← Chapters

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

အခန်း (၃၁-၃၅)

Vol. 3 Ch. 31-35

စာစဉ် - ၃

အခန်း ၃၁ ကျားပါးစပ်ထဲကိုမှ ခုန်ဆင်းသူ

“ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းထဲက အခြေအနေတွေ တော်တာ်လေးပြောင်းလဲသွားတယ်။ သေချာပေါက် ရှားပါးရတနာတစ်ခု ပေါ်ထွက်လာတာပဲဖြစ်မယ်။ ဒီလိုအခွင့်ကောင်းမျိုးကို ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းထဲ အပိုင်သိမ်းသွားဖို့ လွှတ်ထားပေးလို့မဖြစ်ဘူး။”

ထိုအနက်ရောင်လူရိပ်သည် သူ့နောက်တွင်ရှိနေသည့် ကျီရွှေ့တောင်သို့ တစ်ချက်ကြည့်လာခဲ့သည်။

“ငါမှတ်မိတာသာမှန်မယ်ဆို.. လက်ရှိကျီရွှေ့တောင်ရဲ့သခင်က လူငယ်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ လုရှောင်ယန်ပဲ.. သူ့ရဲ့ကျင့်ကြံဆင့်က စိတ်ဝိညာဉ်တတိယအဆင့်လောက်ပဲရှိပုံရတယ်။ ဒီတော့ သူ့လက်အောက်က တပည့်သားတွေဆိုတာလဲ မွေးဖွားမှုအဆင့်နဲ့ ချိတ်ဆက်မှုအဆင့်လောက်ပဲရှိဦးမယ့် ယင်ကောင်လေးတွေပဲ.. ငါ့လို စိတ်ဝိညာဉ်ပဥ္စမအဆင့်တစ်ယောက်အနေနဲ့ ကျီရွှေ့တောင်ကို တစ်ယောက်တည်းရှင်းလိုက်ဖို့ဆိုတာ အလွယ်လေးပဲ..”

“ဒီလိုဆိုမှတော့ ကျီရွှေ့တောင်နဲ့ပဲ အရင်စလိုက်တာပေါ့..”

ပြောလို့ဆိုလို့ပြီးသည်နှင့် အနက်ရောင်ပုံရိပ်သည် လေထုကိုချနင်းလို့ အမှောင်ရိပ်ကိုအခွင့်ကောင်းယူကာ ကျီရွှေ့တောင်ပေါ်သို့ စတင်တက်လှမ်းလိုက်တော့သည်။

သူထိုသို့ အေးအေးဆေးဆေးတက်သွားနိုင်သည်မှာ လုရှောင်ယန်က သူ့အင်အားအစစ်အမှန်ကို ထုတ်ဖော်မိသွားမည်စိုးနေခြင်းကြောင့်သာဖြစ်သည်။ အစောပိုင်းတုန်းက ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ကိုပိတ်ခဲ့ပြီး သာမာန်အခင်းအကျင်းလေးများကိုသာ ချန်ထားခဲ့လေသည်။ ဒါကြောင့်ပဲ သူတောင်မှ တစ်ဖက်လူ၏ခြေလှမ်းများကို ခုခံကာကွယ်ဖို့ ခက်ခဲသွားခြင်းဖြစ်သည်။

မကြာခင်မှာပဲ အနက်ရောင်လူရိပ်လဲ ကျီရွှေ့တောင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

တောင်ထိပ်သို့ရောက်,ရောက်သွားချင်းမှာပဲ ယွင်လီကောတစ်ယောက် သူ့အိမ်ထဲမှထွက်လာသည်ကို မြင်လိုက်ရလေသည်။ ထိုလူအတွက်တော့ အသုံးဝင်သည့်အရာတစ်ခုကို တွေ့လိုက်ရသလိုပင်။

“ဘယ်လောက်တောင် အဆင်သင့်လိုက်သလဲ… ဒီနားမှာလဲ ဒီတစ်အိမ်ပဲရှိတယ်… တခြားဘယ်သူမှမရှိဘူးဆိုမှတော့ ဒီကောင်စုတ်လေးကို အမြန်ဖမ်းပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဘာတွေဖြစ်သွားတာလဲဆိုတာ မေးရမယ်။”

ပြောပြီးသည်နှင့် ချက်ချင်းပင် ရှေ့သို့ဆက်တိုးသွားကာ အနက်ရောင်အရိပ်တစ်ခုက ယွင်လီကောထံသို့ တည့်တည့်တိုးဝင်သွားတော့သည်။

ထိုလူ၏အရှိန်သည် အတော်လေးမြန်ဆန်တာကြောင့် လေထုကိုပင် ထိုးခွဲလိုက်နိုင်သည်။ လေထုနှင့်ပွတ်တိုက်မှုကြောင့် အသံထွက်မလာခင်မှာပင် ထိုလူသည် ယွင်လီကော၏ရှေ့သို့ ရောက်ရှိလို့သွားပေပြီ။

“ကောင်စုတ်လေး.. ငါနဲ့လိုက်ခဲ့စမ်း…”

ထိုလူ၏လက်က လင်းယုန်တစ်ကောင် သူ့သားကောင်ကို ဖမ်းယူသလိုမျိုး အလွန်လျင်မြန်သောလက်သည်းများဖြင့် ယွင်လီကော၏လည်မြိုကို ဖမ်းဆုတ်ကာ သူ့အခန်းထဲသို့ပြန်ရောင်အောင် ဆွဲခေါ်သွားဖို့ ကြိုးစားလိုက်သည်။

သို့သော်!

ယွင်လီကောကို အခန်းထဲပြန်ထည့်ပိတ်နိုင်တော့မည်ဟု တွေးနေချိန်လေးမှာပဲ အခြေအနေတွေက ရုတ်ချည်းပြောင်းလဲသွားလေသည်။

ချက်!

တိုးလျသည့်အသံတစ်သံနှင့်အတူ ယွင်လီကောက လျင်မြန်စွာပြန်လည်တိုက်ခိုက်လာသည်။ ယွင်လီကော၏လှုပ်ရှားမှုမှာ လွန်လျင်မြန်လှတာကြောင့် အနက်ရောင်ပုံရိပ်သည်ပင် အချိန်မီပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။ ယွင်လီကောက ချက်ချင်းပင် ထိုလူ၏လက်မောင်းကိုဖမ်းဆွဲလိုက်ကာ သူ့လည်မြိုနှင့် သုံးစင်တီမီတာလောက်အကွာတွင် ရပ်သွားစေလေသည်။

“ဘာ! ဘာဖြစ်သွားတာလဲ?!”

အနက်ရောင်ပုံရိပ်မှာ အလွန်အံ့ဩသွားတော့သည်!

သူက စိတ်ဝိညာဉ်ပဥ္စမအဆင့်လေ!

ဘယ်လိုလုပ် တစ်ဖက်လူက သူ့လက်မောင်းကိုဖမ်းဆွဲထားနိုင်ရတာလဲ? ပြီးတော့ ဆွဲထားတဲ့ခွန်အားကလဲ သူ့လက်မောင်းကို ကျောက်တုံးတစ်တုံးလို ကြေမွသွားတော့မလို ခံစားရစေသည်။ သူ့လက်သူပြန်ပြီးတောင် ဆွဲမထုတ်နိုင်ပေ။

“မင်းဘယ်သူလဲ?”

ယွင်လီကော၏အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။ ထိုအသံထဲတွင် သတ်ဖြတ်ချင်စိတ်တို့အပြည့်ပါဝင်နေတာကြောင့် အနက်ရောင်ပုံရိပ်မှာ သူ့ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသလိုခံစားလိုက်ရလေသည်။ မကြာလိုက်ပါဘဲ ကြောက်ရွံ့ထိတ်လန့်စိတ်များက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။

တစ်ဖက်လူ၏ကျင့်ကြံဆင့်က သူ့လိုစိတ်ဝိညာဉ်ပဥ္စမအဆင့်ကိုတောင် ဖိနှိပ်နိုင်နေပါလား။

“မင်းက လုရှောင်ယန်လား?”

ယွင်လီကော မျက်မှောင်ကြုတ်သွားတော့သည်။

“မင်းကများ ငါ့ဆရာသခင်ရဲ့နာမည်ကို မယဉ်မကျေးခေါ်ရဲတယ်။ မင်းက သေလမ်းရှာနေတာပဲ!”

ပြောပြီးသည်နှင့် ယွင်လီကောသည် ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းအတိုင်း ဝိညာဉ်စွမ်းအင်တို့ကိုလှည့်ပတ်လိုက်ကာ ရှေးဟောင်းဧကရာဇ်လက်သီးကို ထိုးသွင်းလိုက်တော့သည်။

ပြင်းထန်သည့်ထိုးချက်က ညအမှောင်ယံကို ပြင်းထန်စွာလှုပ်ခတ်သွားစေပြီး လွင့်လူးသွားသည့်လေလှိုင်းသံကိုတောင် နားဖြင့်ကြားရသည်အထိပင်။။

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲသည် နောက်သို့လန်သွားကာ သူ့ကိုယ်ပေါ်ရှိအမွေးအမျှင်တွေအားလုံးမှာ လေတွန်းအားကြောင့် တစ်ဖက်တည်းသို့ ယိမ်းယိုင်သွားကြလေသည်။

ထိုလက်သီးချက်သည် ဘယ်လောက်တောင် သေစေနိုင်စွမ်းများပါရှိနေကြောင်း သူခံစားမိလိုက်ရသည်။

ဆက်ပြီးတော့ တစ်ဖက်လူကို လျှော့တွက်ကာ သတိလက်လွတ်မပြုမူရဲတော့ပေ။ ဒါကြောင့် ချက်ချင်းဆိုသလို အရိုးဖြူနတ်ဆိုးဂိုဏ်း၏ မြေကမ္ဘာထိပ်တန်းကျင့်စဉ်ဖြစ်သည့် - အရိုးလောင်ကျွမ်းခြင်းပညာရပ်- ကို ထုတ်သုံးလိုက်တော့သည်။

ထိုကျင့်စဉ်သည် အရိုးဖြူနတ်ဆိုးဂိုဏ်းပိုင်ဆိုင်သည့် အားအကောင်းဆုံးအသက်ကယ်ကျင့်စဉ်ထဲက တစ်ခုဖြစ်သည်။

၎င်းကျင့်စဉ်သည် သုံးစွဲသူ၏အရိုးများကိုလောင်ကျွမ်းစေကာ ပြင်းထန်သည့် ဝိညာဉ်စွမ်းအင်များကို အချိန်ခဏတာမျှ ရရှိနိုင်ပေသည်။

သို့သော်လည်း ထိုသို့သုံးစွဲပြီးနောက်မှာတော့ သူ့ကျင့်ကြံဆင့်နှင့် သွေးအဆီအနှစ်တို့က ယုတ်လျော့သွားမည်ဖြစ်ကာ အနာဂါတ်ကျင့်ကြံခြင်းလမ်းစဉ်အပေါ်လဲ ကြီးမားသည့် သက်ရောက်မှုရှိလေသည်။

သို့ပေမည့် လက်ရှိအချိန်တွင် သူ့မှာ တခြားရွေးချယ်စရာလဲ မရှိတော့ပေ။

ထိုကျင့်စဉ်ကိုအသုံးပြုလိုက်ခြင်းကြောင့် အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲ၏အော်ရာတို့မှာ ပေါက်ကွဲမတတ်တိုးထွက်လာတော့သည်။ ချက်ချင်းဆိုသလိုပဲ သူ့ကျင့်ကြံဆင့်သည်လဲ နောက်ထပ်နှစ်ဆင့်တက်သွားအောင် အပြင်းအထန်ဖိအားပေးခံလိုက်ရကာ စိတ်ဝိညာဉ်သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် တစ်ချက်မျှတုံ့ဆိုင်းမနေတော့ဘဲ လက်သီးချက်ပစ်ထုတ်ကာ ယွင်လီကော၏လက်သီးနှင့် ထိပ်တိုက်ဆုံသွားစေသည်။

ဘုန်း!

လက်သီးချက်နှစ်ချက်ဆုံသွားချိန်မှာတော့ ဝိညာဉ်စွမ်းအင်များမငြိမ်မသက်ဖြစ်သွားကာ နှစ်ယောက်လုံးကို တစ်ဖက်ဆီသို့ ပြန်ကန်ထွက်သွားစေခဲ့သည်။

ယွင်လီကောမှာ နောက်သို့ ခြေ၆လှမ်းမျှဆုတ်သွားရပြီး တစ်ဖက်လူကတော့ ၁၂လှမ်းမျှဆုတ်သွားခဲ့ရသည်။ ပိုပြီးထိတ်လန့်စရာကောင်းတာတော့ အစောက ယွင်လီကောဖမ်းဆွဲထားသည့် တစ်ဖက်လူ၏လက်မောင်းမှာ သူ့လက်ထဲပါသွားခဲ့ခြင်းဖြစ်သည်။

အနက်ရောင်လူသည် လျှို့ဝှက်နည်းစနစ်ကိုသုံးကာ အဆင့်ကြီးနှစ်ဆင့်တက်ခဲ့သော်လည်း ယွင်လီကောသည်က ရှေးဟောင်းဧကရာဇ်ကျမ်းကိုကျင့်ကြံထားခြင်း ဖြစ်နေတုန်းပင်!

သိုင်းဘုရင်အဆင့်ကျင့်စဉ်၏စွမ်းအားသည် အဆင့်လေးတစ်ဆင့်နှစ်ဆင့်တက်သွားရုံဖြင့် အနိုင်ယူနိုင်သည့်အရာမဟုတ်ပေ။

“ပြေး!”

