှ ထူးခြားသွားစေသည်။

ဤအခြေအနေကိုပြန်ကြည့်ပြီး ဆုချန်တစ်ယောက် စိတ်ထဲကနေ သက်ပြင်းချမိသည်။

လွန်ခဲ့သည့်တစ်နှစ်လောက်တုန်းက သူလုံးဝအမှိုက်တစ်ယောက်ဖြစ်ခဲ့သည်ကို မှတ်မိလို့နေသေးသည်။

နင်းချင်သလို နင်းချေလို့ရသည့် အမှိုက်တစ်စပင်။

ဒါပေမဲ့ အခုချိန်မှာတော့ သူက အမှိုက်ကောင်မဟုတ်တော့ပေ။

သူသည် တစ်လောကလုံး၏ဘုရင်ဖြစ်လာပေတော့မည်!

အရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်နိုင်သည့် ဧကရာဇ်တစ်ပါးပေါ့!

အောက်ကိုတစ်ချက်ငုံကြည့်လိုက်ပြီးနောက် ဆုချန်၏နှုတ်ခမ်းစွန်းတို့က အနည်းငယ်ကော့တက်လို့သွားသည်။

“ငါ့ရဲ့ရဲမက်တို့ ဒီအချိန်က မင်းတို့ပါဝင်ရမဲ့အချိန်ပဲ! မဟာကျိုးကို ဖျက်ဆီးကြ။ ဒီမြေတစ်ခုလုံးကို လုံးလုံးလျားလျား လောင်ကျွမ်းပစ်စေချင်တယ်!”

“သတ်ကြ!”

အမိန့်ပေးသံတစ်သံနှင့်အတူ စစ်သင်္ဘောများသည် အမြန်အဆန် အောက်သို့ ထိုးဆင်းလာကြတော့သည်။

မဟာကျိုးနန်းမြို့တော်၏အပြင်ဘက်တွင်တော့ ကျွမ်းကျင်သူပေါင်းများစွာသည် မြေအောက်တွင် ပုန်းခိုနေကာ မဟာကျိုးနန်းမြို့တော်ကို ဝန်းရံလို့ထားကြသည်။

သူတို့ခေါင်းထက်ရှိမြေများသည် အစီအရင်ဖြင့် တူးထုတ်ထားခြင်းဖြစ်တာကြောင့် ရန်သူတွေ မြင်တွေ့နိုင်ခြင်းမရှိသည်မှာ သေချာပေသည်။

နတ်ဘုရားခန်းမ၏သင်္ဘော်များ မြေပြင်သို့ဆင်းသက်နေကြပြီကို မြင်သည်နှင့် လူတိုင်း၏အမူအရာမှာ လေးနက်စပြုလာခဲ့သည်။

လုရှောင်ယန်၏အစီအစဉ်အရ၊ တိုက်ပွဲပထမအချီသည် မြေပြင်ပေါ်ရှိ အစီအရင်များကို အသုံးပြုကာ တိုက်ကြမည်ဖြစ်သည်။

သို့သော်လည်း အစီအရင်များက တစ်ဖက်ကို လုံးလုံးချေမှုန်းပစ်ဖို့တော့ မလုံလောက်ပေ။ အစီအရင်များကို အသုံးပြုပြီးနောက်မှာတော့ သူတို့ စတင်တိုက်ခိုက်ရမည့်အလှည့်ဖြစ်သည်။

တွင်းတစ်ခုထဲတွင်တော့ စုန့်ရှင်းနျန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်ကာ လေးနက်သည့်အကြည့်များဖြင့် ပြောလာခဲ့သည်။

“နှစ်သန်းပေါင်းတစ်ရာကြာခဲ့ပြီ။ ဆုချန်၊ မင်း သေဖို့အဆင်သင့်ပဲလား?”

ယွင်လီကောနှင့်ကျန်တပည့်များက ချက်ချင်းပင် လက်ခုပ်ထတီးကြလေသည်။

“ကောင်းတယ်ဟေ့!”

“ဂျူနီယာညီလေးစုန့်ကတော့ မျှော်လင့်ထားသလိုပါပဲ၊ အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတယ်။ မင်းက တခါတည်း နှစ်သန်းပေါင်းတစ်ရာအထိ သွားလိုက်တာပဲ။ ဒီတစ်ခေါက် ဆုချန် သေချာပေါက် သေတော့မယ်။”

“ဂျူနီယာညီလေး၊ ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမယ်။”

စုန့်ရှင်းနျန် ပျော်ရွှင်စွာရယ်မောလိုက်သည်။

“အားနာလွန်းနေပါပြီ။ ခဏနေ အားလုံးအတူတူတိုက်ကြမှာပဲ။ စီနီယာအစ်ကိုလီနဲ့ ငါ့ရဲ့ ဖျက်ဆီးမှုစွမ်းအားတိုးများလာဖို့ အစွမ်းကုန်ကြိုးစားကြတာပေါ့။”

ဖုန်းထျန်းယွမ်က သူ့ရင်ဘက်ကို ပုတ်လိုက်ကာ၊ “စိတ်မပူနဲ့၊ ငါ့ကိုသာ လွှဲလိုက်။”

ကျွင့်ပုကျန်း : “???”

နှစ်သန်းပေါင်းတစ်ရာ? သူ့အသက်က ဘယ်လိုမလို့တုန်း?

သူလောက်တောင်မှ အသက်မကြီးသေးပါဘူး၊ ဟုတ်တယ်မလား?

ပြောရရင် သူတောင်မှ နှစ်ရာပေါင်းအနည်းငယ်လောက်ပဲ ကြီးသေးတာလေ။ ဒါကို သူက နှစ်သန်းပေါင်းတစ်ရာတွေတောင် ပြောနေပါ့လား။

ရူးများရူးနေတာလား?

မဟုတ်သေးဘူး။ သူတစ်ယောက်တည်း ရူးနေတာတော့ မဟုတ်လောက်ဘူး။

ကျန်လူများကိုပါ ဂရုတစိုက်ကြည့်ရှုလိုက်ရာ အားလုံးက စုန့်ရှင်းနျန်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်အား မြင်လိုက်ရသည်။ တကယ်ပဲ ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်တော့ပေ။

“အမ်… အခုဘာတွေပြောနေကြတာလဲ တစ်ယောက်လောက် ရှင်းပြပေးလို့ရမလား?”

ကျူးကောကျီချုံက ဇာတ်ကြောင်းတစ်ခုလုံးကို ကျွင့်ပုကျန်းအားပြောပြလိုက်ရာ ပိုလို့တောင်မှ ဆွံ့အသွားစေခဲ့လေသည်။

“ဒီ..ဒီနည်းက တကယ်ပဲ အလုပ်ဖြစ်လား?”

ကျူးကောကျီချုံက အလေးအနက်နှင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

သို့သော်လညး် ကျွင့်ပုကျန်းကတော့ သူတို့ကို မယုံကြည်ပေ။

ဒီလိုစကားလေးပြောလိုက်ရုံနဲ့ အောင်မြင်နိုင်နှုန်းက တကယ်ပဲ တိုးသွားမှာတဲ့လား?

အရမ်း အတုအယောင် ဆန်မနေလွန်းဘူးလား?

ပြီးတော့ ရူးကြောင်ကြောင်လည်း နိုင်သေးတယ်။

သူကတော့ ထာဝရသစ်တောကို ပြန်သွားချိန်တွင် ထိုသို့သောစကားမျိုး သေချာပေါက်မပြောဟု ကျိန်ဆိုလိုက်သည်။

ဒါက အရမ်းရှက်ဖို့ကောင်းတယ်။ ရူးကြောင်ကြောင်လည်း နိုင်သေးတယ်။ တိုက်ပွဲရလဒ်ဆိုတာ ခွန်အားနဲ့ပဲ သက်ဆိုင်တာပါ။

သူတွေးနေချိန်မှာပဲ ကောင်းကင်ထက်ရှိစစ်သင်္ဘာအစုသည် မြေပြင်ပေါ်သို့ အတိုင်းအတာတစ်ခုအထိ ဆင်းသက်ပြီးနေပြီဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာပဲ မဟာကျိုးတစ်နိုင်ငံလုံးတွင် ရုတ်တရက်ဆိုသလို မရေမတွက်နိုင်လောက်သော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

နောက်တခဏမှာပဲ မရေမတွကနိုင်သော ကျားများ နဂါးများ၏ဟိန်းဟောက်သံများက မြေပြင်ဆီမှ ဟိန်းထွက်လာကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပဲ ထိုမရေမတွက်နိုင်သော နဂါးနှင့်ကျားတို့၏ဝိညာဉ်အနှစ်သာရတို့သည် လောကရှိဝိညာဉ်စွမ်းအားတို့ကို သိပ်သည်းလာစေကာ ရပ်တန်ဖို့ရန်မဖြစ်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် သင်္ဘောဆီသို့ ဦးတည်တိုးဝင်လာခဲ့သည်။

ထို့အပြင် မရေမတွက်နိုင်သော ကြီးမားလှသည့် လူသားဝိညာဉ်အနှစ်သာရများသည်လဲ နဂါးနှင့်ကျားတို့၏ဝိညာဉ်အနှစ်သာရတို့နှင့်အတူ ပြေးဝင်လာကြသည်။

ပြင်းထန်လှသည့်စွမ်းအားတို့က လောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!

ကောင်းကင်ယံရှိစစ်သင်္ဘောများပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် အဖျက်စွမ်းအားတို့သည် ရှေ့သို့ တဟုန်ထိုး ဆက်လက်တက်လာကာ သင်္ဘောပေါင်းထောင်ကျော်ကို နေရာတွင်ပင် ဖျက်ဆီးပစ်ခဲ့သည်။

ရှေးဟောင်းနဂါးအစီအရင်၊ ကြယ်ကြွေအင်ပါယာအစီအရင်၊ ကိုးဘုံကျားဝိညာဉ်အစီအရင်… ထိုသို့သော ထိပ်တန်းသိုင်းဘုရင်အဆင့်အစီအရင်များဖြင့် တိုက်ပွဲစတင်လိုက်သည်။ ထို့အပြင် လုရှောင်ယန်သည် ထိုအစီအရင်များထဲတွင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးပေါင်း ဘီလီယံနှင့်ချီအောင် ထည့်သွင်းထားသေးပြန်တာကြောင့် ထိုအစီအရင်တို့၏သန်မာမှုမှာ စိတ်ကူးကြည့်နိုင်လေသည်။

ကောင်းကင်တွင် သင်္ဘောများသည် တောက်ပလင်းလက်နေသည့် မီးရှူးမီးပန်းများအဖြစ် ဖောက်ခွဲခံလိုက်ကြရသည်။

တချို့သော ကျင့်ကြံဆင့်နိမ့်သည့် ကျွမ်းကျင်သူများဆိုလျှင် ထိုအားကောင်းလှသည့်ပေါက်ကွဲမှုကြောင့် နေရာတွင်ပင် ပြာမှုန့်ဘဝသို့ ပြောင်းလဲသွားခဲ့သည်။

ဘုရင်အဆင့်နှင့် ဧကရာဇ်အဆင့်ကျင့်ကြံသူများတောင်မှ ဝိညာဉ်စွမ်းအင်တို့ဖရိုဖရဲဖြစ်ကာ ခန္ဓာကိုယ်တို့ အပိုင်းပိုင်းကွဲထွက်ကုန်ကြသည်။

သင်္ဘောထဲတွင် ထိုင်နေသည့် ဆုချန်ကတော့ အံ့အားသင့်ကာ မှင်သက်နေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ?”

“အရှင်မင်းကြီး၊ ငါတို့ မဟာကျိုးရဲ့အစီအရင်ကြောင့် တိုက်ခိုက်ခံလိုက်ရပါတယ်။”

ဆုချန်၏မျက်နှာမှာ မဲမှောင်သွားတော့သည်။

“ကောင်းလေရော! အခုထိ မြေပြင်ပေါ်တောင် မဆင်းရသေးဘူး၊ မင်းတို့က စပြီး တိုက်ခိုက်လာပြီပေါ့။ မင်းတို့မှာ သတိ္တိတော့ ရှိကြသားပဲ။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ မင်းတို့အရမ်းကြိုးစားနေကြရင်တောင် နောက်ဆုံးရလဒ်ကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။”

“ငါ့အမိန့်ကို ထုတ်ပြလိုက်၊ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေ ဒီအစီအရင်ကို ဖျက်ဆီးဖို့အတွက် သူတို့အားကုန်သုံးပြီး တိုက်ခိုက်ကြရမယ်။”

“ဟုတ်ကဲ့ပါ!”

ဆုချန် အမိန့်ပေးလိုက်သည်နှင့် အလွန်အမင်းအင်အားကြီးလှသည့်အရှိန်အဝါငါးခုသည် သင်္ဘောပေါ်ကနေပြီး ရုတ်တရက် ဆင်းသက်သွားခဲ့သည်။

ထိုအင်အားကြီးအရှိန်အဝါပိုင်ရှင်ပုဂ္ဂိုလ်များသည် လောကကိုပင် ကိုင်လှုပ်ပစ်နိုင်သည့်စွမ်းအားမျိုးရှိနေကာ သူတို့ဆင်းသက်သွားသည်နှင့် အရာရာတိုင်းကို ဖိနှိပ်ပစ်သည်။

ကောင်းကင်ပေါ်တွင် ပြည့်နှက်လို့နေသည့် နဂါး၊ ကျားနှင့် လူသားပုံစံအရိပ်များသည် ထိုအရှိန်အဝါပိုင်ရှင်တို့၏ ဖိအားပေးခြင်းကို အပြင်းအထန် ခံစားကြရလေသည်။

ဝေါင်း!

ဝိညာဉ်အစီအရင်မှ ဝိညာဉ်များသည် ဟိန်းဟောက်လိုက်ကြသော်လည်း ခုခံနိုင်ခြင်းတော့ မရှိပေ။

၎င်းတို့သည် သိုင်းဘုရင်အဆင့်အစီအရင်များဖြစ်သော်လည်း စစ်မှန်သော သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများ၏ဖိအားကို ခုခံဖို့ရန်ကတော့ ခက်ခဲနေသေးသည်။

အဆုံးမှာတော့ အချိန်ခဏလေးအတွင်းမှာပဲ ထိုပုံရိပ်များအားလုံးသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူငါးဦး၏ဖိနှိပ်မှုကြောင့် တစ်စစီ ပြိုကွဲသွားလေတော့သည်။

သို့သော်လည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများ သက်ပြင်းချကာ စိတ်မလျှော့ရသေးခင်မှာပင် လေထဲတွင် နောက်ထပ်အလင်းတန်းပေါင်းမြောက်မြားစွာ ပေါ်ထွက်လာပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ မရေမတွက်နိုင်သော နဂါး၊ ကျားနှင့် လူသားဝိညာဉ်အနှစ်သာရတို့ ပေါ်ထွက်လာခဲ့ပြန်သည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ ငါးဦးကတော့ မျက်မှောင်ကြုတ်မိသွားကြသည်။

“သူတို့ ပြန်ရှင်လာကြတာလား?”

