အခန်း (၄၈၁-၄၈၅)
Vol. 33 Ch. 481-485
အပိုင်း ၄၈၁ ဟုန်ကျွင်း၏အကြံအစည်
"ထုံးထျန်း! မင်းရူးနေလား? မင်းမေ့သွားပြီလား? ငါကမင်းကို ပညာသင်ပေးခဲ့တဲ့လူလေ။ ငါမရှိရင် မင်းအခုလို သူတော်စင်ဖြစ်လာပြီး သုံးလောကအထက်မှာ နှစ်ပေါင်းများစွာတောင် ဂုဏ်ရှိရှိရပ်နေနိုင်မှာမဟုတ်ဘူး!"
"ငါမင်းကို ကြွယ်ဝမှု၊ စွမ်းအား၊ ခွန်အားနဲ့ ဂုဏ်သရေတွေကို ပေးအပ်ခဲ့သည်။ အခု မင်းက ငါ့ကိုတကယ်ကြီးသစ္စာဖောက်ချင်နေတယ်ပေါ့။"
ဟုန်ကျွင်းမှာ ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း ထုံးထျန်း၏ အမူအရာမှာ ခိုင်မာနေလျက် တုံ့ဆိုင်းခြင်းအလျင်းမရှိပါချေ။
"ခင်ဗျားကိုယ်ခင်ဗျား အမွှန်းတင်မနေပါနဲ့။ ခင်ဗျားကျုပ်ကို သူတော်စင်ဖြစ်လာဖို့ သင်ကြားပေးချင်ခဲ့တာက ခင်ဗျားကျုပ်ကို မသတ်နိုင်တာကြောင့်မလို့ ထိန်းချုပ်နိုင်ဖို့ပဲ ခင်ဗျားနားမှာ ထားတာလေ။ ဒီလိုနည်းနဲ့ပဲ ကျုပ်ကို ပန်ဂုပြန်ဝင်စားသူဆီက ရှာတွေ့ပြီး ဝါးမြိုခံရတာက ကာကွယ်နိုင်မှာ... ဒီလိုနည်းနဲ့ပဲ ကျုပ်က ခင်ဗျားရဲ့ ကောင်းကင်တာအိုသူတော်စင်ဆက်ဖြစ်နေခဲ့တာ..."
"ခွေးကောင်! မင်းတကယ်ရူးနေပြီထင်တယ်။ မင်းကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ မဟာအဓိပတိအကြီးအကဲ၊ သူ့ကိုတားလိုက်။ ဘာပဲဖြစ်ဖြစ် သူ့ကို လုရှောင်ယန်နဲ့ ပေါင်းစပ်ခွင့် ပြုလို့မဖြစ်ဘူး။"
မဟာအဓိပတိအကြီးအကဲမှာ ရှေ့သို့လှမ်းလာလုဆဲဆဲ၌ ယွင်လီကော၏ လှံတံဖြင့် ရပ်တန့်ခံလိုက်ရသည်။
"ငါကမင်းကို လုပ်ခွင့်ပေးမယ်ထင်လို့လား? ငါရှိနေသရွေ့ ထွက်သွားဖို့ကို တွေးတောင်မတွေးနဲ့!"
"သောက်ကျိုးနည်း!"
မဟာအဓိပတိအကြီးအကဲ၏စွမ်းအားမှာ ယွင်လီကောအား သေချာပေါက် ကျော်လွန်နေသည်ပင်။ သို့သော် ယွင်လီကောမှာ အဇူရာသက်ရှည်အနုပညာကိုကျင့်ကြံခဲ့သောကြောင့် အသက်ကိုပင်မငဲ့ဘဲ မဟာအဓိပတိအကြီးအကဲနှင့် တိုက်ခိုက်နိုင်သည်ပင်။
သူ၏လက် ပေါက်ကွဲသွားသည့်နောက်တွင် သူဟာ ၎င်းကို ချက်ချင်းကုသလိုက်နိုင်သည်။
ရင်ဘတ်အား ထိုးခွင်းခံရပြီးနောက်တွင် ချက်ချင်းပြန်ကုနိုင်လိုက်သည်ပင်။
ထိုသတ်သေသည့်တိုက်ခိုက်မှုမှာ မဟာအဓိပတိအကြီးအကဲအား ခြေတစ်လှမ်းပင် မလှမ်းနိုင်ဖြစ်စေသည်။
ထုံးထျန်းမှာ လုရှောင်ယန်နှင့် ပေါင်းစပ်လုဆဲဆဲဖြစ်နေသည်ကိုမြင်သော် မဟာအဓိပတိအကြီးအကဲမှာ လက်လျော့လိုက်၏!
သူဟာ ဟူဝေ့ဗုဒ္ဓအထိကျင့်ကြံပြီးသား ဗီဇကို အသွင်ပြောင်းလိုက်ကာ ၎င်းအား ကျွင်းတိကိုယ်ထဲသို့ ထိုးသွင်းလိုက်၏။
"ကျွင်းတိ၊ ငါမင်းကို ဟူဝေ့ဗုဒ္ဓရဲ့ကျင့်ကြံဆင့်အားလုံးကိုပေးမယ်။ အမြန်ထုံးထျန်းကိုတားလိုက်။ သူ့ကို လုရှောင်ယန်နဲ့ မပေါင်းစပ်စေနဲ့။"
ရွေးစရာမရှိပါချေ။ လုရှောင်ယန်သာ ပိုမိုအားကောင်းသည့် စွမ်းအားကိုရလျှင်တောင် ကောင်းကောင်းစုပ်ယူခဲ့လိမ့်မည်ပင်။
သူဟာ ကျောင်းအုပ်ထုံးထျန်းလည်းမဟုတ်ပါချေ။ သူဟာ လုရှောင်ယန်ကို မည်သို့သောထိခိုက်မှုမှလည်း မပြုနိုင်ပါချေ။ ထို့ကြောင့် သူဟာ လုရှောင်ယန်ကို သေချာပေါက် အောင်မြင်ခွင့်မပြုနိင်ပေ။
ဟူဝေ့ဗုဒ္ဓမှာ အင်မတန်ထိခိုက်ထားသည်ဖြစ်ရကား စွမ်းအားများများစားစားကိုလည်း ဖော်ထုတ်ခြင်းမပြုနိုင်တော့ချေ။ ထိုအချိန်တွင် သူ့အတွက် ၎င်းအား ကျွင်းတိကိုပေးရန်မှ ပိုကောင်းသည်ပင်။
ကျွင်းတိ၏ကျင့်ကြံဆင့်မှာ သူနှင့် ထုံးထျန်းထက်မှလွဲလျင် အသန်မာဆုံးဖြစ်၏။ ကျွင်းတိသာလျှင် ထုံးထျန်းနှင့် ရင်ဆိုင်နိုင်မည်။
ကျွင်းတိမှာအချိန်ဆွဲထားနိုင်သည်နှင့် ဘိုးဘေးဟုန်ကျွင်းမှ လုရှောင်ယန်ကို အနိုင်ရခြင်း သို့မဟုတ် သူဟာ ယွင်လီကောအနိုင်ယူခံလိုက်ရသရွေ့ သူတို့အတွက် တကယ်ကို ဖိအားတွေလျှော့ချပေးနိုင်ပြီး အခြေနေကိုလည်း ပြောင်းသွားစေနိုင်သည်!
"မပူပါနဲ့! ငါရှိနေသရွေ့ သူဘာမှမလုပ်နိုင်ဘူး။"
"ကျောင်းအုပ်ထုံးထျန်းကို ကူညီလိုက်ကြ!"
ဖုန်းထျန်းယွမ် အော်လိုက်ရာ အားလုံးရှေ့သို့ထွက်လာကြသည်။
ကောင်းကင်ဘုံခုံရုံး၊ ရန်ကျောင်းတော်၊ ချန်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းမှ ပညာရှင်များသည်လည်း ခုခံတိုက်ခိုက်ကြရန် ၎င်းတို့၏ အသန်မာဆုံးအဆင့်များကို ထုတ်သုံးလိုက်ကြ၏။
ရှင်ခြင်းနှင့် သေခြင်းမျက်နှာစာတွင် မည်သူကမှ နောက်ပြန်မဆုတ်ဝံ့ကြပါချေ။
လူတိုင်းမှာ ထိုတိုက်ပွဲကိုရှုံးသည်နှင့် ရှုံးသည့်ဘက်က အားလုံးသေလိမ့်မည်ကို သိထားကြသည်။
အတူတူတိုက်ခိုက်ကြသည့် သူတော်စင်များနှင့် အမျိုးမျိုးသော အံ့ဖွယ်လမ်းစဉ်များမှာ အချင်းချင်းထိရိုက်နေကြသည်။ ကောင်းကင်ဘုံခုံရုံးမှာ တုန်ခါနေလျက် ၎င်း၏ အလွှာ သုံးဆယ့်သုံးထပ်မှာ တစ်လွှာချင်းစီ ပြိုလဲနေကြသည်!
ကျောင်းအုပ်ထုံးထျန်း၏စွမ်းအားမှာ မူလက ကျွင်းတိကို ဖိနှိပ်ရန် လုံလောက်ပါ၏။ သို့သော် ကျွင်းတိမှ ဟူဝေ့ဗုဒ္ဓကို စုပ်ယူပြီးနောက်တွင် သူ၏စွမ်းအားမှာ များစွာ တိုးတက်လာပြီး ကျောင်းအုပ်ထုံးထျန်းထံ များစွာ နီးစပ်လာတော့သည်။
ထို့ကြောင့် ကျောင်းအုပ်ထုံးထျန်းသည်ပင် လုရှောင်ယန်၏နံဘေးသို့ တစ်ခဏလောက် မရောက်နိုင်ဖြစ်နေတော့၏။
ထိုအချိန်တွင် ဟုန်ကျွင်းသည်လည်း လုရှောင်ယန်အား ဖိနှိပ်ခြင်းကို စတင်တိုးလိုက်တော့သည်။
သူဟာလုရှောင်ယန်အား ထုံးထျန်းနှင့် မပေါင်းစပ်နိုင်ခင်မှာပင် သတ်ချင်နေ၏။ ပြောရလျှင် ထိုအချိန်၌ အခြေအနေအား ဆုံးဖြတ်လိမ့်မည်ဖြစ်ကာ မည်သူကမှလည်း မပြောင်းလဲနိုင်ပါချေ။
"လုရှောင်ယန်၊ မင်းကို ဒီတစ်ခေါက်တော့ ဘယ်သူကမှမကယ်နိုင်တော့ဘူး! သေလိုက်တော့!"
သို့သော် ထိုအချိန်၌ လုရှောင်ယန်နောက်ရှိ အကာအရံမှာ ရုတ်တရတ်အက်ကွဲသွားသည်။
ဟင်းလင်းပြင်အကာအရံကွဲအက်သွားပြီးနောက် ရွှေရောင်အလင်းတစ်ပြမှာ ရုတ်တရတ် လုရှောင်ယန်၏ကိုယ်သို့ နောက်မှနေ၍ ရုတ်တရတ်ဝင်ရောက်လာသည်။
"ဘယ်သူက သူ့ကိုမကယ်နိုင်ဘူးပြောခဲ့တာလဲ? ငါ၊ ဟိုတုက ပန်ဂုရဲ့သွေးအဆီနှစ်ကနေ ဖြစ်တည်လာခဲ့တာပဲ! ငါက သူ့ရဲ့စွမ်းအားတစ်ပိုင်းကို လွယ်လွယ်လေး နှိုးဆော်ပေးနိုင်တယ်!"
"ဘာ!"
ပျော်ရွှင်နေခဲ့သည့် ဟုန်ကျွင်းမှာ တစ်ခဏအတွင်း၌ အံ့အားသင့်သွားတော့သည်။
သူမအားမတားနိုင်ခင်တွင် ဟိုတုမှာ လုရှောင်ယန်၏ ကိုယ်နှင့် အောင်အောင်မြင်မြင်ပေါင်းစပ်လိုက်နိုင်ပြီဖြစ်သည်!
ဟိုတုမှာ လုရှောင်ယန်၏ကိုယ်သို့ဝင်ရောက်လာသည်နှင့် ရွှေရောင်အလင်းမှာ လုရှောင်ယန်၏ကိုယ်မှ ပျံထွက်လာသည်!
သူ၏အရှိန်အဝါနှင့်စွမ်းအားမှာ တစ်ဖန်ဆန်တက်လာပြန်သည်။
ဤအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် ပဉ္စမအဆင့်သို့ပင် ရောက်လာပြီဖြစ်ကာ ဆဌမအဆင့်နှင့်ပင် နီးကပ်နေပါ၏!
ဘိုးဘေးဟုန်ကျွင်း၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ ရွှေရောင်အမတအရှင် သတ္တမအဆင့်တွင်ရှိနေသည်။ ပြောရလျှင် လုရှောင်ယန်နှင့် သူ၏ကြားရှိခြားနားချက်မှာ ထပ်မံကျဉ်းမြောင်းလာပြီပင်ဖြစ်၏။
လုရှောင်ယန်၏အောင်မြင်နိုင်ချေမှာများလာပြီပင်။
"နွီဝါး! မင်းအသုံးမဝင်တဲ့အမှိုက်! အားးး!"
ဘိုးဘေးဟုန်ကျွင်းမှာ အင်မတန်ဒေါသထွက်နေ၏။
နွီဝါးက ဟိုတုကိုတားဆီးရန် ကျရှုံးသွားခြင်းကြောင့်သာမဟုတ်လျှင် အချိန်နည်းနည်းပေးလိုက်သည်နှင့် အနိုင်ရတော့မည်ဖြစ်သည်!
လုရှောင်ယန်ကို ဖျက်ဆီးနိုင်လိုက်သည်နှင့် သုံးလောကတစ်ခုလုံးက သူ၏အပိုင်ဖြစ်လာလိမ့်မည်ပင်။
ကံမကောင်းစွာဖြင့် အဆုံးတွင် ထိုသို့သော ပြောင်းလဲမှုကြီးက ထပ်ဖြစ်လာပြန်သည်။
နွီဝါးနန်းတော်တွင် နွီဝါးမှာ ထိုဟစ်ကြွေးသံကိုကြားသော်ငြား ဂရုမစိုက်ပါချေ။
ဟိုတုနှင့် သူမဟာ လုရှောင်ယန်အနိုင်ရပြီးနောက်၌ သူမ၏အစ်ကိုများကို ထုတ်ပေးရန် သဘောတူညီချက်ရယူထားခဲ့သည်!
၎င်းက သူမဂရုစိုက်သမျှပင်ဖြစ်၏။
ဟိုတု၏ ထောက်ပံ့မှုဖြင့် လုရှောင်ယန်မှာ ချက်ချင်းပင် စိတ်ဖိစီးမှုလျော့နည်းသွားရသည်။ သူဟာ ဟုန်ကျွင်းအားတိုက်ခိုက်ရန် အရင်းနှီးရှိလာပြီပင်!
အောက်ဘက်တွင် ကျွင်းတိမှာ ထုံးထျန်းနှင့် သီးခြားတိုက်ခိုက်နေ၏။ အချီပေါင်းထောင်ချီပြီးနောက်တွင် ထိုတိုက်ပွဲမှာ လက်ရည်ညီနေဆဲပင်!
ယွင်လီကောမှာ မဟာအဓိပတိအကြီးအကဲအား ရင်ဆိုင်နေပြီး အခြားတပည့်များမှာလည်း တပည့်အသီးသီးကို ရင်ဆိုင်နေကြသည်။
သို့ရာ၌ ဗုဒ္ဓဂိုဏ်းမှ ရရှိလာခဲ့သည့် ထိခိုက်မှုကြောင့် အခြေအနေမှာ အကောင်းမရှိနေပါချေ။
တိုက်ပွဲမှာ ရှေ့မတိုးသာနောက်မဆုတ်သာအခြေနေကိုဝင်ရောက်လာသည်ကိုမြင်သော် ပြင်းပြင်းထန်ထန်ထိခိုက်ထားသော ကျွင့်ချန်းမင်မှာ ရုတ်တရတ်ဟစ်အော်လိုက်လျက် ကျွင်းတိ၊ ထုံးထျန်းတို့ဆီ ပျံသွားလိုက်ကာ သူ၏ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်အဆင့်ဖြင့် သူ့ကိုယ်သူဖောက်ခွဲလိုက်တော့သည်!
သူဟာ အပြင်းအထန်ထိခိုက်ထားပြီး သူ၏အတိုက်အခိုက်စွမ်းအားမှာ အတော်လေး လျော့နည်းလာနေပြီဖြစ်သည်။ ထိုသို့သာဆက်ဖြစ်နေလျှင် သူဟာ အဆုံး၌ တစ်ယောက်ယောက်၏ အသတ်ကိုခံလိုက်ရမည်ပင်။
ထိုကြောင့် ထုံးထျန်းအတွက် အခွင့်ရေးရန် အလဲအလှယ်အနေနှင့် ဦးဆုံး ကိုယ်တိုင်ဖျက်ဆီးခြင်းအား ပြုလုပ်ရန်က ပိုကောင်းချေသည်!