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲမှာ အချိန်မဆွဲရဲဘဲ ထွက်ပြေးဖို့ပြင်တော့သည်။

ယွင်လီကောသည် သူ့လက်ထဲပြတ်ကျန်ရစ်ခဲ့သည် လက်ကို လွှင့်ပစ်လိုက်ပြီး နှာတစ်ချက်မှုတ်လိုက်ကာ၊ “ငါ့ရဲ့ကျီရွှေ့တောင်ကို ပြဿနာလာရှာပြီးမှ မင်းကပြေးချင်နေသေးတယ်ပေါ့? ကျီရွှေ့တောင်ရဲ့တပည့်ခေါင်းဆောင်ဖြစ်တဲ့ ငါ့လက်ထဲက လွတ်နိုင်မယ်များထင်နေလား?”

ယွင်လီကော စကားဆုံးသွားသည်နှင့် ခြေတစ်ချက်စောင့်လိုက်ကာ တန်ပြန်အားဖြင့် တစ်ဖက်လူရှိရာသို့ ချက်ချင်းပြေးဝင်သွားလိုက်သည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲမှာတော့ လွန်စွာစိုးရိမ်ထိတ်လန့်လို့နေလေသည်။

ယွင်လီကောသာ သူ့ကိုဖမ်းမိသွားပြီး တခြားလူတွေပါသိသွားကြမည်ဆိုလျှင် သေချာပေါက် သူသေရပေတော့မည်။

သို့သော်!

ထိုအချိန်မှာပဲ ကျီဝူရှားသည်လဲ ဆူဆူညံညံအသံများကြားရတာကြောင့် အခန်းထဲကနေ အမြန်ပြေးထွက်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ?”

ယွင်လီကောလဲ ပြန်လှည့်ကြည့်မနေဘဲ လှမ်းအော်ပြောလိုက်သည်။ “ဂျူနီယာညီမလေး ၊ ဒီလူကသူခိုးပဲ။ ငါတို့ကျီရွှေ့တောင်ထဲ ညအချိန်ကြီးခိုးဝင်လာတယ်။ သူ့ကိုအမြန်ဖမ်းထား!”

“ဘာ?”

ကျီဝူရှား၏မျက်ဝန်းများတွင် အေးစက်သည့်အလင်းရောင်များဖြစ်တည်လာကာ ချက်ချင်းဆိုသလို စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကျင့်စဉ်ကို အသက်သွင်းကာ တိုက်ခိုက်ဖို့ ပြင်လိုက်တော့သည်။

အရိုးဖြူနတ်ဆိုးဂိုဏ်း၏အကြီးအကဲကတော့ အလွန်ဝမ်းသာသွားလေသည်။

စီနီယာအစ်ကိုဖြစ်တဲ့ ယွင်လီကော၏ကျင့်ကြံဆင့်က သန်မာတာအမှန်ပင်။ ဒီတော့ ကျီဝူရှားရဲ့ကျင့်ကြံဆင့်ကတော့ သေချာပေါက် ယွင်လီကောထက် နိမ့်မှာပဲ။

သူဒီအခွင့်အရေးကို အမိယူပြီး ကျီဝူရှားကို အနိုင်ယူရမည်။ သူမကိုဓားစာခံအဖြစ်ခေါ်သွားလိုက်လျှင် လက်ရှိအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်လို့ရပြီမဟုတ်လား။

ထိုသို့တွေးမိသွားသည်နှင့် မရှောင်တော့သည့်အပြင် သူ့အရှိန်ကိုပိုမြှင့်လိုက်ကာ ကျီဝူရှားထံသို့ ဦးတည်သွားလိုက်တော့သည်။

အရိုးလောင်ကျွမ်းခြင်းပညာရပ်၏အစွမ်းသက်ရောက်မှုက မပျောက်ကွယ်သေးပေ။ ဒါကြောင့် သူ့လက်ရှိအဆင့်မှာ စိတ်ဝိညာဉ်သတ္တမအဆင့်ဖြစ်နေတုန်းပင်။ ဒါကြောင့်လဲ ဂျူနီယာညီမဖြစ်သည့် ကျီဝူရှားပေါ်လာချိန်တွင် သူ့ယုံကြည်ချက်တွေ ပြန်မြင့်တက်လာခြင်းဖြစ်သည်။

တစ်ချက်လေးတောင် ညှာတာမနေဘဲ သေစေနိုင်လောက်သည့် လှုပ်ရှားတိုက်ခိုက်မှုကို ထုတ်သုံးလိုက်တော့သည်!

“ကောင်မလေး.. မင်းဘာသာရောက်လာပေးတဲ့အတွက် တကယ်ကျေးဇူးတင်တယ်။ ငါမယဉ်ကျေးနေတော့ဘူး… ငါ့ကို…”

သို့ပေမယ့်!

သူ့စကားတောင်မဆုံးလိုက်ခင်မှာပဲ ကျီဝူရှား၏ ပိုတောင်မြန်ဆန်လှသည့် တိုက်ချက်က ကျရောက်လို့လာလေသည်။ ကျီဝူရှား၏အနောက်တွင် ဟိန်းဟောက်နေသည့်ဇာမဏီငှက်၏ပုံရိပ်ကိုပင် မြင်လိုက်ရသလိုလို…

သေခြင်းတရားနှင့်နီးကပ်လာတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးချင်သွားပေမယ့် နောက်ကျသွားပေပြီ။

သူ့ကိုယ်ပိုင်တိုးဝင်တိုက်ခိုက်မှုကို မရပ်လိုက်နိုင်တာကို မပြောနဲ့ဦး.. ရပ်လိုက်နိုင်မယ်ဆိုရင်တောင် ကျီဝူရှား၏တိုက်ခိုက်မှုကနေ သေချာပေါက် လွတ်မြောက်နိုင်ဦးမည်မဟုတ်ပေ။

ဘုန်း!

ကျီဝူရှား၏အတွင်းအားများစုထားသည့် လက်ဝါးချက်က သူ့လက်သီးနှင့်ထိပ်တိုက်တွေ့သွားသည်။

ပြင်းထန်သည့်အားကြောင့် သူ့လက်ပေါ်တွင် ကာရံထားသည့် ဝိညာဉ်စွမ်းအားအကာအကွယ်မှာ လွင့်ပျယ်သွားကာ သူ့လက်မောင်းထဲရှိအရိုးများကို တစ်လက်မပြီးတစ်လက်မစီ ကျိုးကြေသွားစေခဲ့သည်။

ဒီမှာသိထားရမည့်အချက်က အရိုးဖြူနတ်ဆိုးဂိုဏ်းသားများသည် သူတို့အရိုးများကိုအဓိကထားကျင့်ကြံသူများဖြစ်ကာ သူတို့၏အရိုးများသည် သာမာန်ကျင့်ကြံသူများထက် အဆများစွာ သန်မာကြသည်ကိုပင်။

သို့သော်လည်း ဤအခိုက်အတန့်မှာတော့ ကျီဝူရှားနှင့်ရင်ဆိုင်လိုက်ရချိန်တွင် သူ့အရိုးတွေသည်လဲ မခုခံနိုင်တော့ကာ ဖုန်မှုန့်များအဖြစ်သို့ပင် ပြောင်းလဲသွားတော့မလို။

ကျီဝူရှား၏လက်ဝါးချက်က အရှိန်မသေသွားဘဲ သူ့လက်မောင်းကို တစ်လက်မပြီးတစ်လက်မ ကျိုးကြေသွားအောင် ဆက်လက်တွန်းအားပေးနေတုန်းပင်။ နောက်ဆုံးမှာတော့ သူ့လက်မောင်းတစ်ဖက်လုံး မြေပေါ်ပြုတ်ကျသွားကာ လက်မောင်းရင်းမှနေပြီး သွေးများဒလဟော ကျဆင်းလာစေသည်။

ထိုသို့ဖြစ်နေလျှင်တောင် သူ့မှာအံ့ဩနေဖို့ရော စဉ်းစားနေဖို့ရော အချိန်မရှိပေ။ တစ်ခါတည်းပဲ အရိုးဖြူနတ်ဆိုးဂိုဏ်း၏နောက်ထပ်လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည့် -အရိုးပေါက်ကွဲခြင်းပညာ- ကို ထုတ်သုံးလိုက်လေသည်။

အရိုးပေါက်ကွဲခြင်းပညာသည် မြေကမ္ဘာထိပ်တန်းအဆင့်ကျင့်စဉ်တစ်ခုဖြစ်ကာ သုံးဆွဲသူ၏ခန္ဓာကိုယ်မှာ အရိုးတစ်ချောင်းကို ချိုးပစ်ပြီး သုံးဆွဲသူကို အဝေးတစ်နေရာသို့ ချက်ချင်းကူးပြောင်းပို့ဆောင်ပေးလေသည်။

အရိုးလောင်ကျွမ်းခြင်းပညာရပ်ထက် ပိုလို့ရက်စက်သည့်ပညာပင်။

အရိုးလောင်ကျွမ်းခြင်းပညာသည် သုံးစွဲသူ၏အရိုးကို လောင်ကျွမ်းစေရုံမျှသာဖြစ်သည်။ အဖိုးတန်ရတနာများ ထိပ်တန်းအဆင့်ဆေးလုံးများရှိနေသ၍ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ဖို့ အခွင့်အရေးရှိနေစဲပင်။ သို့ပေမည့် အရိုးပေါက်ကွဲခြင်းပညာသည်တော့ သုံးစွဲသူ၏အရိုးများကို တစ်စစီကျိုးပဲ့သွားစေခြင်းဖြစ်သည်။ အရိုးဖြူနတ်ဆိုးဂိုဏ်းမှကျင့်ကြံသူများအတွက်တော့ ထိုသို့ဖြစ်သွားခြင်းသည် သူတို့ဆက်ပြီးကျင့်ကြံနိုင်မည့်အခွင့်အလမ်းကို ဖြတ်တောက်လိုက်ခြင်းသာဖြစ်လေသည်။

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၂ မင်းတို့ကျင့်ကြံခြင်းရလဒ်ကိုစမ်းသပ်ရမယ့်အချိန်ပဲ

ဘုန်း!

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲ၏ရင်ဘက်မှနေပြီး သွေးလွှမ်းသည့်မြူများ ရုတ်ချည်းပေါက်ကွဲထွက်လာလေသည်။ သူကိုယ်တိုင်၏နံရိုးကို ဖောက်ခွဲပစ်လိုက်ခြင်းပင်။

အရိုးပေါက်ကွဲခြင်းပညာကို အသုံးပြုလိုက်သည်နှင့် လေထုကရုတ်ချည်းကျုံ့ဝင်သွားကာ သူသည်လဲ နေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ယွင်လီကော နောက်ကအမြန်လိုက်သွားကာ ကျီဝူရှားကိုပါ လှမ်းကြည့်လိုက်သည်။ သူ့အမူအရာကတော့ လွန်စွာခက်ထန်လို့နေလေသည်။

“သူလွတ်သွားတော့မယ်!”

“မြန်မြန်၊ ကျီရွှေ့တောင်တစ်ခုလုံးကိုရှာမှ။ သူလွတ်သွားလို့မဖြစ်ဘူး။ ဆရာသာသိသွားရင် သေချာပေါက်ဒေါသထွက်လိမ့်မယ်။”

…….

တစ်ချိန်တည်းမှာပဲ ကျီရွှေ့တောင်အနောက်ဘက်ရှိ ရေတံခွန်ရှေ့တွင် လေထုကကျုံ့ဝင်သွားလေသည်။ အရိုးဖြူနတ်ဆိုးဂိုဏ်းမှအကြီးအကဲက ထိုနေရာသို့ ရွှေ့ပြောင်းလာခဲ့ခြင်းပင်။

“အဟွတ်.. ဟွတ်!”

နံရိုးပေါက်ကွဲခဲ့သည့်အရှိန်ကြောင့် ပြင်းထန်စွာချောင်းဆိုးလိုက်ရင်း သွေးပါအန်လိုက်မိသည်။

“ကျီရွှေ့တောင်လို တောင်ငယ်လေးရဲ့တပည့်တွေက ဒီလောက်ထိအင်အားကြီးကြလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး.. တကယ်ကိုပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းက ရတနာတစ်ခုခုရသွားတာပဲဖြစ်မယ်.. ငါအမြန်ဆုံး အရိုးဖြူနတ်ဆိုးဂိုဏ်းကိုပြန်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းထုတ်ဖို့ တခြားဂိုဏ်းတွေနဲ့ပါပူးပေါင်းအောင် ဂိုဏ်းချုပ်ကိုပြောရမယ်။”

“ဒီလိုအခွင့်ကောင်းကြီးမျိုးကို ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုတည်း လက်ဝါးကြီးအုပ်သွားမှာကို ဒီအတိုင်းလွှတ်ပေးမထားနိုင်ဘူး… မဟုတ်လို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဆက်ပြီးအင်အားကြီးခွင့်ပြုထားလိုက်ရင် အနှေးနဲ့အမြန် ငါတို့တွေလဲ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ပစ်မှတ်ဖြစ်လာနိုင်တယ်။”

သူ့စကားဆုံးသွားသည်နှင့် အနောက်ဖက်မှ အေးစက်ခက်ထန်သည့်အသံတစ်သံ ထွက်ပေါ်လို့လာလေသည်။

“မင်းကများ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းပစ်ချင်နေတယ်ပေါ့?”