“မဟုတ်ဘူး။ သူတို့က အစီအရင်ကနေ ပုံဖော်ထားတဲ့ ဝိညာဉ်အနှစ်သာရတွေပဲ။ အစီအရင်မပျက်စီးသေးသ၍ သူတို့ကို ဖျက်ဆီးပစ်နိုင်မှာမဟုတ်ဘူး။ ငါတို့ အစီအရင်ကို ချိုးဖျက်ပစ်ရမယ်။”

“ဒါဆိုလည်း အစီအရင်ကို ချိုးဖျက်လိုက်ကြတာပေါ့။”

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်က မာန်သွင်းကာ သူ၏ကိုယ်ထဲမှာ ကျင့်ကြံခြင်းနည်းလမ်းကို လှည့်ပတ်လိုက်သည်။ တချိန်တည်းမှာပဲ ဆုချန် ချီးမြှောက်ထားသည့် သိုင်းဘုရင်အဆင့်လက်နက်ကို ဆင့်ခေါ်ကာ မြေပြင်ပေါ်သို့ ထိုးဆင်းသွားခဲ့သည်။

ဘုန်း!

တခဏချင်းမှာပဲ မြေပြင်ပေါ်တွင် အလင်းတန်းကြီးတစ်ခု တောက်ပလာပြီး ပတ်ဝန်းကျင်တွင်ရှိသည့် ကျားနှင့်နဂါးဝိညာဉ်အနှစ်သာရတို့သည်လည်း တဖြည်းဖြည်း‌ ပျောက်ကွယ်သွားတော့သည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူက အလွန်အထင်သေးသွားဟန်ဖြင့် လှောင်ပြုံး,ပြုံးလိုက်ကာ၊

“အမှိုက်တွေ။”

သို့သော်လည်း သူ အစီအရင်ကို ချိုးဖျက်ပြီး၍ တွေးလိုက်ရုံရှိသေး ရုတ်တရက်ဆိုသလို မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့သည်။

မြေပြင်မှနေပြီး အလင်းတန်းတစ်ခု ထိုးထွက်လာခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ မရေမတွက်နိုင်သော အလင်းတိုင်များသည် ချွန်ထက်သော မြှားများခဲ့သို့ မြေပြင်မှနေ ကောင်းကင်သို့တိုင် ရုတ်တရက် ထိုးထွက်လာခဲ့လေသည်။

“မကောင်းတော့ဘူး!! ဒီအောက်မှာ ကွင်းဆက်အစီအရင်ရှိနေတယ်။”

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအနည်းငယ်၏အမူအရာတို့ ပြောင်းလဲသွားကြသည်။ သူတို့ထွက်မပြေးလိုက်နိုင်ခင်မှာပင် အလင်းတန်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

သူတို့လည်း ချက်ချင်းပင် ကိုယ်ပိုင်ကျင့်စဉ်များကိုလှည့်ပတ်ကြကာ အကာအကွယ်အတွက် သိုင်းဘုရင်အဆင့်ချပ်ဝတ်များကို အသက်သွင်းလိုက်ကြသည်။

သို့သော်လည်း ထိုအစီအရင်မှ ထုတ်လွှတ်လာသည့် ဓားအလင်းတန်းသည် အလွန်အမင်း အားကောင်းနေခဲ့သည်။

ထိုထဲတွင် လောကစည်းမျဉ်းတို့ပါ ပါဝင်နေတာကြောင့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများပင်လျှင် ထိခိုက်ပျက်စီးမှု ကြီးမားနိုင်ပေသည်။

“မဖြစ်ဘူး!”

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအနည်းစုတို့သည် ဒေါတကြီးအော်ဟစ်သံများအလယ်တွင်ပဲ ပြာမှုန်များဘဝသို့ ကူးပြောင်းသွားတော့သည်။

ထို့အပြင် ဤတစ်ကြိမ်ပေါက်ကွဲမှုသည် ပိုကျယ်လောင်သလို ပိုလည်း ကြောက်မက်ဖွယ်ကောင်းနေသည်။

ထိတ်လန့်ဖွယ်အကောင်းဆုံးကတော့ ထိုဓားအလင်းတန်းသည် အခြားသောကျင့်ကြံသူများမဆိုထားသည့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူကိုပင် တခါတည်းဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

ထိုပေါက်ကွဲမှုတွင် နတ်ဘုရားခန်းမတပ်ဖွဲ့မှ ၆၀ရာခိုင်နှုန်းနီးပါ ပျက်စီးသွားစေခဲ့သည်။

ကောင်းကင်ယံတွင် သင်္ဘောပျက်များမှ ပြုတ်ကျလာသည့်အပိုင်းအစများ နေရာတိုင်းပြန့်ကျဲနေကာ ကမ္ဘာကြီး၏အဆုံးသတ်အချိန်ကာလသို့ ရောက်ရှိသွားသလိုပင်။

တွင်းများထဲတွင် ပုန်းကွယ်နေကြသည့် တဖွဲ့တည်းသားများသည်ပင် ထိုမြင်ကွင်းကိုမြင်ပြီးနောက် စကားများရဲလောက်အောင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

လုရှောင်ယန်၏အစီအရင်စွမ်းအားက တကယ်ကို အံ့မခမ်းပဲ။ အရမ်းအရမ်းကို အားကောင်းလွန်းတယ်။

ဖျက်ဆီးမှုစွမ်းအားအပြည့်ပဲ။

သူတို့အားလုံး ဆွံ့အနေကြသလို လုရှောင်ယန် နောက်ထပ်အစီအရင်တွေ ဘာကြောင့် ထပ်ပြီးတည်ဆောက်မထားရလဲဆိုပြီးပါ အံ့ဩနေကြသည်။ ဒီလိုသာဆို အစီအရင်တွေနဲ့တင် နတ်ဘုရားခန်းမက လူတွေကို မြေပြင်မဆင်းနိုင်ခင်မှာပဲ အားလုံးကို သတ်ပစ်နိုင်လောက်မည်မဟုတ်ဘူးလား?

သူတို့တွေးနေတုန်းမှာပဲ နောက်ထပ်မြောက်များစွာသော အစီအရင်များသည် မြေပြင်မှနေပြီး ထိုးထွက်လာခဲ့ကြပြန်သည်။

နောက်ဆက်ပြီး စတုတ္ထမြောက်၊ ပဉ္စမမြောက်၊ ဆဌမမြောက်…

အစီအရင်လှိုင်းလုံးကြီးသည် အဆက်မပြတ် တရစပ် ရိုက်ခတ်နေကာ ကောင်းကင်ထက်ရှိ စစ်သင်္ဘောအရေအတွက်မှာ နည်းသည်ထက်နည်းလာခဲ့သည်။

တွင်းများထဲတွင် ပုန်းနေသည့် လူသားများနှင့်မိစ္ဆာသားရဲများအားလုံး နေရာတွင်ပင် ကျောက်ရုံဖြစ်ကုန်တော့သည်။

လုရှောင်ယန် မဟာကျိုးနန်းမြို့တော်မှ အစီအရင်တွေဘယ်နှခုတောင်မှ တည်ဆောက်ထားခဲ့တာလဲ?

“ဒီအစီအရင်တွေ ဘယ်လောက်ကြာကြာအထိ ခံလောက်လဲ?”

“မပြောတတ်ဘူး၊ ကြည့်ရတာတော့ နည်းနည်းကြာဦးမယ်။”

“ဒါဆို.. ဘာလို့ ခဏလောက်အိပ်ပြီး မစောင့်ကြတာလဲ?”

“…..”

တွင်းများထဲတွင်ပုန်းနေသည့် ကျင့်ကြံသူများအားလုံးက ဆွံ့အနေကြသလို ကောင်းကင်ထက်ရှိ နတ်ဘုရားခန်းမမှ လူများသည်လည်း ဝရုန်းသုန်းကားဖြစ်နေကြသည်။

“ခွေးကောင်! ဘယ်သူလဲ! ဘယ်သူလုပ်နေတာလဲ!”

ဆုချန်တစ်ယောက် ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်သည်။

ဤတိုက်ပွဲတွင် နတ်ဘုရားခန်းမမှအဖွဲ့ဝင်အားလုံးနီးပါး ပါဝင်ကြလေသည်။ သို့သော်လည်း သူတို့တွေ ရန်သူကို မမြင်နိုင်သေးခင်မှာပဲ သူတို့တပ်ဖွဲ့မှ ၉၀ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

သူတို့ ဒီလိုပုံစံနဲ့ ဘယ်လိုများတိုက်ခိုက်နိုင်တော့မှာလဲ?

သူရူးသွပ်သလိုဖြစ်နေရင်တောင် စိတ်ကတော့ ရှုပ်ထွေးနေမည်မဟုတ်ပေ။

သေချာပေါက် မဟာကျိုးအင်ပါယာက လုပ်တာမဟုတ်ဘူး။ မဟာကျိုးအင်ပါယာမှာ ဒီလောက်အထိ လုပ်နိုင်စွမ်းမရှိဘူး။

တစ်ယောက်ယောက်က မဟာကျိုးအင်ပါယာကို တိတ်တဆိတ်ကူညီပေးနေတာပဲ။

ဒါပေမဲ့ ဘယ်သူကလဲ?

ဘယ်ခွေးကောင်ကများ မဟာကျိုးအင်ပါယာကို တိုးတိုးတိတ်တိတ်ကူညီပေးနေတာလဲ?

သူသေရမယ်ဆိုရင်တောင် ဘယ်သူလုပ်နေတာလဲဆိုတာတော့ သိသွားချင်သေးတယ်။

ထိုအချိန်တွင်ပဲ များပြားလှသည့်အစီအရင်တိုက်ခိုက်မှုများမှာ… နောက်ဆုံးတော့ ရပ်တန့်သွားလေပြီ…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၅၈ အကြီးဆုံးအစ်ကိုကြီး

လေထုထဲတွင် ခဏတာမျှအေးချမ်းမှုရရှိလိုက်ပြီးနောက် ဆုချန်၏မျက်နှာအရောင်အသွေးမှာ ခရမ်းရောင်သို့ပင် ပြောင်းနေပေပြီ။

ရှန့်ကွမ်းလျို့လီက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် စကားစလိုက်သည်။ “အရှင်မင်းကြီး၊ ငါတို့ကို ချောင်မြောင်းတိုက်ခိုက်နေတဲ့လူက သေချာပေါက် သာမာန်လူတစ်ယောက်မဟုတ်ဘူး။ မြန်မြန်လေး တပ်ပြန်ဆုတ်ကြရင် မကောင်းဘူးလား?”

အခုလေးတင် သိုင်းဘုရင်အဆင့်ကျင့်ကြံသူဆယ်ဦးနီးပါးသည် အစီအရင်ပေါက်ကွဲမှုထဲ ပါသွားခဲ့ပေပြီ။

နတ်ဘုရားခန်းမ၏ရှေ့ပြေးတပ်ဖွဲ့အားလုံးနီးပါးသည် အစီအရင်ကြောင့် သေကြေပျက်စီးခဲ့ကြပြီဖြစ်သည်။

ဤသည်မှာ ရှန်းကွမ်းလျို့လီ ဝင်ရောက်လာပြီးကတည်းက နတ်ဘုရားခန်းမကြုံတွေ့ခဲ့ရသည့် အဆုံးရွားဆုံးနီးပါး ဆုံးရှုံးမှုတစ်ရပ်ပင်။

ယခင် မဟာချင်အင်ပါယာကို တွန်းလှန်ခဲ့ကြတုန်းကပင် နတ်ဘုရားခန်းမဆောင်သည် ကောင်းချီးအဖြာဖြာဖြင့် အနိုင်ရခဲ့သေးသည်ကို သိထားရပေမည်။

“မဖြစ်နိုင်ဘူး!”

ဆုချန်အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများသည်လည်း အလွန်အမင်းရဲတောက်နေခဲ့သည်။

“သေသွားတဲ့လူတွေက အမှိုက်အဖွဲ့မို့လို့ပဲ။ ငါ့မှာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူပေါင်း ၃၇ယောက်နဲ့ သူတော်စင်အဆင့်ကျွမ်းကျင်သူပေါင်း တစ်ရာကျော်ကျန်ပါသေးတယ်။ ဒီအတိုင်း ဘယ်လိုလုပ်ပြီး ပြန်ဆုတ်ခွာရမှာလဲ?”

“အားလုံး အသင့်ပြင်ထားကြ။ အစီအရင်တိုက်ခိုက်မှုက ရပ်တန့်သွားပြီ။ ရန်သူ့ဘက်က သေချာပေါက် ကိုယ်တိုင်ထွက်တိုက်ခိုက်လာတော့မယ်။ သတ်ပစ်ကြ!”

သူစကားဆုံးသွားပြီးသည်နှင့် နီရဲရဲအလင်းတန်းတစ်သွယ်သည် မဟာကျိုးအင်ပါယာ၏မြေပြင်မှနေပြီး ရုတ်တရက် ထိုးထွက်လာခဲ့ပြန်သည်။

ထိုနီရဲရဲအလင်းတန်း၏စွမ်းအင်သည် ယခင်အလင်းတန်းများထက် ပိုမိုအားကောင်းလှသည်။

ထွက်ပေါ်လာပြီးနောက် ၎င်းအလင်းတန်းသည် မီတာတစ်ထောင်ကျယ်သောလေဟာနယ်လှိုဏ်ခေါင်းကြီးပါမာ ကျင့်ကြံသူများကြားသို့ တိုးဝင်သွားခဲ့သည်။

အလင်းတစ်ချက်လက်သွားသည်နှင့် သူတော်စင်အဆင့်ကျင့်ကြံသူ ၃၀ဦးနှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူ၇ဦးတို့သည် အလင်းတန်း၏ပိတ်လှောင်ခံလိုက်ကြရသည်။

ဘုန်း!