မည်သို့ဖြစ်ဖြစ် သူ၏ဘဝအမှတ်အသားမှာ လုရှောင်ယန်၏ လောက၌ ရှိနေဆဲပင်။ လုရှောင်ယန် အနိုင်ရသည်နှင့် သူဟာ ပြန်ရှင်လာနိုင်မည်ဖြစ်၏။
မတတ်နိုင်ပါချေ။ ၎င်းမှာ တကယ်တော့ ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓတစ်သောင်းအစီအရင်မှာ အားလုံးကို များစွာထိခိုက်စေခဲ့ခြင်းကြောင့်ပင်!
ထိုသည်ကိုမြင်သော် အပြင်းအထန်ထိခိုက်ထားကြပြီး အားကုန်မထုတ်သုံးနိုင်ကြသော အခြားအမည်မဲ့ဂိုဏ်းသားများမှာ နည်းလမ်းကိုရှာတွေ့သွားဟန်ပါပင်။
"ချန်းမင်၊ ကောင်းကောင်းလုပ်ခဲ့တယ်။ ငါအခုမင်းနောက်လိုက်ခဲ့မယ်။"
ရှီချန်းလင်သည်လည်း သူ့ကိုယ်သူဖောက်ခွဲလိုက်ကာ ကျွင်းတိထံပြေးသွားသည်!
ကျွင်းတိ၏လက်ရှိကျင့်ကြံဆင့်မှာ ဟူဝေ့ဗုဒ္ဓအားစုပ်ယူပြီးနောက်၌ အတော်လေး တိုးတက်လာသည်မှာ မှန်ပေသည်။ ထို့ကြောင့် သူဟာ ထိုပထမအဆင့် ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးများ၏ ဖောက်ခွဲမှုကြောင့် ဖျက်ဆီးမခံရပါချေ။ သို့သော် တစ်ဖက်၏တိုက်ခိုက်မှုများမှာ ကျွင်းတိအား တန်ပြန်ဖိအားပေးရန်လုံလောက်လေ၏။
ထိုသည်မှာ ၎င်းတို့လိုချင်နေခဲ့သည့် သက်ရောက်မှုပါပင်။
ထုံးထျန်းမှာ ထိုသည်ကို အခွင့်ကောင်းယူကာ လုရှောင်ယန်ထံ ပျံပြေးသွားလိုက်၏။
"မဖြစ်ဘူး! သူ့ကိုလာခွင့်မပေးနဲ့။ သူ့ကိုလာခွင့်မပေးနဲ့။"
ဘိုးဘေးဟုန်ကျွင်းမှာ စိုးရိမ်စပြုလာပြီဖြစ်သည်။ အခြားသူတော်စင်များမှာလည်းသူ့အားဖိနှိပ်ရန် ရှေ့သို့လှမ်းလာကြပြီပင်။
သို့သော် ၎င်းတို့မှာ မည်မျှစွမ်းအားကြီးကြီး ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်တို့၏ ဖောက်ခွဲခြင်းကို အလွယ်လေးမဖိနှိပ်နိုင်ပါချေ။ ထို ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်လေးများမှာ ပထမအဆင့်၌သာရှိကြပါသော်လည်း ထိုဖောက်ခွဲခြင်းစွမ်းအားကို အထင်သေးမရနိုင်ပါချေ။
ထိုသို့ဖြင့် အမည်မဲ့ဂိုဏ်း၏ ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအရှင်များ၏ ကိုယ်တိုင်ဖျက်ဆီးခြင်းအောက်တွင် ထုံးထျန်းမှာ လုရှောင်ယန်နံဘေးသို့ ရောက်ရှိသွားတော့သည်။
"ငါတစ်ချိန်က ကျဲကျောင်းတော်ကိုကယ်တင်ပြီး ပြန်နေရာယူဖို့ မင်းကို အသုံးချဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အခု လောကမှ ကယ်တင်စရာ အများကြီးရှိနေတာကို ငါနားလည်သွားပြီ။ ကျဲကျောင်းတော်ကပဲ ကယ်တင်မှုကိုလိုအပ်နေတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး။ ငါ ကျန်တာကို မင်းနဲ့ထားခဲ့မယ်။"
စကားဆုံးသည်နှင့် သူဟာ ရွှေရောင်အလင်းအသွင်ပြောင်းလျက် လုရှောင်ယန်ကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်!
"မဖြစ်ဘူး!"
ဘိုးဘေးဟုန်ကျွင်း၏မျက်နှာမှာ စိတ်ပျက်အားငယ်သည့်အသွင်ကို ထုတ်ပြလာတော့၏။
ထိုအချိန်၌ သူဟာ လုရှောင်ယန်ကို သတ်ရန်မျှော်လင့်ချက်များများစားစားမရှိတော့ပါချေ!
ထိုသည်က တကယ်ကိုကိစ္စကြီးဖြစ်သည်။ လုရှောင်ယန်မှ ကျောင်းအုပ်ထုံးထျန်းအား ဝါးမြိုလိုက်သည့်အခိုက်တွင် သူ၏ကျင့်ကြံဆင့်မှာ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် သတ္တမအဆင့်သို့ ရောက်ရှိသွားတော့သည်!
ထိုအချိန်၌ သူ၏စွမ်းအားမှာ ဟုန်ကျွင်းနှင့်ပင် ညီမျှနေပြီဖြစ်သည်။
၎င်းတို့၏စွမ်းအားမှာ တူညီသည့်အဆင့်သို့ရောက်ချိန်တွင် ရလာဒ်မှာ ၎င်းတို့၏လက်နက်များနှင့် ကျင့်စဉ်များ၌သာ မူတည်သွားချေသည်!
လုရှောင်ယန်မှာ ရှေးဟောင်းအဓိပတိပန်းချီကို ကျင့်ကြံထားခဲ့သည်။ ၎င်းမှာ ပန်ဂုကျင့်ကြံရန်အသုံးပြုခဲ့သည် မူလကျင့်စဉ်ပါပင်။
ဘိုးဘေးဟုန်ကျွင်းမှာ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာရှိ မူလမဟာတာအိုအားကျင့်ကြံနေခဲ့ပေသည်။
၎င်းမှာ ဘိုးဘေးဟုန်ကျွင်း၏ကျင့်စဉ်မှာ လုရှောင်ယန်ထက် အသေအချာပင် နိမ့်ကျနေချေသည်။
သို့သော် မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်မှာလည်း အသန်မာဆုံးနတ်အဆောင်လက်နက်များတွင် အပါအဝင်ဖြစ်၏။ နှိုင်းစာရလျှင် ပန်ဂုကောင်းကင်ဖွင့်ပုဆိန်မှာ အတန်ငယ်နိမ့်ကျနေသေးသည်။ နှစ်ဖက်စလုံး၏စွမ်းအားမှာ လက်ရည်ညီနေဆဲပင်။
ထိုအချိန်၌ လိုအပ်နေသည်မှာ အခွင့်အရေးပင်ဖြစ်၏!
ရှင်းရှင်းပြောရလျှင် ကံအပေါ်မူတည်နေသည်!
၎င်းတို့အဆင့်တွင် လှည့်ကွက်များအား မှီခိုရန် မဖြစ်နိုင်ပါချေ။
ဒုတိယအကြိမ်သုံးစွမ်းအားမှာ အင်မတန်စွမ်းအားကြီးလျက် သုံးလောကတစ်ခုလုံးတွင် ကျယ်ပြန့်သွားလုနီးပါးပင်ဖြစ်၏။ နေရာကျဉ်းထဲတွင် မည်သို့များ လက်ရည်ညီလူနှစ်ယောက်က ညစ်ပတ်သည့်လှည့်ကွက်များအား သုံးနိုင်ပါမည်နည်း?
ထို့အပြင် ၎င်းမှာ အင်မတန်ကြမ်းလှသော တိုက်ကွက်ဖြစ်နေကာ တစ်ဖက်အား အပြင်းအထန်ဒဏ်ရာမရစေပါချေ။
ထိုအစား ၎င်းမှာ ညစ်ပတ်သည့်လှည့်ကွက်တချို့ကိုသာ အာရုံစိုက်လျက် တစ်ဖက်လူအား ပိုမိုသန်မာသည့်တိုက်ကွက် ဖြင့်တိုက်လိုက်သည်။
ထို့အပြင် ထိုအနေချိန် ဘိုးဘေးဟုန်ကျွင်းမှာ တိုက်ခိုက်ရန် ရုတ်တရတ်လက်လျော့လိုက်သည်!
သူဟာ မထင်မှတ်ထားသော ဆုံးဖြတ်ချက်ကိုချခဲ့သည်။ သူဟာ မဟာအာကာပြင်နတ်ချပ်ဝတ်ကို ကောင်းကင်ဘုံခုံရုံး၏ အလွှာ သုံးဆယ့်သုံးလွှာ၌ပင် ဖုံးလွှမ်းရန် အသုံးပြုလိုက်ချေမည်။
"သူက ဘာလုပ်ချင်တာလဲ?"
လူတိုင်းမှာ မနေနိုင်ဘဲအော်ဟစ်လျက် နှလုံးသားများမှာ ၎င်းတို့အဆင့်သို့ရောက်ရှိပြီး တစ်စုံတရာကို အနည်းနှင့်အများအာရုံခံလိုက်မိသည်။
ယခုတွင် လူတိုင်းမှာ ဆင်းသက်လာတော့မည့် အဖျက်အဆီးရောင်ဝါကို အာရုံခံမိလိုက်သည်။
"မဟာအဓိပတိအကြီးအကဲ၊ အချိန်ကျပြီ!”
ဘိုးဘေးဟုန်ကျွင်းမှာ အကာအရံအပြင်ဘက်၌ ဟစ်ကြွေးလိုက်သည်။ ခဏအကြာ၌ မဟာအဓိပတိအကြီးအကဲမှာ ချက်ချင်းပင် အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် လုရှောင်ယန်ရှိရာသို့ ပြေးသွားလိုက်၏။
"သူဘာလုပ်ချင်နေတာလဲ?"
လူတိုင်း၏ နှလုံးခုန်သံများတစ်ချက်ချော်သွားသည်! မဟာအဓိပတိအကြီးအကဲမှာ ပန်ဂု၏နောက်ဆုံးသော အနှစ်သာရဝိဉာဉ်ကိုယ်ပွားပင်ဖြစ်သည်။ သူသာ လုရှောင်ယန်၏ ဝါးမြိုခြင်းခံရလိုက်ပါလျှင် လုရှောင်ယန်၏စွမ်းအားကိုတိုးတက်လာစေလိမ့်မည်။
သို့သော် တစ်ဖက်လူထိုသို့လုပ်သည်မှာ ရှင်းပါသည်။
"ဒါက အကြံအစည်ပဲ!"
"ဆရာ၊ ဂရုစိုက်!"
ယွင်လီကောမှာ သူ့နောက်သို့လိုက်သွားသည်။ လုရှောင်ယန်မှာလည်း တစ်ချိန်တည်း၌ ထွက်လာကာ မဟာအဓိပတိအကြီးအကဲဆီသို့ ပြေးထွက်သွား၏!
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၈၂ ငါက အမည်မဲ့ဂိုဏ်းရဲ့ အဓိကတပည့်ကြီးဖြစ်တာကြောင့်
လုရှောင်ယန်နှင့် ယွင်လီကောတို့၏ပူးတွဲစွမ်းအားနှင့်အတူ ၎င်းတို့မှာ မည်သည်ကိုမှမလွဲချော်ဘဲ မဟာအဓိပတိအကြီးအကဲကို ရိုက်ချလိုက်သည်။
အင်မတန်အင်အားကြီးလှသောစွမ်းအားမှာ ကောင်းကင်ဘုံခုံရုံး၏ သုံးဆယ့်သုံးလွှာသော အကာအရံကိုပိုလို့ပင် အက်ကွဲလာစေပြီး အတွင်း၌ စတုတ္ထမြောက် နယ်မြေအပိုင်းအခြားကို လှစ်ဟလိုက်တော့သည်။
သို့သော် ပေါက်ကွဲမှုပြီးနောက်တွင် ၎င်းတို့မှာ မဟာအဓိပတိအကြီးအကဲအား မျှော်လင့်ထားသလို မကျရှုံးသွားစေခဲ့ပါချေ။
ထိုသည်မှာ ခေါင်းလောင်းကြီးတစ်ခုက မဟာအဓိပတိအကြီးအကဲအား လွှမ်းခြုံပေးထားခြင်းကြောင့်ပင်!
"ဒါ သဏ္ဍာန်မဲ့ခေါင်းလောင်းပဲ! အရှေ့အင်ပါယာထိုက်ယိရဲ့ပြိုင်ဘက်ကင်းဓမ္မရတနာ သဏ္ဍာန်မဲ့ခေါင်းလောင်းပဲကွ! ဒီဓမ္မရတနာက နှစ်ပေါင်းသောင်းချီကြာအောင် ပျောက်နေခဲ့တာလေ။ ဒါကို မဟာအဓိပတိအကြီးအကဲလက်ထဲမှာ ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလူကတကယ်ကို စက်ဆုပ်စရာပဲ။ ဒီသဏ္ဍာန်မဲ့ခေါင်းလောင်းကို နှစ်များစွာကြာအောင် ရယူထားခဲ့ပြီးတော့ ဘယ်သူကမှ ဒါကိုမသိကြဘူး။ သူက တကယ်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ!"
"သေချာတွေးကြည့်ရင် ဒါအဓိပ္ပာယ်ရှိတာပဲ။ အရှေ့အင်ပါယာထိုက်ယိသေသွားရင်တောင် သူ့ရဲ့စွမ်းအားက ကောင်းကင်တာအိုရဲ့ အမြင်စွမ်းအားအောက်မှာရှိနေတုန်းပဲလေ။ သူသေသွားပြီးတဲ့နောက်မှာ သူ့ရဲ့ဓမ္မရတနာက အရိပ်ယောင်မရှိဘဲ ပျောက်သွားဖို့တော့ မဖြစ်နိုင်ဘူး။ မဟာအဓိပတိအကြီးအကဲရသွားတာပဲ။"
လုရှောင်ယန်၏နှလုံးမှာ လေးလံသွား၏။ မဟာအဓိပတိအကြီးအကဲမှာ ထိုပစ္စည်းအား သူနှင့်ရင်ဆိုင်ရန် သိမ်းဆည်းထားခဲ့လေသည်။
သူ၏လက်တွင်းရှိ ပန်ဂုပုဆိန်မှာလည်း ပန်ဂုခေါင်းစီး၊ သဏ္ဍာန်မဲ့ခေါင်းလောင်းနှင့် ထိုက်ကျိပန်းချီတို့ ပေါင်းစပ်ခြင်းမှ သန့်စင်ထားခြင်းပါပင်။
သို့ရာတွင် သူ၏သဏ္ဍာန်မဲ့ခေါင်းလောင်းအား ဝမ့်ခိုက်မှ ပြုလုပ်ပေးထားခြင်းဖြစ်ကာ လောကရှိ မူလသဏ္ဍာန်မဲ့ခေါင်းလောင်းလည်းမဟုတ်ပါချေ။
သတိလက်လွတ်မနေဝံ့ဘဲ လုရှောင်ယန်ဟာ အကြိမ်များစွာ ခုတ်ချလိုက်၏!
ပန်ဂုကောင်းကင်ဖွင့်ပုဆိန်၏ နတ်ဝိဉာဉ်စွမ်းအားမှာ သဏ္ဍာန်မဲ့ခေါင်းလောင်းထက်သို့ အဆုံးမရှိ ကျရောက်သွားသည်။
တိုက်ကွက်အနည်းငယ်အတွင်းတွင် အက်ကွဲကြောင်း များစွာမှာ သဏ္ဍာန်မဲ့ခေါင်းလောင်းထက်၌ ပေါ်ထွက်လာကြပြီး ထပ်မံ၍ တောင့်ခံမထားနိုင်တော့ပါချေ။
သို့သော် ထိုအခိုက်တွင် မဟာအဓိပတိအကြီးအကဲမှာ သူ၏ထိုက်ကျိပန်းချီကို ပစ်ထုတ်လိုက်၏။
ထိုထိုက်ကျိပန်းချီမှာ ပန်ဂုကောင်းကင်ဖွင့်ပုဆိန်၏စွမ်းအားကို လွှမ်းခြုံလျက် ၎င်းအား စွမ်းအားထုတ်ယူမည့်အရေးမှ တားဆီးနေတော့သည်။
ထိုအခိုက်တွင်ပင် မဟာအဓိပတိအကြီးအကဲမှာ လုရှောင်ယန်နံဘေးသို့ ဆိုက်ရောက်လာတော့သည်။
လုရှောင်ယန်မှာ ဤနေရာ၌ ရပ်နေလောက်သည်အထိ မမိုက်မဲဘဲ တစ်ဖက်လူ၏ တိုက်ခိုက်ခြင်းကို အောင်မြင်ခွင့်ပြုလိုက်သည်။
သူ၏အမြန်နှုန်းမှာ အင်မတန်မြန်ဆန်လွန်းလှချေ၏။ တစ်ခဏချင်းမှာပင် သူဟာ ပြန်လည်ဆုတ်ခွာ၍ မဟာအဓိပတိအကြီးအကဲထံမှ အကွာအဝေးတစ်ခုတွင် နေလိုက်သည်။
သို့သော် သူဟာ မဟာအဓိပတိအကြီးအကဲ၏ လိုက်ဖမ်းခြင်းမှထွက်ပြေးလိုက်သည်နှင့် သူ၏ကိုယ်မှာ ရုတ်တရတ် အင်မတန်ထူးခြားသောအားဖြင့် ဖိနှိပ်ခံလိုက်ရတော့သည်။
၎င်းမှာ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်ပါပင်!