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲ၏ခန္ဓာကိုယ်မှာ တုန်လှုပ်သွားတော့သည်။ သူနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်နှင့် ရှိသမျှအမွေးတွေအကုန်ထောင်ထကုန်လေသည်။

လူငယ်ပုံရိပ်တစ်ခုက ရေတံခွန်ထဲမှနေပြီး ဖြည်းဖြည်းချင်း ထွက်လာခြင်းပင်။

ခြေလှမ်းတိုင်းက သေသပ်လို့နေကာ ရေမျက်နှာပြင်ကို အနည်းငယ်မျှပင် လှုပ်ခတ်မသွားစေခဲ့ပေ။

“ရေ-ရေပေါ်လမ်းလျှောက်နိုင်တာလား! ဒီ-ဒီလိုသာဆို သူ့ကျင့်ကြံဆင့်က တောင်ပင်လယ်အဆင့်ပေါ့? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“အဲ့ဒါတွေက အရေးမကြီးဘူး.. အဓိက,က ခင်ဗျားပြောလိုက်တဲ့စကားပဲ..”

ဖုန်းထျန်းယွမ်ပြောနေရင်းမှာပဲ သူ့ကိုယ်ထဲမှ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများက ပိုမိုသိပ်သည်းလို့လာကာ ၂မီတာခန့်မြင့်မားသည့် ကြီးမားသောရွှေရောင်ကိုယ်ထည်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။

“သေစမ်း!”

ရွှေကိုယ်ထည်ကြီးမှနေပြီး ကြီးမားပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရသည်နှင့် အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲလဲ သတိလက်လွတ်မဖြစ်ရဲတော့ပေ။ ဒါကြောင့် ချက်ချင်းဆိုသလို သူ့နံရိုးနောက်နှစ်ချောင်းကိုပါ ဖောက်ခွဲပစ်လိုက်ပြီး လက်ရှိနေရာမှ ချက်ချင်းပျောက်ကွယ်သွားစေခဲ့သည်။

ဖုန်းထျန်းယွမ်မှာတော့ ဘာမှပင်မလုပ်လိုက်ရသေးခင် တစ်ဖက်လူကပျောက်သွားခြင်းကြောင့် မျက်မှောင်ကြုတ်ရုံသာရှိတော့သည်။

“ဒီလူရဲ့ရာသီခွင်အမှတ်အသားက ယုန်များလား? အန္တရာယ်များတဲ့လျှို့ဝှက်နည်းစနစ်မျိုးကို သုံးဖို့ကို တစ်ချက်လေးတောင် မတွေဝေသွားဘူး။ ငါ့ကျင့်ကြံဆင့်က အာကာပြင်ဖြတ်ကျော်ဖို့အထိ မလုံလောက်သေးတာ ဆိုးတာပဲ။”

“ဒါပေမယ့်.. အဲ့ဒါတွေက အဓိကမဟုတ်သေးဘူး.. ဆရာ့ကို ဒီအကြောင်း ချက်ချင်းသတင်းပို့မှဖြစ်မယ်။”

……

တောင်ထိပ်တွင်…

လုရှောင်ယန်တစ်ယောက် ရရှိထားသည့်လက်ဆောင်အိတ်အနည်းငယ်ကို ဖွင့်ဖောက်နေခဲ့သည်။

ကောင်းကင်ဘုံအဆင့်မြင့် ရွှေတူ x 1

ကောင်းကင်ဘုံအဆင့်မြင့် တောင်ကျွမ်းထိုးသင်္ကေတ x 1

ကောင်းကင်ဘုံအဆင့်မြင့် စိတ်ဝိညာဉ်သိပ်သည်းဆေးလုံး x 400

…..

“မဆိုးဘူးပဲ.. လက်ဆောင်တွေ ကောင်းသထက်ကောင်းလာတယ်.. ကြည့်ရတာ တပည့်တွေရဲ့ကျင့်ကြံဆင့်မြင့်လာလေ လက်ဆောင်တွေကလည်း ပို,ပိုပြီးကောင်းလာလေထင်တယ်။”

သို့ပေမည့် ထိုအခိုက်အတန့်မှာပဲ ရုတ်တရက် လုရှောင်ယန် မျက်မှောင်ကြုတ်လို့သွားကာ တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့သည်။

နောက်တစ်စက္ကန့်မှာပင် သူ့အမူအရာက လေးနက်လို့သွားလေသည်။ ခပ်ဖွဖွ ခြေတစ်ချက်ဆောင့်လိုက်သည်နှင့် ကျင့်ကြံထားသည့် ကြီးမြတ်သော အာကာပြင်ဖြိုခွဲခြင်းကျင့်စဉ်က အသက်ဝင်သွားကာ နေရာမှချက်ချင်းပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပဲ ကျီရွှေ့တောင်ခြေရှိ နေရာလွတ်တစ်ခုတွင်လဲ လေထုက ကျုံ့ဝင်လို့သွားကာ အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲသည်လဲ အသက်ကယ်ကူးပြောင်းခြင်းနည်းစနစ်ဖြင့် တောင်ခြေသို့ ရောက်ရှိသွားခဲ့သည်။

လက်ရှိတွင် သူ့အခြေအနေမှာ လွန်စွာစုတ်ပြတ်သတ်နေပေပြီ။ လက်မောင်းတစ်ဖက်က ပြတ်သွားတဲ့အပြင် နံရိုးသုံးချောင်းသည်လဲ ပေါက်ကွဲသွားခဲ့ပြီး ဘယ်ဘက်လက်ဆိုလျှင် လက်မောင်းအရင်းထိတိုင် အရိုးများကျိုးကြေထားခဲ့သည်။

သူ့ဂိုဏ်းကိုပြန်ရောက်လို့ အဖိုးတန်ရတနာပစ္စည်းများဖြင့် အားပြန်ဖြင့်နိုင်လျှင်တောင်မှ သူ့ကျင့်ကြံခြင်းကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်ဖို့ ခဲယဉ်းသွားပြီဖြစ်သည်။

“ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ! ကျီရွှေ့တောင်ထိပ်လို အသေးအမွှားလေးမှာ ကျွမ်းကျင်သူတွေအများကြီးပုန်းကွယ်နေလိမ့်မယ်လို့ မထင်ထားမိဘူး.. ကံကောင်းလို့ ငါအပြေးမြန်လို့သာပေါ့.. မဟုတ်ရင် ဒီနေ့ ရှင်ရက်ပြန်နိုင်မှာမဟုတ်လောက်ဘူး။”

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ယုတ်မာသည့်အပြုံးကြီးတစ်ခုပေါ်လာခဲ့သည်။

“ဒါပေမယ့်.. ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ကောင်းတာတွေအများကြီးရှိနေလေ ငါတို့အရိုးဖြူနတ်ဆိုးဂိုဏ်းအတွက် အကျိုးခံစားခွင့်တွေ ပိုများလေပဲမဟုတ်လား.. ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းပစ်ဖို့ တခြားဂိုဏ်းတွေကိုပါ ငါတို့နဲ့ပူးပေါင်းလာအောင် လှုံ့ဆော်ပေးရမယ်။”

“ငါပြန်ရောက်တာနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းတော့ သေနေ့စေ့ပြီပဲ။”

သို့သော်လည်း ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို ပြင်းထန်သည့်အော်ရာတစ်ခုက သူ့ကိုရစ်ပတ်သွားခဲ့သည်။

ချက်ချင်းဆိုသလို့ သူ့တစ်ကိုယ်လုံးရှိသမျှအမွေးတွေအကုန် ထောင်ထကုန်ပြီး မျက်လုံးသည်လဲ အစွမ်းကုန်ပြူးကျယ်သွားလေသည်။

ဒီအော်ရာ---အရမ်းအားကောင်းတာပဲ!

အားကောင်းလွန်းလို့ တစ်ဖက်လူဘယ်သူလဲတောင် သူမဖော်ထုတ်နိုင်ပေ။

သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို တစ်ဖက်လူ၏အော်ရာများဖြင့် အပြည့်အဝလွှမ်းခြုံလို့ထားတာကြောင့် တစ်ဖက်လူ၏ခွန်အားဘယ်လောက်ထိကြီးမားမှန်း အတိအကျပင် မပြောနိုင်ပေ။

သို့သော်လည်း တစ်ဖက်လူ၏အထောက်အထားကိုတော့ သူခန့်မှန်းမိပေသည်!

ကျီရွှေ့တောင်သခင် - လုရှောင်ယန်!

လုရှောင်ယန်တစ်ယောက်ပဲ ဒီလောက်အားကောင်းတဲ့အရှိန်အဝါမျိုးကို ထုတ်နိုင်မှာ။

ရုတ်တရက် သူ့ကိုယ်သူအတော်လေးရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ကျီရွှေ့တောင်လို့ ငရဲမျိုးထဲ သူဝင်လာရဲတဲ့အထိ တော်တော်လေးကို သတ္တိကောင်းလွန်းခဲ့တာပဲ။ အဆုံးမှာတော့ သူ့အတွက်အဆုံးမဲ့သည့်ပျက်စီးခြင်းသာဆိုက်ရလေသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်း၏အကြီးအကဲမှာ အရိုးပေါက်ကွဲခြင်းပညာကို နောက်ထပ်အသုံးပြုပြီး ထွက်ပြေးချင်လာသည်အထိ ကြောက်စိတ်တို့ဖြင့် မွှန်ထူလာရသည်။

လုရှောင်ယန်လို ဆရာကြီးမျိုးနဲ့ရင်ဆိုင်ရမည်ဆိုလျှင်တောင် ဒီလိုမျိုးတော့ အရှုံးမပေးလိုက်ချင်သော်လည်း ထွက်ပြေးချင်စိတ်က ထိန်းချုပ်မရပေ။

ကံမကောင်းစွာဘဲ သူထွက်ပြေးချင်လျှင်တောင်မှ အရမ်းနောက်ကျသွားပေပြီ။ လုရှောင်ယန်သည် ဖုန်းထျန်းယွမ်မဟုတ်ပေ။ ထိုသူသည်က လေပစ်ရင်းအချိန်ဖြုန်းနေမည့်သူမဟုတ်ပေ။ တိုက်ခိုက်ချိန်ရောက်ပြီဆိုသည်နှင့် တစ်ခါတည်းသေလောက်သည့်တိုက်ကွက်ကို တန်းသုံးမည်ဖြစ်ပြီး တစ်ဖက်လူကို အရိုးပေါက်ကွဲခြင်းပညာသုံးနိုင်လောက်သည်အထိ အခွင့်အရေးပေးထားမည့်သူမဟုတ်ပေ။

“အားလုံး ပြီးသွားပြီ!”

ထိုအတွေးတစ်စ သူ့စိတ်ထဲဝင်လာသည်နှင့် နောက်တစ်စက္ကန့်အတွင်းမှာတင် သူ့ခန္ဓာကိုယ်ထဲသို့ ဓားအလင်းချက်များ ထိုးဖောက်ဝင်ရောက်လာကာ သေဆုံးသွားစေလေသည်။

သို့သော်လည်း လုံးဝဖျက်ဆီးခံရခါနီးလေးမှာပဲ အင်အားအလုံးစုံကိုသုံးကာ ကျန်ရှိသည့်အရိုးများကို ဖောက်ခွဲပစ်လိုက်ပြီး ကူးပြောင်းခြင်းအစီအရင်ကိုအသက်သွင်းကာ သူ့ဝိညာဉ်ကို အစီအရင်ထဲသို့ အလျင်အမြန်ကူးပြောင်းလိုက်သည်။

ထိုသို့လုပ်လိုက်ခြင်းဖြင့် အစီအရင်ကိုပါ တစ်ခါတည်း ဖျက်ဆီးပြီးသားဖြစ်သွားပေလိမ့်မည်။

“မင်းကများ လွတ်နိုင်မယ်ထင်နေတာလား?”

လုရှောင်ယန်၏မျက်လုံးထဲ အလင်းတန်းက လွတ်စွာအေးစက်လို့သွားသည်။ ချက်ချင်းဆိုသလို ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းကိုအသက်သွင်းကာ သေခြင်းအမှတ်အသားကို ရိုက်နှိပ်လိုက်သည်။ ကူးပြောင်းခြင်းအစီအရင် ပျက်စီးဖို့စက္ကန့်ပိုင်းအလိုမှာပဲ ထိုသေခြင်းအမှတ်အသားက လမ်းကြောင်းထဲသို့ ရောက်ရှိသွားလေသည်။

ထို့နောက်မှာတော့ ကူးပြောင်းခြင်းလမ်းကြောင်းသည် တစ်စစီပြိုကွဲသွားတော့သည်။

ထိုအချိန်မှာပဲ ကျီရွှေ့တောင်ပေါ်ကနေပြီး လူရိပ်သုံးခုပျံသန်းရောက်ရှိလာကာ လုရှောင်ယန်၏နောက်တွင် ဆင်းလိုက်ကြသည်။ သူတို့က ပျက်စီးသွားပြီဖြစ်သည့် အခင်းအကျင်းနှင့် လမ်းကြောင်းကို ကြည့်လိုက်ကြသည်။

“ဆရာ! ကျွန်တော်တို့အသုံးမကျလို့ လွတ်သွားရတာပါ!”