ပြင်းထန်လှသည့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားပြီးနောက်တွင်တော့ ထိုသူတော်စင်အဆင့်ကျင့်ကြံသူ ၃၀ ဦး နှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူ ၇ဦးတို့သည် နေရာတွင်ပင် အစအနပျောက်အောင် သတ်ဖြတ်ခံလိုက်ကြရသည်။

ကျွင့်မိသားစုမှသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမှာ ထိုမြင်ကွင်းကိုမြင်ပြီးနေရာတွင်ပင် ကျောက်ရုပ်ပမာတောင့်ခဲသွားကြတော့သည်။

လုရှောင်ယန် အလွန်အစွမ်းထက်သည်ကို သူတို့သိထားပြီးကြပြီးဖြစ်သည်။

သို့သော်လည်း လုရှောင်ယန်၏အစွမ်းထက်မှုက ဤမျှလောက်အထိ ကြီးမားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။

သူတို့ တိုက်တောင်မတိုက်ခိုက်ရသေးခင်မှာပင် တစ်ဖက်မှ သိုင်းဘုရင်အဆင့်ဆယ်ယောက်ထက်မနည်း အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့အပြင် စီးနင်းလာသည့် စစ်သင်္ဘောရာထောင်ချီအနက် အခုဆို ဆယ်ပုံတစ်ပုံလောက်သာ ကျန်ရစ်ခဲ့တော့သည်။

ဒီလူက စစ်ပွဲအတွက်မွေးဖွားလာတဲ့သူပဲ။

ကံကောင်းစွာဖြင့် ကျွင့်မိသားစုသည် ထိုလူကို ဆန့်ကျင်ထားခြင်းမရှိပေ။ ဒီလိုနည်းလမ်းမျိုးတွေနဲ့သာဆို ကျွင့်မိသားစုဆိုလျှင်တောင်မှ ဒုက္ခလှလှတွေ့ရပေလိမ့်မည်။

ဆုချန်မှာ ဒေါသထွက်လွန်း၍ သွေးပင်အန်မိတော့မတတ်ပင်။ တစ်ချိန်တည်းမှာပဲ အောက်ဘက်တွင် ပုန်းအောင်းနေသည့် လုရှောင်ယန်သည် နောက်ဆုံးတွင်တော့ အမိန့်တစ်ခု ထုတ်ပြန်လာခဲ့လေပြီ။

“သတ်ကြ!”

စစ်မှန်သောအမြင်အာရုံသုံးပါးကို အသက်သွင်းကာ လူတိုင်း၏ရှေ့မှောက်တွင်ရှိသော လေဟာနယ်အတားအဆီးကို တိုက်ရိုက်ဖွင့်ပေးလိုက်ခြင်းဖြင့် လုရှောင်ယန်သည် သူ့လက်အောက်ရှိ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများနှင့် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများကို မီတာထောင်ပေါင်းများစွာကို အတူတကွဖြတ်ကျော်စေ၍ ရန်သူ၏ရှေ့မှောက်သို့ အရောက်ပို့ဆောင်ပေးလိုက်သည်။

တခဏလောက် တစ်ဖက်က ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအားလုံးသည် ကောင်းကင်ယံသို့ ရောက်ရှိလာကြပြီး သေတဲ့အထိ အစွမ်းကုန်တိုက်ခိုက်ကြလေတော့သည်။

ကောင်းကင်ယံတွင် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတို့ တိုက်ခိုက်နေကြခြင်းကြောင့် လေဟာနယ်အတားအဆီးတို့မှာ ချက်ချင်းကွဲအက်ကုန်ကြပြီး လေဟာနယ်လမ်းကြောင်းတို့ကို ဆက်တိုက်ပြိုကျနေစေခဲ့သည်။

သိုင်းဘုရင်အဆင့်ကျင့်ကြံသူများမှလွဲ၍ ဘယ်သူကမှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

လေဟာနယ်စွမ်းအားတို့ ကွဲအက်နေခြင်းကို ခုခံနိုင်လျှင်တောင်မှ လေဟာနယ်များသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတို့တိုက်ခိုက်နေခြင်း၏နောက်ဆက်တွဲလှုပ်ခတ်မှုများနှင့်အတူ ပြည့်နှက်နေဆဲဖြစ်သည်။ ၎င်းသည် သူတော်စင်အဆင့်ကျင့်ကြံသူများကိုပင် ကြောက်လန့်စေနိုင်သည့် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုလည်းဖြစ်သည်။

စုန့်ရှန်းနျန်နှင့်ကျန်လူများမှာ ခြေတစ်လှမ်းဝင်ပြီးရုံသာ ရှိသေး ချက်ချင်း ရပ်တန့်လိုက်ကြသည်။

“အပေါ်မှာ အရမ်းအန္တရာယ်များမယ့်ပုံပဲ။ ငါတို့ဘာလို့ ဒီမှာပဲ မနေကြတာလဲ?”

“အွန်း၊ ငါလည်း အဲ့လိုပဲတွေးတယ်။”

“မနာလိုလိုက်တာ။ ဆရာတူညီငယ်အသစ်လေးကတော့ ဆရာနဲ့အတူ တိုက်ခိုက်နိုင်တယ်။”

သို့သော်လည်း ထိုအခိုက်အတန့်တွင်ပင် သူတို့အနားမှ အလွန်အစွမ်းထက်သောအရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအရှိန်အဝါသည် ချက်ချင်းဆုံးသလို သူတို့၏နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။

လူတိုင်းအ၏ကြ့်က ထိုအရှိန်အဝါထွက်ပေါ်လာသည့်နေရာသို့ တပြိုင်နက်ရောက်ရှိသွားကြသည်။

တခြားဘယ်သူမှမဟုတ်ဘဲ ယွင်လီကောဖြစ်နေလေသည်!

“အကြီး.. အကြီးဆုံးအစ်ကိုကြီး?”

လူတိုင်း၏မျက်လုံးများပြူးကျယ်နေကာ မယုံကြည်နိုင်ခြင်းများစွာဖြင့် ယွင်လီကောကို ကြည့်နေခဲ့ကြသည်။

ယွင်လီကောသည် သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားကြပေ။

ယွင်လီကောက မထူးခြားနားစွာ ပြုံးပြလိုက်သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါက သူ့ကို အလွန်လျှို့ဝှက်ဆန်းကြယ်သောအသွင်မျိုးဖြစ်သွားစေသည်။

“စိတ်မကောင်းပါဘူး။ ငါက သိုင်းဘုရင်အဆင့်ထဲ ရောက်ပြီးသား။”

ကျီဝူရှားတစ်ယောက် ဆွံ့အနေကာ စိတ်ထဲတွင်တော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေလေသည်။

“ဘယ်တုန်းက သိုင်းဘုရင်အဆင့်ကိုရောက်သွားတာလဲ? ဘာလို့ ငါ မသိရတာလဲ?”

ယွင်လီကောက ပြုံးလျက်နှင့်ပင် ဆက်ပြောလခဲ့သည်။ “မင်းတို့မေ့နေကြပြီလား? ဆရာက ငါတို့ရဲ့ကျင့်ကြံဆင့်တွေကို အနည်းဆုံးလေးဆင့်လောက်အထိ ဖုံးကွယ်ထားဖို့ အမြဲပြောနေကျလေ။ ငါက ဆရာရဲ့လမ်းညွှန်ပြသမှုတွေကို အမြဲတမ်းနားထောင်ပြီး ဘယ်တုန်းကမှ မေ့မထားရဲခဲ့ဘူး။”

“ဟစ်!”

သူတို့အားလုံး အလွန်တုန်လှုပ်သွားကြကာ ဦးရေပြားများပင် ထုံကျင်လို့သွားလေသည်။

အကြီးဆုံးအစ်ကိုကြီးက သူ၏ကျင့်ကြံဆင့်ကို တလျှောက်လုံး ဖုံးကွယ်ထားလိမ့်မည်ဟု မမျှော်လင့်ထားမိကြပေ။ အရမ်း စွမ်းအားကြီးလွန်းတယ်!

အကြီးဆုံးအစ်ကိုကြီးသည် အလွန်သားနားစရာကောင်းသည်ဟု သူတို့အမြဲတွေးနေခဲ့ကြသည်။

သို့သော်လည်း တကယ့်လူပြတ်တွေက အမှန်တော့ သူတို့သာ ဖြစ်နေခဲ့သည်။

ကျူးကောကျီချုံ၏အမူအရာသည်သာ အနည်းငယ်ထူးဆန်းနေကာ တစ်ခုခုမူမမှန်သည်ကို ခံစားမိနေရသကဲ့သို့ပင်။

“ကောင်းပြီ၊ ညီငယ် ညီမငယ်တို့။ ငါ တိုက်ပွဲထဲဝင်ပြီး ဆရာနဲ့ပူးပေါင်းလိုက်ဦးမယ်။ မင်းတို့ကတော့ အောက်မှာပဲ ငါ့ကို အားပေးကြပေါ့။”

ပြောပြီးသည်နှင့် ယွင်လီကောသည် တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်သွားကာ ရှေးဟောင်းတိုက်ပွဲနတ်ဘုရားလှံတံကိုပါ ဆင့်ခေါ်လိုက်သည်။ သည်သည် လိပ်နက်သားရဲကို တိုက်ခိုက်နေသော နတ်ဘုရားခန်းမမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူထံသို့ သူ့လှံတံကို ပစ်လွှတ်လိုက်သည်။

လှံတံသည် သခင်ဖြစ်သူ၏စိတ်ကူးအတိုင်း ကောင်းကင်သို့ထိုးတက်သွားကာ တစ်ဖက်လူ၏ပခုံးကို ချက်ချင်းထိုးဖောက်သွားခဲ့သည်။

ဖူး~!

ရွှေရောင်သွေးတို့ တဟုန်ထိုးစီးကျလာသည်နှင့် ယွင်လီကောသည် သူ့လက်ကောက်ဝတ်ကို လှည့်ကာ တစ်ဖက်လူ၏ပခုံးကို ဖြတ်တောက်ပစ်လိုက်သည်။

လိပ်နက်သားရဲသည် လိပ်နက်အလင်းတန်းကိုပစ်ထုတ်ကာ တစ်ဖက်လူ၏ရင်ဘက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ရန် ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်သည်။

လိပ်နက်အလင်းတန်းသည် အလွန်အစွမ်းထက်ပေသည်။ တစ်ဖက်လူ၏ရင်ဘက်ကို ထိသွားသည်နှင့် တိုက်ပွဲစွမ်းအားသည် အလျင်အမြန်ကျဆင်းသွားခဲ့သည်။ တိုက်ပွဲစွမ်းအားပင်ဖြစ်စေ ခုခံနိုင်စွမ်းအားပင်ဖြစ်စေ ထိုအလင်းတန်းသည် ချက်ချင်းလက်ငင်း အောက်ဆုံးအထိရောက်အောင် ဖြုတ်ချပေးနိုင်စွမ်းရှိလေသည်။

“ညစ်ပတ်လိုက်ကြတာ!”

သူ့ကိုယ်တွင်းရှိ အမျိုးမျိုးသောစွမ်းရည်တို့ အလျင်အမြန်ကျဆင်းလာနေသည်ကို ခံစားမိလိုက်သည်နှင့် သိုင်းဘုရင်အဆင့်ကျင့်ကြံသူသည် အလိုမကျစွာ အော်ဟစ်လိုက်တော့သည်။

ကံမကောင်းစွာဖြင့် သူ၏ကျင့်ကြံဆင့်မှာ ကျဆင်းသွားပြီဖြစ်ကာ ယွင်လီကော ထိုအခွင့်အရေးကိုယူ၍ လည်ချောင်းကို လှံဖြင့် ထိုးခွဲလိုက်လေသည်။ ယွင်လီကောသည် ရှေးဟောင်းဧကရာဇ်ကျမ်းကို အစွမ်းကုန်ထုတ်သုံးကာ ရှေးဟောင်းနတ်ဘုရားလှံတံဖြင့် ပေါင်းစပ်ထားခဲ့ခြင်းဖြစ်တာကြောင့် တစ်ဖက်လူ၏လည်မြိုကို တိုက်ရိုက်ဖောက်ခွဲပစ်နိုင်ခဲ့သည်။

တစ်ဖက်လူ၏ခေါင်းပြတ်ကြီးမှ သွေးစက်များသည် လေထုထဲသို့ ပက်ဖြန်းလိုက်သလိုပင်။

လိပ်နက်သားရဲသည် ၎င်း၏သွေးစွန်းနေသော ပါးစပ်ကြီးကို ဖွင့်ဟကာ တစ်ဖက်လူ၏ခန္ဓာကိုယ်ကို တစ်လုတ်တည်းဖြင့် ဝါးမြိုချလိုက်သည်။ ထို့အပြင် ယွင်လီကောသည် သူ၏လှံဖြင့် တစ်ဖက်လူ၏ကျန်ရှိသည့်ဦးခေါင်းကိုပါ အပြည့်အဝပေါက်ကွဲသွားစေခဲ့သည်။

“အကြီးဆုံးအစ်ကိုကြီးက စွမ်းလိုက်တာ!”

“အကြီးဆုံးအစ်ကိုကြီးက အရမ်းအံ့ဩဖို့ကောင်းတာပဲ!”

“အခုကစပြီး အကြီးဆုံးအစ်ကိုကြီးက ငါ့ရဲ့ကိုးကွယ်ရာပဲ!”

လူတိုင်း အလွန်စိတ်လှုပ်ရှားကာ အော်ဟစ်နေကြသည်။

ထိုအချိန်မှာပဲ ယွင်လီကောက ရုတ်တရက် သူ၏အရှိန်အဝါတို့ကို ပြန်ရုတ်သိမ်းကာ လူတိုင်း၏ရှေ့မှောက်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

“အကြီးဆုံးအစ်ကိုကြီး၊ ဘာလို့ ထပ်ပြီး မပါဝင်တော့တာလဲ?”

“ဟုတ်သားပဲ၊ အကြီးဆုံးအစ်ကိုကြီး၊ မင်းပါလိုက်ရင် ငါတို့မှာ တိုက်ပွဲစွမ်းအားအပိုရှိမလာနိုင်ဘူးလား?”

ယွင်လီကောကတော့ တည်ကြည်လေးနက်သည့်အမူအရာဖြင့် ပြန်ပြောလာသည်။ “မရဘူး၊ ငါ အခုလေးတင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်ပြီးတော့ ငါ့ကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေ ဗရမ်းဗတာဖြစ်လာပြီး အဆင့်တက်တော့မယ်လို့ ခံစားမိတယ်။ ငါသာ ဆက်ပြီးတိုက်ခိုက်နေဦးမယ်ဆိုရင် ငါ့ရဲ့ဝိညာဉ်စွမ်းအားတွေကို မထိန်းချုပ်နိုင်တော့မှာ စိုးမိတယ်။ အဲလိုသာဆို တခြားလူတွေသာ အခြေအနေကို အခွင့်ကောင်းယူကုန်ကြရင် ပိုပြီးဒုက္ခများနေမယ်။”

“ဟစ်!”