ဘိုးဘေးဟုန်ကျွင်းမှာ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်စွမ်းအားကို အာကာပြင်အား ချိပ်ပိတ်ရန်သုံးလျက် လုရှောင်ယန်ကို ရပ်တန့်စေလိုက်သည်။
ထိုအချိန်မီရပ်တန့်လိုက်သည်က မဟာအဓိပတိအကြီးအကဲအား ပန်ဂု၏အနှစ်သာရဝိဉာဉ်အသွင်ပြောင်းလျက် လုရှောင်ယန်၏ ကိုယ်နှင့် ပေါင်းစပ်သွားစေသည်။
ပန်ဂုအနှစ်သာရဝိဉာဉ်နှင့် ပေါင်းစပ်ပြီးနောက်တွင် ၎င်းဟာလုရှောင်ယန်ထံ၌ သန့်စင်ခံလိုက်ရတော့၏။
သန့်စင်နေချိန်၌ လုရှောင်ယန်၏ကိုယ်မှာ မရွေ့လျားနိုင်တော့ချေ။
ထို့အပြင် ဟိုတု၊ ထုံးထျန်း၊ ရှေးဟောင်းကောင်းကင်အဓိပတိတို့ပင်မက ၎င်းတို့၏စွမ်းအားဖြစ်နေပါစေ စွမ်းအား အလုံအလောက်မကြီးပါချေ။ ၎င်းတို့အတွက် လုရှောင်ယန်နှင့် ပေါင်းစပ်ရန် အချိန်သိပ်မကြာခဲ့ပေ။
သို့သော် မဟာအဓိပတိအကြီးအကဲမှာမူ ကွဲပြား၏!
မဟာအဓိပတိအကြီးအကဲ၏ စွမ်းအားမှာ အဆများစွာ အားကောင်းပေသည်။ သူဟာ ဟုန်ကျွင်း၏ အနှစ်သက်ဆုံးတပည့်ပါပင်။
လုရှောင်ယန်အတွက် ၎င်းကိုစုပ်ယူရန်ကြာချိန်မှာ အခြားလူများကို ဝါးမြိုချိန်ကထက် အဆများစွာ ကြာမြင့်ချေ၏။
ဤအချိန်မှာ တစ်စက္ကန့်၊ နှစ်စက္ကန့်မျှသာ ဆိုလျှင် ၎င်းက ထိုသူတို့၏အဆင့်တည်ရှိမှုများအတွက် အသက်အန္တရာယ်ရှိပေ၏။
သို့သော် ဟုန်ကျွင်းမှာ လုရှောင်ယန်အား တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုခဲ့ပါချေ။ သူဟာ လေထဲ၌ ထူးဆန်းသောလက်သဏ္ဍာန်ကိုဖန်တီးလိုက်သည်။ တစ်ခဏအကြာတွင် ကောင်းကင်ဘုံခုံရုံးရှိ ဟုန်ကျွင်းနှင့်ဆိုင်သော သူတော်စင်အားလုံးမှာ ရွှေရောင်အလင်းကို ထုတ်လွှတ်လာကြသည်။
ထိုအချိန်တွင် အားလုံးမှာ ကူကယ်ရာမဲ့စွာကြောင်အလျက် ပဟေဠိဖြစ်နေကြသည်။ ၎င်းတို့မှာ လုံးဝပဟေဠိဖြစ်နေ၏။ မည်သည်များဖြစ်နေသနည်း?
"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ငါ့ရဲ့စွမ်းအားတွေ အထိန်းအကွပ်မဲ့နေတယ်လို့ ခံစားနေရတာလဲဟ?"
"ငါ့စွမ်းအားကတော့ အထိန်းကွပ်မဲ့နေပြီ။ တစ်ခုခုတော့မှားနေပြီ။"
ကျဲယင်၏ အမူအရာမှာ အတော်လေးအရုပ်ဆိုးနေ၏။
"ဆရာ ကျွန်တော်တို့ကိုများ ဖောက်ခွဲချင်နေတာလား? ကျွန်တော်တို့အားလုံးက ဆရာ့ရဲ့တပည့်တွေပါ! ဒါက ကျွန်တော်တို့ကို ဆက်ဆံတဲ့ပုံပေါ့လေ?"
အားလုံးမှာ ၎င်းကိုကြားသော် ထိတ်လန့်သွားကြသည်။
"ဘာ? သူတကယ်ကြီး ငါတို့အားလုံးကို ဖောက်ခွဲချင်နေတာလား? ဘယ်လိုများလုပ်နိုင်ရတာလဲ?"
"ဟုန်ကျွင်း၊ ခင်ဗျားမှာ လူသားဆန်မှုရောရှိသေးရဲ့လား? ကျုပ်တို့အားလုံးက ခင်ဗျားတပည့်တွေလေ? ဘယ်လိုများလုပ်နိုင်ရတာလဲ?"
ဘိုးဘေးဟုန်ကျွင်းမှာ အေးစက်စက်ပြုံးလိုက်၏။
"ပေါက်ကရတွေတော်လိုက်တော့! ငါမင်းတို့ကို ခွန်အားတွေပေးခဲ့တယ်။ ငါမင်းတို့ကို အရာအားလုံးပေးခဲ့တယ်။ အခု ငါမင်းတို့ကို တစ်ခုခုလုပ်ပေးစေချင်နေတာက ဘာများမှားနေလို့လဲ?"
"ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့က အသိဉာဏ်မရှိတဲ့ ပုရွက်ဆိတ်အုံကြီးပဲ ဖြစ်နေဦးမှာလေ!"
ထိုသည်ကိုကြားပြီးနောက်တွင် အားလုံးမှာ ဘိုးဘေးဟုန်ကျွင်း၏ ပုံစံအမှန်ကို သိရှိသွားကြတော့၏။
၎င်းကို မယုံလိုကြသည့် လူများမှာမူ ထိုအချိန်၌ ရွေးစရာမရှိဘဲ ယုံလိုက်ကြရသည်ပင်!
သစ္စာဖောက်ခံရသည့် အားငယ်မှုနှင့် ဒေါသက အားလုံး၏ စိတ်နှလုံးတွင်း၌ ပြည့်နှက်နေတော့သည်။
"ဟုန်ကျွင်း၊ ခင်ဗျားက တကယ့်ခွေးကောင်ပဲ! ခင်ဗျားက လူကိုမဟုတ်ဘူး! ခင်ဗျားမှာ အကြီးမြတ်ဆုံးကိုယ်ကျင့်တရားရှိတယ်လို့ ကျုပ်တို့ထင်နေခဲ့တာ။ ခင်ဗျား ဒီလောက်ထိ ယုတ်ကမ်းမယ်လို့ မျှော်လင့်မထားခဲ့ဘူး။"
ဟုန်ကျွင်းမှာ ထိုလူများအား ဥပေက္ခာပြုလိုက်သည်။
"မင်းတို့အခုမှသိတာလား? ဒါက ငါ့ရဲ့နောက်ဆုံးသင်ခန်းစာပဲ။ မင်းသာ မရက်စက်ရင် ဘယ်တော့မှ အဆုံးသတ်ကိုရောက်မှာမဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက် ဟုန်ကျွင်းမှာ ထိုသူတော်စင်များအား ဖောက်ခွဲရန်လုပ်လိုက်တော့သည်။
ပထမဦးစွာ ကွမ်ရင်၊ မေတ္တယျနှင့် ရန်တုံ... စသည့်စွမ်းအားကြီးသူတော်စင်များမှာ သူ၏ထိန်းချုပ်မှုအောက်၌ ဖောက်ခွဲခံလိုက်ရတော့သည်။
သူတော်စင်တစ်ဦး၏ ကိုယ်တိုင်ဖျက်ဆီးခြင်းစွမ်းအားမှာ သုံးလောကတစ်ခွင်လုံးတွင် စိတ်ကူးပင်မရနိုင်လောက်ပါချေ။
သူတော်စင်တစ်ဦး၏ ကိုယ်တိုင်ဖျက်ဆီးခြင်းမှာ ထိုသုံးလောကလုံး၌ ကြီးမားသောရိုက်ခတ်မှုကို ဖြစ်စေနိုင်၏။
သူတော်စင်များစွာ၏ ကိုယ်တိုင်ဖျက်စီးခြင်းနှင့်အတူ ရိုက်ခတ်မှုမှာ သုံးလောကတစ်ခုလုံးကိုပင် ပျက်စီးစေရန်လုံလောက်၏။
သို့သော် ဟုန်ကျွင်းမှာ ၎င်းတို့၏စွမ်းအားကို မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်၌သာ ချိပ်ပိတ်ထားလိုက်သည်။ ၎င်းက ကောင်းကင်ဘုံခုံရုံးကိုသာ ပျက်စီးစေနိုင်သည့် အခြေအနေကို ဦးတည်သွားသည်။
ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံရပြီးနောက်တွင် သုံးလောကရှိ အခြားနေရာများမှာ လစ်လပ်နေတော့၏။ ဟုန်ကျွင်းမှာ များများစားစား မခံစားရပါချေ။
ထို့အပြင် ပေါက်ကွဲမှု နယ်နိမိတ်အား ချုံ့လိုက်ခြင်းက ပေါက်ကွဲမှု ဗဟိုချက်ရှိ လူများကို ပိုမိုထိခိုက်သွားစေ၏။
ထိုအရာအားလုံးမှာ တစ်စက္ကန့်အတွင်း ပြီးဆုံးသွားသည်ပင်။ ဟုန်ကျွင်းမှာ မဟာအဓိပတိအကြီးအကဲအား လုရှောင်ယန်၏ ကိုယ်သို့ပေါင်းစပ်ရန် စွန့်လွှတ်ခြင်းအားအသုံးချလျက် တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်အချိန်ရသွားကာ လုရှောင်ယန်၏အစီအစဉ် အပြည့်အဝပြီးမြောက်သွားမည့်အရေးအား တားဆီးလိုက်သည်။
လုရှောင်ယန်တုံ့ပြန်လိုက်ချိန်တွင် ပေါက်ကွဲမှုမှာ အဆုံးသတ်သွားပြီပင်။ သူဟာ ရပ်တန့်ချင်လျှင်တောင် ရပ်တန့်၍ မရနိုင်ခဲ့ပေ။
ထိုအချိန်တွင် အမည်မဲ့ဂိုဏ်းမှလူတိုင်းမှာ အင်မတန် စိတ်ပျက်အားငယ်သွား၏။
ထိုသည်မှာ အမည်မဲ့ဂိုဏ်းရှိ လူတိုင်းနီးပါးက ဤနေရာ၌ ရှိနေခြင်းကြောင့်ပင်။ ထိုပေါက်ကွဲမှုသာ တကယ်ကြီးအောင်မြင်သွားပါလျှင် အမည်မဲ့ဂိုဏ်းတစ်ခုလုံး သုတ်သင်ခံလိုက်ရသည်ဟုပင် ဆိုနိုင်ချေ၏။
အရေးကြီးဆုံးအနေနှင့် လုရှောင်ယန်မှာလည်း ဤနေရာ၌ ရှိသည်။ သူဟာ မဟာအဓိပတိအကြီးအကဲကို ချေဖျက်နေဆဲပင်။ ထိုအချိန်လေး၌ သူဟာ မတိုက်ခိုက်နိုင်သလို အကာအကွယ်စွမ်းအားကိုလည်း အသုံးမပြုနိုင်ခဲ့ချေ။
သူသေသွားပါလျှင် အမည်မဲ့ဂိုဏ်းတစ်ခုလုံး ပြီးဆုံးသွားပြီပင်ဖြစ်၏။
ထိုမြင်ကွင်းအား မြင်ပြီးနောက် ယွင်လီကော၏အမူအရာမှာ အင်မတန်လေးနက်သွားသည်။
သူ၏နောက်မှ ကြာပန်းနက်မှာ တမုဟုတ်ချင်းပင် အရာအားလုံးကိုလွှမ်းခြုံမည့် တုနှိုင်းမဲ့ မဟူရာအလင်းကို ထုတ်လွှတ်လိုကတော့သည်။
"အကြီးဆုံးဆရာတူအစ်ကိုကြီး၊ ဘာတွေလုပ်နေတာလဲ?"
ဖုန်းထျန်းယွမ်မှာ ချက်ချင်းပင် မူမမှန်နေမှုကို တွေ့ရှိသွားတော့၏။
ယွင်လီကောမှာ ထူးမခြားနားစွာပြောလိုက်သည်။
"လောကကြီးက နတ်ဆိုးဘိုးဘေးရာဟူးဆိုတာ လူသတ်စွမ်းအားကို ထိန်းချုပ်တယ်လို့ပဲ သိထားကြတာ။ ဒါပေမယ့် နတ်ဆိုးဘိုးဘေးရာဟူးက တကယ်တမ်းလူသတ်စွမ်းအားအရာမှာ မတော်ဘဲ ထွက်ပြေးတဲ့နေရာမှာ တော်တာကိုတော့ မသိကြဘူး။"
"အခု၊ ငါ့ရဲ့ခန္ဓာ၊ ကျင့်ကြံခြင်း၊ အနှစ်သာရဝိဉာဉ်နဲ့ ဆရာ့ရဲ့ ကမ္ဘာငယ်ထဲက ဘဝအမှတ်အသားကိုပါ စွမ်းအားတိုးဖို့ အလဲအလှယ်အနေနဲ့ လောင်ကျွမ်းစေလိုက်တော့မယ်... ငါ့ရဲ့အကောင်းဆုံးဟင်းလင်းပြင်လွတ်မြောက်ခြင်းလမ်းစဉ်နဲ့ဆိုရင် မင်းတို့တွေကို ထွက်ပြေးဖို့ ကူညီနိုင်လိမ့်မယ်။"
"ငါ့အနေနဲ့ ခပ်ဝေးဝေးကိုထွက်ပြေးဖို့ မကူနိုင်ပေမယ့်လည်း ဒါကတင် လုံလောက်နေပါပြီ။"
"ဒီပေါက်ကွဲမှုရဲ့ နယ်နိမိတ်က မဟာအာကာပြင်နတ်ဘုရားချပ်ဝပ်ထဲမှာပဲ ရှိနေလိမ့်မယ်။ ပြန့်သွားမှာလည်း မဟုတ်ဘူး။"
"မင်းတို့တွေ ကောင်းကင်ဘုံခုံရုံးက လွတ်မြောက်သွားတာနဲ့ အဆင်ပြေကြလိမ့်မယ်။"
"အစ်ကိုကရော? အစ်ကို့ရဲ့ မူလဘဝအမှတ်အသားကို ရှာမတွေ့သေးဘူးလေ။ ဆရာ့ရဲ့ကမ္ဘာငယ်ထဲက ဘဝအမှတ်အသားကို လောင်ကျွမ်းစေလိုက်ရင် လောက,ကနေ ထာဝရပျောက်ကွယ်သွားလိမ့်မယ်။ ဆရာတောင်မှ ပြန်ရှင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။"
"ငါတို့လုပ်နိုင်တာမရှိဘူး။ အချိန်က အဖိုးတန်တယ်။ ငါတို့မှာ ရွေးစရာမရှိဘူး။ နောက်ဆုံးအောင်မြင်မှုကိုရဖို့ ငါ့ကိုစွန့်လွှတ်တာက ကိစ္စကြီးမဟုတ်ဘူးလေ?"
"ဘာလို့ အဲ့ဒါက အစ်ကိုကြီးဖြစ်ရမှာလဲ?!"
ဖုန်းထျန်းယွမ်မှာ လက်သီးတင်းတင်းဆုပ်လျက် နှလုံးသားက ဓားတစ်ချောင်းကဲ့သို့ ကိုက်ခဲနေ၏!