ဖုန်းထျန်းယွမ်က ရှေ့နှစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။

“ဆရာ.. အဲ့ဒီလူက အရိုးဖြူနတ်ဆိုးဂိုဏ်းကဆိုတာနဲ့ သူ့ဂိုဏ်းကိုပြန်ပြီး သတင်းပို့မယ်လို့ပြောနေတာ ကြားလိုက်ရပါတယ်… သူက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းပစ်ဖို့ တခြားဂိုဏ်းတွေကိုပါ အရိုးဖြူနတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းလာအောင် လုပ်ချင်နေတာပါ။”

လုရှောင်ယန်၏အမူအရာက ချက်ချင်းအေးခဲသွားတော့သည်။

“ငါ ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းကိုသုံးပြီး သေခြင်းအမှတ်အသားလုပ်ထားတယ်.. လမ်းကြောင်းထဲရောက်သွားတာနဲ့ သူ့ကိုသေချာပေါက်သတ်ပစ်နိုင်မှာပဲ.. ဒါပေမယ့် ကြည့်ရတာတော့ ဒီအစီအရင်က ဒီနေရာမှာရှိနေတာ တော်တော်လေးကြာနေခဲ့ပုံရတယ်.. ဘယ်လောက်တွေတောင် ကြာနေပြီလဲ.. အရင်ကရော ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဘယ်သူတွေဝင်ခဲ့ပြီးပြီလဲဆိုတာတော့ ငါလဲမသိဘူး။”

ယွင်လီကောကတော့ စိုးရိမ်သွားခဲ့သည်။

“ဆရာ.. ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမလဲ? သူတို့တွေ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဘာအတွက်လာကြတာလဲမသိဘူး.. ကျွန်တော်တို့တွေ ဘာမှမပြင်ဆင်ထားတော့ ကျင့်ကြံဆင့်အမှန်တွေလဲ ပေါ်သွားပြီ။”

လုရှောင်ယန် လက်သီးကိုတင်းတင်းဆုပ်လိုက်ကာ သူ့မျက်လုံးထဲရှိ သတ်ဖြတ်ချင်စိတ်တို့ကတော့ ပိုလို့ပြင်းထန်လာလေသည်။

သူသတိမဲ့လို့ ဒီလိုသူခိုးကောင်ရဲ့ ပစ်မှတ်ဖြစ်သွားတာပဲ။

ဂိုဏ်းကလူတွေ သူ့ခွန်အားအစစ်အမှန်ကို သိသွားမှာစိုးနေတာနဲ့ ကောင်းကင်စည်းတံဆိပ်၈ခုအစီအရင်ကို ဖယ်လိုက်မိတာ။ မမျှော်လင့်ထားဘဲ အရိုးဖြူနတ်ဆိုးဂိုဏ်းကလူအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတယ်။

ဒါပေမယ့် အရိုးဖြူနတ်ဆိုးဂိုဏ်းကလူတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းထဲမှာ ကူးပြောင်းခြင်းအစီအရင်ကို ချထားနိုင်တယ်ဆိုမှတော့ သူတို့တွေ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ပစ်မှတ်ထားနေတာ တော်တော်ကြာနေလောက်ပြီ။

ပြီးတော့ အဲ့ဒီအခင်းအကျင်းက သူ့ရဲ့ကျီရွှေ့တောင်ခြေမှာလဲ ဖြစ်နေသေးတယ်။

ဒီလောက်နှစ်တွေအကြာကြီး သူကျီရွှေ့တောင်မှာနေလာခဲ့တာ.. ဒီလောက,ကလူတွေဆီကနေ ပုန်းကွယ်နေဖို့ အဓိကဂိတ်တင်မကဘူး ဘေးတံခါးကနေတောင်မှ ထွက်မသွားဖူးဘူး။ ဒါပေမယ့် အခုတော့ အရိုးဖြူနတ်ဆိုးဂိုဏ်းကလူတွေ သူ့လျှို့ဝှက်ချက်ကို သိကုန်ကြပြီးပြီလားဆိုတာတောင် သူမသိတော့ဘူး။

အရင်က တစ်ယောက်မှ သတိမထားခဲ့မိကြရင်တောင် အခုတော့ သိကုန်ကြတော့မှာပဲ။

ကျီရွှေ့တောင်ရဲ့လျှို့ဝှက်ချက်သာ ပြန့်သွားရင် သေချာပေါက် လောဘတက်ခံရတော့မှာပဲ။

သိုင်းဘုရင်အဆင့်ကျင့်စဉ်တွေရဲ့ စွဲဆောင်နိုင်စွမ်းက ဂိုဏ်းတစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်!

ပြီးတော့ သူ့တပည့်တွေဆိုတာကလဲ ဗီလိန်တွေချည်းပဲ။ ဟိုမြင်းနက်တွေက သူတို့ကို သေချာပေါက် အလွတ်ပေးကြမှာမဟုတ်ဘူး။ ဒီသတင်းသာပြန့်သွားရင် ဖြစ်လာမယ့်အကျိုးဆက်က မတွေးရဲစရာပဲ။

လုရှောင်ယန် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ဘေးနားက သုံးယောက်ကို လှည့်ကြည့်လိုက်သည်။

“မင်းတို့တွေ ကျီရွှေ့တောင်မှာ ကျင့်ကြံနေကြတာ တော်တော်တောင်ကြာသွားပြီ။ အခုက မင်းတို့ရဲ့ ကျင့်ကြံခြင်းရလဒ်ကို စမ်းသပ်ရတော့မယ့်အချိန်ပဲ…..”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၃ အရိုးဖြူနတ်ဆိုးဂိုဏ်းကိုဖျက်ဆီးမယ်

သုံးယောက်သား အလွန်အံ့ဩသွားကြတော့သည်။

“ဆရာ… ဘာကိုဆိုလိုတာများလဲ…?”

လုရှောင်ယန် တောင်ထိပ်သို့ လမ်းလျှောက်တက်သွားကာ ခြေတစ်လှမ်းဆီတိုင်းက မီတာ၁၀,၀၀၀မျှ တာသွားလေသည်။

“ကျီရွှေ့တောင်ရဲ့လျှို့ဝှက်ချက် ပေါက်ကြားသွားလို့မဖြစ်ဘူး.. ငါအရင်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်… ငါ့ကို ဒီနေရာကနေပဲ စောင့်နေကြ။ ဒီည… အရိုးဖြူနတ်ဆိုးဂိုဏ်းကို တစ်ယောက်ကိုတောင်မှ အသက်ရှင်ခွင့်ပေးလိုက်လို့မဖြစ်ဘူး။”

ဟစ်!

သုံးယောက်သားလုံး ဦးရေပြားတွေ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။

“ဆရာက တကယ်ကြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးဖို့ကြံနေတာလား?”

“ဒါအရမ်းရူးသွပ်လွန်းရာမကျဘူးလား? ဂိုဏ်းကြီးတစ်ခုလုံးကို တကယ်ဖျက်ဆီးချင်နေတာလား! အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့အင်အားက ကောင်းကင်နတ်ဆိုးဂိုဏ်းထက် နိမ့်တယ်ဆိုရင်တောင် ဂိုဏ်းကြီးတစ်ခုဖြစ်နေတုန်းပဲလေ! ငါတို့တွေ အရိုးဖြူနတ်ဆိုးဂိုဏ်းကို သွားဖျက်ဆီးလိုက်ရင် ကြီးမြတ်သောကျိုးအင်ပါယာက သေချာပေါက် စုံစမ်းစစ်ဆေးကြတော့မှာပဲ။”

ကျင့်ကြံသူများကြား တိုက်ခိုက်ကြသည်က ပုံမှန်ဖြစ်သော်လည်း အကန့်အသတ်တော့ရှိသေးသည်။

လူအနည်းစုလောက်ကို သတ်လိုက်သည်ကတော့ ပြဿနာမဟုတ်ပေ။

သို့ပေမယ့် ဂိုဏ်းကြီးတစ်ခုလုံးကို အစုလိုက်အပြုံလိုက်သတ်မည်ဆိုလျှင်တော့ ပြဿနာရှိသွားပေပြီ။

မဟုတ်ရင် ဂိုဏ်းတစ်ခုက ရတနာတွေလိုချင်လို့ တခြားဂိုဏ်းတွေကို သုတ်သင်၊ တခြားဂိုဏ်းတွေကလဲ ထိုသို့အပြန်အလှန်သာလုပ်နေကြမည်ဆိုပါက ကြီးမြတ်သောကျိုး အင်ပါယာကြီးတစ်ခုလုံး ကသောင်းကနင်းတွေ ဖြစ်ကုန်ရောပေါ့!

ဒီလိုကိစ္စမျိုးဆိုလျှင်တော့ ကြီးမြတ်သောကျိုး၏ တော်ဝင်မိသားစုက သေချာပေါက် စုံစမ်းစစ်ဆေးကြတော့မှာပင်။

သို့သော်လည်း ဖုန်းထျန်းယွမ်က.. “ဒါပေမယ့် ကြီးမြတ်သောကျိုးမှာ ငါတို့ကျီရွှေ့တောင်ရဲ့လျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် ကြီးမြတ်သောကျိုးရဲ့ တော်ဝင်မိသားစုတင်မကဘူး ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသားတွေကတောင် ငါတို့ကို တိုက်ခိုက်လာနိုင်တယ်လေ မဟုတ်ဘူးလား?”

သူပြောလိုက်သည်နှင့် ယွင်လီကောရော ကျီဝူရှားပါ တိတ်ဆိတ်သွားကြတော့သည်။

လူတစ်ယောက်၏ကြွယ်ဝမှုက ထိုလူအတွက်ပျက်စီးခြင်းကိုပါ တစ်ပါတည်းယူဆောင်လာပေးလေသည်။

ကျီရွှေ့တောင်၏လျှို့ဝှက်ချက်သာ ပေါက်ကြားသွားပါက ဖုံးမနိုင်ဖိမနိုင်နှင့် ပိုပိုပြီး သတင်းပြန့်သွားဖို့သာ ရှိလေသည်။

သတင်းပေါက်ကြားမှာက အခြေအနေတစ်ခုအထိရောက်သွားပြီဆိုလျှင် သိုင်းဘုရင်အဆင့်ကျင့်စဉ်များအကြောင်းကိုလဲ ဆက်ပြီး ဖုံးကွယ်ထားဖို့ဖြစ်နိုင်တော့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူတို့လေးယောက်သည်လဲ ကြီးမြတ်သောကျိုးအင်ပါယာတစ်ခုလုံး၏ လောဘတက်စရာ အသားတုံးကြီးများဖြစ်လာကြပေလိမ့်မည်။

ထိုအခြေအနေမျိုးဖြစ်သွားလျှင် ကျီဝူရှားလို တော်ဝင်မိသားစုနှင့်ဆက်နွယ်နေသည့်လူကိုတောင်မှ ငဲ့ညှာပေးကြလိမ့်မည်မဟုတ်ပေ။

ကျီဝူရှားသည် ကြင်နာတတ်သူဖြစ်သော်လည်း တုံးအမိုက်မဲနေသူတစ်ယောက်တော့မဟုတ်ပေ။

ဒီအတိုင်းသာဆို ကျီရွှေ့တောင်တစ်ခုတည်းနဲ့ ပြီးသွားမှာမဟုတ်ဘူး။ သူမလက်ထဲတွင်ရှိနေသည့် သိုင်းဘုရင်အဆင့်ကျင့်စဉ်အကြောင်းသာ ပေါက်ကြားသွားလျှင် ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်ကြီးသည်လဲ အရှုပ်အထွေးတွေကြားထဲ ပါသွားပေလိမ့်မည်။

သိုင်းဘုရင်အဆင့်ကျင့်စဉ်မျိုး၏ ဆွဲဆောင်မှုကို ဘယ်သူမှ တောင့်ခံနိုင်ကြလိမ့်မည်မဟုတ်ပေ။

ဒါကလဲ သိုင်းဘုရင်အဆင့်သို့တက်လှမ်းရာတွင် မဖြစ်မနေလျှောက်လှမ်းရမည့် လမ်းကြောင်းသာဖြစ်သည်!

……

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကီလိုမီတာ၅၀၀ကွာဝေးသည့်နေရာရှိ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ခန်းမဆောင်ထဲတွင်…

ဂိုဏ်းချုပ်က ခန်းမဆောင်ထဲရှိ အမြင့်ဆုံးနေရာတွင် ထိုင်လို့နေသည်။ အောက်ဘက် ထိုင်ဖုံများတွင်တော့ ဂိုဏ်း၏အကြီးအကဲများစွာလဲ ထိုင်နေကြသည်။

ခန်းမထဲရှိ လေထုအခြေအနေကတော့ အနည်းငယ်ထူးဆန်းလို့နေလေသည်။

ဂိုဏ်းချုပ်သည်တော့ သူ့လက်မတွင်ဝတ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်နေကာ ကောင်းကင်နတ်ဆိုးဂိုဏ်းတည်ရှိရာအရပ်သို့ ကြည့်နေခဲ့သည်။

“အကြီးအကဲချန်ရွှမ်က ကောင်းကင်နတ်ဆိုးဂိုဏ်းက သတင်းတွေတွေကို စုံစမ်းဖို့ ထွက်သွားပြီ။ တစ်ရက်နှစ်ရက်အတွင်းတော့ ပြန်ရောက်လာမှာပဲ။ ဂိုဏ်းတစ်ခုလုံးကို သတင်းပို့ပြီး ဂိုဏ်းသားတွေကို အဆင်သင့်ပြင်ခိုင်းလိုက်ကြတော့.. အကြီးအကဲချန်ရွှမ် သတင်းကောင်းတစ်ခုခုရလာတာနဲ့ ငါတို့ရဲ့ဂိုဏ်းနီးချင်းတွေနဲ့ပါပေါင်းပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းပစ်ရမယ်။”

“ကောင်းကင်နတ်ဆိုးဂိုဏ်း သူ့ဘာသာအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်ထားခွင့် မပြုထားနိုင်ဘူး။”

“ဂိုဏ်းချုပ်ပြောတာမှန်တယ်။ ငါတို့ဂိုဏ်းသားတွေကို အချိန်မရွေးလှုပ်ရှားနိုင်အောင် စီစဉ်ထားမှဖြစ်မယ်.. ဒါမှ ဂိုဏ်းချုပ်အမိန့်ပေးတာနဲ့ ချက်ချင်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်တိုက်ခိုက်နိုင်မှာ။”

“ကောင်းတယ်။”