လူတိုင်း၏အမူအရာတို့မှာ သိသိသာသာပြောင်းလဲဿွားပြန်ကာ အလွန်အံ့ဩတုန်လှုပ်သွားကြပြန်သည်။

လိပ်နက်သားနှင့်အတူ ပူးပေါင်းကာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကို သတ်ပြီးနောက်တွင် အကြီးဆုံးအစ်ကိုကြီးသည် ထပ်ပြီး အဆင့်တက်တော့မှာတဲ့လား?

ဒါ သေချာပေါက် ဖြစ်နိုင်တယ်။

အကြီးဆုံးအစ်ကိုကြီးက ငါတို့ထဲမှာ အင်အားအကြီးဆုံးပါရမီရှင်တစ်ယောက်ဆိုပေမဲ့ သူက အမြဲ သိုသိုသိပ်သိပ်နေခဲ့တယ်။

ယွင်လီကောတစ်ယောက် သက်ပြင်းအရှည်ကြီးချကာ သူ၏နှုတ်ခမ်းထောင့်တို့က ကောက်တက်သွားသည်။

မနေ့တုန်းက သူ့ဆရာ၏ဖိနပ်ကို အတော်လေးလျက်ခဲ့ကာ ကံကောင်းစွာဖြင့် သိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကို ရရှိခဲ့သည်။ ထိုဆေးလုံးသည် သူ၏ကျင့်ကြံဆင့်ကို အသက်၆၀ရှိုက်စာအထိ သိုင်းဘုရင်အဆင့်သို့ တိုးမြှင့်ပေးပေသည်။ ဒါကြောင့်ပဲ ဒီကနေ့ ဟန်ပြဖို့ရန်အတွက် ထိုဆေးလုံးကို အသုံးပြုခဲ့ခြင်းကြောင့် အစောကလို ဖြစ်ရပ်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

စိတ်ကျေနပ်ဖို့ကောင်းလိုက်တာ!

အတိတ်တုန်းကဆိုလျှင် သူသည် သူ၏ဆရာတူညီငယ် ညီမငယ်တွေ ကြွားဝါနေသည်ကို အမြဲတမ်း ထိုင်ကြည့်နေခဲ့ရသည်။ အခုတော့ နောက်ဆုံးသူ့အလှည့်ကို ရောက်လာခဲ့ပြီပဲ။

သူက ချက်ချင်းပင် သေးငယ်သည့်ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်။ ဤတိုက်ပွဲပြီးနောက် နောင်နှစ်ပေါင်းတစ်သောင်းလောက်အထိ သူ့ဆရာ၏ဖိနပ်ကို လျက်ပေးရပေမည်။

ဒါဆို သေချာပေါက် သူနတ်ဘုရားပင်ဖြစ်လာနိုင်သည်!

ကောင်းကင်ပေါ်တွင်တော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူဒါဇင်ပေါင်းများစွာကြားမှ တိုက်ပွဲသည် ကောင်းကင်ကြီးတစ်ခုလုံးကို ပြိုကျစေတော့မတတ်ပင်။

လေဟာနယ်အကွဲအပြဲများက ဆက်လက်ကျယ်ပြန့်လို့လာနေသည်။ ထိုလေဟာနယ်အကွဲအပြဲကနေပြီး တချို့သောအင်အားကြီးရောင်ဝါတို့က သူတို့ကို လျှို့ဝှက်ထောင်လှမ်းနေသည်ကိုတောင်မှ လူတိုင်းခံစားမိနိုင်ကြသည်။

ဆုချန်၏မျက်လုံးများမှာ သွေးလိုမျိုး ရဲရဲတောက်နေခဲ့သည်။ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးသေတိုင်း သူ့ရင်ထဲက နာကျင်ရသည်။

သူ့လက်အောက်ငယ်သားတွေဆိုတာ သူ့ရဲ့တိုက်ပွဲခွန်အားပဲ!

အခုတော့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေကြရပေပြီ။

ဒါက သူ့ညာလက်မောင်းကို ဖြတ်ချလိုက်သလိုပါပဲ။

သူ ဒေါသထွက်နေချိန်မှာပဲ မျက်နှာဖုံးစွပ်ထားသည့်အသွင်တစ်ခုသည် သူ့ရှေ့မှောက်တွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ဓားရှည်တစ်ချောင်းသည် လေဟာနယ်ကို စုတ်ဖြဲကာ သူ့ခေါင်းထက်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။

သို့သော်လည်း ဆုချန်ကတော့ ထိုဖြစ်ရပ်ကြောင့် ကြောက်လန့်မသွားသလို ထိတ်လန့်သွားခြင်းလည်း မရှိပေ။

သူ၏သွေးနီရောင်မျက်လုံးများသည် တုန်ရီလာပြီး ပြင်းထန်သောအရှိန်အဝါတစ်ခုသည် ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ပေါ်ထွက်လာသည်။

ထို့နောက် သူ၏ ပုဆိန်သွားတပ်လှံရှည်ကို သူ့ခေါင်းထက်သို့ မြှောက်တင်လိုက်သည်။

ချွမ်း!

ဓားရှည်သည် ထိုပုဆိန်သွားလှံရှည်ပေါ်သို့ ဆင်းသက်သွားကာ မီးပွားများပင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် ဘေးနှစ်ဖက်ရှိ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကို ထိမှန်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ချက်ချင်းပင် ဝတ်ရုံရှည်နှင့်ဝါးဦးထုပ်ဆောင်းထားသော ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ဆုချန်သည် ပုဆိတ်သားလှံရှည်ကို ကိုင်ထားရင်း လုရှောင်ယန်ကို အေးစက်စွာ ကြည့်နေခဲ့သည်။

“နောက်ဆုံးတော့ရောက်လာပြီပေါ့။ မင်းက နောက်ကွယ်က ကြိုးကိုင်တဲ့သူလား?”

ထိုစကားပြောပြီးလျှင်ပြီးခြင်း သူ၏ပုဆိတ်သွားလှံရှည်ကို ဝှေ့ယမ်းကာ လုရှောင်ယန်ကို ပြန်လည်ဖိအားပေးတိုက်ခိုက်လေသည်။

လုရှောင်ယန်၏လက်ထဲမှဓားရှည်ကို မြင်ပြီးနောက် ဆုချန်၏မျက်လုံးတို့ အနည်းငယ်ကျဉ်းမြောင်းလို့သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ။ မင်းမှာလည်း နတ်လက်နက်တစ်ခုရှိနေတယ်။ ဒီလောကမှာ နတ်လက်နက်ကို ကိုင်နိုင်တဲ့သူက ငါတစ်ယောက်တည်းလို့ ထင်ထားခဲ့တာ။ ကြည့်ရတာ မင်းကလည်းသာမာန်လူတစ်ယောက် မဟုတ်ပုံဘဲ။”

လုရှောင်ယန်သည် တစ်ဖက်လူ၏လက်ထဲမှ ပုဆိတ်သွားလှံရှည်ကိုကြည့်ကာ သူ့ရင်ထဲတွင် မလှောင်ရယ်မိဘဲ မနေနိုင်ခဲ့ပေ။

နတ်လက်နက်၊ ကြည့်ရတာ ကောင်းကင်ဘုံကတောင်မှ သူ့ကိုမျက်နှာသာပေးတဲ့ပုံပဲ။

သို့သော်လည်း သူတကယ်ကြောက်မိသည့်အရာက ထိုအရာမဟုတ်ဘဲ ဆုချန်၏ကျင့်ကြံဆင့်မှာ တကယ်တော့ သိုင်းဘုရင်ပဉ္စမအဆင့်သို့ ရောက်ရှိနေခြင်းကြောင့်ပင်။

ဆုချန်၏တိုးတက်နှုန်းက သူ့ထက်တောင်မှ မြန်နေပါ့လား။

“မင်းရောက်နေပြီဆိုမှတော့ ဖုံးကွယ်မနေနဲ့တော့။ မင်းရဲ့ အစစ်အမှန်ပုံစံကို ထုတ်ပြပြီး မင်းဘယ်သူလဲဆိုတာ သိခွင့်ပေးလိုက်စမ်းပါ။”

စိတ်မကောင်းစွာဖြင့် လုရှောင်ယန်က သူ့ကိုလျစ်လျူရှုထားလေသည်။

မြင်းနက်တစ်ယောက်နှင့် တိုက်ခိုက်နေချိန်တွင် စကားမပြောသင့်ပေ။ သူတို့ပြောလိုက်သည့် စကားလုံးတို့မှာ သူတို့၏သေဆုံးဖို့အခွင့်အရေးကို တိုးမြှင့်ပေးနေသလိုသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် နောက်တစ်စက္ကန့်မှာပဲ လုရှောင်ယန်က သူ့ဓားကိုမြှောက်ကာ ပြန်လည်တိုက်ခိုက်လာသည်။

ရွှမ်ဟွမ်ဓားသည် တစ်ခါခုတ်လိုက်တိုင်း လေထုထဲတွင် ရွှေရောင်အလင်းတန်းများချန်ရစ်ခဲ့ကာ ဆုချန်၏ခေါင်းဆီသို့သာ ဦးတည်လို့သွားသည်။

“ဟမ့်! မင်းက စကားမပြောဘူးပေါ့? ဒီတော့လည်း မင်းကိုသတ်ပြီး မင်းဘယ်သူဆိုတာ ကြည့်ရသေးတာပေါ့!”

ဆုချန်၏အမူအရာမှာ အေးစက်လို့နေသည်။ သူ့လက်ထဲရှိ ပုဆိတ်သွားလှံရှည်ဖြင့် လုရှောင်ယန်ကို ပြန်လည်ကြိုဆိုပေးလိုက်သည်။

ဘုန်း!

နတ်လက်နက်နှစ်ခု တိုက်ခိုက်ကြသည်နှင့် ထိတ်လန့်ဖွယ်ရာအလင်းတန်းကြီးများက ချက်ချင်းထွက်ပေါ်လာလို့လာတော့သည်။

ထိုပြင်းထန်အားကောင်းသည့်စါမ်းအားတို့သည် ကောင်းကင်ယံရှိ နေရာလွတ်အကွဲအပြဲကို နောက်ထပ်ဆယ်ပုံတစ်ပုံအထိ ပိုလို့ကျယ်သွားစေခဲ့သည်။

သူတို့နှစ်ဦးနှင့် နီးနေခဲ့သည့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူလေးဦးတို့မှာ ထပ်ပြီး လွင့်ပါသွားကြပြန်ကာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

သူတို့နှစ်ဦးကြားတွင် လောကစည်းမျဉ်းတို့ ထိပ်တိုက်တွေ့စုံကြခြင်းသည် သေချာပေါက ရိုးရှင်းသည့်အရှိန်ပြင်းတိုက်ခိုက်မှုမျိုးမဟုတ်တော့ဘဲ သန့်စင်သောစွမ်းအားများဖြစ်သွားပေပြီ။

သူတို့နှစ်ဦး၏တိုက်ခိုက်မျုသည် အလွန်မြန်ဆန်မနေခဲ့ပေ။ လှုပ်ရှားမှုတိုင်းကို နှေးကွေးစွာလှုပ်ရှားနေသကဲ့သို့ ဖြည်းညှင်းစွာ လွတ်မြောက်သွားစေခဲ့ပုံပင်။

သို့သော်လည်း အနားရှိလူများကတော့ ၎င်းတို့ဆီမှထွက်ပေါ်လာသည့် အရှိန်အဟုန်ကို အာရုံခံနိုင်ကာ သူတို့ကိုယ်တိုင်လည်း ရှောင်တိမ်ဖို့ မဖြစ်နိုင်ခဲ့ပေ။

ဒါကမှ လောကစည်းမျဉ်းဆိုတာပဲ။

၎င်းသည် မြင်နိုင်သော်လည်း ရှောင်ဖို့ကတော့ မဖြစ်နိုင်ပေ…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၅၉ ဆုချန်၏နည်းလမ်း

သို့သော်လည်း လောကစည်းမျဉ်းများသည် သူတို့လူတွေကိုပါ ထိခိုက်ဒဏ်ရာရစေတာကြောင့် နှစ်ယောက်သား မခံချိမခံသာဖြစ်နေကြလေသည်။

ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုပင်။ သေခြင်းရှင်ခြင်းတိုက်ပွဲပဲ!