၎င်းတို့နှစ်ဦးတွင် နက်ရှိုင်းသော ရင်းနှီးမှုရှိပေ၏။ နှစ်ဦးလုံးမှာ လုရှောင်ယန်အစတည်းက လက်ခံခဲ့သော တပည့်များဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကျီရွေ့တောင်ထွဋ်မှ အတူထွက်ခွာလာခဲ့သူများဖြစ်ကြသည်။
ထိုထဲတွင် ကျီဝူရှားလည်းပါ၏။
သုံးဦးသားမှာ အခြားသူများထက် ပိုမိုနက်ရှိုင်းသော ရင်းနှီးမှုရှိပေသည်။
ထိုအချိန်တွင် ဖုန်းထျန်းယွမ်မှာ တကယ်ကို ယွင်လီကောက သူ့ကိုယ်သူစွန့်လွှတ်မည်အား ကြည့်နေရန် လက်မခံနိုင်ပါချေ။
ယွင်လီကောမှာ တစ်ဖက်သို့လှည့်လျက် ပြုံးလိုက်၏။
"ဆရာတူညီလေး၊ မငိုပါနဲ့။ ဒါကတကယ်တမ်း ငါဆိုတာ အမည်မဲ့ဂိုဏ်းရဲ့ အဓိကတပည့်ကြီးဖြစ်နေတာကြောင့်ပါ!"
ဖုန်းထျန်းယွမ်၏ကိုယ်မှာ တုန်ရီလျက် မျက်လုံးများမှာလည်း ကူကယ်ရာမဲ့စွာနီရဲနေ၏။
ထိုလူမှာ အမည်မဲ့ဂိုဏ်း၏ အဓိကတပည့်ကြီးဖြစ်နေလျှင်ရော ဘာအရေးနည်း?
အမည်မဲ့ဂိုဏ်း၏ အဓိကတပည့်ကြီးက အားလုံးအတွက် သူ့ကိုယ်သူစွန့်လွှတ်ရမည်ဟု မည်သူကပြောထားသနည်း?
ထိုသည်က မဖြစ်သင့်သောအရာပါပင်!
သို့သော် ပြောရလျှင် ၎င်းမှာ ယွင်လျီကော၏ ကိုယ်ပိုင်ရွေးချယ်ခွင့်ပါပင်။
ဆန္ဒအလျောက် ရွေးချယ်မှုပင်။
သူ၏ယခင်ဘဝ၌ သူဟာ မည်သို့တစ်ကိုယ်ကောင်းဆန်ရမည်ကိုသာသိပြီး သုံးလောကအား သူ၏စွမ်းအားတိုးလာရေးအတွက် သိမ်းပိုက်ခဲ့သည်ပင်။
သူဟာ သုံးလောက၏သက်ရှိများအကြား စစ်ပွဲကိုနှိုးဆော်ဖို့ရန်ပင် တုန့်ဆိုင်းမနေခဲ့ဘဲ သူ၏လူသတ်တာအိုကို ပြည့်စုံစေရန် လူမျိုးနွယ်စုသုံးစုကို ဖျက်ဆီးခဲ့၏။
သို့သော် ဒီဘဝတွက် လုရှောင်ယန်၏ လမ်းညွှန်မှုအောက်၌ သူဟာ ဆရာတူညီလေး၊ ညီမလေးများနှင့် အတူကြီးပြင်းခဲ့ရသည်။ သူဟာ မတိုင်ခင်က နှလုံးသားမဲ့လှသည့် နတ်ဆိုးဘိုးဘေးရာဟူးမဟုတ်တော့ပါချေ။
သူဟာ ယခုတွင် အမည်မဲ့ဂိုဏ်း၏အဓိကတပည့်ကြီး ယွင်လီကောပါပင်!
လက်ရှိသူ့ထံ၌ အားလုံးကို ကာကွယ်ရန် တာဝန်ရှိပေသည်။
အစ်ကိုကြီးတစ်ယောက်အနေနှင့် သူဟာ ညီငယ်မောင်နှမများအား ကာကွယ်ရန် သတ်မှတ်ပြီးသားပင်။
ထိုနည်းလမ်းဖြင့်သာ ၎င်းတို့၏မိသားစုဟာ ရှင်သန်နိုင်ပေမည်။
ထိုနည်းလမ်းဖြင့်သာ သူ၏ဘဝတွင် နောင်တမရလိမ့်မည်ဖြစ်၏။
အတိတ်က သူ၏ဘဝပန်းတိုင်မှာ ပိုမိုသန်မာလာရန်ဖြစ်သည်။
ယခုတွင် သူ၏ဘဝပန်းတိုင်းမှာ အားလုံးကို အတူတကွနေထိုင်ခွင့်ပြုရန်ဖြစ်၏!
သူသာ ထိုပန်းတိုင်ကို မရောက်နိုင်ခဲ့ပါလျှင် အနည်းဆုံး သူ့ကိုယ်သူ စွန့်လွှတ်လိုက်ရုံသာ။ သူဟာ အားလုံးကို ရှင်သန်နေထိုင်ခွင့်ပြုရလိမ့်မည်!
"ဆရာ၊ ကောင်းကောင်းနေရစ်ခဲ့ပါ!"
"ဆရာတူညီမလေး၊ ဆရာတူညီလေးတွေနဲ့ အမည်မဲ့ဂိုဏ်းက အားလုံးပဲ၊ နှုတ်ဆက်ခဲ့ပါတယ်!"
"ငါမင်းတို့ကို ဘယ်တော့မှမမေ့ဘူး။ ငါ... ရှင်သန်နိုင်ခဲ့ရင်လည်း ဒီလိုပါပဲ"
ထိုအတွေးပေါ်လာသည်နှင့် ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးအား ရွှေရောင်အလင်းကြီးအားလွှမ်းခြုံသွားကာ သုံးလောကရှိလူတိုင်းမှာ ကောင်းကင်ဘုံခုံရုံးရှိ အရာအားလုံးကို ကြေးမုံအားဖြတ်၍ ကြည့်ရှုနေကြ၏။
ထိုသည်မှာ ထိုစွမ်းအားက အင်မတန်စွမ်းအားကြီးမားလှသောကြောင့်ပင်။ ၎င်းက ကံနှင့် နိယာမအားလုံးကို ဖျက်ဆီးလိုက်ပြီဖြစ်၏။
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၈၃ ငါသူနဲ့ တစ်ခါက ကိုးရက်ကိုးညတိုင် တိုက်ခိုက်ခဲ့ပေမယ့်၊ အဲ့ဒါက သူ့ရဲ့ ကိုယ်ပွားလေးပဲဖြစ်နေခဲ့တယ်
ပေါက်ကွဲမှုမှ အလင်းမှာ အရာအားလုံးကိုဖုံးလွှမ်းနေ၏။ ထိုအချိန်တွင် အသံနှင့် အမြင်မက သုံးလောကရှိ လူတိုင်း၏အာရုံများအား ပိတ်ဆို့ခံထားရသည်။
၎င်းမှာ လူများစွာ၏ အသိစိတ်က ထိုအခိုက်၌ ရပ်တန့်သွားကြသည့်အထိပင်။
သူတော်စင်များစွာ ကိုယ်တိုင်ဖျက်ဆီးကြပြီး နိယာမစွမ်းအားများ နှောင့်ယှက်ခံလိုက်ရသည်။ ၎င်းက ပန်ဂု၏ လောကဖန်တီးခြင်းကို မယှဉ်နိုင်ပါသော်လည်း သုံးလောကလုံးကို ထိတ်လန့်စေရန်လုံလောက်နေဆဲပင်။
ပေါက်ကွဲမှုတစ်ခုလုံးမှာ ဆယ်စုနှစ်တစ်ခုစာကြာသွားဟန်ပေါ်နေသလို တစ်ခဏအတွင်းဖြစ်သွားဟန်လည်း ပေါ်နေ၏။
လူတိုင်းမှာ ၎င်းတို့၏အသိစိတ်ကို ပြန်ရရန် မည်မျှ ကြာမည်ကိုမသိကြပါချေ။ မည်သို့ဖြစ်ဖြစ် မည်သူကမှ ထိုအချိန်အတွင်း အသိစိတ်ရှိမနေကြချေ။
"ဘယ်လိုလဲ? ကြည့်ကြည့်၊ ဘယ်သူနိုင်သွားလဲ?"
"ပြောစရာကိုမလိုဘူး၊ သေချာပေါက် ဘိုးဘေးဟုန်ကျွင်းပေါ့။ သူက သူတော်စင်အများကြီးကို ဖောက်ခွဲခဲ့တာလေ။ လုရှောင်ယန်က ပန်ဂုဝင်စားသူဖြစ်နေရင်တောင် ဒီကပ်ဆိုးကနေလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။"
သို့သော် အားလုံးက အခြေနေအမှန်ကို သိသွားချိန်တွင် ကူကယ်ရာမဲ့စွာကြောင်အသွားကြ၏။
လုရှောင်ယန်မှာ တကယ်ကို ထိခိုက်ခြင်းမရှိပါချေ။ သူ၏အခြားသောတပည့်များမှာလည်း ကောင်းစွာရှင်သန်နေကြ၏။
ပျောက်နေသည်တစ်ဦးတည်းသောသူမှာ အမည်မဲ့ဂိုဏ်း၏ အဓိကတပည့်ကြီး ယွင်လီကောပါပင်။
ထိုသူမှလွဲ မည်သူမှ မသေကြပါချေ။
သို့သော် ဘိုးဘေးဟုန်ကျွင်း၏ဘက်တွင်မူ အားလုံး သုတ်သင်ခံလိုက်ရပြီဖြစ်၏။
သူ၏တပည့်မည်သူမှ မရှင်သန်ကြချေ။
၎င်းတို့မှာ ကိုယ်တိုင်ဖျက်ဆီးခြင်းကြောင့် သေလျင်သေ မဟုတ်လျှင် ထိုကိုယ်တိုင်ဖျက်ဆီးခြင်း၏ ရိုက်ခတ်မှုကြောင့် သေဆုံးသွားကြ၏။
ဤတစ်ခေါက်တွင် ဘိုးဘေးဟုန်ကျွင်းမှာ ကြီးစွာသော ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်ဟု ပြော၍ရသည်!
တပည့်အားလုံးမှာ သေဆုံးသွားပြီး သူ့ကိုသာချန်ထားခဲ့သည်။ လုရှောင်ယန်မှာ မဟာအဓိပတိအကြီးအကဲအား ဝါးမြိုရန် အခွင့်အရေးကိုပင် ရလိုက်ကာ ဟုန်ကျွင်းအား ကျင့်ကြံဆင့်တွင် ဖိနှိပ်နိုင်နေပြီဖြစ်၏။
ဟုန်ကျွင်းမှာမူ သေမင်းနှုတ်ခမ်းဝကိုရောက်နေပြီပင်။ သူဟာ တိုက်ခိုက်ချင်လျှင်ပင် တစ်ဖက်အား အနိုင်ယူရန် မဖြစ်နိုင်ပါချေ။
လုရှောင်ယန်မှာ မျက်လုံးများကိုဖွင့်လျက် မိုးကြိုးသဏ္ဍာန် စူးရှသော အလင်းနှစ်ပြအားထုတ်လွှတ်လိုက်ရာ သူ၏နောက်၌ ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုသည်မှာ ပန်ဂုပါပင်!
ထိုပုံရိပ်အား အာရုံခံမိကာ သုံးလောကရှိ လူတိုင်းမှာ မနေနိုင်ဘဲ ဒူးထောက်ဝပ်တွားလိုက်ကြ၏။
ထိုသည်မှာ တစ်လောကလုံး၏ ခေါင်းကိုင်ဖခင်ကြီး ဧကရာဇ်ပန်ဂုပါပင်!
ထိုသူကြောင့် လောကများစွာဖြစ်ပေါ်လာကာ သက်ရှိများမွေးဖွားလာသည်မှာ အတိအကျပင်ဖြစ်၏။
သူ၏ကြီးမြတ်မှုအကြောင်းအား ပြောနေစရာပင်မလိုပါချေ။ သက်ရှိတိုင်းမှာ သူ၏အားထုတ်မှုအတွက် ကျေးဇူးတင်သင့်သည်!
၎င်းတို့ထဲမှ တချို့မှာ သူ၏စွမ်းအားကို ကြောက်ရွံ့သည်က ငြင်းမရနိုင်ပါချေ။
သို့သော် ကြောက်ရွံ့မှုဖြစ်ဖြစ် ရိုသေမှုဖြစ်ဖြစ် သူဟာ သုံးလောကရှိ အကြွင်းမဲ့ အရှင်သခင်ပင်ဖြစ်လေ၏။
သူ၏ရှေ့မှ မည်သူဖြစ်ဖြစ် ဒူးထောက်ဝပ်တွားရပေမည်။
ထိုမြင်ကွင်းအား မြင်ပြီးနောက် ဘိုးဘေးဟုန်ကျွင်းသည်ပင် မနေနိုင်ဘဲ ကြောက်ရွံ့မှုကြောင့်တုန်ရီလာတော့၏။
ယခင်က ၎င်းမှာ ကောင်းကင်ဖွင့်ပုဆိန်အားဆွဲကိုင်၍ သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရား ၃၀၀၀ကို အရေးနိမ့်ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့သည့် ပုံရိပ်ပါပင်။
ထိုတိုက်ပွဲ၏ ရိုက်ခတ်မှုက သူ့အတွက် အင်မတန်ကြီးမားလွန်းလှ၏။
ယခုတွင်ပင် သူ ပြန်တွေးမိတိုင်း မနေ့ကဖြစ်ခဲ့သည့်အတိုင်းပါပင်။
နှစ်ပေါင်းများစွာကြာပြီးနောက်၌ ပန်ဂု၏ပုံရိပ်ကို တစ်ဖန်ပြန်မြင်ရခြင်းသည် သူ့အား သေခြင်းနှင့် နီးလာသလိုခံစားရစေ၏။
ဂလု!
သူဟာတံတွေးခက်ခက်ခဲခဲမြိုချလျက် လုရှောင်ယန်ထံစိုက်ကြည့်လိုက်၏။
"လုရှောင်ယန်၊ မင်းက ကြမ်းတမ်းလှတယ်! မင်းဒါကိုရှောင်တိမ်းနိုင်လိမ့်မယ်လို့တောင်မထင်ခဲ့ဘူး။ ရာဟူးကလည်း အရမ်းကိုဂရုစိုက်တတ်လာတာကို မယုံနိုင်ဘူး။"
"ဒါပေမယ့် အပျော်စောမနေနဲ့ဦး။ ငါဒီနေ့ရှုံးရင်ရှုံးမယ်၊ ဒါပေမယ့် မင်းလက်ထဲမှာ မသေစေရဘူး။"
"ငါတို့ကြားက တိုက်ပွဲက ခုမှစရုံပဲရှိသေးတယ်။"
"ခင်ဗျားက ကျုပ်ရဲ့ဆရာတူအကိုအကြီးဆုံးကိုသတ်ခဲ့တာ! ခင်ဗျားကိုယ်ခင်ဗျား လွတ်မြောက်နိုင်မယ်ထင်နေလား?"
ဖုန်းထျန်းယွမ်၏ မျက်လုံးများမှာ နီရဲလာ၏။ သူဟာ ရှေ့သို့တစ်လှမ်း,လှမ်းလျက် တုတ်ချောင်းဖြင့် ဘိုးဘေးဟုန်ကျွင်း၏ ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်၏။
သို့ရာ၌ သူ၏စွမ်းအားကျရောက်လာချိန်တွင် ၎င်းက ပုံရိပ်တစ်ခုကိုသာ ဖြတ်သွား၏။
"ဘာ!"
ဖုန်းထျန်းယွမ်မှာ အံ့ဩသွားသည်။ သူသာမဟုတ်ပါချေ။ အားလုံးမှာလည်း ကြောင်အမ်းလျက် မည်သည်ဖြစ်နေမှန်းပင် မသိကြတော့ပါချေ။
"ဘိုးဘေးဟုန်ကျွင်းရော? ဘယ်ရောက်သွားတာလဲ?"
လုရှောင်ယန်မှာ လက်များကိုနောက်ပို့လျက် တည်ငြိမ်စွာကြည့်ကာ အရာအားလုံးကို သိထားပြီးသလိုပါပင်။
"မလိုတော့ဘူး။ သူထွက်ပြေးသွားတာ ကြာလှရှိနေပြီ။"
သူဟာ သူတော်စင်အားလုံးကို ဖောက်ခွဲခဲ့စဉ်တည်းက ထိုနေရာမှ ထွက်ပြေးခဲ့တာဖြစ်သည်။
ထိုပုံရိပ်မှာ ကိုယ်ပွားလေးတစ်ခုသာဖြစ်၏။
သူ၏ပန်းတိုင်မှာ ၎င်းတို့သေသွားသည်ကို အတည်ပြုရန်သာဖြစ်သည်ပင်။
"ဆရာ! ကျွန်တော်တို့ဘာလုပ်သင့်လဲ? သူက ဆရာတူအစ်ကိုအကြီးဆုံးကိုသတ်သွားခဲ့တာ။ သူ့ကိုလွယ်လွယ်နဲ့အလွတ်မပေးနိုင်ဘူး။"
လုရှောင်ယန်မှာ တစ်ဖက်လှည့်လျက် အာကာပြင်ကို ဆုတ်ဖြဲကာ ရွှေရောင်အောက်ကျွန်းရှိရာဘက်သို့ လှည့်လိုက်သည်။
"ငါ သေချာပေါက်အလွတ်မပေးပါဘူး၊ ဒါပေမယ့် အခု အရေးကြီးကိစ္စလုပ်စရာတွေ ထပ်ရှိနေသေးတယ်။ သုံးလောကကိုသွားပြီး အပိုင်သိမ်းရဦးမယ်။"
"ဒီနေ့ကစပြီး လောက,က ငါ့အပိုင်ဖြစ်သွားပြီ။ ငါကလောကရဲ့ အရှင်သခင်ပဲ!"