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်လို့သွားလေသည်။

သူ့အနေနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို သုတ်သင်ဖို့အထိ စိတ်မကူးထားပေ။ ပြောရရင် ကြီးမြတ်သောကျိုးမှာ ဂိုဏ်းအချင်းချင်း သုတ်သင်ခြင်းကို ကြီးမြတ်သောကျိုးတော်ဝင်မိသားစုက ခွင့်ပြုပေးထားတာမှမဟုတ်ဘဲ။

သို့သော်လည်း တခြားဂိုဏ်းများနှင့်ပါအင်အားပေါင်းလို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖိအားပေးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးအထိ မဖြစ်စေဘဲ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးပိုင်းအနည်းအကျဉ်းလောက်ကိုသာ တိုက်ခိုက်မည်ဆိုလျှင်တော့ ကြီးမြတ်သောကျိုးတော်ဝင်မိသားစုဘက်က မမြင်သလိုနေပေးပေလိမ့်မည်။

လွန်ခဲ့သည့်ရက်ပိုင်းခန့်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် နောက်ထပ်လှုပ်ရှားမှုတစ်ခုဖြစ်သွားခဲ့သည်။ ဒါကြောင့်ပဲ သူတို့ဂိုဏ်းတွင် ကောင်းတာတစ်ခုခုရရှိသွားခြင်းဖြစ်မည်ဟု တခြားဂိုဏ်းများ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းကိုသာ ဆက်ပြီးတိုးတက်ကြီးထွားခွင့်ပြုလိုက်မည်ဆိုပါက တခြားဂိုဏ်းများအတွက် လွှမ်းမိုးနိုင်စွမ်းများ တစ်ဆထက်တစ်ဆလျော့ကျသွားစေပေလိမ့်မည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့်နီးသည့် ယုံကြည်အားထားရာဂိုဏ်းသည်တော့ သူတို့နှင့်ဆက်စပ်လို့ ပိုမိုသန်မာလာကြပေမည်။ ဒါကြောင့် ထိုဂိုဏ်းကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ကြောက်နေမည်မဟုတ်သော်လည်း အရိုးဖြူနတ်ဆိုးဂိုဏ်းသည်တော့ မတူပေ။

အရိုးဖြူနတ်ဆိုးဂိုဏ်းသည် စတင်တည်ထောင်ခဲ့ချိန်ကတည်းက ကောင်းကင်နတ်ဆိုးဂိုဏ်းထက် များစွာ နိမ့်ကျခဲ့ရသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းသာ ဆက်ပြီးကြီးထွားနေမည်ဆိုလျှင် အရိုးဖြူနတ်ဆိုးဂိုဏ်း၏နှစ်ပေါင်းများစွာ ကြိုးစားမှုများသည်လဲ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ကတော့ ထိုသို့သော ဖြစ်ရပ်မျိုးကို ဘယ်လိုမှခွင့်ပြုမထားနိုင်ပေ။

သို့သော်လည်း!

ထိုအချိန်မှာပဲ ခန်းမအလယ်ရှိ ကူးပြောင်းခြင်းအစီအရင်သည် ရုတ်တရက်ကြီး ပွင့်လာခဲ့သည်။

လူတိုင်း၏အကြည့်များသည်လဲ ချက်ချင်းဆိုသလို ကူးပြောင်းခြင်းအစီအရင်ရှိရာသို့ တပြိုင်တည်းရွေ့သွားကြသည်။

နောက်တစ်စက္ကန့်မှာပဲ အကြီးအကဲချန်ရွှမ်၏ဝိညာဉ်က ကူးပြောင်းခြင်းအစီအရင်ကို ကျော်ဖြတ်ကာ ခန်းမထဲတွင် ပေါ်ထွက်လာခဲ့သည်။

လူတိုင်းခေါင်းကြောတွေ တောင့်တင်းသွားရတော့သည်။

“အကြီးအကဲချန် ဘာတွေဖြစ်သွားတာလဲ?”

အကြီးအကဲချန်ရွှမ်၏ဝိညာဉ်မှာ ပြိုကွဲတော့မလိုဖြစ်နေသော်လည်း သူ့လက်ရှိ ဒဏ်ရာတွေကို ဂရုစိုက်မနေနိုင်သေးပေ။

ဂိုဏ်းချုပ်ကိုသာ သူရရှိခဲ့သည့်သတင်းများ အလျင်အမြန်ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက တကယ်ကိုပဲ အခွင့်ကောင်းကြီးတစ်ခုရသွားတဲ့ပုံပါပဲ.. ဒီငယ်သား ကောင်းကင်နတ်ဆိုးဂိုဏ်းကိုရောက်ပြီး ဘာမှရှာဖို့အချိန်မရသေးခင်မှာပဲ ကျီရွှေ့တောင်ထိပ်ရဲ့တပည့်တွေကြောင့် ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်.. သူတို့အားလုံးနီးပါးကလဲ စိတ်ဝိညာဉ်အထက်အဆင့်တွေချည်းပဲ… အရင်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ကျီရွှေ့တောင်ထိပ်အကြောင်း ကျွန်တော်တို့သိထားသလောက်ဆို တောင်သခင်လုရှောင်ယန်တောင်မှ စိတ်ဝိညာဉ် တတိယအဆင့်ပဲရှိသေးတာမဟုတ်လား။”

လူတိုင်း ပင့်သက်ရှိုက်မိသွားကြတော့သည်။

“ဘာ? ကျီရွှေ့တောင်ထိပ်ကတပည့်တွေအားလုံး စိတ်ဝိညာဉ်အဆင့်တောင် ရောက်နေပြီလို့ပြောချင်တာလား?”

“ဘုရားရေ! ကျီရွှေ့တောင်ဆိုတာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သာမာန်တောင်ထိပ်လေးတစ်ခုသာသာပဲလေ။ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီလား? ဒီအတိုင်းသာဆို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့တခြားတောင်ထိပ်တွေရော ဘယ်လောက်တောင် အင်အားကြီးနေပြီလဲ?”

“ဂိုဏ်းချုပ်.. ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့တပည့်တွေရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ပြီး တစ်ခုခုကြိတ်ကြံစည်နေတာ သေချာတယ်!”

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်လဲ ထိုင်ခုံလက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုစိတ်များ တရိပ်ရိပ်ကြီးထွားလို့လာလေသည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်း!!! မင်းတို့ကများ အတွင်းတပည့်တွေရဲ့ကျင့်ကြံဆင့်ကိုဖုံးကွယ်ပြီး ငါ့အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲကို ဝိညာဉ်ပါထွက်သွားအောင် တိုက်ခိုက်ရဲကြတယ်ပေါ့.. ငါတို့အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဒီလိုမလေးမစားလုပ်လို့ရမယ်များထင်နေကြလား? အကြီးအကဲချန်သာ အခြေအနေတွေကိုစုံစမ်းနိုင်ဖို့ သူ့အသက်အန္တရာယ်ကို အထိခိုက်ခံပြီး ကျားပါးစပ်ထဲဝင်မသွားရင် ငါတို့တွေ တချိန်လုံး အမှောင်ထဲမှာပဲ ရှိနေကြဦးမှာ…”

အကြီးအကဲများလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

အစကတော့ သူတို့တွေ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ကာကွယ်ဖို့ရော ကောင်းကင်နတ်ဆိုးဂိုဏ်းကို တကယ်ကြီး သွားတိုက်ကြဖို့ပါ မတွေးထားကြပေ။

သို့သော်လည်း ဂိုဏ်းများကြားက တိုက်ပွဲပုံစံမျိုးဖြစ်သွားပြီဆိုပါက သူတို့အတွက်လဲ အကျိုးအမြတ်ရရှိဖို့ အခွင့်အရေးများသွားပေပြီ။

“ဂိုဏ်းချုပ်.. ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို လွယ်လွယ်လွှတ်ထားပေးလိုက်လို့မဖြစ်ဘူး!”

“ဟုတ်တယ်.. ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ပြီး ဒီကိစ္စအတွက် ဖြေရှင်းချက်တောင်းရမယ်။”

သို့သော်လည်း ထိုအခိုက်အတန့်မှာပဲ ကူးပြောင်းခြင်းအစီအရင်ထဲကနေပြီး သေခြင်းအမှတ်အသားက ပျံထွက်လာကာ အကြီးအကဲချန်ရွှမ်၏ဝိညာဉ်ပေါ်ကပ်လို့သွားသည်။

“မဖြစ်ဘူး!!! ဂိုဏ်းချုပ်… ကယ်ပါ….”

အကြီးအကဲချန်ရွှမ် ကြောက်လန့်တုန်လှုပ်စွာ ငိုယိုရင်း အကူအညီတောင်းလိုက်သော်လည်း သူ့စကားမဆုံးလိုက်ခင်မှာပဲ အမှတ်က ပေါက်ကွဲသွားတော့သည်။

ဘုန်း!

လူတိုင်းရှိနေသည့် ခန်းမဆောင်အလယ်မှာတင် ပြင်းထန်သည့်ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်သွားတော့သည်!

ပေါက်ကွဲအားက ပြင်းထန်လွန်းတာကြောင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို လှုပ်ခါသွားစေကာ ခန်းမဆောင်ထဲကိုလဲ ပေါက်ကွဲမှုလှိုင်းများပျံ့သွားစေသည်။ ပေါက်ကွဲမှုနှင့်နီးသည့် အကြီးအကဲများဆိုလျှင် ပြင်းအားကြောင့် လွင့်ပင်ထွက်သွားကြသည်။

ပေါက်ကွဲမှုပြီးသွားချိန်မှာတော့ ကြမ်းပေါ်တွင် ဖုန်မှုန့်များပျံ့ကျဲလို့နေတော့သည်။ အစောက စိတ်လှုပ်ရှားနေကြသည့် ခန်းမထဲရှိလူစုသည်လဲ ချက်ချင်းဆိုသလို ငြိမ်ကျသွားကြသည်။

လူတိုင်း ပေါက်ကွဲမှုကြောင့်ကျန်ရစ်ခဲ့သည့် မြေတွင်းကြီးကိုသာ ငေးကြည့်နေကြလေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖိနှိပ်မည့်အကြောင်းလဲ ဘယ်သူတစ်ဦးတစ်ယောက်မှ ဆက်မပြောရဲကြတော့ပေ။

ဒီအမှတ်လေးတစ်ခုကတင် ဂိုဏ်းခန်းမအလယ်မှာ တွင်းကြီးတစ်တွင်း ဖြစ်သွားစေခဲ့လေသည်။

ဂိုဏ်းခန်းမဆောင်၏ကြမ်းပြင်သည် သတ္ထုနက်နှင့်ပြုလုပ်ထားခြင်းဖြစ်တာကြောင့် မှန်တစ်ချပ်ပမာ ချောမွတ်ပြောင်လက်နေရုံမက ဝိညာဉ်စွမ်းအင်များကိုပါ စုပ်ယူနိုင်သည့်စွမ်းရည်ရှိသည်။

ထိုသို့သောကြမ်းပြင်မျိုးကို ဖျက်ဆီးဖို့ဆိုသည်က အနည်းဆုံး အာကာပြင်လေ့လာခြင်းအဆင့်သို့ ရောက်ရှိနေမှဖြစ်ပေမည်။

ထိုအချိန်တွင် အကြီးအကဲချန်ရွှမ်၏ဝိညာဉ်သည်တော့ သေခြင်းအမှတ်အသား၏ပေါက်ကွဲမှုကြောင့် လွင့်ပျယ်သွားပြီဖြစ်သည်။

တစ်ဖက်လူ၏ခွန်အားအရ ဖန်တီးမှုအဆင့်သို့ ရောက်နေခြင်းတောင် ဖြစ်လောက်သည်….!

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၄ မင်းကိုယ်မင်းအရမ်းထင်နေလား?

အေးမြသည့်လရောက်အောက် ညဉ့်နက်ချိန်ခါ၌ အရိုးဖြူနတ်ဆိုးဂိုဏ်း၏တောင်ခြေတွင် လူရိပ်များစွာ ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုလူရိပ်များမှာ လုရှောင်ယန်နှင့်သူ့တပည့်များကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမတဲ့လဲ?

ယွင်လီကောနှင့်ကျန်နှစ်ယောက်အတွက် သူတို့ဆရာသခင်၏ ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းအသုံးချခြင်းကို မြင်တွေ့ရသည်က ပထမဆုံးအကြိမ်ဖြစ်ကြသည်။ မြန်ချက်ကတော့ ကမ်းကုန်ပင်။

ထိုအခြေအနေမျိုးကိုကြုံလိုက်ရချိန်တွင် သုံးယောက်သား၏ယုံကြည်မှုက ပိုလို့တောင်ခိုင်မာသွားကြတော့သည်။

သူ့ဆရာက တကယ်ကို သိုင်းဘုရင်အဆင့်ပညာရှင်ကြီးပဲ!

ပြောရရင် သိုင်းဘုရင်အဆင့်ပညာရှင်ကလွဲလို့ ဘယ်သူကများ ဒီလောက်အမြန်နှုန်းနဲ့သွားနိုင်မှာတဲ့လဲ?