ရှုံးသာရှုံးသွားပါလျှင် သူတို့အတွက် ဒုတိယမြောက်အခွင့်အရေးဆိုတာ မရှိပေ။

လုရှောင်ယန်သည် အချိန်များစွာ မဖြုန်းတီးခဲ့ပေ။ နှစ်ဦးသား အသက်တစ်ရှိုက်စာအချိန်အတွင်း တိုက်ကွဲတစ်ခုကိုသာ ဖလှယ်ခဲ့ကြသော်လည်း လောကစည်းမျဉ်းတို့သည် အကြိမ်ပေါင်းတစ်သောင်းကျော်အထိ အပြင်းအထိ ထိခတ်မိနေကြပြီဖြစ်သည်။

လေဟာနယ်အတားအဆီးသည် မိုးရေထဲမှ ရေမှော်ပင်လို လေပြင်းကြားမှ သစ်ရွယ်ငယ်လို့ ပိုလို့တောင် လှုပ်ခါလာခဲ့သည်။

လုရှောင်ယန်၏ကျင့်ကြံဆင့်သည် တစ်ဖက်လူ၏အထက်တွင် ရှိနေဆဲပင်။ ဒါကြောင့် သူတို့ထိခတ်မိသွားသည်နှင့် ဆုချန်သည် ကျင့်ကြံဆင့်တွင် အနိုင်မရခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ တုန်လှုပ်သွားတော့သည်။

ထိုအခိုက်မှာပဲ လုရှောင်ယန်သည် အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ချက်ချင်းပင် ထာဝရာမီးတောက်ဖြင့် ဆုချန်ကို ဝါးမြိုခိုင်းလိုက်သည်။

ဆုချန်မှာ မီးတောက်များထံမှ ဝါးမြိုခံလိုက်ရပြီး သဘာဝကျစွာဘဲ သတိလက်လွတ်မပြုမူရဲတော့ပေ။ သူက ချက်ချင်းပင် လောကစည်းမျဉ်းတို့ကိုအသုံးပြုကာ ထိုမီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားလေသည်။

သို့သော်လည်း လောကစည်းမျဉ်းတို့သည် အင်အားကြီးပေမည့် ထာဝရမီးတောက်ကို ငြိမ်းသတ်ဖို့တော့ မတတ်နိုင်ခဲ့ပေ။

အကြောင်းကတော့ ထာဝရမီးတောက်သည် ဤလောက၏စည်းမျဉ်းများထက်ပင် သာလွန်သော ဖြစ်တည်မှုတစ်ခု ဖြစ်နေပြီဖြစ်သောကြောင့်ပင်။

ဆုချန်သည် တုံးအသူမဟုတ်တာကြောင့် ထိုမီးတောက်ကို မငြိမ်းသတ်နိုင်ဘူးဆိုတာကို ခံစားမိလိုက်ပြီးနောက် မထိတ်လန့်သွားခဲ့ပေ။ ထိုအစား သူက လုရှောင်ယန်ကို တွန်းလှန်ဖို့ရန် ရှေ့သို့ပင် တက်သွားခဲ့လေသည်။

ဆုချန်သည် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည်။

နတ်ဘုရားချပ်ဝတ်သည် ချပ်ဝတ်အပြင်ဘက်မှ ထာဝရမီးတောက်၏ဒဏ်ကို ခုခံနိုင်ပေသည်။ ၎င်းသည် ချပ်ဝတ်ကို ပျက်စီးစေနိုင်သော်လည်း အချိန်တစ်ခုအထိ ဆုချန်ကို ကာကွယ်ပေးဖို့လုံလောက်ကာ ထိခိုက်ဒဏ်ရာရစေမည်မဟုတ်ပေ။

သူသာ လုရှောင်ယန်ကို သတ်လိုက်လျှင် မီးတောက်ကလည်း အလိုအလျောက် ငြိမ်းပြီးသားဖြစ်သွားမှာပဲ။

နှစ်ယောက်သားသည် ထပ်မံပြီးရူးသွပ်ရှုပ်ယှက်ခက်နေသည့် အခြေအနေထဲသို့ ကျရောက်သွားပြန်ကာ ကောင်းကင်တွင် သေးငယ်သည့်နေနှစ်စင်း တိုက်မိနေကြသလိုပင်။

ဆုချန်သည် နေရာတိုင်းတွင် လုရှောင်ယန်၏ဖိနှိပ်ခြင်းကို ခံနေရကြောင်း ကောင်းကောင်း ခံစားမိသည်။

သို့သော်လည်း သူထိတ်လန့်သွားခြင်းမရှိပေ။ ထိုအစား သူ၏ရွှေ့လျားမှုနည်းစနစ်ကို အသုံးပြုကာ ဆုချန်သည် သူ့ကိုယ်ထဲရှိ စနစ်ကို ခေါ်လိုက်သည်။

“စနစ်၊ အန္တိမဘော့စ်စနစ်ရဲ့ဧကရာဇ်နည်းလမ်းကို အသက်သွင်းမယ်။”

[နားလည်ပါပြီ။ ဧကရာဇ်နည်းလမ်းကို အသက်သွင်းပြီးနောက် နောက်တစ်ကြိမ်တိုက်ခိုက်မှုတွင် မင်းရဲ့တိုက်ခိုက်မှုစွမ်းအားကို ဆယ်ဆအထိမြင့်စေရန် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို စွန့်လွှတ်လိုက်ပါ]

ဆုချန်၏နှုတ်ခမ်းစွန်းက ကော့တက်လို့သွားသည်။ ဒါက သူဖုံးကွယ်ထားသည့် လျှို့ဝှက်သတ်ဖြတ်မှုနည်းလမ်းပဲ။

သူ ဒီအကွက်ကို အရင်က တစ်ခါမှ ထုတ်မသုံးခဲ့သော်လည်း အသုံးပြုလိုက်သည်နှင့် ရန်သူကို သတ်ပစ်ဖို့ရန်အတွက် လုံလောက်သွားပေပြီ။

လုရှောင်ယန်၏ရှေ့သို့ရောက်သွားချိန်တွင် တိုက်ခိုက်နေသည့် နတ်ဘုရားခန်းမမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးသည် သွေးမြူများအဖြစ်သို့ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။

နတ်အာရုံဖြင့် တိုက်ပွဲတစ်ခုလုံးအပေါ် အလေးပေးစောင့်ကြည့်နေခဲ့သည့် လုရှောင်ယန်၏ ရုတ်တရက် သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

တစ်ချိန်တည်းမှာပဲ ဆုချန်၏ခွန်အားက ရုတ်တရက် တိုးသွားကြောင်း သူခံစားမိခဲ့သည်။

သူ၏သတိကြီးလွန်းသည့်စရိုက်အရ လုရှောင်ယန်သည် သတိလက်လွတ်မနေရဲပေ။ သူသည် စစ်မှန်သောအမြင်အာရုံသုံးပါးကို အားကုန်ထုတ်သုံးကာ ပုံရိပ်ယောင်နည်းစနစ်ကို အကန့်အသတ်ရောက်သည်အထိ အသုံးပြုလိုက်သည်။

ထိုက်ရွှမ်ပေသို့သည် အသက်ဝင်လာခဲ့ကာ လောဟာနယ်စွမ်းအားတို့က ဆုချန်၏တိုက်ခိုက်မှုအရှိန်ကို ထိန်းပေးလာသည်။ သို့သော်လည်း ထိုသို့ဆိုလျှင်တောင်မှ ဆုချန်၏တိုက်ခိုက်မှုသည် ယခင်ထက် အဆပေါင်းမျးစွာ ပိုလို့ကြောက်ဖို့ ကောင်းနေတုန်းပင်။

အရမ်းနောက်ကျသွားပြီ။

မဟာတာအိုမွေးဖွားခြင်း!

နောက်တစ်စက္ကန့်မှာပဲ လူတိုင်း၏မျက်စိရှေ့တွင်ပင် ဆုချန်၏ရက်စက်လှသည့် တိုက်ခိုက်မှုက လုရှောင်ယန်၏ခန္ဓာကိုယ်ကို အညှာအတာမဲ့စွာ နှစ်ခြမ်းကွဲထွက်သွားစေခဲ့သည်။

ဆုချန်၏နှုတ်ခမ်းစွန်းက အနည်းငယ်ကော့တက်သွားကာ တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည်လည်း ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်။

“ဆရာ!”

ယွင်လီကောနှင့်ကျန်တပည့်များ၏အမူအရာတို့ သိသိသာသာပြောင်းလဲသွားကြလေသည်။ တိုက်ပွဲအတွင်းရှိ သိုင်းဘုရင်အဆင့်ကျင့်ကြံသူများနှင့် သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများသည်လည်း ယခုအချိန်တွင် တိုက်ပွဲများကို တိတ်တဆိတ် ရပ်တန့်လိုက်ကြသည်။

လုရှောင်ယန်.. သေသွားပြီလား?

လူတိုင်း မယုံနိုင်ဖြစ်နေကြသည်။ သို့သော်လည်း ဒါကအမှန်တရားဖြစ်ကြောင်းကိုလည်း သူတို့သိနေကြလေသည်။

အကြောင်းကတော့ ဆုချန်၏ကိုယ်ပေါ်မှ ထာဝရာမီးတောက်တို့သည် ပျောက်ကွယ်သွားခြင်းကြောင့်ပင်။

လုရှောင်ယန် သေသွားပြီဆို ဆိုလိုခြင်းပင်။ မဟုတ်ပါက မီးတောက်များသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။

လုရှောင်ယန် သေဆုံးသွားမှတော့ ဒီတိုက်ပွဲမှာ သူတို့ရှုံးနိမ့်သွားပြီပေါ့။

ကျွင့်မိသားစုမှအကြီးအကဲအနည်းငယ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အချိန်မရွေး ကျွင့်ပုကျန်းကိုဆွဲခေါ်ပြီး ထွက်ပြေးဖို့ရန် ပြင်ဆင်လိုက်ကြသည်။

ရုတ်တရက် နတ်ဘုရားခန်းမမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးက ဒေါသတကြီး အော်ဟစ်လာခဲ့သည်။

“ဆုချန်၊ မင်းဘာလုပ်လိုက်တာလဲ? ခေါင်းဆောင်ဖူချွမ်က ဘာလို့ ရုတ်တရက်ကြီး ပေါက်ကွဲသွားတာလဲ?”

ဆုချန်က ထိုလူကို အေးစက်စက်အကြည့်ဖြင့် တုံ့ပြန်လိုက်သည်။

“မင်းမတွေ့ဘူးလား။ သူက နတ်ဘုရားခန်းမရဲ့ အော်ပွဲအတွက် သူ့ကိုယ်သူ အစတေးခံသွားတာလေ။”

“အဓိပ္ပါယ်မရှိတာတွေ၊ မင်းက သူ့ကိုထိန်းချုပ်ပြီး ဖောက်ခွဲအောင် လုပ်ပစ်လိုက်တဲ့သူဆိုတာ အရှင်းကြီးပဲ။ လူယုတ်မာ၊ ငါ မင်းကိုသတ်မယ်!”

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူသည် တိုက်ခိုက်တော့မည့်အချိန်တွင်ပဲ သူ၏ခန္ဓာကိုယ်က သူ့ထိန်းချုပ်မှုကနေ လွတ်ထွက်သွားပြီဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိသွားလေသည်။

၎င်းက သူ၏ထိတ်လန့်မှုကို အဆုံးစွန်ထိ တိုးမြင့်သွားစေခဲ့သည်။

“ဆုချန်၊ ဘာတွေဖြစ်ကုန်တာလဲ?”

ဆုချန်က လှောင်ရယ်လိုက်ကာ၊ “ငါ့ငွေတွေကို ရဖို့ အရမ်းလွယ်နေမယ်လို့များ ထင်နေကြတာလား? မင်းတို့ နတ်ဘုရားခန်းမကိုဝင်လိုက်ကတည်းက မင်းတို့က ငါ့ရဲ့အစေခံတွေ ဖြစ်သွားပြီ။ ငွေရဲ့ကျေးကျွန်တွေပေါေ! ဒါက မင်းတို့ လောဘအရမ်းကြီးပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ခြင်းရဲ့ ရလဒ်တွေပဲ။”

“မဖြစ်နိုင်ဘူး။ ငါတို့ မင်းကို ဘာသွေးအဆီနှစ်မှမပေးသလို ဝိညာဉ်အစိတ်အပိုင်းကိုလည်း မပေးခဲ့ဘူး။ မင်း ဘယ်လိုလုပ်ပြီး ငါတို့ကို ထိန်းချုပ်နိုင်တာလဲ?”

“မင်းတို့ကို ထိန်းချုပ်ဖို့အတွက် သွေးအဆီအနှစ်တွေ ဝိညာဉ်တွေလိုအပ်တယ်လို့ ဘယ်သူပြောလဲ? အဲဒီနှစ်မျိုးမရှိရင်တောင် ငါမင်းကို ထိန်းချုပ်နိုင်သေးတယ်။”

“ငါ မယုံဘူး!”

“ဘယ်လိုမှ မဖြစ်နိုင်ဘူး!”

ဆုချန်၏မျက်လုံးများက ရွေ့သွားသည်နှင့် ကျန်ရှိသည့် နတ်ဘုရားခန်းမှ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများ အမှန်တကယ်ကို ချက်ချင်း တန်ုလှုပ်သွားကြလေသည်။

ထိုအချိန်တွင်တော့ သူတို့ခန္ဓာကိုယ်များကို ဆုချန်က ထိန်းချုပ်နေကြောင်း ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သွားပေပြီ။

ဆုချန်သည် လက်ထဲတွင် ပုဆိတ်သွားလှံရှည်ကို ကိုင်ထားကာ ကျွင့်ပုကျန်းနှင့်သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲတို့ထံ အေးစက်ဝေ့ကြည့်လိုက်ပြီး၊ “မင်းတို့ရဲ့ခေါင်းဆောင်တော့ သေသွားပြီ။ မင်းတို့အတွက် ဘာကကောင်းလဲ သိကြရင်တော့ လိမ်လိမ်မာမာလေးဒူးထောက် လက်မြှောက်ပြီး ငါ့လက်အောက်ခံတွေ ဖြစ်လာကြ။ မဟုတ်လို့ကတော့ ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ ထွက်သွားလို့ မရစေရဘူး!”

အားလုံး စကားပြန်မပြောနိုင်သေးခင်မှာပဲ ရုတ်ချည်း လေဟာနယ်ထဲတွင် အတက်အကျတစ်ခုဖြစ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင်တော့ လုရှောင်ယန်သည် သူ၏ဓားနှင့်အတူ ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် အနောက်ကနေဖြတ်တိုက်ကာ ဆုချန်၏ကိုယ်ကို ထပ်ခြမ်းခွဲဖို့ ကြိုးစားတော့သည်။

ဆုချန်၏ဦးရေပြားတို့ ထုံကျင်သွားလေသည်။ သူနည်းနည်းလေးမှ သတိမလွတ်ရဲသလို တုံ့ဆိုင်းဖို့လည်း မရဲပေ။ သူက နတ်ဘုရားခန်းမမှ နောက်ထပ်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ဖောက်ခွဲပစ်ကာ လုရှောင်ယန်၏တိုက်ခိုက်မှုစက်ကွင်းမှ မလွတ်မြောက်မီ သူ၏ခန္ဓာကိုယ်ကို ပြုပြင်လိုက်သည်။

တခြားသောသိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများမှာ အလွန်ဒေါသထွက်နေကြသော်လည်း တတ်နိုင်တာမရှိပေ။

အခုချိန်တွင် ဆုချန်ကို ပုန်ကန်ဖို့မဆိုထားနှင့် သူတို့ကိုယ်ပိုင်ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်နိုင်ခြင်းမရှီပေ။

ဆုချန်ဘက်တွင်တော့ သူသည် လုရှောင်ယန်ကို စိုက်ကြည်နေ့ကာ အမူအရာက ဆိုးရွားလို့နေသည်။

“ငါသေချာပေါက် မင်းကိုသတ်ခဲ့တာပါ။ ကြည့်ရတာ မင်းမှာ ပြန်လည်ရှင်သန်ဖို့အတွက် အထူးနည်းလမ်းတချို့ရှိနေပုံပဲ။”

လုရှောင်ယန်က ပြန်မဖြေသေးပေ။ သူက နောက်ထပ်နတ်လက်နက်ဖြစ်သော မရဏဓားရှည်ကို ထုတ်ယူလိုက်သည်!