"ဟုတ်ပါတယ်!"
ဖုန်းထျန်းယွမ်နှင့် ကျန်တပည့်များမှာ ၎င်းတို့ဆရာ၏ အစီစဉ်ကို မသိပါသော်လည်း ဆရာက ထိုသို့ပြောလျှင် အမှန်ပင်ဖြစ်၏။ ၎င်းတို့က လိုက်နာရုံသာလို၏။
တစ်ဖက်တွင် သုံးလောကအပြင်ဘက် သဏ္ဍာန်မဲ့ နယ်မြေ၌ အာကာပြင်မှာ ရုတ်တရတ်အက်ကွဲသွားလျက် ပုံရိပ်တစ်ခုက သနားစဖွယ်အခြေနေမှာ တွားသွားကာထွက်လာ၏။
ထိုသည်မှာ ဘိုးဘေးဟုန်ကျွင်းမှလွဲ၍ အခြားမဟုတ်ပါချေ!
"သေစမ်းကွာ၊ ငါသေတော့မလို့။"
သူဟာ ပန်ဂုကာ နှစ်များစွာကြာအောင် သေဆုံးခဲ့ပြီးနောက်တွင်သော်မှာ ထိုမျှစွမ်းအားကြီးနေဦးမည်ဟု ထင်မထားခဲ့ပါချေ။ သူ သတိလက်လွတ်ဖြစ်သွားခဲ့၏။
"ကံကောင်းလို့သာ ငါနည်းနည်းလောက်ဉာဏ်ကောင်းပြီး လုရှောင်ယန်ဆီကနေ လွတ်မြောက်နိုင်မယ့် နေရာရွှေ့ပြောင်းအစီအရင်ကို ဘယ်လိုခင်းကျင်းရမလဲ သိခဲ့လို့ပေါ့။"
"ဟီးဟီးဟီးဟီး... ငါမင်းကို ဒီလောက,က ပန်ဂုအပိုင်လို့ ပြောထားခဲ့သားပဲ။ မင်းနဲ့ငါက အောင်မြင်ချင်ရင် သုံးလောက,ကနေ ထွက်ခွာပြီး အခြား အခွင့်အရေးတွေကိုပဲရှာလို့ရနိုင်တယ်။ ကံမကောင်းချင်တော့၊ မင်းကနားမထောင်ခဲ့ဘူးလေ။"
"အခုရော ဘယ်လိုလဲ? မင်းနှစ်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် အဆုံးကျတော့ တစ်ယောက်ယောက်အတွက် အခွင့်အရေးဖြစ်သွားတာပဲ။"
ဘိုးဘေးဟုန်ကျွင်း၏ စကားဆုံးသည်နှင့် နောက်ထပ် လှောင်ပြောင်သံက အာကာပြင်မှထွက်ပေါ်လာ၏။
"ဟမ့်!"
ဘိုးဘေးဟုန်ကျွင်းမှာ တစ်ဖက်လူကမည်သူမှန်းသိထားပုံရကာ ထိုအချိန်၌ ထိုလူက သူ့ဆီလာကာ လှောင်ပြောင်နေမှန်းကို သိပါသည်။ သူဟာ မကျေနပ်မှုကို ပြသရန် နှာမှုတ်လိုက်ရုံသာ တတ်နိုင်သည်။
"အဓိပ္ပာယ်မရှိတာတွေတော်လိုက်ပါတော့၊ ဘိုးဘေးယန်မေ့၊ ကျုပ်တစ်ယောက်တည်း အရင်ကသုံးလောကကို လုယူချင်ခဲ့တာမဟုတ်ဘူးလေ။ ခင်ဗျားရော ဒီအသားတုံးကြီးကို တပ်မက်ခဲ့တာပဲမဟုတ်ဘူးလား?"
"ဟားဟားဟား... ဟုန်ကျွင်း၊ လူကြီးလူကောင်းတစ်ယောက်က ကြွယ်ဝမှုကို မြတ်နိုးတယ်လေ။ ရှေးအချိန်တွေတည်းက လောဘဆိုတာအမြဲ ရှောင်လွှဲလို့ မရဘူးလေ။ သို့ပေမယ့် ဒါက ငါဦးနှောက်မရှိဘူးလို့ မဆိုလိုဘူးကွ။"
"ငါက သုံးလောကတစ်ခုလုံးကို တပ်မက်ခဲ့ပေမယ့်လည်း ဒီနေရာကို ပန်ဂုပိုင်ဆိုင်မှန်းသိခဲ့တာကြောင့် သုံးလောကမှာ ဘယ်တော့မှဝင်မပါခဲ့တာပဲ။"
"ပြီးတော့ ငါက မင်းလောက်လည်း သေးနုပ်မနေဘူးလေ။"
"မင်းသာ ငါတို့ကို သုံးလောကထဲ ဝင်ခွင့်ပြုပြီး သူ့အနေနဲ့ ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးကို မစုပ်ယူခင်မှာ မင်းနဲ့အတူတိုက်ခိုက်ခိုင်းခဲ့လိုက်ရင်တော့..."
"ဒီလိုဆိုရင် သူသေချာပေါက် ငါတို့သတ်တာခံရမှာပဲ။"
"ရှင်းရှင်းပြောရရင်၊ ဒါက မင်းအနေနဲ့ သုံးလောကကို တစ်ယောက်တည်း အုပ်စိုးချင်လို့မဟုတ်လား? မင်းသာ ငါတို့ကို သုံးလောကထဲဝင်ခိုင်းလိုက်တာနဲ့ ငါတို့တွေ ပိုင်နက်အတွက် မင်းကိုတိုက်ခိုက်ကြမှာကို ကြောက်လို့မဟုတ်လား?"
"အဆုံးမှာတော့ မင်းကြောင့်ပဲ ပန်ဂုပြန်ရှင်လာတာလေ။ အခုပျော်နေပြီလား?"
"ဟမ့်!"
ဘိုးဘေးဟုန်ကျွင်းမှာ လုံးဝမကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
ဘိုးဘေးယန်မေ့မှာ ဆက်ပြောလိုက်သည်။
"အခု ပန်ဂုလည်းပြန်ရှင်လာပြီဆိုတော့ သူ့ရဲ့စွမ်းအားအပြည့်အဝကိုပြန်မရသေးရင်တောင် သူ့ရဲ့ကျင့်ကြံဆင့်ကို ခန့်မှန်းလို့မရနိုင်သေးဘူး။"
"မဟာအဓိပတိအကြီးအကဲကို စုပ်ယူပြီးတဲ့နောက်မှာ သူ့ရဲ့လက်ရှိကျင့်ကြံဆင့်က အနည်းဆုံးတော့ ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင် နဝမမြောက်အဆင့်လောက်ထိ တက်သွားလောက်ပြီ!"
"ဒီအဆင့်က ငါတို့အားလုံးကို ကျော်လွန်နေတာပဲ။ သူ့ကိုတိုက်ခိုက်ဖို့ အရေအတွက်အပေါ် မှီခိုဖို့က မဖြစ်နိုင်ဘူးပဲ။"
"သူက သေချာပေါက် ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။"
"မင်းက ငါတို့ကို သုံးလောကထဲ ဝင်ခွင့်မပြုကတည်းက မင်းမှာသူ့ကိုဖျက်ဆီးဖို့ နည်းလမ်းတချို့ရှိမယ်ဆိုတာ ယုံတယ်၊ ဟုတ်တယ်မဟုတ်လား?"
"ဒါပေါ့၊ ငါ ဟုန်ကျွင်းက အရင်က ဘယ်တုန်းကမှ မကျရှုံးခဲ့ဖူးဘူးလေ။"
"ပန်ဂုအနေနဲ့ အခုချိန်တိုင်အောင် လောကကိုဖန်တီးခဲ့တာ ကြာခဲ့ပြီ။ ငါ့မှာသာ ဘာအရံအစီစဉ်မှမရှိရင် အကြိမ်ပေါင်းများစွာ သေပြီးနေလောက်ပြီ။"
"ဒါဆို မင်းဘာတွေးနေတာလဲ? ငါမင်းကိုသတိပေးနေတာက ဒီကိစ္စက မင်းကိစ္စပဲ မဟုတ်တော့ဘူး။"
"ပန်ဂုရဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းနဲ့ဆို ငါတို့အားလုံး အန္တရာယ်ရှိတယ်။ ငါတို့အတူတူလုပ်မှရမယ်။ တစ်ယောက်တည်းထပ်ပြီး လုပ်ဖို့မစဉ်းစားနဲ့။"
ဘိုးဘေးဟုန်ကျွင်းမှာ အသက်ပြင်းပြင်းရှိုက်လျက် စိတ်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သူဟာ တစ်ဖက်လူကို စိတ်မရှည်စွာကြည့်လိုက်၏။
"သိပြီ! မင်းဘာလို့ အရမ်း လေရှည်နေရတာလဲ?"
တစ်ခဏရပ်တန့်ပြီးနောက် သူဟာဆက်ပြောလိုက်သည်။
"ပန်ဂုကပဲ ဒီလောကမှာ ပညာရှင်တစ်ယောက်မဟုတ်ပါဘူး။ ပန်ဂုထက် ပိုသန်မာတဲ့လူတွေအများကြီးရှိပါသေးတယ်။"
ဘိုးဘေးယန်မေ့မှာ မျက်ခုံးပင့်လိုက်၏။
"မင်းပြောချင်တာ မင်းငါတို့ကို တစ်ခါပြောခဲ့ဖူးတဲ့ တစ်ယောက်များလား?"
"အမှန်ပဲ! သူက ကြယ်စုံကောင်းကင်ယံတစ်ခုလုံးကို ထိန်းချုပ်တဲ့ အရှင်သခင်ပဲ။"
ထိုအချိန်တွင် ဘိုးဘေးဟုန်ကျွင်း၏အမူအရာမှာ အင်မတန်လေးနက်လာ၏။
"ငါတစ်ခါက သူ့ကို ကိုးရက်ကိုးညတိုင် တိုက်ခိုက်ခဲ့တယ်။ ဒါက သူ့ရဲ့မူလကိုယ်ပေါ်လာတော့မှပဲ ငါတိုက်ခိုက်နေခဲ့တာက ကိုယ်ပွားလေးပဲဆိုတာသိလိုက်ရတာ။"
ဘိုးဘေးယန်မေ့၏နှလုံးအိမ်မှာ တုန်ယင်သွား၏။
ကိုယ်ပွားလေးတစ်ခုနှင့်ပင် တစ်ဖက်လူမှာ သူ့လိုမျိုးဖြစ်တည်မှုများကို ခုခံတိုက်ခိုက်နိုင်သည်ပင်။ ထိုလူ၏စွမ်းအားမှာ တကယ်ကိုပင် ပန်ဂုနှင့် ယှဉ်နိုင်လောက်၏။
ထိုလူက ပန်ဂုထက် အတော်လေးပိုမိုသန်မာသည့်အထိပင်ဖြစ်နိုင်သည်။
"သူက တိုက်ပွဲကနေ အတော်လေးပျော်ခဲ့ရတယ်။ ဒါ့ကြောင့် ငါ့ကို အနာဂတ်မှာ ကူညီမယ်လို့ကတိပေးခဲ့တယ်။"
"အခု သူ့အနေတဲ့ ဒီကတိကို ဖြည့်ဆည်းရမည့်အချိန်ပဲ။"
နဝမ ငရဲဘုံ!
ထိုသည်မှာ သုံးလောကတစ်ခုလုံးက ထိန်းချုပ်မထားသော နေရာပါပင်။
ထိုသည်မှာ မည်သူမှ အလွယ်လေးမရောက်နိုင်သည့်နေရာလည်းဖြစ်၏။
လူတစ်ယောက်က သူတော်စင်ဖြစ်နေပါလျှင်ပင် ၎င်းတို့မှာ ထိုနေရာသို့ အလျင်စလိုရောက်လာပါက သေသွားမည်ပင်။
ဤနေရာတွင် မည်သည့်အလင်းမှမရှိပါချေ။ အဆုံးမဲ့သော အမှောင်ထုသာရှိသည်။
ထိုအခိုက်တွင် အသိစိတ်တစ်ခုမှာ နဝမငရဲဘုံရှိ အမည်မသိနေရာ၌ ဝေဝေဝါးဝါးနိုးထလာ၏။
"ဒါ... ဒါက ငရဲပြည်များလား?"
"မဟုတ်ဘူး၊ မြေအောက်လောက ငရဲပြည်မဟုတ်ဘူး။ ဒီနေရာရဲ့ ဖိအားက ငရဲပြည်က ဖိအားထက် ပိုအားကောင်းတယ်!"
"ငါ အရာအားလုံးကို ဖောက်ခွဲခဲ့တယ်။ ငါအနှစ်သာရဝိဉာဉ်၊ ငါ့ရဲ့ခန္ဓာ၊ ငါ့ရဲ့ကျင့်ကြံခြင်းတွေ။ ယုတ္တိကျကျပြောရရင် ငါ ရှင်နေတုန်း မဖြစ်သင့်ဘူးလေ။"
"ဒါပေမယ့်၊ ဒီနေရာက သုံးလောက,က ဘယ်နေရာမှလည်း ဟုတ်ပုံမရဘူး။"
"ငါအခု ဘယ်ရောက်နေတာပါလိမ့်?"
စကားဆုံးသည်နှင့် သာလွန်သောအသံတစ်ခုမှာ ချက်ချင်းပင် အဝေးတစ်နေရာမှ ထွက်ပေါ်လာ၏။
"ဒါက နဝမငရဲဘုံပဲ။"
"နဝမငရဲဘုံ?"
ထိုစကားလုံးများကိုကြားပြီး ထိုပုံရိပ်မှာ မနေနိုင်ဘဲ အပြင်းအထန် တုန်ယင်သွား၏။
"ဒါက နဝမငရဲဘုံလား? သုံးလောကနဲ့ လမ်းကြောင်းခြောက်ရပ်ကို ကျော်ဖြတ်ရတဲ့ နဝမငရဲဘုံလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကျုပ်ကသေသွားပြီလေ? ဒါ့အပြင်၊ ကျုပ်ရဲ့ဝိဉာဉ်ကလည်း ပျောက်ကွယ်သွားပြီ။ ဘာလို့ ဒီလိုနေရာတစ်ခုမှာ ရှိနေရသေးတာလဲ?"
"မင်းတကယ်ပဲ သေပြီးသွားပါပြီ။ ပြီးတော့ မင်းသေသွားတာသေချာတာကြောင့်ပဲ ဒီနေရာကိုရောက်လာတာပေါ့။"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၈၄ နဝမငရဲဘုံ
"ဘာကိုပြောချင်တာလဲ?"
"နဝမငရဲဘုံက ဝိဉာဉ်ပျောက်ဆုံးသွားကြတဲ့ လူတွေ လာရမယ့် နေရာပဲ။ မင်းအနေနဲ့ သုံးလောကထဲက တစ်ခုခုမှာ ပြာဖြစ်သွားတော့ နဝမငရဲဘုံကိုလာရပြီး ဒီနေရာမှာ ထာဝရနေရလိမ့်မယ်။"
"ဒီလိုလား?"
သူ၏အသံမှာ ဖော်မပြနိုင်လောက်အောင် အထီးကျန်နေ၏။
ထိုလှပသောပုံရိပ်မှာ သူ၏ အထီးကျန်မှုနှင့် ဝမ်းနည်းခြင်းကိုသိနေဟန်ဖြင့်,
"မင်းအနေနဲ့ ဝမ်းနည်းဖို့မလိုပါဘူး။ ဒါကိုတွေးကြည့်။ အနည်းဆုံးတော့ တခြားလောကမှာ ရှင်သန်နိုင်သေးပြီး ဘဝအသစ်စလို့ရတယ်လေ။"
"ပြီးတော့၊ နဝမငရဲဘုံမှာ မင်းရဲ့ကျင့်ကြံခြင်းအားလုံးကိုထိန်းသိမ်းထားလို့ရတယ်။ ပျက်စီးသွားတဲ့ လက်နက်တွေကလည်း ဒီမှာ မင်းနဲ့အတူဆက်ရှိနေလိမ့်မယ်။"
ထိုလက်နက်များအား ဆရာက သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာများအဆင့်သို့ မြှင့်တင်ထားခဲ့သည်ပင်။
ထိုသည်က ယွင်လီကောအား နဝမငရဲဘုံ၏ နယ်နိမိတ်အကြောင်းကို နားလည်လာစေသည်။
သူမှလွဲလျှင် ၎င်းက သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာ၏ အမှတ်အသားကိုပင် သိုလှောင်ထားနိုင်ပေ၏။
ကြောက်စရာပင်!