တောင်ခြေသို့ရောက်ရှိပြီးနောက် တောင်ထိပ်ဆီသို့ လုရှောင်ယန် မော့ကြည့်လိုက်ကာ အကြည့်တို့က အေးစက်လို့နေသည်။

“ဒီနေ့ည.. အရိုးဖြူနတ်ဆိုးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းမယ်… တစ်ယောက်မကျန်သတ်ပစ်မယ်.. ငါအရိုးဖြူနတ်ဆိုးဂိုဏ်းကို မဖျက်ဆီးခင် မင်းတို့သုံးယောက်က မင်းတို့ရဲ့အင်အားဘယ်လောက်ရှိလဲ စမ်းသပ်တဲ့အနေနဲ့ မင်းတို့ကျင့်ကြံထားတဲ့ကျင့်စဉ်တွေနဲ့ အရင်ဆုံးတိုက်ခိုက်ရမယ်.. ဒီလိုဆို တစ်ခါတည်းတိုက်ပွဲစွမ်းရည်ကိုပါ မြှင့်တင်ပေးပြီးသားပဲ။”

“လုံခြုံရေးအတွက်ကိုတော့ ငါ မင်းတို့သုံးယောက်ရဲ့ကိုယ်ပေါ်မှာ အကာအကွယ်အစီအရင်ချပေးထားမယ်.. ဒီလိုဆို တန်ပြန်တိုက်ခိုက်ခံရတာကနေ ကာကွယ်ပြီးသားပဲ.. အာကာပြင်ပြိုကွဲခြင်းအဆင့်အောက်က ဘယ်သူကမှ မင်းတို့ကို ထိခိုက်အောင် လုပ်လို့ရမှာမဟုတ်ဘူး.. ပြီးတော့ ကူးပြောင်းခြင်းအစီအရင်လဲ လုပ်ပေးထားဦးမယ်.. မင်းတို့မကိုင်တွယ်နိုင်တဲ့ အန္တရာယ်ရှိမယ့် ရန်သူတွေနဲ့တွေ့ခဲ့ရင် ဒီအစီအရင်က မင်းတို့ကို ငါ့အနား ချက်ချင်းပြန်ပို့ပေးလိမ့်မယ်။”

“ကျေးဇူးတင်ပါတယ် ဆရာ။”

သူတို့သုံးယောက်လုံး မထိန်းနိုင်စွာဘဲ မျက်လုံးတို့စူးအောင့်သွားကြလေသည်။

သူတို့ဆရာက သူတို့အပေါ် အရမ်းကောင်းတာပဲ။

အရိုးဖြူနတ်ဆိုးဂိုဏ်းကို သူ့လက်လေးတစ်ချက်ယမ်းလိုက်ရုံနဲ့ အပြတ်ရှင်းပစ်နိုင်ပေမယ့် သူတို့ကို လေ့ကျင့်ပေးဖို့အတွက် ဒီလောက်တောင် ဒုက္ခတွေရှာနေရတယ်။

သူတို့ဆရာသခင်က သူတို့အတွက် ဖခင်တစ်ယောက်လို နွေးထွေးလုံခြုံမှုပေးနိုင်တဲ့သူပဲ။

တကယ်တော့ လုရှောင်ယန်သည် သူ့တပည့်များကို တကယ်လဲ တိုက်ပွဲစွမ်းရည်ပါ လေ့ကျင့်ပေးချင်ခြင်းဖြစ်ပေမယ့် သူတို့ကိုလေ့ကျင့်ပေးဖို့တစ်ခုတည်းအတွက်နှင့် လုပ်ပေးနေခြင်းတော့မဟုတ်ပေ။

သူသည် အမြဲတမ်းအရှည်ကိုကြည့်သူဖြစ်သည်။

အရင်က သူဖုန်းထျန်းယွမ်ကို ကယ်ခဲ့ခြင်းသည် တစ်ဖက်လူများ၏ကျင့်ကြံဆင့်မှာ တောင်ပင်လယ်အဆင့်တွင်သာ ရှိနေသေးမှန်း သိခြင်းကြောင့်ပင်။ ဒါကြောင့်လဲ သူတစ်ယောက်တည်း သွားကယ်ခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် အခုကတော့ အရိုးဖြူနတ်ဆိုးဂိုဏ်းကြီးတစ်ခုလုံးနဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။

ဒီလောက်လူတွေအများကြီးထဲမှာ ဘယ်သူတွေက အဓိကဇာတ်ကောင်တွေ မြင်းနက်တွေဖြစ်နေမလဲ သိမှာလဲ?

ဒီတော့ အရင်ဆုံး ဒီသုံးယောက်နဲ့ အခြေအနေကို စမ်းသပ်ကြည့်ရမယ်။ တကယ်လို့ တစ်ယောက်ယောက်များရှိနေခဲ့ရင် သူတို့သုံးယောက်ကို ကူးပြောင်းခြင်းအစီအရင်နဲ့ ပြန်ဆွဲခေါ်ပြီး ထွက်ပြေးပေပြီ။

တကယ်လို့ မရှိဘူးဆိုရင်တော့ သူကိုယ်တိုင် ထွက်ပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်ရှင်းပစ်လိုက်မည်။

ဒီအစီအစဉ်ကမှ ပိုလို့စိတ်ချရပေသည်။

“မင်းတို့တွေ အဲ့လောက်ကြီး ယဉ်ကျေးမနေကြနဲ့.. မင်းတို့ရဲ့ကျင့်စဉ်တွေကို ပိုကောင်းကောင်း ထုတ်သုံးနိုင်အောင် မင်းတို့အတွက် လက်နက်တွေပြင်ဆင်ပေးထားတယ်။”

သုံးယောက်သား ရင်ထဲထိသွားကြပြန်လေသည်။ သူတို့ဆရာက တကယ်ကိုအရမ်းကြင်နာတတ်တဲ့သူပဲ!

သူတို့အတွက် လက်နက်တွေတောင်မှ ပြင်ဆင်ပေးထားတယ်တဲ့လား။

ဆရာ ပြင်ပေးထားတဲ့လက်နက်ဆိုမှတော့ အနည်းဆုံး မြေကမ္ဘာထိပ်တန်းအဆင့်လောက်တော့ ရှိလောက်တယ်မဟုတ်လား?

ဓမ္မရတနာများ၊ ကျင့်စဉ်များနှင့် ဆေးလုံးများသည် မတူညီကြပေ။ တိုက်ကြီးတစ်ခုလုံးရှိ ပညာရှင်များအနက် လက်နက်သန့်စင်သူများ၏အရေအတွက်သည် အနည်းဆုံးဖြစ်သည်။ ထို့ကြောင့် အင်အားကြီးလက်နက်သန့်စင်သူများပေါ်ထွက်ဖို့ရန်ကလဲ လွန်စွာခက်ခဲလေသည်။ ဒါကြောင့်ပဲ ကျင့်စဉ်များ၊ ဆေးလုံးများနှင့်ယှဉ်လျှင် အရည်အသွေးမြင့်ဓမ္မရတနာတစ်ခုရဖို့ဆိုသည်က အဆပေါင်းများစွာ ပိုခက်ခဲပေသည်။

ဥပမာအားဖြင့် ရှေးဟောင်းလူဝံမျိုးနွယ်စုတွင် အကောင်းဆုံးလက်နက်မှာ မျိုးနွယ်စုခေါင်းဆောင်သာ အသုံးပြုနိုင်သည့် ကောင်းကင်ဘုံအလယ်အဆင့်လက်နက်တစ်ခုတည်းသာရှိလေသည်။

ကျီဝူရှား၏ ခရမ်းရောင်ငြိမ်းချမ်းရေးတော်ဝင်နန်းတော်တွင်တော့ ခရမ်းရောင်ငြိမ်းချမ်းရေးဘုရင် ပိုင်ဆိုင်သည့် ကောင်းကင်ဘုံထိပ်တန်းအဆင့်လက်နက်တစ်ခုသာရှိသည်။

ကြီးမြတ်သောကျိုးတော်ဝင်မိသားစုတွင်တောင်မှ သူတော်စင်အဆင့်လက်နက်များသာ ရှိသည်ဟု ပြောကြလေသည်။

ဒါကြောင့် သူတို့ဆရာက သိုင်းဘုရင်အဆင့်ဖြစ်နေရင်တောင်မှ မြေကမ္ဘာအဆင့်လက်နက်မျိုးပေးနိုင်လျှင်ကို တော်တော်လေးမဆိုးဟု တွေးကြခြင်းဖြစ်သည်။

သို့သော်လည်း လုရှောင်ယန် ထုတ်လာသည့် လက်နက်သုံးခုကို မြင်ပြီးချိန်မှာတော့ သုံးယောက်လုံး ချက်ချင်းဆွံ့အသွားကြတော့သည်။

“ဒါတွေက ကောင်းကင်ဘုံအဆင့်မြင့် နဂါးနိုင်လှံတံ၊ တောင်ကျွမ်းထိုးအမှတ်အသားနဲ့ ရွှေလင်းယုန်တူတွေပဲ။ ယူထားလိုက်ကြ။”

“ကောင်း-ကောင်းကင်ဘုံအဆင့်မြင့်တွေ?”

ယွင်လီကောနှင့်ကျန်နှစ်ယောက်လုံး အာခေါင်တွေခြောက်ကာ မျက်ရည်တွေပင် ဝဲလာကြတော့သည်။

သူတို့မှာ တကယ်ပဲ ကောင်းကင်ဘုံအဆင့်မြင့်လက်နက်တွေ ရှာလာပြီပေါ့!

ဒီလိုလက်နက်မျိုးဆိုတာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လက်ထဲရှိနေသည်ဆိုတာကမှ ပိုပြီး ယုတ္တိရှိသေးတယ်။ သူတို့လို တပည့်ငယ်လေးတွေအတွက်တော့ တွေးတောင်မတွေးရဲတဲ့အဆင့်ပဲ။

သူ့ဆရာက သူတို့ကို ကောင်းကင်ဘုံအဆင့်မြင့်လက်နက်မျိုးပေးလာလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားခဲ့ဘူး။

သူတို့ဆရာဆိုတဲ့အတိုင်း… ဘာနေနေ အင်အားကြီးနေတာပဲ။

လက်နက်များရရှိပြီးနောက် သုံးယောက်လုံး သူတို့လက်နက်တွေကို သူတို့ချစ်သူတွေအလား မြတ်နိုးမှုအပြည့်ဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေကြတော့သည်။

သို့သော်လည်း သိပ်မကြာလိုက်ပါဘဲ ယွင်လီကောက အရင် အသိပြန်ဝင်လာခဲ့သည်။

“ဆရာ ကျွန်တော်တို့ကို ဒီလိုလက်နက်ကောင်းတွေအားလုံး ပေးလိုက်ရင် ဆရာကျ ဘာသွားသုံးမလဲ?”

လုရှောင်ယန် လက်အသာယမ်းလိုက်ကာ “မင်းတို့တွေက ငယ်ကြသေးတော့ ကျင့်ကြံဆင့်တွေကလဲ နိမ့်သေးတယ်.. မင်းတို့ကိုယ်မင်းတို့ကာကွယ်ဖို့ဆို အားကောင်းတဲ့လက်နက်တွေရှိဖို့လိုတယ်.. ငါ့အတွက်တော့ ဘာလက်နက်သုံးတယ်ဆိုတာ အဓိကမဟုတ်တော့ဘူး။”

“ဆရာ…”

တပည့်သုံးယောက်လုံး၏မျက်လုံးများ နီရဲလာကာ ရေငွေ့အလွှာလေးဖြင့် ဖုံးသွားသည်။

သူတို့ဆရာက တကယ်ကြီး-တကယ်ကြီးကို သူတို့အပေါ် အရမ်းကောင်းတာပဲ!

သူတို့ကိုတော့ ဒီလိုလက်နက်ကောင်းတွေပေးပြီး သူကျတော့ လက်နက်အစုတ်ကိုသုံးမယ်တဲ့လား။

သူတို့ဆရာလို အင်အားကြီးတဲ့လူတစ်ယောက်က လက်နက်သုံး,သုံးမသုံးသုံး အရေးမပါလှသော်လည်း သူတို့ကတော့ ရင်ထဲထိသွားကြတုန်းပင်။

ယွင်လီကော သူ့လက်ခုံနှင့် မျက်ရည်တွေကိုပွတ်လိုက်ကာ ပြတ်သားစွာ ပြောလိုက်သည်။ “ဆရာ.. စိတ်မပူပါနဲ့.. ဒီတပည့်ရဲ့အသက်အန္တရာယ်ကို ထိခိုက်လာမယ်ဆိုရင်တောင် ဆရာ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်တဲ့အနေနဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းက ဂိုဏ်းသားတွေကို သေချာပေါက် သတ်ပစ်ပါမယ်။”

ကျီဝူရှား : “ဆရာ.. ကျွန်မလဲ သေချာပေါက် သတ်ပေးပါမယ်။”

ဖုန်းထျန်းယွမ် : “ဆရာ.. ကျွန်တော်ရောပဲ။”

ယွင်လီကော လက်သီးတင်းတင်းဆုပ်လိုက်ကာ သူ့အော်ရာတွေကို ထုတ်ဖော်လိုက်သည်။

“အရိုးဖြူနတ်ဆိုးဂိုဏ်းကို ပြောင်းပြန်လှန်ပစ်ပြီး ကျွန်တော်တို့ကျီရွှေ့တောင်ကို ကျူးကျော်ရဲတဲ့ ရလဒ်ကို ခံစားသွားရစေမယ်။”

ကျီဝူရှား၊ ဖုန်းထျန်းယွမ် : “ဟုတ်တယ်..”

ယွင်လီကော၏အရှိန်အဝါက ထိပ်ဆုံးအဆင့်ထိတက်သွားကာ မျက်လုံးများက အေးစက်လို့နေပြီး သတ်ဖြတ်လိုစိတ်အပြည့်ပင်။ သူ့ဝိညာဉ်စွမ်းအင်ကြောင့် ဘေးပတ်ဝန်းကျင်လေထုကိုပင် တုန်ခါလို့သွားစေသည်။

“ဒီည အရိုးဖြူနတ်ဆိုးဂိုဏ်းက လူတိုင်းကိုမှ မသတ်နိုင်ရင် ကျွန်တော် ယွင်လီကော လူသားတစ်ယောက်ရဲ့ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်ပစ်မယ်။”

ကျီဝူရှား၊ ဖုန်းထျန်းယွမ် : “ဆရာ ကျွန်တော်တို့လဲ အတူတူပါပဲ။”

သို့ပေမည့် သူတို့သုံးယောက်၏စကားများကို ကြားကာ ယွင်လီကောကတော့ ရင်ထဲ ထိမသွားခဲ့ဘဲ ငြိမ်ကျသွားလေသည်။

ခဏလောက် နှုတ်ဆိတ်နေပြီးနောက်မှာတော့ မှောင်မိုက်နေသည့်အမူအရာဖြင့်၊ “မင်းတို့သုံးယောက် အဓိပ္ပါယ်မရှိတာတွေ မပြောလို့မရဘူးလား?”