သူစုပ်ယူလို့ထားသည့် ဓားဝိညာဉ်နှင့် ဓားရှည်ဝိညာဉ်တို့မှာ အဆုံးအစွန်အထိ ရူးသွယ်စွာ ထကြွနေကြသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် လုရှောင်ယန်သည် သူ၏ဓားနှစ်လက်ဖြင့် တပြိုင်နက် ခုတ်ချလိုက်သည်။

ဓားနှစ်လက်ဖြစ်သွားတာကြောင့် အားသည်လည်း နှစ်ဆတိုးလာခဲ့သည်။

ဆုချန်သည် နှာမှုတ်လိုက်ကာ သူ့ခေါင်းပေါ်သို့ ထပ်မံကျရောက်ခွင့်ပေးရဲတော့တာကြောင့် နောက်ထပ်သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုသာ စွန့်လွှတ်လိုက်နိုင်တော့သည်။

ဘုန်း!

နောက်ထပ်ပေါက်ကွဲမှုတစ်ခုနှင့်အတူ နောက်ထပ် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးသည်လည်း သွေးမြူများအဖြစ် အဆုံးသတ်သွားခဲ့သည်။

ဆုချန်၏ခွန်အားသည်လည်း ထပ်မံမြင့်တက်လာခဲ့ပြန်သည်။

“ချိုးဖြတ်စမ်း!”

ဆုချန်သည် ဓားအလင်းတန်းများကို သူ၏ပုဆိတ်သွားလှံရှည်ဖြင့် ဖြတ်တောက်လိုက်သည်။ နောက်ထပ် နတ်လက်နက်တစ်ခုတိုးလာခြင်းကြောင့် ယခင်ထက် ဆယ်ဆလောက် ပိုသန်မာလာခဲ့သည်။ နတ်ဝိညာဉ်၏မြှင့်တင်ပေးမှုပါရှိနေတာတောင်မှ လုရှောင်ယန်၏တိုက်ခိုက်မှုသည် ခဏရပ်သွားပြီးနောက်မှာတော့ လုံးဝပျက်စီးသွားခဲ့ပြန်သည်။

ပုဆိန်သွားလှံရှည်၏အရှိန်က နည်းနည်းလေးမှ လျော့မသွားဘဲ လုရှောင်ယန်ကို ထပ်မံခုတ်ချလိုက်သည်။

လုရှောင်ယန်သည်လည်း ချက်ချင်းပင် ထပ်ပြီး အသတ်ခံလိုက်ရပြန်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်ပဲ လုရှောင်ယန်က လေဟာနယ်ထဲကနေပြီး ထပ်မံပေါ်ထွက်လာပြန်ကာ ဆုချန် နောက်တစ်ကြိမ် သူ၏ပုဆိတ်သွားလှံရှည်ကို ထုတ်သုံးစေဖို့ရန် ဓားဖြင့် ဖြတ်ခုတ်လိုက်ပြန်သည်။

လက်နက်နှစ်ခုတိုက်မိသည်နှင့် လောကစည်းမျဉ်းတို့ စတင်ကွဲပျက်ကုန်ကြသည်။

လုရှောင်ယန်က ဆုချန်၏ခါးကို ဖြတ်ခုတ်လိုက်ကာ နတ်လက်နက်သည် နတ်ချပ်ဝတ်ကို ထိခတ်သွားတာကြောင့် နတ်အလင်းတန်းများမထုတ်လွှတ်နိုင်တော့သော်လည်း လောကစည်းမျဉ်းများကတော့ ပေါက်ထွက်လာသေးသည်။

ထိုအချိန်မှာပဲ သူတို့နှစ်ယောက်နှင့်အနီးဆုံးတွင်ရှိနေသည့် ရွှေခြင်္သေ့ကို ထိုလောကစည်းမျဉ်းတို့က ချက်ချင်းဝါးမြိုသွားခဲ့သည်။

ဝေါင်း!

ကြေကွဲဖွယ်ငိုကြွေးသံပေါ်ထွက်လာသည်နှင့် လုရှောင်ယန်က ချက်ချင်းပင် အဇူရာသက်ရှည်ပညာကို အသုံးပြုလိုက်သည်။

အဇူရာသက်ရှည်ပညာကို လုရှောင်ယန်က နတ်ဘုရားအဆင့်ကျင့်စဉ်တစ်ခုအဖြစ် သန့်စင်ပေးပြီးသွားပြီဖြစ်တာကြောင့် သူ၏ကုသနှုန်းမှာ ပုံမှန်မဟုတ်ဘဲ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ရွှေခြင်္သေ့ကို ကုသပေးသွားခဲ့သည်။

“ညီအစ်ကိုတို့ နတ်ဘုရားခန်းမက သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေကို သတ်ကြ!”

ပျော့ပျောင်းသည့်လေသံစူးစူးက သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲများကို တိုက်ပွဲတွင် ပြန်လည်ပါဝင်လာစေပြီး စတင်တိုက်ခိုက်တော့သည်။

ဆုချန်သည် သူ၏ခွန်အားကို ဆယ်ဆတိုးဖို့ရန်အတွက် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကို ဖောက်ခွဲရာတွင်သာ အားကိုးနေရသည်။ သူတို့သာ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူအားလုံးကို သတ်ပစ်မည်ဆိုလျှင် ဆုချန်လည်း သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများကို ဖောက်ခွဲနိုင်တော့မည်မဟုတ်ပေ။ ဒီလိုသာဆို အလိုအလျောက်ပဲ သေချာပေါက် သူ သေရပေလိမ့်မည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။ လုရှောင်ယန်သည် ရှေ့သို့ဆက်တိုက် ဖိအားပေးကာ တိုးမနေတော့ဘဲ သွယ်ဝိုက်ကာ ဖိအားပေးလိုက်သည်။

ဆုချန် ဒေါသထွက်ပြီး ခွန်အားဆယ်ဆနှင့်လဲလှယ်ဖို့ရန် သူ့လက်အောက်ငယ်သားများကို ဖောက်ခွဲစေဖို့ မလိုအပ်တော့ပေ။

ထိုနည်းလမ်းက အလွန်အန္တရာယ်များလှသည်။

သူ့လက်အောက်ငယ်သားတွေသာ ဆုချန်၏လက်အောင်ငယ်သားများကို ရှင်းပစ်မည်ဆိုလျှင် ဆုချန်ကို ပျက်စီးခြင်းသို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွားခိုင်းစေဖို့ရန် လုံလောက်ပေပြီ။

အချိန်ကုန်ဆုံးလာသည်နှင့် ဆုချန်တစ်ယောက် သေခြင်းတရားနှင့် တဖြည်းဖြည်း ပိုနီးကပ်လာပြီဟု ခံစားမိလာခဲ့သည်။

တခြားနည်းလမ်းမရှီတော့ပေ။ တခါတည်းနဲ့ လုံလောက်မှုရှိသည့်စွမ်းအားတို့ ရရှိဖို့လိုသည်။

တစ်ကြိမ်တည်းနဲ့ လုရှောင်ယန်ကို အပြီးသတ်ပစ်မှဖြစ်မည်။

လုရှောင်ယန် သေသွားသ၍ သူ့ကိုယှဉ်နိုင်သည့်လူတစ်ယောက်မှ ရှိတော့မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူတို့အားလုံးကို ဖိအားပေးကာ သဘောတူလက်မှတ်ရေးထိုးစေပြီး သူ့လက်အောက်ငယ်သားများ ဖြစ်လာစေမည်။

ထို့သို့တွေးလိုက်ပြီးနောက် ချက်ချင်းပင် ဆုချန်သည် စနစ်နှင့် ဆက်သွယ်လိုက်သည်။

“စနစ်၊ ကျန်တဲ့သိုင်းဘုရင်အဆင့်လက်အောက်ငယ်သားတွေကို ဖောက်ခွဲပစ်။ ငါ ဒီနေရာက အရာရာတိုင်းကို ချက်ချင်း ဖျက်ဆီးပစ်ချင်တယ်။ ဒါပြီးရင် သူထပ်ပြီးရှင်သန်နိုင်လိမ့်ဦးမယ်လို့ ငါတော့ မယုံဘူး။”

[ကောင်းပါပြီ]

နောက်တစ်စက္ကန့်မှာပဲ ရှင်းကွမ်းလျို့လီအပါအဝင် သိုင်းဘုရင်အဆင့်ဆယ်ဦးအနက်မှ ငါးဦးပေါက်ကွဲသွားခဲ့သည်။

သူမသေဆုံးချိန် မတိုင်ခင်လေးအထိ သူမဘယ်လောက်အထိ မိုက်မဲခဲ့မှန်း နားမလည်နိုင်ခဲ့ပေ။

ငွေလေးအနည်းငယ်ကြောင့်နှင့် သူမကိုယ်သူမ ဆုချန်ကို ကစားခွင့်ပေးခဲ့သည်။ သို့သော်လည်း အဆုံးတွင်တော့ သူမ အနစ်နာခံလိုက်ရဆဲပင်။

ဒီလိုဖြစ်မယ်မှန်းသာ စောစောကတည်းက သိလျှင် အစကတည်းက သေဖို့ကိုသာ ရွေးချယ်လိုက်မည်ပင်!

ထိုသို့သာဆိုလျှင် အနည်းဆုံးတော့ သူမခန္ဓာကိုယ်က ညစ်ညမ်းသွားလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူမသေသွားပေမဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူငါးဦးကတော့ အသက်ရှင်ကျန်ရစ်နေသေးသည်။

ထိုအချင်းအရာက ဆုချန်၏ဦးရေတို့ကို ထုံကျင်သွားကော သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့်အမူအရာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ဘာတွေဖြစ်ကုန်တာလဲ?

ဘာလို့ ဒီငါးယောက်က မပေါက်ကွဲသွားတာလဲ?

သူတို့လည်း သူ့ရဲ့လက်အောက်ငယ်သားတွေပဲလေ။

ဘာလို့လဲ?

တစ်ဖက်လူအတွေးများနေသည်ကို အခွင့်ကောင်းယူကာ လုရှောင်ယန် ရုတ်တရက် ဝင်တိုက်ခိုက်လိုက်သည်။ သူက သူ၏ခွန်အားအလုံးစုံကို စုစည်းကာ လုရှောင်ယန်၏လက်ကောက်ဝတ်ကို ခုတ်ချလိုက်သည်။

“မကောင်းတော့ဘူး!”

ဆုချန်၏ အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။

ပုဆိတ်သွားလှံရှည်တွင် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူငါးဦးကို ဖောက်ခွဲထားရာမှ ရရှိသော တိုက်ပွဲခွန်အား အဆများစွာက သိပ်သည်းစွာ စုဝေးနေပြီဖြစ်သည်။

လုရှောင်ယန်က လက်ကောက်ဝတ်ကို ဖြတ်လိုက်သည်နှင့် ပုဆိတ်သွားလှံရှည်၏စွမ်းအားတို့က တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။ ၎င်းမှာ ဆုချန်လိုချင်သည့်လားရာအတိုင်း မလွတ်ထွက်သွားဘဲ သူ့ကိုတောင်မှ ဝါးမြိုကာ ပေါက်ကွဲသွားခဲ့သည်။

ဆုချန်တစ်ယောက် တုံ့ဆိုင်းမနေဘဲ သူ၏အကာအကွယ်နတ်လက်နက်များ၊ သိုင်းဘုရင်အဆင့်လက်နက်များအားလုံးကို သူ့ရှေ့တွင် ချက်ချင်းကာထားလိုက်သည်။

နောက်တစ်စက္ကန့်တွင်ပဲ ပုဆိန်သွားလှံရှည်မှစွမ်းအားတို့သည် အပြည့်အဝပေါက်ကွဲထွက်သွားတော့သည်။

ကမ္ဘာကြီးကို အလင်းလုံးကြီးတစ်ခုက ဝါးမြိုလို့သွားကာ လူတိုင်း မျက်လုံးတွေကို မှိတ်ထားလိုက်မိကြပြီး ထိုအဖျက်အဆီးစွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့် အလင်းရောင်ကို တိုက်ရိုက် မကြည့်ရဲခဲ့ကြပေ…။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၁၈။ အပိုင်း ၂၆၀ စနစ်ဖန်တီးသူ

ကျယ်ပြောလှသည့်လောကကြီးတွင် အသံဟူသမျှနတ္ထိ။

သို့သော်လည်း ဖိအားများကတော့ မရေမတွက်နိုင်သောလူများကို သွေးများဆူပွက်လာအောင် ဖိအားပေးနေခဲ့သည်။

ကျင့်ကြံဆင့်နိမ့်ကျသည့် လူသားများ သားရဲများစသည့် တချို့သောဖြစ်တည်မှုများသည်တော့ နေရာတွင်ပင် သေဆုံးသွားကြသည်။

ဖုန်းထျန်းယွမ်သည် ရှိသမျှခွန်အားဖြင့် မဖျက်ဆီးနိုင်သောရွှေကိုယ်ထည်ကို ထုတ်သုံးခဲ့သည်။ ယွင်လီကောနှင့်ကျန်လူများသည်လည်း ချက်ချင်းပင် သူ့ထံသို့ ဝိညာဉ်စွမ်းအားတို့ကို လွှဲပြောင်းပေးကြကာ သူ၏ခွန်အားကို ထိပ်ဆုံးအထိရောက်အောင် ပံ့ပိုးပေးကြသည်။ ဒါကြောင့် သူ၏ခွန်အားသည် သိုင်းဘုရင်အဆင့်တစ်ယောက်နှင့်ပင် ယှဉ်လို့ရသည်အထိဖြစ်သွားခဲ့ပေသည်။

လူတိုင်းကတော့ အကြောင်းအရင်းတချို့ကြောင့် နားမလည်နိုင်ဖြစ်သွားကြသည်။

“အကြီးဆုံးအစ်ကိုကြီ၊ မင်းက သိုင်းဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေပြီမဟုတ်ဘူးလား? ဘာလို့ ရှေ့ကနေဝင်မကာပေးတာလဲ?”