သို့သော် သူဟာ ထိုအံ့အားသင့်မှုမှ အလျင်အမြန်နိုးထလာသည်။
"အမှန်ပဲ။ ဆရာနဲ့ကျန်တဲ့လူတွေက ဘိုးဘေးဟုန်ကျွင်းကို ဖျက်ဆီးပြီးပြီမဟုတ်လား? သုံးလောက,က ဆရာ့ရဲ့အုပ်စိုးမှုကို ပြန်ပေးသင့်တယ်။ ကျုပ်၊ ယွင်လီကောက အမည်မဲ့ဂိုဏ်းက အားလုံးကို ကယ်ဆယ်ဖို့ ကိုယ့်ကိုယ်ကိုယ်စွန့်လွှတ်ခဲ့တယ်။ ကျုပ်ကို ဆရာကို ကျရှုံးခွင့်မပြုတဲ့သူလို့ သတ်မှတ်နိုင်တယ်။"
ယွင်လီကော၏စိတ်နှလုံးထဲတွင် သူ၏ဆရာနှင့် ကျန်ဆရာတူညီကိုများ ကောင်းစွာရှင်သန်နိုင်သည်နှင့် အဆင်ပြေပါသည်။
သူ့အတွက်မှု သေသေရှင်ရှင် အရေးမကြီးပါချေ။
သူ့ကိုယ်သူစွန့်လွှတ်ရန်ရွေးချယ်လိုချိန်တွင် သူဟာ ဖြစ်လာမည့်အရာကို စိတ်တွင်း၌ လက်ခံထားပြီးသားဖြစ်၏။
ယခုတွင် နဝမငရဲဘုံ၌ နေထိုင်နိုင်သည်ကလည်း ကောင်းချီးတစ်ရပ်ပါပင်။
"ဒါနဲ့၊ မင်းကဘယ်သူလဲ?"
"ငါလား?"
တစ်ဖက်လူမှာ ခေါင်းကိုစောင်းလျက် ခါလိုက်သည်။
"ငါ့ကိုယ်ငါလည်း ဘယ်သူမှန်းမသိပါဘူး။ ငါ့နာမည်က မင်ယွီဆိုတာပဲသိတယ်။ ငါမွေးဖွားလာပြီး အသိစိတ်ရှိချိန်တည်းက ဒီနဝမငရဲဘုံမှာရှိနေခဲ့ပြီးတော့ လွင့်မျောနေခဲ့တာပဲ။"
ယွင်လီကောမှာ ကူကယ်ရာမဲ့စွာထိတ်လန့်သွားသည်။
နဝမငရဲဘုံမှာ အချိန်ကြာတည်ရှိနေခဲ့သည်။ လောကအား မဖန်တီးနိုင်ခင် အတော်ကြာတုန်းက သူဟာ နဝမငရဲဘုံအမည်ကို ကြားဖူးနားဝရှိပြီးသားပင်။
သို့သော် တစ်ဖက်လူမှာ ထိုအချိန်တည်းက မွေးဖွားခဲ့သည်။
ထိုသို့ဆိုလျှင် သူ၏စွမ်းအားမှာ သူပင်စိတ်ကူးနိုင်လောက်သည့် အရာမဟုတ်တော့ချေ။
"ဒါနဲ့၊ နဝမငရဲဘုံမှာ လူအတော်များများရှိနေသင့်တယ်မဟုတ်လား? ပြောရရင်၊ အခြားလောက,ကလူတော်တော်များများလည်း ဝိဉာဉ်တွေပျက်စီးသွားကြတယ်လေ။"
မင်ယွီမှာ ခေါင်းငြိမ့်လိုက်သည်။
"လူတွေတကယ်အများကြီးရှိပါတယ်။ လူကောင်းလည်းရှိသလို လူဆိုးလည်းရှိတာပေါ့။ ဒါပေမယ့် အားလုံးဒီကိုရောက်ပြီးနောက်မှာ ဒီကနေပြီး လွတ်မြောက်ချင်ကြတယ်လေ။ ဒါကြောင့်ပဲ နဝမငရဲဘုံအကာအရံကို မတိုက်ခိုက်ခင်မှာ သူတို့ကျင့်ကြံဆင့်နဲ့စွမ်းအားတွေကိုမြှင့်တင်ဖို့ အခြားလူတွေကို ဝါးမြိုခဲ့ကြတယ်။"
"ငါတို့တွေ ဒီနေရာကနေ လွတ်မြောက်နိုင်တာလား?"
ယွင်လီကော၏မျက်လုံးများမှာ ချက်ချင်းတောက်ပသွား၏။
"ဒါပေါ့။ နဝမငရဲဘုံက အမှီခိုကင်းတဲ့နေရာဆိုပေမယ့် စကြဝဠာထဲမှာ ဖြစ်တည်နေတာကြောင့် အခြားလောကတွေနဲ့ ချိတ်ဆက်နေတဲ့ အကာအရံတွေ ရှိနေသေးတယ်လေ။"
"ဒါပေမယ့် မင်းမှာ အရမ်းကိုအင်အားကြီးမားတဲ့ ကျင့်ကြံဆင့်ရှိဖို့လိုတယ်။"
"မင်းက ငါ့ရဲ့အဆင့်နီးပါးလောက်တော့ရှိရမယ်။ မဟုတ်ရင်တော့ ဒီအကာအရံကိုဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး။"
ယွင်လီကော: "???"
"မင်းဘာကိုမှ မပြောရသေးသလိုပဲ။"
ထိုလူမှာ အချိန်ကြာရှင်သန်လာခဲ့ခြင်းကြောင့် သူ၏ကျင့်ကြံဆင့်မှာ ပြိုင်ဘက်ကင်းနေလောက်သည်။
မဟုတ်ပါက ထိုနဝမငရဲဘုံ၌ မည်သို့များ အချိန်ကြာမြင့်စွာရှင်သန်နေနိုင်မည်နည်း?
သူ့ထံ၌ လုံလောက်သောအင်အားမရှိပါလျှင် ထိုနေရာသို့ နှစ်များစွာဝင်ရောက်လာခဲ့သောပညာရှင်များမှာ သူ့အား အပိုင်းပိုင်းဆုတ်လောက်ပြီးနေပြီပင်။
ယွင်လီကောမှာ နှစ်သန်းအချို့အတွင်း သူ၏စွမ်းအားကိုမီနိုင်လောက်မည်မဟုတ်ချေ။
သို့ရာ၌ ထိုအချိန်တွင် အင်မတန်ရင်းနှီးလှသော အသံတစ်ခုထွက်ပေါ်လာ၏။
"ယွင်လီကော?"
ယွင်လီကောမှာ ကြောင်အသွားသည်။ သူဟာ တစ်ဖက်လှည့်လျက် အကြည့်ပို့လိုက်ပြီး အမူအရာက တမုဟုတ်ချင်း တည်ငြိမ်လာတော့၏။
"ရှောင်ပိုင်!"
မှန်ပါသည်၊ ထိုလူမှာ သူ၏ ရန်ဘက်ဟောင်းကြီး ရှောင်ပိုင်ပါပင်။
တစ်ဖက်လူက သူ၏သတို့သမီးလောင်းအား ခိုးယူကာ သူ၏ တစ်မျိုးနွယ်လုံးအား ဖျက်ဆီးခဲ့သောကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းဆီပြေးခဲ့ပြီး ဆရာ့ တပည့်ဖြစ်လာခဲ့ခြင်းပါပင်!
ထို့နောက်တွင် သူ၏ဆရာမှ ရှောင်ပိုင်အား ဝိဉာဉ်မပျောက်မချင်း ရိုက်နှက်ခဲ့သည်ပင်။ ယွင်လီကောမှာ သူသည်လည်း နဝမငရဲဘုံသို့ရောက်လာမည်ဟု မထင်ထားခဲ့ချေ။
"ဟားဟားဟား... တကယ်ကိုမင်းပါလား! မင်းမှာ ဒီလိုနေ့ရှိလာမယ်လို့ ထင်မထားခဲ့ဘူး။"
လှောင်ပြောင်ပြီးနောက်၌ ရှောင်ပိုင်၏ အမူအရာမှာ ရေကဲ့သို့ မှုန်မှိုင်းလာတော့သည်။
"ယွင်လီကော! ငါ ဒီအချိန်ကိုရောက်ဖို့ အချိန်တွေအကြာကြီးစောင့်နေခဲ့တာကွ။ နှစ်တွေအကြာကြီး နဝမငရဲဘုံကနေ လွတ်မြောက်ပြီး မင်းကိုလက်စားချေဖို့ လျှောက်သွားနေတဲ့ ဝိဉာဉ်တွေကို ဝါးမြိုဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ရတာ!"
“ငါ အစကတော့ နဝမငရဲဘုံကနေ ထွက်ဖို့က အရမ်းခက်ပြီး ငါ့ဘဝမှာမင်းနဲ့ဘယ်တော့မှမတွေ့တော့ဘူးလို့ ထင်ထားခဲ့တာ... လက်စားချေဖို့ မဖြစ်နိုင်တော့ဘူးလို့တောင် ထင်ထားခဲ့တယ်!"
"မင်းကို ဒီနေရာမှာ တွေ့ဖို့ ကောင်းကင်ဘုံကခွင့်ပြုမယ်လို့ မမျှော်လင့်ထားဘူးကွာ။"
"အခုတော့၊ ငါ နဝမငရဲဘုံကနေ ထွက်သွားဖို့ မလိုတော့ဘူးပဲ။"
"ငါမင်းကိုဒီမှာသတ်လိုက်တာနဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းလိုက်နိုင်တာပဲ။"
ယွင်လီကောမှာ သူ့အားကြည့်လိုက်သည်။
"ငတုံး! ဒါဘယ်သူလဲဆိုတာ မင်းပြောနိုင်လား?"
သူဟာ မင်ယွီအား ညွှန်ပြလိုက်၏။
"နဝမငရဲဘုံရဲ့ ဆရာကြီးဒီမှာပဲ။ သူက စကားတောင်မပြောရသေးဘူး။ ဘာလို့ ဒီမှာ အရမ်းကို ဘဝင်မြင့်နေရတာလဲ?"
"ဟားဟားဟား..."
ရှောင်ပိုင်မှာ ခေါင်းမော့ကာ တစ်ဖန်ရယ်လိုက်ပြန်သည်။
"ငတုံး။ သူက ဘယ်တိုက်ပွဲမှာမှ ဝင်မပါခဲ့ဘူး။ သူ့ရဲ့မျက်လုံးထဲမှာ ငါတို့အားလုံးက ပိုးမွှားသာသာပဲ။ မင်းကိုသူကူညီလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား?"
ယွင်လီကော : "???"
သူဟာ ခေါင်းကိုစောင်းလျက် မင်ယွီကိုကြည့်လိုက်သည်။
"မင်းရဲ့ နဝမငရဲဘုံမှာ အုပ်ချုပ်တဲ့ တစ်ယောက်ယောက်များရှိလား?"
မင်ယွီမှာ ခေါင်းကိုခါလိုက်၏။
"ဒီနေရာမှာက သန်မာတဲ့သူကိုလေးစားကြတယ်! ပညာရှင်အစစ်အမှန်တွေပဲ ရှင်သန်နိုင်တယ်။ ဒါကြောင့်၊ ငါဘယ်သူ့ကိုမှ ကူညီမှာမဟုတ်ဘူး။"
ရှောင်ပိုင်မှာ လက်သီးများကိုဆုပ်လျက် လက်ဆစ်ချိုးလိုက်သည်။
သူဟာ ကောက်ကျစ်စွာပြုံးလိုက်၏။
"ကြားရဲ့လား? ယွင်လီကော၊ မင်းရဲ့သေခြင်းတော့ရောက်လာပြီ။ ထပ်ပေါင်းအနေနဲ့ တစ်ခုလောက်ပြောပါရစေ။ မင်းဒီမှာသေရင် သေချာပေါက်သေသွားပြီး အသိစိတ်အရိပ်ယောင်လေးတောင်ကျန်ခဲ့မှာမဟုတ်ဘူးနော်။"
ယွင်လီကောမှာ လေးနက်သွား၏။
"ကြောက်နေပြီလား? ငါ့ကို ဒူးထောက်ပြီး အသနားခံလိုက်စမ်းပါ။ ငါ စာနာသွားပြီး... မင်းကိုအလွတ်ပေးပြီးတော့ ငါ့ရဲ့ခွေးလေးဖြစ်ခွင့်ပေးဖို့ ရွေးချယ်လိုက်တာလည်းဖြစ်နိုင်တယ်လေ။ ဘယ်လိုလဲ?"
"မေ့လိုက်။ ပြောရရင် မင်းက ငါ့ထက်ရုပ်ဆိုးတယ်လေ။ ငါသာမင်းကို ငါ့သခင်အဖြစ်အသိအမှတ်ပြုလိုက်ရင် ဆရာ့ကို စိတ်ဓာတ်ကျသွားစေလိမ့်မယ်။"
ရှောင်ပိုင်၏အမူအရာမှာ ရုတ်တရတ် တစ်ဖန်အေးစက်သွားပြန်၏!
"သေစမ်း ငတုံးကောင်၊ ငါမင်းကို အခွင့်ရေးပေးနေတာတောင် မင်းက ဘယ်လိုယူရမလဲမသိဘူးပဲ။"
"ဒီလိုဆိုမှတော့ ငါ့ကိုယုတ်မာတယ်ဆိုပြီး အပြစ်မတင်နဲ့။"
တစ်ခဏအကြာ၌ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုမှာ သူ၏ကိုယ်မှထွက်ပေါ်လာ၏။
"နှစ်များစွာတိုင် မင်းနဲ့ရင်ဆိုင်ဖို့ ငါတခြားလေလွင့်ဝိဉာဉ်တွေကို အရူးအမူးဝါးမြိုခဲ့ရတယ်။ ငါ့ရဲ့ကျင့်ကြံဆင့်က တုနှိုင်းမဲ့အဆင့်ကိုရောက်နေပြီကွ!"
"လက်ရှိငါက ကောင်းကင်အမတအရှင်အဆင့်ကိုတောင်ရောက်နေပြီ!"
"မင်းကိုသတ်ရတာ ပိုင်မုန့်လိုပဲ လွယ်လွန်းတယ်။"
စကားဆုံးသည်နှင့် သူဟာ လက်ကိုယမ်းလိုက်၏။
"လှံတံ!"
အော်လိုက်သည်နှင့် အေးစက်စက် လူသတ်ငွေ့နှင့် ပြည့်နေသော လှံတံတစ်ခုမှာ သူ၏လက်တွင်း၌ ရုတ်တရတ်ပေါ်လာ၏။
"ဒါက..."
ယွင်လီကောမှာ လှံတံအား တိတိပပစိုက်ကြည့်လျက် ကြောင်အမ်းနေ၏။
"ဟီးဟီးဟီး..."
ရှောင်ပိုင်မှာ ဂုဏ်ဝင့်စွာပြုံးလိုက်သည်။
"အရမ်းလန့်သွားလား? ဒါကို မထင်ထားဘူး မဟုတ်လား? တကယ်တော့ ငါ ဒီ ရှေးဟောင်းသဏ္ဍာန်မဲ့နတ်ဆိုးဘုရင်ရာဟူးရဲ့ နတ်ဘုရားသတ်လှံတံကို ဒီကနေရခဲ့တာပဲ!"