“???”

သုံးယောက်သားကတော့ နားမလည်နိုင်စွာဖြင့် ခေါင်းပေါ်တွင်တောင် မေးခွန်းသင်္ကေတများပင် ပေါ်လာရလေသည်။

လုရှောင်ယန် ဒေါသပိုထွက်သွားကာ၊ “မင်းတို့တွေ အဲ့လောက်ထိ အတည်လုပ်နေဖို့ မလိုဘူး ဟုတ်ပြီလား? အရူးတွေ! မင်းတို့ရဲ့ သိုင်းဘုရင်အဆင့်ကျင့်စဉ်ကို ၂၀-၃၀ရာခိုင်နှုန်းလောက် ကျင့်ကြံနိုင်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းတွေ ဘဝင်မြင့်လို့ရနေပြီ ထင်နေတာလား? ပြီးတော့ မင်းတို့ကို ကောင်းကင်ဘုံအဆင့်လက်နက်တွေ ငါပေးလိုက်တယ်ဆိုတာတော့ မှန်ပါတယ်…. ဒါပေမယ့် အဲ့ဒါတွေနဲ့တင် အရိုးဖြူနတ်ဆိုးဂိုဏ်းက မင်းတို့ထက် နိမ့်ကျသွားပြီလို့ မဆိုလိုဘူးလေ…”

“အရိုးဖြူနတ်ဆိုးဂိုဏ်းမှာ လူတွေအများကြီးရှိနေတယ်ဆိုတာကို ခဏဖယ်ထားလိုက်ဦး…”

“ဂိုဏ်းရဲ့ထိပ်တန်းအကြီးအကဲတွေနဲ့တင်ကို ဒုက္ခများနေပြီ။ ဘယ်တစ်ယောက်ကများ မင်းတို့ထက် မသန်မာဘဲ မရှိကြလို့လဲ? အဲ့ဒီမှာ အာကာပြင်လေ့လာခြင်းအဆင့် အဆင့်မြင့်အကြီးအကဲတစ်ယောက်တောင်မှ ရှိနေသေးတယ်။”

“မင်းတို့သုံးယောက်လုံး သူတို့ကိုမယှဉ်နိုင်ဘူး။ အဆုံးစွန်ပြောရရင် သူတို့က မင်းတို့ကို ယင်ကောင်လေးတွေလို အသာလေးတောင် ရိုက်ထုတ်နိုင်သေးတယ်။ တကယ်ပဲ မင်းတို့ကိုယ်မင်းတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းထက် သာလွန်သွားပြီလို့ တွေးနေကြတာလား?”

ထိုစကားများကိုကြားပြီးနောက် တပည့်လေးသုံးယောက်လုံး ရှုံ့တွကုန်ကြတော့သည်။

“ဒါပေမယ့် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဆရာကိုယ်တိုင်လုပ်ပေးမယ့် အကာအကွယ်အစီအရင်ရှိတယ်မဟုတ်ဘူးလား? အာကာပြင်ပြိုကွဲခြင်းအဆင့်အောက်ကလူတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်တယ်လေ။ ဒါဆို အနည်းဆုံးတော့ ကျွန်တော်တို့တွေ ဒဏ်ရာမရကြဘူးပေါ့။”

“အဲ့တော့? မင်းတို့ထဲကနှစ်ယောက်က စိတ်ဝိညာဉ်အဆင့်အမှိုက်တွေ၊ တစ်ယောက်ကျပြန်တော့ တောင်ပင်လယ်အဆင့်ကိုမှ အားနည်းလွန်းသေးတယ်။ မင်းတို့တွေ ဒဏ်ရာမရဘဲ တိုက်ခိုက်နိုင်ရင်တောင် ဘာထူးသွားမှာလဲ? မင်းတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေက အမှိုက်သာသာဖြစ်နေတုန်းပဲလေ.. ယင်ကောင်ငယ်လေးတွေဆိုရင်တော့ ရှင်းနိုင်ကြမှာပေါ့.. ဒါပေမယ့် အဆင့်မြင့်တဲ့လူတွေနဲ့တွေ့ရင်ရော မင်းတို့တွေ သူတို့ကို ဒဏ်ရာရသွားအောင် မလုပ်နိုင်ကြသေးပါဘူး… မင်းတို့မှာ အကာအကွယ်ရှိရှိ,မရှိရှိ ဘာများကွာသွားမှာမို့လို့လဲ?”

***

ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၅ ဆရာက အရမ်းတင်းကြပ်လွန်းတယ်

“…..”

လုရှောင်ယန်၏ ငတုံးတပည့်လေးသုံးယောက်မှာ ယုံကြည်ချက်တွေပျောက်ဆုံးသွားသည့် သူရဲဘောကြောင်သောကလေးများနှယ် ကြောင်အအဖြင့် သူ့ဆရာကို ဝိုင်းကြည့်နေကြလေသည်။

“ဒါ-ဒါဆို… ကျွန်တော်တို့ တောင်ပေါ် တက်ရမှာလား မတက်ရတော့ဘူးလား ဆရာ?”

“သေချာပေါက် တက်ရမှာပေါ့၊ ဒါပေမယ့် အရင်ဆုံး အခင်းအကျင်းတည်ဆောက်ဖို့လိုတယ်။”

“အခင်းအကျင်းတည်ဆောက်မယ်?”

“ဟုတ်တယ်၊ တုနှိုင်းမဲ့နေမင်းအစီအရင်၊ နတ်ဘုရားပုံရိပ်ယောင်အစီအရင်၊ ကောင်းကင်ဘုံချိုးဖြတ်ခြင်းအစီအရင်တွေ တည်ဆောက်ရမယ်! ဒါတွေအားလုံးက ကောင်းကင်ဘုံထိပ်တန်းအဆင့် အခင်းအကျင်းတွေချည်းပဲ။”

“တုနှိုင်းမဲ့နေမင်းအစီအရင်က ရန်သူရဲ့အရှိန်ကို လျော့ကျသွားစေတယ်။ နတ်ဘုရားပုံရိပ်ယောင်အစီအရင်ကတော့ ရန်သူရဲ့တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကို ဝေဝါးသွားစေတယ်။ ကောင်းကင်ဘုံချိုးဖြတ်ခြင်းအစီအရင်ဆိုရင်တော့ ရန်သူရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခုခံစွမ်းရည်ကို အများကြီး လျော့ကျသွားစေနိုင်တယ်။ ဒီအခင်းအကျင်းသုံးခုကိုသာ သေချာခင်းကျင်းလိုက်မယ်ဆိုရင် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အချိန်တစ်ခုအထိ လုံးဝလျှော့ချသွားနိုင်စွမ်းရှိတယ်။”

ဂလု!

သုံးယောက်သား တံတွေးမမြိုချမိဘဲ မနေနိုင်ဖြစ်သွားကြသည်။

ယွင်လီကောကတော့ ထုံးစံအတိုင်း အပိုတွေမပြောဘဲ မနေနိုင်ခဲ့ပေ။ “ငါတို့ဆရာလို့မပြောရဘူး၊ ဒီလိုထူးခြားတဲ့နည်းလမ်းမျိုးကို ချက်ချင်းတွေးထုတ်နိုင်တယ်… ဒီအတိုင်းသာဆို အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးက ကျွန်တော်တို့သုံးယောက်အတွက် လေ့ကျင့်ရေးကွင်းကြီးတစ်ခုလိုဖြစ်သွားမှာပဲ.. ကျွန်တော်တို့ရဲ့ ကိုယ့်အဆင့်ထက်ပိုမြင့်တဲ့လူတွေကိုပါ သတ်နိုင်စွမ်းနဲ့သာဆို သူတို့တွေ ခုခံချင်ရင်တောင် မခုခံနိုင်ကြတော့လောက်ဘူး။”

ကျီဝူရှား : “ဆရာက အရမ်းတော်တာပဲ..”

ဖုန်းထျန်းယွမ် : “ဆရာက အရမ်းတော်တယ်..”

“တော်ပြီ.. အပိုတွေမပြောကြနဲ့တော့။ ငါအခုပဲ အခင်းအကျင်းရေးဆွဲတော့မယ်.. မင်းတို့သုံးယောက်က အခင်းအကျင်းရဲ့ ဗဟိုချက်တွေမှာ ဝိညာဉ်ကျောက်တုံးတွေ သွားဖြည့်ပေးကြ..”

လုရှောင်ယန် ပြောလိုက်ပြီးသည်နှင့် သူ့တပည့်သုံးယောက်ကို သိုလှောင်အိတ်တစ်အိတ်လှမ်းပေးလိုက်သည်။

“ဒီထဲမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃သောင်းရှိတယ်.. မှတ်ထား.. အခင်းအကျင်းတိုင်းရဲ့ ဗဟိုချက်တွေမှာ ဝိညာဉ်ကျောက်တုံးတွေကို သေချာလိုက်ဖြည့်မှဖြစ်မှာ.. နည်းနည်းလေးမှ မလွဲစေနဲ့။”

“ဟုတ်ကဲ့ပါ!”

ထို့သို့ဖြင့် ဆရာတပည့်လေးယောက် ကိုယ့်ကိုယ်ပိုင်ကျင့်စဉ်လမ်းကြောင်းများကို လှည့်ပတ်လိုက်ကြသည်။ လုရှောင်ယန်ကတော့ သူ့အရှိန်ကိုတိုးသွားစေဖို့ ကြီးမြတ်သောအာကာပြင်ပြိုကွဲခြင်းခြေလှမ်းကိုအသုံးပြုကာ အခင်းအကျင်းကိုရေးဆွဲလေသည်။ ဤတစ်ခေါက် အခင်းအကျင်းကို ရေးဆွဲရာတွင်တော့ သူ၏အခင်းအကျင်းခွန်အားကို ရာနှုန်းပြည့်သုံးစွဲထားခဲ့သည်။

ယွင်လီကောနှင့်ကျန်နှစ်ယောက်သည်လဲ သူတို့ဆရာနောက်က ထပ်ကြပ်မကွာအမှီလိုက်ကာ ဝိညာဉ်ကျောက်တုံးများကို နေရာချပေးကြသည်။

အရိုးဖြူနတ်ဆိုးဂိုဏ်းကြီးတစ်ခုလုံးကို ခြုံငုံကာ တစ်လက်မလေးမှမလွတ်စေရဘဲ အခင်းအကျင်းများတည်ဆောက်လိုက်သည်။ ဒီလိုသာဆို အရိုးဖြူနတ်ဆိုးဂိုဏ်းထဲကနေပြီး တစ်ယောက်လေးတောင်မှ လွတ်ထွက်မသွားစေဖို့ အာမခံချက်ရှိပြီးသွားဖြစ်သွားပေပြီ။

အားလုံးပြင်ဆင်သွားပြီးနောက်မှာတော့ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်လိုက်သည်။

လုရှောင်ယန်၏အကြည့်များက အေးစက်ခက်ထန်လို့နေကာ နောက်ဆုံးအနေဖြင့်ပြောလိုက်သည်။ “မှတ်ထားကြ.. ဒါက လေ့ကျင့်ရုံပဲ.. မင်းတို့နိုင်မယ်ထင်ရင် တိုက်သာတိုက်.. တကယ်လို့ မနိုင်ဘူးထင်ရဲလဲ ပြေးဖို့တွန်ဆုတ်မနေကြနဲ့။”

“ဟုတ်ကဲ့။”

“မင်းတို့နားလည်ပြီဆိုမှတော့ ရန်သူတွေကိုသွားသတ်လိုက်ကြတော့!”