“ထျန်းယွမ်ရဲ့ဖျက်ဆီး၍မရနိုင်သောရွှေကိုယ်ထည်က အကာအကွယ်လုပ်ဖို့အတွက် ပိုပြီးသင့်တော်တယ်။ ဒီတော့ သူ့ကိုကာခိုင်းလိုက်တာ မကောင်းဆုံးပဲ။”

ကျူးကောကျီချုံ၏မျက်နှာကတော့ မနေနိုင်စွာ တွန့်ရှုံ့သွားတော့သည်။

“အဟွတ်.. အဟွတ်… အကြီးဆုံးအစ်ကိုကြီး၊ တော်လောက်ပြီထင်တယ်။ မင်း သိုင်းဘုရင်အဆင့် တောက်တာဆေးလုံး စားခဲ့တယ်လို့သာ ပြောလိုက်ပါတော့။”

“သိုင်းဘုရင်အဆင့်တောက်တာဆေးလုံး? အဲ့ဒါဘာလဲ?”

“အဲ့ဒါက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို အချိန်ခနတာလောက် သိုင်းဘုရင်အဆင့်ကို ရောက်သွားစေနိုင်တဲ့ ဆေးလုံးပဲ။”

“သေစမ်း! သိနေသားပဲ။ အစ်ကိုကြီးရဲ့ကျင့်ကြံဆင့်က ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်း သိုင်းဘုရင်အဆင့်ကိုရောက်သွားဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ? ဒီတော့ မင်းက ဆေးလုံးစားလိုက်တာကြောင့်ကိုး။ မင်း ဆရာ့ဖိနပ်ကိုသွားလျက်ပြီးတော့ ဒီသိုင်းဘုရင်အဆင့်တောက်တာဆေးလုံးကို ရခဲ့တာပဲဖြစ်မယ်၊ ဟုတ်တယ်မလား?”

“အဓိပ္ပါယ်မရှိလိုက်တာ။”

ယွင်လီကော ဒေါသတကြီးပြန်ပြောလိုက်သည်။ “တပည့်တစ်ယောက်က သူ့ဆရာကို လေးလေးစားစားဆက်ဆံတာကို ဘယ်လိုလုပ်ပြီး ဖိနပ်လျက်တယ်လို့ ခေါ်ရမှာလဲ? ငါ့အတွက်တော့ ဆရာက ငါ့အဖေရင်းထက်တောင်မှ ငါနဲ့ပိုပြီးရင်းနှီးလေးစားမိတဲ့သူပဲ။ ဒါကို ဘယ်လိုများ ဖိနပ်လျက်တယ်ဖြစ်ရမှာလဲ? ဒါကို သားသမီးဝတ်လို့ခေါ်တယ်ကွ!”

လူတိုင်း : “….”

အချိန်မည်မျှအထိ ကြာသွားသည်မသိလိုက်ချိန်မှာပဲ အဆုံးမှာတော့ ကောင်းကင်ထက်ရှိ အဖြူရောင်အလင်းတန်းသည် မှေးမှိန်သွားခဲ့ကာ နေရာလွတ်အကွဲအပြဲတို့သည်လည်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ထက်ရှိ သိုင်းဘုရင်အဆင့်သားရဲများနှင့် သိုင်းဘုရင်အဆင့်လူသားကျင့်ကြံသူများအားလုံးသည် ထိုပေါက်ကွဲမှုကြောင့် တကွဲတပြားပြုတ်ကျလို့နေကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ပေါ်၌ ဆုချန်တစ်ယောက်သာ ကျန်ရစ်လေသည်။

သူ့ပုံစံသည်လည်း ကြည့်ကောင်းမနေခဲ့ပေ။

သူ့ရှေ့တွင် သိုင်းဘုရင်အဆင့်ချပ်ဝတ်၆-၇ခုလောက်က ကွဲကြေနေကာ နတ်ဘုရားတစ်ပိုင်းအဆင့်ချပ်ဝတ်တစ်ခုတောင်မှ ပါသေးသည်။

ပြောရမည်ဆိုလျှင်တော့ ထိုချပ်ဝတ်များ၏အကာအကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် သူ့တွင် အသက်ရှင်ဖို့အခွင့်အရေးရှိခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ထိုမျှများပြားလှသည့်ချပ်ဝတ်များက ကွဲကြေသွားပြီးနောက်မှာတော့ ဆုချန်သည်လည်း ပိုကောင်းနေစရာအကြောင်းမရှိပေ။

သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီးငယ်တို့ဖြင့် ပြည့်နှက်နေကာ သွေးတစိမ့်စိမ့်နှင့် ကိုယ်၌ဝတ်ထားသည့်ချပ်ဝတ်ပင် စိုရွှဲနေခဲ့သည်။

သူ၏လက်ကိုကြည့်မည်ဆိုလျှင်လည်း ဆုပ်ကိုင်ထားသည့် ပုဆိတ်သွားလုံရှည်တစ်လျှောက် စီးကျန်နေသည့် ရွှေရောင်သွေးစီးကြောင်းကို မြင်ရပေမည်။

ဤတိုက်ပွဲတွင် သူ့ဘက်ကလည်း ဆုံးရှုံးမှု အလွန်ကြီးမားခဲ့သည်။

သူ အင်တိုက်အားတိုက်တည်ဆောက်ခဲ့ရသည့် နတ်ဘုရားခန်းမကြီးသည် ပြိုလဲလို့သွားပေပြီ။

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးမျှပင် ကျန်ရစ်မနေတော့ပေ။

ပြောရရင်တော့ သူ၏ယခင်ဘဝသို့ ညတွင်းချင်းပြန်လည်ရောက်ရှိသွားသလိုပင်။

ဒါပေမဲ့ အရမ်းတန်တယ်!

လုရှောင်ယန်လိုမျိုး အလွန်အန္တရာယ်များတဲ့ ဘေးအန္တရာယ်ကောင်မျိုးကို သတ်ခဲ့နိုင်လိုက်တာပဲ။

သူသာ ဒီနေ့မှာ လုရှောင်ယန်ကို မသတ်နိုင်ခဲ့လျှင် နောင်တစ်ချိန်မှာ သေချာက်ပေါက် လုရှောင်ယန် သတ်တာကို ခံရပေလိမ့်မည်။

အခုတော့ဖြင့် အားလုံးအဆင်ပြေသွားပေပြီ။ အောက်ဘက်တွင် ဒဏ်ရာရနေသည့် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများစွာရှိသည်။ သူတို့အားလုံးကို သူ့အစေခံဖြစ်လာဖို့ရန် ဖိအားပေးလိုက်မည်ဆိုလျှင် သူလည်း ထပ်ပြီးတော့ သိုင်းဘုရင်အဆင့်လက်အောက်ခံများစွာ ပြန်ရလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် ခဏတာမျှ အနားယူလိုက်ပြီးနောက် နောက်ထပ်နိုင်ငံပေါင်းများစွာကို သိမ်းပိုက်ကာ ထာဝရသစ်တောဆီသို့ ခရီးဆက်ရပေမည်။

အဲဒီအချိန်ကျရင် သူဆိုတဲ့ ဆုချန်က အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မယ်!

“ဟဟဟဟ…. ငါနိုင်ပြီ! ငါနိုင်ပြီ! အဆုံးသတ်အောင်နိုင်သူက ငါပဲကွ! ငါကသာ ကောင်းကင်ဘုံရဲ့ရွေးချယ်ခြင်းခံရသူဖြစ်…”

“ဖူး!”

သူ အဆုံးထိမပြောနိုင်လိုက်ခင်မှာပင် ရုတ်တရက် သူ့ရင်ဘက်သို့ ဓားတစ်ချောင်းစိုက်ဝင်လာခဲ့သည်။

လေထုသည့်ပုံပျက်သွားပြီး လုရှောင်ယန်၏ရုပ်သွင်သည် သူ့ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

လုရှောင်ယန်က အကောင်းအတိုင်းပဲ!

“မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

ထိုမျှ ပြင်းထန်လှသောပေါက်ကွဲမှုနှင့် ပြင်းထန်လှသောစွမ်းအားများကို ခံလိုက်ရတာတောင်မှ လုရှောင်ယန်၏ဝတ်ရုံတစ်စွန်းတစ်ကိုတောင် ဆုတ်ပြဲမသွားစေခဲ့ပေ။ ဒါ ဘယ်လိုလုပ်များ ဖြစ်နိုင်မှာတဲ့လဲ?

ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလောက်တဲ့အခြေအနေမျိုးကို ခံနိုင်ရည်ရှိနေခဲ့တယ်တဲ့လား?

“ဘာကို မဖြစ်နိုင်ရမှာ?”

လုရှောင်ယန် အေးစက်စွာ တံတွေးတစ်ချက်ထွေးထုတ်လိုက်သည်။ ဒါက သူပထမဆုံးအကြိမ်အဖြစ် ဆုချန်ကိုစကားပြောလိုက်ခြင်းဖြစ်ပြီး နောက်မှာတော့ ချက်ချင်းစတင်တိုက်ခိုက်ကြတော့သည်။

တကယ်တော့ လုရှောင်ယန်၏လက်ရှိကျင့်ကြံဆင့်နှင့် နည်းလမ်းများအရ ခွန်အားဆယ်ဆတိုးမြှင့်ထားသော သိုင်းဘုရင်ပဉ္စမအဆင့်ကျွမ်းကျင်သူ၏ခွန်အားကို တောင့်ခံနိုင်ဖို့ဆိုသည်က ဘယ်လိုမှမဖြစ်နိုင်ပေ။

ဒါ့အပြင် တစ်ဖက်လူ၏ကျင့်ကြံခြင်းနည်းလမ်းသည် နတ်ဘုရားအဆင့်လဲ ဖြစ်နေသေးသည်။

တစ်ဖက်လူတွင် နတ်လက်နက်တစ်ခုလည်း ရှိနေပြန်သေးသည်!

ဤကဲ့သို့ နည်းစနစ်ကို လက်နက်ပါညီမျှနေချိန်မျိုးတွင် တစ်ဖက်လူက သူ့ထက် ဆယ်ဆပိုသန်မာသည့်ခွန်အားဖြင့် တိုက်ခိုက်လာမှုကို ခုခံနိုင်မည်ဆိုခြင်းကမှ ပိုလို့ထူးဆန်းနေဦးမည်။

သို့သော်လည်း ဒီလိုဆိုတိုင်း တစ်ဖက်လူကို လုရှောင်ယန် မရှင်းနိုင်ပါဘူးလို့ မဆိုလိုပေ။

သူ့တွင် ဓားထိန်းချုပ်ခြင်းကျင့်စဉ်ရှိသည်။

သူ့အတွက် လက်နက်တွေကို သူ့ဘာသာတိုက်ခိုက်အောင် ထိန်းချုပ်ဖို့ဆိုတာက အလွန်လွယ်ကူလှသည်။

ဒါကြောင့် တစ်ချိန်လည်း သူ၏အစစ်အမှန်ခန္ဓာကိုယ်သည် အဝေးတစ်နေရာတွင်ရှိနေခဲ့ခြင်းဖြစ်ကာ နတ်လက်နက်ကို ထိန်းချုပ်ပြီး တိုက်ခိုက်နေခဲ့ရုံသာဖြစ်သည်။

ပုံရိပ်ယောင်နည်းစနစ်ကြောင့် ဘယ်သူကမှ သူ့ကိုမမြင်နိုင်ခဲ့ပေ။ အားလုံးက ထိုသေသွားသည့် ပုံရိပ်ယောင်ကိုယ်ထည်ကို လုရှောင်ယန်ဟုသာ ထင်နေခဲ့ကြသည်။

ဒါကြောင့် သူ အသတ်ခံလိုက်ရဖို့ဆိုတာ မဖြစ်နိုင်ပေ။

သူရှုံးနိမ့်သွားပြီဆိုတာ သိလိုက်ရသည်နှင့် ဆုချန် အလွန်ဒေါသထွက်ကာ စိတ်တို့လွတ်ထွက်သွားတော့သည်။

“မင်းကို သတ်မယ်!”

သူ၏နှလုံးသားထဲက ကြုံးဝါးနေသော်လည်း ဒီအချိန်မှာမှ စားပွဲကိုလှန်(အခြေအနေကိုပြောင်းပြန်လှန်)လိုက်နိုင်မယ်တဲ့လား?

ပုဆိတ်သွားလှံရှည်ဖြင့် လုရှောင်ယန်ကို ထိုးလိုက်ချိန်တွင် လုရှောင်ယန်သည် ထိုအခြေအနေကို ခန့်မှန်းထားပြီးသားဖြစ်တာကြောင့် အသက်တစ်ရှိုက်စာအချိန်ကို အကျိုးကျိုးရှိရှိ ရှောင်ထွက်သွားခဲ့သည်။

ဘုန်း!

ပုဆိန်သွားလှံရှည်သည် လေဟာနယ်ကိုသာ ထိုးခွဲမိလိုက်နိုင်သည်။

လုရှောင်ယန်သည်တော့ သူ၏နတ်လက်နက်ဓားရှည်ကို ပြန်သိမ်းလိုက်သည်။ ဆုချန်၏ဒဏ်ရာများသည်လည်း ချက်ချင်းပင် လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားခဲ့သည်။

ထိုအခိုက်အတန့်မှာပဲ လုရှောင်ယန်သည် ထာဝရမီးတောက်ကို ထပ်မံအသက်သွင်းရန်အတွက် စစ်မှန်သောအမြင်အာရုံသုံးပါးကို အသုံးပြုလိုက်သည်။ မီးတောက်တို့က ဆုချန်၏ဓားဒဏ်ကို ထိမိသွားပြီး

“မဖြစ်ဘူး!”

ဆုချန်အော်ဟစ်လိုက်ကာ သူ၏စိတ်အစဉ်မှာ ပြိုလဲလို့နေပေပြီ။ မီးတောက်များကိုတွန်းလှန်ဖို့ရန် ချက်ချင်းပင် အားကုန်သုံးကာ ကျင့်ကြံဆင့်ကိုလှည့်ပတ်လို့သည်။

သို့သော်လည်း ဤအခြေအနေမျိုးအတွက် လုရှောင်ယန်မှာ အရင်ကတည်းက အစီအစဉ်ရှိပြီးသားပင်။ ဘယ်လိုလုပ်များ သူ့ကို ခုခံဖို့အခွင့်အရေးပေးမှာလဲ?

စစ်မှန်သောအမြင်အာရုံသုံးပါးကို စွမ်းအားအပြည့်အဝအသုံးပြုကာ မီးတောက်များကို ရင်ဘက်ဒဏ်ရာမှတစ်ဆင့် ဝင်သွားစေလိုက်သည်။

“မဖြစ်ဘူး! မဖြစ်ဘူး!”