"ငါ့လက်ထဲက ဒီလှံတံနဲ့ ငါ့ရဲ့ကောင်းကင်အမတအရှင်အဆင့်စွမ်းအားနဲ့ဆိုရင် မင်းကို ဒီနေ့မှာပဲ ဖျက်ဆီးပြီး ငါ့ရဲ့အာဟာရအဖြစ်ပြောင်းလိုက်လို့ရတယ်။"
ယွင်လီကော၏မျက်နှာမှာ မနေနိုင်ဘဲ တွန့်ရှုံ့နေ၏။ ထိုရှောင်ပိုင်မှာ ယခင်ကနှင့်အတူတူပါပင်။ သူဟာ ဟန်ပြခြင်းကို နေရာတိုင်း၌ ထုတ်ပြသည်ပင်။ ၎င်းက သူသာ မထုတ်ပြလျှင် နေရခက်နေဟန်ဖြစ်နေ၏။
သို့သော် နတ်ဘုရားသတ်လှံတံအားမြင်ပြီးနောက်၌ သူ၏မျက်လုံးများက ပိုမိုသိမ်မွေ့လာသည်။
သူ၏လက်တွင်းရှိ ထိုနတ်ဘုရားသတ်လှံတံမှာ တကယ်ကို အတုပါပင်။ ၎င်းအား သူ၏ဆရာလုရှောင်ယန်မှ ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအပိုင်း၊ ဝမ့်ခိုက်နှင့် ဖန်တီးထားခဲ့ခြင်းပင်။ ထို့နောက် လုရှောင်ယန်မှာ ၎င်းအား အကြိမ်များစွာ အဆင့်မြှင့်ခဲ့သည်ပင်။
သူ၏လက်ရှိ နတ်ဘုရားသတ်လှံတံမှာ ရှောင်ပိုင်လက်တွင်းရှိ လှံတံ၏အဆင့်ကိုကျော်လွန်နေပြီးသားဖြစ်သည်။ ရှောင်ပိုင်၏ နတ်ဘုရားသတ်လှံတံမှာ ဆက်နွယ်မှု မူလရတနာသာဖြစ်၏။
တစ်ဖက်၌ သူ၏လှံတံမှာ သဏ္ဍာန်မဲ့ဝိဉာဉ်ရတနာပင်ဖြစ်ချေ၏။
သို့သော် ရှောင်ပိုင်လက်ရှိ နတ်ဘုရားသတ်လှံတံမှာမူ သူနှင့်ရင်းနှီးခဲ့သည့် မိတ်ဆွေဟောင်းနှယ်ဖြစ်နေဆဲပင်!
ယခင်က ၎င်းကြောင့်သာမဟုတ်ပါလျှင် သူ့အတွက် ကောင်းကင်တာအိုအား ထောက်ပံ့ရန် ဘိုးဘေးဟုန်ကျွင်းနှင့် ယှဉ်ပြိုင်ဖို့ရာမဖြစ်နိုင်ပါချေ။
အဆုံးတွင် ကျရှုံးသွားပါသော်လည်း ယွင်လီကောမှာ ၎င်းက မည်မျှ ပျံ့နှံ့သွားသည်ကို သတိရနေဆဲပင်။
"ကောင်းပြီ! ယွင်လီကော အဲ့ဒါကိုစိတ်ကြည့်နေတာတော်လိုက်တော့။ မင်းဘယ်လောက်ပဲ မနာလိုဖြစ်ဖြစ် အသုံးမဝင်ဘူး။ နတ်ဘုရားသတ်လှံတံလိုမျိုး ပြိုင်ဘက်ကင်းရတနာက မင်းဘယ်တော့မှ မရနိုင်တဲ့အရာပဲ။"
"သေလိုက်တော့!"
အော်သံပြီးနောက်တွင် ရှောင်ပိုင်မှာ လက်ကိုမြှောက်လျက် နတ်ဘုရားသတ်လှံတံကို ပစ်ထုတ်လိုက်၏။ အမှောင်ထဲတွင် နတ်ဘုရားသတ်လှံတံမှာ မဟူရာလျှပ်စီးအသွင်ပြောင်း၍ ယွင်လီကောထံပစ်လိုက်၏။
သိူ့သော် ယွင်လီကောမှာ လုံးဝမရွှေ့ဘဲ နတ်ဘုရားသတ်လှံတံအား သူ့ထံလာရောက်ရိုက်ခတ်ခွင့်ပြုထား၏။
ရှောင်ပိုင်မှာ အေးစက်စက်ပြုံးလိုက်၏။ ထိုအချိန်တွင် ယွင်လီကောမှာ ကြောင်အနေတော့သည်။
ပြောရလျှင် လူတစ်ယောက်မှာ ရှေးဟောင်းနတ်ဆိုးအရှင်ဘုရင်၏ ရှေ့မှောက်တွင် တည်ငြိမ်နေရန်မဖြစ်နိုင်ပါချေ။
သို့သော် ထိုအချိန်၌ မတော်တဆတစ်ခုဖြစ်သွားခဲ့သည်။
နတ်ဘုရားသတ်လှံတံမှာ ယွင်လီကောရှေ့မှောက်သို့ရောက်လာ၏။ တစ်ခဏအကြာ၌ သူ့အားလုံးဝ ဆုတ်ဖြဲလုနီးနီးပင်။ အဆုံး၌မူကား ၎င်းဟာ သူ၏နှာခေါင်းမှ စင်တီမီတာအနည်းငယ်အကွာတွင် ရပ်လိုက်သည်။
"ဘာ! ဘာလဲ... ဘာတွေဖြစ်နေတာလဲ?"
ရှောင်ပိုင်မျက်နှာထက်ရှိ အေးစက်စက်အပြုံးမှာ တမုဟုတ်ချင်းပျောက်ကွယ်သွားလျက် ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်မှုတို့က အစားထိုးဝင်ရောက်လာသည်။
ယွင်လီကောမှာ ပြုံးလိုက်ပြီး နတ်ဘုရားသတ်လှံတံအား ကိုင်ဆောင်လိုက်တော့သည်။ ထိုလှံတံမှာ ငိုနေသကဲ့သို့ အားနည်းသည့်တုန်ယင်သံကိုပြုနေ၏။
"မိတ်ဆွေဟောင်းကြီး၊ မတွေ့တာကြာပြီနော်။"
နတ်ဘုရားသတ်လှံတံမှာ အော်မြည်ကြွေးလျက် ချက်ချင်းပင် ရှောင်ပိုင်နှင့် ချိတ်ဆက်မှုအလုံးစုံကို ဖြတ်တောက်လိုက်တော့၏။ ထို့နောက်တွင် ၎င်းဟာ ယွင်လီကောအနီး၌ ခပ်မြန်မြန် လှည့်ပတ်နေတော့သည်။
"ဒါက... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
ရှောင်ပိုင်မှာ လုံးဝကြောင်အနေပြီပင်။
ယွင်လီကောမှာ ဆက်ပြောလိုက်သည်။
"မင်းကိုနှောင့်ယှက်မိတာ စိတ်မကောင်းပါဘူး။ နတ်ဘုရားသတ်လှံတံက အစတည်းက ငါ့လက်နက်လေ။ ဒါကို သုံးပြီး ငါ့ကိုရင်ဆိုင်ဖို့ကလည်း မဖြစ်နိုင်ဘူးပေါ့။"
ဘုန်း!
ထိုစကားလုံးများက ရှောင်ပိုင်၏စိတ်တွင်းသို့ ဗုံးကြီးတစ်လုံးပစ်သွင်းလိုက်သည်ပင်။ သူဟာ ထိတ်လန့်၍ ပြောစရာမဲ့နေတော့၏!
နတ်ဘုရားသတ်လှံတံကို အစတည်းက ယွင်လီကောပိုင်တယ်တဲ့လား?
ဘာကိုပြောချင်တာလဲကွ?
ဒါက... ဒါက... ယွင်လီကောကများ... နတ်ဆိုးဘုရင်ရာဟူးရဲ့ ပြန်လည်ဝင်စားသူများလား?
သူ၏အတွေးများအား ဖတ်နေမိသလိုပင်၊ ယွင်လီကောမှာ ပြုံးကာပြောလိုက်၏။
"အဟုတ်ပဲလေ။ ငါက နတ်ဆိုးဘုရင်ရာဟူး ပြန်ဝင်စားသူပဲ!"
***
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၃၃။ အပိုင်း ၄၈၅ ပန်းတိုင်၊ နဝမငရဲဘုံမှ ထွက်မြောက်ခြင်း
"မဖြစ်နိုင်တာ! လုံးဝမဖြစ်နိုင်ဘူး! ငါမယုံဘူး!"
ရှောင်ပိုင်မှာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူဟာ ယွင်လီကောက တကယ်ကိုပင် စွမ်းအားကြီးသူဖြစ်ကြောင်းအား မယုံချင်ပါချေ။
သူအမြဲလိုလို အထင်သေးပြီး သတ်ချင်နေခဲ့သည့် ထိုလူမှာ တကယ်ကိုစွမ်းအားကြီးမားလှ၏!
ယွင်လီကောမှာ နတ်ဘုရားသတ်လှံတံအား ပွတ်သပ်လျက် တစ်ဖက်လူအား ထူးမခြားနားစွာကြည့်လိုက်သည်။
"တကယ်တော့၊ ဒါအမှန်ဆိုတာကို မင်းသိပါတယ်။ မင်းက အရှုံးကိုဝန်မခံရဲလို့သာ မယုံချင်ဖြစ်နေတာပါ။"
"ပိတ်ထား! ပိတ်ထား! ငါမင်းကိုသတ်မယ်!"
ရှောင်ပိုင်မှာ ယွင်လီကောထံ ဒေါသတကြီးပြေးသွားသော်လည်း ယွင်လီကောမှာ မတိုက်ခိုက်သေးပါချေ။
သူ၏ထိုးချက်က ယွင်လီကောထံကျရောက်သွားချိန်တွင် အင်မတန်အားကောင်းလှသော စွမ်းအင်တစ်ခုက ရုတ်တရတ်ကြီးယွင်လီကောကိုယ်မှာ တိုးထွက်လာကာ သူ၏လက်သီးကို ပြန်လှည့်သွားစေ၏။
တစ်ခဏအကြာ၌ လျပ်တပြက်လှိုင်းတစ်ခုမှာ ချက်ချင်း ရှောင်ပိုင်၏ တစ်ကိုယ်လုံးကို ဖျက်ဆီးလိုက်သည်။
အသိစိတ်လုံးဝပျောက်မသွားခင်တွင် ယွင်လီကောမှာ အေးစက်စက်ပြောလိုက်တော့သည်။
"စိတ်မကောင်းဘူး၊ ငါမင်းကိုပြောဖို့မေ့သွားတယ်။ ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်က ရှေးဟောင်းသဏ္ဍာန်မဲ့ကောင်းကင်ဘုံထွဋ်ဖျားရွှေရောင်အမတအဆင့်မှာပဲ!"
ရှောင်ပိုင်မှာ လုံးဝစိတ်ပျက်နေကာ ထိုလောကမှ လုံးဝပျောက်ကွယ်သွားတော့၏။
ထို့နောက်မှစကာ သူ၏အသိစိတ်နှင့် ပုံရိပ်မှာ စကြဝဠာတစ်ခုလုံး၌ ထပ်မံပေါ်လာတော့မည်မဟုတ်ချေ။ သူဟာ ထာဝရပျက်စီးပြီပင်။
သူသေချိန်မှသာ ရုတ်တရတ်နောင်တရသွား၏။
ဘာကြောင့်များသူဟာ မိုက်မဲခဲ့ရသနည်း? ဘာကြောင့်များ ဟန်ထုတ်ဖို့ လိုရသနည်း?
သူဟာ မွေးဖွားရုံသာမွေးဖွားလာပြီး ယခင်ဘဝက နောင်တ,တစ်ချို့ကိုသာ ပြင်ဆင်နေရသည်။ ထို့ပြင်သူဟာ လောက၌ အသန်မာဆုံးနှင့် အထူးခြားဆုံးဟု ခံစားနေခဲ့ခြင်းပင်။
အဆုံးတွင် သူကသာ ဟာသဖြစ်နေ၏။
ရှောင်ပိုင်အား လုံးဝဖျက်ဆီးပြီးနောက်၌ ရှောင်ပိုင်၏စွမ်းအားမှာ ယွင်လီကောကိုယ်နှင့်ပေါင်းစပ်သွား၏။
ထိုစွမ်းအားမှာ ယွင်လီကောအား စိတ်ပင်မကူးနိုင်သည့်အဆင့်ကို ရောက်စေလိမ့်မည်ပင်။
"မင်းကတကယ်ကို စိတ်ဝင်စားစရာပဲ။ နှစ်များစွာကြာပြီး မင်းလိုစိတ်ဝင်စားဖို့ကောင်းတဲ့လူကိုမြင်ရတာ ပထမဆုံးပဲ။"
မင်ယွီမှာ စိတ်ဝင်တစားပြောလိုက်၏။
ယွင်လီကောမှာ ခပ်တိုးတိုးရယ်လျက် ဂရုမထားပါချေ။
မင်ယွီမှာ နဝမငရဲဘုံရှိအရာအားလုံးထက်ကျော်လွန်နေသော နတ်ဘုရားဖြစ်သည်!
သူဟာ အနန္တတန်ခိုးရှင် ဖြစ်ချေ၏!
သူဟာ ယွင်လီကောအား ပိုးမွှားတစ်ကောင်လိုကြည့်လျက် စိတ်ဝင်စားဖွယ်ကိုတွေ့ရှိသွားတော့သည်။
သို့သော် သူဟာ ၎င်းကိုအရမ်းကြီး အတည်မယူပါချေ။
သူဟာ စွမ်းအားတိုးရန် ဝိဉာဉ်များပိုမိုစုပ်ယူပြီး နဝမငရဲဘုံမှ ထွက်မြောက်ရန်လိုသည်ပင်!
မူလက သူ့ထံ၌ မျှော်လင့်ချက် များများစားစားမရှိပါချေ။ သို့သော် နတ်ဘုရားသတ်လှံတံကိုမြင်ပြီးနောက်တွင် အကြံရသွားတော့၏။
နတ်ဘုရားသတ်လှံတံ ဒီမှာရှိနေပါလျှင်၊ သတ်ဖြတ်ခြင်းစွမ်းအားလည်း ဒီမှာနေလောက်မလား?
သတ်ဖြတ်ခြင်းစွမ်းအားမှာ တာအိုသုံးထောင်ထဲမှ တစ်ခုဖြစ်ကာ မဟာတာအိုထိပ်တန်းဆယ်ရပ်ထဲပင် အဆင့်ဝင်လေ၏!
၎င်းက ဆရာ့၏ဖန်တီးခြင်းစွမ်းအားကို မယှဉ်နိုင်သော်လည်း အင်မတန်အားကောင်းလှချေသည်!
ထို့အပြင် နဝမငရဲဘုံမှာ သဏ္ဍာန်မဲ့လောကတစ်ခုလုံးထက်လည်း များစွာနိမ့်ကျပေ၏!
သူသာ သတ်ဖြတ်ခြင်းစွမ်းအားကို ရှာနိုင်ပြီး ဆရာကိုအတုယူ၍ ကောင်းကင်ကိုဖွင့်လျက် နဝမငရဲဘုံကိုထက်ခြမ်းခွဲလိုက်လျှင် ထိုနေရာမှ ထွက်ခွာပြီး ဆရာနှင့် အခြားသူများနှင့် ပြန်လည်ဆုံစည်းနိုင်ချေမည်။
တစ်ဖက်တွင် ရွှေရောင်အောက်ကျွန်း၌ လုရှောင်ယန်မှာ ပြန်ရောက်ရောက်ချင်း သီးသန့်ကျင့်ကြံခြင်းထဲဝင်ရောက်လိုက်သည်။
ထိုသည်မှာ ပြိုင်ဘက်ကင်းသူတော်စင်သုံးဦးနှင့် ဟိုတုအား စုပ်ယူပြီးနောက်တွင် သူ၏ကိုယ်က အတန်ငယ်အထိန်းအကွပ်မဲ့နေသည်ဟု ရှာတွေ့သွားသည်။
တိတိကျကျဆိုရလျှင် နောက်ထပ်သော အသိစိတ်မှာ သူ၏ကိုယ်၌ ပေါ်ထွက်လာ၏။ ၎င်းက သူ၏ကိုယ်အားထိန်းချုပ်ရန် တိုက်ခိုက်နေသည်။
သူ၏ခြေချောင်းများနှင့်ပင် လုရှောင်ယန်မှာ ထိုနောက်ကွယ်က လူကို သေချာပေါက်ခန့်မှန်းနိုင်၏။
သူ၏စိတ်အားတည်ငြိမ်စေပြီး အသိစိတ်ပင်လယ်ထဲရောက်ချိန်တွင် သူဟာ အေးစက်စက်ပြောလိုက်၏။
"ထွက်လာခဲ့! ပန်ဂု!"
ထိုအသံပြီးနောက်တွင် နောက်ထပ်ပုံရိပ်တစ်ခုမှာ သူ၏အသိစိတ်ပင်လယ်၌ စုစည်းသွားတော့သည်။
ထိုသည်က အင်မတန်ဝေဝါးနေသော ပုံရိပ်ပါပင်။ သူ၏တစ်ကိုယ်လုံးတွင် ထက်မြသောကြွက်သားများနှင့် ပြည့်နေ၏။ သူ့ကိုကြည့်ခြင်းကပင် လူများအား ကြီးမားစွာ ထိတ်လန့်စေရန် လုံလောက်ပေသည်။
သူဟာ လောကကိုထုတ်ဖော်ခဲ့ဖူးသည့် ဖြစ်တည်မှုဖြစ်ကာ တာအိုကို ထိန်းသိမ်းရန်စွမ်းအားရှိပါ၏။
ထိုသည်ကလည်း လူတိုင်းသိတဲ့ဖြစ်တည်မှုပါပင်!