လုရှောင်ယန် စကားဆုံးသွားသည်နှင့် ယွင်လီကောနှင့်ကျန်နှစ်ယောက်တို့၏အကြည့်များသည်လဲ ချက်ချင်းအေးစက်သွားကြတော့သည်။ ထို့နောက် သုံးယောက်သား အရိုးဖြူနတ်ဆိုးဂိုဏ်းဝင်ပေါ်သို့ တပြိုင်တည်း လျှောက်သွားကြလေသည်။

လုရှောင်ယန်ကတော့ ထိုသုံးယောက် ထွက်သွားသည်ကို နောက်ကနေကြည့်၍သာနေလေသည်။ သူ့မျက်လုံးများကိုကျဉ်းမြောင်းပြီး တစ်စုံတစ်ရာကိုလဲ ရေရွတ်နေခဲ့သည်။

“ငါ သူတို့ကိုယ်ပေါ်မှာလုပ်ပေးလိုက်တဲ့ အစီအရင်နဲ့ဆိုရင် ခုခံတဲ့ဘက်မှာ သူတို့အတွက်စိတ်ပူနေဖို့မလိုတော့ဘူး… သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကတော့ သုံးယောက်လုံးက သိုင်းဘုရင်အဆင့်ကျင့်စဉ်ကို ကျင့်ထားကြတာဆိုတော့ သူတို့ထက် အဆင့်ကြီးနှစ်ဆင့်လောက်အထိ မြင့်တဲ့ရန်သူတွေကို ဖြေရှင်းဖို့ဆိုတာ ပြဿနာမရှိနေသင့်ဘူး။ ကောင်းကင်ဘုံအဆင့်မြင့်လက်နက်တွေရဲ့အင်အားကိုပါ ထပ်ပေါင်းထည့်ထားတဲ့အတွက် သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက နောက်ထပ်အဆင့်ကြီးနှစ်ဆင့်စာလောက်တောင် ထပ်မြင့်သွားသင့်သေးတယ်။”

“ပြီးတော့ ကောင်းကင်ဘုံထိပ်တန်းအဆင့်အခင်းအကျင်းသုံးခုပါရှိနေတဲ့အတွက် အရိုးဖြူနတ်ဆိုးဂိုဏ်းကလူတွေရဲ့ကျင့်ကြံဆင့်တွေကလဲ လျော့သွားကြမှာပဲ။ ဒီတော့ သူတို့သုံးယောက် တော်တော်တော့ခံနိုင်လောက်တယ်။ ဒီအချိန်အတွင်း ငါလဲ ခရမ်းရောင်ကောင်းကင်ဘုံမြင့်မြတ်အလင်းတန်းအခင်းအကျင်းကို အမြန်ဆောက်ပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးကို တစ်ခါတည်းနဲ့ တမလွန်ပို့ပစ်မယ်။”

ဒါပါပဲ… လုရှောင်ယန် တကယ်တမ်းသုံးချင်နေသည်က သိုင်းဘုရင်ထိပ်တန်းအဆင့် တိုက်ခိုက်ရေးအစီအရင်တစ်ခုဖြစ်တဲ့- ခရမ်းရောင်ကောင်းကင်ဘုံမြင့်မြတ်အလင်းတန်းအခင်းအကျင်းပင်ဖြစ်သည်။

လုရှောင်ယန်၏ ပန်းတိုင်အစစ်အမှန်မှာ ကျီရွှေ့တောင်ထိပ်၏လျှို့ဝှက်ချက် တစ်ခုမှမပေါက်ကြားတာ သေချာစေအောင် အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြတ်ဖျက်ဆီးပစ်ဖို့ပင်။

သူတစ်ယောက်တည်းနဲ့ အရိုးဖြူနတ်ဆိုးဂိုဏ်းသားများကို သုတ်သင်နိုင်သော်လည်း အရာအားလုံးကို ဖျက်ဆီးနိုင်ဖို့အထိတော့ အာမခံချက်မရှိပေ။

ထို့အပြင် အရိုးဖြူနတ်ဆိုးဂိုဏ်းတွင် မြင်းနက်များရှိနေ,မနေကလဲ မသေချာပေ။

အခုလို အခင်းအကျင်းကို သုံးလိုက်ခြင်းသည်က အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးပစ်နိုင်ဖို့ အထိရောက်ဆုံးနှင့် အသေချာဆုံးနည်းလမ်းဖြစ်သည်။

ခရမ်းရောင်ကောင်းကင်ဘုံမြင့်မြတ်အလင်းတန်းအစီအရင်သည် သိုင်းဘုရင်ထိပ်တန်းအဆင့် တိုက်ခိုက်ရေးအခင်းအကျင်းဖြစ်တာကြောင့် ခင်းကျင်းဖို့အတွက် အချိန်အတော်ကြာလိုအပ်သည်။ တစ်ခါတည်းမှာပဲ အသက်သွင်းဖို့ဆိုလဲ အချိန်လိုအပ်ပြန်သည်။

ဒါ့အပြင် သိုင်းဘုရင်အဆင့်အခင်းအကျင်း၏အော်ရာသည် ကောင်းကင်ဘုံအဆင့်အခင်းအကျင်းနှင့်မတူညီဘဲ လွန်စွာအားကောင်းလှသည်။ ဒီအတွက် အရိုးဖြူနတ်ဆိုးဂိုဏ်းမှလူတွေ ချက်ချင်းသိရှိသွားမည်မှာ အသေအချာပင်။ ဒါကြောင့်ပဲ သူတို့အာရုံကိုလွှဲထားဖို့ရန်အတွက် လုရှောင်ယန်တို့ကို အရင်ဆုံး သွားတိုက်ခိုက်ခိုင်းခြင်းဖြစ်သည်။

တကယ်လို့ ဘယ်သူကမှ အာရုံသွားမနှောက်နေဘဲ အားလုံးထွက်ပြေးသွားရင် အခင်းအကျင်းတည်ဆောက်ပြီးသွားလို့လဲ အလကားပင်။

သက်သက် ဝိညာဉ်ကျောက်တုံးတွေ ဖြုန်းတီးလိုက်ရုံသာ ရှိပေမည်။

……

ထိုအချိန်တွင် ယွင်လီကောတို့ကတော့ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ဝင်ပေါက်ရှိရာသို့ ရောက်ရှိသွားကြပေပြီ။

အရိုးဖြူနတ်ဆိုးဂိုဏ်းမှ အစောင့်ဂိုဏ်းသားများက သူတို့သုံးယောက်ကို ချက်ချင်းတွေ့ရှိသွားကြသည်။

“ရပ်လိုက်စမ်း.. မင်းတို့ဘယ်သူတွေလဲ?”

“မင်းတို့အသက်ကို လိုချင်နေတဲ့သူတွေပဲ!”

ချက်ချင်းဆိုသလို ထိုလူအနည်းငယ်ရှေ့သို့ ယွင်လီကော အလင်းတန်းတစ်ခုလို တရှိန်ထိုး တိုးဝင်သွားလိုက်သည်။ သူ၏ ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းကို လှည့်ပတ်လိုက်ကာ စွမ်းအားများကို လက်ထဲတွင်စုလိုက်ပြီး ရှေးဟောင်းဧကရာဇ်လက်သီးအဖြစ် ထုတ်ဖော်လိုက်ပေသည်!

လက်သီးချက်က မာန်ဖီနေသည့်ကျားတစ်ကောင်ပမာ ကန်ထွက်သွားပြီး လေထုကို ဖြတ်သန်းသွားရခြင်းကြောင့် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။ ထို့နောက် ထိုလက်သီးချက်သည် မှင်သက်နေကြသည့် အရိုးဖြူနတ်ဆိုးဂိုဏ်းသားများပေါ်သို့ သက်ဆင်းသွားလေသည်။

ဘုန်း!

လက်သီးတစ်ချက်တည်းနဲ့တင် ဂိုဏ်းသားအနည်းငယ်ကို လွင့်ထွက်သွားစေကာ သူတို့နောက်ဘက်ရှိ တောင်ဂိတ်တံခါးနှင့် ပြင်းထန်စွာ ဆောင့်မိသွားစေသည်။

ကျီဝူရှားသည်လဲ နောက်ကောက်ကျမကျန်နေခဲ့ပေ။ သူမလက်ကို ညင်သာစွာယမ်းလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ကြေးဝါရောင်တံဆိပ်ပြားလေးတစ်ခုပေါ်လာကာ လေထုကို မငြိမ်မသက်ဖြစ်သွားစေသည်။ ထို့နောက် ချက်ချင်းပင် ၁၀မီတာခန့်မြင့်သည့် တောင်ကျွမ်းထိုး(တောင်ဖြို)အမှတ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ချိုးဖြတ်စမ်း!”

သူမ၏ကျောက်စိမ်းလက်ဝါးချက်ဖြင့် ရိုက်လိုက်သည်နှင့် ထိုတောင်ကျွမ်းထိုးအမှတ်အသားသည် တောင်ဂိတ်ပေါက်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ အုန်းခနဲအသံကျယ်ကြီး ပေါ်ထွက်လာလေသည်။

ထိုပေါက်ကွဲမှုက ယွင်လီကော၏လက်သီးချက်ထက် ဆယ်ဆမကပိုမိုပြင်းထန်လှသည်။

ဒီလိုနဲ့ပဲ အရိုးဖြူနတ်ဆိုးဂိုဏ်း၏တောင်ဂိတ်တံခါးပေါက်မှာ အစိတ်စိတ်အမြွှာမြွှာ ကျိုးကြေသွားတော့သည်။ အရိုးဖြူနတ်ဆိုးဂိုဏ်း တောင်ကိုကာကွယ်ထားသည့်အခင်းအကျင်းသည်လဲ ကျီဝူရှားတစ်ချက်လှုပ်လိုက်ရုံနဲ့ကို ပျက်ပြယ်သွားပေပြီ။

တောင်ကိုကာကွယ်ထားသည့် အခင်းအကျင်းပျက်သွားသည်နှင့် အရိုးဖြူနတ်ဆိုးဂိုဏ်းမှ ပညာရှင်များလဲ ချက်ချင်းအာရုံခံမိသွားကြသည်။

ဒေါင် ဒေါင်!

တောင်ထပ်ဆီမှ ကြီးမားကျယ်လောင်သည့် ခေါင်းလောင်းသံကြီးထွက်ပေါ်လာကာ ချက်ချင်းဆိုသလို အမှောင်ယံထဲတွင် မရေမတွက်နိုင်သည့်အော်ရာများက အပြေးအလွှားဖြစ်ကုန်ကြတော့သည်။

“ငါတို့အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဘယ်သူတွေကျုးကျော်ရဲတာလဲ?”

“အရိုးဖြူနတ်ဆိုးဂိုဏ်းတပည့်တွေ နားထောင်! ကျူးကျော်သူကို ချက်ချင်းသတ်ကြ!”

တောင်ထိပ်ပေါင်းများစွာဆီမှ ထိုသို့သောအသံများပျံ့လွင့်လာသည်နှင့် ယွင်လီကောတို့လဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့အကြည့်များထဲတွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေသလို ကြောက်ရွံ့မှုတစ်စွန်းတစ်စကိုလဲ မြင်နိုင်ပေသည်။

သတ်ဖြတ်ရမည်ဆိုသည်က သူတို့ကို စိတ်လှုပ်ရှားလာစေပေမည့် တစ်နည်းတစ်ဖုံ ကြောက်ရွံ့မှုကိုလဲ ဖြစ်ပေါ်စေခဲ့သည်။

သူတို့ကိုယ်ခန္ဓာထဲတွင် အခုချက်ချင်းပဲ နိုးထလာတော့မည့် ရှေးဟောင်းသွေးများ လှုပ်ခတ်လာသလိုပင် ခံစားလိုက်ကြရသည်။

“စီနီယာအစ်ကိုကြီး၊ စီနီယာအစ် ငါအရင်သွားနှင့်မယ်။”

တိုင်ပင်ခြင်းတောင်မရှိဘဲ ဖုန်းထျန်းယွမ် ရယ်မောလိုက်ကာ သူ့ကိုယ်ထဲမှ ရွှေဝါရောင်အော်ရာများက ရုတ်ခြင်းပြင်းထန်လာကာ သူ့ကိုအကာအကွယ်ပေးထားသည့် မီတာဝက်မျှမြင့်သော ရွေရောင်ကိုယ်ထည်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့လက်ရှိပုံစံမှာ နတ်ဘုရားတစ်ပါးဆင်းသက်လာလိုပင်။

ထို့နောက် ခြေတစ်ချက်ဆောင့်နင်းလိုက်ကာ သူ့ခြေထောက်အောက်ရှိ ကျောက်သားတောင်နံရံများကို အက်ကွဲသွားစေလေသည်။ သူ၏ခန္ဓာကိုယ်သည်လဲ တောင်ထိပ်ဆီသို့ ပျံတက်သွားကာ နောက်တွင် ရွှေရောင်အလင်းတန်းကြီးသာ ကျန်ရစ်ခဲ့လေသည်။

ယွင်လီကော ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။

“ဂျူနီယာညီလေး မင်းတော်တော် မျက်နှာပြောင်တာပဲ..”

ကျီဝူရှားပါ တစ်ခုခုပြန်မပြောနိုင်ခင်မှာတင် ယွင်လီကော၏ညာလက်က လှုပ်သွားကာ နဂါးနိုင်လှံပေါ်လာပြီး သူပါ ထပ်ကြပ်မကွာ လိုက်သွားလေသည်။

ကျီဝူရှား၏ တုံ့ပြန်နိုင်စွမ်းကာ အသက်တစ်ရှိုက်စာ၏တစ်ဝက်မျှ နောက်ကျသွားခဲ့သည်။ သူမစကားပြန်ပြောနိုင်ချိန်မှာတော့ ထိုနှစ်ယောက်သည် ၅ကီလိုမီတာလောက်ထိ အဝေးကိုရောက်သွားကြပေပြီ။

သို့သော်လည်း သူမကတော့ စိတ်မဆိုးသွားဘဲ လှောင်ရယ်သာရယ်လိုက်သည်။

“ဟ-ဟ.. နင်တို့ယောက်ျားတွေအားလုံး မျက်နှာပြောင်ကြတာလား? ဝက်လိုအသင်းဖော်တွေ!”

သူမ,မကောင်းပြောလိုက်ပြီးနောက် သူမကိုယ်ထဲရှိ စစ်မှန်သောဇာမဏီကိုးပါးအသွင်ပြောင်းခြင်းကျင့်စဉ်က အကြမ်းပတမ်းလှည်ပတ်လာတော့သည်။

‘ဇာမဏီငှက်အော်သံ’

ကျီဝူရှား၏နောက်တွင် ၅မီတာမျှမြင့်သည့် ဇာမဏီပုံရိပ်ကြီးတစ်ခုပေါ်လာကာ ကောင်းကင်သို့မျှော်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

ထို့နောက် သူမအတွေးတစ်ချက်ဖြင့် ရှေ့ကနှစ်ယောက်ထက် အဆပေါင်းများစွာမြန်ဆန်သည့် အရှိန်ဖြင့် ကောင်းကင်ပေါ်သို့ ဆန်တက်သွားတော့သည်…

All Chapters