ဆုချန်၏အော်ဟစ်သံတို့က အဖန်တလဲလဲ ထွက်ပေါ်နေကာ သူ့ခန္ဓာကိုယ်အတွင်းရှိမီးတောက်များက မည်မျှအန္တရာယ်ကြီးကြောင်း ခံစားနိုင်နေသလိုပင်။

သို့သော်လည်း အရမ်းနောက်ကျသွားပေပြီ။

သူ့ကိုယ်တွင်းရှိမီးတောက်များသည် သူ၏သွေးအဆီအနှစ်နှင့်ဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်လတ်လတ် အရူးအမူးဝါးမြိုသွားသည်။

ထိုအချိန်တွင် ဆုချန် အလွန်အမင်း စိတ်ထွေပြားနေကာ၊

“ညှာတာပေးပါ၊ ညှာတာပေးပါ။ ငါမသေချင်သေးဘူး! မသေချင်သေးဘူးလို့! ငါမင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုပေးပါ့မယ်။”

ဆုချန်၏စိတ်အခြေအနေမှာ အတုန်းအရုန်းလဲပြိုနေကာ အလွန်အမင်းကြောက်လန့်နေခဲ့သည်။

လုရှောင်ယန်လို မကောင်းဆိုးဝါးမျိုးနှင့်ရင်ဆိုင်ရချိန်တွင် သူမကြောက်မိဘူးဆိုကာမှ ထူးဆန်းပေဦးမည်။ သူ၏သိုင်းနှလုံးသားသည်ပင် ကြောက်ရွံ့မှုကြောင့် ပြိုကွဲသွားခဲ့သည်။

ကံမကောင်းစွာဖြင့် လုရှောင်ယန်က သူ့ကိုလွှတ်ပေးလိမ့်မည်မဟုတ်ပေ။

ထို့အပြင် သူ၏သတိ္တိကြောင်သည့်အမူအရာကိုကြည့်ပြီး လုရှောင်ယန်မှာ ပိုလို့တောင်မှ အထင်သေးမိလေသည်။

ပြောရရင် သူသည် အခုထိ မြင်းနက်တစ်ကောင်မက သတ်ခဲ့ဖူးပြီးဖြစ်သည်။

ဆုချန်တစ်ယောက်သာ သူရဲဘောကြောင်သူဖြစ်သည်။

ကျင့်ကြံသူနှစ်ယောက်ကြားက တိုက်ပွဲဆိုသည်မှာ တစ်ယောက်ကတော့ သေရပေမည်။ သို့သော်လည်း ဒီတစ်ယောက်ကတော့ သူ့အစေခံလုပ်ဖို့တောင်မှ လိုလိုလားလားဆန္ဒရှိပြနေခဲ့သည်။

တကယ်ကိုပဲ နောက်မှပေါက်တဲ့ရွှေကြာမျိုးက နိမ့်ကျတဲ့စရိုက်ကို မဖျောက်နိုင်သေးပေ။

ဆုချန်၏ကြေကွဲဖွယ်ငိုကြွေးသံသည်သည် ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေကာ မရေမတွက်နိုင်သောလူများ၏နှလုံးသားများကို လှုပ်ခါသွားစေခဲ့သည်။

မကြာလိုက်ပါဘဲ သူသည် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားကာ လုံးဝပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဆုချန်၏ပြာများထဲမှ ရွှေရောင်အလင်းတန်းတစ်ခုက ရုတ်တရက်ထွက်လာကာ မိုးကုတ်စက်ဝိုင်းဆီသို့ ထွက်ပြေးသွားချင်နေသည်။

သို့သော်လည်း ထိုအချိန်မှာပဲ ရုတ်တရက်ကြီး ဝမ့်ခိုက်ကရောက်လာကာ ဆုချန်၏ကိုယ်ထဲမှ ထွက်သွားသောအရာထက် ပိုမိုလျင်မြန်သည့်အရှိန်ဖြင့် တစ်ဖက်ကို ချက်ချင်းမျိုချပစ်လိုက်သည်။

ထို့နောက်မှာတော့ လုရှောင်ယန်၏ကိုယ်ထဲသို့ အမြန်ဆုံးအရှိန်နှုန်းဖြင့် ပြန်လည်ဝင်ရောက်သွားလေသည်။

တစ်ချိန်တည်းနီးပါးမှာပဲ ဝမ့်ခိုက်ထံမှ အသိပေးချက်ကို လုရှောင်ယန် ကြားလိုက်ရသည်။

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ မင်းရဲ့ကျင့်ကြံဆင့်ကို တစ်ဆင့်တိုးပေးပြီး သိုင်းဘုရင်သတ္တမအဆင့်သို့ မြှင့်ပေးလိုက်ပါပြီ]

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : ကံကောင်းခြင်းရွှေနဂါး : x 1111]

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : နတ်သားရဲဥ x 1111]

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : နတ်တာအိုစစ်မှန်သောရည်ရွယ်ချက် x 1111]

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : နတ်လက်နက်လက်ဆောင်အိတ်x 1111]

[မြင်းနက်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင်။ ဆုလာဘ် : နတ်အသုံးအဆောင် - နေမင်းဖြိုခွင်းနတ်လေးကိုင်း!]

အရေအတွက်များကိုကြည့်ပြီး လုရှောင်ယန်၏ရင်ထဲ အလွန်သက်သောင့်သက်သာဖြစ်သွားသည်။

တကယ်ကို ခံစားလို့ကောင်းတာပဲ။

ထို့အပြင် ပို၍အရေးကြီးသည်က ဝမ့်ခိုက်သည် လုရှောင်ယန်ကို နေမင်းဖြိုခွင်းနတ်လေးကိုင်းကိုပေးခဲ့ခြင်းပင်!

ထိုပစ္စည်းသည် နတ်အသုံးအဆင့်တစ်ခုဖြစ်သည်။ တကယ့်ကို ဒဏ္ဍာရီလာနတ်အသုံးအဆောင်ပဲ!

၎င်း၏ဖြစ်တည်မှုကတင် နတ်လက်နက်ထက်ကို သာလွန်နေပြီဖြစ်သည်။

အခုချိန်ထိ လုရှောင်ယန်တွင် တစ်ခုမှ မရှိခဲ့ဖူးပေ။

ခံစားချက်ကောင်းနေသည့် လုရှောင်ယန်တစ်ယောက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဆင်းသက်လာကာ သိုင်းဘုရင်အဆင့်သားရဲများနှင့် သိုင်းဘုရင်အဆင့်လူသားကျင့်ကြံသူများအနားသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် ချက်ချင်းမဆိုင်း အဇူရာသက်ရှည်ပညာကို အသုံးပြုလိုက်သည်။

ကြီးမားသည့်အဇူရာသက်ရှည်ပုံရိပ်ကြီးသည် သူ့နောက်ဘက်တွင် ချက်ချင်းပေါ်လာခဲ့သည်။ မြစိမ်းရောင်အလင်းတန်းများထွက်ပေါ်လာသည်နှင့် လူတိုင်း၏ဒဏ်ရာများက ချက်ချင်းပျောက်ကင်းသွားတော့သည်။

လူတိုင်း ဝိညာဉ်စွမ်းအားပြန်လည်မြင့်တက်သွားပြီဆိုသည်ကိုမြင်ကာမှ လုရှောင်ယန် စိတ်အေးစွာ သက်ပြင်းချလိုက်လေသည်။

“ဒီတစ်ခေါက် လူတိုင်းကြိုးစားခဲ့ပါတယ်။ အားလုံးအတွက် ဆုချပေးမယ်။ ဘယ်သူမှ မကျန်ခဲ့စေရဘူး။”

မီးဖီးနစ်က ဝမ်းနည်းကြီးစွာဖြင့် ပြောလာခဲ့သည်။ “ဆုက အရေးမကြီးပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တိုက်ပွဲမှာ သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအနည်းငယ်သေဆုံးသွားတာကတော့ ရင်နာစရာပဲ။”

လုရှောင်ယန်က နှစ်သိမ့်သလို ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့။ ငါက မင်းတို့ကို အတင်းအကြပ်ဖိနှိပ်ခဲ့တာဆိုပေမဲ့ မင်းတို့က ငါ့လက်အောက်ငယ်သားတွေ ဖြစ်လာကြပြီဆိုမှတော့ ငါလုရှောင်ယန်က မင်းတို့ရဲ့အသက်တွေအတွက် အပြည့်အဝတာဝန်ယူတယ်။ ငါ့အနားမှာရှိနေသ၍ မင်းတို့ စိတ်ပူစရာမလိုဘူး။”

မီးဖီးနစ်၏မျက်လုံးက အရောင်တောက်သွားကာ၊ “သခင်၊ မင်းဆိုလိုတာက…?”

လုရှောင်ယန် လက်ညှိုးကို သူ့နှုတ်ခမ်းထက်တွင်တင်ကာ အရမ်းစိတ်မလှုပ်ရှားဖို့ရန် အချက်ပြလိုက်သည်။

တကယ်တော့ သူသည် အတော်ကြာကတည်းက သိုင်းဘုရင်အဆင့်မိစ္ဆာသားရဲအားလုံး၏သွေးအနှစ်သာရနှင့်ဝိညာဉ်တို့ကို စုဆောင်းရန် ရှန်းထီကျောက်ရှင်အမှတ်အသားကိုအသုံးပြုခဲ့သည်။

ဒါကြောင့် သူတို့ကိုအသက်ပြန်သွင်းဖို့ရန်အတွက် ရှင်းထီကျောက်ရှန်အမှတ်အသားကို အသုံးပြုဖို့သာ လိုပေသည်။

ရှန်းထီကျောက်ရှင်အမှတ်အသားတွေကိုသာ အသုံးမပြုပါက အလကားဖြစ်သွားပေမည်။

သို့သော်လည်း ဤနေရာတွင် စတေးမခံခဲ့ရသေး ကျွင့်မိသားစုမှသိုင်းဘုရင်အဆင့်ကျင့်ကြံသူငါးဦးအပါအဝင် အပြင်လူများရှိနေသည်။ ဤနေရာတွင် သူ့လျှို့ဝှက်ချက်ကို ထုတ်ပြလိုက်ဖို့က အဆင်မပြေလှပေ။

ကျွင့်ပုကျန်းက လုရှောင်ယန်အနားသို့ရောက်လာကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။

“ဆရာ၊ ဒီကိစ္စတွေပြီသွားပြီဆိုတော့ ကျွန်တော် ကျွင့်မိသားစုကို ပြန်ချင်ပါတယ်။ အရင်ဆုံး မိသားစုဆီပြန်ပြီး ကျွန်တော်ဘေးကင်းကြောင်း အသိပေးပါမယ်။ နောက်ပြီးတော့ ဆရာပေးထားတဲ့ပစ္စည်းကောင်းတွေ အများကြီးစားခဲ့တယ်။ အားလုံးကို ခြေဖျက်လိုက်ပြီဆိုပေမဲ့ အနှစ်သာရတွေကို သန့်စင်ထုတ်ဖို့အတွက် အချိန်မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော်ပြန်သွားပြီး သန့်စင်ချင်ပါတယ်။”

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်တွင် မြင်းနက်ဆို၍ ဟန်ကျန့်တစ်ယောက်သာရှိလေသည်။ သူကလည်း ကျွင့်ပုကျန်းကို သတ်နိုင်လောက်အထိ မသန်မာသေးပေ။

ဒါကြောင့် သူအများကြီး စိုးရိမ်နေဖို့ မလိုအပ်ပေ။

“ပြန်သွားလေ၊ ဒါပေမဲ့ ဂရုတော့စိုက်ပေါ့။ ဘာပဲဖြစ်လာလာ၊ အချိန်မရွေး ငါ့ကိုလာရှာလှည့်။”

“ဟုတ်ကဲ့ပါ။”

ကျွင့်ပုကျန်း နှုတ်ဆက်ဂါရဝပြုပြီးနောက် ထွက်သွားခဲ့သည်။

လုရှောင်ယန်သည်လည်း သူ့တပည့်များနှင့်လက်အောက်ငယ်သားများကို တိုက်ပွဲမြေပြင်အား ရှင်းလင်းဖို့ရန် အမိန့်ပေးလိုက်လေသည်။

ဒီတစ်ခေါက်ကို ဆုချန်ကိုသတ်ရာမှာ အကျိုးအမြတ်တွေအများကြီး ရလိုက်တာပဲ!

……

ထိုအချိန်တွင် ထာဝရသစ်တော၏အရှေ့ဘက် ဝူဝမ်ပင်လယ်၏ကျွန်းတစ်ကျွန်းပေါ်တွင် မိုးကြိုးတစ်ခုရုတ်တရက် ကျလာပြီး ကျွန်းပေါ်ရှိကျောက်တုံးကြီးတစ်ခုကို ကွဲအက်သွားစေခဲ့သည်။

ထိုကျောက်တုံးပေါ်တွင် ‘ဆုချန်’ဟူသည့် စကားလုံးရှိနေသည်ကို ယောင်ဝါးဝါးမြင်နိုင်ပေသည်။

ခဏကြာပြီးနောက် အနက်ရောင်ဝတ်ရုံဖြင့်ပုံရိပ်တစ်ခုက တိတ်တဆိတ်ရောက်ရှိလို့လာသည်။ ထိုလူက ကျောက်ပြားကိုကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားရလေသည်။

“ငါတို့ နောက်ထပ်နယ်ရုပ်တစ်ခု ဆုံးရှုံးသွားပြီ။ ကြည့်ရတာ ရွေးချယ်ခံရသူက ရင်ဆိုင်ရတကယ်မလွယ်ဘူးထင်တယ်။”

ထိုလူ၏ဘေးတွင် သွေးအေးပုံပေါ်သည့်လူရိပ်တစ်ခုက ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ၊ “အရှင်၊ ဘာလို့ ဒီလောက်ဒုက္ခအများကြီး အရောက်ခံနေရတာလဲ? သခင့်ရဲ့အရည်အချင်း ကျွန်တော်တို့ရဲ့ခွန်အားနဲ့သာဆို ရွေးချယ်ခံရသူကို သတ်ပစ်ဖို့လုံလောက်ပါတယ်။ ဘာလို့များ မြင်းနက်လို့ခေါ်တဲ့သူတွေကို ပျိုးထောင်ဖို့အတွက် စနစ်တွေကို ဖန်တီးနေရတာလဲ?”

“ဉာဏ်နည်းလိုက်တာ”

ဝတ်ရုံနက်နှင့်ပုဂ္ဂိုလ်က မာန်မဲလိုက်သည်။

“တကယ်လို့ သူ့ကိုသာ သတ်ဖို့လွယ်နေတယ်ဆိုရင် လီလျှို့ရွှေနဲ့ ဆုချန် သေမှာတောင် မဟုတ်ဘူး”

***

All Chapters