"ငါ ဒဏ္ဍာရီလာပန်ဂုကို နှစ်များစွာကြာပြီးမှ ပြန်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး။"
တစ်ဖက်လူမှာ ပြုံးလျက် အဆုံးမဲ့ ယုံကြည်ချက်ကိုထုတ်ပြနေသည်က သူ၏ရှေ့မှောက်ကအရာအားလုံးက သူ၏အထင်၌သာရှိနေဟန်ပင်။
"အမှန်ပဲ။ မင်းရဲ့အရွယ်ရောက်လာပုံက ငါထင်တာထက်တောင်ကျော်လွန်နေတယ်။ ဒီခန္ဓာကို မင်းပဲကောင်းကောင်းကျင့်ကြံခဲ့တာ။ မင်းရဲ့ကျင့်ကြံဆင့်က နည်းနည်းလောက်လိုနေပေမယ့်လည်း သာမန်လူတစ်ယောက်အတွက် အကန့်သတ်ဖြစ်နေပြီ။"
"အခုကစပြီး ဒီခန္ဓာကို ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာထားမယ်။ ငါမင်းကို ထပ်ပြီးကျင့်ကြံနိုင်အောင် ခန္ဓာအသစ်ပို့ပေးမယ်။"
လုရှောင်ယန်မှာ အေးစက်စက်ပြုံးလိုက်၏။
ထိုလူမှာ တကယ်ပဲ အိပ်မက်မက်နေ၏။ လုရှောင်ယန်မှာ ထိုအခြေနေထိရောက်အောင်ကျင့်ကြံရန် အားများစွာ ထုတ်သုံးခဲ့ရသော်လည်း တစ်ဖက်လူက ဒီတိုင်းလေး လိုချင်နေပေ၏။ သူ့အတွက် လုံးဝပင် ချန်မထားခဲ့လိုပါပေ။
ဒီလူကသူ့ကိုတကယ်ကြီး အရူးလို့ထင်နေတာလား?
သူကပန်ဂုဖြစ်နေရင်တောင်...
သူက သဏ္ဍာန်မဲ့မကောင်းဆိုးဝါးနတ်ဘုရားသုံးထောင်ကြားမှာ အသန်မာဆုံးဖြစ်နေရင်တောင်...
သူကလောကကို ဖန်ဆင်းပြီး အရာအားလုံးကိုမွေးထုတ်ပေးခဲ့ရင်တောင်၊ လုရှောင်ယန်က သူ၏ခွေးလေးဖြစ်လာမည်ဟု မဆိုလိုပါချေ။ သူဟာ ပန်ဂုအား သူ့အတွက် အစီစဉ်များလည်း လုပ်ပိုင်ခွင့်မပေးနိုင်ပါချေ။"
"ကျုပ်ငြင်းရင်ရော?"
လုရှောင်ယန်၏အမူအရာမှာအေးစက်လျက် ပန်ဂုမှာ ယုံကြည်ချက်ရှိရှိပြုံးလိုက်၏။
"မင်းမငြင်းနိုင်ပါဘူး။ မင်းက အရည်ချင်းမမီသလို တတ်လည်းမတတ်နိုင်ဘူးလေ။ အရင်က တာအိုကိုထိန်းသိမ်းပြီး လောကကိုထုတ်ဖော်ဖို့ ငါ့ရဲ့စွမ်းအားကိုသုံးချိန်မှာ ဒီလိုဖြစ်လာဖို့ မျှော်လင့်ထားခဲ့ပြီးသားပဲ။"
"တခြားမကောင်းဆိုးဝါးနတ်ဘုရားသုံးထောင်က ငါ့ကိုသတ်မယ်လို့ထင်ခဲ့ပါတယ်။ ငါလည်း လောကကြီးက ဘယ်လိုများ ငါ့ကိုမဆန့်ကျင်ဘဲနေလိမ့်မလဲလို့ တွေးဖူးပါတယ်။"
"ဒါကြောင့်၊ ငါ သေခြင်းအန္တရာယ်ကိုရှောင်ရှားဖို့ အရာအားလုံးအသွင်ပြောင်းဖို့ ရွေးချယ်ခဲ့တယ်။"
"ငါ့ရဲ့ အနှစ်သာရဝိဉာဉ်တွေကို စုဆောင်းမိချိန်မှာ ငါ့ရဲ့အသိစိတ်က ပြန်ရှင်သန်လာလိမ့်မယ်။ ငါ့ရဲ့ကိုယ်ကို ငါထိန်းချုပ်နိုင်နေမှတော့ ထိပ်ဆုံးကိုပြန်ရောက်ပြီး မဟာတာအိုကိုထိန်းသိမ်းရရှိဖို့ သုံးလောကကို ထိန်းချုပ်ရမှာပေါ့!"
"ဘာလို့ရုန်းကန်နေတာလဲ? မင်းက အခု ရှေးဟောင်းသဏ္ဍာန်အကန့်အသတ်မဲ့ရွှေရောင်အမတအရှင်လေးပဲလေ။ ဒါပေမယ့် ဒီကျင့်ကြံဆင့်က ဒီလောကရဲ့အကန့်အသတ်ပါပဲ။ မင်းထပ်ပြီးတိုးတက်ဖို့တော့ မဖြစ်နိုင်ဘူး။"
"ဒီခန္ဓာကို ငါ့ဆီလွှဲပေးရင်တော့ ဒီလောက,ကနေ ချိုးဖောက်သွားနိုင်ပြီ။ ငါလူတိုင်းကို ပိုမြင့်တဲ့အဆင့်ဆီ ဦးဆောင်နိုင်တယ်။"
"အဲ့ဒီအဆင့်ကိုငါရောက်သွားတာနဲ့ လောက,ကလူတိုင်း ငါ့ကိုချီးမွမ်းကြမှာပဲ။"
"တွေးကြည့်ပါ။ ဒါကနယ်မြေသတ်မှတ်ခြင်းမှာ အပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မယ်။"
"ငါအဲ့ဒီအဆင့်ကို ကျော်လွန်သွားတာနဲ့ ငါမင်းကို တစ်ဖန်ပြန်ပြီးကျင့်ကြံခွင့်ပြုရင်တောင် မင်းရဲ့အနာဂတ်စွမ်းအားက လက်ရှိစွမ်းအားထက် နိမ့်ကျလိမ့်မှာမဟုတ်ဘူး။"
"မင်းရဲ့တပည့်တွေလည်း ကမ္ဘာသစ်ကနေ အကျိုးမြတ်ရလိမ့်မယ်။"
"ငါတို့ အဆင့်တက်ပြီး မယုံနိုင်လောက်တဲ့အဆင့်ကိုရောက်လာလိမ့်မယ်!"
"အကြည့်တစ်ချက်လေးနဲ့၊ ငါတို့တွေ သုံးလောက,ကိုဖျက်စီးနိုင်ပြီ!"
"ဒါက ဘယ်လောက်တောင်ကျက်သရေရှိလဲ သိလိမ့်မှာလား?"
လုရှောင်ယန်မှာ နှာမှုတ်လိုက်သည်။
"နားထောင်ကောင်းအောင်ပြောတတ်တာပဲ။ ကျုပ်သာမမှားရင် ခင်ဗျားက ဒီပန်းတိုင်ရောက်ဖို့ လူတွေအများကြီးကို စတေးမှာမဟုတ်လား?"
ပန်ဂုမှာ ဂုဏ်ဝင့်စွာပြောလိုက်သည်။
"ဒါပေါ့။ အပြောင်းအလဲတွေနောက်မှာ အမြဲ သွေးကလိုက်တယ်လေ။ ဒါ့အပြင် ဒါကိုသွေးလို့လည်း မှတ်ယူလို့မရနိုင်ပါဘူး။ သုံးလောကလုံးက သက်ရှိအားလုံးကို ငါ့ရဲ့ အသားနဲ့သွေးကနေ ဖန်တီးထားတာပဲလေ။ ငါ့အတွက် အခုအားလုံးကိုပြန်ယူဖို့က မှားနေလို့လား?"
"ငါလူး မဟုတ်လို့လား!"
လုရှောင်ယန်မှာ မထိန်းနိုင်တော့ဘဲ ဆဲရေးလိုက်သည်။
မှန်ပေ၏၊ ပန်ဂုမှန်ပါသည်။ သူဟာ အားလုံးကို အသက်ပေးထားခဲ့သည်။ ယခု ၎င်းတို့ထံမှ ထိုအသက်များပြန်ယူသည်က မှန်ပေသည်။
သို့သော် လက်ရှိပြဿနာမှာ လုရှောင်ယန်က လူတိုင်းကို မသေစေလိုသောကြောင့်ပင်!
သူဟာ တရားမျှတမှု နှင့် ဥပဒေတို့အားလည်း ဂရုမစိုက်ပါချေ!
သူဟာ သူ၏တပည့်များကိုသာ မည်သူ့ထံမှ မထိခိုက်စေလိုခြင်းပင်။
ပန်ဂုမှာ ခန္ဓာထိန်းချုပ်မှုအား ရလိုက်လျှင် ထိုလူသတ်ပွဲကြီးအား သေချာပေါက်စတင်ပေလိမ့်မည်!
အရာအားလုံးကိုဘေးချိတ်ထားလျှင် ကျီဝူရှားနှင့် ကျွင့်ပုကျန်းမှာ လုံးဝမလွတ်မြောက်နိုင်ချေ။
၎င်းတို့ထဲမှ တစ်ဦးမှာ အနှစ်သာရဇာမဏီဖြစ်ကာ ကျန်တစ်ဦးမှာ နဂါးဘိုးဘေးကြီးပင်! ၎င်းတို့မှာ ပန်ဂု၏ကိုယ်မှ ဆင့်ကဲတိုးတက်လာခဲ့ခြင်းပင်။ ထို့အပြင် နှစ်ဦးသားမှာ အင်မတန်စွမ်းအားကြီးလှ၏။ ပန်ဂုအတွက် ၎င်းတို့အား ဝါးမြိုခြင်းမပြုရန်မှာ မဖြစ်နိုင်ချေ။
ကျူးကောကျီချုံမှာလည်း အတူတူပင်။ သူမဟာ ဘုံကိုးထပ်ဆန်းကြယ်နတ်မိမယ်ဖြစ်ကာ မလွတ်မြောက်နိုင်ပါချေ။
သူဟာမည်သို့များ ပန်ဂုက သူခက်ခက်ခဲခဲခေါ်ဆောင်လာရသည့်တပည့်များအား ထိခိုက်စေမည်ကို ခွင့်ပြုရမည်နည်း?
ဟာသတွေတော်လိုက်တော့။
လုရှောင်ယန်မှာ ပန်ဂုအား အောင်မြင်ခွင့်ပြုမည်ထက် ကိုယ့်ကိုယ်ကိုယ်သာ ဖောက်ခွဲလိုက်မည်။
ပန်ဂုမှာ ခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်သည်။
"ငါမင်းကိုအကြောင်းပြချက်ပေးလို့မရပုံဘဲ။ ဒါပေမယ့် ရပါတယ်။ မင်းရဲ့အတွေးတွေအတွက် ကန့်သတ်ချက်တစ်ချို့ရှိနေပုံပဲ။ ငါဘာပဲပြောပြော၊ မင်းနားလည်နိုင်မှာမဟုတ်ဘူး။"
"မင်းက အရှုံးမပေးချင်မှတော့ ငါ့ကိုအပြစ်မတင်ပါနဲ့။"
ထိုသို့ပြောလိုက်ချိန်တွင် အလင်းသုံးခုမှာ ၎င်းတို့၏အသိစိတ်ပင်လယ်များ၌ တဖြည်းဖြည်း မြင့်တက်လာကြသည်။
၎င်းက ပန်ဂုကောင်းကင်ဖွင့်ပုဆိန်၊ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်နှင့် ကျောက်စိမ်းဖန်ဆင်းလိပ်ပြာ—ဝမ့်ခိုက်၏မူလကိုယ်တို့ပါပင်။
ဘိုးဘေးဟုန်ကျွင်းက မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်အားသုံး၍ လုရှောင်ယန်နှင့် ကျန်လူများကို ထောင်ချောက်ဆင်ထားကာ သူဟာ မူလတည်းက ထွက်ပြေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်အား မည်သူမှမထိန်းချုပ်ဘဲ လုရှောင်ယန် ရရှိသွား၏။
သို့သော် သီအိုရီအရ ထိုရတနာသုံးခုအား ပန်ဂုကပိုင်သည်။ ၎င်းတို့မှာ ပန်ဂု၏ဆန္ဒများကိုသာ နားထောင်ပါမည်ပင်။
၎င်းမှာ ပန်ဂုက ၎င်းတို့အား စုစည်းချင်သည့် အကြောင်းပြချက်ပင်။
ထိုသို့ဖြင့် လုရှောင်ယန်မှာ မည်သည်မှမရှိချေ။ သူ၏အနိုင်ရမည့်အခွင့်အရေးများမှာ ဥပေက္ခာပင်ပြုလို့ရနိုင်ပြီ ဖြစ်သည်။
"မင်းမသေခင်၊ ပြောချင်ခဲ့တာရှိသေးလား?"
လုရှောင်ယန်မှာ နှာမှုတ်လိုက်၏။
"ဘယ်သူအနိုင်ရမလဲဆိုတာ မသိသေးပါဘူး။ အရမ်းကိုစောနေသေးတယ် ဆုံးဖြတ်ဖို့က။"
ပန်ဂုမှာ ခေါင်းခါလိုက်၏။
"မင်းကြည့်ရတာ လက်မလျှော့မယ့်ပုံပဲ။ မေ့လိုက်တော့၊ ဒီလိုဆိုရင် ငါမင်းကို မင်းရဲ့လမ်းအတိုင်းပို့ပေးလိုက်မယ်၊ ဒါဆို မင်းရဲ့စိတ်စွမ်းအားကို ချေဖျက်လိုက်တော့။"
စကားဆုံးသည်နှင့် သူဟာ ပန်ဂုပုဆိန်၊ မဟာအာကာပြင်နတ်ဘုရားချပ်ဝတ်နှင့် ကျောက်စိမ်းဖန်ဆင်း လိပ်ပြာတို့နှင့် ဆက်သွယ်ရန် စိတ်စွမ်းအားကိုအသုံးပြုလိုက်သည်။
သို့သော် ထိုအချိန်တွင် သူဟာ သူ၏စိတ်စွမ်းအားက သဏ္ဍာန်မဲ့မူလရတနာများနှင့် ချိတ်ဆက်မရနိုင်သည်ကို တွေ့ရှိသွားသည်!
ဟာသပဲ!
ထိုသဏ္ဍာန်မဲ့မူလရတနာများအားလုံးမှာ သူ၏ရတနာများပင်!
သူဟာအဘယ့်ကြောင့်များ သူ၏ကိုယ်ပိုင်စိတ်စွမ်းအားဖြင့် မထိန်းချုပ်နိုင်ရသနည်း?
ထိုအချိန်၌ ဝမ့်ခိုက်မှာ လူအသွင်ပြောင်းလျက် ပြုံးလိုက်၏။
"စိတ်မကောင်းပါဘူး၊ ကျွန်တော်က ဒီရတနာတွေကို ဖန်တီးခဲ့တဲ့သူလေ။"
"ဒီပန်ဂုကောင်းကင်ဖွင့်ပုဆိန်က ခင်ဗျားအပိုင်မဟုတ်ပေမယ့် ကျွန်တော် ဖန်တီးထားတဲ့အမျိုးစားဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော့အမိန့်ကိုပဲ နာခံလိမ့်မယ်။"
"မဟာအာကာပြင်ချပ်ဝတ်ကျတော့ လုရှောင်ယန်ကို သူ့ရဲ့သခင်အဖြစ်သတ်မှတ်ထားပြီး ခင်ဗျားအမိန့်ကိုနာခံမှာမဟုတ်ဘူး။"
"ဟုန်ကျွင်းလက်ထဲက ကျောက်စိမ်းဖန်ဆင်းလိပ်ပြာအများစုကလည်း သုံးလောကရဲ့ ချောင်ကြိုချောင်ကြားကရလာတာလေ။"
"ဒါကြောင့် သိတဲ့အတိုင်း အသုံးမဝင်ဘူး။"
ပန်ဂုမှာ မျက်ခုံးပင့်လျက် ခပ်တိုးတိုးရယ်လိုက်သေးသည်။
"မင်းက ငါ့ကိုသစ္စာဖောက်ချင်တာလား? စိတ်ဝင်စားစရာပဲ။"
"ဒါပေမယ့်၊ ရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ငါလုရှောင်ယန်ကိုသတ်ပြီး သူ့အသိစိတ်အလုံးစုံကိုစုပ်ယူနိုင်တာနဲ့ မင်းလည်း ငါ့ရဲ့ဓမ္မရတနာပြန်ဖြစ်လာမှာပဲလေ!"
***